← Chapters

အခန်း (၁၀၁)

Vol. 8 Ch. 101

အခန်း (၁၀၁)

Vol. 8 Ch. 101

လီစစ်ရွှေ့ သူမ ဘေးက မူးနေတဲ့ စုန့်အာ့နန်ကိုကြည့်ကာ အဖြေခလုတ်ကို မနှိပ်ခင် အချိန်အတော်ကြာ ရုန်းကန်လိုက်ရသည်။

ဖေးခွမ် ဘာမှမပြောရသေးခင် ဘား ဒါမှမဟုတ် KTV တစ်ခုမှ ဆူညံသံမျိုးကို ကြားလိုက်ရသည်။

"အာ့နန် မင်းဘယ်မှာလဲ" သူ မေးလိုက်သည်။

ဖုန်းထဲကနေ မိန်းကလေးတစ်ယောက်ရဲ့ အသံကထွက်လာသည်။ "ကျွန်မက အာ့နန်ရဲ့ အခန်းဖော်ပါ။ ကျွန်မတို့ ဘားမှာရှိနေတာ သူမူးနေလို့"

ဖေးခွမ်က ခဏလောက်စဉ်းစားလိုက်ရင်း မျက်ခုံးတွေနည်းနည်းတွန့်ချိုးသွားသည်။ "ဟယ်လို၊ ကိုယ်က ဖေးခွမ် ပါ။ အာ့နန် အရင်က မင်းကိုပြောပြဖူးလားမသိဘူး"

အခြားတစ်ဖက်တွင် သူမရဲ့ idol ဖြစ်တာကိုကြားလိုက်ရတဲ့အတွက် သူမမှာ သဘာဝအလျောက် စိတ်လှုပ်ရှားနေပေမယ့် သူမအသံတို တည်ငြိမ်အောင်ထိန်းရင်း ပြန်ဖြေလိုက်သည်။ "ကျွန်မ သိပါတယ်၊ အရင်က သူရှင့်အကြောင်းပြောတာ ကြားဖူးပါတယ်"

ဖေးခွမ်က မမေးခင် အင်း လို့တိုးတိုးလေးဆိုလိုက်ပြီး "သူ့ရဲ့ အခြေအနေကို အခုပြောပြပေးလို့ရမလား? သူ ဘယ်လောက်သောက်ထားလဲ ပြီးတော့ ဘယ်အချိန်ပြန်ဖို့ စီစဉ်ထားလဲ?"

လီစစ်ရွှေ့ တစ်ခုခုပြောခါနီးမှာ ဘားရှိသီချင်းသံက ရုတ်ချည်းဆိုသလို ဆူဆူညံညံသီချင်းအဖြစ် ပြောင်းလဲသွားသည်။

"ရှင်နဲ့စကားပြောဖို့ ပိုတိတ်ဆိတ်တဲ့နေရာကို သွားမလို့ ခဏလောက်စောင့်ပေးပါ" သူမက ပြောလိုက်သည်။

အဲ့ဒါနဲ့ သူမလည်း စုန့်အာ့နန်ကို စီနီယာအစ်မနှစ်ယောက်ဆီ အပ်လိုက်ပြီး ဘားမှထွက်လာလိုက်သည်။

နာရီဝက်အကြာတွင် လီစစ်ရွှေ့က အရက်မူးနေတဲ့ စုန့်အာ့နန်ကို ဘားရဲ့ဘေးဘက်တံခါးကနေ ခေါ်ထုတ်လာပြီး မဝေးလှတဲ့နေရာရှိ မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် အနက်ရောင် SUV ကားဆီခေါ်သွားလိုက်သည်။

ဘေးဘက် တံခါးပေါက်ဆိုပေမယ့် လာလည်တဲ့သူတွေလည်း တော်တော်များသည်။ အနီးနားရှိ လမ်းကြားလေးထဲတွင် တချို့က ဆေးလိပ်သောက်နေကြသည်။ ဖေးခွမ်က ဓာတ်ပုံရိုက်ခံရမှာစိုးတာကြောင့် ကားထဲက မထွက်လာပေ။

ဒီတစ်ခါတော့ မတူ‌ပေ။ စုန့်အာ့နန်က မူးနေတာဖြစ်ပြီး ဓာတ်ပုံရိုက်ခံရရင် ကြည့်ကောင်းမည်မဟုတ်ပေ။

ဖေးခွမ်က ခရီးသည်တင်တံခါးကို ဖွင့်လိုက်သည်။ အပြင်းအထန်ကြိုးစားပြီးတဲ့နောက်မှာ လီစစ်ရွှေ့တစ်ယောက် စုန့်အာ့နန်ကို ထိုင်နိုင်အောင်လုပ်ပေးလိုက်သည်။

စုန့်အာ့နန်ရဲ့ ထိုင်ခုံခါးပတ်ကို တပ်ပေးတော့မယ့်အချိန်မှာပဲ ဘေးနားရှိ ဖေးခွမ်က ပြောလာသည်။ "ကိုယ် လုပ်လိုက်တော့မယ် မင်းအရင်ဝင်လိုက်။ ကိုယ် မင်းကိုပါ ကျောင်းဆီလိုက်ပို့ပေးမယ်"

လီစစ်ရွှေ့ မငြင်းလိုက်ပါ‌ချေ။ သူမမှာ ပြောစရာတွေ ရှိနေသေးသည်။ ဒါက နေရာကောင်းမဟုတ်မှန်း သူမသိသည်။ သွားတဲ့လမ်းမှာ စကားအများကြီးပြောလို့ရသည်။

လီစစ်ရွှေ့ ကားထဲ ဝင်လိုက်တဲ့အချိန် ဖေးခွမ်က စုန့်အာ့နန်ကို ခါးပတ်ပတ်ပေးပြီးသွားပြီ ဖြစ်သည်။ အကုန်အဆင်သင့်ဖြစ်နေတော့ သူတို့လည်း တုံ့ဆိုင်းမနေဘဲ လမ်းကနေ တည့်တည့်မောင်းထွက်လိုက်သည်။

လီစစ်ရွှေ့က အနောက်မှာထိုင်ကာ အပေါ်ယံမှာတော့ တည်ငြိမ်နေပေမယ့် သူမရဲ့ ရင်ထဲမှာတော့ အရမ်း ရင်ခုန်စိတ်လှုပ်ရှားနေသည်။

အားးးး!

ဘုရားရေ၊ သူမရဲ့ ဘိုးဘေးတွေရဲ့ အုပ်ဂူက စိမ်းလန်းနေတယ်ထင်တယ်။ သူမ တကယ်ကြီး ဖေးခွမ်ရဲ့ကားထဲမှာထိုင်နေရတယ်!

အခုအချိန်မှာတော့ စုန့်အာ့နန်မှာ အရမ်းမူးနေပြီး အသိစိတ်ပျောက်နေသည်။ ဖေးခွမ်ရဲ့ အာရုံတစ်ခုလုံးက သူမအပေါ်တွင် ရှိနေသည်။

သူက လီစစ်ရွှေ့ကို နောက်ကြည့်မှန်မှတဆင့် ကြည့်ကာ နည်းနည်း စိတ်မသက်မသာနဲ့ မေးလိုက်သည်။ "သူ ဘယ်လောက်တောင် သောက်ခဲ့လို့လဲ?"

အဲ့ဒီအချိန် လီစစ်ရွှေ့က ရှက်ရွံ့စွာနဲ့ လက်ညိုးတစ် ချောင်းထောင်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ "တစ်ခွက်တည်း"

ဖေးခွမ် အံ့အားသင့်သွားမှန်း ထင်ရှားနေသည်။ တစ်ခွက်တည်းနဲ့ သူမ ဒီလိုဖြစ်သွားတာလား?

အဲဒါက ပြင်းလို့ ဖြစ်မယ်။

သူမရဲ့ idol စိတ်ရှုပ်ထွေးနေတာကို ကြည့်ပြီး လီစစ်ရွှေ့က အမြန်ရှင်းပြလိုက်သည်။ "အရက်ရာခိုင်နှုန်းက မမြင့်ပါဘူး၊ သစ်သီးဝိုင်နဲ့ အတူတူပဲ။ ကျွန်မတို့လည်း သူမူးသွားလိမ့်မယ်လို့ မျှော်လင့်ထားဘူး"

ပြီးတော့ ဒီလိုမျိုးမူးသွားလိမ့်မယ်လို့ပေါ့!

သစ်သီးဝိုင်တစ်ခွက်နဲ့တင် သူမ ဒီအခြေအနေရောက်သွားတယ်ဆို‌တော့ သူမရဲ့အရက်ခံနိုင်ရည်က တကယ်ဆိုးတာပဲ။

ဖေးခွမ်မှာ သူမရဲ့အခန်းဖော်ကောက်မလေး ကားထဲမှာရှိနေတာကြောင့် ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။ သူမကို မျက်နှာသာ ပေးရမှာပေါ့။ ကြိုးကြိုးစားစားနဲ့ သူအောင့်ထားလိုက်သည်။

"သူ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်" သူက ပြောလိုက်သည်။

လီစစ်ရွှေ့က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ကိစ္စမရှိပါဘူး။ ကျွန်မတို့က အခန်းဖော်တွေပဲလေ။ လုပ်သင့်တာပေါ့"

ဖေးခွမ်လည်းဘာမှ ထပ်မပြောတော့ဘဲ ပြုံးလိုက်သည်။

သူမရဲ့အဆောင်က အခန်းဖော်တွေက အရမ်းကောင်းပြီး သူမကိုလည်း ကောင်းကောင်း ဂရုစိုက်ကြတယ်လို့ စုန့်အာ့နန် ပြောတာကို သူကြားဖူးသည်။

ဘားက ကျောင်းနဲနီးတာကြောင့် B တက္ကသိုလ်ဂိတ်ပေါက်ကိုရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

ကားထဲကမထွက်ခင် လီစစ်ရွှေ့က ပြောလိုက်သည်။ "ဒါဆို အာ့နန်ကို ရှင်နဲ့ထားခဲ့လိုက်တော့မယ်။ ကျွန်မတို့ အဆောင်မှာ ဘယ်သူမှလည်း မရှိ‌တော့ သူ့ကို တခြားသူတွေနဲ့ ထားခဲ့ဖို့ကိုလည်း စိတ်မချဘူး၊ ဒါကြောင့် ရှင့်ကိုဘဲ ဒုက္ခပေးရတော့မယ်"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး ရယ်မောလိုက်ကာ "မင်း ကိုယ့်ကို အရမ်းယုံကြည်ပေးလို့ ဂုဏ်ယူမိပါတယ်"

ဒါပေမယ့် လီစစ်ရွှေ့က ခေါင်းခါပြီး စိတ်အားထက်သန်စွာနဲ့ပြန်ပြောလိုက်သည်။ "အဓိကကတော့ အာ့နန်က ရှင့်ကို ယုံကြည်လို့ပါ"

ဖေးခွမ် အံ့အားသင့်သွားကာ သူမရဲ့စကားထဲတွင် တစ်ခုခုရှိမှန်း သူ ခံစားမိပေမယ့် တစ်ဖက်လူက ထပ်ပြီး ရှင်းရှင်းလင်းလင်း မပြောလာတော့ပေ။ အဲ့ဒါနဲ့ သူလည်း ထားလိုက်တော့သည်။

"မင်း လေဆိပ်ကို စောစော သွားရမှာလား? အဆင်ပြေရဲ့လား? မင်းကို လိုက်ပို့ဖို့ တစ်ယောက်ယောက် လိုသေးလား?" သူက မေးလိုက်သည်။

အစောပိုင်း ဖုန်းပြောတုန်းက လီစစ်ရွှေ့က သူမရဲ့ အခြေအနေကို အတိုချုံး ရှင်းပြခဲ့ပြီး သူမရဲ့ လေယာဉ်က အရုဏ်မတက်ခင် ထွက်မှာကို ဖေးခွမ်သိလိုက်သည်။

လီစစ်ရွှေ့ က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး။ ကျွန်မရဲ့ကျောင်းက အဖော်တွေနဲ့ သွားမှာပါ။ အဆင်ပြေပါတယ်"

ဖေးခွမ် - "ကောင်းပြီ၊ ကိုယ်သူ့ကို အရင်ခေါ်သွားလိုက်တော့မယ်။ မင်းရဲ့အပြန်ခရီးစဥ်မှာ ဘေးကင်းပါစေ"

ကားက လူနေရပ်ကွက်ထဲ ဝင်လာသည်။

ပထမတော့ ဖေးခွမ်က စုန့်အာ့နန်ကို စုန့်လင်းချွမ်ရဲ့ နေရာဆီ တိုက်ရိုက်ခေါ်သွားပေမယ့် တံခါးကို Password ကို သူ မသိပါချေ။ သူဖုန်းဆက်လိုက်ပေမယ့် အလုပ်ရှုပ်နေကြတာဖြစ်မည်ကြောင့် ဘယ်သူမှ မကိုင်ကြပေ။

အခြားရွေးချယ်စရာ မရှိတော့တဲ့အတွက် သူမကို သူ့နေရာဆီကိုသာ ခေါ်သွားရတော့သည်။

အိမ်ထဲရောက်တော့ ဖေးခွမ်က စုန့်အာ့နန်ကို ဆိုဖာပေါ်တင်လိုက်သည်။ သူမရဲ့မျက်ခုံးတွေက နည်းနည်းတွန့်ချိုးနေပြီး မျက်နှာကလည်း နီလာကာ အဆင်မပြေတဲ့ပုံပေါက်နေသည်။

ချိုးချိုးက အခွင့်ကောင်းယူပြီး စုန့်အာ့နန်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပေမယ့် တုံ့ပြန်မှု မရှိတာကြောင့် ခေါင်းငုံ့ကာ သိချင်စိတ်နဲ့ကြည့်လိုက်သည်။

"သူ့ကို အနိုင်ကျင့်မနေနဲ့ သွားပြန်အိပ်တော့" ဖေးခွမ်က ကြောင်လေးကို ကုပ်ကနေကိုင်ကာ ဘေးကို ပစ်ချလိုက်ရင်း အညှာတာမဲ့စွာနဲ့ ပြောလိုက်သည်။ အသေးလေးက မကျေမနပ် ကန့်ကွက်တဲ့အသံပြုလာသည်။

ဒါပေမယ့် သူ့ပိုင်ရှင်ကတော့ သူ့ကို စိတ်မ၀င်စားဘူးဆိုတာ သိသာလှသည်။ ချိုးချိုးက အသိဉာဏ်ရှိတဲ့ ကြောင်တစ်ကောင်ဖြစ်တဲ့အတွက် သူ့ကြောင်အိပ်ရာဆီ ပြန်လှည့်သွားလိုက်သည်။

ဖေးခွမ်က စုန့်အာ့နန်ကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် ချိန်ညှိပေးပြီး မီးဖိုချောင်ဆီ မသွားခင် ခေါင်းအုံးတစ်လုံးကို သူမခေါင်းအောက်မှာ ထားလိုက်သည်။

ပျားရည်တိုက်ဖို့ ရေခဲသေတ္တာထဲက ပျားရည်တချို့ကို သူထုတ်လိုက်သည်။ အိမ်မှာ အရက်နာကျတာပျောက်တဲ့ဆေး တစ်မျိုးမျိုးရှိနေတာကို သတိရသွားပြီး သူတွေ့မလားလို့ လိုက်ကြည့်လိုက်သည်။

ခဏနေတော့ သူ့အိတ်ထဲက ဖုန်းက တုန်ခါလာသည်။ စုန့်လင်းချွမ် ဖုန်းခေါ်လာတာပင်။

"ဟယ်လို ဖေးခွမ်။ ငါ အခုမှ ရိုက်ကူးရေးပြီးလို့။ တစ်ခုခုဖြစ်လို့ မင်းဖုန်းခေါ်ထားတာလား?"

ဖေးခွမ်က စုန့်အာ့နန် မူးနေတဲ့အကြောင်းကို အတိုချုပ် ပြန်ပြောပြလိုက်သည်။

"သူ့အခန်းဖော်က လေယာ‌ဉ်စောစောထွက်မှာမို့လို့ အာ့နန်ကို တစ်ယောက်တည်း အိပ်ဆောင်ထဲမှာ ထားခဲ့ရမှာ။ငါလည်းစိတ်ပူလို့ စောစောက မင်းရဲ့တံခါး password လှမ်းမေးဖို့ ဖုန်းဆက်လိုက်တာ မကိုင်ဘူးလေ။ အဲ့ဒါနဲ့ ငါ့နေရာဆီ ခေါ်လာလိုက်တာ"

စုန့်အာ့နန် မူးနေတယ်ဆိုတာကိုကြားတော့ စုန့်လင်းချွမ်မှာ အရမ်း စိုးရိမ်နေပေမယ့် အဝေးကနေ သူတတ်နိုင်တာမရှိပေ။ သူမကို ပိုဂရုစိုက်ပေးဖို့ ဖေးခွမ်ကိုဘဲ တောင်းဆိုရတော့သည်။

"အန်တီလေး မူးတဲ့အခါဆို နာနာခံခံနဲ့ ဘာပြဿနာမှမရှာဘဲ ဒီတိုင်းဘဲ အိပ်ပျော်သွားတတ်တယ်လို့ ငါ့မားပြောဖူးတယ်"

"အိုး ဟုတ်သားပဲ။ ပြီးရင် သူ့ကို အရက်နာကျဆေး တိုက်ဖို့ မမေ့နဲ့။ မနက်ဖြန် အိပ်ရာက နိုးလာရင် ခေါင်းကိုက်နေလိမ့်မယ်"

ဖေးခွမ်က သဘောတူလိုက်ပေမယ့် နည်းနည်းအံ့အားသင့်နေသေးသည်။ "သူအရင်က မူးဖူးတာလား?"

စုန့်လင်းချွမ်က ရယ်လိုက်ပြီး ပြောပြလာသည်။ "လွန်ခဲ့တဲ့ နှစ်နှစ် နှစ်သစ်ကူးတုန်းက ငါ့မိဘတွေက သူ့ကို အရွယ်ရောက်ပြီလို့ ယူဆတဲ့အတွက် ညစာစားပွဲမှာ သူ့ကို ဝိုင်နီတစ်ခွက် တိုက်လိုက်ကြတယ်လေ၊ ဒါပေမယ့် ဘာမှတောင်ဘမစားရသေးခင် သူစားပွဲပေါ်မှာမှောက်သွားတယ်လေ"

"တစ်ခွက်လေးနဲ့တင် သူ့ကိုအမှောက်သိပ်လိုက်နိုင်တာပဲ" ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်သည်။

စုန့်လင်းချွမ်လည်း နည်းနည်းလောက် ရယ်လိုက်ပေမယ့် သတိပေးဖို့မမေ့ပါချေ။ "မနက်ဖြန် သူအိပ်ရာက နိုးလာတဲ့အခါကျရင် သူ့ကို 'တစ်ခွက်တည်းနဲ့ မှောက်သွား' တဲ့အကြောင်း သွားမပြောနဲ့နော်၊ ငါ တခါအဲဒီလိုပြောမိလိုက်တော့ သူက ချက်ချင်းဘဲ ပေါက်ကွဲထွက်လာပြီး တစ်နေ့လုံး ငါ့ကိုစကားမပြောတော့ဘူး"

ဒီကောင်မလေး စိတ်ကောက်နေတဲ့အခါဆို ဘယ်လိုပုံမျိုးလေးဖြစ်နေမလဲ?

ဖေးခွမ် ရုတ်တရက် မျက်ခုံးပင့်ကာ စူးစမ်းချင်စိတ် ပေါက်သွားပေမယ့် အကျိုးဆက်တွေကို တွေးကြည့်မိရင်း ဒီအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။

တစ်နေကုန် လျစ်လျူရှုထားမှာလား? ဒါတော့ မဖြစ်ဘူး။

စုန့်လင်းချွမ် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလာသည်။ "မင်းမှာ အိပ်ခန်းတစ်ခန်းပဲ ရှိတာ မဟုတ်ဘူးလား? ဒီညမင်း ငါ့အခန်းထဲမှာ သွားအိပ်လို့ရတယ်"

ဖေးခွမ် - "သူ့ကို မရွှေ့တော့ဘူး။ ကြည့်ရတာ သူသိပ်အဆင်မပြေနေဘူး။ ရတယ်၊ ငါဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်"

ညဥ့်နက်မှ အရက်မူးနေတဲ့သူကို လှုပ်လှုပ်ရှားရှားဖြစ်အောင် မလုပ်တာက အဓိပ္ပာယ်ရှိတာကြောင့် စုန့်လင်းချွမ်လည်း သဘောတူလိုက်သည်။

ဖုန်းချပြီးသွားတော့ ဖေးခွမ်က ဆေးသေတ္တာထဲတွင် အရက်နာကျဆေးကို တွေ့သွားပြီး သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးလိုက်သည်။ ကောင်းနေသေးတာကို မြင်တော့ ဧည့်ခန်းထဲကို ပျားရည်တစ်ခွက်နဲ့ သူယူလာလိုက်သည်။

"အာ့နန်၊ ထပြီး ပျားရည်အရင်သောက်လိုက်ဦး" အရင်ဆုံး သူက သူမကို ထိုင်‌ခိုင်းလိုက်ပြီး တိုးတိုးလေးခေါ်လိုက်သည်။

စုန့်အာ့နန် မျက်လုံးပွင့်လာဖို့ တော်တော်လေး ခေါ်လိုက်ရသည်။ သူမက မျက်လုံးဖွင့်ကြည့်ရင်း အီလာသည်။

"ဖေး...ခွမ်လား?"

သူမ သူ့ကို မှတ်မိမှန်းမြင်တော့ ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်သည်။ "ကိုယ်ပါ"

စုန့်အာ့နန် က မျက်တောင်ခတ်လိုက်ပြီး ညည်းညူလာသည်။ " ဖေးခွမ်၊ ခေါင်းကိုက်တယ်။ နေလို့မကောင်းဘူး"

နီရဲနေတဲ့ မျက်လုံးတွေဖြင့် ကြည့်နေရသည့် ကလေးမလေးကို မြင်လိုက်ရတော့ ဖေးခွမ်ရင်ထဲမှာ နာကျင်သွားရသည်။

သူက ညင်ညင်သာသာလေး ချော့လိုက်သည်။ "လိမ္မာတယ်၊ ပျားရည်လေးနည်းနည်းသောက်ပြီး ဆေးသောက်လိုက်။ အိပ်ပျော်သွားရင် သက်သာသွားလိမ့်မယ်"

စုန့်အာ့နန်က နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

ဖေးခွမ်က အရက်နာကျဆေးကို မယူခင် စုန့်အာ့နန် ပျားရည်အနည်းငယ် သောက်ခိုင်းလိုက်သည်။ စုန့်အာ့နန်က တချိန်လုံး ပူးပေါင်းဆောင်ရွက်နေပြီး စုန့်လင်းချွမ် ပြောတဲ့အတိုင်း အမှန်တကယ် လိုက်လျောညီထွေရှိနေသည်။

အားလုံးပြီးသွားတော့ စုန့်အာ့နန်လည်း ရုတ်တရက် သူမအသိပြန်ဝင်လာပေမယ့် အခြေအနေကတော့ သိပ်မကောင်းသေးပေ။ သူမက ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေပြီး ဖေးခွမ်ကို စိုက်ကြည့်နေသည်။

ဖေးခွမ်က ပြုံးလိုက်ပြီး "ဘာဖြစ်လို့လဲ? ဘာလို့ ကိုယ့်ကို အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ? ကိုယ့်မျက်နှာမှာ တစ်ခုခုရှိနေလို့လား?"

စုန့်အာ့နန်က မျက်တောင်ခတ်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ "ဟင့်အင်း ရှင့်မျက်နှာမှာ ဘာမှမရှိပါဘူး၊ ဒါပေမယ့် အဲ့ဒီမှာ... အဲ့ဒီမှာ..."

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဘာရှိလို့လဲ?"

စုန့်အာ့နန် နှုတ်ခမ်းကို စုဝိုင်းပြီး ပြောလိုက်သည်။ "ကြည့်ကောင်းတာတွေ ရှိနေတယ်"

ဖေးခွမ်မှာ ဒီအဖြေကို မမျှော်လင့်ထားတဲ့ပုံပေါ်ကာ အံ့အားသင့်သွားသည်။ သူနည်းနည်း ကျွဲမြီးတိုသလိုခံစားလိုက်ရသည်။

"ကိုယ်က အရမ်းကြည့်ကောင်းတယ်ဆို‌တော့ မင်းကို မေးခွန်းတစ်ခု မေးလို့ရမလား?"

မီးခိုးရောင် ဝံပုလွေကြီးတစ်ကောင်က ယုန်ဖြူလေးတစ်ကောင်ကို မြှူဆွယ်နေသလိုမျိုး သူ့မျက်လုံးများတွင် မရိုး‌သားတဲ့ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

ဒါပေမယ့် မူးနေတဲ့ ယုန်ဖြူလေးကတော့ ရှင်းရှင်းလင်းလင်း မတွေ့လိုက်ရပေ။ စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ဘာမေးခွန်းလဲ?"

ဖေးခွမ်ရဲ့ နှုတ်ခမ်းက နည်းနည်း ပွင့်လာပြီး မေးလိုက်သည်။ "ငါတို့ အာ့နန်မှာကြိုက်နေတဲ့ သူရှိလား?"

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမှာ ဒီဟာကိုမေးဖို့ အခွင့်အရေး ရှာခဲ့ပေမယ့် ဖြစ်ချင်တော့၊ အခွင့်အရေးမရခဲ့ပါချေ။ အခု‌တော့ မူးနေပေမယ့် နာခံမှုအပြည့်ရှိနေတဲ့ ကောင်မလေးကြောင့် အခွင့်အရေးက လုံးဝပြီးပြည့်စုံသွားသည်။

အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။ အခွင့်ကောင်းယူဖို့ ရည်မှန်းထားတယ်လို့ ဆိုလိုပေမယ့် သူဟာ သာမာန် ယောက်ျားကောင်းတစ်ယောက်ပင်။

စုန့်အာ့နန်က မျက်လွှာချလိုက်ပြီး မပီမသနဲ့ ရေရွတ်လာသည်။ "ကြိုက်နေတဲ့သူ..."

ဖေးခွမ်က သူမရှေ့တွင် ငုတ်တုတ်ထိုင်ကာ ညင်ညင်သာသာနဲ့ ချော့ပြောလာသည်။ "ဟုတ်တယ်၊ မင်းကြိုက်နေတဲ့သူရှိလား? အဲ့ဒီလိုမျိုး တစ်ယောက်ယောက်ရှိလား?"

စုန့်အာ့နန်ရဲ့ခေါင်းက ချာချာလည်နေသည်။ ဖေးခွမ်ရဲ့ မျက်နှာကို ကြည့်လိုက်ပေမယ့် သူမရဲ့ အမြင်အာရုံက ရုတ်တရက် မှုန်ဝါးသွားသည်။

သူမက ဖေးခွမ်ကို တွန်းဖယ်လိုက်ပြီး ထူးထူးခြားခြား ဝုန်းဒိုင်းကြဲလာသည်။ "ဖယ်...ဖယ်။ ကျွန်မ မူးနေတယ်။ အိပ်ချင်တယ်"

ဒီလိုပြောပြီးတာနဲ့ သူမရဲ့ကိုယ်ကို စောင်းလိုက်ပြီး ဆိုဖာပေါ်မှာ အိပ်ဖို့ မျက်လုံးကိုမှိတ်ထားလိုက်သည်။

ဖေးခွမ် - "..."

ကောင်းရော! ပန်းတိုင်ကိုရောက်ဖို့ ရှက်ရှက်နဲ့ သူ့မှာဘာမဟုတ်တာလေးနဲ့ စိတ်လှုပ်ရှားခဲ့ရတာ။

နောက်ဆို လူတွေကို အခွင့်ကောင်းယူတာကနေ သူရှောင်သင့်တယ်လို့ ထင်တယ်။ ဘုရားတွေတောင် သူ့ဘက်မှာ မရှိကြဘူး။

ဖေးခွမ်လည်း သူမကို မနှောင့်ယှက်တော့ပေ။ သူကစုန့်အာ့နန်ကို အိပ်ခန်းထဲ သယ်လာလိုက်ပြီး အိပ်ယာပေါ် တင်ပေးလိုက်သည်။

ခေါင်းအုံးက နည်းနည်းခေါက်နေတာမြင်တော့ သူငုံ့လိုက်ပြီး သူမခေါင်းကို လက်တစ်ဖက်နဲ့ ပင့်ထားလိုက်ကာ ခေါင်းအုံးကို နောက်လက်တစ်ဖက်နဲ့ ချိန်ညှိလိုက်သည်။

ဒါပေမယ့် ဖေးခွမ် နောက်ပြန်ဆုတ်ခါနီးမှာပဲ လက်တစ်စုံက ရုတ်တရက် သူ့လည်ပင်းကို ဖက်တွယ်လာသည်။

နောက်အခိုက်အတန့်မှာပဲ သူ့နှုတ်ခမ်းတွေက နူးညံ့တဲ့ အထိအတွေ့တစ်ခုနဲ့ ထိမိသွားသည်!

All Chapters