← Chapters

အခန်း (၁၀၃)

Vol. 8 Ch. 103

အခန်း (၁၀၃)

Vol. 8 Ch. 103

T City လေဆိပ်အထွက်တွင်

မက်စ်နဲ့ဦးထုပ်ဆောင်းထားသည့် ဖေးခွမ်သည် လေဆိပ်ဂိတ်ပေါက်ကနေ ထွက်လာသည်။ သူ့လက်ထောက်တစ်ယောက်သာ ပါလာသည်။

လေဆိပ်ကနေ ထွက်လာတော့ သူတို့က အနက်ရောင်စီးပွားရေးကားတစ်စီးဆီ ဦးတည်သွားကြသည်။ ဖေးခွမ်ကခရီးသည်ထိုင်ခုံဆီ ဝင်ထိုင်လိုက်ပြီး လက်ထောက်က အနောက်ခန်းမှာ ထိုင်လိုက်သည်။

ကား‌ပေါ်ရောက်တာနဲ့ ကားကလေဆိပ်ကနေ ဖြည်းဖြည်းချင်း မောင်းထွက်သွားသည်။

သူတို့ကို လာကြိုတဲ့လူက လောရိဖြစ်သည်။

ဖေးခွမ်က ဦးထုပ်နှင့် မက်စ်ကို ချွတ်လိုက်ပြီး လောရိကို ကြည့်ကာ မေးလိုက်သည်။ "အခု ဘယ်သွားမှာလဲ?"

"ငါ့နေရာကို" လောရိက ပြန်ဖြေလိုက်သည်။ “အန်ကယ်လီက ရဲစခန်းမှာ စကားပြောရတာ အဆင်မပြေဘူး ဆိုတော့ သူ့ကို အရင်သွားခိုင်းလိုက်တယ်”

ဖေးခွမ်က ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။

သူက ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ကျော်သွားတဲ့ လူရှုပ်လှသည့် လမ်းတွေကို တွေးဆဆနဲ့ကြည့်နေမိသည်။

မိနစ်လေးဆယ်လောက်ကြာတော့ ကားက T City ရှိ ဇိမ်ခံ လူနေ ရပ်ကွက်တစ်ခုထဲကို မောင်းဝင်သွားသည်။

ဖေးခွမ်နဲ့ ကျန်တဲ့သူတွေက မြေအောက်ကားပါကင်ကနေထွက်လာပြီး အပေါ်ထပ်ကို ဓာတ်လှေကားမှ တိုက်ရိုက်တက်လာကြသည်။

ဤရပ်ကွက်တွင် အထပ်တစ်ထပ်လျှင် အိမ်ထောင်စုတစ်စု ရှိသည်။ ဓာတ်လှေကားက ဆယ့်ခြောက်ထပ်တွင်ရပ်သွားသည်။ ဓာတ်လှေကားမှ ထွက်လာတော့ လောရိက တံခါးကိုဖွင့်ကာ သုံးယောက်သား ဝင်လာကြသည်။

ဖေးခွမ် ဧည့်ခန်းကို ရောက်တာနဲ့ ရင်းနှီးနေတဲ့ လူလတ်ပိုင်းအရွယ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“ဦးလေးလီ” သူခေါ်လိုက်သည်။

ဦးလေးလီ၏ နာမည်အပြည့်အစုံမှာ လီချန် ဖြစ်သည်။ သူဟာ လက်ရှိ T City အရှေ့ပိုင်း၏ နယ်မြေစခန်းမှူးဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖေးခွမ်ဟာ သူ့ဖခင်အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် သတင်းပို့ပြီးနောက် အမှုကို အရေးယူခဲ့သည့် ရဲအရာရှိမှာ လီချန် ဖြစ်သည်။

မကြာသေးမီက သူ့အဖေ၏ မူးယစ်ဆေးအမှု ပြန်ပေါ်လာပြီး ဖေးခွမ် ဘယ်နေရာတွင် ရှိနေလဲဆိုတာကို စုံစမ်းနေပုံရတာကြောင့် ဒီတစ်ကြိမ် သူပြန်ရောက်လာတာဖြစ်သည်။

ဒီဟာက ဒီတခေါက် ဖေးခွမ် အမြန်ပြန်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

လီချန်က ဆိုဖာကနေ မတ်တပ်ရပ်လိုက်ပြီး "ရှောင်ဖေး ခရီးစဉ် ချောချောမွေ့မွေ့ဖြစ်ရဲ့လား?"

ဖေးခွမ်က ပြုံးကာပြန်ဖြေလိုက်သည်။ "အရမ်းအဆင်‌ပြေပါတယ်၊ စိတ်မပူပါနဲ့ ဦးလေးလီ"

လီချန်က ခေါင်းညိတ်ကာ သက်ပြင်းချရင်း ပြောလာသည်။ "ငါက မင်းကို သတိထားဖို့ ခေါ်လိုက်တာ။ မင်း မြန်မြန်ကြီး ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး"

"ဒါက မင်းရဲ့အလုပ်ကို ထိခိုက်သွားမလား?"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ "ဘာမှ မဖြစ်ပါဘူး။ ဒီတလော ကျွန်တော် အိမ်မှာ အနားယူနေတာလေ ဦးလေးလီ"

အဲဒီနောက်မှာတော့ သူက ဝှေ့လည်ချောင်ပတ်မလုပ်နေဘဲ သူ့ရဲ့အကြီးမားဆုံး စိုးရိမ်ပူပန်မှုအကြောင်းကို တိုက်ရိုက်မေးလိုက်သည်။ "လောင်ပါ့ ရဲ့ အခြေအနေဘယ်လိုလဲ? ကျွန်တော့်ကို အသေးစိတ်ကို ပြောပြပါဦး"

လောင်ပါ့ ထိုအချိန်တုန်းက သူ့အဖေ၏ ဘိန်းဘုရင်ဖြစ်သည်။

ငယ်ငယ်က ဖေးခွမ် သူ့ကို မတော်တဆ တွေ့ဖူးသည်။ ထိုလူ့တွင် ညာဖက်မျက်လုံးထောင့်မှ နားရွက်နောက်တစ်လျှောက် အမာရွတ်တစ်ခုရှိတာကြောင့် လူတွေကသူ့ကို လောင်ပါ့ လို့ခေါ်ကြသည်။

အဲဒီတုန်းက ရဲကို သူသတင်းပို့လိုက်တဲ့အတွက် သူ့အဖေနဲ့ သူ့နောက်ကွယ်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ဂိုဏ်းကို ဖမ်းမိခဲ့ပြီး အခြေခံအားဖြင့် ဖယ်ရှားခံခဲ့ရသည်။ လောင်ပါ့အမည်ရှိ ဒီလူတစ်ဦးတည်းသာ အသက်ကြီးတဲ့အထိ အခုထိတိုင်ဖမ်းမမိသေးပါချေ။

နှစ်တွေကြာလာတာနဲ့အမျှ ရဲတွေက ဒီလူကို ဖမ်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြသည်။ လောင်ပါ့၏ မိသားစုဝင်များကို စောင့်ကြည့်နေခဲ့ပေမယ့် သူ့အကြောင်း ဘာသတင်းမှ မထွက်လာသလို သူဘယ်ကို ထွက်ပြေးသွားလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြပေ။ သူဟာ အရမ်းလုံလုံခြုံခြုံနဲ့ပုန်းအောင်းနေခဲ့သည်။

သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က လောင်ပါ့၏ နေရာကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် သူဟာ မြို့ပြင်မှ ပြန်လာခဲ့ပြီး ဖေးခွမ်၏ မွေးရပ်မြေတစ်ဝိုက်တွင် သူ့အကြောင်းကို မေးမြန်းစုံစမ်းနေခဲ့သည်။

ဒါကလည်း ဒီတစ်ခေါက် ဖေးခွမ် အပြေးအလွှား ပြန်လာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

လီချန်က ခေါင်းညိတ်ပြီး ပြောလာသည်။ "ငါတို့စုံစမ်းချက်အရတော့ လောင်ပါ့ အရမ်း ရန်လိုတဲ့လူပဲ။ အဲဒီတုန်းက မင်းသတင်းပေးပြီးတဲ့နောက်မှာ သဲလွန်စတွေပေါ် အခြေခံပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ လိုင်းတစ်ခုလုံးကို ဖြိုခွင်းနိုင်ခဲ့တယ်။ သူက မင်းအ‌ပေါ် အပြစ်အားလုံး တင်နေတာဖြစ်မယ်"

လောင်ပါ့ဘာကြောင့် ရုတ်တရက် ပြန်ပေါ်လာလဲ ဆိုတော့ အရင်တစ်ခေါက်က ကျန်းမန်၏ အဖြစ်အပျက်နှင့် ပတ်သက်ကြောင်း လူတိုင်း သိကြသည်။

ထိုအချိန်က လောင်ပါ့သည် လျင်မြန်စွာ လွတ်မြောက်ခဲ့ပြီး အင်တာနက်ဟာလည်း ခေတ်မမီသေးတဲ့အတွက် သူတို့ကို သတင်းပေးပို့သူက ဖေးခွမ် မှန်းသူမသိခဲ့ပေ။ ကျန်းမန်သာ ဖေးခွမ်ကို လူသိရှင်ကြား သိက္ခာချကာ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု လိမ်လည်စွပ်စွဲခြင်းမပြုပါက ကိစ္စဟောင်းဟာလည်း ပြန်ပေါ်လာမှာ မဟုတ်သလို အွန်လိုင်း ပေါ်တွင် ကိစ္စကြီးဖြစ်သွားပြီး လောင်ပါ့ကိုလည်း ဆွဲခေါ်နိုင်ခဲ့မည်လည်း မဟုတ်ပေ။

"လောင်ပါ့က အရမ်းပါးနပ်တယ်။ သူ ပြေးနေတဲ့ နှစ်တွေနဲ့ ဆက်စပ်နေတာ ဖြစ်လိမ့်တယ်။ မနေ့က သူနေနေတဲ့ နေရာကို ငါတို့ အမြန် ခြေရာခံ လိုက်ခဲ့ပေမယ့် သူကထွက်ပြေးသွားပြီ"

ဒါကြောင့် ယနေ့ လီချန်က ဖေးခွမ်ကိုခေါ်လိုက်ရခြင်းဖြစ်သည်။ လောင်ပါ့၏ သဲလွန်စတွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် လောင်ပါ့ ဖေးခွမ်ကို ပြဿနာလာရှာမှာ သူတကယ်စိုးရိမ်သည်။

"အိမ်နီးနားချင်းဟောင်းတွေကို ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအကြောင်း သူဘာမေးခဲ့လဲ?" ဖေးခွမ်က မေးလိုက်သည်။

လီချန် - "ဘာမှတော့လည်းမဟုတ်ပါဘူး။ မင်းအဖေ အဲဒီတုန်းက အဖမ်းခံရတဲ့အချိန်နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့ရုံလောက်ပဲ။ မင်း အဘိုးအဘွားနဲ့ မင်းအဖေ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တွေအကြောင်းလည်း မေးတယ်"

ဖေးခွမ် မျက်ခုံးပင့်လိုက်သည်။ သူ့မိသားစုတွေ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တွေအကြောင်း မေးတယ်လား?

"ဦးလေးလီ၊ ဦးလေးပြောသလိုဆို လောင်ပါ့ရဲ့နေရာကို ရှဲ့မိသားစုအိမ်နားက စောင့်ကြည့်ကင်မရာတွေကနေ တွေ့ခဲ့တယ်လို့ ပြောတယ်မလား? သူ ရှဲ့မိသားစုက တစ်ယောက်ယောက်နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာကို ဦးလေးအတည်ပြုလို့ရလား?" သူက မေးလိုက်သည်။

လီချန် - "မဖြစ်နိုင်လောက်ဘူး။ ရှဲ့မိသားစုက နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေရှိတဲ့ ဗီလာမှာ နေတာ။ သူက သတိနဲ့အဲ့ဒီနားမှာ လှည့်ပတ်နေနေတာဖြစ်မယ်"

ဖေးခွမ်လည်း ခေါင်းနည်းနည်းညိတ်ပြလိုက်သည်။

လီချန်က သူစိတ်ပူနေတာကို သိသည်။ "ကျားက သူ့သားပေါက်ကိုတော့ မစားပါဘူး။ ဘာဘဲဖြစ်ဖြစ် သူက မင်းအမေပဲလေ။ B City က မင်းရဲ့လိပ်စာကို လောင်ပါ့ဆီပေးတာ သူ မဟုတ်လောက်ပါဘူး"

ဖေးခွမ် ပြုံးလိုက်ပေမယ့် ဘာမှတော့ မငြင်းလိုက်ပေ။

ကျားက သူ့သားပေါက်တွေကိုတော့ မစားဘူးဆိုတဲ့ စကားဟာ ကျန်းမန်နဲ့တော့ မသက်ဆိုင်ပါချေ။

သူတို့စကားပြောနေတုန်းတွင် လီချန်ရဲ့ဖုန်းကရုတ်တရက် မြည်လာခဲ့သည်။ လောင်ပါ့ကို မြို့ရဲ့အရှေ့ဘက်၌ တွေ့ခဲ့ကြောင်း ဗျူရိုမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောလာသည်။

"မြို့ရဲ့အရှေ့ဘက်?" လောင်ချန်က ပြောလိုက်သည်။ "အဲဒါက သင်္ချိုင်းမဟုတ်ဘူးလား? လောင်ပါ့က အဲ့ဒီမှာဘာလုပ်နေတာလဲ?"

ဒါကိုပြောပြီးတာနဲ့ ရုတ်တရက် သူတစ်ခုခုကို သဘောပေါက်သွားသည်။ ဖေးခွမ်၏ အဖေနှင့် အဘိုးအဘွားများ အားလုံးကို ထိုနေရာတွင် သင်္ဂြိုဟ်ခဲ့သည်။

ဖေးခွမ်က တစ်ခဏလောက် တိတ်ဆိတ်နေပြီး မသိစိတ်ကနေ သူ့ဒူးကို လက်ချောင်းတွေဖြင့် ပုတ်နေမိသည်။ "သဘက်ခါက ကျွန်‌တော့်အဖေဆုံးတဲ့ နှစ်ပတ်လည်နေ့။ သူ အဲ့ဒီနေရာကို လိုက်ရှာနေတာ ဖြစ်မယ်"

အလုပ်ကြောင့် ရံဖန်ရံခါသာ သူသင်္ချိုင်းသို့ ပြန်လာဖြစ်သည်။ များသော အားဖြင့် သူ့အဘိုးအဘွားတွေ နှစ်ပတ်လည်အတွက် သူမပြန်လာနိုင်သည့်အခါ လောရိက သူ့အစားသွားပေးသည်။

သူ့အဖေကွယ်လွန်သည့် နှစ်ပတ်လည်နေ့နှင့် ပက်သက်၍ ဖေးခွမ်ကတော့ အုတ်ဂူကို သန့်ရှင်းရေးလုပ်ဖို့ အထူးတလည် ပြန်လာဖို့မပြောနှင့် ဘယ်သောအခါမျှ သူဂရုစိုက်ခဲ့တာ မဟုတ်‌ပေ။ သို့ပေမယ့် လောင်ပါ့ကတော့ ထိုအချက်ကို ရှင်းရှင်းလင်းလင်း မသိဘဲ သူတို့ကြားတွင် နက်ရှိုင်းလှသည့် အဖေနှင့်သား ဆက်ဆံရေးရှိသည်ဟု ထင်နေသည့်ပုံပင်။

လောင်ဘအနေနဲ့ သူ့ရဲ့ ရက်စက်မှုကို လျှော့တွက်ထားတယ်လို့ ဆိုနိုင်သည်။ ဖေးခွမ် တွေးလိုက်သည်။

"အဲဒီနေ့မှာ သူကျွန်တော့်ကို ချောင်းတိုက်ဖို့ စီစဉ်ထားတယ်လို့ ထင်တယ်။ ဒါက ပြီးပြည့်စုံတယ်၊ အဲဒါကို အခွင့်ကောင်းယူပြီး သူ့ကို ဆွဲထုတ်လိုက်ကြရအောင်" သူက ပြောလိုက်သည်။

ဒါကိုကြားတော့ လီချန်က ချက်ချင်း ထရပ်လိုက်ကာပြောလာသည်။ "မဖြစ်ဘူး၊ ဒါက အရမ်းအန္တရာယ်များတယ်"

"လောင်ပါ့အကြောင်း မင်းကောင်းကောင်းသိတာ မဟုတ်ဘူး။ သူက အရမ်းသတိကြီးပြီး အရည်အချင်းလည်း ရှိတယ်။ ပြီးတော့ သူက အရင်ကလည်း အသက်တွေကို နှုတ်ယူဖူးတယ်။ သွားစရာနေရာမရှိတဲ့ စိတ်ဓာတ်ကျနေတဲ့လူက ဘာမဆို လုပ်လိမ့်မယ်။ ငါတို့ ရဲတွေက ဒါကို ကိုင်တွယ်လိမ့်မယ်။ မင်းကိုယ်တိုင် အန္တရာယ်ဖြစ်ခံဖို့မလိုဘူး"

“တကယ်လို့ ကျွန်‌တော်မပေါ်လာရင် သူလည်း ပေါ်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်‌တော် အတိအကျသိတယ်။ အဲဒီအချိန်မှာ လုံခြုံရေးကို ဘယ်လောက်ပဲ ကောင်းကောင်း ပြင်ဆင်ထားပါစေ အားထုတ်မှုက အချည်းအနှီးဘဲ ဖြစ်မှာ စိုးတယ်" ဖေးခွမ်က လီချန်ကို တည်ငြိမ်စွာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဦးလေးလီ၊ ကျွန်တော့်ဘေးမှာ ချိန်ကိုက်ဗုံးကိုတော့ မထားနိုင်ဘူး"

ပြီးတော့ သူက ဆက်ပြောလာသည်။ "ကျွန်တော်က လူအများတွေရဲ့ ပုံရိပ်ပါ။ ကျွန်တော့်ရဲ့ အချိန်ဇယားတော်တော်များများကို တခြားလူတွေသိကြတယ်။ လောင်ပါ့က ကျွန်တော့်ကို ချောင်းတိုက်ချင်နေတာဆိုရင်တော့ သူက အောင်မြင်ဖို့ အခွင့်အရေးကို အမြဲရှာနေမှာဘဲ။ ဦးလေးဘယ်လိုထင်လဲ?"

လီချန်မှာ သူ့စကားကြောင့် ဘာမှမပြောနိုင်တော့ပေ။

ဖေးခွမ်က အမြဲဒီလိုပင်။ ဘယ်သူ့ကိုမဆို ဖြားယောင်းသွေးဆောင်ချင်သည်ဖြစ်စေ သူတို့ရဲ့ခံစားချက်တွေကို ဆွဲဆောင်သည်ဖြစ်‌စေ၊ သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တာဖြစ်စေ အဆုံးမှာတော့ တစ်ဖက်လူကို အမြဲတမ်း ယိမ်းယိုင်သွားစေနိုင်စွမ်းရှိသည်။

ဒီကိစ္စကို ဒီနည်းနဲ့ပဲ ဆုံးဖြတ်လိုက်သည်။ ဖေးခွမ်က မြွေကို သူ့အပေါက်ကနေ ထွက်လာအောင် လှည့်ဖြားဖို့လုပ်ထားသည်။

အချိန်က ကြပ်သည်။ လီချန်က အစီအစဉ်ဆွဲဖို့ ဗျူရိုဆီ အမြန်ပြန်သွားလိုက်သည်။ သူက အကြာကြီးမနေနေပေ။ သူက အတတ်နိုင်ဆုံး ဖေးခွမ် ဘေးကင်းဖို့နဲ့ လောင်ပါ့ကို တစ်ခါထဲနဲ့ဖမ်းနိုင်ဖို့ ကြိုးစားလိုက်သည်။

နောက်ဆုံးတော့ လောင်ပါ့သာ ဒီတစ်ကြိမ် ထပ်လွတ်သွားပါက ဖေးခွမ်အတွက် အမှန်တကယ် အန္တရာယ်ရှိလာမှာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိကြသည်။

လီချန် ထွက်သွားတော့ ဖေးခွမ်နဲ့လောရိသာ အိမ်ထဲတွင်ကျန်ခဲ့သည်။ လျှိုဟောက်ကိုတော့ လွှတ်လိုက်ပြီဖြစ်သည်။

"ကိုယ်တိုင် စွန့်စားတာက မင်းရဲ့ပုံစံမဟုတ်ဘူး ဖေးခွမ်" လောရိက သူ့ကို တိတ်တဆိတ်ကြည့်ကာ ပြောလိုက်သည်။

ကျောင်းပြီးကတည်းက သူတို့တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာဖြစ်သည်။ လောရိအနေနဲ့ ဖေးခွမ်၏ စရိုက်ကို ကောင်းကောင်းနားလည်သည်။

သူလုပ်သမျှဟာ တည်ငြိမ်မှုက အရင်ပင်။

လီချန် မသိပေမယ့် လောရိကတော့ ရှင်းရှင်းလင်းလင်းသိသည်။ ပွဲတွေတက်တာပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်တာပဲဖြစ်ဖြစ် ဖေးခွမ်က အမြဲတမ်း သူနဲ့အတူတူ ဘော်ဒီဂတ်ထားသည်။

ဒီကိစ္စမှာ လောင်ပါ့က ပုန်းနေကာ ဖေးခွမ်က ပေါ်လာတဲ့ပုံပေါ်ပေမယ့် ရဲတွေက စောင့်ကြည့်နေတာဖြစ်သည်။ ဘယ်လိုပဲ ခွဲခြမ်းစိတ်ဖြာနေပါစေ မတိုးသာမဆုတ်သာဖြစ်နေတာကတော့ ဖေးခွမ် ဖြစ်သည်။

တစ်ခုတည်းသော ရှင်းလင်းချက်မှာ စုန့်အာ့နန်ပင်။

ဖေးခွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အန္တရာယ်မရှိဘူး၊ ဆုကြေးမရှိဘူး၊ ဦးလေးလီနဲ့ တခြားသူတွေက အလကားစားတယ်လို့ မင်းထင်နေတာလား?"

လောရိက သူ့လျှာကို နှစ်ကြိမ်ထိုးလိုက်ပြီး "ငါ့ရှေ့မှာ ဟန်ဆောင်နေတာ ရပ်လိုက်စမ်းပါ၊ အမှန်အတိုင်းပြော အန်တီလေးကြောင့် မဟုတ်ဘူးလား?"

ဖေးခွမ်က ခေါင်းငုံ့ကာ ဖိနပ်ထိပ်များကို စိုက်ကြည့်ရင်း မငြင်းလာပေ။

လောရိ ပြောတာ မှန်သည်။ သူ့မှာ သူ့ကိုယ်သူ လုံခြုံအောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိသည်။ လောင်ပါ့က ဘယ်လောက်ဘဲ ပါးနပ်နေပါစေ နောက်ဆုံးတွင်တော့ သူက လက်ဗလာဖြင့် တစ်ဦးတည်းသောလူသာ ဖြစ်သည်။

မှန်ကန်တဲ့ အထောက်အထားမရှိဘဲ ဒီနေရာမှာ ပုန်းနေသူက ဘယ်လောက်ကြာအောင် ထွက်ပြေးနိုင်မယ်တဲ့လဲ?

လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ယှဉ်ရင် အခုက မတူတော့ပေ။ နေရာတိုင်းတွင် စောင့်ကြည့်ကင်မရာများ ရှိသည်။ ရဲများက လောင်ပါ့ကို ပစ်မှတ်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုက်လံရှာဖွေပါက သူ့အနနဲ့ ခဏတာသာ ထွက်ပြေးနိုင်ပြီး တစ်သက်လုံးတာ့ မပြေးနိုင်ပါချေ။ သူ့ကိုဖမ်းမမိခင် အချိန်လေးဘဲလိုသည်။

ဒါ့အပြင် B Cityရှိ သူ့၏ ပိုင်ဆိုင်မှု တွေဟာတစ်ခုထက်ပိုသည်။ ကျန်းမန်သာ သူ့အိမ်လိပ်စာကို တကယ်ပြောပြခဲ့ရင်တောင် အဆိုးဆုံးက သူနေရာပြောင်းရုံပင်။ အမှန်တာ့တော့ သူကိုယ်တိုင် စွန့်စားဖို့ မလိုပါချေ။

ဖေးခွမ် လေးလေးနက်နက် စဉ်းစားလိုက်သည်။ လွန်ခဲ့သည့် ကာလများတွင် သူနှင့်စုန့်အာ့နန်တို့ အကြိမ်ပေါင်းများစွာ ခေါင်းကြီးပိုင်းများတွင် ပါခဲ့ကြသည်။ လောင်ပါ့ကိုသာ မဖမ်းမိခဲ့ပါက စုန့်အာ့နန်ကို သူ့အစားပစ်မှတ်ထားမှာ စိုးရိမ်သည်။

အဲ့ဒီလိုအန္တရာယ်မျိုးကို သူ အဖြစ်မခံနိုင်ပါချေ။ အဲ့ဒါကြောင့်လည်း သူ အမြန်ပြန်လာခဲ့တာဖြစ်သည်။

ချိန်ကိုက်ဗုံးလောင်ပါ့က‌တော့ နောက်အခိုက်အတန့်အတွက် အချိန်မရှိ လောက်တော့ဘူး!

ဖေးခွမ်ဒီကိုမလာခင် စုန့်အာ့နန်က ချိုးချိုး မကြာခဏသွားလေ့ရှိသည့် အိမ်မွေးတိရစ္ဆာန် ဆေးရုံလိပ်စာကို တောင်းခဲ့သေးသည်။ သူမက အဲ့ဒီနေ့ နေ့လည်ခင်းတွင် ချိုးချိုးကို သွားပြမယ်ဆိုတဲ့ မူလအစီအစဉ်အတိုင်း ဆက်လုပ်ချင်သေးသည်။

ချိုးချိုး သွားလေ့ရှိသည့် အိမ်မွေးတိရစ္ဆာန်ဆေးရုံဟ လူနေရပ်ကွက် အနီးတွင်ရှိသည်။ စုန့်အာ့နန်က ကားမယူသွားတော့ဘဲ လမ်းလျှောက်သွားလိုက်သည်။ သို့ပေမယ့် သူမဘက်က ကြိုတင်ရက်ချိန်း မပေးခဲ့ရတဲ့အတွက် ချိုးချိုးက ကာကွယ်ဆေးမထိုးလိုက်ရပေ။ သူတို့က အသေးလေးကို ရေချိုးပေးပြီး ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းပေးလိုက်သည်။

သုံးရက်တာ အားလပ်ရက်က တကယ်တော့ သိပ်မကြာပါချေ - မျက်စိတစ်မှိတ်အတွင်းမှာဘဲ ကုန်ဆုံးသွားတယ်လို့တောင် ပြောလို့ရသည်။ သူမက ချိုးချိုးကို အိမ်မွေးတိရစ္ဆာန်ဆေးရုံဆီ ခေါ်သွားသည့် ပထမဆုံးနေ့မှလွဲ၍ စုန့်အာ့နန်သည် အများအားဖြင့် အိမ်တွင်သာ အချိန်ကုန်ဆုံးခဲ့သည်။

နေ့ခင်းဘက်မှာတော့ သူမက ဖေးခွမ်ရဲ့အိမ်မှာနေပြီး စာအုပ်ဖတ်လိုက်၊ ကြောင်နဲ့ကစားလိုက်၊ သူ့လသာဆောင်က အပင်တွေကို ပြုစုစောင့်ရှောက်ဖို့တောင် ကူညီပေးခဲ့သည်။

ဒီတလော ဖေးခွမ်က အိမ်မှာ အားလပ်‌နေကာ ပျင်းရိနေတာကိုမြင်တော့ လီတုန်က ဘာမျိုးစိတ်မှန်းမသိသည့် ပန်းအိုးနှစ်အိုးကို တစ်နေရာရာကနေယူခဲ့ကာ ဖေးခွမ် အတွက် ပေါ့ပေါ့ပါးပါး ပြုစုစောင့်ရှောက်ဖို့ ချန်ထားခဲ့သည်။ မထင်မှတ်ထားစွာနဲ့ သူသည် အပင်‌တွေကို ကောင်းကောင်းဂရုစိုက်ခဲ့သည်။

All Chapters