← Chapters

အခန်း (၈၇)

Vol. 7 Ch. 87

အခန်း (၈၇)

Vol. 7 Ch. 87

ဒါပေမယ့် ဖေးခွမ် စာရင်းမရှင်းရသေးခင်မှာဘဲ အခန်းတံခါးကို အပြင်ဘက်ကနေ တွန်းဖွင့်လာသည်။ စုန့်အာ့နန်နဲ့အတူ စိတ်ပညာဌာနမှ ရှုထောင် အမည်ရှိ အမျိုးသားဆရာဝန်တစ်ဦး ဝင်လာခဲ့သည်။

မိတ်ဆက်ပြီးသွားတော့ စုန့်အာ့နန်နဲ့ လီတုန်တို့ ထွက်သွားလိုက်ပြီး ဖေးခွမ်နဲ့ ရှုထောင်တို့ကို ဆွေးနွေးခန်းမှာထားခဲ့သည်။

ရှုထောင်က ဖေးခွမ်ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ "အေးအေးဆေးဆေး ဒီတိုင်းစကားအရင်ပြောကြတာပေါ့"

ဖေးခွမ်လည်း ခေါင်းညိတ်လိုက်သည်။

ရိုးရိုးရှင်းရှင်း စကားစမြည်ပြောပြီးတဲ့နောက်မှာ တရားဝင် တိုင်ပင်ဆွေးနွေးတဲ့ဆီ ပြောင်းလိုက်ကြသည်။

ရှုထောင်က ဖေးခွမ်ဟာ အရမ်းခံနိုင်ရည်ရှိပြီး စိတ်ပိုင်းဆိုင်ရာ အသိပညာအချို့ကိုလည်း နားလည်ပုံရမှန်း ခံစားမိသည်။

ရည်ရွယ်ချက်ရှိရှိ မေးလာတဲ့ မေးခွန်းတိုင်းအတွက် အရမ်းသင့်လျော်တဲ့ အဖြေကို ပေးစွမ်းနိုင်တာကြောင့် ရောဂါရှာဖွေမှု ရလဒ်အားလုံးက ပုံမှန်ဆီကိုဘဲ ဦးတည်သွားနေသည်။

ဒါပေမယ့် ဒီအချက်ကြောင့် ရှုထောင်အနေနဲ့ ပိုလို့တောင် ပြဿနာရှိနေတယ်လို့ ခံစားရသည်။

ဖေးခွမ်က တချိန်လုံး ငြိမ်သက်နေလွန်းသည်။ သူ့ရဲ့အဓိက အကြောင်းအရင်းက ဘယ်နေရာလဲဆိုတာ သူသိတဲ့ပုံပင်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် အဲ့ဒါကို ထုတ်ပြောဖို့သူ ဆန္ဒမရှိ‌နေပေ။ အဲ့ဒါက ဒုက္ခအပေးနိုင်ဆုံးဖြစ်သည်။

ခဏလောက် တုံ့ဆိုင်းသွားပြီးတော့ ရှုထောင်က ပြောလာသည်။ "မစ္စတာ‌ဖေး၊ ဒီကို မင်းဆန္ဒအလျောက်လာတာလားလို့ မေးလို့ရမလား?"

ဖေးခွမ် အံ့အားသင့်သွားသည်။ တစ်ဖက်သူရဲ့စကားတွေထဲက ဖုံးကွယ်နေတဲ့ အကြောင်းအရာကို သူသဘောပေါက်သည်။

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုကို သူပြီးတဲ့အထိ လုပ်သရွေ ဒီဟာက မြန်မြန်ပြီးသွားနိုင်သည်။

ဒါပေမယ့် အဲ့ဒီအချိန်မှာ စုန့်အာ့နန်ရဲ့ စိုးရိမ်နေတဲ့အကြည့်က သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသည်။ သူ့အတွက် စိုးရိမ်တကြီး နဲ့ အဆက်အသွယ်ရှာ ဖုန်းခေါ်ပြီး လှည့်ပတ်ပြေး‌ လွှားနေတဲ့ သူမပုံကို သူတွေးလိုက်မိသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖေးခွမ်က ရင်ဖွင့်မယ့် ပထမဆုံးစကားတစ်ခွန်းကို ပြောလာသည်။

"ကျွန်တော်က ရင်းနှီးတဲ့ဆက်ဆံရေးအတွက် မသင့်တော်ဘူးလို့ ခံစားရတယ်"

ရှုဆထာင်က မေးလိုက်သည်။ "ဘာလို့ဒီလိုထင်တာလဲ?"

ဖေးခွမ်က အချိန်အကြာကြီး ရပ်လိုက်ပြီးမှ ဆက်ပြောလာသည်။ "ကျွန်တော် ရင်းနှီးချင်တဲ့လူတွေက ကျွန်‌ေတာ်နဲ့ ဖြည်းဖြည်းချင်း ဝေးသွားသလိုပဲ..."

တိုင်ပင်ဆွေးနွေးခန်းက ပုံမှန်လုပ်ငန်းစဉ်ထဲ တဖြည်းဖြည်း ဝင်ရောက်လာသည်။ အပြင်ဘက်တွင် စုန့်အာ့နန်က ဒယ်အိုးပူပူပေါ်က ပုရွက်ဆိတ်တစ်ကောင်လိုမျိုး စင်္ကြံတွင် ဟိုဘက်ဒီဘက်လျှောက်နေသည်။

လီတုန်မှာ စုန့်အာ့နန်ရဲ့အမူအရာကို ကြည့်ရင်း မနေနိုင်ဘဲ သူလည်း စိတ်ပူလာရသည်။ ဖေးခွမ်မှာ ဆိုးဆိုးရွားရွားဖြစ်နေပုံရတဲ့ ဒီအခြေအနေကို သူဘာလုပ်ရမှန်းမသိပေ။

“အန်တီလေး စိတ်မပူနဲ့။ ဘာမှ မဖြစ်ပါဘူး” သူက နှစ်သိမ့်လိုက်သည်။

စုန့်အာ့နန်က အမှတ်တမဲ့ ခေါင်းညိတ်ပြပေမယ့် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး လီတုန်ကို လှည့်ကြည့်လိုက်သည်။

"သူ အိပ်မပျော်တာ ပိုဆိုးလာတာကို ရှင်သိလား?"

လီတုန်က ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလာသည်။ "အတိအကျပြောရရင် ဒါကလွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဖြစ်အပျက်အပြီးမှာ ဖြစ်လာတာထင်တယ်"

ဆွေးနွေးခန်းဆီ ဗလာသပ်သပ် ငေးကြည့်ရင်း စုန့်အာ့နန်ရဲ့ ခြေလှမ်း‌တွေက ယိမ်းယိုင်သွားသည်။

လွန်ခဲ့တဲ့နှစ်နှစ်ကဆို ရှဲ့ယင်းနဲ့ သူ့ရဲ့ဆက်ဆံရေး ထွက်လာတဲ့အချိန်ဖြစ်သည်။ အဲ့ဒီအချိန်မှာ သူ့ရဲအသက်မွေးဝမ်းကြောင်းတွင် ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုကို ခံစားရပြီး ကြီးမားတဲ့ဖိစီးမှုအောက်တွင် ရှိနေမည်ကို နားလည်နိုင်သည်။

ဒါပေမယ့်လည်း ဒါက အဓိပ္ပါယ်မရှိပါချေ။ အလုပ်အကြောင်းကြောင့်သာဆိုရင် သူ့အခြေအနေတွေက မကြာသေးခင်ကတောင်မှ အကောင်းဆုံး ဇာတ်ဆောင်ဆုရခဲ့တာကို မပြောနဲ့ဦး လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း သူ့ရဲ့အခြေအနေတွေက တဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန်လာတာဖြစ်သည်။

ရှဲ့ယင်းနဲ့ လမ်းခွဲလိုက်တာကြောင့် များလား?

ဒီဖြစ်နိုင်ချေက သူမဆီမှာ ပေါ်လာတော့ စုန့်အာ့နန်ရဲ့မျက်လုံးတွေထဲ မှိန်ဖျော့ဖျော့အရိပ်တစ်ခု ဖြတ်သွားသည်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က သူမဟာ ဖေးခွမ်နဲ့ ရှဲ့ယင်းရဲ့သတင်းတွေကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တာဖြစ်သည်။

သူတို့ရဲ့ ဆက်ဆံရေးကို ပထမဆုံး ထုတ်ဖော်ခဲ့တုန်းကတော့ နှစ်ဖက်အဖွဲ့တွေက တုံ့ပြန်ခြင်း မရှိခဲ့‌ပေ။ အဲ့ဒါက သူတို့ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်လိုက်တဲ့အခါတွင် နာမည်ကြီး အများအပြားက လုပ်ကြသည့် နည်းဗျူဟာတစ်ခုဖြစ်သည် - စာချုပ်ပါ ကန့်သတ်ချက်တွေကြောင့် လူသိရှင်ကြား မကြေငြာသလို ပြတ်ပြတ်သားသား ငြင်းဆိုခြင်းလည်းမဟုတ်ပေ။

ဒါကြောင့် လူအများက သူတို့ရဲ့ ဆက်ဆံရေးကို တိတ်တဆိတ် အတည်ပြုလိုက်တယ်လို့ မှတ်ယူခဲ့ကြသည်။

အဲ့ဒီအချိန်တုန်းက၊ ဖေးခွမ်ရဲ့အဆင့်အတန်းအရ ဒီအရာတွေကို သူရယူလိုတဲ့အချက်က စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြစ်လိမ့်မယ်ဆိုပြီး လူတွေက ပြောကြသည်။ ဒါပေမယ့် သုံးလအကြာမှာ သတင်းထောက်တစ်ယောက်ရဲ့ အင်တာဗျူးတွင် ရှဲ့ယင်းတစ်ယောက်မမျှော်လင့်ဘဲ ပေါ်လာပြီး သူတို့ရဲ့ဆက်ဆံရေးကို ငြင်းပယ်လိမ့်မယ်လို့ ဘယ်သူမျှ မမျှော်လင့်ထားခဲ့ပေ။ အချိန်အတန်ကြာတော့ သူတို့နှစ်ယောက် လမ်းခွဲသွားတယ်ဆိုတဲ့ ကောလာဟလတွေဟာ တောမီးလို ပျံ့နှံ့သွားသည်။

ဖေးခွမ်ဟာ စွန့်ပစ်ခံခဲ့ရတယ်လို့ အွန်လိုင်းမှာတောင် ထင်ကြေးပေးမှုတွေ ရှိခဲ့သည်။

ဒီအဖြစ်အပျက်အပြီးမှာ လူတော်တော်များများက ဖေးခွမ် ကို သနားလာကြပြီး ဒီဆက်ဆံရေးကြောင့် သူ့အသက်မွေးဝမ်းကြောင်းမှာ ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ရပြီး ဒီလိုရလဒ်မျိုးနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ပြောကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှဲ့ယင်းဟာ အရှုပ်တော်ပုံမှ ရလာသည့် ကျော်ကြားမှုကို အရင်းအနှီးပြုခဲ့သည်။ သူမဟာ အမည်မသိ အဆင့် ၁၈ မင်းသမီး နီညိုရောင် ကျော်ကြားတဲ့ ခေါင်းစည်းမှ မင်းသမီးတစ်ယောက်ဖြစ်လာသည်။

အပြင်လူတစ်ယောက်အနေနဲ့ စုန့်အာ့နန်မှာ စီရင်ဖို့ အနေအထားမရှိပါချေ။ သူမရဲ့မျက်လုံးထဲတွင် ဖေးခွမ်က စိတ်လိုလက်ရ ဝင်ရောက်လာခဲ့သည်။

ဒါကြောင့် သူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူမဘက်က ဖေးခွမ်ကို အဲ့ဒီအကြောင်း အစအဆုံး မမေးခဲ့ဖူးသလို နှစ်ယောက်စလုံး တကယ်ဘဲ လမ်းခွဲခဲ့သလားကိုလည်း မသေချာပါချေ။

ရှဲ့ယင်းက ချိုးပိုင်နဲ့အတူ ပူးပေါင်းကာ တီဗီရှိုးတစ်ခုကို ရိုက်ကူးတဲ့အခါမှ စာအုပ်ရှိ မူရင်းစုံတွဲက ပြန်လည်ပေါင်းစည်းလိုက်သောအခါ ဇာတ်လမ်းက လမ်းကြောင်းပေါ် ပြန်ရောက်သွားသလိုပင်။

တကယ်လို့ ဒီကိစ္စကြောင့်သာဆိုရင် ဖေးခွမ်ရဲ့လက်ရှိအခြေအနေကို ဖော်ပြဖို့ဆိုတာ အကျိုးကြောင်းသင့်သည်လို့ စုန့်အာ့နန် တွေးမိသည်။

-

တိုင်ပင်ဆွေးနွေးမှုက ပြီးသွားသည်။ ဒေါက်တာ ရှုထောင်က ဖေးခွမ်ကို အကဲဖြတ်မှုတွေ၊ စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး သူ့မှာစိတ်ကျရောဂါရှိကြောင်း ရှာတွေ့လိုက်သည်။

ဖေးခွမ်ကတော့ ဒီရောဂါရှာဖွေတွေ့ရှိမှုကို အထူးတလည် အံ့သြပုံမပေါ်ပေ။

ခဏလောက် စဉ်းစားလိုက်ပြီး ထွက်ပေါက်ကိုသူ တစ်ချက်ကြည့်လိုက်ကု ဆရာဝန်ကို မေးလိုက်သည်။ "ဒေါက်တာရှု၊ ဒီရောဂါရှာကို..."

ရှုထောင်က သူ့ရဲ့မဆုံးသေးတဲ့စကားကို နားလည်ပြီး ပြောလာသည်။ "စိတ်မပူပါနဲ့၊ လူနာရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်"

"ဒါပေမယ့် နောက်ဆက်တွဲ ချိန်းဆိုမှုတွေအတွက် ပုံမှန်ပြန်လာဖို့နဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေကို တက်တက်ကြွကြွ လိုက်နာဖို့တော့လိုတယ်"

ဖေးခွမ်က ခေါင်းဖြည်းဖြည်း ညိတ်ပြလိုက်သည်။ "ကောင်းပါပြီ"

ရှုထောင်ရဲ့ အဆက်အသွယ် အချက်အလက်ကို ယူပြီးသွားတော့ ဖေးခွမ်က ဆွေးနွေးခန်းထဲက‌နေ ထွက်လာလိုက်သည်။

အဲ့ဒီမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သတိပြုမိတော့ စုန့်အာ့နန်က သူ့ဆီအမြန်ရောက်လာပြီး မေးလိုက်သည်။ "ဘယ်လိုဖြစ်သွားလဲ? ဒေါက်တာရှုက ဘာပြောလဲ?"

ပြောပြီးတာနဲ့ သူမက ရှုထောင်ကို ရှာဖို့ ဆွေးနွေးခန်းထဲ ဝင်ရန်လုပ်လိုက်သည်။

ဒါပေမယ့် ဖေးခွမ်က သူမလက်မောင်းကို လှမ်းဆွဲလိုက်သည်။ "ဒါက သိပ်မပြင်းထန်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖိအားတွေ အရမ်းများခဲ့လို့၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးရင်တော့ အဆင်ပြေသွားမှာပါ"

စုန့်အာ့နန်က တစ်ခုခုကို နားလည်သွားပုံပေါ်ပြီး ခဏတန့်သွားသည်။

အဆင်ပြေပါတယ်။ လူတိုင်းမှာ တခြားသူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။

သူ မပြောချင်ရင် သူမ မေးမှာမဟုတ်ဘူး။

စုန့်အာ့နန်က ဖေးခွမ်ကို တိတ်တိတ်လေး ကြည့်လိုက်သည်။ "ကောင်းပါပြီ၊ ဒါဆို ရှင် ဆရာဝန်ရဲ့ စကားကို နားထောင်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာမယ်လို့ ကတိပေးရမယ်"

ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်က နည်းနည်း ကွေးတက်သွားပြီး သူ့မျက်လုံးတွေကနွေးထွေးမှု နူးညံ့မှုတွေ ဖြတ်ပြေးသွားသည်။ "ကောင်းပြီ ကိုယ် မင်းကို ကတိပေးတယ်"

-

ဒါပေမယ့် စုန့်အာ့နန် မမေးခဲ့ဘူးဆိုတာက သူမ ဘာမှမလုပ်ဘူးလို့တော့ မဆိုလိုပါချေ။

နောက်နေ့မနက်စောစော သူမလက်ထဲမှာ ပစ္စည်းထုပ်တွေကိုင်ပြီး ဖေးခွမ်ရဲ့ တံခါးကိုလာခေါက်သည်။

"မနေ့ညက အိပ်ရတာ ဘယ်လိုလဲ?" စုန့်အာ့နန်က မေးလိုက်သည်။

ဖေးခွမ်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ "မဆိုးပါဘူး"

အိတ်အကြီး အသေးတွေ သယ်ထားတဲ့ တံခါးနားက လူကို မြင်တော့ သူက အံ့ဩစွာနဲ့ မေးလိုက်သည်။ “ဒါက ဘာအတွက်လဲ?”

စုန့်အာ့နန်က သူနားလည်အောင် ရှင်းပြလိုက်သည်။ "ရှင်အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရမယ်လို့ မနေ့က လီတုန်ဆီကနေ ကျွန်မကြားခဲ့တယ်၊ ဒီတော့ ရှင်အိမ်မှာဘဲနေမှာ မဟုတ်လား?"

ဘာဖြစ်နေမှန်း မသိသေးပေမယ့် ဖေးခွမ်က အမှန်အတိုင်းခေါင်းညိတ်သည်။

ဒါကို သူစီစဉ်ထားတာ ကြာပြီဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူဟာ တစ်နှစ်ပတ်လုံးနီးပါး အလုပ်လုပ်ခဲ့တာကြောင့် အခုက အနားယူဖို့ အချိန်ကောင်းဖြစ်သည်။

“အဲဒါဆို အဆင်ပြေသွားပြီ” စုန့်အာ့နန်က ဆိုသည်။ "ရှင်အိပ်ပျော်အောင် အထောက်အကူဖြစ်စေဖို့ ရှင့်ရဲ့အိပ်ခန်းပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မ ဒီနေ့ရောက်လာတာ"

သူမ မနေ့ညက အားလုံးကို တွေးထားတာဖြစ်သည် - သူ့အိမ်ရဲ့ အပြင်အဆင်နဲ့ အနေအထားက လုံးဝကို အေးစက်ပြီး စိတ်လေးစရာဖြစ်သည်။ တခြားနေရာတွေက အဆင်ပြေနေသေးပေမယ့် အိပ်ခန်းကတော့ အဆင်မပြေချေ။

အထူးသဖြင့် သူကောင်းကောင်းအိပ်မပျော်တာက အရမ်းပြင်းထန်တဲ့အတွက် ကောင်းကောင်းမွန်မွန် အိပ်စက်ရမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်။

စုန့်အာ့နန်က ဖေးခွမ်ကို ကြည့်လိုက်ပြီး သတိကြီးကြီးနဲ့ မေးလိုက်သည်။ "ကျွန်မကို ရှင့်ရဲ့အိပ်ခန်းပြပေးလို့ရမလား?"

ဖေးခွမ် အတော်လေး အံသြသွားပေမယ့် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"

အထဲဝင်လာတော့ စုန့်အာ့နန်က ဧည့်ခန်းမှာ ဖိနပ်တစ်ရံကို ပြောင်းစီးလိုက်သည်။ နောက်တော့ သူမက အိပ်ခန်းရှိရာဆီ တည့်တည့်သွားလိုက်သည်။

ပြဿနာကတော့ ဒီအိမ်မှာ အိပ်ခန်းတွေ အများကြီး ရှိပြီး ဘယ်ဟာက ဖေးခွမ်ရဲ့အခန်းလဲဆိုတာကို သူမမသိပေ။

စုန့်အာ့နန် ဖေးခွမ်ကို လှည့်ကြည့်လိုက်သည်။ သူကပြုံးလိုက်ပြီး အခန်းတစ်ခန်းကို ညွှန်ပြလိုက်သည်။ သူမ မဆိုင်းမတွဘဲ တံခါးကိုတွန်းဖွင့်ကာ အထဲကို ၀င်သွားလိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်း၊ အခန်းဟာလည်း အေးစက်နေတဲ့ ဧည့်ခန်းနဲ့ အတူတူပင်ဖြစ်သည်။

စုန့်အာ့နန်က သူမရဲ့ ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။ အဲ့ဒီထဲမှာ ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်တဲ့ အခန်းပတ်ဝန်းကျင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မနေ့ည သူမရှာခဲ့တဲ့ အချက်အလက်တွေပါသည်။

စစ်ရမယ့်စာရင်းကို ကြည့်ပြီးသွားတော့ ဒီနေရာတွင် ပြောင်းလဲဖို့ အများကြီးလိုသည်။ သူမ ဒီနေ့ယူလာတဲ့ဟာတွေက အကန့်အသတ်နဲ့သာဖြစ်ပြီး အများစုကတော့ အလှဆင်ပစ္စည်းလေးတွေပဲ ဖြစ်သည်။ ကျန်တာတွေကိုတော့ အွန်လိုင်းကနေ တိုက်ရိုက်မှာရမည်။

ပထမဆုံးပြောင်းရမယ့်အရာကတော့ အိပ်ယာခင်းနဲ့ ဂွမ်းကပ်ဖြစ်သည်။

ဖေးခွမ်လိုမျိုး စေ့စေ့စပ်စပ်ရှိတဲ့သူက ဒီလိုမျိုး ဖြစ်သလို နေလိမ့်မယ်လို့ သူမ တကယ် မထင်ထားခဲ့ပေ။ အိပ်ရာခင်းတွေက အရေပြားနဲ့ လုံးဝအဆင်မပြေနေဘူး။

နောက်တော့ ကုတင်ဘေးက မီးအိမ်။ အဲ့ဒါရဲ့အလင်းရောင်က ပြင်းလွန်းလို့ ဝပ်အားနည်းတဲ့ မီးတစ်လုံးနဲ့ အစားထိုးဖို့ လိုသည်။

နောက်ပြီးတော့...

မကောင်းတဲ့အချက်တွေကို ဖယ်ထုတ်ပြီးသွားတော့မှ စုန့်အာ့နန် တစ်ယောက် သူမ ပိုင်ရှင်ရဲ့ ထင်မြင်ချက်ကို လုံးဝမတိုင်ပင်ခဲ့မိကြောင်း နောက်ကျမှသတိရလိုက်သည်။

သူမက မျက်တောင်ခတ်လိုက်ပြီး တုန့်ဆိုင်းစွာနဲ့ မေးလိုက်သည်။ "အမ်၊ ကျွန်မ ခုနက ပြောခဲ့တာတွေကို ပြောင်းလို့ အဆင်ပြေမလား?"

ဖေးခွမ်က မိန်းမောနေဆဲဘဲ ရှိသေးသည်။ အလိုအလျောက် သူ့အိပ်ခန်းတစ်ဝိုက်ကို လှည့်ကြည့်လိုက်သည်။

တွေးကြည့်တော့မှ၊ ဒီမှာ အတော်ကြာ နေနေတာကလွဲရင် တခြားကိစ္စတွေကို သူတကယ် သတိမထားမိပေ။

သူ တစ်ခုခုပြောခါနီးတွင် အပြင်ဘက်မှ ဘောလုံးအသေးလေးက အိပ်ခန်းထဲ ရုတ်တရက်ပြေးဝင်လာသည်။

နှစ်ယောက်လုံးရဲ့အကြည့်တွေက အဲ့ဒီအပေါ် ချက်ချင်းရောက်သွားသည် - ချိုးချိုးပင်။

စုန့်အာ့နန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ သူမက ချက်ချင်းဘဲ မှတ်စုစာအုပ်ကို ဖေးခွမ်လက်ထဲ ထည့်ပေးလိုက်ပြီး ချိုးချိုးကို ချီဖို့သွားလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ နှစ်နှစ်လောက်ရှိပြီဆိုတော့ ချိုးချိုးက အစပိုင်းမှာ စုန့်အာ့နန်ကို မမှတ်မိဘဲ ရုန်းကန်နေသည်။

စုန့်အာ့နန်က စိတ်ရှည်ရှည်နဲ့ သူ့နာမည်ကို ထပ်ခါထပ်ခါ ခေါ်လိုက်သည်။

တဖြည်းဖြည်းနဲ့၊ ချိုးချိုးက စုန့်အာ့နန်ကို မှတ်မိသွားပြီး ရုန်းကန်နေတာ ရပ်သွားသည်။ အဲ့ဒီအစား၊ သူမကို ဘာလို့ လာမတွေ့တာလဲဆိုပြီး မကျေမနပ် ပြောနေသလိုမျိုး သူမရင်ခွင်ထဲမှာ ဆွဲဆွဲငင်ငင်နဲ့ အော်လာသည်။

ချိုးချိုးကို ချီထားရင်း စုန့်အာ့နန်က အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဖေးခွမ် ချိုးချိုးကို မွေးစားရတဲ့ အဓိကအကြောင်းရင်းမှာ သူမကြောင့်ဖြစ်ကြောင်း သူမ သိပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူ့ကို သူမ လုံးလုံးထားခဲ့မိသည်။

စုန့်အာ့နန်က ဖေးခွမ် ကို ကြည့်လိုက်ပြီး နောက်တော့ ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။ "ရှင့်ရဲ့ moment ကိုကျွန်မ တွေ့ပါတယ်"

လွန်ခဲ့တဲ့ နှစ်နှစ်က သူမ တမင်တကာ ခပ်ခွာခွာပြီး တမင်စာသိပ်မပြန်ခဲ့သလို ကျောင်းစာနဲ့ အလုပ်ရှုပ်နေတဲ့အတွက် တစ်ခါတစ်လေမှ စာပြန်ဖြစ်သည်။

နောက်ပိုင်းမှာ ဖေးခွမ်က ရံဖန်ရံခါမှ ချိုးချိုးရဲ့ဗီဒီယိုအတိုလေးကို ပို့တော့သည်။ အဲဒီနောက်မှာတော့ သူက ဗီဒီယိုတွေ မပို့တော့ဘဲ ချိုးချိုး ရဲ့ ဗီဒီယိုတွေကို သူ့ရဲ့ Moment မှာ တင်ခဲ့သည်။

ဖေးခွမ်က တိုးတိုးလေး "ဟမ်"လို့ ဆိုလိုက်ပြီး "ကိုယ်သိပါတယ်၊ အဲ့ဒါတွေက မင်းမြင်ရအောင်ပါ"

စုန့်အာ့နန်က သူပွင့်ပွင့်လင်းလင်း ပြောလာတာကြောင့် သတိလက်လွတ်ဖြစ်သွားသည်။

သူမမြင်အောင်လို့ သူ ပို့စ်တင်ခဲ့တာလို့ သူမ မှန်းဆမိပေမယ့် ဖေးခွမ်က အဲဒါကို ပြတ်ပြတ်သားသား အတည်ပြုလာတော့ သူမကို အပြစ်ရှိသလို ခံစားရစေသည်။

သူမက အသက်ရှုထုတ်လိုက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ အရင်တုန်းက ရှင့်ရဲ့မက်ဆေ့ခ်ျတွေကို တမင်ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး"

ဒီတိုင်း သူမ သတ္တိမရှိခဲ့တာပင်။

သူမရဲ့ တည်ငြိမ်နေတဲ့စိတ် ထွေပြားသွားမှာ စိုးပြီး ရှဲ့ယင်းအတွက် သူ့ခံစားချက်တွေကို ကိုယ်တိုင်မြင်ရမှာကိုလည်း ကြောက်သည်။

ဒါပေမယ့် သူမ သေသေချာချာ တွေးကြည့်လိုက်တော့ အစကနေအဆုံးအထိ ဖေးခွမ်ဘက်က ဘာအမှားမှလုပ်ခဲ့တာမဟုတ်ပေ။ ကြောင်လေးကို သူမ မကြာခဏတွေ့ချင်တယ်လို့ ပြောဖူးတာမို့လို့ သူက သူမကိုဗီဒီယိုတွေ မကြာခဏ ပို့ပေးခဲ့တာပင်။

ရှဲ့ယင်းနဲ့ သူ့ရဲ့ဆက်ဆံရေးကို ထုတ်ဖော်လိုက်သည့်တိုင် အလုပ်များပြီး ရှုပ်ထွေးနေပေမယ့် ချိုးချိုးနဲ့ပတ်သက်ပြီး သူမဆီ ပုံမှန် ပေးပို့ဖို့ကိုလည်း မမေ့ပါချေ။

ဒီတစ်ခါတော့ ဖေးခွမ်က 'ကိုယ်သိတယ်၊ မင်းအရမ်းအလုပ်များနေတာ' လို့ မပြောတော့ပေ။ အဲဒီအစား၊ သူက အရယ်တစ်ဝက် အတည်တစ်ဝက် မေးလာသည်။

"ဒါဆို ဘာဖြစ်လို့လဲ? မင်း ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်လို့လား?"

စုန့်အာ့နန်က လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ သူ့ကစိတ်အနှောက်အယှက် ဖြစ်လို့တဲ့လား?

အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို စိတ်အနှောက်အယှက်ဖြစ်တယ်လို့ မထင်ပါဘူး"

ဒီရှင်းပြချက်က နည်းနည်းတော့ မကောင်းသလို ခံစားလိုက်ရပြီး စုန့်အာ့နန်က အံကြိတ်ကာ ပြောလိုက်သည်။

" ရှင်လည်း သိပါတယ်၊ ရှဲ့ယင်းနဲ့ ကျွန်မက သိပ်အဆင်မပြေကြဘူးဆိုတာ၊ အဲ့ဒါကြောင့်....."

ဒီတစ်ခါတော့ ဖေးခွမ် အံ့သြရမယ့်အလှည့်ဖြစ်သည်။ ဒါက အကြောင်းပြချက် ဖြစ်လိမ့်မယ်လို့သူဘယ်တုန်းကမှ မယူဆမိခဲ့တဲ့ပုံပင်။ စိတ်သက်သာရာရသွားတဲ့ အကြည့်က သူ့မျက်လုံးထဲမှာ ခဏလောက် ဖြတ်ပြေးသွားသည်။

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ခေါင်းငုံ့လိုက်သည်။ "ရှင်က သူ့ကို အရမ်းကြိုက်တာလေ၊ ကျွန်မက ရှင့်ကို အဆင်မပြေတဲ့ အနေအထားမှာ မရှိစေချင်လို့ပါ"

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားပြီး ပြန်ရှင်းပြလာသည်။ "ကိုယ် သူ့ကို အဲ့ဒီလိုမျိုး ဘယ်တုန်းကမှ မကြိုက်ဖူးဘူး"

စုန့်အာ့နန်က ရုတ်တရက် ခေါင်း မော့လာပြီး သူမအကြည့်တွေထဲမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်သွားသည်။

သူက ရှဲ့ယင်းကို ဘယ်တုန်းကမှ မကြိုက်ဖူးဘူးတဲ့လား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...!

All Chapters