← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

"လျှိုဟောက် ဘယ်မှာလဲ?" ဖေးခွမ်က မေးလိုက်သည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ?"

လောရိက ပခုံးတွန့်လိုက်ပြီး " ငါ မင်းကို မကူညီခဲ့ဘူးလို့ မပြောနဲ့ ညီအစ်ကို။ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်ထဲ အတူတူရှိနေတာ ဒီလိုအခွင့်အရေးမျိုးကို မင်းလက်လွှတ်လိုက်မယ်ဆိုရင် မင်းက အမြဲတမ်း တစ်ကိုယ်တည်းနေဖို့ဘဲတန်တယ်"

ဖေးခွမ် မျက်ခုံးက နည်းနည်းတွန့်ချိုးသွားသည်။ "ပေါက်ကရ‌တွေ!"

"သူနဲ့ပတ်သတ်ပြီး ဒီလိုမျိုး ဟာသမလုပ်နဲ့"

လောရိက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "လုံလောက်ပြီ၊ ငါ့ကို အမြင်မရှိတဲ့လူလို ထင်နေတာလား? ဘာအဓိပ္ပါယ်နဲ့မှ ပြောတာမဟုတ်ဘူး"

သူက ခဏရပ်လိုက်ပြီး "ဒါပေမယ့် မရေရာတဲ့ စည်းတချို့ကို ချိုးဖျက်ပစ်ဖို့ လိုတယ်၊ ဒါမှမဟုတ်ရင် မင်းအမြဲတမ်း သူ့ရဲ့တူလေးပဲ ဖြစ်နေလိမ့်မယ်"

ဖေးခွမ်ရဲ့အခန်းက သီးသန့်ရေချိုးခန်းပါသည့် တစ်ယောက်အခန်းဖြစ်ကာ အဆင်ပြေလှသည်။ ပထမတော့ နေရာက ကျယ်ပုံရပေမယ့် စုန့်အာ့နန် ငှားလာတဲ့ ခေါက်အိပ်ယာထည့်လိုက်တော့ အခန်းထဲမှာ ကုတင်နှစ်လုံးဖြစ်သွားကာ နည်းနည်းကျဉ်းသလို ခံစားလိုက်ရသည်။

ရေချိုးလို့ပြီးသွားတော့ စုန့်အာ့နန်က ဖေးခွမ် မျက်နှာကို ကူပြီးသန့်ရှင်းပေးသည်။

သူ မအိပ်ခင် စုန့်အာ့နန်က မေးလိုက်သည်။ "ရှင် သန့်စင်ခန်းသွားမလား? ကျွန်မ ကူပေးလို့ရတယ်"

ဖေးခွမ်က လောင်ပါ့နှင့် တိုက်ပွဲတွင် ဝမ်းဗိုက်ဓားထိုးခံခဲ့ရပြီး ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်းမရှိပေမယ့် ခွဲစိတ်ထားရတဲ့အတွက် အကူအညီမပါဘဲ အိပ်ရာပေါ်မှ ဆင်းရန်မှာ ခက်ခဲနေဆဲဖြစ်သည်။

စုန့်အာ့နန်ရဲ့အကြည့်နဲ့ဆုံတော့ ဖေးခွမ်က မနေနိုင်ဘဲ ရှက်သွားမိသည်။ "ဟင့်အင်း...အဆင်ပြေပါတယ်"

အစောတုန်းက လောရိ သူ့ကိုကူပေးခဲ့သေးသည်။

"အို၊ ကောင်းပါပြီ" စုန့်အာ့နန်ရဲ့ မျက်လုံးတွေက လုံးဝဟန်ဆောင်မှု ကင်းနေသည်။ "မရှက်ပါနဲ့၊ ကျွန်မဆေးရုံမှာ အလုပ်သင်ဆင်းနေတာကြာပြီ၊ အားလုံးကို မြင်ဖူးတယ်၊ ကိစ္စမရှိဘူး"

ဖေးခွမ် - "..."

လောရိရဲ့အကြံအစည်တော့ ပျက်သွားတဲ့ပုံပဲ။

ဒါကဖြတ်ကျော်ဖို့ တင်းမာနေတဲ့ ဘယ်လို အချစ်ရေးမျိုးလဲ?

ဖေးခွမ်က တကယ်သွားဖို့ မလိုတာကို မြင်တော့ စုန့်အာ့နန်လည်း အတင်းအကြပ် မလုပ်တော့ပေ။

သူတို့နှစ်ယောက်ရဲ့ ကုတင်တွေက ကြားထဲမှာ ခုံတန်းလေးတစ်ခုသာခြားကာ ဘေးချင်းကပ်ရှိနေပြီး လက်ဆန့်လိုက်တာနဲ့ လွယ်လွယ်ကူကူ ထိမိလောက်အောင် နီးသည်။

အိပ်ယာပေါ်မှာ လှဲနေရင်း စုန့်အာ့နန်က တစ်ဖက်လှည့်လိုက်ကာ ဖေးခွမ်ကို ကျောပေးသွားသည်။

ဖေးခွမ်က သူမဘက်သို့ လှည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။ "စိတ်ဆိုးနေသေးလား?"

စုန့်အာ့နန်က မတုံ့ပြန်လာဘဲ သူနဲ့ စကားပြောဖို့ လုံးဝမလိုလားနေပေ။

ဖေးခွမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ငယ်ရွယ်တဲ့ ကောင်မလေးတွေ ဒေါသဖြစ်ရင် ချော့ဖို့ခက်တာပဲ။

သူက တစ်ခုခုကို တွေးနေတဲ့ပုံပင်။

အိပ်ယာပေါ်တွင်လှဲ‌နေရင်း အနောက်က ဖေးခွမ်တစ်ဖက်လှည့်သွားသလို ပွတ်တိုက်သံတွေကို စုန့်အာ့နန်ကြား နေရသည်။ သူဘာတွေလုပ်နေလဲဆိုတာ အတိအကျမသိရတော့ သူမ လှည့်ကြည့်ချင်ပေမယ့် ထိန်းထားရသည်။

တဖြည်းဖြည်းနဲ့ သူမနောက်က အသံတွေ ရပ်သွားသည်။

ဘာမှမဖြစ်လောက်ဘူးလို့ သူမ ထင်နေတုန်းမှာဘဲရုတ်တရက် နာကျင်တဲ့ ညည်းသံထွက်လာသည်။

စုန့်အာ့နန် ချက်ချင်း တခြားအရာအားလုံးကို မေ့သွားကာ အမြန်ထထိုင်လိုက်ပြီး မီးဖွင့်လိုက်တော့ ကုတင်စွန်းတွင် ထိုင်နေတဲ့ ဖေးခွမ်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ? ရှင့်ဒဏ်ရာကို ဆွဲဖွင့်လိုက်တာလား?"

စုန့်အာ့နန်က ပြောပြီးတာနဲ့ ဓားဒဏ်ရာကနေ သွေးထွက်နေလားမထွက်နေဘူးလားဆိုတာ စစ်ဆေးချင်တာကြောင့် ဖေးခွမ့်အင်္ကျီကို ရုတ်တရက် မလိုက်သည်။

သို့ပေမယ့် သူမက အလျင်စလိုနဲ့ အားအနည်းငယ် သုံးလိုက်မိတာကြောင့် ကြယ်သီးသုံးလုံးကို မတော်တဆ ဖြုတ်ပစ်လိုက်မိသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ စုန့်အာ့နန်မှာ အေးခဲသွားပြီး သူမရဲ့လက်တစ်ဖက်က ဖေးခွမ်ရဲ့ ကော်လာကို ဆုပ်ကိုင်ထားကာ ကျန်တစ်ဖက်က သူ့ရင်ဘတ်ကို ဖိထားမိသည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိပြီး လေထုကလည်း နားမလည်နိုင်တဲ့ ရင်းနှီးမှုတစ်ခုနှင့်အတူ ရုတ်တရက် လေးလံလာသည်။

စုန့်အာ့နန်ရဲ့စိတ်တွေ လွတ်ထွက်သွားပြီး သူမ မတုံ့ပြန်မိခင် ခဏလောက် အံ့အားသင့်သွားသည်။

နောက်တစက္ကန့်မှာ ကုတင်က အပေါ်အောက် လှုပ်ရမ်းနေသလိုခံစားလိုက်ရကာ ဖေးခွမ်ရဲ့ ရယ်သံတိုးတိုးက သူမနားထဲ ဝင်လာသည်။ "လုံလုံလောက်လောက် ခံစားမိလိုက်လား?"

ခံစားမိတယ်... ခံစားမိတယ်...

ဘယ်သူက သူမကို ထိ‌တာလဲ?

စုန့်အာ့နန်ရဲ့မျက်နှာက ချက်ချင်းနီမြန်းသွားသည်။ သူမ လက်နှစ်ဖက်ကို အမြန်ပြန်ရုတ်လိုက်ပြီး မသိစိတ်ကနေ နောက်ဆုတ်လိုက်သည်။ သူမတို့ကြားမှာ အကွာအဝေးတစ်ခုဖန်တီးပြီးတဲ့နောက် သူမလက်တွေကို နောက်ကျောဘက်မှာ ဝှက်ထားလိုက်သည်။

"ကျွန်မ ရှင့်ကို မထိဘူး ရှင့်ဒဏ်ရာတွေကို စစ်ကြည့်ချင်လို့" သူမ စိတ်တိုတိုနဲ့ ရှင်းပြလိုက်သည်။

ဖေးခွမ်က အဓိပ္ပါယ်ပါပါနဲ့ "အိုး" လို့ဆိုလိုက်သည်။

စုန့်အာ့နန် -"..."

"အိုး" က ဘာကို ဆိုလိုတာလဲ? သူမကို မယုံတာလား?

"စစ်ချင်သေးလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်လည်း သတိပြန်ဝင်လာပြီး အရေးကြီးကိစ္စဖြစ်တဲ့ ဒဏ်ရာစစ်ဆေးဖို့ကို သတိရလိုက်သည်။

ဒါပေမယ့် ဖေးခွမ်ရဲ့ အဝတ်အစားတွေအပေါ် သူမအကြည့်တွေ ထပ်ရောက်သွားတော့ အရမ်းအဆင်မပြေသလို ခံစားလိုက်ရသည်။ သူ့ရှပ်အင်္ကျီက သူမကြောင့် ကြေသွားပေမယ့် သူကအခုချိန်အထိ သပ်ရပ်အောင်မလုပ်ရသေးပေ။

သို့ပေမယ့် အဆင်မပြေသည့်တိုင် စုန့်အာ့နန်မှာ စိုးရိမ်နေသေးတာကြောင့် အံကြိတ်ကာ သူ့ကို စစ်ဆေးဖို့ သွားလိုက်သည်။ ဓားဒဏ်ရာကို မထိခိုက်ကြောင်း သေချာမှ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကံကောင်းလို့ သွေးမထွက်ဘူး။ ကိုယ့်ကိုကိုယ် သတိထား၊ ဒဏ်ရာပြန်ပွင့်သွားရင် ဒုက္ခဖြစ်လိမ့်မယ်"

သူမက စကားပြောနေရင်း ပတ်တီးကို ဆန့်အောင်လုပ်ပေးလိုက်ပြီး အဆုံးမှာ သူ့အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်လိုက်ကာ သူ့ရင်ဘတ်ကို ဖုံးပေးလိုက်သည်။

ဒါပေမယ့် သူ့အင်္ကျီက ကြယ်သီးနည်းနည်းပြုတ်နေတော့ သိပ်မဖုံးနေပေ။ စုန့်အာ့နန်က အင်္ကျီကိုစိလိုက်ပြီး လွှတ်လိုက်တာနဲ့ ပြန်ဟသွားပြန်သည်။

ဒါပေမယ့် ဖေးခွမ်ကတော့ ဘာမှမဖြစ်သလိုမျိုး ပေါ့ပေါ့ပါးပါး ထိုင်နေတဲ့အတွက် စုန့်အာ့နန်မှာ သူမအကြည့်တွေကို ဘယ်နားပို့ထားရမှန်းမသိ ဖြစ်နေသည်။

သူမက နှုတ်ခမ်းကို တင်းတင်းဖိလိုက်ပြီး အပြစ်တင်လိုက်သည်။ "ရှင် အဆင်ပြေတယ်ဆိုလည်း အိပ်သင့်ပြီ၊ ဘာလုပ်နေတာလဲ?"

ညဉ့်နက်သန်းခေါင်မှာ ဟိုလှည့်လိုက်ဒီလှည့်လိုက်နဲ့ သူ့ဒဏ်ရာတောင် ပွင့်သွားတော့မလို့ သိပ်ပြဿနာမရှိလိုက်လို့ပေါ့!

သူမ တွေးလေ ဒေါသပိုထွက်လာလေလေပင်။ ဒါက သူမ ဒေါသကို ဆီလောင်းလိုက်သလိုပင်။

သူ့ခန္ဓာကိုယ်ကိုတောင် မမြတ်နိုးဘူး။ ဒါဆို သူမလည်း ထပ်ပြီးဂရုမစိုက်တော့ဘူး။ မနက်ဖြန် မနက်စောစော ပြန်လိုက်တော့မယ်လို့ စုန့်အာ့နန် တွေးလိုက်မိသည်။

ဘယ်သူက ဂရုစိုက်မှာလဲ!

ဖေးခွမ်လည်း သူမရဲ့ စိတ်အပြောင်းအလဲကို သဘာဝကျကျ သတိထားမိသည်။ သူက ချက်ချင်းပဲ သူ့သဘောထားကို ပြောင်းလိုက်ပြီး အကြည့်အောက်ပို့လိုက်ကာ စိတ်ထိခိုက်သလို ပြောလာသည်။ "ကိုယ်နေလို့မကောင်းဘူး"

စုန့်အာ့နန် ခဏလောက် ကြောင်သွားပြီး သူမရဲ့အမူအရာက ချက်ချင်းစိုးရိမ်သွားသည်။ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက သူ အဆင်မပြေတဲ့ နေရာကို မေးတာ ဖြစ်ပေမယ့် ဖေးခွမ်က မသက်မသာ လေသံနဲ့ပြောလာတာကို ကြားလိုက်ရသည်။ "မင်းကိုယ့်ကို အေးအေးစက်စက်ကျောပေးထားတာ့ ကိုယ်နေလို့မကောင်းဘူး"

စုန့်အာ့နန် - "???"

အေးစက်စက် ကျောပေးထားတယ်?!

"ဒီနေ့ မင်းဒီကိုလာတော့ ကိုယ်တကယ်ပျော်တယ် ဒါပေမယ့် မင်းရောက်လာကတည်းက ကိုယ့်ကို လျစ်လျူရှုထားတယ်၊ ကိုယ်နေလို့မကောင်းလို့ အိပ်မပျော်ဘူး။ အဲဒါကြောင့် ခဏလောက် ထထိုင်ချင်လို့"

သူက ဒီစကားတွေပြောရင်း ခေါင်းကိုတစ်ချိန်လုံးငုံ့ထားကာ သူ့အသံကလည်း ကြီးကြီးမားမား ဝမ်းနည်းပက်လက် ဖြစ်နေတဲ့အတိုင်းပင်။

စုန့်အာ့နန်မှာ ဖေးခွမ်ကို ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးတဲ့အတွက် ခဏလောက် အံ့အားသင့်သွားသည်။

အရင်တစ်ခေါက်က ကျန်းမန်ဆီကနေ နောက်ဆုံးအကြိမ် ဆဲရေးခံရသည့်တိုင် သူဟာ ဒီလိုမျိုး ကိစ္စကြီးတွေကို ဘယ်တော့မှ အာရုံထဲမထားပါချေ။

စုန့်အာ့နန် မတတ်နိုင်ဘဲ သူမဘာသာသူမ ပြန်စဉ်းစားကြည့်လိုက်သည်။ သူမ ဒီနေ့ နည်းနည်းလွန်သွားတာများလား?

ဖေးခွမ်က ခွဲစိတ်မှု ခံယူပြီး ဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသေးသည်။ ဒေါသထွက်နေရင်တောင် ဒီလိုအချိန်မျိုးမှာ သူ့ကို လျစ်လျူမရှုသင့်ပေ။

"တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်ကို လျစ်လျူရှုဖို့ မရည်ရွယ်ပါဘူး၊ ရှင့်ရဲ့လုံခြုံရေးကို ဂရုမစိုက်လို့ စိတ်ဆိုးခဲ့မိတာ"

ဖေးခွမ်ရဲ့မျက်လုံးထဲတွင် မရိုးသားတဲ့ အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။

ကောင်မလေးရဲ့ နှလုံးသားက ပျော့ပျောင်းပေမယ့် သူမရဲ့ ဒေါသကတော့ မသေးပေ။ သူမ တကယ် ဒေါသထွက်လာတဲ့အချိန်ဆို သူမနှင့် ထိပ်တိုက်မရင်ဆိုင်ဘဲ ပျော့ညံ့စွာ ပြုမူရမည်ဖြစ်သည်။

သူက ဆက်ပြီးနစ်နာသလို လုပ်လာပြန်သည်။ "မင်းကိုယ့်ကို ဂရုမစိုက်တော့ဘူးလို့ပြောပေမယ့် အစတုန်းကတော့ မင်းကိုယ့်ကို ဂရုစိုက်မယ်လို့ ကတိပေးခဲ့တယ်လေ"

စုန့်အာ့နန်က ပါးစပ်ဖွင့်လိုက်ပေမယ့် စကားမပြောလာပေ။

"ဒါဆို.... မင်းကိုယ့်ကို ဂရုစိုက်သေးလား?" ဖေးခွမ်က မဝံ့မရဲနဲ့ မေးလိုက်သည်။

စုန့်အာ့နန်က နေရာမှဘဲရပ်နေပြီး စက္ကန့်အနည်းငယ်ကြာအောင် သူ့ကို တည့်တည့်စိုက်ကြည့်နေကာ နည်းနည်းခေါင်းမာနေချင်သေးသည်။

"ကျွန်မ ထပ်ပြီးဂရုမစိုက်တော့ဘူး၊ မလုပ်နိုင်တော့ဘူး"

ပြောပြီးတာနဲ့ သူ့စကားကို နောက်ထပ်နားမထောင်တော့ဘဲ သူမ လှည့်ကာ အိပ်ရာဘက်သွားဖို့လုပ်လိုက်သည်။ မဟုတ်ရင် သူမပျော့ခွေသွားလိမ့်မည်။

ဖေးခွမ်က သူမအဝတ်အစားကို အမြန်ဆွဲလိုက်ပြီး လူဆိုးလေးလို လုပ်လာသည်။ "မဟုတ်ဘူး၊ မင်းလုပ်နိုင်တယ်၊ ကိုယ် မင်းစကားနားထောင်ပါ့မယ်"

စုန့်အာ့နန် ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရပါချေ၊ ဒီလူက တစ်စုံတစ်ယောက်ကို နှောင့်ယှက်တဲ့အခါ သူ့ပန်းတိုင် မရောက်မချင်း မရပ်ဘဲ အကြောင်းအကျိုးမဲ့တဲ့ ကလေးတစ်ယောက်လိုပင်။

"ကောင်းပြီ ကျွန်မ ရှင့်ကို ဂရုစိုက်ပါ့မယ်..."

ဒီလိုရုန်းကန်ပြီးတဲ့ နောက်မှာတော့ နောက်ကျသွားပြီဖြစ်သည်။

သူ့ဒဏ်ရာကြောင့် ဖြစ်မည် ကုတင်ပေါ် လဲလျောင်းလိုက်ပြီး မကြာခင်မှာဘဲ ဖေးခွမ်ဘက်ကနေ အသက်ရှူသံမှန်မှန်ထွက်လာသည်။

စုန့်အာ့နန်မှာ ထူးထူးခြားခြား အကြောင်းတစ်ခုခုကြောင့် အိပ်မပျော်သလို ခံစားလိုက်ရသည်။

သူမ မသိစိတ်ကနေ သူမ၏လက်ထဲမှ ဖေးခွမ်ရဲ့ ရင်ဘတ်မှ ကျန်နေခဲ့တဲ့ နွေးထွေးမှုကို ခံစားလိုက်ရသည်။ အစောပိုင်း နီးကပ်သွားသည်မှာ သူမရင်ထဲရှိ ဖုံးကွယ်ဖို့ကြိုးစားထားသည့် ခံစားချက်များကို မလွဲမသွေ နှိုးဆွပေးခဲ့သည်။

သူမ ခေါင်းကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။ သူမ အတွေးလွန်မနေသင့်ပေ။ မဟုတ်ရင် လူတိုင်း အဆင်မပြေဖြစ်ရလိမ့်မည်။

-

နောက်နေ့မနက်မှာ စုန့်အာ့နန်တစ်ယောက် သူမရဲ့အနောက်ဘက်မှ ပွတ်တိုက်သံတွေကြောင့် နိုးလာသည်။ သူမ လှည့်ကြည့်လိုက်တော့ ဖေးခွမ်က ကုတင်ဘောင်ကို ကိုင်ကာ ကုတင်ပေါ်မှ ဆင်းဖို့လုပ်နေတာကို တွေ့လိုက်ရသည်။

"ဘာလို့ အိပ်ယာက ထနေတာလဲ?" စုန့်အာ့နန်က ထထိုင်လိုက်ပြီး သူ့ကို ဗလာသပ်သပ်နဲ့ ကြည့်လိုက်သည်။

ဖေးခွမ်ရဲ့ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့တဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ “ရေချိုးခန်းသွားမလို့"

စုန့်အာ့နန် ခဏလောက်ကြောင်သွားပြီး သူဘာလို့ ရေချိုးခန်း သွားချင်ရတာလဲဆိုတာကို သဘောပေါက်ဖို့ စက္ကန့်အကြာကြီး ယူလိုက်ရသည်။

"အိုး ခဏနေဦး ကျွန်မ ရှင့်ကို ကူပေးမယ်"

ဒါပေမယ့် ဖေးခွမ်က ငြင်းလာသည်။ "မလိုပါဘူး၊ ကိုယ့်ဘာသာ သွားလို့ရတယ်"

စုန့်အာ့နန်က သူပြောတာကို လျစ်လျူရှုလိုက်ပြီး အိမ်သာအထိ လိုက်ပို့ဖို့ အိပ်ရာကနေ ထလိုက်သည်။ သူ့အတွက် ကွေးညွှတ်ရတာ အဆင်မပြေဘူးလို့ သူမခံစားတဲ့အတွက် သူ့အတွက် အိမ်သာထိုင်ခုံကိုတောင် မြှောက်ထားပေးလိုက်သည်။

"ရှင်ပြီးရင် ကျွန်မကိုခေါ်လိုက်၊ မရှက်နဲ့ ကျွန်မကဘာလုပ်လဲဆိုတာ မမေ့နဲ့ဦး"

အဲ့ဒီစကားကို ပြောပြီးတာနဲ့ စုန့်အာ့နန်က နောက်ပြန်မလှည့်စတမ်း ရေချိုးခန်းထဲကနေ ထွက်သွားသည်။

ဖေးခွမ် - "..."

သူမတတ်နိုင်ဘဲ နဖူးကို ကိုင်လိုက်မိသည်။ ဒီလိုက သူ့ကိုတနည်းနည်းနဲ့ ရှက်အောင်လုပ်နေတာပဲ။

ဒါပေမယ့် စုန့်အာ့နန်ကတော့ သူမ ပြောခဲ့သလိုမျိုး မတည်ငြိမ်နေပါချေ။ ရေချိုးခန်းထဲက ထွက်လာတာနဲ့ သူမ တိတ်တိတ်လေး အသက်ရှုထုတ်လိုက်သည်။

ဆေးရုံမှာ လူနာတွေကို သန့်စင်ခန်းသွားဖို့ သူမ ကူညီပေးခဲ့ဖူးပေမယ့် အဲဒီလူနာတွေကို သူမကောင်းကောင်းမသိသလို ဆရာဝန်နဲ့ လူနာကြားက ကန့်သတ်ချက်လည်း ရှိတာကြောင့် အဆင်မပြေ မဖြစ်ပါချေ။

သူမနဲ့ ဖေးခွမ်တို့ကျ မတူပေ။ အစကတည်းက သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးခဲ့ကြတာမို့ ဒီအခြေအနေက ဘယ်လိုမှ အဆင်မပြေပေ။

စုန့်အာ့နန်က ရေချိုးခန်းအပြင်ဘက်တွင် ကြောင်တက်တက်နဲ့ ရပ်နေချိန် အခန်းတံခါးခေါက်သံနှစ်ချက်ကို ကြားလိုက်ရသည်။ နောက်တော့ တံခါး တွန်းဖွင့်လာပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဝင်လာသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်လုံး အံ့သြသွားကြသည်။

စုန့်အာ့နန်က အစမ်းသဘောနဲ့ အရင်မေးလိုက်သည်။ "အန်တီ၊ ဘယ်သူ့ကိုရှာနေတာလဲ?"

အဲ့ဒီအမျိုးသမီး စကားပြောခါနီးတွင် ရေချိုးခန်းတံခါးပွင့်လာပြီး ဖေးခွမ်က တံခါးဘောင်ကို ကိုင်ကာ ထွက်လာသည်။

"ဒေါ်လေးဝူ၊ ဘာလို့ဒီလောက်အစောကြီး ရောက်လာတာလဲ?" ဖေးခွမ်က အနည်းငယ် အံ့သြသွားသည်။ "ဦးလေးလီရော၊ အလုပ်ရှုပ်နေတုန်းလား?"

အဒေါ်ဝူဖြစ်တဲ့၊ ဝူရှုလန်ဟာ လီချန်၏ ဇနီးဖြစ်သည်။

ဝူရှုလန်က ပြုံးလိုက်ပြီး "မင်းရဲ့ ဦးလေးလီက ရဲစခန်းမှာ လူတွေကို စစ်ဆေးမေးမြန်းရင်း အလုပ်ရှုပ်နေတာ။ သူပြီးရင် မင်းကို လာတွေ့မယ်လို့ ပြောတယ်"

ဖေးခွမ်က ရယ်လိုက်ပြီး " မလိုပါဘူး ဦးလေးလီကို သူ့အလုပ်ကိုဘဲ အာရုံစိုက်ဖို့ ပြောလိုက်ပါ။ ကျွန်တော် အဆင်ပြေပါတယ်၊ ဒီရက်ပိုင်းအတွင်း ဆေးရုံက ဆင်းမှာပါ "

"ကောင်းပါပြီ၊ အဒေါ် မင်းအတွက် စွပ်ပြုတ်နည်းနည်းယူလာပေးတယ်။ ပူနေတုန်း သောက်လိုက်ဦး" ဝူရှုလန်က သူမလက်ထဲရှိ အပူခံဘူးကို ပြလိုက်သည်။

ဖေးခွမ်က ရယ်လိုက်ပြီး "ဒေါ်လေးက အရမ်းကြင်နာတာပဲ"

ဝူရှုလန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဒါက စွပ်ပြုတ်လေးဘဲလေ ဘာလို့လာယဉ်ကျေးနေတာလဲ။ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး"

"စကားမစပ် မင်းဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ? မနေ့ညက မင်းဒဏ်ရာရသွားတယ်လို့ မင်းရဲ့ဦးလေးလီပြောတော့ ဒေါ်လေးမှာ သေအောင်လန့်သွားတာ။ မနေ့ညက အရမ်းမနောက်ကျသေးဘူးဆိုရင် ဒေါ်လေးလည်း ဆေးရုံကို လိုက်လာမလို့ဘဲ"

ဖေးခွမ်က ခေါင်းယမ်းလိုက်ပြီး "ဒါက ဘာမှမဟုတ်ပါဘူး၊ ဒဏ်ရာနည်းနည်းလေးဘဲလေ၊ ကြီးကြီးမားမားမဟုတ်ပါဘူး"

ဖေးခွမ် ထွက်လာတာကိုမြင်တော့ စုန့်အာ့နန်က သူ့ကို အမြန် ကူတွဲပေးလိုက်သည်။ "ဖြည်းဖြည်းလုပ်"

ဖေးခွမ်က သူမ လက်မောင်းကို ကိုင်ကာ ပြုံးလိုက်ပြီး ဝူရှုလန်ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကိုယ့်ကို ဂရုစိုက်ပေးတဲ့ ဒေါ်လေးဝူ"

စုန့်အာ့နန်က ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဒေါ်လေးဝူ၊ ကျွန်မ စုန့်အာ့နန်ပါ"

ဝူရှုလန်က ပြုံးလိုက်ပြီး စုန့်အာ့နန်ကို ချီးကျူးလိုက်သည်။ "မင်းက ရှောင်ခွမ် ရဲ့ ကောင်မလေးဘဲဖြစ်ရမယ်၊ အရမ်းလှတဲ့ မိန်းကလေးပဲ"

ရှောင်ခွမ်?

သူမ ဖေးခွမ် အကြောင်း ပြောနေတာမှန်း သဘောမပေါက်သေးခင် စုန့်အာ့နန် ခဏလောက် မတုံ့ပြန်လိုက်မိပေ။

သူမက လက်ကို အမြန်ဝှေ့ယမ်းပြီး ရှင်းပြလိုက်သည်။ "ဒေါ်လေးဝူ၊ အထင်လွဲနေတာပါ၊ ကျွန်မတို့က ဒေါ်လေးထင်သလို မဟုတ်ပါဘူး၊ ကျွန်မက သူ့ကောင်မလေးမဟုတ်ပါဘူး"

ဝူရှုလန်က စုန့်အာ့နန်ကို ကြည့်လိုက်ပြီး နောက်တော့ ဖေးခွမ်ကို ကြည့်လိုက်ကာ ရုတ်တရက် သဘောပေါက်သွားသည်။

"ကောင်လေး၊ မင်း အခုထိ ကောင်မလေးကို လိုက်လို့မရသေးတာလား၊ ဟမ်?"

စုန့်အာ့နန် - "... "!

All Chapters