အခန်း (၉၀)
Vol. 7 Ch. 90
ဈေးကွက်ရှာဖွေရေး အကောင့်က အကြာကြီးမနေဘဲ စုန့်အာ့နန် ပေါ်လာပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြတဲ့ဒုတိယဗီဒီယိုတစ်ခုကို တင်လိုက်သည်။
ဖေးခွမ် - မင်းဘာလို့ ရုတ်တရက် ပြေးလာတာလဲ?
စုန့်အာ့နန် - ရှင်ဟန်မင်နဲ့ ရန်ဖြစ်ကြတယ်လို့ ကြားလို့
ဖေးခွမ် - ရန်မဖြစ်ပါဘူး၊ ကိုယ်က သူ့ကိုစကားနည်းနည်းပြောရုံပါ.....မင်းစိုးရိမ်ပြီးပြေးလာတာ၊ ရန်ပွဲကိုလာတားဖို့လို့တော့ မပြောနဲ့နော်
စုန့်အာ့နန် - မဟုတ်ဘူး....ရှင် သူနဲ့ မယှဉ်နိုင်မှာစိုးလို့ ရှင့်ကိုကူပေးဖို့လာတာ
[ဟားဟားဟား၊ အန်တီလေးစုန့်ကြောင့် ရယ်ရလို့သေပြီ၊ သူဘာလို့ အမြဲတမ်း ဒီလောက်တောင် မမျှော်လင့်ထားတာတွေ ပြောနိုင်ရတာလဲ?]
[ကောင်းလိုက်တာ၊ 'ရှင် သူ့ကို မယှဥ်နိုင်မှာစိုးလို့ ရှင့်ကိုကူပေးဖို့လာတာ' ဒါက ဘာကြီးလဲ၊ ဒီတော့အန်တီလေးစုန့်က ရန်ပွဲထဲပါဖို့ အမြန်ပြေးသွားတာပေါ့လေ!]
[ဝူး ဝူး၊ ရက်စက်ပြီး ဘက်လိုက်တတ်တဲ့ အန်တီလေး စုန့်က အရမ်းချစ်စရာကောင်းတာဘဲ]
[ဟာဟားဟား၊ 'ကိုယ် သူနဲ့ စကားနည်းနည်းပြောရုံပါ' တဲ့ ဖေးခွမ်က ဒါကို စကားနည်းနည်းပြောတယ်လို့ ခေါ်တာလား? ဘုရားရေ၊ အရင်ဗီဒီယိုကြောင့် မဟုတ်ရင် သူ့မဟုတ်တရုတ်စကားကိုငါယုံမိသွားမှာဘဲ]
[ကျွတ်စ် ကျွတ်စ်၊ ဖေးခွမ်ရဲ့ အပြစ်ရှိတဲ့အကြည့်ကိုကြည့်ပါဦး၊ မဟုတ်တာလုပ်လို့ မိဘတွေက ဖမ်းမိသွားတဲ့ တုံ့ပြမ်မှုနဲ့တူတူဘဲ!]
[ဝူး ဝူး ဝူး၊ ငါ့ cp က အချိုမပါဘူးလို့ ပြောတဲ့သူတွေကြည့်ကြစမ်း၊ ဒီလောက်ကြီးတဲ့ သကြားလုံးကြီးကို!]
[ဘုရား၊ ဖေးခွမ်ရေ၊ နင်ဘယ်လိုလုပ်ပြီး ငါ့ရဲ့ လိမ္မာရေးခြားရှိပြီး နူးညံ့သိမ်မွေ့တဲ့ အန်တီလေးစုန့်ကို အုပ်စုဖွဲ့ ရန်ပွဲထဲဝင်ဖို့ ဘယ်လိုလုပ် လုပ်ရဲရတာလဲ?]
[ဟင်း၊ အမြဲ ငါ့မသိစိတ်ကနေ အန်တီလေးစုန့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို လျစ်လျူရှုမိသွားတယ်။ အန်တီလေးစုန့်က ယောက်ျားကြီး နှစ်ယောက်ကို လက်ဗလာနဲ့ဖမ်းတုန်းက အချိန်ကို မှတ်မိသေးကြလား?]
[အိုး ဟုတ်တယ်တော့ နင် ငါ့ကိုသတိပေးလိုက်ပြီ၊ အန်တီလေးစုန့်က သွားရှုပ်လို့မရဘူးဘဲ!]
[ဟန်မင် - ကျေးဇူးပဲနော် ငါ မြန်မြန်ပြေးတော့မယ်!]
[ဒါက ငါ့ကို သတ်လိုက်တာဘဲ! စုန့်အာ့နန်နဲ့ ဖေးခွမ်က အရမ်းလိုက်တယ်၊ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့သူတွေက အတူတူမပေါင်းရရင် မတရားဘူး!]
[အပေါ်ထပ်က ညီအစ်မရေ၊ နင့်ဘောပင်ကို ငှားပါရစေ၊ ငါစာလုံးပေါင်း တစ်သန်းလောက် ရေးပေးမယ်]
...
စုန့်အာ့နန်ကို အိမ်ပြန်ပို့ပြီးတော့ ဖေးခွမ် တံခါးကိုဖြတ်လာလာချင်း စုန့်လင်းချွမ်ဆီက ဖုန်းဝင်လာသည်။
သူက ဧည့်ခန်းထဲက ဖိနပ်ကိုပြောင်းစီးနေရင်း အဖြေခလုတ်ကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည် - "yo၊ အလုပ်များတဲ့လူကြီး၊ ဘယ်လိုလုပ် ငါ့ကိုဖုန်းဆက်ဖို့ အချိန်ရလာတာလဲ?"
စုန့်လင်းချွမ်က စနောက်ဖို့ကို စိတ်မ၀င်စားဘဲ တိုက်ရိုက်မေးလိုက်သည်။ "hot search ဖြစ်နေတာကို မင်းမြင်ပြီးပြီလား?"
ဒီကိစ္စကိုကြားတော့ ဖေးခွမ်ရဲ့ အပြုံးက နည်းနည်း ေဖျာ့သွားသည်။ "ငါမြင်တယ်၊ စိတ်မပူနဲ့ လီတုန်ဘက်က ကိုင်တွယ်ပြီးပြီ"
သူတို့ ညစာစားနေချိန်မှာ ဒီဗီဒီယိုက ပေါက်ကြားခဲ့တာဖြစ်ပြီး ဖေးခွမ်က စုန့်အာ့နန် စိတ်ပူမှာကို စိုးတာကြောင့် သူမကို မပြောပြလိုက်ပေ။
အဲ့ဒါကို အခင်းဖြစ်ပွားရာနေရာရှိ ဝန်ထမ်းများမှ လျှို့ဝှက်ရိုက်ကူးထားကာ နောက်ပိုင်းတွင် စျေးကွက်ရှာဖွေရေးအကောင့်တွေဆီ ရောင်းချလိုက်တာဖြစ်နိုင်သည်။
ဒါပေမယ့် ဖေးခွမ်က ဒီကိစ္စအတွက် ပြင်ဆင်ထားသည်။ အဲ့ဒီအချိန်မှာ သူက ဒါကဟန်မင်ရဲ့ ဘက်ကအပြစ်ကိုလွှဲချဖို့ ကြိုးစားနေတာလို့ ထင်ခဲ့ပေမယ့် ဒီလိုမျိုး ဖော်ထုတ်ခံရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ထားပါချေ။
သို့သော် ခြုံငုံကြည့်လျှင် ဤအခြေအနေဟာ သူတို့ဘက်တွင် အဆင်ပြေနေပေမယ့် ဟန်မင်ဘက်မှာတော့ စိုးရိမ်နေလိမ့်မည်ပင်။
သချာပေါက်ကို စုန့်လင်းချွမ်က သူ့ကို ယုံကြည်တာကြောင့် ဒီအကြောင်းမေးဖို့ ဖုန်းခေါ်လိုက်တာဖြစ်သည်။
စုန့်အာ့နန်က ဖျော်ဖြေရေး နယ်ပယ်ထဲ မဝင်ပေမယ့် variety show နှစ်ခုမှာပါဝင်ခဲ့ဖူးပြီး လူကြိုက်များလာပြီး ထိတွေ့မှုလည်း မြင့်မားခဲ့ပါသည်။ အများအားဖြင့် အွန်လိုင်းပေါ်တွင် အများသူငှာ အမြင်အပေါ် PR ထိန်းချုပ်မှုကို ကျန်းဟန်က ကိုင်တွယ်သည်။
"ကောင်းပြီ၊ စောင့်ကြည့်ပြီး လိုအပ်တာရှိရင်ပြော" စုန့်လင်းချွမ်က ပြောလိုက်သည်။
ဖေးခွမ်လည်း ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး အသိအမှတ် ပြုလိုက်သည်။ ဖိနပ်ပြောင်းစီးပြီးတော့ တံခါးကို သူတိတ်တဆိတ် ပိတ်လိုက်သည်။
တံခါးပိတ်သံကြားတော့ စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "အခု မင်းဘယ်မှာလဲ? အပြင်မှာလား?"
ဖေးခွမ်က ဧည့်ခန်းရှိ မီးများကိုဖွင့်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ခြေတံရှည်တွေကို ပေါ့ပေါ့ပါးပါး ဆန့်တန်းလိုက်သည်။ "ဟုတ်တယ် လမ်းလိုက်ပတ်လျှောက်တာ"
စုန့်လင်းချွမ်က "အိုး" လို့ဆိုလိုက်ပြီး "မင်း တော်တော် အားနေတဲ့ပုံဘဲ၊ ဘယ်သူနဲ့လဲ? မင်းရဲ့အသေးလေးနဲ့မဟုတ်တာတော့သေချာတယ်"
ဖေးခွမ်က သူ့ကိုပြန်မေးလိုက်သည်။ "ဘာဖြစ်လဲ၊ ငါတစ်ယောက်ထဲ သွားလို့မရဘူးလား?"
စုန့်လင်းချွမ် - "လုပ်စမ်းပါ၊ ငါ မင်းကိုသိတယ်။ မင်းမှာ ဒီလိုအပန်းဖြေစရာမရှိဘူး"
လေ့ကျင့်ခန်းလုပ်ရင်း ပြေးတာလို့ပြောရင် ယုံနိုင်စရာရှိပေမယ့် ဒီလို အချိန်ကုန်ပြီး ထိရောက်မှုနည်းတဲ့ လမ်းလျှောက်တာကတော့ သူလုပ်ရမယ့် အရာ မဟုတ်ပေ။
ဖေးခွမ်က ပြုံးလိုက်ပြီး စုန့်အာ့နန်ရဲ့ ဒီနေ့ လာလည်တဲ့ အကြောင်းကို အတိုချုံး ပြန်ပြောပြလိုက်ပြီး မနေ့က ဆေးရုံသွားပြတာကိုပါ ပြောပြလိုက်သည်။
"မင်းဘာဖြစ်လို့လဲ၊ ဆေးရုံသွားပြတာ" စုန့်လင်းချွမ် အံ့သြတကြီး မေးလိုက်သည်။ "စစ်ဆေးမှု ရလဒ်ကရော ဘာလဲ?"
ဖေးခွမ် - "ဘာမှမဟုတ်ပါဘူး၊ ဒီနှစ်နှစ်လောက်က ဖိအားတွေများပြီး အိပ်ရတာ အဆင်မပြေလို့။ အန်တီလေးက သိသွားပြီး ဆေးစစ်ဖို့ အတင်းပြောတာနဲ့"
စုန့်လင်းချွမ်က ဝှေ့လည်ကြောင်ပတ် မလုပ်နေပေ။ ဘာမှ မပြင်းထန်ဘူးလို့ ကြားရတော့ သူ စိတ်သက်သာရာ ရသွားသည်။
"ဘာလဲ၊ မင်းအသံက နည်းနည်း စိတ်မချမ်းသာနေသလိုဘဲ? ကျေးဇူးကန်းမနေပါနဲ့၊ ဒါက ငါ့အန်တီလေး မင်းကိုဂရုစိုက်တာ"
ဖေးခွမ် - "ငါ စိတ်မချမ်းသာမဖြစ်ပါဘူး၊ ကျေးဇူးကန်းတာလည်းမဟုတ်ပါဘူး၊ ရင်ထဲထိသွားတာ"
"အဲ့ဒါနဲ့ ပိုတူရမှာ" စုန့်လင်းချွမ်က စိတ်ကြီးဝင်စွာနဲ့ပြောလိုက်သည်။ "ကောင်းပြီ၊ မင်း အဲဒီမကောင်းတဲ့အကောင်ဟန်မင်ကို အနိုင်ယူလိုက်တာနဲ့တင် ငါ့အန်တီလေးကို တစ်ဝက် တွန့်တွန့်တိုတိုနဲ့ပေးလိုက်မယ်"
ဖေးခွမ်က အသံတိုးတိုးနဲ့ ရယ်လိုက်ပေမယ့် ပြန်မတုံ့ပြန်လာပါချေ။
စုန့်လင်းချွမ်က ဟန်မင်းကို ဒေါသအပြည့်နဲ့ပြောနေပြီးသူ့ကို မကောင်းတဲ့အကောင်လို့ ပြောရတာကိုတောင် မကျေနပ်သေးပေ။
"အမှန်အတိုင်းပြော၊ ငါ့အန်တီလေး ပြေးဝင်လာတာကိုတွေ့တာနဲ့ မင်းအဆူခံရမှာ စိုးသွားတယ် မဟုတ်လား?"
ဖေးခွမ်က အဲ့ဒီ မြင်ကွင်းကို ပြန်တွေးကြည့်လိုက်ပြီး ပြုံးကာဖြေလိုက်သည်။ "နည်းနည်းပါ"
စုန့်လင်းချွမ်က စူးစူးဝါးဝါးနဲ့ ပြောလာသည် - "မင်းငါ့အန်တီလေးကို နားမလည်လောက်ဘူးဆိုတာ ငါပြောနိုင်တယ်။ သူကငယ်ငယ်ကတည်းက ဘက်လိုက်ခဲ့တာ။ ငါအလယ်တန်းကျောင်းတုန်းက ရန်ဖြစ်တုန်းကဆို ငါ့အန်တီလေးက ဒုံးပျံလိုမျိုး စူးစူးဝါးဝါးကို ပေါက်ကွဲတော့တာ၊ အဲဒီတုန်းကဆို ငါရော တခြားကောင်တွေရော အံသြသွားရတာ…”
ဖေးခွမ်က အဲ့ဒီမြင်ကွင်းကို စိတ်ကူးကြည့်ရင်း မရယ်ဘဲမနေနိုင်တော့ပေ။
ပြောရရင် 'ဘယ်သူမှန်လဲဆိုတာကို မကူညီဘူး၊ ကိုယ့်လူကိုဘဲ ကိုယ်ညီတာ' ဆိုတဲ့ဒီဟာက တကယ်ကိုဘက်လိုက်တာပင်။
-
ရေချိုးပြီးသွားတော့ ဖေးခွမ် အိပ်ခန်းထဲဝင်လာပြီး မီးဖွင့်လိုက်တော့ တမူထူးစွာ အသစ်စက်စက်ဖြစ်နေတဲ့ အခန်းကို မြင်လိုက်ရတော့ သူ အံ့သြသွားမိသည်။
ဖြစ်ပျက်ခဲ့တာတွေကို သူမှတ်မိဖို့ စက္ကန့်ပေါင်းများစွာ ကြာသွားသည်။
ဒီလို တောက်ပပြီး အသက်ဝင်နေတဲ့ အခန်းကို သူ အသားမကျသေးမှန်း ဝန်ခံရမည်။
ဒါပေမယ့် ဖေးခွမ်ကတော့ သူ့ပုံစံအတိုင်း ကျင့်သားမရလည်း ဘာမှပြောင်းလဲဖို့ တွေးမနေတော့ပေ။ ဘယ်လိုဘဲဆိုဆို ဒါကအန်တီလေးရဲ့ရိုးသားမှုပင်။
ဒါ့အပြင်၊ သူက ပတ်ဝန်းကျင်အသစ်နဲ့ အမြန် လိုက်လျောညီထွေဖြစ်အောင် အမြဲနေနိုင်သည်။ ဒါကြောင့် အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အဲ့ဒီမသက်မသာ ခံစားချက်က အလျင်အမြန် ပျောက်ကွယ်သွားသည်။
အန်တီလေးရဲ့ ညွှန်ကြားချက်တွေကို သတိရပြီး အိပ်ရာမဝင်ခင် မီးခြစ်ကို ယူလိုက်ကာ ညအိမ်ဘေးက ရနံ့ကုထုံးဆီကို ထွန်းညှိလိုက်သည်။
သူမျက်လုံးမှိတ်ထားကာ အိပ်ရာပေါ်တွင် လဲလျောင်းနေလိုက်သည်။ စန္ဒကူးနံ့သာရနံ့က သူ့နှာခေါင်းတစ်ဝိုက်တွင် လျင်မြန်စွာ ပျံ့နှံ့နေပြီး သူ့စိတ်ခံစားမှုများကို တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားစေကာ စိတ်ကို သိသိသာသာပြေလျော့သွားစေသည်။
သူ ညမီးအိမ်ကိုပိတ်လိုက်ပြီး အိပ်ဖို့အဆင်သင့်ဖြစ်နေတဲ့အချိန် သူ့ဘေးနားက ဖုန်းကနေ မက်ဆေ့ခ်ျ ဝင်သံ ရုတ်တရက် မြည်လာသည်။
အမှောင်ထဲတွင် ဖေးခွမ်ရဲ့ ခန္ဓာကိုယ်က အလိုအလျောက် တောင့်တင်းလာသည်။ မက်ဆေ့ချ်ကို ဘယ်သူက ပို့လိုက်တာလဲဆိုတာ သူ ခန့်မှန်းနေတဲ့ပုံပင်။
မိနစ်ဝက်လောက်ကြာတော့ သူထကာ မီးဖွင့်လိုက်ပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်ကာ မက်ဆေ့ချ်နှစ်စောင်ဆက်တိုက်ကို ဖွင့်ကြည့်လိုက်သည်။
[ဖေးခွမ်! ငါက မင်းအမေပဲ၊ မင်း လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါ့ရဲ့သွေးတွေက မင်းဆီမှာ စီးဆင်းနေတာ၊ ဒီဘဝမှာ မင်းဘယ်တော့မှ ငါ့ဆီကနေ အဝေးကို ထွက်သွားနိုင်မှာ မဟုတ်ဘူး!]
[မင်းက ကျိန်စာပဲ၊ ငါမင်းကိုမမွေးခဲ့သင့်ဘူး။ မင်းကြောင့်မဟုတ်ရင် မင်းအဖေလည်း သေမှာမဟုတ်သလို ငါလည်း....]
ဖေးခွမ်က အဆုံးထိမဖတ်တော့ဘဲ မက်ဆေ့ခ်ျ box ကနေထွက်ကာ စာတွေကိုဖျက်လိုက်ပြီး နံပါတ်ကို ဘလော့လိုက်သည်။
ဒီကျိန်ဆဲတဲ့စာတွေနဲ့ သူ မစိမ်းပေ။ ကျန်းမန်သည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက မကြာခဏဆိုသလို ဘလော့ခံရတဲ့အခါ နံပါတ်တွေပြောင်းပြီး သူ့ကို အလားတူမက်ဆေ့ချ်များ ပေးပို့ခဲ့သည်။
ဖေးခွမ် နှုတ်ခမ်းမဲ့လိုက်သည်။ သူမက ဒီလောက်ထိတောင် ဇွဲကောင်းတာပဲ။
တွေးကြည့်စရာတောင်မလိုပေ၊ ကျန်းမန်တစ်ယောက် ရှဲ့ မိသားစုရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပြန်ပြီဟု သူခန့်မှန်းနိုင်လိုက်သည်။ အကြောင်းပြချက်မှာ သူနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပေလိမ့်မည်။
အမှန်အတိုင်းပြောရရင် ရယ်စရာတောင်ကောင်းသည်။ လွန်ခဲ့သည့် နှစ်နှစ်က သူ ရှဲ့မိသားစု၏ တောင်းဆိုချက်ကို သဘောတူခဲ့ပြီး ဖြည့်ဆည်းပေးခဲ့သည်။
အချိန်ကန့်သတ်ချက် သုံးလအတွင်း ရှဲ့ယင်းဟာ သူတို့ရဲ့ဆက်ဆံရေးအပေါ် အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် ဒီနယ်ပယ်တွင် သူမ၏ ပုံရိပ်ကိုမြှင့်တင်နိုင်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကမ်းလှမ်းမှုများ ရရှိခဲ့သည်။
သို့သော် ဤနည်းလမ်းသည် ခဏတာသာ ရည်မှန်းထားပြီး တစ်နှစ်ခွဲခန့်တွင် ရှဲ့ယင်း၏ အသက်မွေးဝမ်းကြောင်းအလုပ်ဟာ တဖန်ပြန်လည် ကြီးထွားလာခဲ့သည်။
ရယ်စရာကောင်းတာက ဒီအချိန်မှာ ရှဲ့မိသားစုက သူ့ကို ရှဲ့ယင်းနဲ့ လက်ထပ်ဖို့ တကယ်ကြီးတောင်းဆိုနေသေးတာပင်။
ဖေးခွမ် တစ်ယောက်ယောက်ကို စုံစမ်းခိုင်းပြီးမှဘဲ ရှဲ့မိသားစုဟာ ရင်းနှီးမြုပ်နှံမှုအချို့မှာ ဆုံးရှုံးခဲ့ရပြီး ငွေအမြောက်အမြား ဆုံးရှုံးခဲ့ရကြောင်း သိလိုက်ရပြီး သူက အမြတ်အစွန်း များစွာရထားတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံထားကာ အတော်လေး ချမ်းသာနေကြောင်း သူတို့သိသွားကြတာကြောင့်ပင်။ အဲဒါကြောင့် သူတို့မှာ ဒီအကြံပေါ်လာရခြင်းဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရရင်၊ သူတို့က သူ့ကို ရှဲ့ မိသားစုရဲ့ဘဏ္ဍာရေးမှာ အပေါက်ဖောက်ချင်နေကြတာပင်။
ဟက် စိတ်ကူးယဉ်လိုက်ကြတာ။
သူက ရှဲ့မိသားစုကို လျစ်လျူရှုထားကြသည်။ သူတို့မှာ သူ့ကို ဆန့်ကျင်ဖို့ အင်အားမရှိပေမယ့် ကျန်းမန်မှာတော့ အဲ့ဒီလိုမျိုး ကံကြမ္မာမရှိဘဲ ရှဲ့မိသားစုဆီမှ ကောင်းကောင်း မဆက်ဆံခံနေရသည့်ပုံပင်။
ဒါကြောင့် ကျန်းမန်က သူ့ဘဝရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေအားလုံးကို သူ့ဆီအပြစ်ပုံချပြီး အခုလို မက်ဆေ့ချ်ပို့လာရခြင်းဖြစ်သည်။
တကယ်တော့ ဖေးခွမ် အတွက်တော့ ဒီကိစ္စက ဖြေရှင်းဖို့ တော်တော်လွယ်သည်။ သူ့နံပါတ် ပြောင်းလိုက်ရုံပင်။ ရှဲ့ မိသားစုက ဆုတ်ယုတ်နေပြီး လုံးဝချွတ်ခြုံကျခြင်း မရှိသေးတာကြောင့် ကျန်းမန်က သူမရဲ့ မိန်းမမျက်ရည်ကိုမသုံးဘဲ သူ့ကိုလူကိုယ်တိုင် လူကိုယ်တိုင် ရင်ဆိုင်တွေ့နေတာပင်။
သို့သော် မိမိကိုယ်ကို အပြစ်ပေးသည့် အကြောင်းပြချက် တစ်ခုကြောင့် သူက ဒီနံပါတ်ကို တစ်ချိန်လုံး ထားထားတာပင်ဖြစ်သည်။
တစ်ခါတစ်လေ ဖေးခွမ် ကိုယ်တိုင်တောင် သူဘာအတွက် ဆက်ထားမှန်းမသိပေ။
မိဘနှင့် သားသမီးကြားမှာလည်း ရင်းနှီးမှုလိုသည်။
အန်တီလေးက သူ့အတွက် ဒဏ်ရာဟောင်းတွေကို ပြန်ဖွင့်ထုတ်ကာ သူ့ကိုနှစ်သိမ့်ပေးဖို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတာကို ဖေးခွမ် သတိရသွားသည်။ ထိုအချိန်တုန်းက သူ့ရင်ထဲတွင်..
Hot Search မှာ ပေါ်လာတာက ဘယ်လိုခံစားရလဲဆိုတော့
"ဟုတ်တယ်၊ သိပ်ပြီး တွယ်တာနေဖို့်မလိုဘူး"
ဖေးခွမ်က ဖုန်းကိုချလိုက်ကာ ကုတင်ပေါ်တွင် လှဲလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက ဖြည်းဖြည်းချင်း ကွေးတက်သွားကာ သူ့အမူအရာကလည်း ပျော့ပြောင်းလာသည်။
မနက်ဖြန် ဖုန်းနံပါတ်ပြောင်းရတာပေါ့။
-
စုန့်အာ့နန်တစ်ယောက်ကတော့ နောက်တနေ့မနက်အထိ hot search အကြောင်းမသိပါချေ။
ရှိုးတွင် ပါဝင်ခဲ့ကြသော အလုပ်သင်များအတွက် group chat တစ်ခုသည်။ မနက်အိပ်ရာနိုးတဲ့အခါ တစ်ယောက်ယောက်က သူမကို မန်းရှင်းထားပြီး အဲ့ဒီအခါမှဘဲ သူမ သိလိုက်ရသည်။ သူမ ချက်ချင်းပဲ ဖေးခွမ်ကို ဖုန်းဆက်လိုက်သည်။
သူမ မမေးရသေးခင်မှာဘဲ ဖေးခွမ်က သူမရဲ့ ရည်ရွယ်ချက်ကို မှန်းဆထားပြီးသားဖြစ်ပုံရကာ အဆိုပါကိစ္စကို ဖြေရှင်းပြီးကြောင်းနှင့် သူမကို စိတ်ထဲမထားနဲ့ဆိုတဲ့အကြောင်း ပြောလာသည်။
စုန့်အာ့နန်ကတော့ နည်းနည်း မသေချာသေးပေ - "ဒါက ရှင့်ကို တကယ် မထိခိုက်စေဘူးလား?"
ဖေးခွမ်က တိုးတိုးလေး ရယ်လိုက်ပြီး "တကယ် မထိခိုက်စေဘူး၊ ဒီကိစ္စမှာ ကိုယ်တို့မှန်တယ်၊ စိတ်ပူနေစရာ မလိုဘူး"
ဒါကိုကြားတော့ စုန့်အာ့နန် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဖေးခွမ်က နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလာသည်။ "ဒါပေမယ့် မင်း ဒါကို သေချာစဉ်းစားကြည့်ရင် စိုးရိမ်သင့်တဲ့သူက မင်းပဲ"
စုန့်အာ့နန်က နည်းနည်းနားမလည်ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ?"
သူမက နာမည်ကြီးလည်း မဟုတ်ပေ။ အဲ့ဒါက သူမကို ဘယ်လိုလုပ် အကျိုးသက်ရောက်နိုင်မှာလဲ?
ပြီးတော့ နောက်ခြေတစ်လှမ်း ဆုတ်လိုက်တာက ဘာဘဲဖြစ်ဖြစ် ရန်ဖြစ်တဲ့သူက သူမမှ မဟုတ်ဘဲ။
"မင်းရန်မဖြစ်ခဲ့ပေမယ့် မင်းရဲ့ပုံရိပ်လည်း ပျက်စီးသွားမှာဘဲ" ဖေးခွမ်ရဲ့ ပြတ်တောင်းပြတ်တောင်း ရယ်သံက တစ်ဖက်ကနေ ထွက်လာသည်။
"အခုတော့ မင်းက အုပ်စုလိုက်ရန်ဖြစ်တယ်လို့ လူတိုင်းသိသွားကြပြီ"
သူ့စကားတွေနဲ့ စနောက်သံတွေကို စုန့်အာ့နန်တစ်ယောက် သဘာဝအလျောက်ကို ကြားနေရသည်။ "ဒါက အဖွဲ့လိုက် ရန်ဖြစ်တာမှ မဟုတ်ဘဲ" သူမက ပြန်ချေပရင်း မျက်နှာတွေ နီမြန်းလာသည်။
ဖေးခွမ်ရဲ့ နှုတ်ခမ်းက နည်းနည်း တွန့်ကွေးသွားပြီး "အိုး?"
စုန့်အာ့နန်က ခေါင်းညိတ်ပြီး "ကျွန်မ တစ်ယောက်တည်းလည်း ထိန်းနိုင်မယ်ထင်တယ်"
တစ်ဦးချင်းဆိုလျှင် အုပ်စုလိုက်ရန်ပွဲအဖြစ် ထည့်တွက်လို့မရပေ။ ရန်ဖြစ်ကြတာလို့ပဲ သတ်မှတ်နိုင်သည်။
ဖေးခွမ် - "......"
-
ဖေးခွမ်က သူ့ကို မထိခိုက်စေဘူးလို့ ပြောပေမယ့် စုန့်အာ့နန်ကတော့ စိုးရိမ်နေဆဲပင်။ ဖုန်းချပြီးသွားတာနဲ့ သူမ ကျန်းဟန်ဆီ ထပ်ပြီးဖုန်းဆက်လိုက်သည်။
တစ်ဖက်ကနေ အတည်ပြုချက်ရပြီးမှသာ သူမ နောက်ဆုံး စိတ်အေးလက်အေး ဖြစ်သွားသည်။
ရှိုးအပြီးတွင် ဆေးရုံမှ စုန့်အာ့နန်အား ရက်အနည်းငယ် ခွင့်ပေးခဲ့သည်။ ဒီနေ့က သူမ အလုပ်ပြန်တက်ရမည့်နေ့ပင်။
မနက်စောစော ဌာနကို သူမသွားလိုက်သည်။ သူနာပြုဆရာမကိုမြင်တော့ သူမက ပြုံးပြီး နှုတ်ဆက်လိုက်သည်။ သူနာပြုဆရာမက စုန့်အာ့နန်ကို မြင်တော့ စိုးရိမ်တကြီးမျက်နှာနဲ့ လျှောက်လာသည်။ အွန်လိုင်းပေါ်က သတင်းတွေကို သူမလည်းမြင်ခဲ့မှန်း သိသာသည်။
သို့သော် သူနာပြုဆရာမကြီး ပိုစိုးရိမ်သည်မှာ အခြားအချက်ဖြစ်သည်။ "အာ့နန်၊ ဟန်မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ဟာတွေကို နားမထောင်နဲ့။ မင်းက အတော်ဆုံး ဆရာဝန်ကြီး ဖြစ်လာလိမ့်မယ်။ လူတိုင်းက မင်းကို အရမ်းကြိုက်ကြတာ"
သူနာပြုဆရာမကြီး၏ မျက်လုံးထဲတွင် စုန့်အာ့နန်ဟာ ငယ်ရွယ်ပေမယ့်၊ လူနာများနှင့် သူတို့၏ မိသားစုဝင်များကို ပိုမိုသက်တောင့်သက်သာဖြစ်စေသည့် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ ဒါက သူမရဲ့ ခွန်အားပင်။
သူမရဲ့ အရည်အချင်းနဲ့ စွမ်းရည်ကို ဆေးရုံကတောင် အသိအမှတ်ပြုရတာ ပြောစရာမလိုပေ။ ဒါကြောင့် စုန့်အာ့နန်ကို ဆေးလောကထဲ ရောက်မှာမဟုတ်ဘူးလို့ ပြောတဲ့ ဟန်မင်ရဲ့စကားတွေက အဓိပ္ပာယ်မရှိပေ။
စုန့်အာ့နန်မှာ သူနာပြုဆရာမ ပြောချင်တဲ့အဓိပ္ပါယ်ကို မတုံ့ပြန်မိခင် စက္ကန့်အနည်းငယ်လောက် အံ့အားသင့်သွားသည်။
သူမက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ပြီး "အစ်မဝူ၊ ကျွန်မ အဲ့ဒါကို စိတ်ထဲမထားပါဘူး၊ စိတ်မပူပါနဲ့"
စုန့်အာ့နန်က အဲ့ဒါကို စိတ်ထဲမထားနေပေ။ ထိုနေ့က ဟန်မင် ပြောသည့်စကားကို သူမ ကြားခဲ့ရပေမယ့် လုံးဝအလေးအနက်မထားပေ။
ဒါပေမယ့် သူမပတ်ဝန်းကျင်ရှိ လူတွေက အတော်လေးကို စိုးရိမ်နေပုံရသည်။ တစ်ယောက်က သူနာပြုဆရာမ ဖြစ်ပြီး နောက်ထပ်တစ်ယောက်က ဖေးခွမ်ပင်။