← Chapters

အခန်း (၉၆)

Vol. 8 Ch. 96

အခန်း (၉၆)

Vol. 8 Ch. 96

လီတုန်က မြန်မြန်ဆန်ဆန် လုပ်လိုက်သည်။ ဝါရင့်မန်နေဂျာ တစ်ယောက်အနေနဲ့၊ သူရရှိထားတဲ့ အချက်အလက်များကို ထုတ်ပြန်ဖို့ အသင့်လျော်ဆုံးနည်းလမ်းကိုလည်း သဘာဝအလျောက် သူသိသည်။

အရင်ဆုံး သူက ဖေးခွမ်၊ ကျန်းမန်နဲ့ ရှဲ့မိသားစုကြားရှိ ဆက်နွယ်မှုများကို ဖော်ထုတ်ဖို့ သူတို့နဲ့ ပူးပေါင်းမည့် စျေးကွက်ရှာဖွေရေးအကောင့်များကို ရှာဖွေတွေ့ရှိခဲ့သည်။

နောက်တော့ အင်တာနက်ပေါ်ရှိ ရေတပ်များ၏ လမ်းညွှန်မှုဖြင့် လွန်ခဲ့သည့် နှစ်နှစ်က ဖေးခွမ်နှင့် ရှဲ့ယင်းတို့၏ အချစ်ရေး ထုတ်ဖော်ခဲ့သည်။

သိပ်အသေးစိတ် မကျပေမယ့် ဒီအကြောင်းအရာဟာ မူလက ကျန်းမန်ရဲ့ အကြံအစည်ဖြစ်ကြောင်းနဲ့ သူမဟာ ဖေးခွမ်ဆီ ချဉ်းကပ်ခဲ့ပြီး လုပ်ခိုင်းခဲ့ကြောင်းကို အလေးပေးဖော်ပြထားသည်။

သေချာပေါက်ကိုဒါက မလုံလောက်ပါချေ။ ရှဲ့ဝမ်ထောင်မှာ လောင်းကစားအကြွေး အများကြီးရှိနေကြောင်း အတွင်းသိများမှတဆင့်လည်း ပေါက်ကြားအောင်လုပ်လိုက်သည်။

ကျန်းမန်ရဲ့ ထုတ်ဖော်ချက်တွေ ရုတ်တရက် ထွက်လာရတဲ့ အကြောင်းအရင်းကတော့ ဖေးခွမ်ဟာ သူတို့ရဲ့ အကြွေးတွေကို ကူဆပ်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် သူမရဲ့ ပြင်းထန်တဲ့ အပြုအမူကို ဖြစ်ပေါ်စေခဲ့တာလို့ ကောက်ချက်ချခဲ့ကြသည်။

ဒီကိစ္စရပ်အားလုံးကို ချိတ်ဆက်လိုက်ရင် ဖေးခွမ်နဲ့ သူ့ရဲ့အေဂျင်စီက ဘာကိုမှ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် အွန်လိုင်း‌ပေါ်ရှိ လူထုအမြင်ဟာတော့ ပြောင်းသွားခဲ့သည်။

လူတိုင်းရဲ့အာရုံက ချက်ချင်းပြောင်းသွားပြီး စိတ်ကူးစိတ်သန်း အနည်းငယ်ဖြင့် ကိစ္စ၏ အဓိကအကျဆုံးအချက်ကို အခြေခံကျကျခန့်မှန်းကြတော့သည်။

[Holy crap! ဒါကအမှန်ဘဲလား? ဖေးခွမ်ရဲ့အမေက မယုံနိုင်စရာဘဲ၊ သူက သူ့ရဲ့လင်ပါသမီးအတွက် သူ့သားရဲ့အနာဂတ်ကို တကယ် ဖျက်ဆီးပစ်တယ်]

[ငါသိလိုက်ပြီ၊ သူ့အမေက သူ့သားကို ဘာလို့ရုတ်တရက်ကြီး ထုတ်ပြောလာတာလဲလို့ တွေးနေမိတာ။ အခုတော့အဓိပ္ပါယ်ရှိသားဘဲ]

[ပြောစရာစကားတောင် မရှိတော့ဘူး၊ ဖေးခွမ် ဒီလိုအမေမျိုးနဲ့ဆုံရတာ သူ့အတိတ်ဘဝတုန်းက မကောင်းတာလုပ်ခဲ့လို့ထင်တယ်]

[လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ရဲ့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲချော်နေတယ်လို့ ငါအမြဲထင်ခဲ့တာ အံ့သြစရာမရှိတော့ဘူး]

[မှန်တယ်၊ အစကနေ အဆုံးထိ အကျိုးအမြတ်ရသွားတဲ့သူက ရှဲ့ယင်းပဲ။ ဖေးခွမ်ရဲ့ အသက်မွေးဝမ်းကြောင်းကျတော့ ပျက်စီးလုနီးပါးဖြစ်ခဲ့ရတယ်။ အခုပြန်စဥ်းစားကြည့်ရင် အားလုံးက သံသယဖြစ်စရာတွေကြီးပဲ]

[ပြောရရင် ဖေးခွမ်က သူတို့ကို ပိုက်ဆံနည်းနည်းလေးမှမပေးတာ နည်းနည်းအေးစက်မနေဘူးလား? ဘာဘဲဖြစ်ဖြစ် သူ့အမေဘဲလေ]

[သူက ဘာလို့လုပ်ပေးရမှာလဲ? နင့်ရဲ့လက်ရှိသမီးအတွက် အပေါက်တွေဖြည့်ဖို့ နင့်သားရဲ့ပိုက်ဆံကိုသုံးမယ်လား? သူ့ဦးနှောက်မှာ တစ်ခုခုမှားနေပြီထင်တယ်]

[ဟားဟား၊ ဒီမှာ နောက်ထပ် လဲ့ရှန်ဗုဒ္ဓကြီး!]

[ငါသိတယ်၊ တစ်ချို့လူတွေက တကယ်အရှက်မရှိတာဘဲ သူတို့ရှုထောင့်ကနေပဲ ကြည့်တယ်။ ဒီမှာ ဟောပြောပို့ချနေရတာက ဂိမ်းထဲမှာ skin မပါဘဲ ကစားနေရသလိုဘဲ!]

[ဝါးး ငါ့ကောကောအစား ငါစိတ်နာတယ်။ သူ 15 နှစ်မှာ ပွဲဦးထွက်ခဲ့တယ်။ ရှဲ့မိသားစုနဲ့ သူ့အမေက အဲဒီတုန်းက ဘာတွေလုပ်နေကြလဲ? အခုကျ သူတို့က အသီးအပွင့်တွေကို ရိတ်ချင်နေကြတာလား?]

[ဟားဟား၊ ဖေးခွမ်က အာရုံလွှဲဖို့ ကြိုးစားနေတာ သိသာတယ်။ နင့်မိသားစုကိစ္စကို ဘယ်သူမှ စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ဦး။ ပြောင်ပြောင်တင်းတင်း ကျော်သွားဖို့မကြိုးစားနဲ့]

[ဟုတ်တယ်၊ ငါလည်းပြောချင်နေတာကြာပြီ၊ နင် နှုတ်ဆိတ်နေတာကြာပြီ၊ နင်အပြစ်ရှိသလို ခံစားနေရတာဘဲဖြစ်မယ်။ ဒါက အဓိကကိစ္စပဲ။ ကျေးဇူးပြုပြီး ဖန်တွေကိုမဆွဲဆောင်နေနဲ့၊ မဟုတ်ရင် ဆေးသုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ရဲတွေမှာသွားဝန်ခံလိုက်!]

...

အဖြစ်အပျက်က အချိန်အတော်ကြာ အချဉ်ဖောက်လာတော့ လီတုန်လည်း အချိန်ကျပြီလို့ ခံစားမိကာ ချက်ချင်းဘဲ စတူဒီယိုကနေ ကြေငြာချက်ထုတ်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ဟာ ရိုးရှင်းသည်။ 'ထုတ်ပြန်ချက်' ဆိုတဲ့စကားလုံးနှစ်ခုနဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှ အထောက်အထား စာရွက်စာတမ်း သုံးခုတို့ဖြစ်သည်။

တစ်ခုမှာ မူးယစ်ဆေးဝါးသုံးစားမှု ရာဇဝင်မရှိကြောင်း လက်မှတ်၊ ရာဇ၀တ်မှုဆိုင်ရာ ရာဇဝင်မရှိကြောင်း လက်မှတ်နှင့် တစ်ခုမှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ တံဆိပ်ခတ်နှိပ်ထားသော ဆံပင်စစ်ဆေးချက် ရလဒ် ဖြစ်သည်။

သေချာပေါက်ကို၊ အချို့သူတွေက ဒီလက်မှတ်သုံးခုကို အစ်လားအတုလား ဆိုတာ မေးခွန်းထုတ်နေဆဲဖြစ်သည်။

မကြာခင်မှာပဲ သက်ဆိုင်ရာ မီဒီယာတွေက လက်မှတ်ထုတ်ပေးတဲ့ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းခဲ့ရာ ခြွင်းချက်မရှိ အတည်ပြုကာ ပြန်လည်ဖြေကြားခဲ့ကြသည်။

အခြေအနေတွေ တိုးတက်လာတဲ့အခါမှာတော့ ဖေးခွမ်ပေါ်က သံသယတွေဟာလည်း လုံးဝကင်းစင်သွားသည်။

ဖေးခွမ်ရဲ့ ဖခင်ကိစ္စကို တွေးတောကြည့်ပြီး လီတုန် အဲ့ဒီအကြောင်းကို အပြင်ဘက်ဆီ ထုတ်မပြောတော့ချေ။ ကျန်းမန်၏ အစောပိုင်းအရိပ်ပြမှုတွေကြောင့် သူမပြောခဲ့သည့် ဒုတိယအချက်ကိုလည်း လူအများက သူမဟာ တမင်သပ်သပ် ရေဆိုးတွေ လောင်းချခဲ့တာလို့ထင်ကြပြီး ယုံကြည်နိုင်စရာမရှိဟု သဘာဝကျကျ ယူဆခဲ့ကြသည်။

သေချာပေါက်ပင် ဒီအချက်ကို ဆုပ်ကိုင်ထားပြီး ဖေးခွမ် ကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ တောင်းဆိုနေကြသည့် black fan အနည်းငယ်လည်း ရှိကြသေးသည်။ ဒါကိုတော့ လျစ်လျူရှုတဲ့ နည်းဗျူဟာနဲ့ ထားလိုက်ကြသည်။

ဒါပေမယ့် အဖြစ်အပျက်တွေက အချဉ်ဖောက်လာတာနဲ့ အတွင်းဇာတ်လမ်းကို သိတဲ့လူတချို့က အဲဒီနှစ်မှာ ဖြစ်ပျက်ခဲ့တာတွေအကြောင်း အွန်လိုင်းပေါ်တွင် ပြောပြခဲ့ကြသည်။ ဒါက ဖေးခွမ် မျှော်မှန်းထားသည့်အထဲမှာ ပါသည်။

နောက်ဆုံးတော့ အဲဒီအဖြစ်အပျက်ဟာ အဲဒီ့အချိန်တုန်းက အတော်လေးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့ရဲ့ မွေးရပ်မြေက လူတော်တော်များများကလည်း ဒီအကြောင်းကို သိထားကြပြီး ဒေသခံမီဒီယာတွေကိုတောင် သတင်းပေးခဲ့ကြသည်။

အမှန်တရားပေါ်ထွက်လာတဲ့အခါမှာတော့ အွန်လိုင်းပေါ်တွင် သက်ပြင်းတွေချရင်း နောင်တတွေရနေကြသည်။

ပရိတ်သတ်တွေရဲ့ နာကျင်မှုတွေ၊ အင်တာနက်သုံးစွဲသူတွေရဲ့ သနားမှုနဲ့ ကြည့်ရှုသူတွေရဲ့ ငိုကြွေးသံတွေကြောင့် ဖေးခွမ်ရဲ့ အခြေအနေဟာ တိုက်ရိုက်ကိုပြောင်းပြန်ဖြစ်သွားသည်။

ဒီအချိန်မှာ အဖြစ်အပျက်တွေက ပြီးသွားပြီလို့ ယူဆလို့ရသည်။

ဒါပေမယ့် တစ်ချို့က ပျော်နေချိန်မှာ တစ်ချို့ကတော့ စိတ်ပူပန်နေရသည်။ အဲ့ဒီအချိန် ရှဲ့မိသားစုတွင်တော့ အုံ့မှိုင်းမှုတွေနဲ့ လွှမ်းနေသည်။

ရှဲ့မိသားစုဧည့်ခန်းတွင် ရှဲ့ယင်း၊ ကျန်းမန်၊ ရှဲ့ဝမ်ထောင်တို့အားလုံးရဲ့ မျက်နှာပေါ်တွင် ရုပ်ဆိုးတဲ့အမူအရာတွေ ရှိနေကြသည်။

ရှဲ့ယင်းက မြို့ပြင်မှ အပြေးအလွှား ပြန်လာခဲ့တာဖြစ်သည်။ ဖေးခွမ်နဲ့ ဒီအဖြစ်အပျက်က သူမအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့သည်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း သူမရဲ့အရင်းအမြစ်တွေဟာ သိသိသာသာကျဆင်းသွားခဲ့သည်။ ရလဒ်အနေနဲ့ ဒီအဖြစ်အပျက်အပြီး နောက်ဆုံးတော့ သူမဟာ ပူးပေါင်းဆောင်ရွက်မှုများစွာဆီကနေ အဖျက်ခံခဲ့ရသည်။

ဒါ့အပြင် လွန်ခဲ့သည့် နှစ်များက ကိစ္စရပ်တွေဟာလည်းပေါ်ပေါက်လာသည်။ ဖေးခွမ်၏ ဖန်တွေက သူမကို အွန်လိုင်းပေါ်တွင် လှောင်ပြောင် နေကြတာကြောင့် သူမ မှာ Weibo အကောင့်ထဲတောင် မဝင်ရဲပေ။

ရှဲ့ယင်းက ကျန်းမန်ကို မျက်လုံးထဲတွင် ရွံရှာဖွယ် အရိပ်အယောင်တွေနဲ့ တစ်ချက်ကြည့်လိုက်သည်။

တကယ်တော့ သူမဟာ သူမရဲ့ မိထွေး ကျန်းမန်ကို နှစ်ပေါင်းများစွာ အထင်သေးခဲ့တာဖြစ်သည်။ သူမအနေနဲ့ ဒီကိစ္စတွေကို သူ့လက်ထဲထည့်ပြီး မီဒီယာနဲ့ ဆက်သွယ်လို့ မရခဲ့ဘူးဆိုရင် ဒီအခြေအနေအထိ ဖြစ်လာမှာ မဟုတ်ပေ။

ကျန်းမန်က ဒီလိုမျိုး ကိုယ့်ကိုယ်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ သူ့ခေါင်းထဲမှာ ဘာတွေတွေးနေမှန်း မသိရပေ။

လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဖေးခွမ်အပေါ် သူမရဲ့ဖုံးကွယ်ထားတဲ့ အထူးတလည် ခံစားချက်အချို့သာမ ရှိပါက ကျန်းမန်ကို သင့်တော်တဲ့အကြည့်ကိုပင် ပေးမည်မဟုတ်ပေ။

သေချာပေါက်ကို ရှဲ့ယင်းက ကျန်းမန်ရော သူမအဖေ ရှဲ့ဝမ်ထောင်ကိုရော အထင်သေးသည်။

သူမကိုယ်တိုင်လည်း သူတို့လို စိတ်ကူးတွေရှိနေတာကြောင့် ဖေးခွမ်ကို တစ်ချိန်လုံး ချည်နှောင်ဖို့ သူမကို အသုံးချဖို့ ကြိုးစားကြတာကို သူမလည်း သည်းခံခဲ့သည်။

သူမ အဖိုး၏ ရည်ရွယ်ချက်ကို ရှဲ့ယင်းသိသည်။ သူမအဖေက ရှဲ့ မိသားစုမျိုးဆက်ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး သူ့အဖေတွင် သမီးဖြစ်သည့် သူမတစ်ယောက်ပဲရှိသည်။ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းတွင် ရှဲ့မိသားစုဟာ သူမ လက်ထဲ ရောက်တော့မည်ဖြစ်သည်။

ဒါပေမယ့် သူမမှာ စီးပွားရေးလုပ်ဖို့ အရည်အချင်းရော စိတ်ဝင်စားမှုမျိုးပါ မရှိခဲ့ပေ။ သူမရဲ့ အဖိုးဖြစ်သူက ဖေးခွမ်ရဲ့ အရည်အချင်းကို မြင်ပြီး ဖေးခွမ်ကို သူမနဲ့ လက်ထပ်စေကာ ဖေးခွမ်ကို သူမကိုယ်စား ရှဲ့မိသားစုစီးပွားရေးကို စီမံခန့်ခွဲစေချင်တာဖြစ်သည်။

ရှဲ့ယင်းကတော့ ဒီလိုဖြစ်သွားတာကိုမြင်ရတာ ဝမ်းသာသည်။ သူမ ဖေးခွမ်ကို သဘောကျသည်။ အထူးသဖြင့် သူမရဲ့အဘိုး ဖေးခွမ်၏ ပိုင်ဆိုင်မှုတွေကိုစုံစမ်းထားတဲ့အရာတွေ သူမ ရှေ့တွင် ပြလိုက်တဲ့အခါ၊ ဒီလူက တကယ်ဘဲ ဘယ်လောက်ထိ ထူးချွန်မှန်း သူမသိလိုက်ရသည်။

ဒါပေမယ့် ရှဲ့ယင်း မထင်မှတ်ထားတဲ့အရာကတော့ ဒီလင်မယားနှစ်ယောက်ဟာ ဖေးခွမ်ကို သူတို့ရဲ့အကြွေးတွေ ပြန်ဆပ်ခိုင်းဖို့ စိတ်ကူးနဲ့အမှန်တကယ် သူ့ကိုချုပ်နှောင်ခဲ့တာပင်။

"ရှင် ဘာတွေ တွေးနေတာလဲ? တစ်ချက် ပုတ်လိုက်ရုံနဲ့ အလိမ်တွေပေါ်လာမယ့်ဟာကို ပြောရဲတယ်ပေါ့လေ!" ရှဲ့ယင်းမထိန်းနိုင်တော့ဘဲ ကျန်းမန်အပေါ် ဒေါသ‌တွေထွက်လာသည်။

သူမလက်ထဲ မှာဆို ဒီကိစ္စတွေ ဒီအထိ ဖြစ်လာမှာ မဟုတ်ပေ။ အခုတော့ သူတို့ရဲ့ ဟန်ဆောင်မှုအားလုံးကို ဖေးခွမ်က လုံးလုံးလျားလျား စုတ်ဖြဲပစ်လိုက်ပြီ။

ကျန်းမန်က ဘာမှမပြောလာပေ။ သူမက ရှဲ့ယင်းကိုကြည့်လိုက်ပြီး နောက်တော့ ရှဲ့ဝမ်ထောင်ကိုကြည့်လိုက်ကာ နောက်ဆုံး ခေါင်းငုံ့လိုက်သည်။

ဖေးခွမ် ရှေ့မှာ မောက်မာသလို သရုပ်ဆောင်ရတာနဲ့ ယှဉ်ရင် သူမဟာ ရှဲ့မိသားစုတွင် နှစ်တွေကြာအောင် အမြဲတမ်း နှိမ့်ချနေခဲ့ရသည်။

တကယ်တော့ ကျန်းမန်လည်း ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပေ။

လွန်ခဲ့တဲ့ နှစ်ရက်က ရှဲ့ဝမ်ထောင်ရဲ့ အကြွေးရှင်‌တွေ တံခါးလာခေါက်ကြသည်။ လင်မယားနှစ်ယောက် အိမ်မှာ စကားများ ရန်ဖြစ်ကြတော့သည်။

ရှဲ့ဝမ်ထောင်က ဖေးခွမ်ကို သွေးမဆောင်နိုင်တဲ့အတွက် သူမအား ညစ်ညစ်ညမ်းညမ်း‌‌တွေ အမျိုးမျိုးပြောကာ ရိုက်ပုတ် အပြစ်တင်ခဲ့သည်။

ကျန်းမန် ဖေးခွမ် အပေါ် မကျေမနပ်ဖြစ်နေသည်။ သူမရဲ့ ကံကြမ္မာ အားလုံးကို သူ့အတွက် သတ်မှတ်ပေးခဲ့သည်။ အနုပညာရှင်တစ်ဦး မူးယစ်ဆေးသုံးစွဲမှုကြောင့် အပိတ်ပင်ခံရတယ်ဆိုတဲ့ သတင်းကို သူမ တွေ့ခဲ့ရသည်။

ဒီလိုနဲ့ သူမဟာ ဒီလို လက်တုံ့ပြန်တဲ့နည်းကို ဖန်တီးခဲ့သည်။

ကျန်းမန်က ဖျော်ဖြေရေးနယ်ပယ်နဲ့ ပတ်သက်ပြီး ဘာမှနားမလည်သလို သက်သေပြဖို့အတွက် ဆေးသုံးစွဲမှုမှတ်တမ်းကို စစ်ဆေးလို့ရမှန်းပင် မသိပါချေ။

သူမက ဖေးခွမ်ကိုသာ ဖျက်ဆီးပစ်ချင်ခဲ့သည်။

ရှဲ့ဝမ်ထောင်က တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး ဆိုဖာ အခြားတစ်ဖက်တွင် မှုန်ကုပ်ကုပ်နဲ့ ထိုင်နေသည်။

သူသွားပြီဆိုတာ သူသိသည်။

အခုလေးတင်ပဲ၊ အဲဒီအကြွေးရှင်တွေက အဖေကိုရှာဖို့ ဆေးရုံသွားနေပြီဆိုတဲ့ သတင်းကို သူရလိုက်သည်။ အခုတော့ အရာအားလုံးကို ဖုံးကွယ်ထားလို့ မရတော့ပေ။

"ပါး၊ ပါးအကြွေးတွေ အတိအကျဘယ်လောက်လဲ?" ရှဲ့ယင်းက မေးလိုက်သည်။

သူမက ရှဲ့ဝမ်ထောင်ရဲ့လောင်းကစားကြွေးတွေကို အွန်လိုင်းပေါ်မှာလည်း တွေ့ခဲ့သည်။ ယခုဆိုလျှင် ရှဲ့မိသားစုအနေနဲ့ ဒီအပေါက်ကိုဖြည့်ဖို့ ငွေဘယ်လောက်လိုသလဲဆိုတာကို ပိုစိုးရိမ်နေရသည်။

ရှဲ့ဝမ်ထောင် ခေါင်းတောင်မထောင်ဘဲ ဒီတစ်ခါတော့ ဖုံးကွယ်မနေဘဲ အမှန်အတိုင်းပြောလိုက်သည်။

ဒီဟာကိုကြားတဲ့အခါ ရှဲ့ယင်းနဲ့ ကျန်းမန်တို့ နေရာမှာပဲ အေးခဲသွားကြသည်။

"ဘယ်လိုလုပ် ဒီလောက်အများကြီးဖြစ်နိုင်မှာလဲ!" ကျန်းမန်က အံ့အားသင့်စွာနဲ့ ပြောလာသည်။ "သန်းနည်းနည်းလောက်ပဲလို့ ရှင်ပြောခဲ့တာ မဟုတ်ဘူးလား?"

ရှဲ့ဝမ်ထောင်က သူမရဲ့စကားတွေကို လျစ်လျူရှုထားကာ နေရာမှာဘဲ ခေါင်းငုံ့ထိုင်နေသည်။

ကျန်းမန်နဲ့ ယှဉ်ရင် ရှဲ့ယင်းရဲ့ အမူအရာက ပိုလို့တောင် ဆိုးရွားနေသည်။ ရှဲ့မိသားစုမှာ ဘယ်လောက်ပဲ ကျန်တော့လဲဆိုတာကို သူမ အကြမ်းဖျင်းသိနေတာကြောင့်ပင်။

ရှဲ့ဝမ်ထောင်ရဲ့အကြွေးတွေကိုသာ အကုန်လုံးဆပ်လိုက်ရင် ရှဲ့မိသားစုမှာ တကယ်ဘဲ ပြောင်သွားလိမ့်မည်၊ လောက်တောင်မလောက် လောက်ပေ။

သူမဟာ ရှဲ့မိသားစု၏ တစ်ဦးတည်းသော မျိုးဆက်မြေးမဖြစ်သည်။ ရှု့မိသားစု၏ ပိုင်ဆိုင်မှုများသည် နောက်ဆုံးတွင် သူမလက်ထဲသို့ ရောက်လာမည် ဖြစ်ပြီး၊ သူမက အဲ့ဒီအပေါ်အမြဲတမ်း ဂုဏ်ယူနေခဲ့သည်။

အခုတော့ သွားပြီ၊ အားလုံးသွားပြီ!

ရှဲ့ယင်း ရုတ်တရက် ထရပ်လိုက်ပြီး "ပြန်မဆပ်ရင် ဘာဖြစ်မှာလဲ?"

ရှဲ့ဝမ်ထောင်က မျက်လုံးလှန်ကာ သူမကိုကြည့်လာသည်။ "ပါးက မိသားစုပိုင်ဆိုင်မှုတွေကို အပေါင်ပစ္စည်းအဖြစ်သုံးထားတယ်။ ပြန်မဆပ်ရင် အတင်းအကြပ် သေဒဏ်ပေးလိမ့်မယ်"

ရှဲ့ယင်း နောက်ကိုခြေလှမ်းနှစ်လှမ်း ဆုတ်သွားပြီးသူမရဲ့ မျက်နှာဟာလည်း ချက်ချင်း ဖျော့တော့သွားသည်။

ဒီတစ်ခါ တကယ်ပြီးသွားပြီ။

-

ဖေးခွမ်ရဲ့ကိစ္စပြေလည်သွားတာကြောင့် စုန့်အာ့နန်လည်း သဘာဝအလျောက် ဝမ်းသာမိသည်။

သို့သော် ကိစ္စတွေကို အထဲရောအပြင်ပါ နားလည်ပြီးတဲ့နောက်မှာ မရေမတွက်နိုင်သော အင်တာနက်သုံးစွဲသူများနှင့် ပရိတ်သတ်တွေလိုပင် သူမလည်း ဖေးခွမ် အတွက် ပိုပြီးစိတ်မကောင်းဖြစ်ခဲ့ရသည်။

စုန့်အာ့နန်က အွန်လိုင်းပေါ်မှာ ကြုံရာကြည့်လိုက်တော့ ဖေးခွမ်ကို သနားကြသည့် စာတွေကြားတွင် မှတ်ချက်အချို့ကို တွေ့လိုက်ရသည်။

[ဖေးခွမ်မှာ သူ့အန်တီလေးရှိသေးလို့ တော်သေးတာပေါ့၊ သူ့မှာမိသားစုရှိတယ်]

[ဟုတ်တယ်၊ ဒီအဖြစ်အပျက်တွေ ထွက်လာတော့၊ သူ့အန်တီလေးက ဖေးခွမ် အွန်လိုင်းပေါ်မှာ လူသိရှင်ကြား အားပေးထောက်ခံခဲ့တဲ့ ပထမဆုံးလူပဲ။ အတော်လေး ကြည်နူးဖို့ကောင်းတယ်]

[လွန်ခဲ့တဲ့ ၃ နှစ်က လူနေမှုဘဝ variety show ကို ကြည့်ပြီးတဲ့နောက်မှာ ဖေးခွမ်က သူ့အန်တီလေးအပေါ် အစကတည်းက ဘာလို့ ဒီလောက်ကောင်းခဲ့တာလဲဆိုတာ ငါ နည်းနည်းတော့ သဘောပေါက်သွားတယ်။ အဲ့ဒါက စိတ်ခံစားချက် ကူးပြောင်းမှုကြောင့် ဖြစ်ရမယ်။ သူက အန်တီလေးကို မိသားစုလို တကယ်ဆက်ဆံတာ]

[ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်တွေအရ ကလေးဘဝကတည်းက မိဘမေတ္တာကင်းမဲ့စွာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ဖေးခွမ်လိုမျိုး လူတွေက မိသားစုရဲ့ချစ်ခင်မှုကို တောင့်တနေမှာ သေချာပေါက်ပဲ]

"စိတ်ခံစားမှု ကူးပြောင်းမှု?" စုန့်အာ့နန်က ရေရွတ်လိုက်သည်။

ဒါက ဖေးခွမ်က သူမအပေါ် ဘယ်လိုခံစားရလဲဆိုတာလား?

ဖြစ်နိုင်ပါတယ်

စုန့်အာ့နန်က အကြည့်ကို အောက်ပို့လိုက်ပြီး သူမရဲ့ မျက်လုံးများမှတဆင့် အထီးကျန်မှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။

ခဏအကြာတွင် သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အခုအချိန်ကနေစပြီး သူမဘက်က ‌အခြားအတွေးတွေကို ဖယ်ထားပြီး ဖေးခွမ်ကို တူလေးတစ်ယောက်လို ဆက်ဆံဖို့ ကြိုးစားသွားတော့မည်ပင်။

All Chapters