အခန်း (၉၉)
Vol. 8 Ch. 99
စုန့်အာ့နန်ပါလာတော့ လောရိက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် ငါအရင်က အန်တီလေးစုန့်နဲ့ မဆက်ဆံဖူးပေမယ့်၊ အရင်က အဖြစ်အပျက်တွေအရဆို သူမက အရမ်းတော်တဲ့ မိန်းကလေးတစ်ယောက်ပဲ"
"တကယ်လို့ ငါ့မှာသာ ကောင်မလေးမရှိနေရင် မင်းကို ငါတို့ကို မိတ်ဆက်ခိုင်းလိုက်ပြီ"
ဖေးခွမ် မညှာမတာနဲ့ ပြောလိုက်သည်။ "နေ့ခင်းကြောင်တောင် အိမ်မက်မက်မနေနဲ့၊ မင်းက သူနဲ့မတန်ဘူး"
လောရိ မပျော်တော့ပေ။ "သူက ငါနဲ့မတန်ဘူးဆိုရင် မင်းကရော ကောင်းနေလို့လား?"
ဖေးခွမ်က ပြန်မဖြေပေ။
လောရိက သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုကို ချက်ချင်း ခံစားမိလိုက်သည်။ "မဖြစ်နိုင်တာ! မင်းမှာ အဲ့ဒီ အခြေအနေ ရှိနေတာလား?"
ဖေးခွမ်က ထပ်မပြောချင်တော့ပေ။ "ကောင်းပြီ၊ ဖုန်းချလိုက် တော့မယ်"
"ဟေး ဟေး၊ ဘာကိုဖုန်းချမှာလဲ?" လောရိက ကမန်းကတန်း တားလိုက်သည်။ "မင်းဘာကိုဆိုလိုချင်တာလဲ? မင်း သူ့အပေါ်မှာ ခံစားချက်တွေရှိနေတယ်လို့တော့ မပြောနဲ့နော်"
ဒီတစ်ခါတော့ ဖေးခွမ်က အင်းလို့ ခပ်တိုးတိုးဆိုလိုက်သည်။ "ဟုတ်တယ် ငါ သူ့အပေါ် ခံစားချက်တွေရှိနေတယ်"
စုန့်အာ့နန် နဲ့ ပတ်သက်ရင် သူ ဘယ်တော့မှ စနောက်မှာ မဟုတ်ချေ။
စုန့်အာ့နန်နဲ့ ပြန်ဆုံပြီးကတည်းက ဖေးခွမ်ဟာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို သတိပြုမိခဲ့ပေမယ့် သူက သတိကြီးလွန်းတာကြောင့် တိတိကျကျမသတ်မှတ်ရဲတာဖြစ်သည်။
"ဘယ်လောက်ရှိပြီလဲ?" လောရိက မေးလိုက်သည်။
ဖေးခွမ်က ပြန်မဖြေခင် ခဏလောက် စဉ်းစားလိုက်ပြီးမှ "လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ"
လောရိက"အိုး" လို့ ဆိုလိုက်ပြီးထပ်မေးလာသည်။ "မင်း လိုက်လို့မရရင် ဘယ်လိုလုပ်မလဲ?"
ဖေးခွမ်က ခဏရပ်လိုက်ပြီး "ဒါဆို ငါ သူ့ကို လိုက်ဖို့ ပိုကြိုးစားမယ်"
လောရိက သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးချင်ဘူးဆိုတာ သိသာသည်။ "ဒီထက်ပိုပြီး အားထုတ်ရင်တောင် ဘယ်လိုမှ လိုက်လို့မရဘူးဆိုရင်ရော?"
ဖေးခွမ်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ "ငါ့ရဲ့ကြိုးစားမှုတွေ အကုန်လုံးနဲ့တောင် အလုပ်မဖြစ်သေးရင်တော့ လက်လွှတ်လိုက်ရုံပေါ့။ သူက အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်"
လောရိ ဘာသိချင်လဲဆိုတာ သူသိသည်။ သူ အစွဲအလမ်းကြီးသွားမှာ စိုးနေတာပင်။
ဖေးခွမ်လည်း ဒီဖြစ်နိုင်ခြေကို သေချာစဉ်းစားခဲ့သည်။ အဲ့ဒီညမှာ သူက အကျိုးဆက် အမျိုးမျိုးကို စဉ်းစားကာလသာဆောင်တွင် တစ်ညလုံး နေခဲ့သည်။
အချစ်ရေးမှာ အဆင်မပြေတာကလည်း ပုံမှန်ပါပဲ။
သူ့အမြင်အရတော့ စုန့်အာ့နန်က အကောင်းဆုံးတွေရဖို့ မွေးဖွားလာခဲ့ပေမယ့် သူကတော့ မဟုတ်တာ ထင်ရှားသည်။
ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သူဘာလုပ်နိုင်မှာလဲ? သူဟာ ငန်းတစ်ကောင်ကို မက်မောနေတဲ့ ဖားတစ်ကောင်မျှသာ ဖြစ်သည်။
သူလိုချင်တယ်၊ သူ အရမ်းလိုချင်တယ်...
လောရိ သူ့ကို ဒီလိုမမြင်ချင်ပေ။ သူ တိုက်ရိုက်ကျိန်ဆဲလိုက်သည်။ " သွားလိုက်တော့! ငါ့ကိုဒီလို လေးလေးနက်နက် စာပေစကားတွေ လာမပြောနဲ့၊ မင်း ကောင်မလေးကိုတောင် အခုထိ မလိုက်ရသေးဘူး။ မင်းက စိတ်ဓာတ်ကျနေပြီလား? မင်းမှာ ယောက်ျားပီသတဲ့ စိတ်တောင်မရှိဘူးလား? "
ဖေးခွမ်က "ဟေး"လို့ ပြောပြီး ဆက်လိုက်သည်။ "မင်း အတင်းမေးနေတာ မဟုတ်ဘူးလား?"
သူ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်ရတာလဲ?
လောရိက သူ့အမှားကို ဝန်မခံဘဲ၊ အကြောင်းအရာကို တိုက်ရိုက်ပြောင်းလိုက်သည်။ "ကောင်းပြီ၊ ကောင်မလေး လိုက်တာပဲကို၊ ငါလို အချစ်ရေးရာပညာရှင်တစ်ယောက်ရှိနေမှတော့ မင်းက ဘာကြောက်နေသေးတာလဲ?"
သူ ဒါကို ရှင်းမပြခဲ့ပေမဲ့ အခုတော့ ဖေးခွမ်တစ်ယောက်တော့ ဒီည ဘာဖြစ်ခဲ့လဲဆိုတာကို တွေးလိုက်မိသည်။
လောရိကို သူတကယ် မပြောပြချင်ပေ။ အဲ့ဒီကောင်ပုံစံနဲ့ဆို သိသွားပါက သူ့ကို လှောင်မယ့်အခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်ပေ။
ဒါပေမယ့် တခြားနည်းလမ်းလည်း မရှိပါချေ။ အခုအချိန်မှာတော့ အကြံဥာဏ်တွေ ပေါ်လာအောင် ကူညီပေးဖို့ တစ်စုံတစ်ယောက် လိုအပ်နေသည်။
တခြားဘာမှ မပြောချင်ပေမယ့် မိန်းကလေးတွေကို လိုက်တဲ့နေရုမှာတော့ လောရိမှာ တကယ်ပြောပိုင်ခွင့်ရှိသည်။
ဖေးခွမ်က သိပ်အများကြီး တွန့်ဆုတ်မနေဘဲ ဒီညက အဖြစ်အပျက်ကို ပြောပြလိုက်သည်။ လောရိက နားထောင်နေပြီး သူပြောပြီးသွားတာနဲ့ သူ့ကို ရယ်တော့သည်။
"သေစမ်း၊ ဒါက ငါ့ကို အက်ကွဲစေတာပဲ။ ငါပြောမယ်၊ ဖေးခွမ်၊ ဒီနေ့ မင်း လွန်တယ်ကွ! ကျောင်းတုန်းကဆို မင်းအိမ်စာတွေကို ငါ အမြဲကူးရတာ၊ အခုတော့ ကံတရားဘီးက လှည့်လာပြီး မင်းကို ငါကူရမယ့်အလှည့်ပဲ!"
ဖေးခွမ်လည်း အဲ့ဒီကြောင်းကို တွေးရင်း ရယ်လိုက်သည်။ တကယ်ကတော့ ဒါက အိမ်စာ ကူးတာနဲ့တောင်တူသည်။
"ဒါပေမယ့် မင်းက တကယ်အရည်အချင်းရှိတယ်၊ တိုက်ရိုက်မကူးဘဲ သင့်လျော်သလို လိုက်လျောညီထွေဖြစ်အောင် အမြဲလုပ်တတ်တယ်။ မင်းအလှည့်ကျတော့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား?" လောရိက ပြောလိုက်သည်။
"ဒါက သေချာပေါက် အလုပ်မဖြစ်ဘူး။ မိန်းကလေးတွေကို လိုက်ဖို့ဆို သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ နည်းစနစ်တွေ လိုအပ်တယ်၊ လူတစ်ဦးချင်းစီနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့လည်းလိုအပ်တယ်"
ဖေးခွမ် မျက်ခုံးပင့်လိုက်သည်။ "မဟုတ်တာတွေကိုကျော်လိုက်။ အဓိက အချက်ကိုပြော"
လောရိက ကျွတ်စ် သတ်လိုက်သည်။ ဒီလိုဖြစ်နေတာတောင်မှ သူ့ထက်သာလွန်တဲ့ ခံစားချက်က ချက်ချင်းပေါ်လာသေးတယ်။
"မင်းပြောသလိုပဲ၊ ကောင်မလေးက မင်းကို သူ့တူနဲ့ အတူတူ ဆက်ဆံတယ်၊ ဒါကြောင့် သူ့မှာ မင်းအပေါ် ဒီလိုမျိုး ရည်ရွယ်ချက်မရှိဘူး၊ ဒီတော့မျက်စိစုံမှိတ်ပြီး ပရောပရီလုပ်တာက ဘာလဲ?" သူက ပြောလာသည်။
ဖေးခွမ်က မမေးခင် ခဏလောက် စဉ်းစားလိုက်ပြီး "ဒါဆို ငါ ဘာလုပ်ရမလဲ?"
လောရိက သူ့မေးခွန်းကို အလျင်စလိုမဖြေပေ။ "ငါမေးဦးမယ်၊ စုန့်အာ့နန်မှာ သူကြိုက်နေတဲ့သူရှိလား?"
ဖေးခွမ် ခဏလောက် လန့်သွားသည်။ "မရှိလောက်ဘူး"
သူမက ကျန်းဖန်ကို မကြိုက်ဘူးဆိုတာ ရှင်းနေတာပဲ။
သူတို့နှစ်ယောက်က မကြာခဏတွေ့ကြတာကြောင့် ယောက်ျားလေးတစ်ယောက်အကြောင်း သူမ ပြောတာသူ မကြားဖူးပေ။ သူမမှာ ကြိုက်နေတဲ့လူမရှိဘူးဆိုတာ ဖြစ်နိုင်သည်။
ဒါ့အပြင်၊ စုန့်အာ့နန်က သူမ သဘောကျတဲ့သူရှိလာရင် သူ့ကို အဲ့ဒီလူကို ကူစစ်ဆေးခိုင်းမယ်လို့လည်း ဆိုခဲ့သေးသည်။
ကလေးမလေးက သူ့စကားအတိုင်း တကယ်လုပ်တာ မဟုတ်လား?
ဒီအဖြေကိုကြားတော့ လောရိက မျက်မှောင်ကြုတ်လိုက်သည်။ "ဟေး၊ မင်း နည်းနည်းလောက် ပိုပြီး စိတ်ချလို့မရဘူးလား?"
ဖေးခွမ်က သူ့ကို လျစ်လျူရှုလိုက်သည်။
လောရိကတော့ "ကလေးဆန်ပြီး ပညာမတတ်တဲ့" ပုံစံကိုတပ်လိုက်ကာ ကြီးကြီးကျယ်ကျယ် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ၊ ဒါဆို လောလောဆယ် ဘယ်သူမှ မရှိဘူးလို့ ယူဆကြည့်ရအောင်။ မင်းရဲ့ ထိပ်တန်းဦးစားပေးက သူ့စံနှုန်းအမျိုးအစားကို ဖော်ထုတ်ဖို့ပဲ။ မင်းကိုယ်မင်းသိပြီး မင်းရဲ့ပြိုင်ဘက်ကိုလည်း သိရမယ်၊ နားလည်လား?"
ဖေးခွမ်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။ "သူ့မှာ ကြိုက်တဲ့သူရှိနေပြီ ဆိုရင် ဘယ်လိုလုပ်မလဲ?"
လောရိ - "ဒါဆို သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်အထိ ရောက်နေပြီလဲဆိုတာ အရင်စဉ်းစား၊ အခြေအနေတွေကို အခွင့်ကောင်းယူဖို့ အခွင့်အရေးရှိသေးလားပေါ့"
"ကောင်းပြီ၊ ဒီအခြေအနေက ရှုပ်ထွေးလွန်းတယ်။ လောလောဆယ်တော့ သိပ်အများကြီး မပြောတော့ဘူး။ဒီပြဿနာကို အမြန်ဖြေရှင်းသင့်တယ်။ သဲလွန်စတွေ မထားခဲ့မိအောင်လည်း သတိရဦး!"
ဖေးခွမ် နည်းနည်း စိတ်ရှုပ်သွားသည်။ "ဘာလို့ သဲလွန်စတွေ ချန်ထားလို့မရတာလဲ?"
လောရိ - "မင်းက ငတုံးလား? သူ့မှာ မင်းအပေါ်ခံစားချက် တွေမရှိသေးဘူးလေ၊ ခြုံထဲက မြွေကို မင်းခြောက်လိုက်ရင် ဘယ်လိုလုပ် ဖမ်းမိတော့မှာလဲ"
ဒါကိုပြောပြီးသွားတော့ လောရိက မဝံ့မရဲနဲ့ ဝှေ့ယမ်းကာ ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
ဒီပုံစံက အချစ်ပညာရှင်တစ်ယောက် လေထဲမှာ တကယ်ရှိနေသလိုပင်။
ဖေးခွမ်ရဲ့လက်ချောင်းတွေက သူ့ဒူးကို မသိလိုက်ဘာသာနဲ့ ပုတ်နေရင်း တွေးတောလိုက်သည်။
ပြဿနာက ဒီကလေးမလေးကို သူဘယ်လိုရှာပြီး အတည်ပြုရမှာလဲ?
ပြီးတော့ သဲလွန်စတွေ မချန်ဘဲနဲ့လေ...
....
ဆောင်းဦးလယ်ပွဲတော်အပြီးတွင် စုန့်အာ့နန်လည်း ပုံမှန်အတိုင်း အလုပ်သွားသည်။ သူမလည်း အလုပ်များနေတာနဲ့ အဲ့ဒီညက အဖြစ်အပျက်ကို အမြန်မေ့သွားသည်။
ဒါပေမယ့် ရက်အနည်းငယ်ကြာတော့ အဲဒီညက အဖြစ်အပျက်တွေက အွန်လိုင်းပေါ်မှာ နာမည်ကြီးလာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။
ဆောင်းဦးလယ်ပွဲတော်ညက B တက္ကသိုလ် ဖိုရမ် တွင် တစ်ယောက်ယောက်က ကျောင်းဝင်းအတွင်းတွင် အနောက် ကောင်မလေးတစ်ယောက်နဲ့အတူ စကူတာမောင်းနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံကိုတင်ခဲ့သည်။
ပို့စ်တွင်ဖော်ပြထားသည်မှာ - အားလပ်ရက်မှာ ဒိတ်နေကြတဲ့ ဒီစုံတွဲနဲ့ ကျောင်းဝင်းထဲမှာ တိုးတယ်! ငါတို့လိုစင်ဂယ်ခွေးတွေကို ဘယ်အချစ်ငှက်တွေက မနာလိုဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာပဲ!
[ဘုရားရေ! သူတို့ရဲ့ ပုံသဏ္ဌန်ကနေ သူတို့ဟာ ဒဏ္ဍာရီပုံပြင်ထဲက စုံတွဲတစ်တွဲလို ပြောနိုင်တယ်]
[ဝါးး ဘာလို့ တချို့လူတွေက အနောက်ကနေ မြင်ရတာတောင် ကြည့်လို့ကောင်းနေရတာလဲ? ဒါကအရမ်းဆွဲဆောင်မှုရှိတဲ့ အလှတရားရဲ့ ရောင်ဝါ ဖြစ်ရမယ်]
[သူတို့က ငါတို့ကျောင်းက ကျောင်းသားတွေလားဆိုတာ သိချင်တယ်]
[ဖြစ်နိုင်တယ်။ အားလပ်ရက်ကြီးမှာ ဘယ်သူက ကျောင်းဝင်းထဲမှာ ကြုံရာလိုက်သွားနေမှာလဲ?]
[အကြောင်းအရာကို ပြောရရင်! OP မင်းရဲ့ ဓာတ်ပုံရိုက်တဲ့အရည်အချင်းက အရမ်းကောင်းတယ်၊ လမ်းမီးတိုင်အောက်က စကူတာပေါ်က သူတို့ပုံက လေထုကို အရမ်း...]
[ဒီပုံကရတဲ့ ခံစားချက်က အံ့မခန်းဘဲဆိုတာတော့ ဝန်ခံရမယ်။ ဒီလိုမြင်ကွင်းမျိုးက ရုပ်ရှင်ထဲမှာတောင် အရမ်းရှားတယ်]
[ဟုတ်တယ်၊ ဇာတ်လမ်းပြောပြနေတဲ့ ခံစားချက်လိုဘဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ စိတ်ကူးစိတ်သန်းတွေက ကွန့်မြူးလာတယ်]
...
OP ဟာ အစကတည်းက ပို့စ်ကို မြင့်တက်သွားစေသည့် အံ့သြဖွယ်ကောင်းတဲ့ ရိုက်ချက်တစ်ခုကို ရရှိခဲ့သည်။
မကြာခင်မှာပဲ တစ်ယောက်ယောက်က နောက်ထပ်ဓာတ်ပုံကို မျှဝေလိုက်သည် - တိုက်ဆိုင်မှုဘဲ OP! ဆောင်းဦးလယ်ပွဲတော်ညမှာ သူတို့ကို ငါလည်း ဓာတ်ပုံရိုက်မိထားတယ်။ အဲ့ဒီအချိန်တုန်းက အရမ်းလှပတဲ့ အခိုက်အတန့်လို့ တွေးမိလိုက်တယ်။ဒါက တက္ကသိုလ် အချစ်ဇာတ်လမ်းထဲက တစ်ခုခုလိုမျိုးတိုက်ရိုက်ခံစားလိုက်ရတယ်
ဓာတ်ပုံထဲတွင် ကောင်မလေးက စကူတာမောင်းနေတုန်းမှာ ကောင်လေးက အနောက်မှာထိုင်ရင်း သူ့ခြေတံရှည်တွေကို ပျင်းရိပျင်းတွဲနဲ့ ချထားသည်။
တဖြည်းဖြည်းနဲ့ စာပြန်တဲ့ လူတွေက ပိုများလာပြီး တချို့ကတော့ သူတို့ရဲ့ အထောက်အထားတွေအကြောင်း သဲလွန်စတွေ ရှာတော့သည်။
အထူးသဖြင့် ဓာတ်ပုံတစ်ပုံတွင် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ဘေးဘက်ပုံက်ို ပြထားသည်။ ပုံက သိပ်မရှင်းလင်းပေမယ့် သူတို့နဲ့ရင်းနှီးတဲ့သူတွေကတော့ ဘယ်သူလဲဆိုတာ သိနိုင်သည်။
သူတို့က ကန်တင်းအဝင်ဝတွင်ရပ်နေကာ နို့လက်ဖက်ရည် ကိုယ်စီကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြသည်။
[ခဏနေဦး၊ ဒီနှစ်ယောက်က ဘယ်သူလဲဆိုတာ ငါသိပြီထင်တယ်!]
[ငါလည်းသိလိုက်ပြီ! ကောင်မလေးက ဆေးကျောင်းက စုန့်အာ့နန်ပဲ။ ကောင်လေးကတော့ နာမည်ကြီးတစ်ယောက်... ငါတော့ ဖေးခွမ်လို့ထင်တယ်၊ သူ့ကို ရှိုးတစ်ခုမှာ မြင်ဖူးတယ်]
[မဖြစ်နိုင်တာ၊ အဲဒီနေ့က ငါလည်း သူတို့ကို ကျောင်းဝင်းထဲမှာ တွေ့ခဲ့တယ်။ ငါက သူတို့နှစ်ယောက်ကို နည်းနည်း ရင်းနှီးနေတယ်လို့ ထင်ခဲ့တာ သူတို့က နာမည်ကြီးတွေဖြစ်နေလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး! ငါသာ ဓာတ်ပုံရိုက်ခဲ့ရင်တော့!]
[ဘာတွေဖြစ်နေကြတာလဲ? သူတို့က တွဲနေကြတာလား!]
[ မဟုတ်ဘူးမလား? စုန့်အာ့နန်ရဲ့တူ စုန့်လင်းချွမ်က ဖေးခွမ်နဲ့ တကယ့် သူငယ်ချင်းကောင်းတွေ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအစ်ကိုတွေလိုပဲ]
[ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘူး၊ စုန့်အာ့နန်က ဒီကကျောင်းသူဆိုတော့ ကျောင်းဝင်းထဲမှာ နေတာ ပုံမှန်ဘဲ။ ပြီးတော့ ဖေးခွမ်ကလည်း ကျောင်းကိုသွားလည်တာ ဒါမှမဟုတ် တစ်ခုခုကြောင့် သွားတာနေမှာပေါ့]
[ဟုတ်နေတာဘဲ။ မှုန်ဝါးဝါးပုံသဏ္ဌန်တွေပ ကြည့်ကောင်းနေတာ အံ့ဩစရာမဟုတ်တော့ဘူး။ အဲဒါ သူတို့ဆိုတော့ အဓိပ္ပာယ်ရှိသားဘဲ!]
[ဟုတ်တယ်။ ငါလည်း စုန့်အာ့နန်ကို အရင်က မြင်ဖူးတယ်၊ ကောလဟာလတွေ ပြောထားသလိုပဲ သူက အရမ်းချောတာ!]
...
သူတို့ရဲ့ အထောက်အထားတွေကို သိလိုက်ရတာနဲ့ လူအများအပြားက ဒီအကြောင်းအရာကို စတင်ဆွေးနွေးလာကြပြီး B တက္ကသိုလ် ကျောင်းသားတွေကြားသာမက အင်တာနက်သုံးစွဲသူတွေဆီလည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မကြာခင်မှာဘဲ အတင်းအဖျင်း မားကတ်တင်းအကောင့်တွေက သတိထားမိလာပြီး ဓာတ်ပုံတွေဟာ Weibo မှာ နာမည်ကြီးလာသည်။
အကောင့်တွေက အာရုံခံစားမှုမရှိပေမယ့် အချိန်နဲ့နေရာ ဆက်စပ်မှုဖြင့် ဓာတ်ပုံသုံးပုံကို တိုက်ရိုက်တင်လိုက်ရုံဖြင့် အင်တာနက်ကို ပရမ်းပတာဖြစ်သွားစေသည်။
[အားးး ပထမဆုံးပုံရိုက်ချက်ရဲ့ လေထုက အရမ်းကောင်းတာပဲ]
[ဒါက ဆောင်းဦးလယ်ပွဲတော်တုန်းက ဖြစ်ခဲ့ပေမဲ့ အခုမှသူတို့ရဲ့ ကျောင်းဖိုရမ်ကနေ ထွက်လာတယ်၊ ကျွတ်စ် ကျွတ်စ် ပါပါရာဇီ တွေက နောက်ကျသွားတာဘဲ]
[ဒါနဲ့ အန်တီလေးက ဆောင်းဦးလယ်ပွဲတော်မှာ ဖေးခွမ်နဲ့အတူ ကုန်ဆုံးခဲ့တာပေါ့?!]
[ခဏနေဦး! အဲဒီနေ့တုန်းက စုန့်လင်းချွမ် Weibo မှာ တင်ထားသေးတယ်၊ အားလပ်ရက်မှာ သူ့အန်တီလေးနဲ့ ဗီဒီယိုကောပြောရတာက ပျော်စရာကောင်းတယ်လို့ သူပြောခဲ့တာကို သတိရလိုက်ပြီ။ ဒီတော့ ဖေးခွမ်လည်း အဲဒီမှာရှိနေတာပဲ !]
[သူတို့ရဲ့ဆက်ဆံရေးက အရမ်းရင်းနှီးတဲ့ပုံဘဲ။ အွန်လိုင်းပေါ်ကလူတချို့ကတော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့ ခင်မင်ရင်းနှီးမှုက အတုအယောင်လို့ ပြောကြပေမယ့် အပြင်လူတွေရဲ့အမြင်အရတော့ အတုအယောင်လို့မထင်ဘူး]
[မှန်တယ်! မကြာသေးခင်က ဖေးခွမ်ရဲ့ အဖြစ်အပျက်မှည အန်တီလေးက သူ့ဘက်ကနေ ရပ်တည်ကြောင်းတောင် ထုတ်ပြောခဲ့သေးတယ်]
[နောက်ပြီး စုန့်လင်းချွမ်ရောဘဲ၊ သူတို့နှစ်ယောက်စလုံးက ပုံမှန်အားဆို ဘက်မလိုက်တဲ့ ဆယ်လီတွေဖြစ်ပေမဲ့ သူလည်း ရပ်တည်ခဲ့သေးတယ်။ ဒီတူဝရီးနှစ်ယောက်ကို လေးစားရုံကလွဲလို့ ဘာမှမရှိဘူး]
[ဖေးခွမ်ရဲ့ ဖန်တစ်ယောက်အနေနဲ့ သူ့ရဲ့ခက်ခဲတဲ့ကလေးဘဝအကြောင်းကို မကြာသေးမီကမှ သိလိုက်ရတာက ငါ့ရင်ကို ကွဲစေတယ်... ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့မှာ အန်တီလေးနဲ့ စုန့်လင်းချွမ်တို့လို သူငယ်ချင်းတွေရဲ့ ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုတွေရလို့ စိတ်သက်သာရာရမိတယ်]
[ဝါးးးး ငါ့ OTP ကနောက်ဆုံးတော့ အစာ ကျွေးလာပြီ! ဒါက အရမ်းချိုလိုက်တာ!]
[အားးးး စုန့်အာ့နန်xဖေးခွမ် သင်္ဘောက တကယ့်အစစ်ဘဲ၊ မဟုတ်ရင် ငါကြားရမှာမဟုတ်ဘူး]
[သေစမ်း၊ အန်တီလေးသာ အနုပညာလောကထဲက လူဆိုရင် သူ့ရဲ့ကျောင်းဝင်းထဲက idol ဒရာမာမှာ ဝင်သရုပ်ဆောင်လို့ရမှာ!]
[ငါ့မှာ ရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခုတော့ရှိတယ်... သူတို့နှစ်ယောက်က စုန့်လင်းချွမ် ရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချိန်းတွေ့နေကြတယ်လို့ မထင်ဘူးလား? သူတို့က အရမ်းလိုက်ဖက်တာ!]
[ဂါး! ရာစုနှစ်လှည့်ကွက်ပဲ!]
[Lmao ၊ ညီအစ်ကိုအချစ်ကနေ ဦးလေး ဆိုတဲ့အခြေအနေ ဖြစ်သွားတယ်၊ စုန့်လင်းချွမ်က ဖေးခွမ် ကို အခုပဲ လာရိုက်တော့မှာ!]
သေချာပေါက်ကို၊ စုန့်လင်းချွမ်ကို မန်းရှင်းကြတဲ့ အရှက်မရှိတဲ့ အင်တာနက် သုံးစွဲသူတွေလည်း ရှိသည်။
[@စုန့်လင်းချွမ် အမြန်လာကြည့်ပါဦး၊ နင့်အန်တီလေးက နင့်အနောက်မှာ စိတ်ကြိုက်လုပ်နေတယ်၊ သူက ဖေးခွမ်ကို ကျောင်းဝင်းထဲ ခေါ်သွားပေမယ့် နင့်ကိုတော့ မခေါ်သွားဘူး!]
[@စုန့်လင်းချွမ် နင့်ရဲ့အန်တီလေးက ဖေးခွမ်ကို နို့လက်ဖက်ရည် ဝယ်တိုက်ပေမယ့် နင့်ကိုတော့ မဝယ်တိုက်ဘူးမလား?]
[@စုန့်လင်းချွမ် နင့်ရဲ့အန်တီလေးက ဖေးခွမ်ကို စကူတာပေါ်တင်မောင်းပေမယ့် နင့်ကိုတော့ မတင်ဘူးမလား?]