← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

သုံးရက်မြောက်နေ့နံနက်တွင်၊ စုန့်အာ့နန်က အားလပ်ရက်နောက်ဆုံးနေ့ကို အခွင့်ကောင်းယူပြီး ကာကွယ်ဆေးထိုးဖို့ ချိုးချိုးကို ခေါ်သွားလိုက်သည်။

အသေးလေးက စုန့်အာ့နန်ကို သနားစရာကောင်းအောင် 'မြောင်' ဆိုပြီးလုပ်နေတာက ကြည့်ရတာ အရမ်းကို ရင်နာစရာကောင်းလှသည်။

စုန့်အာ့နန်က သူ့ကိုစာနာသလို ခေါင်းညိတ်ပြလိုက်ပြီး "ဟိုမှာ ဟိုမှာ၊ နင့်ကို စိတ်ကျေနပ်အောင် စည်သွပ်ဘူးတစ်ဘူး ကျွေးမယ် စိတ်မကောင်းမဖြစ်နဲ့နော်"

ပြောပြီးသွားတော့ အသေးလေးအတွက် စည်သွပ်ဘူး ယူဖို့အမြန်ထလိုက်သည်။

ဒါပေမယ့် ဗီရိုထဲက ကြောင်စာဗူးတွေ အကုန်ပျောက်နေသည်။ စုန့်အာ့နန် နေရာအနှံ့ ရှာဖွေပေမယ့် ရှာမတွေ့ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကဘဲ သူမ အွန်လိုင်းကနေ ကြောင်စာတွေကို ဝယ်ခဲ့သေးသည်။ ဒီလောက် မြန်မြန်ကုန်သွားတာတော့ မဖြစ်နိုင်ပေ။

ဖေးခွမ် တစ်နေရာရာမှာ ထားထားတာဖြစ်မည်။

ချိုးချိုးက သူမကို သနားစရာကောင်းအောင် ကြည့်နေဆဲပင်။ စုန့်အာ့နန်မှာ တခြားဘာကိုမှ မစဉ်းစားတော့ပေ။ သူမ ဖုန်းကိုယူလိုက်ပြီး ဖေးခွမ်ဆီ ဖုန်းဆက်လိုက်သည်။

ဖုန်းမကိုင်ခင် အချိန်အတော်ကြာအောင် မြည်နေသည်။

"ဖေးခွမ်၊ ရှင် ချိုးချိုး ရဲ့ ကြောင်စာဗူးတွေကို ဘယ်မှာထားထားလဲ?" စုန့်အာ့နန် က မေးလိုက်သည်။

တစ်ဖက်က အချိန်အတော်ကြာ တိတ်နေပြီးတဲ့နောက်မှာ ပြောလာသည်။ "ဟယ်လို၊ ကိုယ်က ဖေးခွမ်ရဲ့ သူငယ်ချင်းပါ။ သူ အခု ဖုန်းကိုင်လို့မရသေးဘူး"

စုန့်အာ့နန် မတတ်နိုင်ဘဲ လန့်သွားသည်။ ဒီအသံက ဖေးခွမ်ရဲ့ လက်ထောက် လျှိုဟောက်လည်း မဟုတ်သလို လီတုန်လည်း မဟုတ်ဘူးဆိုတာ သိသာသည်။

"အိုး... သူဘာလုပ်နေလဲဆိုတာ မေးလို့ ရမလား?" သူမက အလိုလိုမေးလိုက်သည်။

တစ်ဖက်မှလူက မတုံ့ပြန်ခင် အကြာကြီး တိတ်နေပြီးမှ ပြောလာသည်။ "သူ ခွဲစိတ်ခန်းထဲဝင်နေရလို့ပါ"

-

T City ဆေးရုံရှိ ခွဲစိတ်ခန်း အပြင်ဘက်တွင်။

ဖုန်းချလို့ပြီးသွားတော့ လျှိုဟောက်က လောရိ အနားကပ်လာကာ ပြောလာသည်။ "အစ်ကိုဖေး ခွဲခန်းထဲမဝင်ခင် အန်တီလေး ဖုန်းဆက်လာရင် ဘာမှမပြောရဘူးလို့ပြောထားတယ်လေ။ ဒါက ..."

"ရတယ်၊ ငါမှာဖြစ်သမျှ ပြောခဲ့တဲ့သူက ငါပဲ" လောရိ၏ အမူအရာမှာလည်း မကောင်းနေပေ။ ဖေးခွမ်၏ အစောပိုင်းက လုပ်ရပ်တွေကို တွေးလိုက်ရုံဖြင့် သူဒေါသတကြီး ဖြစ်လာရသည်။

လက်နက်ကိုင်ထားပြီး အန္တရာယ်ရှိတဲ့ လူရမ်းကားတွေကို ကိုယ့်လုံခြုံရေးကိုယ် ဂရုမစိုက်ဘဲ သူက လက်ဗလာနဲ့ တိုက်ရိုက်ဖမ်းပစ်လိုက်တာပဲ။

လောရိက အံကြိတ်ကာ ပြောလာသည်။ "ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ထပ်ပြီးမထိန်းနိုင်တော့ဘူး။ သူ့ကို ထိန်းနိုင်တဲ့သူရှာရမယ်၊ မဟုတ်ရင် သူနားထောင်မှာ မဟုတ်ဘူး!"

လောရိက ကိုးရိုးကားရားနိုင်စွာနဲ့ သူ့နှာခေါင်းကို ကုတ်လိုက်သည်။ ဖေးခွမ်ရဲ့ သွေးထွက်သံယို ဖြစ်နေတဲ့ပုံစံကို အခုပြန်စဉ်းစားကြည့်လိုက်ရင် သူ့ကိုရင်တထိတ်ထိတ် ဖြစ်နေဆဲပင်။

ထိုအချိန် ခွဲစိတ်ခန်းမီးရောင်က ပျောက်သွားသည်။ သိပ်မကြာခင်မှာပဲ ဆရာဝန်က အထဲကနေ ထွက်လာသည်။

"ခွဲစိတ်မှု ချောချောမွေ့မွေ့နဲ့ပြီးသွားပါပြီ၊ အခု လူနာကို အခန်းထဲ ရွှေ့လိုက်ပါမယ်။ မိသားစုဝင်တွေက နာရီဝက်အတွင်း လာကြည့်လို့ရပါတယ်"

ဖေးခွမ်ကို မေ့ဆေးပေးထားတာကြောင့် သူ့ကိုလူနာအခန်းထဲပို့တဲ့အချိန်တွင် နိုးလာသည်။

အသေးစား ခွဲစိတ်မှုတစ်ခုသာဖြစ်ပြီး သူ့ဒဏ်ရာက သိပ်မပြင်းတဲ့အတွက် ခွဲစိတ်ခန်းထဲ မဝင်ခင်အထိ ဖေးခွမ် သတိရှိနေသေးတာဖြစ်သည်။

"အင်း၊ မင်းနိုးလာပြီပေါ့ ဟမ့်၊ အရမ်းကံကောင်းနေတာပဲ" လောရိက ဆေးရုံကုတင်ဘေးကနေ သူ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

ဖေးခွမ်သည် လောရိကို တစ်ချက်ကြည့်ကာ အားနည်းစွာနဲ့ပြောလာသည်။ သူ့ပုံက နည်းနည်းလည်း စိတ်ညစ် နေတာ ထင်ရှားလှသည်။ “မရွဲ့နဲ့၊ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ငါသိတယ်လို့ မင်းကို ပြောထားတာဘဲ”

လောရ်ိက လှောင်ပြောင်လိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ အခုတော့ မင်း ဆေးရုံမှာ လှဲနေရပြီလေ"

ဖေးခွမ်က သူနဲ့ ထပ်ပြီး မငြင်းခုံနေချင်တော့တဲ့အတွက် ပါးစပ်ပိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

သူ့သဘောထားကို မြင်လိုက်ရတော့ လောရိက ပိုလို့တောင် စိတ်တိုသွားပေမယ့် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး သူ့မျက်လုံးတွေထဲတွင် အားရကျေနပ်သည့် အရိပ်အယောင်တွေ ပေါ်လာကာ "တော်ပြီ၊ မင်းကို လက်ချာပေးဖို့ အရမ်းပျင်းသွားပြီ၊ တခြားတစ်ယောက်က ငါ့အစား လုပ်ပေးလိမ့်မယ်"

ဖေးခွမ်မှာ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာကို မြင်လိုက်ရပေမယ့် သိပ်အများကြီး မစဉ်းစားတော့ဘဲ လီချန်ကို ပြောတာလို့ ထင်လိုက်သည်။

အစီအစဉ်မစခင် ‌လီချန်က သူ့ကိုသတိထားဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် နောက်ဆုံးအဆင့်တွင် သူကအမိန့်ကို ဆန့်ကျင်ခဲ့တဲ့အတွက် အခုအချိန်တွင် လီချန် ဒေါသတကြီးဖြစ်ကာ သူ့အားသေချာပေါက် ဆူလာမည်ဖြစ်သည်။

အဲ့ဒီအချိန် အပြင်ဘက်မှ တံခါးကို တွန်းဖွင့်လာသည်။ လောရိက တံခါးရှေ့မှာ ရပ်နေတာကြောင့် သူ့နောက်ကလူကို မြင်ရအောင် ဘေးဘက်လှည့်လိုက်သည်။

"ဖေးကော နိုးပြီလား" လျှိုဟောက်က မေးလိုက်သည်။

ဖေးခွမ်က ပြုံးလိုက်ကာ "စိတ်မပူနဲ့ ငါတချိန်လုံး နိုးနေတာ၊ ငါက..."

လျှိုဟောက်ရဲ့အနောက်ကလူနဲ့ မျက်လုံးချင်းဆုံသွားတော့ သူ့မျက်နှာပေါ်ရှိအပြုံးက အေးခဲသွားသည်။

စုန့်အာ့နန်က ဘာမှမပြောဘဲ ကုတင်ဘေးနားကို လျှောက်သွားကာ ဖေးခွမ်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

သူက လူနာ၀တ်စုံကို ၀တ်ထားကာ ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာက ဖြူဖျော့နေသည်။

လေဆိပ်ကနေ လာတဲ့လမ်းမှာ လျှိုဟောက်က ဖေးခွမ်ရဲ့ အခြေအနေကို အကျဉ်းချုံးပြောပြခဲ့ပြီး အခုတော့ သူအဆင်ပြနေပြီဆိုတာ သူမ သိလိုက်ရတော့ နောက်ဆုံး စိတ်အေးသွားရသည်။

သို့ပေမယ့် တစ်ချိန်တည်းမှာဘဲ၊ သူ ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာကို လျှိုဟောက်ဆီက သိလိုက်ရတာ‌ကြောင့် သူမမှာ ဒေါသထွက်တာရော စိတ်ပူတာရော နှစ်ခုစလုံးကို ခံစားလိုက်ရသည်။

ဖေးခွမ်က ပါးစပ်ဖွင့်လိုက်ဟလိုက်နဲ့ ဘာပြောရမှန်းမသိဖြစ်နေသည်။ "အာ့နန်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

စုန့်အာ့နန်က အေးစက်စက်နဲ့ ပြောလိုက်သည်။ "ဒီတိုင်းဖြတ်သွားရုံပဲ"

ဖေးခွမ် - "..."

"ဒီတိုင်းဖြတ်သွားရုံပဲ"လို့ သူမ ပြောတာကိုကြားတော့လောရိမှာ အရမ်းဝမ်းသာသွားသည်။ သူမရဲ့ ပြတ်ပြတ်သားသား တုံ့ပြန်မှုက သူမ တော်တော် ဒေါသထွက်နေတဲ့ပုံပင်။

"ဖေးခွမ်၊ ငါ့မှာပြောစရာရှိတယ်၊ ဒါက ဘာမေးခွန်းလဲ?တစ်ချက်ကြည့်လိုက်တာနဲ့ သူ မင်းကိုတွေ့ဖို့ ဒီကိုလာခဲ့တာမှန်း ပြောလို့ရနေတာကို!"

ပြောလို့ပြီးတော့ သူက စုန့်အာ့နန်ဘက်လှည့်ကာ ပြုံးပြပြီး "အန်တီလေး တွေ့ရတာ ဝမ်းသာပါတယ်၊ ကိုယ်က လောရိ၊ ဖေးခွမ်ရဲ့ သူငယ်ချင်းပါ။ စောစောက ဖုန်းကိုင်တာကိုယ်ပါ"

စိတ်ဆိုးနေပေမယ့် စုန့်အာ့နန်က လူတွေကို‌တော့ ခွဲခြားသိ သေးသည်။ သဘာဝအားဖြင့် သူမက လောရိအပေါ် ရိုင်းပြမည်မဟုတ်ပေ။

"တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက စုန့်အာ့နန် ပါ။ အန်တီလေးလို့ ခေါ်စရာမလိုပါဘူး၊ အာ့နန် လို့ပဲခေါ်ပါ"

လောရိက ဖေးခွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး တမင်တကာ ပြောလိုက်သည်။ "မဟုတ်ဘူး၊ မင်းက ဖေးခွမ် ရဲ့ အန်တီလေးဆိုတော့ ကိုယ် မင်းကို ဒီလိုခေါ်ရမှာပေါ့"

စုန့်အာ့နန်က အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ ဖေးခွမ် ကို ကြည့်ပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ သူက ကျွန်မကို နာမည်နဲ့လည်း ခေါ်တယ်"

လောရိက အံ့အားသင့်သွားဟန်နဲ့ ပြောလိုက်သည်။ "အိုး၊ အဲ့ဒီလိုမှန်းမထင်ထားဘူး၊ ဘယ်လောက်တောင် မရိုသေလိုက်လဲ"

စုန့်အာ့နန် ကတော့ လောရိပြောတာကို နားမလည်ဖြစ်ကာ စိတ်ရှုပ်သွားသည်။ သူမ ဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ပေ။

ဖေးခွမ်က လောရိကို စိုက်ကြည့်ကာ ရပ်ဖို့ အရိပ်အမြွက်ပြလိုက်သည်။

လောရိက ရပ်သင့်ပြီဆိုတာ သိသည်။ သူက ရယ်လိုက်ပြီး "ဒါဆို အာ့နန် ကျေးဇူးပြုပြီး သူ့ကို စောင့်ကြည့်ပေးပါဉီး၊ ဒီကောင်က အရမ်းပြဿနာများတာ"

စုန့်အာ့နန်က ခေါင်းယမ်းလိုက်ပြီး မှုန်တေတေ နဲ့ပြောလိုက်သည်။ "ကျွန်မ သူ့ကို မထိန်းနိုင်ပါဘူး"

ဘယ်လိုပဲဆိုဆို သူမ သူ့ကိုမထိန်းချုပ်နိုင်ပါချေ။

ဒါကိုကြားတော့ ဖေးခွမ်က စုန့်အာ့နန်ကို အလိုလို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲ ခံစားချက်တွေ လျှပ်တစ်ပြတ် ပေါ်လာသည်။

လောရိက သူ့နှာခေါင်းကို ကုတ်လိုက်သည်။ စုန့်အာ့နန် က ပြတ်ပြတ်သားသား ငြင်းဆန်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်တို့ထဲက တစ်ယောက်မှ သူ့ကို ထိန်းနိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို ဘယ်သူမှလည်း ဂရုမစိုက်ဘူး၊ သူ့ကိုယ်သူဘဲ ထိန်းခိုင်းလိုက်ရအောင်"

စုန့်အာ့နန်က စကားမပြောလာသေးပေ။ ဖေးခွမ်ကို လုံးဝ လျစ်လျူရှုပြီး သူမ သူ့ကို မထိန်းနိုင်ဘူးလို့ ပြောတဲ့အချိန် သူမ တကယ်ကို ဒေါသဖြစ်နေတာလို့ အဓိပ္ပါယ်ရသည်။

အခြေအနေကိုမြင်တော့ လောရိက လိမ္မာပါးနပ်စွာနဲ့ လျှိုဟောက်ကို အခန်းထဲကနေ ထွက်ဖို့ ဆွဲခေါ်ကာ မှတ်စရာ တစ်ခုခု ရှိမရှိ ဆရာဝန်ကို သွားမေးမလို့ဟု ပြောခဲ့သည်။

အခန်းထဲကနေ ထွက်လာပြီးတာနဲ့ လောရိက လျှိုဟောက်ကို ဆေးရုံအပြင်ဘက်ဆီ တည့်တည့် ဦီးဆောင် ခေါ်သွားသည်။

လျှိုဟောက် ကနားမလည်နိုင်စွာ မေးလိုက်သည်။ "အစ်ကိုလောရိ၊ ကျွန်တော်တို့ ဆရာဝန်ဆီသွားမလို့မဟုတ်ဘူးလား?"

လောရိ - "ငါပြောစရာရှိတာကို ဆရာဝန်ကို အကြောင်းကြားပြီးသွားပြီ၊ သွားစရာ မလိုတော့ဘူး"

"အိုး" လျှိုဟောက်က ပြန်ဖြေလိုက်သည်။ "ဒါဆို ကျွန်တော်တို့ ဘယ်သွားမလို့လဲ? ကျွန်‌တော် ဟိုသွားပြီး ဖေးကောကို ဂရုစိုက်ရဦးမယ်"

လောရိက လျှိုဟောက် ပခုံးကိုဖက်လိုက်ကာ လူနာဆောင်ဧရိယာကနေ ဆွဲခေါ်လိုက်သည်။ "မင်းနေစရာ မလိုဘူး၊ သူ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ယောက် ရှိတယ်"

လျှိုဟောက် စိတ်ရှုပ်သွားသည်။ "တစ်ယောက်ယောက်က သူ့ကို ဂရုစိုက်မယ်? ဘယ်သူလဲ? အန်တီလေးကိုပြောတာတော့ မဟုတ်ဘူးမလား? အဲဒါက အဆင်မပြေဘူးနော်။ သူက မိန်းကလေးလေ၊ ဖေးကောသန့်စင်ခန်းတွေ ဘာတွေသုံးရင် အဆင်မပြေလောက်ဘူး၊ ဘယ်လိုမှ အဆင်မပြေလောက်ဘူး။ သူတို့ဘယ်လိုတောင် ကိုးရိုးကားရား နိုင်လိုက်မလဲ"

လောရိက သူ့ဘာသာသူ တွေးလိုက်သည်။ ဒါက သူလိုချင်တဲ့ အဆင်မပြေမှု အတိအကျပဲ။

"သွားရအောင်၊ မင်းရဲ့ ဖေးကော ဆေးရုံမှာနေဖို့ ပစ္စည်းတွေ ပြင်ရအောင်" သူက ပြောလိုက်သည်။ "ဒီမှာ ရက်အနည်းငယ်နေရမယ်လို့ ဆရာဝန်က ပြောတယ်"

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့သာ ဆေးရုံခန်းထဲတွင် ကျန်ခဲ့သည်။

ဖေးခွမ်က မေးလိုက်သည်။ "မနက်ဖြန် အလုပ်မရှိဘူးလား?"

သူ တကယ်မေးချင်တာက ဘယ်တော့ပြန်မှာလဲ၊ ဆိုတာပင်။ ဒါပေမယ့် သူက အဲ့ဒါကိုပါးပါးနပ်နပ်နဲ့ ဆိုလိုက်သည်။

စုန့်အာ့နန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မ ခွင့်ယူထားတယ်"

ဖေးခွမ်က အံ့အားသင့်သွားသည်။ "ကိုယ် တကယ်အဆင်ပြေပါတယ်၊ လောရိနဲ့ ကျန်တဲ့သူတွေလည်း ဒီမှာ ရှိတယ်။ မင်း ခွင့်ယူဖို့ မလိုပါဘူး"

ဒါပေမယ့် စုန့်အာ့နန်ကတော့ သူ့ IV drip ကုန်ခါနီးတာကိုတွေ့ပြီး သူ့ကို ထပ်လျစ်လျူရှုလိုက်သည်။ သူမက ချက်ချင်းထရပ်လိုက်ပြီး "သူနာပြုကို သွားရှာလိုက်ဦးမယ်"

ဖေးခွမ်မှာ စုန့်အာ့နန် ပြန်ထွက်သွားတာကိုကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူမ တော်တော်စိတ်တိုနေတာပဲ။

သူ့အန်တီလေး စိတ်ဆိုးတဲ့အခါ တော်တော်ကြောက်ဖို့ကောင်းတယ်လို့ စုန့်လင်းချွမ် ပြောတာကို အရင်က သူကြားဖူးသည်။ အဲ့ဒီတုန်းက သူ သိပ်ပြီး မစဉ်းစားခဲ့ပေ။ သူမ လိုမျိုး အပြောအဆို နူးညံ့သိမ်မွေ့သည့် တစ်စုံတစ်ယောက်က စိတ်ဆိုးလာလျှင် ကြောက်စရာမကောင်းလောက်ဘူးလို့ သူထင်ခဲ့သည်။

အခု ကိုယ်တိုင် သက်သေပြလိုက်တော့ ဘာကိုဆိုလိုလဲဆိုတာကို သူနားလည်သွားသည်။ သူမရဲ့ အေး‌စက်စက်နေတဲ့ပုံစံက တကယ်ကို ကြောက်စရာကောင်းလှသည်။

သူမ သူ့အပေါ် ဆက်ပြီးလျစ်လျူရှုနေမှာကို သူစိုးရိမ်သည်။

သို့ပေမယ့် စုန့်အာ့နန် ဘာကြောင့် စိတ်ဆိုးရလဲဆိုတာကို စဉ်းစားကြည့်မိတော့ ဖေးခွမ် ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပေါ်ပေါက်လာသည်။

ညစာကို လောရိက ယူလာသည်။ လျှိုဟောက်ကို ဟိုတည်မှာပဲ နေအောင် ဆွဲဆောင်ဖို့ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ရသည်။

စုန့်အာ့နန်က လောရိဆီက အစားအစာကို ယူကာ ဖေးခွမ်ရဲ့အိပ်ရာပေါ် ဗန်းကူတင်ပေးပြီးသည်။ အရာအားလုံးကို သေသေသပ်သပ် စီစဉ်ပြီးတဲ့နောက် သူမဘာသာညစာစားဖို့ ဘေးက စားပွဲတစ်ခုတွင်ထိုင်ကာ ဖေးခွမ်ဘက်ကို တစ်ကြိမ်မျှ မကြည့်လာပေ။

ဖေးခွမ်က သူမနဲ့ စကားပြောဖို့ ကြိုးစားတိုင်း သူမကလျစ်လျူရှုထားသည်။

လောရိက ဒါကိုမြင်တော့ ဝမ်းသာသွားသည်။ ထို့နောက် အချိန်တန်ပြီလို့ ထင်ကာ သူက ပြောလိုက်သည်။

"ကောင်းပြီ၊ ဒီည ကုမ္ပဏီမှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ ငါဒီမှာ နေလို့မရလောက်တော့ဘူး" သူက စုန့်အာ့နန်ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

စုန့်အာ့နန်က သူဘာတွေလုပ်နေရလဲဆိုတာ နားလည်သည်။ "ဒါဆို ဒီည ကျွန်မ ဒီမှာနေလိုက်မယ်"

နေ့ခင်းတုန်းက အပြေးအလွှား လာခဲ့ရတာကြောင့် အခန်းကြိုတင်စာရင်းသွင်းဖို့ အခွင့်အရေး မရခဲ့ပေ။

လာရိက ချက်ချင်း ပြောလိုက်သည်။ "ကောင်းလိုက်တာ၊ ဒုက္ခပေးမိပြီ ကျေးဇူးပဲ အာ့နန်"

ပြီးတော့ သူက သူ့ဘေးက အိတ်တွေကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်အတွက် အခြေခံရေချိုးခန်းသုံး ပစ္စည်းတွေ ဒီမှာ ထားထားတယ်။ ဒီညအတွက် ဒါတွေသုံးလိုက်ပါ၊ မနက်ဖြန်ကျရင် တခြားဟာ ယူလာပေးမယ်"

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး မတ်တပ်ရပ်လိုက်သည်။ "ဒါဆို ခေါက်ကုတင်တစ်လုံး ငှားလိုက်မယ်"

လောရိ - "ဒါကို ကိုယ်လုပ်လိုက်မယ် နေရာရှာမတွေ့ဘဲ လည်နေမှာစိုးလို့"

စုန့်အာ့နန်က သူ့ကို ယမ်းပြလိုက်ပြီး "အဆင်ပြေပါတယ်၊ ကျွန်မ သွားလိုက်မယ်။ ဆေးရုံက လမ်းတွေကို ကျွန်မက ပိုသိတယ်"

စုန့်အာ့နန်က ဆေးရုံမှာ အလုပ်လုပ်နေတာကို လောရိသတိရသွားပြီး သူမနဲ့ ငြင်းခုံမနေတော့ပေ။

နှစ်ယောက်သား ခေါက်အိပ်ရာကိစ္စကို အတိုချုံးလိုက်သည်။ ဖေးခွမ်က အကြိမ်ကြိမ် ဖြတ်ပြောဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပေ။

စုန့်အာ့နန်ထွက်သွားတော့ သူမက အခန်းတံခါးကို ပိတ်ပေးသွားသည်။

All Chapters