← Chapters

အခန်း (၉၁)

Vol. 7 Ch. 91

အခန်း (၉၁)

Vol. 7 Ch. 91

သူမရဲ့ မူလဌာနကို ပြန်ရောက်လာပြီး စုန့်အာ့နန်လည်း သူမရဲ့ အလုပ်သင်ဘ၀ကို ဆက်လက်စတင်လိုက်သည်။

ယခုက နွေရာသီအားလပ်ရက်ဖြစ်ပေမယ့် ဆေးကျောင်းသားတွေ အတွက်ကတော့ အလုပ်သင်ဝင်ရတာက နွေရာသီအားလပ်ရက်မဟုတ်ပေ။

အကျွမ်းတဝင်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ လူတွေ၊ အလုပ်ချိန်၊ အရာအားလုံးက ပြောင်းလဲသွားပုံမပေါ်ပေ။

ဒါပေမယ့် ပြောင်းလဲမှုတွေကတော့ ရှိနေဆဲပင်။ ဥပမာအားဖြင့်ဆို၊ စုန့်အာ့နန်က ဖေးခွမ်ကို စိုးရိမ်တာကြောင့် စုန့်လင်းချွမ်နဲ့ အတူနေထိုင်ဖို့အဆောင်မှ ခေတ္တပြောင်းရွှေ့ခဲ့သည်။

သူ့ရဲ့အိပ်မပျော်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက် ကဏ္ဍပေါင်းစုံကနေ ထိန်းညှိပေးရမည်။ အခန်းကို အလှဆင်တာက အရန်အခန်းကဏ္ဍသာ ရှိသေးသည်။

အရေးကြီးဆုံးအချက်မှာ စိတ်အေးလက်အေးနေဖို့ရန်နှင့် အရာအားလုံးကို ထည့်မသိပ်ထားဖို့ရန်ဖြစ်သည်။

စုန့်လင်းချွမ်ရဲ့ နေရာမှာ နေထိုင်ရင်း စုန့်အာ့နန်ဟာ ဖေးခွမ် ထမင်းစားဖို့ ဒါမှမဟုတ် ချိုးချိုးကိုကြည့်ဖို့ သူ့အိမ်ကို ရံဖန်ရံခါ သွားတတ်သည်။

သူမက စိတ်ပညာရှင်မဟုတ်တဲ့အတွက် ဖေးခွမ်ရဲ့ အခြေအနေကို အတိအကျ မသိပါချေ။ သူမ လုပ်နိုင်တဲ့တစ်ခုတည်းသော အရာကတော့ သူမ တစ်ယောက်တည်း မနေဘဲ သူနှင့် အချိန်ပိုနေဖို့သာ တွေးလိုက်မိသည်။

နွေရာသီမှာ အရမ်းပူသည်။ စုန့်အာ့နန်က ဖရဲသီးစားရတာ ကြိုက်တာမို့ ဖေးခွမ်က နေ့တိုင်း ဝယ်သည်။ တခါတရံတွင် သူမသည် အဆာပြေမုန့်တွေ ယူလာပြီး စားရင်းနဲ့ တီဗီရှိုး၊ ရုပ်ရှင်တွေကို ကြည့်လေ့ရှိသည်။

ညဘက် ညစာစား ပြီးရင် သူတို့ နှစ်ယောက် က ဖြည်းဖြည်းပြေးတာ ဖြစ်ဖြစ် လမ်းလျှောက်တာ ဖြစ်ဖြစ် ခဏလောက် လုပ်ကြသည်။ ဒီအချိန်မှာ အေးအေးဆေးဆေးနဲ့ ခံစားလို့ ကောင်းလှသည်။ သူတို့နှစ်ယောက်လုံးက အဲဒါကို အရမ်းသဘောကျကြပြီး အဲ့ဒါကိုနွေရာသီလို့ ခံစားရတယ်လို့ ဆိုကြသည်။

တခါတရံ နောက်နေ့ အလုပ်မရှိသည့်အခါတွင် စုန့်အာ့နန်က ညဘက်မှာ သူမ e-bike ကိုစီးပြီး ဖေးခွမ်ကို ခေါ်သွားကာ ညအမှောင်ထဲတွင် စားသောက်ဖို့သွားလေ့ရှိသည်။

သေချာပေါက်ကို သူတို့က မက်စ်‌တွေ၊ ဦးထုပ်တွေ အပြည့်အစုံ ဝတ်ထားကြပြီး လူထူထပ်တဲ့နေရာတွေကိုတော့ မသွားရဲကြပေ။

အဲဒီညကလမ်းဆုံမှာ ဖေးခွမ်ကို အကြံပေးခဲ့ပြီးကတည်းက စုန့်အာ့နန်က အဲ့ဒီအကြောင်းကို ဘယ်တုန်းကမှ ထပ်မပြောတော့ပေ။ သူမက တတ်နိုင်သမျှ နေ့တိုင်းသူနဲ့အတူ လိုက်ဖို့ ကြိုးစားသည်။

သူမသည် အိပ်စက်ခြင်းအက်ပ်ရှိ ဒေတာနှင့် သူသောက်သော အိပ်ဆေးပမာဏကို စစ်ဆေးသည်။ သူမစကားအရ ဒါက ပုဂ္ဂလိကဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဟုဆိုသည်။

ဖေးခွမ်က စုန့်အာ့နန် စိတ်ချရအောက် ကောင်းကောင်း ပူးပေါင်း ပေးသည်။ အဲ့ဒီအတောအတွင်း သူသည် နောက်ဆက်ပြဖို့အတွက် ဒေါက်တာရှုဆီ ပြန်သွားသည်။

ရလဒ်ကို‌တော့ သူကလည်း မပြောသလို သူမလည်း မမေးပေ။

ဒါပေမယ့် စုန့်အာ့နန်ကတော့ ဖေးခွမ် ပိုကောင်းလာတာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

အဲ့ဒီနေ့တွင်၊ စုန့်အာ့နန် ညဆိုင်းကနေ ဆင်းတဲ့အချိန် ဖေးခွမ်ဆီမှ မက်ဆေ့ချ်ကို ရလိုက်သည်။

သူက ဒီနေ့မနက် အမြန်ထွက်သွားရလို့ ချိုးချိုးအတွက် အစာနဲ့ရေကို ထည့်ပေးဖို့ မေ့သွားကာ သူမမှာ နားချိန်ခဏလောက်ရှိလားလို့ မေးထားတာဖြစ်သည်။

နေထိုင်ရာနေရာထဲ ဝင်လာပြီး စုန့်အာ့နန်က ဖေးခွမ်အိမ်ဆီ တန်းတန်းမတ်မတ်သွားလိုက်သည်။

သူ့နေရာက စကားဝှက်ကို သူမ သိသည်။ တံခါးကိုဖွင့်လိုက်တော့ ချိုးချိုးက အစာပန်းကန်ရှေ့မှာ‌ သနားစရာအမူအရာနဲ့ခွေနေပြီး "ကြည့်ဦး၊ ငါ့အဖေ ငါ့ကို အငတ်ထားသွားတယ်!"လို့ ပြောနေသလိုပင်။

စုန့်အာ့နန်မှာ သူ့ရဲ့ ချစ်စရာကောင်းမှုကြောင့် နှလုံးသားလေး အရည်ပျော်သွားပေမယ့် ကြောင်လေးကို အစာကျွေးဖို့ အလျင်စလို မလုပ်ပေ။ အဲဒီအစား သူမက စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုထုတ်လိုက်ပြီး ဗီဒီယိုအတိုလေး ရိုက်လိုက်သည်။

နောက်တော့ သူမက တည်းဖြတ်လိုက်ပြီး အဲ့ဒါကို ဖေးခွမ်ဆီပို့လိုက်သည်။

[ရှင် မကောင်းဘူး! ကလေးကို ဘယ်လောက်တောင် စိတ်ဆိုးအောင်လုပ်ထားလဲ ကြည့်ပါဦ ဒီည ကြောင်စာ သုံးဗူးလောက်နဲ့မှ သူကျေနပ်မှာစိုးပါရဲ့]

ခဏလောက် ဝင့်ကြွားနေပြီးတော့မှ စုန့်အာ့နန်တစ်ယောပ် အသိစိတ်က ဝင်လာပြီး ကြောင်လေးအတွက် အစာထည့်ပေးဖို့ အမြန်ပြေးသွားလိုက်သည်။

ကြောင်လေးက ဗိုက်ဆာနေတာဖြစ်မည်။ သူက ပြင်းထန်တဲ့အသံနဲ့ အော်နေပြီး ဝံပုလွေလိုစားနေသည်။

ဖေးခွမ် စုန့်အာ့နန် မက်ဆေ့ချ်ကို ရတဲ့အချိန် သူက ပွဲတစ်ခုရဲ့ စင်နောက်ရှိ စောင့်ဆိုင်းခန်းတွင် ရှိနေသည်။ မနက်အစောကြီးကတည်းက သူအလုပ်များနေပြီး နောက်ဆုံးတော့ အနားယူဖို့ အခွင့်အရေးရလိုက်သည်။

သူသည် မက်ဆေ့ချ်ကို အရင်ကြည့်လိုက်ပြီးနောက်တော့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်တော့ မတတ်နိုင်ဘဲ အသံထွက် ရယ်လိုက်မိသည်။

လီတုန်က ဖေးခွမ် နံဘေးမှာ ထိုင်နေပြီး သူဒီလိုမျိုးရယ်မောနေတာကို မြင်လိုက်ရတော့ သူ့ရဲ့ အတင်းအဖျင်း ပြောချင်စိတ်က ချက်ချင်း ပေါက်ကွဲလာသည်။

"မင်းကို ဒီလိုမျိုးရယ်အောင်လုပ်တာ ဘယ်သူ့ဆီက မက်ဆေ့ခ်ျများလဲ?" သူက ဖုန်းကိုကြည့်ဖို့ လည်ပင်းဆန့်ထုတ်လိုက်သည်။

ဖေးခွမ်က ဖုံးကွယ်မထားဘဲ ဖုန်းကို ပြလိုက်သည်။ "ချိုးချိုးလေ၊ ဒီမနက် သူ့အတွက်စားစရာနဲ့ ရေထည့်ပေးဖို့ မေ့သွားတာ"

လီတုန်လည်း ရယ်လိုက်သည် - "အို၊ ဒီကလေးက တကယ်စိတ်ဆိုးနေတာလား?"

ဖေးခွမ်က ပြုံးကာ ခေါင်းညိတ်သည်။ ဟုတ်တယ်၊ ကြောင်လေး တော်တော်စိတ်ဆိုးနေတဲ့ပုံပင်။

ဖေးခွမ်ရဲ့ အခြေအနေက ဒီတလောမဆိုးတော့တာကို မြင်တော့ လီတုန်လည်း များစွာ စိတ်သက်သာရာရသွားသည်။

"အဲဒါ မင်းရဲ့ အန်တီလေးက ကြောင်အစာသွားကျွေးတာလား?" လီတုန်က မေးလိုက်သည်။

ဖေးခွမ်လည်း ခေါင်းညိတ်ပြလိုပ်သည်။ "သူ ညဆိုင်းဆင်းပြီး တာနဲ့ ချက်ချင်းပဲ ထွက်လာတာ"

လီတုန် မနေနိုင်ဘဲ စလိုက်သည်။ "ရို့ အန်တီလေးက မင်းအခန်းရဲ့စကားဝှက်ကို သိတာလား? ကျွတ်စ် ကျွတ်စ် မင်းရဲ့ အေးဂျင့်ဖြစ်လာတာ နှစ်အတော်ကြာနေပြီ၊ ငါတောင်မသိရဘူး"

ဖေးခွမ်က လီတုန်ကို မဖြေဘဲ အမူအရာမဲ့စွာနဲ့ကြည့်လိုက်သည်။

လီတုန်က တခစ်ခစ်ရယ်လိုက်ပြီး "မင်းကို မေးရရင် အန်တီလေးက အရမ်းကောင်းတာ၊ မင်းတို့နှစ်ယောက်...?"

ဖေးခွမ်က သူ့ကို စိုက်ကြည့်လိုက်ပြီး "မဟုတ်တာတွေ မပြောနဲ့"

သူတို့ရဲ့ CP အကြောင်း အရင်တစ်ခေါက် ပြောတုန်းက သူမ စိတ်အနှောက်အယှက် ဖြစ်သွားတဲ့ပုံကို သူသတိရလိုက်သည်။

"ကျွန်တော့်ရှေ့မှာ ဒီလိုဟာသမျိုးပြောရင် ရပေမယ့် အဲ့ဒီကောင်မလေးက အရေပြားပါးတယ်။ သူ့ရှေ့မှာ ဒီလိုဟာသမျိုးတွေ မလုပ်နဲ့"

လီတုန်က ချက်ချင်း ဇစ်ပိတ်တဲ့ ပုံစံလုပ်လိုက်သည်။ "စိတ်မပူပါနဲ့ ငါက ဒီလောက် ပါးနပ်တာ"

ဖေးခွမ် ရှေ့မှာ သူက ဒီတိုင်း နောက်ပြောင်တာဖြစ်သည်။ ရိုးရိုးသားသားပြောရရင် စုန့်အာ့နန်လိုမျိုး ဖြူစင်တဲ့ ကောင်မလေးအရှေ့မှာ ဒီလိုဟာသမျိုးတွေတော့ သူတကယ်မပြောပါဘူး။

-

ကြောင်ကို အစာကျွေးပြီးသွားတော့ စုန့်အာ့နန်က အလျင်စလို မထွက်ခွာသွားပေ။ သူမက ချိုးချိုးနဲ့ ခဏလောက် ကစားနေလိုက်သေးသည်။

ဒါပေမယ့် ညဆိုင်းအကြာကြီး ဆင်းလာရတာကြောင့် မကြာခင်မှာဘဲ သူမ မျက်လုံးမဖွင့်နိုင်တော့တဲ့အတွက် ပြန်သွားလိုက်သည်။

ဖေးခွမ်ရဲ့ အဆောက်အဦးကနေထွက်လာတော့ တံခါးဝမှာ မရင်းနှီးတဲ့ အမျိုးသမီးတစ်ဦးနဲ့ တိုးသည်။ သူမက သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး တံခါးကို လှည့်ပတ်ကြည့်နေပေမယ့် မဝင်လာပေ။

သူမက ဒီနေရာမှာ နေတဲ့ပုံလည်းမပေါ်ပေ။

စုန့်အာ့နန် စိတ်ထဲမှာ အဲ့ဒီအမျိုးသမီးကို နည်းနည်းရင်းနှီးနေပုံပေါ်ပြီး သူမ အကြိမ်အနည်းငယ်လောက် ကြည့်လိုက်ပေမယ့် သူမကို ဘယ်မှာတွေ့ဖူးလဲဆိုတာကိုတော့ မမှတ်မိပါချေ။

သူမလည်း စဉ်းစားလို့မရတော့တဲ့အတွက် အချိန်မဆွဲနေတော့ဘဲ အိမ်ကိုပဲ တည့်တည့်သွားလိုက်သည်။

........

စုန့်အာ့နန် မျှော်လင့်ထားတဲ့အတိုင်း အဲ့ဒီညက ဖေးခွမ် အိမ်ပြန်ရောက်တဲ့အခါ ဒေါသထွက်နေတဲ့ကြောင်လေးတစ်ကောင်က ကြိုဆိုနေသည်။

နောက်ဆုံးမှာ ချိုးချိုး စိတ်ကျေနပ်တဲ့အထိ ရက်အတော်ကြာ ကြောင်အစာတွေ စည်သွပ်ဘူးတွေနဲ့ ချော့ခဲ့ရသည်။

စုန့်အာ့နန်က လူနဲ့ကြောင် အချင်းချင်း စိတ်ကောက်ချော့မြူနေတာကို ပျော်ပျော်ကြီး ကြည့်နေလိုက်သည်။ ဖေးခွမ် နောက်ဆုံးမှာ ကြောင်ကို ချော့ပြီးသွားတော့ ရှိုးပြီးသွားတာကြောင့် သူမမှာ နည်းနည်းတောင် ဝမ်းနည်းလိုက်မိသည်။

သူမက ဖေးခွမ်ကို နောက်တစ်ခါလည်း တမင်တကာ ကြောင်စာထည့်ဖို့ မေ့သွားပါဦးလို့ စနောက်အကြံပြုလိုက်သေးသည်။ အကြိမ်အနည်းငယ်လောက် ထပ်ဖြစ်ပါက ကြောင်တစ်ကောင်ကို မြန်မြန်ထိန်းနိုင်မယ်လို့လည်း ဆိုလိုက်သေးသည်။

ဖေးခွမ်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး နောက်တစ်ခါ ကြောင်လေးရဲ့ဒေါသကိ မဆွရဲတော့ဘူးလို့ဆိုလာသည်။

သူတို့မသိလိုက်ခင်မှာဘဲ ဩဂုတ်လလယ်ကိုရောက်လာပြီး နွေရာသီအားလပ်ရက်ကလည်းတစ်ဝက် ကုန်သွားပြီဖြစ်သည်။

အဲဒီနေ့မှာပဲ စုန့်အာ့နန်က အလုပ်ကနေ စောစောဆင်းပြီး နှစ်ယောက်သား ဟော့ပေါ့စားဖို့ ထွက်ခဲ့ကြသည်။

သူတို့နေတဲ့နေရာဆီကို ပြန်လာတဲ့လမ်းမှာ စုန့်အာ့နန်က စတိုးဆိုင်မှာ ဒိန်ချဉ်နည်းနည်းဝယ်ဖို့ အဝင်ပေါက်နားမှာ ဖေးခွမ်ကို ရပ်ခိုင်းလိုက်သည်။

“ရှင်အပြင် မထွက်နဲ့တော့၊ ကျွန်မ မြန်မြန် ပြေးသွားလိုက်မယ်” ထိုင်ခုံခါးပတ်ဖြုတ်ရင်း သူမက ပြောလိုက်သည်။

ဖေးခွမ်လည်း သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။ "စိတ်မပူပါနဲ့ ကိုယ်တို့ အိမ်ကထွက်လာကတည်းက အသီးတန်းမှာ ဖရဲသီးတစ်လုံးဝယ်ဖို့ လုပ်ထားတာ"

“အို၊ ဒါဆိုလည်း ကောင်းပြီလေ” စုန့်အာ့နန်က ပြန်ဖြေလိုက်သည်။ "ရှင့်ရဲ့ မက်စ်နဲ့ ဦးထုပ်ကို သေချာတပ်ဦး"

သူတို့ရပ်ထားတဲ့နေရာကြောင့် ဆိုင်နှစ်ဆိုင်စလုံးက သူတို့နေတဲ့ နေရာဝင်ပေါက်ရဲ့ တစ်ဖက်မှာရှိနေသည်။ ဆိုင်ကိုရောက်ဖို့ ပင်မတံခါးကို ဖြတ်သွားရမည်ဖြစ်သည်။

ဒီလိုနောက်ကျနေတဲ့အချိန်မှာ လမ်းသွားလမ်းလာအနည်းငယ်သာ ရှိတော့သည်။ သူတို့နေတဲ့နေရာက လုံခြုံရေးတဲနားကို လျှောက်လာတုန်းမှာ အမျိုးသမီးတစ်ဦးက အစောင့်တွေနဲ့ ကျယ်လောင်စွာ ငြင်းခုံနေပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပုံရသည်။

သူတို့ နီးကပ်လာတာနဲ့အမျှ အငြင်းပွားရတဲ့အကြောင်းအကျဉ်းချုပ်ကို သိလိုက်ရသည်။

“မဒမ်၊ မဒမ်က ဒီမှာ နေထိုင်တဲ့သူ မဟုတ်ဘူးဆိုတော့ ဖြတ်သန်းသွားလာခွင့်ကဒ်မရှိဘဲ ဝင်ခွင့်ပြုလို့မရပါဘူး” အစောင့်တစ်ယောက်က အခိုင်အမာပြောလာသည်။

"ငါ့သားက ဒီမှာနေတာ! ငါဘာလို့ ဝင်လို့မရမှာလဲ?" အဲ့ဒီအမျိုးသမီးက စူးစူးဝါးဝါးနဲ့ ပြောလာသည်။

“ဒါဆို ကျေးဇူးပြုပြီး သူ့ကို လာခေါ်ခိုင်းလိုက်ပါ ဒါမှမဟုတ် ကျွန်တော်တို့ဆီ ဖုန်းခေါ်ပြီး အတည်ပြုခိုင်းလိုက်ပါ" အစောင့်က တည်ငြိမ်စွာနဲ့ပြန်ပြောလိုက်သည်။

"ငါသာ သူ့ကို ဆက်သွယ်လို့ရရင် နင်တို့နဲ့ ဒီမှာရပ်ပြီး ငြင်းခုံနေမှာလား?"

အစောင့်တွေကို အတင်းကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို စုန့်အာ့နန်အဝေးကနေ လှမ်းကြည့်လိုက်သည်။ သူမဟာ အရင်တစ်ခေါက် ဖေးခွမ်ရဲ့အဆောက်အဦး အပြင်ဘက်မှာ သူ့ကို လာကပ်တဲ့ အမျိုးသမီးဖြစ်ကြောင်း သူမ သတိထားမိလိုက်သည်။

ဒီလိုသာဆက်ဖြစ်‌နေရင် လူစုလူဝေးဖြစ်လာမှာကို စိုးရိမ်တာကြောင့် သူမက ဖေးခွမ်ကိုအမြန် သွားဖို့ လောဆော်ဖို့လုပ်တုန်းမှာဘဲ သူ့ရဲ့ခြေလှမ်းတွေက ရပ်သွားတာကိုသူမသတိထားမိလိုက်သည်။

"ဖေးခွမ်?" သူမ သူ့ကိုခေါ်လိုက်သည်။

သူသတိပြန်ဝင်သွားပုံပေါ်ပြီး "ဟမ်?"

စုန့်အာ့နန်က သူ့ဆီ လျှောက်သွားလိုက်သည်။ "ဘာလို့ရပ်လိုက်တာလဲ?"

သူက ခေါင်းခါလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့ဒိန်ချဉ်သွားယူလိုက်လေ၊ ကိုယ်..."

သူ ပြောလို့မပြီးသေးခင်မှာဘဲ ကျယ်လောင်တဲ့ အသံတစ်ခုက ညလယ်ခေါင်မှာ ထွက်ပေါ်လာသည်။

"ဖေးခွမ်၊ မင်းထွက်မသွားရဘူး!"

စကားများရန်ဖြစ်နေတဲ့ အမျိုးသမီးက သူတို့ကို တွေ့သွားပြီးပြေးလာသည်။

ဖေးခွမ်ကို မှတ်မိသွားတဲ့ အစောင့်တွေက သူမကို ကြားဖြတ်ဖို့ အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။ "မစ္စတာဖေး၊ အကူအညီ လိုသေးလား?"

အခုတော့ စုန့်အာ့နန်တစ်ယောက် ဒီအမျိုးသမီးက ဖေးခွမ်ရဲ့အမေဖြစ်မယ်မှန်း သဘောပေါက်သွားသည်။ မစဉ်းစားတော့ဘဲ၊ သူမက သူ့လက်ကို ဆွဲလိုက်သည်။

သူမက သူ့ရှေ့မှာ နေရာယူထားလိုက်ပြီး ချဉ်းကပ်လာတဲ့ အမျိုးသမီးကို သတိဖြင့် ကြည့်နေလိုက်သည်။

သူ့လက်ချောင်းတွေပေါ်က ရုတ်ချည်း နွေးထွေးသွားတဲ့ ဖိအားကို ဖေးခွမ်ငေးကြည့်လိုက်မိသည်။ သူက သူတို့ရဲ့ ချိတ်ဆက်ထားတဲ့ လက်တွေကို ငုံ့ကြည့်နေမိပြီး သူ့အကြည့်တွေက ပျံ့လွင့်သွားသည်။

"ဖေးခွမ်၊ တခြားတစ်ယောက်ရဲ့နောက်မှာ ပုန်းနေရုံနဲ့ နင်ဒါကို ရှောင်လို့မရဘူး!" အမျိုးသမီးက အော်လာသည်။ "မင်းဘာပဲလုပ်လုပ် မင်းက အမြဲတမ်း ငါ့သားဖြစ်နေမှာဘဲ။ ဒီနေ့ ငါကနောက်ဆုံး..."

သူမရဲ့အဆိပ်ပြင်းတဲ့လျှာက လက်ဆီအာရုံရောက်နေတဲ့ ဖေးခွမ်ကို ဆွဲခေါ်လိုက်သည်။ အေးစက်မှုတစ်ခုက သူ့မျက်လုံးထဲဝင်လာပြီး စုန့်အာ့နန်ကို သူ့နောက်ဘက်ဆီဆွဲလိုက်တာကြောင့် သူမ သူ့ကို အကြာကြီး မကာလိုက်ရချေ။

ဖေးခွမ် စုန့်အာ့နန်ရဲ့ အကြည့်နဲ့ဆုံသွားတော့ "အိမ်အရင်သွားလိုက်။ ဒါကိုရှင်းပြီးရင် မြန်မြန်ပြန်လာခဲ့မယ်"

ဒါကိုဖြေရှင်းဖို့ သူ့ကို တစ်ယောက်တည်းထားခဲ့ရမှာ စုန့်အာ့နန် တွန့်ဆုတ်နေသည်။ သူမက အခိုင်အမာပြောလိုက်သည်။ "ကျွန်မ ရှင်နဲ့ ဘဲနေမယ်"

သူက ပြုံးပြီး ခေါင်းခါလိုက်သည်။ "အဆင်ပြေတယ်၊ သွားလိုက်"

သူမ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီးမှ ဒါကသူ့ကိစ္စဖြစ်ပြီး သူမ ဝင်မပါသင့်ကြောင်း သိလိုက်သည်။ ဒါပေမယ့် အိပ်မပျော်တဲ့ ညတွေအကြောင်းစဉ်းစားကြည့်ရင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတာ ဒီအမျိုးသမီး ဖြစ်နိုင်လောက်သည်။ ဒါက သူ့အမေဆိုရင်တောင်မှ သူ့ကိုတစ်ယောက်တည်း ထားရမှာကို သူမ အဆင်မပြေပေ။

"ကိုယ့်ကိုယုံပါ၊ ကိုယ်ဒီမှာရှိတယ်" ဖေးခွမ်က ညင်သာစွာ ပြောလိုက်သည်။ "မင်းသွားလိုက်တာ ပိုကောင်းမယ်"

စုန့်အာ့နန်က ဆိတ်ဆိတ်နေနေပြီး နှုတ်ခမ်းကိုက်လိုက်သည်။

ဒီလိုလုပ်တာက ကိစ္စတွေကို ပိုဆိုးစေမှန်း သူမသိတာကြောင့် နောက်ဆုံးတော့ မျက်စိမှိတ် ခေါင်းညိတ်လိုက်သည်။

ဖေးခွမ်က စုန့်အာ့နန်အိမ်ရာဝင်းထဲ ဝင်ရောက် ပျောက်ကွယ်သွားတဲ့အထိ ခြေလှမ်းနည်းနည်း နောက်ပြန်လှည့်ကာ စိုးရိမ်စွာနဲ့ တစ်ချက်ကြည့်လိုက်သည်။ ဒီတော့မှ သူ့မျက်နှာပေါ်က လက်ရှိ အပြုံးဟာ ပျောက်ကွယ်သွားသည်။

သူက လှည့်လိုက်ပြီး အစောင့်တွေကို ခေါင်းညိတ်ပြကာကျေးဇူးတင်လိုက်သည်။ " သူ့ကို အခုလွှတ်လို့ရပါပြီ၊ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

အစောင့်တွေ ထွက်သွားတော့၊ ဖေးခွမ်က ကျန်းမန်ကို မထုံတက်သေးနဲ့ ပြောလိုက်သည်။ "စကားပြောရအောင်၊ ဒါပေမယ့် ဒီအပြင်မှာတော့ မဟုတ်ဘူး"

ဆယ်မိနစ်လောက်ကြာတော့ အနီးနားလက်ဖက်ရည်ဆိုင်ရှိ သီးသန့်ခန်းထဲတွင်....

သားအမိနှစ်ယောက် စားပွဲဝိုင်းတစ်ဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြသည်မှာ ဒီနှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ အဲ့ဒီအချိန်ကတည်းက သူတို့ရဲ့အခြေအနေတွေလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။

ကျန်းမန်ဟာ အချိန်ကာလ တိုက်စားမှုကြောင့် ပင်ပန်းမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစား‌နေပေမယ့် အသက်ကတော့ ပိုကြီးလာခဲ့သည်။ ဒါပေမယ့် သူမရဲ့ မျက်လုံးထောင့်က အရေးကြောင်းတွေကတော့ သူမ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတွေကို ပြောပြနေသည်။

သူမရဲ့ ရှဲ့မိသားစုနှင့်အတူနေရတဲ့ ဘဝက သူမမျှော်လင့်ထားသလောက် အဆင်မပြေနေကြောင်း ညွှန်ပြနေသည်။

ဆန့်ကျင်ဘက်အနေနှင့်၊ ဖေးခွမ်ကတော့ သူမ ချမ်းသာနေသည်ဖြစ်စေ၊ ဒုက္ခရောက်နေသည်ဖြစ်စေ တစ်နည်းနည်းဖြင့် ဂရုမစိုက်တဲ့ပုံပင်။

အကောင်းဆုံးသော ဆက်ဆံရေးက သူတို့တွေလုံးဝ အဆက်အဆံ မလုပ်ကြသင့်တာပင်။

ဒါပေမယ့် ကျန်းမန်ကတော့ ကိစ္စတွေကို ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားသည်။

All Chapters