အားလုံးပေးလိုက်ခြင်း
Vol. 110 Ch. 1537
ရှီမာကျိယွင် သူမလုံခြုံရေးအတွက် တိမ်တိုက်ကာကွယ်ရေးကို ထည့်ပေး လိုက်ခြင်းကြောင့်မဟုတ်ဘဲ လုပ်ချင်သည့်အရာမလုပ်လိုက်ရဘဲ တစ်သက်လုံး နောင်တနှင့်သာ အဆုံးသတ်သွားခြင်းသည် အဆိုးဆုံးဖြစ်သည်ဟု ရှီမာလျူရွှမ် မှ သူမကို ပြောလိုက်ခြင်းကြောင့် နောက်ဆုံးတွင် ရှီမာယူယူသည် သွားရန် သဘောတူလိုက်သည်။
သူမသည် နောင်တမရချင်ပေ။ ထို့ကြောင့် သူမ သွားကြည့်ချင်လျှင် သွား ကြည့်သင့်သည်။ စွန့်စားမှုရှိလာလျှင်တောင် သူမကိုယ်သူမ ဂရုစိုက်လျှင် အဆင်ပြေနိုင်သည်။
အရင်ကအတိုင်းဆိုလျှင် သူမသည် မျိုးနွယ်အတွက် ကံမကောင်းမှုများ ယူလာမည်ကို စိုးရိမ်နေဦးမည်။ သို့သော် ထိုနှစ်များတွင် ရှီမာမျိုးနွယ်သည် တိတ်ဆိတ်စွာ အင်အားများတိုးတက်လာခဲ့သည်။
အင်အားကြီးလူသား သုံးထောင်သည် ရှေးဟောင်းဝိညာဉ်သားရဲ သုံးထောင်ကို မယှဉ်နိုင်ပေ။ တိုက်ပွဲစွမ်းအင်သည် တစ်အပေါင်းတစ် ညီမျှခြင်း နှစ်ဆိုသည်လောက် မရိုးရှင်းပေ။ အဆပေါင်းထောင်ချီ ပြောင်းလဲသွားနိုင် သည်။ ရှေးဟောင်းသားရဲများ မရှိသောတချို့လူများရှိလျှင်တောင် သူတို့သည် စာချုပ်သားရဲများဖြင့် ပေါင်းစပ်ပြီး အင်အားပိုကောင်းအောင်လုပ်နိုင်သည်။ ငါးနှစ်ဆိုသည့် ခဏတာအတွင်းမှာပင် ရှီမာမျိုးနွယ်သည် ယန်းမျိုးနွယ်၊ စူးမျိုးနွယ်တို့နှင့်ယှဉ်နိုင်သည့် စွမ်းအားအထိ ကြီးထွားလာခဲ့သည်။
တိမ်တိုက်ကိုယ်ရံတော်များသည် ရှီမာမျိုးနွယ်အတွင်းတွင် အား အကောင်းဆုံး စောင့်ရှောက်သူများဖြစ်ကြသည်။ တိမ်တိုက်ကိုယ်ရံတော်များ သည် အားကောင်းသော ရှေးဟောင်းဝိညာဉ်သားရဲများနှင့် စာချုပ်တည်ထောင် ခဲ့ရသည်။ ထို့ကြောင့် သူတို့၏ တိုက်ပွဲစွမ်းအင်သည် အဆမတန် မြင့်တက်လာ ခဲ့သည်။
အရင်ကဆိုလျှင် တိမ်တိုက်ကိုယ်ရံတော်များသည် မျိုးနွယ်အတွင်းရှိ အရေးကြီးသောကိစ္စများကို တာဝန်ယူထားကာ မျိုးနွယ်တွင် တစ်စုံတစ်ရာဖြစ် လာပါက လှုပ်ရှားကြသည်။ သူတို့သည် တစ်ဦးတည်းကို ကာကွယ်ရမည့် ကိစ္စ ကို သေချာပေါက် ငြင်းဆန်မည်ဖြစ်သည်။ သို့သော် ရှီမာယူယူသည် မျိုးနွယ် အား မျှဝေပေးပြီး မျိုးနွယ်အတွင်းတွင် ဘယ်သောအခါမှ လက်လွတ်စပယ် မပြု မူသည်ကို ကျေးဇူးတင်သဖြင့် ရှီမာယူယူကို ကာကွယ်ရန်ပင် ရန်ဖြစ်နေကြ သေးသည်။
တစ်ချိန်တည်းမှာပင် ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် ဆေး ဖော်စပ်နေကြသည်။ သူမ သွားရန်ဆုံးဖြတ်ထားသဖြင့် တချို့ပစ္စည်းများကို ပြင်ဆင်ရန် သေချာပေါက် လိုအပ်သည်။
ရှီမာယူယူသည် အချိန်ကျတော့မည်ဟု သတိထားမိသည်နှင့် ဆေးကြော အဝတ်လဲကာ ဝိညာဉ်စေတီအတွင်းမှ ထွက်ပြီးသည်နှင့် ရှီမာကျိယွင်ကို ရှာရန် သွားလိုက်သည်။
ရှီမာကျိယွင်သည် ရှီမာဟော်ရွှမ်း၊ မျိုးနွယ်အကြီးအကဲအဖွဲ့တို့နှင့် ကိစ္စ များကို ဆွေးနွေးနေကြသည်။ သို့သော် ရှီမာယူယူ ရောက်လာသည်ဟု ကြား သည်နှင့် ချက်ချင်းပင် သူမကို ပေးဝင်သည်။
“အခုသွားတော့မလို့လား”
“ဟုတ် ဒီညနေကိုသွားမယ်လို့ ဦးလေးဟော် ပြောပါတယ်” ရှီမာယူယူ ခေါင်းညိတ်သည်။
“ကိုယ်ရံတော်တွေ ခေါ်သွားလိုက် တကယ်လို့ တစ်ခုခုဖြစ်လာရင် မျိုးနွယ်ကို ချက်ချင်းအသိပေးပါ” ဆုန်းမင်ကျူ တိုက်တွန်းလေသည်။
“သိပါပြီ” ရှီမာယူယူသည် စာရွက်အထပ်လိုက်ထုတ်ကာ ရှီမာကျိယွင်ကို ပေးရန် လက်ဆင့်ကမ်းပြီး ပြောလိုက်သည် “ဘိုးဘိုးကြီး ဒါက ဆေးမျိုးပေါင်း ၁၀၀ ရဲ့ဆေးညွှန်းတွေပါ အကုန်လုံးသမီးရေးမှတ်ထားတာပါ”
“အိုး ခေါင်းဆောင် ကျုပ်ကြည့်လို့ရမလား” ရှီမာမျိုးနွယ်၏ ဆေးများကို တာဝန်ယူထားသည့် အဂ္ဂိရတ်ပညာရှင်ဖြစ်သော အကြီးအကဲ ၁၀ ပြောလိုက် သည်။
သူသည် ရှီမာယူယူ၏ အောင်မြင်မှုကို ကြားထားသည်။ သူမတွင် တခြား သူများမသိသည့် ဆေးများရှိသည်။ ဆိုလိုသည်မှာ သူမတွင် လျှို့ဝှက်ဆေးညွှန်း များ သေချာပေါက်ရှိသည်။
ရှီမာယူယူသည် သူ့ကို ဆေးညွှန်းများ ကမ်းပေးလိုက်ရာ အနည်းငယ်ဖတ် ပြီးသည်နှင့် ပျော်လာသည်။
“ဒါတွေ… ဒီဆေးညွှန်းတွေက ပျောက်ကွယ်သွားပြီလေ” အကြီးအကဲ ၁၀ ၏ လက်များသည် တုန်ယင်လာသည်။
အိမ်ထဲမှ လူအားလုံး ပျော်ရွှင်သွားကြသည်။ အမှန်တကယ်သာ ပျောက်ကွယ်သွားသော ဆေးညွှန်းများရှိပါက ရှီမာမျိုးနွယ်၏ ဆေးပညာပိုင်း သည် တိုးတက်လာမည်ဖြစ်သည်။
အထူးသဖြင့် မတူညီသောဆေးညွှန်းများ ရာချီအထပ်လိုက်ရှိနေသည်။
“ဒီဆေးညွှန်းတွေက ရှေးခေတ်အချိန်တုန်းကပဲ” အကြီးအကဲ ၁၀ သည် အပေါ်ပိုင်း စာရွက်အနည်းငယ်ကို မြင်ပြီးနောက် အသက်ရှုမှားသွားတော့ သည်။
“ဒါက တကယ်ပဲ ရှေးဟောင်းဆေးညွှန်းတွေလား”
“ဟုတ်တယ် သေချာတယ်” အကြီးအကဲ ၁၀ ဆက်ပြောလေသည် “ခေါင်းဆောင် ကျုပ်တို့အဂ္ဂိရတ်ပညာရှင်တွေသာ ဒီဆေးတွေကို သန့်စင်နိုင် မယ်ဆိုရင် ကျုပ်တို့မျိုးနွယ်ဝင်တွေတော့ တစ်ခဏနဲ့ သေချာပေါက် သန်မာ လာမှာပဲ”
ရှီမာယူယူပေးသော ဆေးများသည် ဘေးထွက်ဆိုးကျိုး အများအပြား မရှိ ဘဲ စွမ်းအားများကို တိုးစေသည်။ ထို့ကြောင့် မျိုးနွယ်ဝင်များ၏ စွမ်းအားမှာ လည်း အမြန်ပင် တိုးလာနိုင်သည်။
ရှီမာယူယူသည် လျစ်လျူရှုပြီး ဆေးတချို့ကိုထုတ်ကာ ပြောလိုက်သည် “ဒါက သမီးတစ်ခါ တစ်ခါ သန့်စင်တတ်တဲ့ အကြောမျှင်တွေ ခြင်ဆီတွေ ကိုသန့်ရှင်းပေးတဲ့ဆေးပါ၊ တော်တော်လေး သက်ရောက်မှုရှိပါတယ်၊ ဒါတွေကို မျိုးနွယ်ထဲက လူငယ်တွေကို ပေးစမ်းကြည့်ခိုင်းလို့ရပါတယ်”
အကြောမျှင်နဲ့ ခြင်ဆီကိုသန့်ရှင်းပေးတဲ့ဆေး…. သူမ အရင်တစ်ခေါက် ရွှေမြွေအသီးရစဉ်က သန့်စင်ခဲ့သည်။ အလွန်ကြာခဲ့ပြီဟု ခံစားရသော်လည်း အခု ထပ်မံသန့်စင်ရပြန်ချေပြီ။
အားလုံးသည် အကြောမျှင်နှင့် ခြင်ဆီသန့်စင်သည့် ဆေးဟု ကြားလိုက် သည်နှင့် ပို၍ပင် ပျော်ရွှင်သွားကြသည်။ ထိုဆေးသည် အရည်အချင်းများကို ပြောင်းလဲစေသည့်ဆေးဖြစ်သည်။
“ဒါတကယ်ပဲ အကြောမျှင်နဲ့ ခြင်ဆီတွေကိုသန့်ရှင်းပေးတဲ့ဆေးလား”
“ဟုတ်ပါတယ် ဆေးညွှန်းကအထဲမှာပါပါတယ်၊ ဆေးပစ္စည်းတွေရှိသရွေ့ တော့ သန့်စင်ဖို့က အရမ်းမခက်ပါဘူး၊ ဒါပေမဲ့ ပါဝင်ဆေးပစ္စည်းတွေက ရှာရ တာခက်တယ်၊ အဲဒါကြောင့် သန့်စင်ဖို့က နည်းနည်းတော့ လက်တွေ့မဆန်ဘူး၊ ဒါပေမဲ့ ဒါကိုလူငယ်မျိုးဆက်ကိုပေးရင် မျိုးနွယ်အတွက်ကောင်းသွားမှာပါ”
“ဒီလိုပစ္စည်းကောင်းရှိတာကို ဘာလို့အခုမှ ထုတ်လာတာလဲ” ရှီမာကျိယွင်သည် သူမကို သင်ခန်းစွာပေးသလို လေသံပေါက်နေသော်လည်း ပြုံးနေသည်။
“မေ့သွားလို့ပါ” ရှီမာယူယူသည် ပွင့်ပွင့်လင်းလင်းပင် ငြင်းဆန်လေသည်။
ဝန်ခံရန် ရှက်ရွံ့မိသည့် အကြောင်းအရာတစ်ခုပင်ဖြစ်သည်။
“ဒီကောင်မလေးတော့” ရှီမာမျိုးနွယ်၏ အကြီးအကဲများသည် သူမကို မည်သို့လုပ်ရတော့မည်ကို မသိတော့ပေ။
“ငါတို့ကိုမပြရသေးတဲ့ တခြားဘာရတနာရှိသေးတာလဲ၊ မျိုးနွယ်ကို ပေး စရာရှိရင် အတူတူပေးလေ ထပ်မေ့နေပြန်ဦးမယ်” ရှီမာကျိယွင် ပြောလိုက် သည်။
ရှီမာယူယူစဉ်းစားကြည့်ရာ တံခါးလဲလှယ်ခြင်းတစ်ရာဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သည့် တည်ဆောက်မှုစာအုပ် ကျန်နေသေးသည်။ ထိုစာအုပ် သူမနှင့် ရှိနေ သော်လည်း တံခါးလဲလှယ်ခြင်းတစ်ရာ၏ ခွင့်ပြုချုက်မရှိလျှင် မသင့်တော်ဟု သူမ ခံစားရသည်။ ဝူလင်းယူ သဘောတူမှ သူမပေးခဲ့သည့် အင်ပါယာ သားရဲကျမ်းလိုပင်….
သူမ စဉ်းစားကြည့်ပြီး ပျဉ်ပြားကျောက်စာအထပ်လုပ်ကို ထုတ်ပြီးပြော လိုက်သည် “ဒါကိုလည်းပေးပါမယ်”
ရှီမာကျိယွင် အံ့ဖွယ်အာရုံသုံးကာ ကြည့်လိုက်ပြီးနောက် တုံ့ငေးသွား သည်။
ရှီမာဟော်ရွှမ်းသည် သူ၏တုံ့ပြန်ချက်ကို မြင်ပြီးနောက် မေးလိုက်သည် “ဘာကြီးလဲ”
ရှီမာယူယူသည် ထိုနေရာတွင်ရှိနေသော လူများကိုကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့ အကြီးအကဲအကုန်လုံးက မျိုးနွယ်ကို သစ္စာမဖောက်ဖို့ သစ္စာ ဆိုထားကြတယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည်။ ဆိုလိုသည်မှာ မျိုးနွယ်နှင့် ပတ်သတ်သည်များ မပေါက်ကြားစေရဟူ၍ ဖြစ်သည်။
“ဒါက ဝိညာဉ်ရှာဖွေသူ အရင်းအမြစ်ပါ၊ ဒါကိုမတော်တဆရခဲ့ပြီး မိတ္တူ ကူးထားတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဖူး”
“ဖူး”
လက်ဖက်ရည်သောက်နေသော အကြီးအကဲနှစ်ယောက်သည် ပြန်အန် ထွက်လာပြီး အားလုံးသည် မယုံကြည်စွာဖြင့် သူမကို တအံ့တဩကြည့်ကြလေ သည် “ဘာပြောလိုက်တယ်”
“ဝိညာဉ်ရှာ်ဖွေသူ အရင်းအမြစ်ပါ၊ အဲဒါကိုကြားဖူးကြတယ်မလား” ရှီမာယူယူသည် သူတို့၏ တအံ့တဩအကြည့်ကို လျစ်လျူရှုလိုက်သည်။
“ကြားဖူးတာပေါ့ မင်းမှာမရှိတာ ဘာရှိသေးလဲ”
အဲဒါကြောင့် သူမက ဆေးသန့်စင်နည်းတွေ၊ သားရဲထိန်းကျောင်းနည်းနဲ့ ဝိညာဉ်ရှာဖွေနည်းတွေကို သိတာကိုး။ ပစ္စည်းတိုင်းက အကောင်းဆုံးတွေထဲက တစ်ခုတွေပဲ။ အဲဒါကြောင့် သူမက နယ်ပယ်အသီးသီးမှာတော်တာကိုး။
“ဘိုးဘိုးကြီး ဘိုးဘိုးဦးကြီး သမီးတို့မှာ သားရဲထိန်းကျောင်းမှု၊ အဂ္ဂိရတ် ပညာ၊ ဝိညာဉ်ရှာဖွေမှုပညာတွေရဲ့ နည်းလမ်းကောင်းတွေရှိပေမဲ့ မျိုးနွယ်က ဒါတွေကိုပဲ အာရုံစိုက်ထားလို့မရဘူးလေ၊ အားအင်ဆိုတာထက် တိုက်ပွဲ စွမ်းရည်က အရမ်းအရေးကြီးတယ်” ရှီမာယူယူ သူတို့ကို သတိပေးလိုက်သည်။
သူတို့တွင် တိုက်ပွဲစွမ်းရည်မရှိလျှင် အကြောက်တရားဖြင့် နောက်ဆုတ် ပါကလည်း အရှုံးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ရှီမာကျိယွင်သည် မျက်နှာခက်ထန်သွားသည်။ ရှီမာယူယူ ပြောသည်မှာ မှန်သည်။ ထိုအခြေအနေသို့ ကျရောက်သွားလျှင် သူတို့အတွက် အန္တရာယ်ရှိ တုန်းပင်။ သူတို့တွင် ရတနာများရှိလျှင်တောင် ကာကွယ်နိုင်မည်မဟုတ်ပေ။
“မျိုးနွယ်ဝင်တွေကို တိုက်ပွဲစွမ်းရည် လေ့ကျင့်မှုကို တိုးလုပ်လိုက်မယ်”
“သမီးမှာ လေ့ကျင့်ရေးနည်းလမ်းတွေ အစုံလိုက်ရှိတယ်….”
ရှီမာယူယူ စကားမဆုံးခင်မှာပင် အားလုံးသည် သူမကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လေသည်။
လေ့ကျင့်ရေးနည်းလမ်းသည် သူမကို ဝူလင်းယူပေးခဲ့ခြင်းဖြစ်ပြီး သူတို့ကို ပေးရန်ကိုပါ သူသတိပေးခဲ့သည်။ သူမသည် ထိုအရာကို မျိုးနွယ်အား ပေးလိုက်ပါက တိုက်ပွဲစွမ်းရည်မှာ ပြိုင်ဘက်ကင်းဖြစ်လာနိုင်သည်ကို ယုံကြည်သည်။
***