← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

ဝူရှုလန်က ရှင်းရှင်းလင်းလင်းကို နားလည်မှုလွဲနေပြီးဖြစ်ကာ ဖေးခွမ်က ရှင်းပြချင်ပေမယ့် တစ်ဖက်လူက သူ့ကို အခွင့်အရေး မပေးပါချေ။ သူမက စုန့်အာ့နန်ကိုင်တွယ်နိုင်သည်ထက် ပိုကာ စိတ်အားထက်သန်စွာနဲ့ မေးနေသည်။

စုန့်အာ့နန်မှာ နောက်ဆုံးတော့ အဆုံးစွန်ထိ ရှင်းပြနေပေမယ့် ဝူရှုလန်ကတော့ ခေါင်းညိတ်ကာ "အမ် ဟမ်၊ အမ်ဟမ်" ဆိုပြီး ပြောနေပေမယ့် သူမရဲ့အမူအရာနဲ့ စကားလုံးတွေကတော့ သူမ တကယ် နားမထောင်နေကြောင်း ရှင်းရှင်းလင်းလင်း ပြနေသည်။ သူမက ဖေးခွမ်ကို ဆက်ချီးမွမ်းနေကာ သူ့ကို စုန့်အာ့နန်ဆီ ရောင်းချဖို့ ကြိုးစားနေတဲ့ပုံပေါ်သည်။ အဆုံးမှာတော့ စုန့်အာ့နန်မှာ ဘာပြောရမှန်း မသိတော့ပေ။

ဒေါ်လေးဝူက သူတို့နှစ်ယောက်နဲ့ ခဏလောက် စကားစမြည် ပြောလိုက်သည်။ သူမ ထွက်သွားတဲ့အချိန် နားလည်မှုလွဲနေတာကို မရှင်းလင်းရသေးပေ။

စုန့်အာ့နန်က ဖေးခွမ်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ "ဒေါ်လေးဝူ နားလည်မှုလွဲသွားတာ၊ ကျွန်မတို့ ဘာလုပ်သင့်လဲ?"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြန်ဖြေလာသည်။ "အဆင်ပြေပါတယ်"

စုန့်အာ့နန် - "???"

အဆင်ပြေပါတယ် ဆိုတာက ဘာအဓိပ္ပါယ်လဲ?

ဒီလူအရမ်းလွန်တာပဲ။ စောစောကကျ ရှင်းပြဖို့ စိတ်မ၀င်စားဘဲ အခုကျ သူနဲ့ ဘာမှမဆိုင်သလိုဘဲ လုပ်နေတာ။

ဖေးခွမ်က စုန့်အာ့နန်ရဲ့ မကျေနပ်မှုကို သတိမထားမိတဲ့ပုံပင်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒါကို စိတ်ထဲမထားနဲ့။ ဒေါ်လေးဝူက တကယ်စိတ်အားထက်သန်တာ"

"ဒေါ်လေးဝူနဲ့ ဦးလေးလီက ကိုယ့်အပေါ် အရမ်းကြင်နာတာ။ ကိုယ့်အဖေ ဆုံးသွားတဲ့နောက်ပိုင်း အထူးသဖြင့် ကိုယ့်အမေ နောက်အိမ်ထောင်ပြုသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ကို ကောင်းကောင်းဂရုစိုက်ခဲ့တယ်။ ဒေါ်လေးဝူက ကိုယ့်အတွက် စိတ်မကောင်းဖြစ်ပြီး အဲဒီတုန်းက ကိုယ့်ကို ပိုဂရုစိုက်ခဲ့တာ။ သူက အရသာရှိတဲ့ အစားအသောက်တွေ ချက်ပြီး ကိုယ့်ဆီ ယူလာပေးတယ်၊ မုန့်ဖိုးလည်း အမြဲပေးတယ်"

ဝူရှုလန်က ဖေးခွမ်၏ ဘဝတွင် မိခင်တစ်ဦးအဖြစ် အချိန်အတော်ကြာအောင် ပြုမူခဲ့သည်ကို ပြောနိုင်သည်။

“ကိုယ် ဖျော်ဖြေရေးလောကထဲ စဝင်တော့ နောက်ပိုင်းမှာ သူတို့ ကိုယ့်ကို မကြာခဏ ခေါ်ကြသေးတယ်။ အထူးသဖြင့် ဒေါ်လေးဝူပေါ့။အဲ့ဒီတလော နှစ်တွေတုန်းကဆို ကိုယ်အသက်ကြီးလာတာနဲ့ အမျှ သူက ကိုယ့်ရဲ့ နေထိုင်ရေးအတွက် အထူးတလည် စိတ်ပူခဲ့တယ်။ သူကိုယ့်ကို ဂရုစိုက်တယ်ဆိုတာ ကိုယ်သိတဲ့အတွက် သူ့ရည်ရွယ်ချက်ကောင်းတွေကို ကိုယ် မငြင်းချင်ဘူး။ကိုယ်က သူ့ကို စကားစမြည်ပြောခွင့်ပေးပြီး နားထောင်ပေးတယ်...."

စုန့်အာ့နန်မှာ ဖေးခွမ်ရဲ့အတိတ်အကြောင်းပြောတာကို နားထောင်ရင်း၊ သူမကိုယ်တိုင်လည်း အဲ့ဒါနဲ့ပတ်သက်ပြီး တဖြည်းဖြည်း နှစ်မြှုပ်သွားသည်။

"ဟုတ်တယ် ကျွန်မရဲ့ ယောင်းမနဲ့ အစ်ကိုလည်း တစ်ခါတလေ တကျီကျီလုပ်တတ်တယ်၊ လင်းချွမ်ရောဘဲ 'ဒါကိုမလုပ်နဲ့၊ အဲ့ဒါမလုပ်နဲ့' ဆိုပြီးတော့လေ။ ဒါပေမယ့် သူတို့က ကျွန်မကို ချစ်တာ သိပါတယ်၊ ဒါကြောင့် သူတို့က ကျွန်မကို သိပ်တင်းကြပ်တယ်လို့ မထင်ဘူး” သူမက ပြောလိုက်သည်။

ပြောပြီးတာနဲ့ သူမက အမျှော်အမြင်ရှိရှိနဲ့ ခေါင်းညိတ်လိုက်သည်။

ဖေးခွမ်ရဲ့ မျက်လုံးတွေက မသိလိုက်ပါဘဲနဲ့ ရယ်မောရိပ်တွေ သန်းသွားသည်။ စကားပြောရင်းနဲ့ သူ့အသံက နူးညံ့လာသည်။ "ကိုယ်ရောဘဲ။ အနာဂတ်မှာ မင်း ကိုယ့်ကို တကျီကျီလုပ်ပြီး စည်းကမ်းတင်းကျပ်ရင် ကိုယ်နားလည်ပါတယ်"

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။ ရုတ်တရက် ဘာလို့ သူမ သူ့ကို တကျီကျီလုပ်တဲ့အကြောင်း ပြောလာရတာလဲ?

ပြီးတော့ ဒီ "နားလည်ပါတယ်" ကလည်း ဘာဆိုင်လို့လဲ?

ခဏနေဦး နားလည်မှုနဲ့ ပတ်သက်ပြီး စောစောက ပြောခဲ့တာတွေက သူမကို ချစ်ကြောင်း ရည်ညွှန်းတာ၊ ဒီတော့...

စုန့်အာ့နန် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ ဖေးခွမ်က အဲ့ဒီလိုမျိုးမဆိုလိုကြောင်း သူမ သိပေမယ့် ဒါက သူမကို အဆင်မပြေဖြစ်စေသည်။

ဒေါ်လေးဝူက စွပ်ပြုတ်ယူလာပေးပေမယ့် မနက်စာလည်း ယူလာပေးသည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်လည်းဆေးကြောလို့ပြီးတော့ စတင်စားသောက်ကြသည်။

စုန့်အာ့နန်က ဖေးခွမ်အတွက် စွပ်ပြုတ်တစ်ပန်းကန်လောင်းထည့်ပေးလိုက်ပြီး ဘေးနားမှာပေါက်စီထိုင်စားနေလိုက်သည်။

ဖေးခွမ်က ပန်းကန်ထဲမှာ နည်းနည်းပါးပါးမွှေရင်းစွပ်ပြုတ်ကို အေးအောင်လုပ်နေသည်။ "မင်းဘယ်တော့ပြန်မှာလဲ? မင်းအတွက် ဒီနေ့နေ့လည်လေယာဉ်လက်မှတ်ကို လျှိုဟောက်နဲ့ဝယ်ခိုင်းလိုက်မယ်"

မော့တောင် မကြည့်လာဘဲစုန့်အာ့နန်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ "ကျွန်မ မပြန်ဘူး"

ဖေးခွမ်က ဇွန်းကို ချလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ပြောပြလိုက်သည်။ "ကိုယ် အဆင်ပြေနေပါတယ်၊ မင်းကိုယ်တိုင် မြင်တာဘဲ၊ တစ်ပတ်အတွင်း ကိုယ်ဆေးရုံက ဆင်းလို့ရတယ်လို့ ဆရာဝန်လည်း ပြောခဲ့တယ်။ မင်း ဒီမှာ ကိုယ်နဲ့ ဆက်နေပေးဖို့ တကယ် မလိုပါဘူး"

စုန့်အာ့နန်က သူမပေါက်စီရဲ့နောက်ဆုံးတစ်လုပ်ကိုစားလိုက်ကာ မော့ကြည့်လိုက်ပြီး ပြောလာသည်။ "ကျွန်မလည်း ရှင်နဲ့ဒီမှာ တစ်ချိန်လုံးနေဖို့ မစီစဉ်ထားပါဘူး"

ဖေးခွမ် - "..."

ကောင်းပါပြီ၊ သူ့ကိုယ်သူ အထင်ကြီးမိသွားတာပဲ။

"ဒါဆို ဘယ်တော့ပြန်မှာလဲ?" သူက မေးလိုက်သည်။

စုန့်အာ့နန်က မျက်မှောင်ကြုတ်ကာ မကျေမချမ်းနဲ့ပြောလာသည်။ "ကျွန်မကို ဘာလို့ ဒီလောက်ထိ မောင်းထုတ်ချင်နေရတာလဲ?"

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ရှင်းပြလိုက်သည်။ "ကိုယ်မင်းကို မောင်းထုတ်ချင်တာ မဟုတ်ပါဘူး၊ မင်းအလုပ်မှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"

ဆေးရုံမှာ အလုပ်သင်လုပ်ရတာ ဘယ်လောက်တောင် အလုပ်ရှုပ်လဲဆိုတာကို သူနားလည်သည်။ သူမ အလုပ်နဲ့ စာသင်ချိန်တွေ နှောင့်နှေးသွားမှာကို သူတကယ် စိုးရိမ်သည်။

စုန့်အာ့နန်က သူ့ကို စက္ကန့်နည်းနည်းလောက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သသည်။ "စိတ်မပူပါနဲ့၊ အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး"

"ကျွန်မ ခွင့်ယူထားတယ်။ ကျွန်မရဲ့ အကြံပေးဆရာက ကျွန်မကို အားလပ်ရက် လေးရက်ပေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မပြန်သွားရင်လည်း ဘာမှမလုပ်ရမယ့်အတူတူ ဒီကို‌ရောက်နေပြီဆိုမှတော့ နောက်ထပ်ရက်နည်းနည်းလောက် နေလိုက်မယ်"

ဖေးခွမ် ခပ်တိုးတိုးရယ်လိုက်သည်။ သူမ ပြန်သွားရင်တောင် အပြောင်းအလဲ လုပ်လို့ရသည်။ သူမ အမှန်တကယ် ပျင်းနေမည် မဟုတ်ပေ။

ဒါပေမယ့် ကောင်မလေးရဲ့ ကြင်နာမှုကိုလည်း သူသိတဲ့အတွက် သူမရဲ့အဖြူရောင် မုသားကို သူ မထောက်ပြတော့ပေ။

"ကောင်းပါပြီ ကိုယ့်ကို ဂရုစိုက်ပေးလို့ မင်းကို ကျေးဇူးတင်ပါတယ်"

-

မနက်ခင်း ဒေါ်လေးဝူ ပြန်သွားတုန်းက သူမက ဖေးခွမ် ဆေးရုံတက်နေတုန်း သူမအိမ်မှာပဲ ထမင်းချက်ပြီး မနက်စာ၊ နေ့လယ်စာနဲ့ ညစာအတွက် ပို့ပေးမယ်လို့ ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။ သူမက အပြင်စာတွေက သန့်ရှင်းမှုမရှိဘူးလို့ ပြောပြီး သူမတို့ကို အပြင်ကနေ မှာမစားစေချင်ပေ။

ဒါပေမယ့် နေ့လည်စာ လာပို့တော့ ဒေါ်လေးဝူ မဟုတ်ဘဲ သူမရဲ့သမီးလီရှောင်ရှန်းဖြစ်သည်။

လီရှောင်ရှန်းဟာ ဒီနှစ်တွင် အသက် 19 နှစ်ရှိပြီး တက္ကသိုလ်တက်နေသည်။ သူမက ခုနစ်ရက်ကြာ အမျိုးသားနေ့ အားလပ်ရက်အတွက် အိမ်ကိုပြန်ရောက်လာပြီး နောက်တော့ ကျေးလက်မှာရှိတဲ့ အဖွားအိမ်ဆီ တိုက်ရိုက်သွားခဲ့သည်။

"အစ်ကို ဖေးခွမ်၊ ဒီမနက် ညီမအမေက အစ်ကိုဒဏ်ရာရသွားတယ်လို့ ဖုန်းကနေ ပြောသံကြားလို့ အဖွားဆီကနေ ချက်ချင်းပြန်ပြေးလာတာ။ ညီမ ဘယ်လောက်တောင်သစ္စာရှိလိုက်သလဲ ဟင်?" လီရှောင်ရှန်းက ပြုံးဖြဲဖြဲနဲ့ပြောလာသည်။

ဖေးခွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "အိုး? မင်းငါ့ကို အရမ်းဂရုစိုက်မှန်း မသိခဲ့ဘူး"

လီရှောင်ရှန်းက နှစ်ခါလောက် ရယ်လိုက်သည်။ "ဒါပေါ့၊ ညီမမှာ ဖုံးကွယါထားတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်။ ညီမပြန်လာတာက ညီမရဲ့ idol ကိုကြည့်ချင်လို့လေ"

အခန်းတဝိုက်ကို သူမလှည့်ပတ်ကြည့်ပြီးတော့ မေးလိုက်သည်။ “ညီမရဲ့ အန်တီလေး ဘယ်မှာလဲ? မား မနက်တုန်းက သူမကိုတွေ့လိုက်တယ် မဟုတ်လား?"

လီရှောင်ရှန်းဟာ စုန့်အာ့နန်ရဲ့ အမာခံဖန်ဖြစ်ကြောင်း ဖေးခွမ်သိသည်။ ဒါကြောင့် သူသိပ်မအံ့သြပါချေ။

"သူက ဆရာဝန်ကို တစ်ခုခုမေးဖို့သွားတယ်၊ ခဏနေရင် ပြန်လာလိမ့်မယ်"

ဖေးခွမ် စကားမဆုံးသေးခင် စုန့်အာ့နန်က တံခါးဖွင့်ကာဝင်လာသည်။

အခန်းထဲတွင် မရင်းနှီးတဲ့ လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရတော့ စုန့်အာ့နန်မှာ ခဏရပ်သွားပြီး ဖေးခွမ်ကို အလိုလိုကြည့်လိုက်မိသည်။

ဖေးခွမ်က ပြုံးပြီး ရှင်းပြလိုက်သည်။ "ဒါက ဒေါ်လေးဝူရဲ့ သမီး လီရှောင်ရှန်း"

လီရှောင်းရှန်းတစ်ယောက် စုန့်အာ့နန်ကိုတွေ့လိုက်ရတော့ အရမ်းစိတ်လှုပ်ရှားသွားသည်။ သူမက ခြေလှမ်းကြဲကြဲနဲ့ စုန့်အာ့နန်ဆီ အပြေးသွားလိုက်သည်။ "အန်တီလေး ဟိုင်း! ညီမက အန်တီလေးရဲ့အမာခံဖန်ပါ!"

စုန့်အာ့နန်မှာ အခုထိ မတုံ့ပြန်နိုင်သေးပေ။ "အိုး၊ တွေ့ရတာဝမ်းသာပါတယ်"

ဖေးခွမ် က ပြုံးလိုက်ပြီး "ကောင်းပြီ ရှောင်ရှန်း၊ သူ့ကို လန့်အောင်မလုပ်နဲ့"

ပြီးတော့ သူက စုန့်အာ့နန်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ "လက်သွားဆေးလိုက် ပြီးရင် နေ့လယ်စာ လာစား"

လီရှောင်ရှန်းကလည်း အမြန်ပြောလာသည်။ "ဟုတ်တယ်၊ ဟုတ်တယ် အန်တီလေး၊ ညီမအမေ ဝက်သားပြုတ်လုပ်ထားပေးတယ် အရမ်းအရသာရှိတာ၊ မြန်မြန်လာ"

ဒေါ်လေးဝူရဲ့ ကျွမ်းကျင်မှုမှာ ဂုဏ်သတင်းနှင့်အတူ ကိုက်ညီလှသည်။ စုန့်အာ့နန်ကတော့ ကျေကျေနပ်နပ်နဲ့ကိုစားလိုက်သည်။

ဒါပေမယ့် ဖေးခွမ် ကတော့ဒါကို စားလို့မရချေ။ သူက ခွဲစိတ်မှု ခံယူထားတာမို့ ပေါ့ပေါ့ပါးပါး အစာစားဘဲ စားလို့ရသည်။ ဆိုလိုသည်မှာ ဒေါ်လေးဝူက မတူကွဲပြားသည့် အစားအစာနှစ်မျိုးကို အမှန်တကယ် ပြင်ဆင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

စုန့်အာ့နန်က အဲဒါအတွက် တော်တော်စိတ်မကောင်းဖြစ်မိသွားသည်။ လီရှောင်ရှန်းကနေတဆင့် ဒေါ်လေးဝူကို သူမအတွက် အစားအသောက်တွေ ပြင်စရာ မလိုဘဲ သူမဘာသာ မှာစားလို့ရတယ်လို့ ပြောခိုင်းစေချင်သည်။

ဒါပေမယ့် လီရှောင်ရှန်း ကတော့ ဒီအကြံကို ငြင်းဆိုခဲ့သည်။ သူမအမေက အဲဒါကို လုံးဝသဘောမတူဘူးလို့ ပြောပြီး စုန့်အာ့နန်အတွက် အိမ်မှာစားသလောက်ဘဲရှိတာမို့ ဒုက္ခမဖြစ်သလို၊ တူတစ်စုံ ပိုလာရုံပဲလို့ပြောလာသည်။

စုန့်အာ့နန်လည်း ထပ်ပြီးအတင်းအကြပ် ပြောနေရင် မကောင်းတော့ဘူးလို့ ခံစားလိုက်ရသည်။

"ရှောင်ရှန်း မင်း ဒီနေ့နေ့လည်ပိုင်း အားလား?" ဖေးခွမ် က မေးလိုက်သည်။

လီရှောင်ရှန်းက ပြန်ဖြေလာသည်။ "ဟင့်အင်း၊ ဘာဖြစ်လို့လဲ?"

ဖေးခွမ် - "မင်းကို အကူအညီတောင်းဖို့၊ အာ့နန်က ဒီကိုအလျင်စလိုလာခဲ့ရတော့ လဲဝတ်ဖို့ အဝတ်အစားတွေ မပါလာခဲ့ဘူး။ မင်းကို သူနဲ့ဈေးဝယ်ထွက်ခိုင်းချင်လို့"

လီရှောင်ရှန်းက ဒီဟာကိုကြားတော့ သဘာဝအတိုင်း အဆင်သင့် သဘောတူလိုက်သည်။

ဒါကနောက်တာမဟုတ်‌ပေ၊ အန်တီလေးနဲ့အတူ စျေးဝယ်ထွက်ရမှာက သူမလုပ်စရာရှိတာထက် ပိုပျော်စရာကောင်းတဲ့ အရာပင်။

ကံကောင်းစွာနဲ့ပဲ ဆေးရုံအနီးမှာ ကုန်တိုက်တစ်ခုရှိသည်။ နေ့လည်စာစားပြီးတာနဲ့ နှစ်ယောက်သား ချက်ခြင်းသွားကြသည်။

ကုန်တိုက်က သိပ်မကြီးပေမယ့် စုန့်အာ့နန်ကလည်း လိုက်ပတ်ဝယ်ဖို့မရှိပေ။ ကုန်တိုက်ထဲ ဝင်လိုက်တာနဲ့ သူမရဲ့ပန်းတိုင်က အရမ်းရှင်းလင်းသည်။ သူမက ကြုံရာ အဝတ်အစား နှစ်စုံကို ဝယ်ပြီးတာနဲ့ ပြီးသွားသည်။

ငွေပေးချေတဲ့အထိ အရာအားလုံးက အံ့သြစရာကောင်းလောက်အောင် မိနစ် ၂၀ တောင် မပြည့်တဲ့အတွက် လီရှောင်ရှန်းမှာ မျက်လုံးတွေတောင် ပြူးသွားရသည်။

"အန်တီလေး၊ နောက်ထပ် လိုက်ပတ်မကြည့်ချင်တော့တာ သေချာလား?" သူမမေးလိုက်သည်။

စုန့်အာ့နန်လည်း ခေါင်းခါလိုက်သည်။ သူမတို့ထွက်လာတုန်းကတော့ လျှိုဟောက်နဲ့ တခြားသူတွေ ရောက်မလာသေးပေ။ ခုတော့ သူတို့ဆေးရုံကိုရောက်နေပြီလား မရောက်သေးဘူးလားဆိုတာ သူမ မသိပေ။

ဖေးခွမ်ကို တစ်ယောက်တည်း အခန်းထဲမှာ ထားခဲ့ရတာက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။

လီရှောင်ရှန်းလည်း သူမ၏ စိုးရိမ်မှုကို သဘာဝအတိုင်းမြင်နေရသည်။ " အန်တီလေး၊ စိတ်မပူပါနဲ့။ အစ်ကိုလောရိက သူဆေးရုံရောက်နေပြီလို့ မက်ဆေ့ပို့ထားတယ်၊ ဒါကြောင့် ညီမတို့ အလျင်စလိုပြန်စရာမလိုပါဘူး"

ဒါကိုကြားတော့ စုန့်အာ့နန်လည်း စိတ်အေးသွားသည်။

ဒါပေမယ့် အခုက အားလုံးဝယ်ပြီးသွားပြီဆိုတော့ လှည့်ပတ်ကြည့်ဖို့ မလိုအပ်တော့ပေ။ ဒါ့အပြင် သူမက စျေးပတ်ဝယ်ရတာကိုလည်း လုံးဝသဘောမကျပါချေ။

လီရှောင်ရှန်းက ပြောလာသည်။ "ဒါဆို ဟိုက နို့လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ကြရအောင်။ အခုနေပြန်သွားရင် အစ်ကိုဖေးခွမ်က အန်တီလေးကို ကောင်းကောင်းလိုက်မပြလို့ ညီမကိုဆူမှာ သေချာပေါက်ဘဲ"

စုန့်အာ့နန်နဲ့ လီရှောင်ရှန်းတို့လည်း နို့လက်ဖက်ရည်ဆိုင်ဆီ ရောက်လာကြသည်။ နေ့လည်စာစားချိန်မို့ ဆိုင်က လူသိပ်မများပေ။ နံရံဘေးက စားပွဲတစ်လုံးကိုတွေ့ တော့ ထိုင်လိုက်ကာ တစ်ယောက်ကို နို့လက်ဖက်ရည်တစ်ခွက် မှာလိုက်သည်။

လီရှောင်ရှန်းက တက်ကြွပြီး အရမ်းကိုစိတ်အားထက်သန်နေသည်။ သူမက စုန့်အာ့နန် ကို ထူးထူးခြားခြား ကြည့်လိုက်ပြီး မေးလိုက်သည်။ "အန်တီလေး၊ အခု အစ်ကိုဖေးခွမ်နဲ့ တွဲနေတယ်လို့ ညီမအမေဆီက ကြားတယ်"

ဒါကိုကြားတော့ စုန့်အာ့နန် နင်သွားသည်။ သူမ လက်ကို အမြန် ဝှေ့ယမ်းလိုက်ပြီး ရှင်းပြလာသည်။ "မဟုတ်ဘူး ဒေါ်လေးဝူက နားလည်မှု လွဲနေတာ။ အစ်မတို့က ဒီလိုဆက်ဆံရေးမျိုး မဟုတ်ဘူး"

လီရှောင်ရှန်းက ခဏလောက် အံ့အားသင့်သွားသည်။ "မားက နားလည်မှုလွဲနေတာလား?"

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။

နောက်ထပ် ရှင်းပြရမဲ့နည်းလမ်းကို သူမတွေးနေချိန်မှာပဲ လီရှောင်ရှန်းက စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဟူး၊ မားက ညီမကိုခြောက်နေတာဘဲ။ အန်တီလေးတို့ တွဲနေကြတာ မဟုတ်တာ ကောင်းတယ်"

စုန့်အာ့နန်က လီရှောင်ရှန်းပြောချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ပေ။

လီရှောင်ရှန်းက ရှင်းပြလာသည်။ "အန်တီလေး၊ ညီမကို အထင်မလွဲနဲ့နော်။ ညီမက အန်တီလေး နစ်နာမှာစိုးလို့"

စုန့်အာ့နန်မှာ အံ့အားသင့်သွားသည်။ "နစ်နာမှာစိုးလို့?"

လီရှောင်ရှန်းက လေး‌လေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး "ညီမပြောမယ်၊ အစ်ကိုဖေးခွမ်က အပေါ်ယံမှာ လွယ်ကူတဲ့ပုံပေါက်ပေမယ့် တကယ်ကို တွက်ချက်တတ်တဲ့သူ။ သာမန်လူတွေဆို သူ့ကို မယှဉ်နိုင်ဘူး"

စုန့်အာ့နန် နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး ရုတ်တရက် ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။

"ဒါပေါ့၊ အစ်ကိုဖေးခွမ်ကို လူဆိုးလို့ ပြောတာမဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ သူက တကယ် ကောင်းပါတယ်...."

လီရှောင်ရှန်းမှာ ဖေးခွမ်ရဲ့ကောင်းကွက်တွေကို စာရင်းပြုစုဖို့ အတော်ကြာ တွေးတောလိုက်ရသည်။ ပြောနေရင်းနဲ့ မူလက သူမ ပြောချင်တဲ့ဟာကိုတောင် မေ့သွားသည်။

ဘယ်လိုဘဲဆိုဆို သူမက အမြဲတမ်း စကားပြောဆိုတတ်ပြီး ဘယ်အကြောင်းအရာကိုမဆို ပြောနိုင်သည်။ စုန့်အာ့နန်ကတော့ ဖေးခွမ်နဲ့ပတ်သက်တာကြောင့် စိတ်အနှောင့်အယှက်မဖြစ်ပါချေ။

"အိုး ဟုတ်သားဘဲ၊ ညီမ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် အန်တီလေး။ ညီမ ငယ်ငယ်ကဆို အစ်ကိုဖေးခွမ်ကို တကယ် မကြိုက်ဘူး" လီရှောင်ရှန်းက ပြောလာသည်။

စုန့်အာ့နန် အံ့သြသွားသည်။ "ဘာဖြစ်လို့လဲ?"

လီရှောင်ရှန်း - "ညီမ ငယ်ငယ်တုန်းက အတန်းထဲမှာ အဆင့်တွေက အသင့်အတင့်ရှိတယ်။ ဒါပေမယ့် ညီမမိဘတွေက သူ့ကို စံနမူနာအဖြစ်သုံးပြီး အိမ်မှာ ညီမကိုအမြဲ ဆူပူတာ။ ဘယ်လိုလုပ် သူ့ကို သဘောမကျ မဖြစ်ဘဲ နေနိုင်မှာလဲ?"

စုန့်အာ့နန်က မေးလိုက်သည်။ "အရင်တုန်းက သူ့အမှတ်တွေက အရမ်းကောင်းတာလား?"

လီရှောင်ရှန်းက အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။ "အရမ်းကောင်းတာ! သူသာ ဖျော်ဖြေရေးနယ်ပယ်ထဲ မ၀င်ဘူးဆိုရင် အန်တီလေးရဲ့ကျောင်းနေဖက်တောင် ဖြစ်နေနိုင်တယ်လို့ ညီမခံစားရတယ်"

စုန့်အာ့နန် နည်းနည်း အံ့သြသွားသည်။ ဖေးခွမ်က သူ့ရဲ့ ကျောင်းတုန်းက ကိစ္စနဲ့ပတ်သက်ပြီး သူမကို တစ်ခါမှမပြောပြခဲ့ဖူးပေ။

"အစ်ကိုလောရိကတော့ သူကထူးချွန်ပြီး သူတို့ကျောင်းက ပြုစုပျိုးထောင်ထားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်လို့ ပြောတယ်။ ဟုတ်သားဘဲ၊ အန်တီလေးက အသက် ၁၅ နှစ်မှာ တက္ကသိုလ်တက်ခဲ့တာဘဲ။ အစ်ကိုဖေးခွမ်ရဲ့ မိသားစုအခြေအနေ အပြောင်းအလဲကြောင့်သာ မဟုတ်ရင် သူလည်း အသက် ၁၆ နှစ်မှာတက္ကသိုလ်တက်နေရမှာ။ သူ ၁၂ တန်းတက်မယ့်အချိန်မှာ ကျောင်းထွက်ခဲ့တာ …”

ဖေးခွမ်ဟာ ရွေးချယ်စရာမရှိဘဲ ကျောင်းမှထွက်ကာ ဖျော်ဖြေရေးလောကထဲ ဝင်ခဲ့တာလို့ စုန့်အာ့နန် သိခဲ့ရပေမယ့် သူ့ရဲ့အတိတ်အကြောင်းကို ကြားရတော့ သူမစိတ်မသက်မသာဖြစ်မိသည်။

"ဒါပေမယ့် ကိစ္စမရှိပါဘူး။ အဖေပြောသလိုပဲ အစ်ကိုဖေးခွမ်ရဲ့ ဦးနှောက်နဲ့ဆို သူက ဘယ်နေရာမှာမဆို အောင်မြင်နိုင်တယ်" လီရှောင်ရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စုန့်အာ့နန် ခေါင်းနည်းနည်း ညိတ်လိုက်သည်။ စုန့်လင်းချွမ်လည်း ဒီလိုမျိုးပြောဖူးသည်။

"ညီမ အန်တီလေးကို ပြောပြမယ်၊ အစ်ကိုဖေးခွမ်က ကျောင်းမှာ ဒဏ္ဍာရီလာ ရုပ်ချောတဲ့သူဘဲ။ ချောတယ်၊ အတန်းပညာလည်း ထူးချွန်တယ်။ အထက်တန်းတက်တုန်းကဆို ကျောင်းမှာ သူ့အကြောင်း အတင်းအဖျင်း အမျိုးမျိုး ပြောကြသေးတယ်"

စုန့်အာ့နန်လည်း သိချင်စိတ်နဲ့မေးလိုက်သည်။ “ဘာအတင်းအဖျင်းတွေလဲ?"

လီရှောင်ရှန်းက နှစ်ခါလောက် ကျွတ်သတ်လိုက်ပြီး "ဒါပေါ့၊ ချိန်းတွေ့တဲ့အတင်းအဖျင်းတွေ"

"ညီမ တိတ်တိတ်လေးပြောပြမယ်၊ အရင်တုန်းက သူတို့အတန်းရဲ့အလှလေးက ဒီတစ်လော အစ်ကိုဖေးခွမ်ရဲ့ အဆက်အသွယ် အချက်အလက်ကို လိုချင်နေတယ်လို့ အစ်ကိုလောရိပြောတယ်။ သူမက သူတို့ရဲ့ အတိတ်က ဆက်ဆံရေးကို ပြန်စချင်လို့တဲ့"

စုန့်အာ့နန်က သူမရဲ့ နို့လက်ဖက်ရည်ကို သောက်လိုက်သည်။ သူတို့ရဲ့ ဆက်ဆံရေးကို ပြန်စချင်တယ်တဲ့လား? ဆိုလိုတာက သူတို့အရင်က ချိန်းတွေ့ဖူးတာဖြစ်မယ်...

-

ဆေးရုံတွင်

ဖေးခွမ်က သူ့ဘေးနားရှိ လောရိကို စိုက်ကြည့်လိုက်သည်။ "ငါ့ကိုလာတွေ့ဖို့ မင်း ဘယ်သူ့ကို ပြောလိုက်တာ?"

လောရိ - "ဖန့်ယီကျင့်လေ။ ဟိုတလောက အတန်းရဲ့အလှလေးက မင်းရဲ့အဆက်အသွယ် အချက်အလက်တွေ ငါ့ကိုလာမေးတယ်လို့ ငါပြောတယ်လေ မှတ်မိလား? မင်းမေ့နေပြီလို့ လာမပြောနဲ့နော်"

ဖေးခွမ်ရဲ့ မျက်ခုံး‌တွေ တွန့်ချိုးသွားသည်။ သေချာတာတော့ သူ မမေ့ပေမယ့် သူမ လာတွေ့ချင်တာကိုတော့ သူနည်း အံ့သြသွားမိသည်။

လောရိ - "ငါ့ကို ဒီလို လာမကြည့်နဲ့။ တစ်စုံတစ်ယောက်က အတန်းဖော်ဟောင်းတစ်ယောက်ဆီကို လာလည်ချင်နေတဲ့ဟာကို ငါက ဘယ်လိုတားရမှာလဲ?"

ဖေးခွမ်က မေးလိုက်သည်။ "ငါ ဆေးရုံရောက်နေမှန်း သူဘယ်လိုသိတာလဲ?"

လောရိက ပခုံးတွန့်လိုက်ပြီး "ဘယ်လိုတောင်တိုက်ဆိုင်လိုက်သလဲ။ သူ့ဦးလေးက ဒီဆေးရုံက ဆရာဝန်တစ်ယောက်လို့ ကြားတယ်။ အထဲက အချက်အလက်တွေကြောင့်ဖြစ်မယ်"

နောက်တော့ သူ့ဖုန်းက မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်ပြီး "အင်း၊ သူအခု ဆေးရုံဝင်ပေါက်ကို ရောက်နေပြီ၊ ဒီတော့ မင်း သူနဲ့တွေ့ချင်လား မတွေ့ချင်ဘူးလား?"

All Chapters