← Chapters

မသေလူများ ရုတ်တရက်မြင့်တက်လာခြင်း

Vol. 110 Ch. 1538

မသေလူများ ရုတ်တရက်မြင့်တက်လာခြင်း

Vol. 110 Ch. 1538

သည်တစ်ကြိမ်တွင် ပစ္စည်းရရှိသူမှာ ရှီမာကျိယွင်မဟုတ်ဘဲ ရှီမာဟော်ရွှမ်းဖြစ်သည်။ ထိုကျင့်စဉ်သိုင်းကို လက်ခံရရှိပြီးနောက် သူကြည့်ပြီး သည်နှင့် အမူအရာသည် ပြောင်းလဲသွားပြန်သည်။

“ဘာလဲ အဲဒါက မကောင်းလို့လား” ရှီမာကျိယွင် မေးလိုက်သည်။

“မဟုတ်ဘူး အရမ်းကောင်းတယ်၊ ဒါနဲ့ဆိုရင် ငါတို့တိုက်ပွဲစွမ်းရည် သေချာပေါက် တိုးတက်လာမှာပဲ” ရှီမာဟော်ရွှမ်းသည် ကျင့်စဉ်နည်းလမ်းကို သိမ်းပြီးနောက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဒီနည်းလမ်းက တကယ်ကို ကောင်းတာ… ဒါပေမဲ့ မျိုးနွယ်ထဲကလူတွေတော့ သေချာပေါက် အပြစ်ပေးခံရ တော့မှာပဲ။

“ဒီနည်းလမ်းက ပြင်းထန်ပေမဲ့ ကံကောင်းရင်တော့ တစ်နှစ် နှစ်နှစ် အတွင်းကို ရလဒ်ရနိုင်တယ်လို့ ဝူလင်းယူက ပြောခဲ့ပါတယ်”  ရှီမာယူယူ ကျင့်စဉ်နည်းလမ်းကို မြင်ပြီးနောက်တွင် မအောင့်နိုင်တော့ဘဲ နှုတ်ခမ်းထောင့် မှာ တက်သွားခဲ့သည်။

“အင်း ငါတို့ လူစုခွဲပြီးတာနဲ့ ပြင်ဆင်တာစရတော့မှာပေါ့” ရှီမာဟော်ရွှမ်း ပြောလိုက်သည်။

ဒီနည်းလမ်းက နည်းနည်းကြမ်းတမ်းပေမဲ့ ကျင့်စဉ်ရလဒ်ကတော့ သေချာပေါက် ကောင်းမှာပဲ။

တကယ်လို့ ဝူလင်းယူသာ ဒီမှာရှိရင် သေချာပေါက် သူတို့ကို အထင်သေး သလိုကြည့်မှာပဲ။ ဒါက တပ်သားတွေကို လေ့ကျင့်တဲ့နေရာမှာ အားအကောင်း ဆုံးထဲက တစ်ခုပဲလေ။ ရလဒ်ကတော့ သေချာပေါက် ရှိလာမှာပေါ့။

“ပြီးတော့ ရှီမာမျိုးနွယ် တကယ်ပဲ အမြင့်ကိုတက်ချင်တယ်ဆိုရင် သက်ညှာမပေးဖို့က အရေးအကြီးဆုံးပါပဲ၊ သမီးတို့ ပိုသန်မာလာလေလေ ပိုပြီး အမြတ်ရလေလေပါပဲ၊ အဲဒါကပဲ သမီးတို့ကို ဆွဲချသွားရင် ငိုဖို့ပဲရှိတော့တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့လည်း အဲဒါကိုစဉ်းစားပြီးပါပြီ သမီးအခုပေးတဲ့ ဆေးနည်းတွေနဲ့ ဆိုရင် တခြားနေရာတွေကို အာရုံမစိုက်ခင်ကို ဆေးကွင်းကိုဝင်ဖို့ အရင်အာရုံ စိုက်ရမယ်” ရှီမာကျိယွင်နှင့် တခြားသူများလည်း ငွေကြေးအပိုင်းကို စဉ်းစားပြီး ဖြစ်သည်။

“ဟီးဟီး သခင်မလေးက တကယ်ပဲ အကုန်လံးကိုစဉ်းစားတာပဲ” တစ်ယောက်မှ ချီးကျူးလေသည်။

“သခင်မလေးက ထိပ်တန်း‌တောင်ကြားရဲ့ ပထမဆုံး အငယ်ဆုံး တောင်ကြား ဒုသခင်လို့ကြားတယ် စွမ်းရည်ကတော့ သံသယဝင်စရာမရှိဘူးပဲ”

ရှီမာဟော်ရွှမ်းနှင့် တခြားသူများ စဉ်းစားကြည့်ပြီးနောက် မပြောခင်မှာပဲ ရှီမာယူယူ အရင်ပြောလိုက်လေသည် “ကျွန်မက ဒီအတိုင်းပဲ နှမ်းဖြူးတာပါ တောင်ကြားမှာက ဘာမှတောင်မစီမံပါဘူး၊ ဟုတ်သားပဲ ဘိုးဘိုးကြီး ပြောစရာ ရှိတာအကုန်ပြောပြီးပြီဆိုတော့ ဦးလေးဟော်က ကျွန်မကိုစောင့်နေလောက်ပြီ အဲတော့ သွားရတော့မယ်”

သူမ ထွက်ပြေးချင်နေသည့်အကြောင်းကို ရှီမာကျိယွင် မသိစရာ အကြောင်းမရှိပေ။ သို့သော် သူမသည် မျိုးနွယ်မှကိစ္စများကို မစီမံချင်ပေ။ အဲတော့ သူမဆန္ဒကို သူဘယ်လိုဆန့်ကျင်ရတော့မှာလဲ။ သူ လက်ဝှေ့ယမ်းကာ သူမကို သွားခွင့်ပြုလိုက်သည်။

သူမ ထွက်သွားသည်နှင့် တစ်ယောက်မှာ သက်ပြင်းချလေသည် “မျိုးနွယ် ကို သခင်မလေးကိုသာ လက်လွှဲပေးလိုက်ရင် သေချာပေါက် အမြင့်ကိုရောက် မှာပဲ”

“ဒီကောင်မလေး စိတ်ကဒီမှာမရှဘူး၊ သူမကို အဲလိုကိစ္စတွေလုပ်ခိုင်းရင် သေချာပေါက် စိတ်ညစ်သွားမှာပဲ မဟုတ်ရင် သူမက ငါတို့ကို ပစ္စည်းကောင်း တွေ ဒီလောက်အများကြီးပေးထားတာ၊ မျိုးနွယ်ကမမြင့်တက်ရင်လည်း ငါတို့ ဘိုးဘေးတွေကို ပြဖို့မျက်နှာတောင်မရှိတော့ဘူး” ရှီမာဟော်ရွှမ်း သက်ပြင်းချ လေသည်။

ဘိုးဘေးကြီးသည် ဝမ်းအနည်းဆုံးဖြစ်သည်။ ရှီမာယူယူကို ထာဝရ ရှင်သန်သူနယ်မြေတွင် တွေ့ခဲ့စဉ်က သူမသည် မပြောပလောက်သော တည်ရှိ မှုပင်ဖြစ်သည်။ သို့သော် ထိုစဉ်က မျိုးနွယ်ပြန်လည်ရှင်သန်ရေးသည် သူမ အပေါ်တွင် မူတည်နေကြောင်း သူသိခဲ့သည်။

ရှီမာယူယူသည် ရှီမာမျိုးနွယ်မှထွက်ပြီး ဟော်ကျန့်ကျန်း၏ တည်းခို ဆောင်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။ ဟော်ကျန့်ကျန်းသည် ရှီမာယူယူ အနောက်မှ လျှောက်လာသော ကြီးမားသောလူအုပ်ကြီးကို မြင်လိုက်ချိန်တွင် အံ့ဩသွားလေသည်။

“ကျွန်မက အားနည်းလို့ ထွက်မသွားခင်ကို ကာကွယ်ပေးမယ့်လူခေါ် သွားရမယ်လို့ ဘိုးဘိုးကြီးပြောလိုက်ပါတယ်” ရှီမာယူယူ ရှင်းပြလေသည်။

ဟော်ကျန့်ကျန်းသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် အမှန် တကယ်ပင် အားနည်းသည်။

“သွားကြမယ်”

မျိုးနွယ်၏ သာမာန်သခင်မလေး အိမ်မှထွက်သွားလျှင် ကိုယ်ရံတော် ဆယ်ဂဏန်းလောက်ကို ခေါ်သွားတတ်ကြသည်။ ရှီမာယူယူတွင် အယောက် နှစ်ဆယ်မှ သုံးဆယ်ရှိသည်။ ဒါများတယ်လို့ ပြောလို့ရတာမဟုတ်ဘူးလား။

တကယ်တော့ ထိုလူများသည် အပေါ်ယံကိုယ်ရံတော်များဖြစ်ကြသည်ကို ရှီမာယူယူပင် မသိပေ။ ရှီမာကျိယွင်သည် သူမကို တိတ်တဆိတ်ကာကွယ်ရန် လူများပင်လွှတ်ထားပေးခဲ့သည်။

ဖြတ်လမ်းတည်ဆောက်မှု၊ လေဟာပြင်သင်္ဘောနှင့် နောက်ထပ် ဖြတ်လမ်းတည်ဆောက်မှု စီးရသည်။ တစ်လခန့် ရူးလောက်အောင် ခရီးသွား ပြီးနောက်တွင် သူတို့သည် ယန်းမျိုးနွယ်အိမ်တော် တည်ရှိသည့် ကုဋေတစ်ရာ မြို့တော်ကိုရောက်လေသည်။

“နေစရာတည်းခိုဆောင်ရှာကြတာပေါ့၊ သတ္တုတွင်းကိုမသွားခင် အချိန် တွေပါသေးတယ် တည်းခိုဆောင်တွေရှိဦးမှာပါ”

သူတို့သည် ယန်းမျိုးနွယ်နှင့် မဝေးလှသောနေရာတွင် တည်းခိုဆောင် ကိုရှာတွေ့သည်။ သို့သော် လူရှုပ်ထွေးလှသည်မဟုတ်ပေ။ ရှီမာယူယူ အခန်း တစ်ခန်းရွေးလိုက်သည်။ ထိုအခန်းမှ တံခါးဖွင့်လိုက်သည်နှင့် ယန်းမျိုးနွယ်၏ အိမ်တော်ကို မြင်ရသည်။

“သခင်မလေး ယန်းအိမ်တော်က တကယ်ပဲခမ်းနားတာပဲ” အန်းလေ သည် ပြတင်းပေါက်ဖွင့်ပြီး ယန်းမျိုးနွယ်ကိုမြင်သည်နှင့် သက်ပြင်းချလေသည်။

“ယန်းမျိုးနွယ်က အတွင်းပိုင်းဒေသမှာ ပထမအဆင့်စွမ်းအားရှိတယ်လို့ တောင်တွေးလို့ရတယ်၊ သူတို့က အချိန်အကြာကြီးရပ်တည်လာကြတာ၊ ရှီမာ မျိုးနွယ်နဲ့ ယှဉ်လို့ဘယ်ရမလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ယန်းမျိုးနွယ်က လျှို့ဝှက်မျိုးနွယ်တွေနဲ့ကျလည်း ယှဉ်လို့မရပြန်ဘူး ဘာလို့များ အံ့ဩနေသေးတာလဲ”

“တုန်လိုင်မျိုးနွယ်က ဒီကိုကိစ္စတွေမှာ တကယ်ပဲအာရုံမစိုက်တတ်ဘူး၊ ပြီးတော့ သူတို့အကုန်လုံးက တကွဲတပြားစီလေ အကုန်စုမနေကြဘူး” အန်းလေ ပြောလေသည်။

ထိုအချိန် သူတို့တုန်လိုင်မျိုးနွယ် အကြောင်းပြောသည်နှင့် သူမသည် အရင်ကလို သက်ရောက်မှုမများတော့ပေ။

“နောက်ပိုင်း ငါအလုပ်များနေတာနဲ့ မင်းကိုတောင် မေးဖို့အချိန်မရှိတာ အန်းလေ လျှို့ဝှက်မိသားစုတွေက ဘယ်လိုမျိုးလဲ”

“တကယ်တော့ သူတို့လည်း တခြားမျိုးနွယ်တွေလိုပါပဲ၊ သူတို့နေတဲ့ နေရာတွေက လျှို့ဝှက်ရုံပါပဲ၊ တချို့ဆိုရင် လောကအသေးတွေမှာ တကွဲတပြား နေကြတယ် အဲတော့ အများစုက သူတို့ကို မသိကြတော့ဘူး ဒါပေမဲ့ ကျွန်မ အမြင်တော့ သူတို့က တခြားသူတွေနဲ့ယှဉ်ရင်ပိုပြီး လျှို့ဝှက်ချက်များမယ်ထင် တယ်” အန်းလေ ပြောလေသည်။

ထိုအတွေးသည် ရှီမာယူယူနှင့်တူသည်။ နောက်ပိုင်းတွင် သူမသည် တုန်လိုင်မျိုးနွယ်အကြောင်း မေးရာ အန်းလေသည် သူမသိသလောက်ကို ပြော ပြသည်။ သို့သော် အဓိကပြဿနာမှာ သူမ မေးလေလေ မသိလေလေဖြစ် သည်။

“ထားလိုက်တော့ တုန်လိုင်မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ကို များများသိလေ မင်းကိုဒီအတိုင်းလွှတ်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ဟန့်တားလိုက်သည်။ သူမ မေးသည့်မေးခွန်းများသည် လျှို့ဝှက်မိသားစုကို ပိုနားလည်စေသည်။

“သခင်မလေး ဒီကိစ္စမှာ ဝင်ပါလိုက်ရင် သခင်လေးဟော်နဲ့ ကိစ္စနှောင့်နှေး သွားမလား” အံ့ဖွယ်ဆေးသည် ရှီမာယူယူအတွက် မည်မျှအရေးကြီးကြောင်းကို အန်းလေသိသဖြင့် စိုးရိမ်နေသည်။

“ဘာပဲဖြစ်ဖြစ် ရွှမ်ချုံးမျိုးနွယ်ကိုသွားဖို့ ဘယ်သူမှငါ့ကိုတားလို့မရဘူး” ရှီမာယူယူသည် စိတ်ပူခြင်းမရှိပေ။ သူမ ရှီမာမျိုးနွယ်တွင်မရှိလျှင်တောင် သူ သည် သူမကိုရှာနိုင်သည်။

အန်းလေသည် ရွှမ်ချုံးဟော် ရှီမာယူယူကိုရှာမရဖြစ်နေမည်ကို မကြောက်ပေ။ သူမ ကြောက်သည်မှာ အချိန်ရောက်လာလျှင် ဤနေရာမှ ထွက် မသွားနိုင်မည်မှာကို ဖြစ်သည်။ သို့သော် ရှီမာယူယူမှ ထိုသို့ပြောလာခြင်းသည် သူမ ဖြတ်ကျော်နိုင်သည်ဟု သက်သေပြနေသည်။

“မသေလူတွေကြောင်းလည်း သိချင်တယ် ဘယ်လိုဖြစ်လို့ ဒီလောက် တောင် အကြီးကြီးဖြစ်သွားတာလဲ”

ရှီမာယူယူသည် လက်ထဲမှစာအုပ်ကိုချလိုက်သည်။ သူမ ရထားသော သတင်းကိုပြန်စဉ်းစားလိုက်သည်နှင့် သူမ အကြည့်မှာ လေးနက်သွားသည်။

“သူတို့က အရင်တုန်းက အရမ်းသတိရှိပြီး နေရာအသေးလေးတွေမှာပဲ လူသတ်ကြတာ၊ အခု သူတို့ကမြို့ထဲကလူတွေကိုတောင် သတ်ရဲနေပြီ၊ ဆိုလို တာက သူတို့တွေ နယ်ချဲ့လာပြီပဲ”

“သခင်မလေး အခုမှသုံးနှစ်ပဲရှိသေးတာ သူတို့ကဘယ်လိုလုပ် ဒီလောက် ကြီးထွားလာတာလဲ”

“လူတစ်ယောက်ကို ပျိုးထောင်ဖို့ကခက်တယ်၊ ဒါပေမဲ့ မသေလူတွေကို ပျိုးထောင်ဖို့က အချိန်အများကြီးမလိုဘူး” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

လူတစ်ယောက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ နှစ်ပေါင်း ရာချီထောင်ချီ လိုအပ်သည်။ သို့သော် မသေလူအတွက်ကတော့ ထိုကျွမ်းကျင်သူများကိုသတ် ရန်သာလိုသည်။ ထို့ကြောင့် မြန်ဆန်ခြင်းဖြစ်သည်။ ဆယ်နှစ်တာ အချိန်ကာလ သာရှိသေးသော်လည်း သူတို့သည် မည်သည့်အရာကိုမှ ပူပန်ခြင်းမရှိတော့ပေ။

သူမသည် အတွင်းပိုင်းဒေသရောက်သည်မှာ ငါးနှစ်မှခြောက်နှစ်ရှိပြီဖြစ် ပြီး ထိုအဖြစ်အပျက်သည် သူမမရောက်ခင် ငါးနှစ်မှခြောက်နှစ်အတွင်း ဖြစ်ခဲ့ သည်။ အားလုံးပေါင်းလိုက်လျှင် ဆယ်နှစ်ပတ်ချာလည်ရှိပြီဖြစ်သည်။ ထိုအချိန်  က သူတို့ သတိရှိသော်လည်း အခုချိန်တွင် ဥပဒေပါမရှိတော့ချေ။

“သခင်မလေး ကျွန်မတို့ကယန်းမျိုးနွယ်နဲ့ ဆက်ဆံရေးအဆင်မပြေကြ ဘူး၊ သခင်မလေးလူလုံးထွက်မပြတာ ကောင်းမယ်” အန်းလေ သူမကို သတိ ပေးလေသည် “သခင်မလေးလာတယ်ဆိုတာ သူတို့သိရင် တစ်ခုခုလုပ်လိမ့်မယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် သတ္တုရိုင်းတွေ့ဆုံပွဲမတိုင် ခင်ကို ငါ ရုပ်ပြောင်းထားရမယ်၊ စပြီဆိုရင်တော့ သူတို့က ငါ့ကိုလက်လွတ် စပယ်မလုပ်ရဲတော့ပါဘူး”

***

All Chapters