← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

"ပြောလေ၊ ဒီလိုမြင်ကွင်းမျိုးလုပ်ဖို့ ဘယ်လိုအရေးကြီးကိစ္စရှိနေလို့လဲ?" ဖေးခွမ်က ပြောင်ပြောင်တင်းတင်းဘဲမေးလိုက်သည်။

ကျန်းမန်က သူ့ကို စိုက်ကြည့်နေသည်။ သူမက သူ့မေးခွန်းကို ပြန်မဖြေဘဲ အဲ့ဒီအစား မေးခွန်းထုတ်လာသည်။ "မင်းဖုန်းနံပါတ်ကို ဘာလို့ပြောင်းလိုက်တာလဲ?"

ဖေးခွမ်က လှောင်လာသည်။ "ခင်ဗျား တကယ်ကြီးမေး‌နေတာလား?"

"ငါ့ကိုသတိမပေးဘဲ မင်းလုပ်ခဲ့တာတွေကို မင်းသေချာသိတယ်" သူမက စွပ်စွဲလာသည်။

ကျန်းမန် ဒေါသတွေထွက်လာသည်။ "အမှန်တရားကိုပြောတာကလွဲပြီး ငါဘာလုပ်ခဲ့လို့လဲ? မင်းက မင်းအဖေနဲ့အဘိုးကို သတ်လိုက်တာ။ မင်းအဖွားရဲ့သေခြင်းတောင်မှ မင်းလက်ပေါ်မှာဘဲ။ ဗေဒင်ဆရာပြောတာမှန်တယ်- မင်းက မင်းနဲ့ရင်းနှီးတဲ့သူတွေကို ပျက်စီးစေတဲ့ ဂြိုဟ်ဆိုးဘဲ!"

ဖေးခွမ်တစ်ယောက် သူကလေးဘဝက မုန်းတီးခဲ့ရတဲ့မျက်နှာကို စိုက်ကြည့်ရင်း သူ့ရင်တွင်း၌ ရင်းနှီးပြီးသား မုန်းတီးမှုတွေက တိုးလာသလို ခံစားလိုက်ရသည်။

"ဒါဆို ဒီနေ့ဘာလို့ အပြေးအလွှား ရောက်လာတာလဲ၊ ကျွန်တော်က ခင်ဗျားကိုလည်း အဲ့ဒီလို လုပ်လိမ့်မယ်လို့ မျှော်လင့်နေတာလား?" သူက ရွဲ့စောင်းမေးလိုက်သည်။

ကျန်းမန်က ဒေါသအရှိန်နဲ့ ရိုက်ဖို့လုပ်လိုက်ပေမယ့် ဖေးခွမ်က သူမ မြှောက်ထားတဲ့ လက်ကို တားဆီးလိုက်သည်။

"ဟန်ဆောင်နေတာကို ရပ်လိုက်ရအောင်၊ ခင်ဗျား ဘာလိုချင်လို့လဲ ဆိုတာသာပြော"

သူရဲ့ ပြတ်သားတဲ့လေသံက သူမရဲ့ ထိန်းထားရတဲ့ ခံစားချက်တွေကို ပြန်ရလာစေသည်။ ဒီထိပ်တိုက်ရင်ဆိုင်မှုတွင် ရှဲ့မိသားစုက သူမကို ဘယ်လိုဖိအားပေးခဲ့လဲဆိုတာကို သူမစိတ်ထဲ မှတ်ထားရမည်။

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အကြည့်တွေကို တင်းတင်းမာမာ ပြန်ကြည့်လိုက်သည်။ "နောက်လ၊ မင်း ရှဲ့ယင်းနဲ့ စေ့စပ်ရမယ်။ ငြင်းဖို့မစဉ်းစားနဲ့"

ဖေးခွမ်ရဲ့ မျက်ခုံးတွေက မယုံနိုင်တဲ့အမူအရာနဲ့ တွန့်ချိုးသွားသည်။ "ခင်ဗျားဘဲရူးသွားတာလား၊ ဒါမှမဟုတ် ရှဲ့မိသားစုတွေဘဲ စိတ်လွတ်သွားကြတာလား?"

ရှဲ့ယင်းနဲ့ စေ့စပ်ရမယ်ဆိုတဲ့ သဘောထား... ဒီမိသားစုက တကယ်သတ္တိကောင်းတာဘဲ။

ကျန်းမန်က စိတ်လှုပ်ရှားစွာနဲ့ စားပွဲကို ရိုက်ချလိုက်သည်။ "ငါကရော နင့်ကို အတင်းအကြပ်လုပ်ချင်နေတယ်လို့ထင်နေလား?" သူမက စူးစူးဝါးဝါးနဲ့ ငိုလာသည်။

"ရှဲ့မိသားစုနဲ့နေရတဲ့ ငါ့ဘဝက သနားစရာကောင်းတယ်! ငါ့အပေါ် မင်းရဲ့တင်နေတဲ့ အကြွေးကို ပြန်ဆပ်ဖို့စဉ်းစား။ မင်းရှဲ့ယင်းနဲ့ တကယ်လက်ထပ်သည်ဖြစ်စေ လက်မထပ်သည်ဖြစ်စေ အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် မင်းက..."

သူမသည် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ရုတ်တရက် ရပ်သွားသည်။ သူမက အေးစက်စက်ကြည့်လာပြီ "ခုနက မင်းကောင်မလေးကို ငါမြင်တယ်။ အပြင်မှာ မင်းနဲ့ရှိ‌နေတဲ့ အဲ့ဒီတစ်ယောက် ဟုတ်တယ်မလား? မင်းက တကယ်တော့ ဘယ်လိုလူလဲဆိုတာ သူသိလား? သူသိသွားရင် မင်းနားမှာ ဘယ်လောက်ကြာကြာ ကပ်နေနိုင်ဦးမယ်လို့ထင်လဲ?"

ဖေးခွမ်ရဲ့မျက်ခုံးတွေက တွန့်ချိုးသွားပြီး စိတ်မရှည်မှုတွေက ဒေါသအဖြစ် ပြောင်းလဲသွားသည်။

"ကျွန်တော်တို့ ဒီမှာတင် ပြီးပြီ" သူက ပြောလိုက်သည်။ "ခင်ဗျားရဲ့ နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး ရှဲ့အိမ်က အကြီးအကဲကို ကျွန်တော်သွားမပြောရစေနဲ့"

ရှဲ့အကြီးအကဲလို့ ပြောလိုက်တော့ ကျန်းမန်ဖြူဖျော့သွားသည်။

သူမရဲ့ချက်ကောက်းကို ဖမ်းမိသွားတယ်လို့ ခံစားလိုက်ရတဲ့အတွက် ဖေးခွမ်က သူမကို တစ်ချက်မှမကြည့်ဘဲ မတ်တပ်ရပ်လိုက်သည်။ ဒါပေမယ့် သူ တံခါးကနေထွက်သွားဖို့ လမ်းတစ်ဝက်မှာဘဲ သူမရဲ့ အဆိပ်ပြင်းတဲ့ ပစ်ချက်က သူ့နားထဲဝင်လာသည်။

"ဖေးခွမ်၊ မင်း ငါ့ကို ခွင့်မပြုရင် ငါလည်း မင်းကို လွှတ်မပေးဘူး။ မင်း လုံးဝအရှက်ကွဲပြီး ပျက်စီးသွားအောင် ငါသေချာပေါက်လုပ်ပစ်မယ်!"

ကျန်းမန်ရဲ့ ဒေါသတွေက ဖေးခွမ်အတွက်တော့ အသစ်အဆန်း မဟုတ်ပေ။ သူမ နောက် အိမ်ထောင်မပြုမီကပင် အဲ့ဒီလို မြင်ကွင်းတွေက မကြာခဏ ဖြစ်ပွားတတ်သည်။

နောက်ပိုင်းတွင်၊ သူမက ထင်ရှားသည့်ရှဲ့မျိုးရိုး၏ အငယ်အဖြစ်နဲ့ သူမရဲ့ ပေါက်ကွဲသံများကို ထိန်းချုပ်ဖို့ နဲ့ ကိုယ့်ကိုယ်ကို ယဉ်ကျေးသိမ်မွေ့အောင် ပြုမူဖို့ သင်ယူခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ချမ်းသာကြွယ်ဝတဲ့ လူမှုအသိုင်းအဝိုင်းကြားတွင် နာမည်ရလာသည်။

ဘဝက သူမကို ထိန်းချုပ်မှုအချို့ သင်ပေးခဲ့ပုံပင်။

သို့သော်၊ စိတ်ပျက်အားငယ်မှုက သူမကို ဒီလိုလုပ်ဖို့ ထပ်မံတွန်းအားပေးလာသည်။ ရှဲ့မိသားစုက သူနဲ့ရှဲ့ယင်းတို့ကြားက စေ့စပ်မှုအပေါ်ဘာလို့ အရမ်းစိတ်ဝင်စားနေကြလဲဆိုတာကို ဖေးခွမ်သံသယရှိသည်။ ဒါပေမယ့် ဒါက သူ့အတွက် စိုးရိမ်စရာ မဟုတ်ပါချေ။ ကျန်းမန်ကဘဲ သူတို့ကို စိတ်ပျက်စေမှာဖြစ်သည်။

သူ့ရဲ့ဒေါသထွက်နေတဲ့ အမေကို ချန်ထားခဲ့ပြီး ညအမှောင်ထဲတွင် သူအိမ်ကို သွက်သွက်လက်လက်ပြန်လိုက်သည်။

ကော်ဖီဆိုင်က သူတို့ နေတဲ့နေရာနဲ့ မဝေးပါချေ။ အစောပိုင်းက ရပ်ထားတဲ့ကားကို ဖေးခွမ်က သူတို့နေရာရဲ့ မြေအောက်ကားဂိုဒေါင်ထဲ မောင်းသွင်းလိုက်သည်။

ကားဂိုဒေါင်မှာ ပါကင်ထိုးပြီးသွားတော့ အပေါ်ထပ်ကို ဓာတ်လှေကားကနေ တိုက်ရိုက်တက်သွားလိုက်သည်။

ဖေးခွမ် ဓာတ်လှေကားထဲက ထွက်လာတော့ စုန့်အာ့နန်က သူ့အိမ်တံခါးဝမှာ ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရသည်။

"ဒီမှာဘာလုပ်နေတာလဲ?" သူမကို ထတာ ကူပေးဖို့ သူအမြန် လျှောက်သွားလိုက်သည်။

စုန့်အာ့နန်က ဖေးခွမ်လက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး "ရှင့်ကိုစိတ်ပူလို့လေ"

ဖေးခွမ်ကို အပေါ်အောက် ကြည့်လိုက်ပြီး သူမက ထပ်မေးလိုက်သည်။ "အဆင်ပြေတယ် မဟုတ်လား?"

ဖေးခွမ်က ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ အဆင်ပြေတယ်"

"ဘာလို့မဝင်တာလဲ၊ စကားဝှက်သိတယ် မဟုတ်ဘူးလား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ သူမ စကားဝှက်ကိုသိရင်တောင် အရင်သတိမပေးဘဲနဲ့ သူ့အိမ်ထဲကို အရင်ဝင်မှာမဟုတ်ပေ။

အဲဒါက အခြေခံကျင့်ဝတ်ပင်။

ဖေးခွမ်က အဲ့ဒါကို သိပ်ဂရုမစိုက်နေပေ။ "အခြားသူတွေကို မေ့ထားလိုက်၊ ဒါပေမယ့် ကိုယ့်အိမ်ရဲ့စကားဝှက်ကို ပြောပြတယ်ဆိုတာက မင်းဆန္ဒအတိုင်း ဝင်ခွင့်ပြုတာ။ နောက်တစ်ခါ မင်းရောက်လာရင် တံခါးရှေ့မှာ စောင့်မယ့်အစား တိုက်ရိုက်ဘဲဝင်သွားလိုက်"

စုန့်အာ့နန်က အင်း ဟင့်အင်း မပြောဘဲ ပြုံးနေလိုက်သည်။

"ရှင် အဆင်ပြေနေတာတွေ့တော့ ကျွန်မ စိတ်အေးသွားပြီ။ နောက် တာင်ကျနေပြီ၊ ကျွန်မအရင်ပြန်လိုက်မယ်။ စောစောအနားယူတော့"

ပြောပြီးတာနဲ့က သူမ လှည့်ထွက်သွားကာ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

ဖေးခွမ် အချိန်ကို ကြည့်လိုက်တော့ နောက်ကျနေပြီမို့ သူမကို မတားလိုက်တော့ပေ။ အဲဒီအစား သူက သူမနောက်ကို လိုက်လာသည်။ "မင်းကို ပြန်ပို့ပေးမယ်"

စုန့်အာ့နန်က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး၊ တစ်ဝင်းထဲမှာပဲ နေတာကို လမ်းနည်းနည်းလောက်ဘဲ လျှောက်ရတာ"

ဖေးခွမ်က ပြုံးကာ ပြောလိုက်သည်။ "အရမ်းနောက်ကျနေပြီလေ၊ မင်းကိုပြန်လိုက်ပို့မယ် မဟုတ်ရင် စိတ်အေးရမှာမဟုတ်ဘူး"

ဒါကိုမြင်တော့ စုန့်အာ့နန်လည်း ဆက်မငြင်းတော့ပေ။

ဘာဘဲဖြစ်ဖြစ် ဒီနေရာက သိပ်လည်းမဝေးသလို သွားလာရတာလည်း အချိန်မကုန်ပေ။

ဖေးခွမ်က ပြန်မသွားခင် သူမကို တံခါးအထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ သူအိမ်ထဲ ဝင်ပြီး ဖိနပ်ပြောင်းစီးလိုက်ကာ ဧည့်ခန်းထဲရောက်တော့ ချိုးချိုးက တစ်နေရာရာကနေ ရုတ်တရက် ခုန်ထွက်လာသည်။

သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး အသေးလေးကို ဂုတ်ကနေဆွဲလိုက်သည်။ "မင်းရဲ့လူတွေကို ခြောက်တတ်တဲ့အကျင့်ကတော့ ခဏခဏပေါ်လာတာဘဲ။ မင်းက ရိုက်ခံထိဖို့ တောင်းနေတာထင်တယ်"

ဂုတ်ကနေ အချုပ်ခံထားရတာကြောင့် ချိုးချိုးက ချက်ချင်းဘဲ ဖေးခွမ်ကို ချစ်စရာကောင်းအောင်လုပ်ပြလိုက်သည်။

ဖေးခွမ်က သူ့ကိုဆိုဖာပေါ်ပေါ့ပေါ့ပါးပါး ပစ်တင်ပေးလိုက်သည်။ "ကောင်းပြီ၊ မင်းဘာသာ သွားကစားတော့"

ချိုးချိုးက သူ့ပိုင်ရှင် စိတ်အခြေအနေ မကောင်းတာကို ခံစားမိတာကြောင့် သူ့နားမကပ်ပေ။ သူ့ခြေထောက်နားမှာ ခဏလောက် လှည့်ပတ်နေပြီးမှ ထွက်သွားလိုက်သည်။

ဖေးခွမ်က တီဗီစင်ဆီသွားကာ အံဆွဲကိုဖွင့်လိုက်ပြီး စီးကရက်နဲ့ မီးခြစ်တစ်လုံးကို ထုတ်လိုက်သည်။ နောက်တော့ လသာဆောင်ဆီ သွားလိုက်သည်။

သူက လသာဆောင်လက်ရန်းကို မှီရင်း ဆေးလိပ်မီးညှိလိုက်သည်။ ဆေးလိပ်သောက်ရင်း ဒီနေ့ညက အဖြစ်အပျက်တွေကို တွေးတောနေမိသည်။

ကျန်းမန် အခြေအနေက ဒီနေ့မှာ ရှင်းရှင်းလင်းလင်းကို ပေါ်လာသည်။ သူ့အပေါ် သူမရဲ့စက်ဆုပ်ရွံရှာမှုကို အခြေခံရရင် ပုံမှန်အားဖြင့် သူ့အိမ်ဆီ သူမဘက်ကနေ အစပြုလာလိမ့်မည်မဟုတ်ချေ။

တံခါးဝမှာ ဒီလိုအဖြစ်အပျက်မျိုး လုပ်ဖို့ဆိုတာက ပြောစရာတောင်မလိုပေ။

ခိုင်လုံတဲ့ အကြောင်းပြချက်သာ ရှိမနေဘူးဆိုရင်။

ဒီနေ့ညက သူမပြောခဲ့တဲ့ ကိစ္စအရ အဲ့ဒါက အသစ်အဆန်းတော့ မဟုတ်ပေ။ အကြီးအကဲအိုကြီးရှဲ့က အဲ့ဒါကို အရင်က အဆိုပြုခဲ့ပေမယ့် သူ တိုက်ရိုက် ငြင်းပယ်ခဲ့သည်။

အခုတော့ ကျန်းမန်ကို ဖိအားပေးပြီးတော့တောင် အဲ့ဒါကိုထပ်ပြောလာသည်။ ရှဲ့မိသားစုမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့လို့များလား?

ခဏကြာတော့ ဖေးခွမ်က သူ့လက်ထဲရှိ စီးကရက်ဖင်စီကို ပစ်လိုက်သည်။ သူ့ဖုန်းကို ထုတ်လိုက်ပြီး ရင်းနှီးနေတဲ့နံပါတ်တစ်ခုကို ရှာလိုက်ကာ ဖုန်းခေါ်လိုက်သည်။

ခဏကြာတော့ တစ်ဖက်က ဖုန်းကိုင်လိုက်ပြီး လူတစ်ယောက်ရဲ့အသံထွက်လာသည်။ "ရုပ်ရှင်စတားဖေး၊ ဘာလို့ ဒီလောက်နောက်ကျမှ ဖုန်းခေါ်ရတာလဲ?"

ဖေးခွမ်က ပြောလိုက်သည်။ "လောရိ၊ ဒီတလော ရှဲ့မိသားစုတစ်ခုခုဖြစ်ခဲ့လားလို့ တစ်ချက်လောက်ကူစုံစမ်းပေးပါလား"

လောရိ - "ရှဲ့မိသားစု အာ၊ ဒီတလော သူတို့အကြောင်း သတင်းတချို့ ကြားထားတယ်။ မင်းကို တချို့တလေပြောပြဖို့ စိတ်ကူးထားတာ"

ဖေးခွမ်က သူမျက်ခုံးတွေကို ပွတ်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ ပြောပြပါဦး"

လောရိ - " ရှဲ့ဝမ်ထောင်လေ၊ သူ လောင်းကစားလုပ်တာ အလိမ်ခံရပြီး ပိုက်ဆံတွေ အများကြီး ရှုံးသွားတယ်။ အကြီးအကဲရှဲ့ကတော့ ဒေါသထွက်ပြီး ဆေးရုံတင်ထားရတယ်" ရှဲ့‌ဝမ်ထောင်ဟာ ရှဲ့ယင်း၏ ဖခင်ဖြစ်ပြီး ကျန်းမန်၏ လက်ရှိခင်ပွန်းဖြစ်သည်။

ငယ်ငယ်ကတည်းက သူဟာအသုံးမကျတဲ့ ပလေးဘွိုင်းတစ်ယောက်ဖြစ်သည်။ သူကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမယ့် ရှဲ့မိသားစုရဲ့ ကြွယ်ဝမှုကို အားကိုးကာ သက်သောင့်သက်သာနဲ့ နေနိုင်ခဲ့သည်။ သို့ပေမယ့် အရေးကြီးကိစ္စတွေ ကြုံလာတဲ့အခါမှာတော့ သူက အသုံးမဝင်ပေ။

ဒါကြောင့် အကြီးအကဲရှဲ့က အသက်တော်တော်ကြီးနေပြီဖြစ်ပေမယ့် ရှဲ့ကုမ္ပဏီ တစ်နေ့မှာ လုံးပျက်စီးသွားမည်စိုးတာကြောင့် သူ့ရဲ့တစ်ဦးတည်းသောသားအား မလွှဲပေးခဲ့ပေ။

"သူဘယ်လောက် ရှုံးသွားလို့လဲ" ဖေးခွမ်က မေးလိုက်သည်။

လောရိ - "ငါပမာဏကို မကြည့်မိပေမယ့် အများကြီး ဖြစ်နိုင်တယ်၊ မဟုတ်ရင် အကြီးအကဲရှဲ့ ဒေါသထွက်နေမှာ မဟုတ်ဘူး"

ဖေးခွမ်က နည်းနည်းစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "သူရှုံးသွားတဲ့ ပမာဏအတိအကျကို သိအောင် ကူညီပေးပါဦး"

"ပြီး‌တော့ ရှဲ့ကုမ္ပဏီမှာလည်း ပြဿနာတစ်ခုခုရှိမရှိ စုံစမ်းကြည့်ပေးပါဦး"

ဒါကိုကြားတာနဲ့ လောရိက မေးလိုက်သည်။ "ရှဲ့ကုမ္ပဏီမှာ ဘာဖြစ်လို့လဲ? တစ်ခုခုကြားလို့လား?"

ရှဲ့မိသားစုသည် ပြည်တွင်းတွင် အတော်လေး လူသိများသော်လည်း မကြာသေးမီနှစ်များအတွင်း ကျဆင်းလာခဲ့သည်။ ပြိုကျမည့်အချိန်ကို လူအများက စောင့်မျှော်နေကြသည်။

မတ်တပ်ရပ်ရတာ ပင်ပန်းလာတော့ ဖေးခွမ် အနီးနားက လှဲကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။ ဒါကို စုန့်အာ့နန်က ညဘက်မှာ အေးအေးဆေးဆေး ဖြစ်ရအောင် ဆိုပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တာဖြစ်သည်။

"အထူးတလည် တခြားဘာမှတော့ မသိချင်ပါဘူး၊ ဒီဟာတွေကိုဘဲသိချင်လို့"

လောရိက ဖေးခွမ်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ဖြစ်ကာ သက်တမ်းအကြာဆုံး သူငယ်ချင်းဖြစ်ပြီး သူ့မိသားစု အခြေအနေတွေကို သိတဲ့သူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ဖေးခွမ်ရဲ့အမေကသည် ရှဲ့မိသားစုနဲ့ နောက်အိမ်ထောင်ပြုခဲ့ကြောင်း၊ သူနှင့် သူမတို့ကြားတွင် မကျေနပ်ချက်အချို့ရှိတာကိုလည်း သူသိသည်။ ဒီနှစ်တွေတစ်လျှောက်တွင် သူက ရှဲ့မိသားစုကို စောင့်ကြည့်ကာ ဖေးခွမ်ကို ကူညီပေးခဲ့သည်။

"ကောင်းပြီ မနက်ဖြန် ငါစုံစမ်းကြည့်လိုက်မယ်"

ဖေးခွမ်က အင်းဆိုပြီး ပြန်ဖြေလိုက်ပြီး "ဖုန်းချပြီ"

"ဟေး ခဏနေဦး" လောရိက သူ့ကို တားလိုက်သည်။

ဖေးခွမ် - "အခြားတစ်ခုရှိသေးလို့လား?"

လောရိက ဒေါသတကြီးနဲ့ ပြောလိုက်သည်။ "မင်းကလေတကယ် အလုပ်ကိစ္စကြီးဘဲ။ ဘာလဲ ဘာကိစ္စမှမရှိလည်း မင်းနဲ့ စကားပြောလို့မရဘူးလား?"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဘာအကြောင်းပြောမှာလဲ"

လောရိက စနောက်သလို ရယ်လိုက်ပြီး ပြောလာသည်။ "မင်း ငါတို့ အထက်တန်းတုန်းက အလှလေးကို မှတ်မိသေးလား?"

ဖေးခွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "အလှလေး? ဘယ်သူလဲ?"

လောရိ - "ဖန့်ယီကျင့်! အဲ့ဒီတုန်းက ငါတို့အတန်းခေါင်းဆောင်လေ"

ဖေးခွမ်က ခက်ခက်ခဲခဲ စဉ်းစားကြည့်ပေမယ့် ဘာမှမမှတ်မိပေ။

လောရိက ဆက်ပြောလာသည်။ "သူက ငါမင်းနဲ့ အဆက်အသွယ် ရှိနေတုန်းပဲဆိုတာ သိတော့ မင်းရဲ့ WeChat ကို လိုချင်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ဆီရောက်လာတယ်"

ဖေးခွမ်က သိပ်ဂရုမစိုက်ပေ။ "သူက ငါ့ WeChatကို ဘာအတွက် ဘာလိုချင်တာလဲ?"

လောရိ - "မင်း တကယ်မသိတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား? သူက မင်းကို စိတ်ဝင်စားနေတာလေ"

"ဒါပေမယ့် ဖန့်မိသားစုက လူသိများတဲ့ ပြည်တွင်းလုပ်ငန်းတစ်ခုဖြစ်သလို သူကလည်း နိုင်ငံခြားမှာ ဘွဲ့လွန်ယူပြီး အခုမှပြန်ရောက်လာတာ။ သူလည်းတော်တော်လှတယ်။ မင်းဘယ်လိုထင်လဲ? သူနဲ့ဒိတ်ကြည့်ဖို့ စိတ်ဝင်စားလား?"

ဖေးခွမ်က "စိတ်မဝင်စားဘူး" လို့တိုက်ရိုက်ပြန်ဖြေလိုက်သည်။

"အတည်မယူပါနဲ့၊ သူက ဒီတိုင်းပေါ့ပေါ့ပါးပါးပဲ မေးတာ ဖြစ်မှာပေါ့။ အတန်းဖော်ဟောင်းတစ်ယောက်က နာမည်ကြီးဖြစ်လာ‌တော့ ဒီလို မေးတာက ပုံမှန်ဘဲလေ"

လောရိက ဆက်ပြောသည်။ "လုပ်စမ်းပါ၊ ခြားနားချက်ကို ငါပြောပြလို့ရတယ်။ အဲဒါကို မေ့လိုက်၊ မင်းအတွက် ငါပြန်ပြောပေးမယ်"

ဖေးခွမ်က ထပ်ပြီး သာမာန်ကလျှံကာ အမ်း လို့ဆိုပြန်သည်။

"ဖေးခွမ်၊ ငါ မင်းကို ပြောနေတာ၊ အရင်ကဆိုအရှုပ်တော်ပုံတွေကို စိုးရိမ်ရတဲ့ idol တစ်ယောက်အနေနဲ့မင်း ချိန်းတွေ့လို့ မရခဲ့ဘူး၊ ဒါပေမယ့် အခု မင်းက ဆုရမင်းသားတစ်ယောက် ဖြစ်နေပြီ၊ ငယ်လည်းမငယ်တော့ဘူး။ တစ်ယောက်ယောက်နဲ့ မြန်မြန်ချိန်းတွေ့တော့" လောရိက ရိုးရိုးသားသား အကြံပေးလိုက်သည်။

ဖေးခွမ်က ရယ်လိုက်ပြီး "ကောင်းပြီ၊ မင်းရဲ့ကိစ္စကိုဘဲသတိရ။ ဟိုရက်ကဘဲ မင်း ရည်းစားနဲ့ပြတ်လာပြီးတော့ ကြွားလုံးထုတ်တာကို ရပ်လိုက်စမ်းပါ"

သူတကယ် စိတ်မဝင်စားတာကိုမြင်တော့ လောရိက ဆွဲဆောင်ဖို့ ပျင်းသွားသည်။

"ကောင်းပြီ၊ ဘယ်နေ့ဒီလူပျိုကြီး မီးထွန်းဖို့ ဆုံးဖြတ်လာမလဲ ဆိုတာ ငါစောင့်ကြည့်နေမယ်"

.......

လောရိက အမြန်လှုပ်ရှားလိုက်ပြီး ရက်အနည်းငယ်အကြာတွင် ဖေးခွမ် သူ့ဆီကနေ ဖုန်းကို လက်ခံရရှိလိုက်သည်။

"ဝိုး! ဒီတစ်ခါ ရှဲ့ဝမ်ထောင် အရမ်းများသွားပြီ။ ရှဲ့မိသားစုတော့ ပြီးသွားတော့မှာဘဲ!"

ဖေးခွမ်လည်း မအံ့သြပါချေ။ ကြီးကြီးမားမား အရှုပ်အထွေးသာ မဟုတ်ရင် ကျန်းမန်ဒီလိုမျိုး သူ့ပုံစံကနေ လွတ်ထွက်သွားမှာ မဟုတ်ချေ။

"အသေးစိတ်ပြောပြပေး" ဖေးခွမ်က ပြောလိုက်သည်။

လောရိက သဘောတူလိုက်ပြီး သူစုဆောင်းထားတဲ့ သတင်း‌တွေကို သေသေချာချာ ပြန်ပြောပြလိုက်သည်။

ဇာတ်လမ်းက ဒီလိုပင် - မကြာသေးမီက ရှဲ့ဝမ်ထောင်တစ်ယောက် ငွေများများရနိုင်သည့် အဆက်အသွယ်များရှိသည်ဟု ဆိုကာ "သူငယ်ချင်းတွေ" လို့ခေါ်သည့် သူငယ်ချင်းများစွာနှင့် မိတ်ဖွဲ့ခဲ့သည်။

ထို့ကြောင့် သူသည် ကြီးကြီးမားမား လောင်းကစားအကြွေးတွေကို စုဆောင်းဖို့ မကာအိုကို ရူးသွပ်စွာနှင့် ခရီးထွက်ခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ရှဲ့မိသားစုရှိ ကိစ္စတွေကို ချောမွေ့စေဖို့အတွက် သူတို့၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ထည့်ထားခဲ့ပေလိမ့်မည်။

"အဲ့ဒီလောက်လား?" ဖေးခွမ် "အချက်အလက်အတိအကျရှိလား?"

ရှဲ့မိသားစုသည် မကြာသေးမီနှစ်များအတွင်း ကျဆင်းလာခဲ့ပေမယ့် သူတို့အနေနဲ့ ချမ်းသာကြွယ်ဝဆဲဖြစ်သည်။ သူတို့ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်လောက်က သေးငယ်တဲ့ ပမာဏ မဟုတ်ပေ။

လောရိ - "သေချာတာပေါ့၊ ဒါက သိပ်ပြီး လျှို့ဝှက်စရာတော့ မရှိဘူး။ နည်းနည်းလောက် မေးကြည့်ရုံနဲ့ သိရမှာ။ အဲဒီနေ့မှာ ရှဲ့ မိသားစု အကြီးအကဲ ဒေါသနဲ့ ဆေးရုံတင်ထားရတဲ့အချိန် ရှဲ့ဝမ်ထောင် ကိုယ်တိုင် လူအများရှေ့မှာ ပြောခဲ့တာ။ ရှဲ့မိသားစုက ဒါကို ဖုံးကွယ်ထားလို့ မရဘူး"

"ဒါပေမယ့် ဒါက အဆိုးရွားဆုံး အခြေအနေတော့ မဟုတ်သေးဘူး။ နောက်ထပ် သတင်းတစ်ပုဒ်လည်း ငါကြားခဲ့သေးတယ်" လောရိက ဆိုလာသည်။

ဖေးခွမ်လည်း မေးလိုက်သည်။ "ဘာသတင်းလဲ?"

လောရိ - "ငါမင်းကိုပြောတဲ့ ပမာဏနဲ့ ပတ်သက်ရင် ဒါကအကုန်မဟုတ်ဘူး၊ တကယ်တော့ ရှဲ့ဝမ်ထောင်က တချို့ကိစ္စတွေကို ဖုံးကွယ်ထားသေးတယ်။ တကယ့်ပမာဏက ပိုတောင် ကြီးသေးတယ်။ ရှဲ့မိသားစုတစ်ခုလုံးရဲ့ ကြွယ်ဝမှုကတောင် အဲ့ဒါကို ဖုံးကွယ်ထားဖို့ မလုံလောက်ဘူး"

ဒါကြောင့် ရှဲ့မိသားစုက ဒီတစ်ခေါက်ပြီးသွားပြီဟု စောစောက သူပြောခဲ့တာဖြစ်သည်။

All Chapters