← Chapters

အခန်း (၈၉)

Vol. 7 Ch. 89

အခန်း (၈၉)

Vol. 7 Ch. 89

အဝေးမှာ ရိုက်ကူးရေးလုပ်နေတဲ့ စုန့်လင်းချွမ်က ရိုက်ကူးရေးပြီးသွားလို့ ဟိုတည်ဆီပြန်ရောက်တဲ့အချိန် သူ့အမေဆီကနေ ဗီဒီယိုကော ခေါ်လာတာကို လက်ခံလိုက်ရသည်။

"ဟယ်လို၊ မစ္စကျောက် ရှားရှားပါးပါး ဒီနေ့ဆက်သွယ်လာလို့ပါလား" စုန့်လင်းချွမ်က ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲထိုင်နေပြီး ရယ်မောကာ သူမကိုပြောလာသည်။

သူ့သားကို ဒီလိုမြင်လိုက်ရတော့ ကျောက်ယာက မနေနိုင်ဘဲ ဝေဖန်လိုက်သေးသည်။ "မင်းကို ငါတွေ့ခဲ့တာတောင် မကြာသေးဘူး ဘယ်လိုလုပ် အရမ်းရုပ်ဆိုးလာတာလဲ? အဲ့ဒီမျက်ကွင်းညို‌တွေက အကြီးကြီးဘဲ! မင်းကိုသတိမပေးလို့ဆိုပြီး ငါ့ကို အပြစ်လာမတင်နဲ့။ နင်က နာမည်ကြီးလေ ပုံမှန်နေ့တွေမှာတောင် ဂရုစိုက်ရမှာ မဟုတ်ရင် နင်တော့ အလုပ်လက်မဲ့ဖြစ်ပြီဘဲ!"

"ချစ်ရတဲ့မား‌ရေ၊ ကျွန်တော်က သုံးညဆက်တိုက် ရိုက်ကူးရေး လုပ်ခဲ့ရတာ။ ဘယ်လိုလုပ် မျက်ကွင်းမညိုဘဲနေမှာလဲ? " စုန့်လင်းချွမ်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။

ကျောက်ယာက နှာခေါင်းရှုံ့လိုက်ပြီး "အဲ့ဒီလိုဆိုရင်တောင် ဒီလိုမျိုး ဖြစ်ကတတ်ဆန်း နေလို့မရဘူးလေ!"

စုန့်လင်းချွမ်ကတော့ ရုပ်ရည်သွင်ပြင်ကို စွဲလမ်းတဲ့ အမေဖြစ်သူကို ရှင်းပြဖို့ အရမ်းပျင်းနေသည်။ သူမကို ကျော်ဖြတ်ဖို့ဆို အရမ်းကြိုးစားရမယ်။

"ညဉ့်နက်မှ ဘာကြီးကြီးကျယ်ကျယ်ဖြစ်လို့လဲ? ပါးနဲ့ ရန်ထပ်ဖြစ်လို့ ဖြန်ဖျေပေးရမှာလား?"

ကျောက်ယာ သရော်လိုက်သည်။ "သားလေး၊ မင်းအဖေနဲ့ ငါက အဆင်ပြေနေရော ငါတို့ကို လာမမွှေနဲ့!"

ဆက်မပြောခင် သူမက ခဏလောက် ရပ်လိုက်ပြီး "မား မင်းကို မေးချင်တာ တစ်ခုရှိလို့ ခေါ်လိုက်တာ"

စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး သူမဆက်ပြောမှာကို စောင့်နေသည်။

ကျောက်ယာက မေးလာသည်။ "မင်းရဲ့အန်တီလေးနဲ့ ဒီတလော အဆက်အသွယ်ရလား?"

စုန့်အာ့နန် အကြောင်း ကြားတော့ စုန့်လင်းချွမ်က တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ ရက်ကတော့ ကျွန်တော် သူ့ကို ဖုန်းခေါ်လိုက်သေးတယ်။ အန်တီလေး ဘာဖြစ်လို့လဲ?"

ဒီရက်တွေအတွင်း သူ့မှာ ရိုက်ကူးရေး အစီအစဉ်တွေရှိတာကြောင့် စုန့်အာ့နန် ဘက်ကို သိပ်အာရုံမစိုက်မိပေ။ ဒါပေမယ့် အန်တီလေးကို စောင့်ကြည့်ပေးဖို့ ဖေးခွမ်ကို သူအကူအညီတောင်းထားတာမို့ အားလုံးအဆင်ပြေနေတဲ့ပုံပင်။

"စိတ်မပူပါနဲ့ အန်တီလေးက အဆင်ပြေပါတယ်" ကျောက်ယာက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "ကျန်းဖန်လို့ခေါ်တဲ့ ကောင်လေးကို မင်းအန်တီလေးအရင်ကပြောတာ ကြားဖူးလားလို့ မေးမလို့ပါ"

စုန့်လင်းချွမ် မျက်ခုံးပင့်လိုက်သည်။ "ကျန်းဖန်က ဘယ်သူလဲ?"

ကျောက်ယာက သူ့ကို မျက်စောင်းထိုးလိုက်သည်။ " ဘယ်သူဖြစ်နိုင်ဦးမှာလဲ၊ အာ့နန်ရဲ့ ကျောင်းတူ စီနီယာ"

ကျန်းဖန်က ဘယ်သူလဲဆိုတာကို စုန့်လင်းချွမ် နောက်ဆုံးတော့ မှတ်မိသွားသည်။ "သြော် ဒီတလော အွန်လိုင်းပေါ်မှာ အန်တီလေးနဲ့ ship နေကြတဲ့ကောင်လေးဘဲ"

ကျောက်ယာ - "ဟုတ်တယ်၊ သူဘဲ ။ ဒီတလော အာ့နန်နဲ့သူ့ကို အွန်လိုင်းပေါ်မှာ ship နေကြတာ တော်တော် နာမည်ကြီးနေတယ်!"

"အဲ့ဒီ ကျန်းဖန်က မင်းအန်တီလေးရဲ့ ပါမောက္ခ တူဖြစ်မယ်၊ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းတယ်လို့ မင်းအန်တီလေး အရင်က ပြောဖူးတယ်။ မင်းဘယ်လိုထင်လဲ မင်းအန်တီလေးက ငါတို့ကို မပြောပြဘဲ သူနဲ့တိတ်တိတ်လေး တွဲနေတာများလား?"

"မဖြစ်နိုင်ဘူး!" စုန့်လင်းချွမ်က အခိုင်အမာဆိုသည်။ "မား၊ မမွှေနဲ့နော် အဲ့ဒါက ဖန်တွေ အွန်လိုင်းပေါ်မှာ စနေကြရုံဘဲ။ အရင်က အန်တီလေးကို ကျွန်‌တော် မေးဖူးတယ်၊ ကျန်းဖန်နဲ့ သူ့ရဲ့ ဆက်ဆံရေးက ကျောင်းတူ စီနီယာ ဂျူနီယာ ဆက်ဆံရေးပဲလို့ပြောတယ်"

"ဒါ့ပြင် ကျွန်တော်မြင်ရသလောက်တော့ အန်တီလေးက အချစ်ရေးနဲ့ ပတ်သက်ပြီး လုံးဝမသိဘူး။ သူ့ခေါင်းထဲမှာ စာလုပ်ဖို့ဆိုတာဘဲ အမြဲတမ်း ပြည့်နေတာ"

သူပြောတာ မှန်တယ် ဆိုတာ‌ကိုတော့ ကျောက်ယာ ဝန်ခံရမည်။ သူ့မရဲ့ခယ်မလေးက စာအုပ်ကြိုက်တဲ့ကောင်မလေးဖြစ်သည်။ ဒါပေမယ့် စုန့်အာ့နန်က အသက်နှစ်ဆယ်ရှိပြီဆိုတော့ ဘယ်သူက သေချာပြောနိုင်မှာလဲ?

"ဒါဆို မင်းဘယ်လိုထင်လဲ မင်းအန်တီလေးမှာ သူကြိုက်တဲ့လူ ရှိနေလောက်မလား?"

စုန့်အာ့နန်ဟာ သဘာဝအားဖြင့် ရိုးသားလှသည်။ ကျောက်ယာက သူမရဲ့ အချစ်ရေးကိစ္စတွေကို အမှန်တကယ် စိုးရိမ်နေပြီး သူ့လေး အပြင်ဘက်မှည လှည့်စားခံရမှာကို စိုးရိမ်ကာ သူမကို စောင့်ကြည့်ချင်နေသည်။

စုန့်လင်းချွမ်ရဲ့မျက်ခုံးတွေ နည်းနည်း တွန့်ချိုးသွားသည်။ သူ့အန်တီလေး ကြိုက်နေတဲ့သူရှိတယ်လား?

ဘယ်သူလဲ?!

ကျောက်ယာ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့ပေါင်သူ ရိုက်လိုက်သည်။ "ဟုတ်သားပဲ 'အန်ရှင်းဖေးပန်' အတွဲကိုလည်း အွန်လိုင်းမှာ တွေ့ခဲ့သေးတယ်၊ အဲဒါက မင်းအန်တီလေးနဲ့ ဖေးခွမ်ထင်တယ်?"

"သူတို့ ဖြစ်နိုင်မယ်မထင်ဘူး..."

"မား၊ ဒီအွန်လိုင်းပေါ်က မဟုတ်တဲ့ဟာတွေလိုက်ကြည့်နေတာ ရပ်ပါတော့။ အနုပညာလောကထဲက ကိစ္စတွေကို အလေးအနက်ထားလို့ မရဘူး" စုန့်လင်းချွမ်က စိတ်မရှည်စွာနဲ့ သူမစကားကို ဖြတ်ပြောလိုက်သည်။

"ဒါကို ရှင်းအောင်ပြောရဦးမယ်။ အဲဒါက အတုတွေချည်းဘဲ။ ကျွန်တော့် အန်တီလေးနဲ့ ဘယ်သူ့ကိုမဆို ship လို့ရပေမယ့် ဖေးခွမ်နဲ့ကတော့ လုံးဝမဖြစ်နိုင်ဘူး!"

အဲ့ဒါကို လုံးဝဖယ်ထုတ်လိုက်!

တစ်ယောက်က သူ့ညီအစ်ကို၊ နောက်တစ်ယောက်က သူ့အန်တီလေး။ သူမ ဘာတွေတွေးနေတာလဲ!

.......

အခုကျောက်ယာက သူမကို ရမ်းစိုးရိမ်နေမှန်း စုန့်အာ့နန် မသိပါချေ။ ဖုန်းချပြီးသွားတော့ သူမက ထမင်းစား စားပွဲကို သုတ်လိုက်ပြီး မီးဖိုချောင်ကိုသွားကာ သူမကူညီပေးရမလားလို့ သွားမေးလိုက်ပေမယ့် ဖေးခွမ်က စကားအနည်းငယ်နဲ့ ပယ်ချလိုက်သည်။

ဧည့်ခန်းကို ရောက်လာတော့ စုန့်အာ့နန်က ပတ်ဝန်းကျင်ကို ဦးတည်ရာမဲ့စွာ ကြည့်လိုက်သည်။

သူမ ဒီ‌နေ့မနက်မှာ အလျင်စလိုရောက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို သေချာကြည့်ဖို့ အချိန်မရှိဘဲ အိပ်ခန်းဆီဘဲ တန်းတန်းသွားခဲ့သည်။

အချိန်အတော် ကြာပြီးသွားတဲ့ နောက်မှာတောင် ဖေးခွမ်ရဲ့အိမ်က လုံးဝပြောင်းလဲသွားခြင်းမရှိပဲ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကအတိုင်း မည်းမှောင်ကာ ဗလာဖြစ်နေဆဲဖြစ်သည်။

မျက်စိဖြင့် မြင်နိုင်လောက်တဲ့ အလှဆင် ပရိဘောဂတွေလည်း မရှိပေ။

ဧည့်ခန်းတဝိုက်ကို ကြည့်နေရင်း စုန့်အာ့နန်ရဲ့ အကြည့်တွေက တစ်နေရာမှာ ရုတ်တရက် ရပ်သွားသည်။

တီဗွီစင်တွင် ထိုနှစ်ရှိုးမှာ ရိုက်ထားသည့် ကမ်းခြေမှ ဓာတ်ပုံဘောင်တစ်ခုရှိသည်။

သူမက ကမ်းခြေပေါ်တွင် ခြေဗလာဖြင့် ရပ်နေပြီး စုန့်လင်းချွမ်နှင့် ဖေးခွမ်တို့က သူမအနောက်တစ်ဖက်စီတွင် ရပ်နေသည်။ သူမရဲ့စကတ်က လေထဲတွင် လွင့်နေပြီး ဖေးခွမ်ရဲ့ခြေထောက်နားတွင် ဝေ့ဝဲနေသည်။

စုန့်အာ့နန်လည်း အရင်က ဒီဓာတ်ပုံကို မြင်ဖူးပြီး သူမရဲ့ ဖုန်းအယ်လ်ဘမ်ထဲမှာတောင် သိမ်းထားသေးသည်။

ရှိုး ရိုက်ကူးပြီး သိပ်မကြာခင်မှာပဲ guest တွေရဲ့ ကမ်းခြေကဓာတ်ပုံတွေ ထွက်လာသည်။ ရှိုးရဲ့တရားဝင် Weibo အကောင့်မှာ တင်လိုက်တဲ့အခါ အဲဒီ့အချိန်တုန်းကတောင် ရေပန်းစားခဲ့သေးသည်။

သူမလက်ထဲက ဓာတ်ပုံကို ကြည့်လိုက်တော့ နွေရာသီကို ပြန်ရောက်သွားသလိုပင်။ သမုဒ္ဒရာရဲ့ ရနံ့ကိုတောင် ရှူရှိုက်မိလုနီးပါးပင်။

အဲ့ဒီအချိန်တုန်းက သူမရဲ့ မျက်နှာပေါ်တွင် ကလေး အဆီလေးတွေ ရှိနေသေးပြီး အရမ်းနုံအတဲ့ပုံပေါ်နေသည်။ ကင်မရာရှေ့မှာ သူမစိတ်တွေ လှုပ်ရှားနေတဲ့အတွက် သူမရဲ့ အပြုံးက သဘာဝမကျနေပေ။

ဒါပေမယ့် စုန့်လင်းချွမ်နဲ့ ဖေးခွမ်‌က ပိုပြီး သဘာဝကျ နေသည်။ စုန့်လင်းချွမ်က အေးစက်တဲ့ အမူအရာဖြင့် မပြုံး‌နေဘဲ ဖေးခွမ်ကတော့ တောက်တောင်ပပနဲ့ ပြုံးနေသည်။

"ဘာကြည့်နေတာလဲ?" ဖေးခွမ်က မီးဖိုချောင်ကနေထွက်လာတော့ စုန့်အာ့နန်က သူ့ကိုကျောပေးထားကာ ဘာလုပ်နေမှန်းမသိပေ။

စုန့်အာ့နန် လန့်သွားပြီး သူမ မျက်နှာအမူအရာ အမြန်ပြင်လိုက်ကာ လှည့်ကြည့်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး"

သူမလက်ထဲက ဓာတ်ပုံဘောင်ကို မြှောက်ပြလိုက်ပြီး "ဓာတ်ပုံတွေ ကြည့်နေတာ"

ဖေးခွမ်လည်း သူမလက်ထဲက ဓာတ်ပုံဘောင်ကို လှမ်းကြည့်ရင်း သူ့မျက်လုံးတွေမှာ လွမ်းဆွတ်မှုတွေ ပြည့်နှက်သွားသည်။ "အဲ့ဒါက အရမ်းကြာနေပြီလို့ ခံစားရတယ်"

စုန့်အာ့နန်က သူ့စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ခင် စက္ကန့်နည်းနည်းလောက် ကြောင်သွားပြီး "ဟုတ်တယ်၊ ကြာနေပြီ"

သုံးနှစ်လောက် ကြာသွားပြီဖြစ်သည်။ လူတိုင်းဟာ အများကြီးပြောင်းလဲခဲ့ပြီး ကိစ္စများစွာကိုလည်း တွေ့ကြုံခဲ့ရသည်။ အခုပြန်တွေးကြည့်လိုက်ရင် လွမ်းဆွတ်စရာတွေကို မလွဲမသွေ ဆောင်ယူလာသည်။

ညစာစားပြီးတော့ နှစ်ယောက်သား အစာကြေအောင် ရပ်ကွက်အတွင်း လမ်းလျှောက်ထွက်ခဲ့ကြသည်။

ပြောရမယ်ဆိုရင် သူတို့ပတ်ဝန်းကျင်က တော်တော်သာယာသည်။ စိမ်းလန်းစိုပြေပြီး အနီးနားတွင် ကမ်းနားတစ်လျှောက် မိုးမခပင်များ စိုက်ထားသည့် လူလုပ်ရေကန်ကြီးတစ်ခုရှိသည်။

နှစ်ယောက်သား ဘေးချင်းယှဉ်ကာ ရေကန်ဘေးမှာ လမ်းလျှောက်ကြသည်။ ညလေပြည်ညင်းက တိုက်ခတ်လာကာ သစ်ရွက်တွေရဲ့ တီးတိုးသံကို သယ်ဆောင်လာသည်။

အောက်ထပ်ဆင်းလာကတည်းက စုန့်အာ့နန်တစ်ယောက် အရမ်းတိတ်ဆိတ်နေပြီး သူမ ဘာတွေတွေးနေမှန်းမသိရသလို ခေါင်းငုံ့နေသည်။

ဖေးခွမ်က ကိုယ်ကိုလှည့်လိုက်ပြီး စုန့်အာ့နန်ကို အပြုံးနဲ့ကြည့်လာသည်။ "ဘာတွေတွေးနေတာလဲ?မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား?"

စုန့်အာ့နန်က “အာ” လို့တိုးတိုးဆိုလိုက်ပြီး ခေါင်းခါလိုက်သည်။ “ဘာမှမရှိဘူး၊ ဘာမှမရှိပါဘူး"

ဖေးခွမ်က မျက်ခုံးနည်းနည်း ပင့်လိုက်သည်။ ဒီကလေးမလေးရဲ့ တုံ့ပြန်မှုက ဘာမှမရှိဘူးဆိုတာ မဟုတ်မှန်း သိသာပေမယ့် သူ ဆက်မမေးတော့ပေ။

နောက်ထပ် တစ်မိနစ်လောက် တိတ်ဆိတ်သွားကြပြီးနောက်တော့ စုန့်အာ့နန်က ရုတ်တရက် ရပ်လိုက်သည်။

သူမသည် ဖေးခွမ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ အကြောင်းပြောပြမယ်"

ဖေးခွမ်က အံ့အားသင့်သွားကာ စုန့်အာ့နန်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ပေမယ့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ကောင်းပြီ၊ ပြောလေ"

စုန့်အာ့နန်က ဆုံးဖြတ်ချက် ကြီးကြီးမားမား ချလိုက်သလို လေးလေးနက်နက် အသက်ရှူထုတ်လိုက်ပြီး ပြောလာသည်။ "ကျွန်မ ရှစ်နှစ်သားတုန်းက မိဘတွေ ဆုံးသွားတယ်။ ဒါကို ရှင်သိထားမလား ကျွန်မ မသိဘူး"

ဖေးခွမ်က စက္ကန့်အနည်းငယ်လောက် ခေဏရပ်လိုက်ပြီး သူ့မျက်နှာတွင် အံ့ဩမှုအရိပ်အယောင်တွေ ပေါ်လာကာ "ဟုတ်တယ်၊ လင်းချွမ် အဲဒါကို အရင်ပြောပြဖူးတယ်"

စုန့်အာ့နန်က "အင်း” လို့ တိုးတိုးလေးဆိုလိုက်ပြီး “အဲဒီတုန်းက ကျွန်မမိဘတွေ ကျွန်မအရှေ့မှာ သေသွားတာကို မြင်ပြီး ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရတယ်၊ အဲဒီနောက်တော့ ကျွန်မ ဘာအမှားမှ မလုပ်ခဲ့တာတောင် ဘုရားသခင်က ဘာလို့ ဒီလိုမျိုးစနောက်ကျီစယ်ရလဲဆိုတာကို နားမလည်ခဲ့ဘူး...."

စုန့်အာ့နန်အတွက် ထိုကာလဟာ အမှန်တကယ် နာကျင်ရစေပြီး အုံ့မှိုင်းနေစေသည်။ သူမ ယခင်ဘဝတွင် နှစ်ပေါင်းများစွာ နေမကောင်းဖြစ်ခဲ့ပြီး အိပ်ယာပေါ်မှာဘဲ လဲလျောင်းနေခဲ့ရပေမယ့် အရင်က ဒီလောက်ထိ အဆိုးမြင်စိတ်မရှိခဲ့ပေ။ ဒါပေမယ့် ဒီဘဝမှာ မိဘတွေ ဆုံးရှုံးလိုက်ရတဲ့အခါ သူမ တကယ်ကို နာကျင်သွားခဲ့ရသည်။

မှတ်ဉာဏ်တွေထဲ နှစ်မြုပ်နေတဲ့ သူမကိုမြင်တော့ ဖေးခွမ်ရင်ထဲမှာလည်း စိတ်မချမ်းသာမှု အရိပ်အယောင်ကို ကောင်းကောင်းခံစားလိုက်ရသည်။

သူက သူမကို နှစ်သိမ့်ပေးဖို့ ခေါင်းကို ညင်ညင်သာသာ ပွတ်ပေးလိုက်သည်။ "မင်း ဒီအကြောင်း မပြောချင်ရင် ပြောပြစရာ မလိုပါဘူး"

စုန့်အာ့နန်က ခေါင်းခါပြပြီး "စိတ်မပူပါနဲ့၊ ကျွန်မသိထားပြီးသားပါ။ မိဘနဲ့ သားသမီးအားလုံး အတူတူရှိဖို့ ကံကြမ္မာဆိုတာ မရှိဘူး။ ရေစက်ရှိခဲ့မယ်ဆိုရင်တောင် ကံကြမ္မာရဲ့ အတိမ်အနက်က ကွဲပြားတယ်"

ဖေးခွမ် အံ့အားသင့်သွားပြီး စုန့်အာ့နန်ကို ဖော်မပြနိုင်တဲ့အကြည့်နဲ့ ငေးကြည့်မိလိုက်သည်။

ဒီကောင်မလေးရဲ့ ရည်ရွယ်ချက်ကို သူနားလည်သွားတဲ့ပုံပင်။

စုန့်အာ့နန် သူ့ကို ညင်သာစွာ ကြည့်လိုက်ပြီး "ဒါကြောင့် ဆုပ်ကိုင်ထားလို့ မရတဲ့အရာတွေကို စွဲလန်းမနေပါနဲ။ ကျွန်မတို့တွေက ရှေ့ကိုစောင့်မျှော်ကြည့်ဖို့ဘဲလိုတယ်"

-

ဗီဒီယိုကော ချပြီးသွားတော့ ဒီဟာက အဓိပ္ပါယ်မဲ့လွန်းတယ်လို့ စုန့်လင်းချွမ် ခံစားမိသေးသည်။

မစ္စ ကျောက်ကတော့ အတွေးတွေ တစ်ခုပြီးတစ်ခု ထွက်နေတာဘဲ။ ရဲဘော် စုန့်ကျန်းဟွေ့ဘဲ သူ့ကို သည်းခံနိုင်တာ။

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ စုန့်လင်းချွမ်က အရူးလို ရယ်နေတာကို တွေ့လိုက်ရတဲ့အတွက် ကျန်းဟန်က တံခါးကို တွန်းဖွင့်လာ‌ပြီး မေးလိုက်သည်။ "ဘာလို့ အရမ်းပျော်နေတာလဲ? ထီပေါက်သွားလို့လား?"

စုန့်လင်းချွမ်က သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော်က ထီထိုးဖို့ လိုမယ်လို့ ထင်နေတာလား?"

ကျန်းဟန် - "..."

ကောင်းပါပြီ၊ သူဌေးတွေကတော့ သူတို့ကြိုက်သလိုလုပ်နေကြတာဘဲ။ ချမ်းသာတဲ့ သခင်ငယ်လေးတစ််ယောက်ရဲ့ ဘဝက သူလို သာမန်ရုံးဝန်ထမ်းလေးတစ်ယောက် နားလည်နိုင်တဲ့ အရာ မဟုတ်ဘူး။

"ကျွန်တော့်ကို တစ်ခုခုအတွက်လိုလို့လား?" စုန့်လင်းချွမ် က မေးလိုကသည်။

"တကယ်တော့ ငါ့မှာ ပြောစရာတစ်ခုရှိတယ်" ကျန်းဟမ် က ခေါင်းညိတ်လိုက်ပြီး "hot search ကိုတွေ့ပြီးပြီလား?"

စုန့်လင်းချွမ်က မျက်ခုံး နည်းနည်းပင့်လိုက်ပြီး "ကျွန်တော့မှာ ဒီလိုခေါင်တဲ့တောင်ကြားထဲမှာရှိနေတာကို ဘယ်လိုလုပ် hot searchထဲ ပေါ်လာမှာလဲ?"

ကျန်းဟန်က "ဟက်" လို့ရယ်လိုက်ပြီး "မင်းမဟုတ်ဘူး၊ မင်းရဲ့အန်တီလေး"

စုန့်လင်းချွမ်က လန့်သွားပြီး "ကျွန်တော့် အန်တီလေးဘာဖြစ်လို့လဲ?"

ပြောပြီးသွားတာနဲ့ သူ့ဘေးနားက ဖုန်းကို လှမ်းယူလိုက်ပေမယ့် စောစောက အဝေးကို လွှင့်ပစ်လိုက်တာကြောင့် ခက်ခက်ခဲခဲ လှမ်းယူလိုက်ပေမယ့် မရပေ။

ကျန်းဟန်က တစ်ဖက်ဆိုဖာမှာ ထိုင်ချလိုက်ပြီး မထီမဲ့မြင်ပြုကာ ဖုန်းကို သူ့ဆီကမ်းပေးလိုက်သည်။

တကယ်ကို အိပ်ယာထတာတောင်မှ သူ့အတွက် ပင်ပန်းနေပြီလား?

စုန့်လင်းချွမ်ကတော့ အခုချိန်မှာ သူ့ကိုစိတ်ထဲထားဖို့အချိန်မရှိပေ။ ဖုန်းရပြီးတာနဲ့သူက Weibo ကို ဖွင့်လိုက်တော့ ရှာဖွေမှုတွင် နံပါတ် ၁က သတင်း ခေါင်းစဉ်ကို တွေ့လိုက်ရသည်။

#ဖေးခွမ်က အန်တီလေးအတွက် ရပ်တည်ပြီး ဟန်မင်ကိုအရင်စတိုက်ခိုက်#

စုန့်လင်းချွမ်က အကြောင်းအရာကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ပထမဆုံး Weibo က စျေးကွက်ရှာဖွေရေး အကောင့်တစ်ခုမှ တင်ထားသော ဗီဒီယိုဖြစ်သည်။

ရိုက်ကူးရေးပြီးသွားတဲ့အချိန် ဖေးခွမ်က ဟန်မင်ကို အနိုင်ယူခဲ့တဲ့ ဗီဒီယိုကို ပြထားသည်။

ဒါရိုက်တာက ရိုက်ကူးရေး ပြီးသွားကြောင်း ပြောပြီးတာနဲ့ ဖေးခွမ်က သူ့ထိုင်ခုံပေါ်ကနေ ဒေါတကြီးချက်ချင်းထရပ်လိုက်ပြီး ဟန်မင်‌ဆီ အလျင်စလိုသွားကာ သူ့ထိုင်ခုံကို ကန်ချလိုက်သည်။

-ဖေးခွမ်၊ မင်း ဘာလုပ်တာလဲ?!

- စုန့်လင်းချွမ်နဲ့ ပြဿနာရှိရင် သူ့ကို သွားရှာ။ ဒီမှာ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ၊ မင်းရဲ့ ယောက်ျားပီသမှုက ဘယ်မှာလဲ?

- ငါမင်းကို သေချာပေါက်မလွှတ်ပေးဘူး!

- ငါစောင့်နေမယ်!

နောက်ဆုံးတော့ ဟန်မင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပေမယ့် ကင်မရာက ပြောင်းသွားကာ ချွေးတွေတရွှဲရွှဲနဲ့ ပြေးဝင်လာတဲ့ စုန့်အာ့နန်ကို တွေ့လိုက်ရသည်။

ဗီဒီယိုသည် အဲ့ဒီနေရာမှာဘဲ ရုတ်တရက် ပြီးဆုံးသွားသည်။

[သေစမ်း! ဒီစျေးကွက်ရှာဖွေရေး အကောင့်က လူတွေကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ သိတာဘဲ၊ အရှိန်တက်နေမှ ချက်ချင်းရပ်လိုက်တယ်]

[အားးး၊ အန်တီလေးကို ကြည့်ရတာ ဒီမှာ ဘာဖြစ်သွားလဲ သိလိုက်ရတော့ ဖေးခွမ်ကို စိတ်ပူလို့ အမြန်ပြေးလာတာထင်တယ်!]

[ဝူးး ဖေးခွမ်ရဲ့ ကန်ချက်က အရမ်းမိုက်တယ်။ ငါကြိုက်တယ်!]

[မျှမျှတတပြောရရင် ငါ တိုက်ရိုက်လွှင့်တာကို ကြည့်ခဲ့တယ်၊ ဒီတစ်ခါတော့ ဟန်မင်ဘက်က လွန်တာ]

[ဟုတ်တယ်တယ်၊ ဟန်မင်က စုန့်အာ့နန်ကို အကြောင်းပြချက်တစ်ခုနဲ့ ပစ်မှတ်ထားနေတာ သိသာတယ်၊ သူ့မှာ စုန့်လင်းချွမ်နဲ့ အရင်ကတည်းက ရန်ငြိုးတွေရှိခဲ့တဲ့ပုံဘဲ]

[ဖေးခွမ်ပြောတာ မှန်တယ်၊ မသက်ဆိုင်တဲ့ ကလေးမလေး တစ်ယောက်အပေါ် ကိုယ့်ရဲ့ ရန်ငြိုးတွေ မထားသင့်ဘူးဘယ်လိုတောင် သူရဲဘောကြောင်လိုက်သလဲ]

[ဘုရားရေ! ဖေးခွမ်က များသောအားဖြင့်ဆို အရမ်းနူးညံ့သိမ်မွေ့တာ တစ်ယောက်ယောက်ကို ထိုးတော့ အရမ်းမိုက်မှန်း ဘယ်သူသိမှာလဲ!]

[ဟေး အခုခေတ်က လူတစ်ယောက်ကို ထိုးနှက်တာက တရားမျှတတာလား? ရွေးချယ်စရာမရှိဘူး၊ သူကနာမည်ကြီးတော့ ဘယ်သူက သူနဲ့ရှုပ်ရဲမှာလဲ?]

[ဝူးးး သနားစရာကောင်းလိုက်တဲ့ ငါ့အိုပါး၊ ဖေးခွမ်က ညာဘက်မှာ မှိန်နေတော့ သူမုန်းနေတာ မဆန်းပါဘူး၊ စရိုက်ဆိုးလိုက်တာ]

[ ဟန်မင်ရဲ့အပေါ်ထပ်က ဖန်ရေ အဆင်ရောပြေရဲ့လား? နင့်ရဲ့ idol က အမှိုက်ဖြစ်တဲ့အချိန် တခြားသူတွေကို အပြစ်လိုက်မတင်နေနဲ့]

[ဟုတ်တယ် 'ဖြားယောင်းသွေးဆောင်တတ်တဲ့ သူတွေက အမှိုက်တွေဘဲ ´ ဆိုတဲ့ စကားကို ကြားဖူးတယ် ]

[အားးး နောက်ဘာဖြစ်ဦးမှာလဲ??? ငါသိချင်လို့ သေတော့မယ်!]

[နာမည်ကြီးအောင် လုပ်‌နေတာရပ်ပြီး ကျန်တာတွေကိုတင်ပေးဖို့ ဒီမားကတ်တင်းအကောင့်ကို အကြံ‌ပေးပါရ‌စေ !]

All Chapters