← Chapters

အခန်း (၉၈)

Vol. 8 Ch. 98

အခန်း (၉၈)

Vol. 8 Ch. 98

ဖုန်းချပြီးသွားတော့ ကျန်းဟန်က မနေနိုင်ဘဲပြောလိုက်သည်။ "မင်းရဲ့အန်တီလေးနဲ့ ဖေးခွမ်က ကြည့်ရတာ နည်းနည်း ရင်းနှီးလွန်းတဲ့ပုံပဲ။ သူတို့က တကယ်ကို သဘာဝကျကျ ဆက်ဆံနေတယ်၊ ခုနတုန်းက ဖုန်းမချခင်ကဆို မင်းရဲ့အန်တီလေးက လက်သုတ်ပုဝါလိုချင်နေတာ ဖေးခွမ်က သူ့ကိုတောင် မမေးဘဲ ကမ်းပေးလိုက်တယ်"

ကျွတ်စ် ကျွတ်စ် သူက သူတို့ကို ဘေးကနေကြည့်နေတာဖြစ်သည် - ဖေးခွမ်က မင်းအန်တီလေးကို အရမ်းဂရုစိုက်တယ်၊ သူတို့ရဲ့ ဆက်ဆံရေးက စုံတွဲတစ်တွဲလိုပဲ။

စုန့်လင်းချွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။ "ဘာပြောဖို့ကြိုးစားနေတာလဲ?"

ကျန်းဟန်က ထပ်ပြီးဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပေ။ "ဒီလို၊ ငါထင်တာတော့ သူတို့နှစ်ယောက် လျှို့ဝှက်ပြီး...."

"မဟုတ်တာတွေမပြောနဲ့" စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ခင်ဗျား ကျွန်တော့် ဘေးမှာရှိနေတုန်းက အန်တီလေး ဖုန်းခေါ်လာတဲ့နေ့ကို မှတ်မိသေးလား? သူက ဖေးခွမ်ကို တူတစ်ယောက်လိုပဲ သဘောထားလို့ မနာလိုမဖြစ်နဲ့လို့ ပြောခဲ့တာလေ"

ကျန်းဟန်က ပခုံးတွန့်လိုက်သည်။ မင်းအန်တီလေးမှာ တခြားရည်ရွယ်ချက်တွေ မရှိနိုင်ပေမယ့် ဖေးခွမ်မှာ‌တော့ မရှိနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

သူ့အတွေးတွေကို သိနေသလိုမျိုး စုန့်လင်းချွမ်က ပြောလာသည်။ "ကောင်းပြီ၊ ကြုံရာထင်ကြေးပေးနေတာ ရပ်လိုက်တော့။ ဖေးခွမ်မှာလည်း သူကြိုက်တဲ့လူ ရှိတယ်"

ဒါကိုကြားတော့ ကျန်းဟန်က ချက်ချင်း သိချင်သွားသည်။ "ဘယ်သူလဲ?"

စုန့်လင်းချွမ်က စိတ်မရှည် ဖြစ်လာသည်။ "ဘာလို့ အတင်းအဖျင်း ပြောချင်နေတာလဲ? ဘာပဲဖြစ်ဖြစ် ကျွန်တော့် အန်တီလေးတော့ မဟုတ်ဘူး"

ကျန်းဟန်က "အိုး" လို့ ပြောပြီး ဆက်မမေးတော့ပေ။

ကောင်းပါပြီ၊ မဟုတ်ဘူးဆိုတော့လည်း မဟုတ်ဘူးပေါ့။

ကျန်းဟန် သူ့ဘာသာသူ စဉ်းစားကြည့်လိုက်သည်။ ဖေးခွမ် ဘယ်သူ့ကို ကြိုက်နေလဲဆိုတာ သူ မသိပေမယ့် စုန့်လင်းချွမ် ဘယ်သူ့ကို ကြိုက်နေလဲဆိုတာ သူသိနေသရွေ့တော့ လုံလောက်သည်။

-

အိမ်ကို ည ၈ နာရီ လောက်မှာ ရှင်းလင်းသိမ်းဆည်းလိုက်သည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ အမှိုက်အိတ်ကို သယ်ပြီး အောက်ထပ်ကို ဆင်းလာကာ အများကြီးစားထားတာကြောင့် ရပ်ကွက် တဝိုက်မှာ လမ်းလျှောက်ဖို့ စီစဉ်လိုက်သည်။

အမှိုက်ပစ်ပြီးသွားတော့ ဖေးခွမ်က စုန့်အာ့နန်ဘက်လှည့်ကာ မေးလိုက်သည်။ "မင်းရဲ့လျှပ်စစ်စကူတာ ဒီမှာရှိလား?"

စုန့်အာ့နန် အံ့ဩသွားသည်။ "ရှိတယ် ဘာဖြစ်လို့လဲ?"

အရင်ကတော့ သူမ လျှပ်စစ်စကူတာကို စီးခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ခုခုကြောင့် တက္ကစီပဲ စီးတော့ကာ စုန့်လင်းချွမ်ရဲ့ကားပါကင်မှာပဲ သူမရဲ့စကူတာကို ရပ်ထားလိုက်သည်။

"အဲဒါကို လိုက်ပတ်စီးကြရင်ရော ဘယ်လိုလဲ?" ဖေးခွမ်က အလွန်စိတ်အားထက်သန်နေတဲ့ ပုံနဲ့ မေးလိုက်သည်။

“ကောင်းပြီလေ" စုန့်အာ့နန်က သဘောတူလိုက်သည်။

စကူတာသော့ကို စုန့်လင်းချွမ်နေရာမှာ ထားထားတာကြောင့် အပေါ်ပြန်တက်ယူရသည်။

သူတို့နှစ်ယောက်က ရပ်ကွက်ဝင်ပေါက်ဆီ စကူတာလေး စီးကာသွားကြသည်။

စုန့်အာ့နန်က အထွက်ဂိတ်မှာ ရပ်လိုက်ပြီး အစောင့်တဲရှိ လုံခြုံရေးအစောင့် ဦးလေးကို ပြောလိုက်သည်။ “ဦးလေး၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလို့ရမလား?"

လုံခြုံရေးဦးလေးက ခေါင်းညိတ်ပြလိုက်ပြီး စုန့်အာ့နန်ကိုမြင်တော့ သူလည်း အသားကျနေပြီဖြစ်သည်။

အမှန်အတိုင်းပြောရရင် ဒီနေရာမှာဇိမ်ခံကားအမြောက်အမြား နေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် စကူတာလေးနဲ့ အဆက်မပြတ် ဝင်ထွက်နေတာက‌တော့ သူမ တစ်ယောက်တည်းသာရှိသည်။

ဒါပေမယ့် ဒီနေ့တော့ သူမနဲ့အတူ တခြားတစ်ယောက်ပါ ပါတာကို တွေ့တော့ သူနည်းနည်း အံ့သြမိသွားသည်။

"ဒါပေါ့"

သူက အဝေးထိန်းခလုတ်ကိုသုံးကာ တံခါးဖွင့်လိုက်သည်။

စုန့်အာ့နန်က သူ့ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စကူတာကို လမ်းမပေါ်တက်လိုက်သည်။

"ဘယ်သွားချင်လဲ?" စုန့်အာ့နန်က ခေါင်းလှည့်လိုက်ကာ အနောက်ကလူကို မေးလိုက်သည်။

ဖေးခွမ်က ခဏလောက် တုန့်ဆိုင်းသွားပြီး "မင်းရဲ့ကျောင်းဆိုရင်ရော?"

စုန့်အာ့နန်လည်း အချိန်ကစောသေးတယ်လို့ ယူဆကာ လူအများစုက ဆောင်းဦးလယ်ပိတ်ရက်အတွက် အိမ်ပြန်ကြပြီဖြစ်ပြီး ညအချိန်လည်း ဖြစ်တာကြောင့် ပြဿနာမရှိပေ။

"ကောင်းပြီ ဒါဆို သေချာကိုင်ထားနော်"

နောက်လမ်းဆုံကိုရောက်တော့ စုန့်အာ့နန်က ဂငယ်ကွေ့ပြီး စကူတာလေးက အရှိန်ပြင်းပြင်းနဲ့ B တက္ကသိုလ်ဂိတ်ပေါက်ကို ရောက်လာသည်။

B တက္ကသိုလ်တွင် အရှေ့နှင့်အနောက်ကို လမ်းမကြီးတစ်ခုဖြင့် ပိုင်းခြားထားပြီး သွားလာရလွယ်ကူစေရန်အတွက် တံတားနှစ်ခုကို ဆက်သွယ်ထားသည်။

စုန့်အာ့နန်ရဲ့အဆောင်က အရှေ့ဘက်ကျောင်းဝင်းထဲတွင်ရှိပြီး အရင်တစ်ခေါက် ဖေးခွမ်ကို သူမ လိုက်ပြဖူးတာကြောင့် လက်ကိုင်ကိုကွေ့လိုက်ကာ ဒီတစ်ခါတော့ ကျောင်းအနောက်ဝင်းထဲကို ဝင်လိုက်သည်။

ကျောင်းအနောက်ဝင်းက ပိုကျယ်သည်။ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းစသည်ဖြင့် အဆောက်အအုံအများစုက ဒီနေရာတွင် တည်ရှိပြီး လိုက်ပတ်သွားဖို့ သင့်တော်သည်။

နည်းနည်းလောက် လိုက်ပတ်ပြီးသွားတော့ လမ်းကွေ့တစ်ခုမှာ ဖေးခွမ်က သူ စမ်းမောင်းကြည့်လို့ရမလားလို့ အရင်မေးလာသည်။

စုန့်အာ့နန်က စိတ်ထဲမထားပါချေ။ ဒီစကူတာကို သူမတနေကုန် မောင်းထားတာကြောင့် သူမအတွက် ဘာမှ ထူးထူးခြားခြားမရှိပါချေ။

နှစ်ယောက်သား နေရာပြောင်းလိုက်ကြသည်။

စုန့်အာ့နန် ထိုင်လိုက်ပေမယ့် ခဏလောက်အကြာအထိ မရွေ့သေးတာကိုမြင်တော့ သူမ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ မောင်းလို့မရဘူးလား?"

"ကိုယ် မောင်းလို့ရတယ်" ဖေးခွမ်က ပြန်ပြောလိုက်သည် ။

"ဒါပေမယ့် တော်တော်ကြာနေပြီဆိုတော့ ကိုယ့်အရည်အချင်းတွေက နည်းနည်း သံချေးတက်နေပြီ"

စုန့်အာ့နန် မျက်လုံးပြူးသွားသည်။ သံချေးတက်နေပြီလား?!

သူမက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားကာ လုံခြုံရေးအတွက် ပြောလိုက်သည်။ "ဖြစ်နိုင်ရင် ကျွန်မတို့..."

"မင်း ကိုယ့်ကို ဖက်ထားမလား?" ဖေးခွမ်က ရုတ်တရက် ပြောလိုက်သည်။

စုန့်အာ့နန် - "!!!!"

သူ့ကိုဖက်ထားရမယ်?

စုန့်အာ့နန် မျက်လုံးပြူးသွားပြီး ဖေးခွမ်ရဲ့ကျောကို ကြည့်နေမိကာ၊ သူမရဲ့ပါးစပ်က အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် ဖြစ်သွားပေမယ့် ဘာမှမပြောလိုက်တော့ပေ။

မိနစ်ဝက်လောက်ကြာတော့ဖေးခွမ်က နောက်လှည့်ကြည့်လာပြီး သူ့အမူအရာကတော့ အရမ်းတည်ငြိမ်နေသည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က သူမရဲ့ နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ပြီး ပုံမှန်အတိုင်း ဖြစ်အောင် အကောင်းဆုံး ကြိုးစားလိုက်သည်။ "အဲ့ဒီအစား ကျွန်မ မောင်းရင်ရော အန္တရာယ်ကင်းရအောင်လေ?"

"တကယ်လည်း အန္တရာယ်ကင်းပါတယ်" ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "မင်း ကိုယ့်ကို မယုံဘူးလား?"

စုန့်အာ့နန် မျက်ခုံးတွန့်ချိုးသွားသည်။ ဘယ်လိုလုပ် သူမဘက်လှည့်လာတာလဲ? မောင်းတဲ့နေရာမှာ သံချေးတက်နေပြီလို ပြောတဲ့သူက သူပဲ မဟုတ်ဘူးလား? အခုကျတော့ သူ့ကို မယုံလို့ အပြစ်လာတင်နေတာလား?

သူမ ဘာမှပြန်မပြောရသေးခင် ဖေးခွမ်က သနားစရာကောင်းအောင် ပြောလာသည်။ "ကိုယ်က တကယ် ယုံကြည်ဖို့ မတန်ဘူးလား? နည်းနည်းတော့ အသည်းကွဲသွားပြီ"

စုန့်အာ့နန် နည်းနည်းနားမလည်ဖြစ်သွားသည်။

သူက သူမကိုစနေတာလား တကယ်ပြောနေတာလားဆိုတာ သူမ မပြောတတ်တဲ့အတွက် ကူကယ်ရာမဲ့စွာနဲ့ပြောလိုက်သည်။ " ဒါဆို ရှင်ပဲမောင်းပါ"

သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ဖေးခွမ်က သူမကို ဆက်မစတော့ပေ။ "စိတ်မပူပါနဲ့ ကိုယ့်ရဲ့စကေးက သံချေးတက်မနေပါဘူး။ ဒရာမာ ဇာတ်ရုပ်အတွက် တစ်ချိန်လုံး မြင်းစီးနေရတာ ဒါကြောင့် လုံးဝဘေးကင်းတယ်"

သူ သူမကို စနေတယ်ဆိုတာ ကြားလိုက်ရတော့ စုန့်အာ့နန် မနေနိုင်ဘဲ နှုတ်ခမ်းစူလိုက်သည်။

သူမ ခဏလောက် စဥ်းစားလိုက်ပြီး ဖေးခွမ်ရဲ့ ရှပ်အင်္ကျီကို ပေကတ်ကတ်နဲ့ ဆွဲလိုက်သည်။

ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့် နည်းနည်းကော့တက်သွားပြီး စကူတာကို ဖြည်းဖြည်းချင်း စထွက်လိုက်သည်။

စုန့်အာ့နန်က ယာဉ်တွေစီးရာတွင် အထူးတလည်သတိထားပြီး ပြုတ်ကျမှာကို ကြောက်သည်။ ဒါကြောင့် ဖေးခွမ်ရဲ့ အစောပိုင်းစကားတွေက သူ ကောင်းကောင်းမမောင်းနိုင်မှာ သူမကို စိုးရိမ်သွားစေသည်။

ဒါပေမယ့် အခုတော့ ဘာပြဿနာမှ မရှိဘူးဆိုတာ သိလိုက်ရတော့ သူမ စိတ်အေးသွားသည်။

အိမ်မပြန်ကြသေးတဲ့ ကျောင်းသားတချို့က ကျောင်းဝင်းထဲတွက် အတွဲလိုက် အုပ်စုလိုက် လမ်းလျှောက်နေကြသည်။ တချို့ကလည်း သူတို့လို စက်ဘီး‌တွေ၊ စကူတာတွေ စီးကြသည်။

ဖေးခွမ်က အရမ်းမြန်မြန် မမောင်းဘဲ၊ တစ်နာရီကို မိုင်နှစ်ဆယ်လောက်တောင် မရှိတဲ့အထိ အေးအေးဆေးဆေး မောင်းနေသည်။ ရံဖန်ရံခါ သူတို့ကို အခြားကားတွေ ဖြတ်သွားတတ်သည်။

အနောက်မှာထိုင်နေရင်း စုန့်အာ့နန်ရဲ့ ဆံစတွေက လေတိုက်တာကြောင့် နားရွက်နောက်ကို လွင့်နေတော့ သူမ နားရွက်တွေကို နည်းနည်းယား သွားစေသည်။

သူမက သူ့ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း အတွေးပျောက်နေသည်။

ဖေးခွမ်ကြည့်ရတာ ဒီနေ့ နည်းနည်း တစ်မျိုးဖြစ်နေသလိုဘဲ။ အရင်ဆုံး မီးဖိုချောင်ထဲမှာ သူမပါးစပ်ကို သုတ်ပေးတယ်၊ ခုနတုန်းကကျ သူ့ကိုဖက်ထားခိုင်းတယ်။ သူ ဆေးမှားသောက်ထားမိတာများလား?

အရင်တုန်းကတော့ သူဒီလို ရင်းနှီးတဲ့ အမူအရာမျိုး သူဘယ်တော့မှ လုပ်မှာ မဟုတ်သလို နားလည်မှုလွဲစေနိုင်တဲ့ စကားကိုလည်း ဘယ်တော့မှ ပြောမှာ မဟုတ်ပေ။

ဘယ်လိုပြောရမလဲဆိုတော့ သူက ရည်ရွယ်ချက်ရှိရှိ လုပ်နေသလို ခံစားရသည်။

စုန့်အာ့နန် ခေါင်းနည်းနည်းခါလိုက်သည်။ သူမ အတွေးလွန်နေတာ ဖြစ်မည်။ ဒါက သူနဲ့ နီးကပ်တဲ့သူတွေကို ဆက်ဆံတဲ့ပုံဖြစ်နိုင်သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အရာအားလုံး ပြီးသွားသည့်နောက်တွင် သူတို့၏ ဆက်ဆံရေးဟာ ယခင်ကထက် ပိုမိုနီးကပ်လာခဲ့သည်။

စုန့်လင်းချွမ်သာဆိုရင် ဒီဟာ‌တွေကို သာမန်ထက် လွန်ကဲပြီး စဉ်းစားမည်မဟုတ်ပေ။

ဒါကိုတွေးရင်း စုန့်အာ့နန်ရဲ့ ရင်ထဲမှာ အပြစ်ရှိစိတ်တစ်ခု ပေါ်လာသည်။ ဒီဟာက သူမရဲ့ပြဿနာပဲ ဖြစ်ရမယ်။

သူမစိတ်ကို ပြန်ပြင်လိုက်ပြီး ဖေးခွမ်ရဲ့ ရှပ်အင်္ကျီကို လွှတ်ချလိုက်သည်။ နောက်တော့ သူမရဲ့လက်နှစ်ဖက်က သူ့ခါးဆီ တိုက်ရိုက်ရောက်သွားသည်။

ဖေးခွမ်မှာ စိတ်ပိုင်းဆိုင်ရာ လုံးဝမပြင်ဆင်ထားရပါချေ။ သူ့ခါးမှာ နွေးထွေးတဲ့ အထိအတွေ့ကို ခံစားလိုက်ရတော့ သူ့နောက်ကျောက တောင့်တင်းသွားသည်။

သူ့လက်က ဘရိတ်ကို တင်းတင်းညှစ်မိသွားပြီး ဘီးနဲ့ မြေပြင်က ပြင်းပြင်းထန်ထန် ပွတ်တိုက်မိသွားကာ စူးရှတဲ့အသံထွက်လာပြီး စကူတာက ရပ်သွားသည်။

လှုပ်ရမ်းမှုကြောင့် စုန့်အာ့နန် ခန္ဓာကိုယ်က ရှေ့တိုးလာပြီး သူ့နောက်ကျောကို တိုက်မိသွားသည်။ သူမ မသိစိတ်ကနေ ဖေးခွမ်ရဲ့ခါးကို ဖက်လိုက်မိသည်။

ရုတ်တရက် ပြောင်းလဲသွားတဲ့ အဖြစ်အပျက် ကအရမ်းမြန်သည်။ စုန့်အာ့နန်မှာ ဗလာသပ်သပ်ဖြစ်သွားပြီး သူမအသိပြန်ဝင်လာချိန် ကမန်းကတန်း သူတို့ကြားက အကွာအဝေးကိုခြားလိုက်သည်။

ဖေးခွမ်ရဲ့ကိုယ်က အရမ်းတောင့်တင်းနေပြီး သူ့လည်ပင်းကို နည်းနည်းလှည့်လိုက်ကာ မေးလိုက်သည်။ "တောင်းပန်ပါတယ် မင်းအဆင်ပြေရဲ့လား?"

စုန့်အာ့နန်က ခေါင်းခါပြလိုက်ပေမယ့် သူ မမြင်ရမှန်းသိတော့ ပြောလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ်"

သူဘာဖြစ်လို့ ဒီလိုမျိုး ရုတ်တရတ် ဘရိတ်ညှစ်လိုက်တာလဲ? သူမက သူ့ကိုမေးလိုက်သည်။ "ဘာလို့ ရုတ်တရက် ရပ်လိုက်တာလဲ?"

ဖေးခွမ်က တစ်ခဏလောက် ချောင်းဟန့်လိုက်ပြီး "...ကိုယ် ယားလို့"

စုန့်အာ့နန် - "..."

ယားလို့? ဒါပေမယ့် သူပဲ သူမကို ဖက်ခိုင်းခဲ့တာလေ!

-

နှစ်ယောက်သား ကျောင်းဝင်းတစ်ဝိုက် ခဏလောက် လောက်ပတ်လိုက်ပြီး စုန့်အာ့နန်ရဲ့ အစားအသောက်ကတ်ကို သုံးကာ ကန်တင်းတွင် သောက်စရာလည်းဝယ်လိုက်သေးသည်။

အပြန်လမ်းတွင်၊ စုန့်အာ့နန်က သူမကိုယ်တိုင် စကူတာ မောင်းချင်တယ်လို့ ဆိုလာသည်။ ဖေးခွမ်လည်း ဆက်မငြင်းတော့ဘဲ နှစ်ယောက်သား နေရာလဲလိုက်ကြသည်။

အိမ်ပြန်ရောက်တော့ ဖေးခွမ် တံခါးဘေးက ဗီရိုပေါ်မှာ သော့ကိုထားလိုက်ပြီး ဧည့်ခန်းဆိုဖာဆီတိုက်ရိုက်လျှောက်သွားလိုက်ကာ ခြေထောက်တွေကို ဆန့်ပြီးပစ်လှဲလိုက်သည်။

သူမျက်နှာကျက်ကို မော့ကြည့်လိုက်ရင်း မထိမ်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူ့ခံစားချက်ကို နားလည်ပြီးတဲ့နောက်မှာ ဖေးခွမ် အနေနဲ့ထိုင်စောင့်နေဖို့ အစီအစဉ်မရှိပါ‌ချေ။ ဒီကောင်မလေးက အရွယ်ရောက်လာပြီးဖြစ်ကာ သူ့ပတ်ဝန်းကျင်မှာလည်း အရမ်းတော်တဲ့ ယောင်္ကျားလေးတွေ အများကြီးရှိသည်။ သူ တုံ့ဆိုင်းနေပါက နောက်ကျသွားမှာ သူကြောက်သည်။

ဒါပေမယ့် တစ်ယောက်ယောက်ကို လိုက်တဲ့အခါ ဘယ်လိုလိုက်ရမှာလဲ? သူဘာမှမသိဘူး။

ဒီညသူပ ရည်ရွယ်ချက်ရှိရှိနဲ့ စကူတာနဲ့အပြင်ထွက်ကာ ကျောင်းကိုသွားဖို့ ပြောခဲ့တာဖြစ်သည်။ နှလုံးသားရေးရာကိစ္စတွင် ဖေးခွမ်ရဲ့သူငယ်ချင်းဖြစ်တဲ့ လောရိတစ်ယောက်ဘဲ အကြံပေးနိုင်သည်။

လောရိက သူ့ရဲ့ပထမဆုံးကောလိပ်ကျောင်းသူကောင်မလေးကိုလိုက်တဲ့ အချိန်မှာ သူတို့ရဲ့အေးခဲနေတဲ့ စည်းကိုချိုးဖျက်ခဲ့တာက သူ့ကောင်မလေးကို စက်ဘီးတင်စီးခဲ့တဲ့အချိန်လို့ လောရိပြောတာကို သူကြားဖူးသည်။

အဲ့ဒီအချိန်တုန်းက ကောင်မလေးက လောရိရဲ့ခါးကို သိုင်းဖက်ထားကာ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုနဲ့ သူ လိုက်တာကို သဘောတူခဲ့သည်။

ဒါပေမယ့် ဒီညက ကလေးမလေးရဲ့ တုံ့ပြန်မှုကို ကြည့်ရရင်တော့ ဆိုးရွားတဲ့ အစပျိုးမှုပင်။

သူ့ရဲ့စိစစ်မှုတွေအရ စုန့်အာ့နန်က တစ်ချိန်လုံး ပုံမှန်အတိုင်းပင်။ ဆန့်ကျင်ဘက်အနေနဲ့၊ သူကတော့ အရွယ်မရောက်သေးသော ခွေးတစ်ကောင်လိုမျိုး ကိုယ့်ကိုယ်ကို အရှက်ရစေခဲ့တာဖြစ်သည်။

ဖေးခွမ်က အနီးနားမှာအိပ်ပျော်နေတဲ့ ချိုးချိုးကို ဖမ်းဆွဲလိုက်ပြီး ပြင်းထန်စွာ ပွတ်သပ်ပေးလိုက်သည်။

ကောင်လေးက သူ့ရဲ့ ချိုမြိန်တဲ့ အိပ်မက်တွေပျက်သွားတာကြောင့် စိတ်အနှောင့်အယှက် သွားရသည်။ မရိုးသားတဲ့ သူ့ ပိုင်ရှင်ကို သူ့ရဲ့ မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်လိုက်ပြီး သူ့ကြောင်အိပ်ရာဆီ ပြတ်ပြတ်သားသား ပြေးသွားလိုက်သည်။

ဒီလိုအချစ်ထဲ နစ်ဝင်နေတဲ့ လူအိုကြီးနဲ့ ခပ်ဝေးဝေးနေရမယ်!

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ နှစ်ကြိမ် ရယ်လိုက်သည်။ သူဒီလိုမျိုး ရှင်းရှင်းလင်းလင်း မသိနားမလည်ဖြစ်နေတာက တကယ်ရှားသည်။

အချစ်ရေးနဲ့ပတ်သက်တဲ့ စာအုပ်အချို့ကို သူရှာဖတ်ရမလား?

ဖေးခွမ် လေးလေးနက်နက် တွေးနေချိန်မှာပဲ ကော်ဖီ စားပွဲပေါ်က သူ့ဖုန်းက မြည်လာသည်။ သူဖုန်းယူလိုက်တော့ ခေါ်ဆိုသူ ID မှာ လောရိရဲ့နာမည်က ပေါ်နေသည်။

နတ်ဆိုးအကြောင်း ပြောလိုက်တာနဲ့ ပေါ်လာပြီ။

သူက ပြန်ဖြေတာကို နှိပ်လိုက်ပြီး စပီကာဖွင့်လိုက်သည်။ "အခုကအဓိက အားလပ်ရက်မို့လို့ မင်းရည်းစားနဲ့ မရှိ‌နေဘူးလား? ဘယ်လိုလုပ် ငါ့ကိုခေါ်ဖို့ အချိန်ရတာလဲ?"

လောရိက ရယ်ရယ်မောမောနဲ့ ပြောလာသည်။ "မင်းကိုကြည့်ပါဦး၊ မင်းက ငါ့ကိုအလှလေးအတွက်နဲ့ သူငယ်ချင်းကို မေ့ထားတတ်တဲ့သူမျိုးလား?"

"အလှလေးအတွက်နဲ့ မင်းရဲ့သူငယ်ချင်းတွေကို မေ့သွားတာက နည်းနည်းမဟုတ်ဘူးလား?" ဖေးခွမ်က သူ့ကို ဟာသလုပ်သလိုမျိုး မခံစားရပါချေ။ "မင်းပြောစရာတာပြော၊ မင်းရဲ့ မိုက်မဲတဲ့စကားတွေကို နားထောင်ဖို့ အချိန်မရှိဘူး"

လောရိက စိတ်မဆိုးပါချေ။ "ဘာမှမဟုတ်ပါဘူး၊ အားလပ်ရက်မှာ မင်းကို စစ်ဆေးကြည့်ချင်လို့"

ဖေးခွမ် မထူးခြားနားစွာနဲ့ "အိုး" လို့ဆိုလိုက်သည်။

"ပြောပါဦး၊ မင်းဒီအားလပ်ရက်မှာ ဘယ်သူတွေနဲ့ ဖြတ်သန်းခဲ့လဲ? မင်းရဲ့ အေးဂျင့်နဲ့လား ဒါမှမဟုတ် မင်းရဲ့လက်ထောက်နဲ့လား?" လောရိက မေးလိုက်သည်။

ဖေးခွမ်က လှဲနေရာကနေ ပိုသက်တောင့်သက်သာရှိတဲ့ အနေအထားကို ပြောင်းလိုက်ပြီး အစီအစဉ်မကျဖြေလိုက်သည်။ "တစ်ခုမှမဟုတ်ဘူး"

လောရိ နည်းနည်း အံ့သြသွားသည်။ "မင်းတစ်ယောက်ထဲလား? ဒါပေမယ့် အရင်တစ်ခေါက်ကကျ အားလပ်ရက်မှာ အတူတူဖြတ်သန်းဖို့ တစ်ယောက်ယောက်ရှိတယ်လို့ မင်း ပြောခဲ့တယ်လေ"

ဖေးခွမ်က ပျင်းရိပျင်းတွဲနဲ့ ပြန်ဖြေလိုက်သည်။ "ငါတစ်ယောက်တည်းလို့လည်း မပြောပါဘူး"

လောရိက သူ တစ်ယောက်တည်း မဟုတ်ကြောင်းကြားတော့ ချက်ချင်းပင် စိတ်ဝင်စားလာသည်။ "အိုး ဟိုး၊ ဘယ်သူများလဲ? ငါ့ကို အခုမပြောနဲ့ဦး ခန့်မှန်းကြည့်ရအောင်"

ဖေးခွမ်ဘက်ကလည်း ပြောပြချင်စိတ်မရှိတော့ သူ့ကိုခန့်မှန်းခိုင်းထားလိုက်သည်။

ဒါပေမယ့် တကယ်ဘဲ ခန့်မှန်းစရာ သိပ်မရှိပါချေ။ ဖေးခွမ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိသူတွေက အများကြီးမရှိပေ။ သူ့မိသားစုက ဒီမြို့မှာ မရှိဘူးဆိုတော့ အားလပ်ရက်မှာ သူနဲ့ အတူတူရှိနေတဲ့သူ...

အမြန်စဉ်းစားလိုက်ပြီးနောက်တော့ လောရိက မကြာခင်မှာပဲ မှန်းဆမိလိုက်သည်။

"အဲ့ဒါက အန်တီလေး၊ ဟုတ်မလား?" လောရိကပြောလိုက်သည်။

ဖေးခွမ်က အသံတိုးတိုးနဲ့ အင်း လို့ဆိုလိုက်သည်။

All Chapters