← Chapters

ကိုယ့်ကိစ္စကို ကိုယ့်ဘာသာပဲဆုံးဖြတ်မယ်

Vol. 110 Ch. 1539

ကိုယ့်ကိစ္စကို ကိုယ့်ဘာသာပဲဆုံးဖြတ်မယ်

Vol. 110 Ch. 1539

ရှီမာယူယူ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဟော်ကျန့်ကျန်းနှင့် တခြားသူများ အံ့ဩသွားကြသည်။ သူမသည် ယန်းမျိုးနွယ်နှင့် ပဋိပက္ခဖြစ် ထားသည်ကို သူတို့သိသည်။ ထို့ကြောင့် ယခုလိုပုံစံသည် ပို၍သင့်တော်သည် ဟု တွေးကြသည်။

ဟော်မျိုးနွယ်သည် သည်ဘက်နှင့်ပတ်သတ်ပြီး များစွာသတိရှိသည်မှာ တော့နှမြောဖွယ်ကောင်းလှသည်။ သူတို့သည် တစ်လကျော်ကြာအောင် နေ ထိုင်ခဲ့သည်။ သို့သော် အခုချိန်ထိ ယန်းမျိုးနွယ်နှင့် မသေလူများအကြားမှ ဆက်နွယ်မှုကို ရှာမတွေ့သေးပေ။

လတ်တလောရက်များတွင် သတ္တုရိုင်းတွေ့ဆုံပွဲကို ပါဝင်ချင်ကြသူများ သည် တဖြည်းဖြည်းစတင်စုဝေးလာကြသည်။ ကုဋေတစ်ရာမြို့တော်၏ လမ်း များတွင် အားကောင်းသော လူအမျိုးမျိုးကိုမြင်နိုင်သည်။

ရှီမာယူယူနှင့် အန်းလေတို့သည် လမ်းကျယ်ကြီးတစ်ခုပေါ်တွင် လျှောက် လာကာ ကံကောင်းလေးသည် သူမပခုံးပေါ်တွင် တွဲလွဲခိုထားသည်။ သူသည် သူတို့ပတ်ဝန်းကျင်တွင် ဖြစ်နေသည့်အရာများကို အလွန်သိချင်နေသည်။

“သခင်မလေး ကံကောင်းလေးကို ထုတ်ထားရင် သူများတွေ အာရုံရောက် မလာနိုင်ဘူးလား” အန်းလေသည် စိုးရိမ်နေသည်။

“ငါက ဘာလုပ်နိုင်မှာလဲ ဒီကောင်လေးက ထိန်းလို့မှမရတာ” ရှီမာယူယူ သည် အကူအညီမဲ့နေသည်။ ကံကောင်းလေးသည် ဝိညာဉ်စေတီအတွင်းတွင် လုံးဝမနေလိုပေ။

“သူ့သရုပ်မှန်ကို တခြားသူတွေသိရင် ပြဿနာတက်မှာပဲ” အန်းလေ သည် စိုးရိမ်တကြီး ပြောလေသည်။

“အဲဒါတော့ဖြစ်လာမှာမဟုတ်ဘူး” ရှီမာယူယူသည် အစကတည်းကပင် ကံကောင်းလေး ရောင်ဝါဖျောက်ရမည့်နည်းလမ်းကို နီရဲပျားများကို သင်ခိုင်း ထားစေသည်။ သူသာ မထိန်းချုပ်နိုင်လောက်အောင် ဒေါသမထွက်သရွေ့ သူ့ဆီမှ ရှေးဟောင်းရောင်ဝါကို တခြားသူများ သိနိုင်မည်မဟုတ်ပေ။

သူသည် ကြီးမြတ်သောဝူလင်းနှင့် တူသော်လည်း ထိုနေ့က သူမ ခေါ်သွား သောလူများအပြင် တခြားသူမျာမသိပေ။ ထိုလူများသည် ကြီးမြတ်သောဝူလင်း မည်မျှအားကောင်းကြောင်းကို သိကြသဖြင့် ကံကောင်းလေးကို ဘာမှမလုပ်ရဲ ကြပေ။

သို့သော် ကံကောင်းလေး၏ ရှေးဟောင်းဝိညာဉ်သားရဲ သရုပ်မှန်မပေါ် လျှင်တောင် သူမကို ပြဿနာများယူဆောင်လာတုန်းပင်။

ရှီမာယူယူသည် သူမလမ်းကိုလာပိတ်သော မိန်းကလေးအားကြည့်လိုက် သည်။ သူမ မျက်နှာသည် ခံစားချက်မဲ့နေကာ မေးလေသည် “တစ်ခုခုများ မှားနေတာရှိလို့လား”

သူမရှေ့မှ မိန်းကလေးသည် တောက်ပသောအနီရောင် အဝတ်စဝတ် ထားကာ လက်ကောက်ဝတ်တွင် ချိန်းကြိုးလက်ပတ်ဝတ်ထားသည်။ သူမ လက်ချောင်းများတွင်လည်း လက်စွပ်တချို့ရှိကာ သူမ လက်မြှောက်လိုက် သည့်အချိန်တိုင်းတွင် ပွတ်တိုက်သံများထွက်နေသည်။ သူမသည် နဂိုအတိုင်း ဆိုလျှင်လှသည်။ သို့သော် မျက်နှာမှ မောက်မာမှုသည် အလှကိုဖျက်နေသည်။

တန့်ယီရှီသည် ရှီမာယူယူ၏ ပခုံးပေါ်မှ ကံကောင်းလေးကိုကြည့်ပြီး ပြောလိုက်သည် “မိန်းကလေး မင်းရဲ့ဒီကောင်လေးက အရမ်းချစ်ဖို့ကောင်းတာ ပဲ ကျွန်မဆီကိုမရောင်းချင်ဘူးလား”

“တောင်းပန်ပါတယ် သူကရောင်းဖို့မဟုတ်ဘူး” ရှီမာယူယူသည် သူမကို ဖြတ်ကျော်ပြီးသွားဟန်ပြုသော်လည်း တစ်ဖက်လူသည် နောက်တစ်လှမ်း ဆုတ်လိုက်သည်။

“ရှင်က ဒီဝိညာဉ်သားရဲနဲ့ စာချုပ်တောင် မတည်ထောင်ရသေးဘူး၊ ကျွန်မ ကိုရောင်းလိုက်ရင် မရှုံးနိုင်ပါဘူး ရှင့်ကိုအဆင့်မြင့်ကျောက် ငါးသိန်းပေးမယ်” တန့်ယီရှီ ပြောလေသည်။

ကံကောင်းလေးသည် သူ့ရောင်ဝါကိုဖျောက်ထားသဖြင့် သူ့အားကိုလည်း ဖျောက်ထားရသည်။ ထို့ကြောင့်ပင် အပြင်လူများသည် ကံကောင်းလေးကို အသုံးမဝင်သည့် တိရိစ္ဆာန်အနေနှင့်သာ မြင်ကြသည်။ အသုံးမဝင်သော တိရိစ္ဆာန်လေးတစ်ကောင်ဖြစ်သဖြင့် အဆင့်မြင့်သိန်းဂဏန်းသည် သူ့တန်ဖိုး ထိုက်တန်ကာ ငါးသိန်းဆိုသည့် တန်ဖိုးသည်များလွန်းနေသည်။

တခြားသူများအတွက်တော့ ရှီမာယူယူသည် အမြတ်များစွာရနေပြီဖြစ် သည်။

“မဖြစ်နိုင်ဘူး” ရှီမာယူယူသည် သူမဆီမှ ကံကောင်းလေးကို အတင်းဝယ် မည့်သူနှင့်တွေ့လိမ့်မည်ဟု မထင်ထားပေ။ အင်း… တကယ်တော့ သူမ ဝိညာဉ် သားရဲကို လုယူချင်နေတာပဲ။

“မဖြစ်နိုင်ဘူးလား” တန့်ယီရှီသည် သူမ ကမ်းလှမ်းသောဈေးနှုန်းကြောင့် အလွန်ပျော်သွားမည်ဟု ထင်ထားသော်လည်း အငြင်းခံလိုက်ရသည်။

“အင်း ကျွန်မက ကျွန်မရဲ့ဝိညာဉ်သားရဲကို ရောင်းမှာမဟုတ်ဘူး၊ ဒီက မိန်းကလေး ဘေးကိုဖယ်ပေးပါ” ရှီမာယူယူသည် ထိုမျှသာ ပြောလိုက်သည်။

“မင်းက တကယ်ပဲ ငါ့တောင်းဆိုချက်ကို ငြင်းလိုက်တာလား ငါဘယ်သူ လဲဆိုတာသိရဲ့လား” တန့်ယီရှီသည် အေးစက်သော မျက်နှာထားဖြင့်ပြောရင်း နှင့် မှင်တက်နေသည်။

“မသိဘူး” ရှီမာယူယူသည် ရိုးသားစွာပင်ပြောလိုက်သည်။

တန့်ယီရှီသည် ရှီမာယူယူမှ သူမမည်သူမည်ဝါဖြစ်သည်ကြောင်း ပြော လာမည်ကိုစောင့်ဆိုင်းနေကာ သူမ၏ အသုံးမဝင်သည့် သားရဲကိုရောင်းသရွေ့ အဆင်ပြေနေပြီဟု ပြောရန်ပြင်ထားသည်။ သို့သော် သူမကို မသိဘူးဟု တည့်တိုးပြောလာမည်ကို မထင်ထားပေ။

“တကယ်ပဲမသိတာလား”

“သိရမှာလား” ရှီမာယူယူသည် နောက်တစ်လှမ်းဆုတ်ကာ တန့်ယီရှီကို ပြန်အကဲခတ်ကာ ခေါင်းယမ်းပြီး ပြောလိုက်သည် “တကယ်မသိဘူး”

တန့်ယီရှီ၏ မျက်နှာသည် ထပ်မံပြောင်းလဲသွားသည်။ သူမဘေးမှ အစေခံမိန်းကလေးသည် ရှီမာယူယူ၏ နှာခေါင်းကိုလက်ညှိုးထိုးကာ ပြောလေ သည် “ငါတို့သခင်မလေးက ယန်းမျိုးနွယ်က သခင်မလေးပေါင်ပဲ ငါတို့ သခင်မ က ယန်းမျိုးနွယ်ခွဲ ၃ က သခင်မလေးပဲ”

“အိုး အဲတော့ ဒါက ယန်းမျိုးနွယ်ကသခင်မလေးပေါင်ကိုး အခုတော့ သိ သွားပြီ” ရှီမာယူယူသည် အလေးအနက်ထားကာပြောနေသော်လည်း သူမ မည်သူ့ကိုမှဂရုမစိုက်ကြောင်းကို မျက်နှာထားမှ အားလုံးမြင်နိုင်သည်။

“အခုသိသွားပြီဆိုတော့ မင်းရဲ့ဝိညာဉ်တိရိစ္ဆာန်လေးကို လိမ်လိမ်မာမာနဲ့ မပေးသေးဘူးလား” အစေခံမိန်းကလေးသည် လက်နှစ်ဖက်ခါးထောက်ကာ မေးကိုပင့်မော့ထားသည်။ သူမသည် အလွန်မောက်မာနေကာ ရှီမာယူယူကိုပင် ထောက်ထားသည့်ပုံစံပေါက်နေသည်။

“ဒီမှာ ကံကောင်းလေးက ငါ့အပိုင်ပဲ သူ့ကိုငါ့ဆီကနေ အတင်းဝယ်ဖို့ လုပ်နေတာလား” ရှီမာယူယူသည် ကံကောင်းလေးကို ဖက်ထားသည်။

“မင်းက ဒီဝိညာဉ်တိရိစ္ဆာန်လေးနဲ့ စာချုပ်မှမတည်ထောင်ထားတာ အဲတော့ မင်းအပိုင်ဆိုတာကို ဘယ်လိုသက်သေပြမှာလဲ” တန့်ယီရှီ ပြောလိုက် သည် “ဒါက ငါ အစောပိုင်းက ပျောက်သွားတဲ့ ဝိညာဉ်တိရိစ္ဆာန်ဆိုတာရှင်းနေ တာပဲ၊ မင်းက ကောက်ရပြီး ငါ့ကိုပြန်ပေးဖို့ငြင်းနေတာတော့ ထားလိုက်တော့ ဒါပေမဲ့ မင်းကို ငါးသိန်းပေးပြီး ပြန်ဝယ်မယ်လို့ပြောတာတောင် ငြင်းနေသေး တယ်”

တန့်ယီရှီ၏ အသံသည် ကျယ်လွန်းသဖြင့် အားလုံးသည် သူမကို ကြည့် လိုက်ကြသည်။ တန့်ယီရှီကို သိသူများသည် ရှီမာယူယူကို ထောက်ထားကြင်နာ စွာဖြင့် ကြည့်ကြလေသည်။ သို့သော် တန့်ယီရှီကိုမသိကြသူများသည် ရှီမာယူယူကပင် သူမပြောသလို ကလိမ်မကျစ်ကျနေသလို ထင်ကြသည်။

ရှီမာယူယူသည် ထိုကဲ့သို့ မောက်မာသောသခင်မလေးများနှင့် ဖြေရှင်းရန်  စိတ်မဝင်စားပေ။ မသေလူနှင့် ယန်းမျိုးနွယ်တို့ ပတ်သတ်သည်များကို သူမ သိကတည်းကပင် သူတို့၏ ဂုဏ်တစ်ခုမှချန်မထားရန် ဆုံးဖြတ်ထားသည်။

“အရှက်မရှိတဲ့လူတွေကို ငါမြင်ဖူးပါတယ်၊ ဒါပေမဲ့ မင်းလောက် အရှက် မရှိတဲ့လူတော့ မမြင်ဖူးဘူး” သူမ ပြုံးလိုက်သည်။ သူမ ထိုသို့ပြုံးလိုက်ချိန်တွင် တစ်ဖက်မှ လက်ခံရသောလူသည် ကံမကောင်းခြင်းနှင့်ပင် အဆုံးသတ်သွား မည်ကို သူမ နှင့် ရင်းနှီးသူများသိကြသည်။

“မင်းကများ ငါတို့သခင်မလေးကို လာဆဲရဲသေးတယ်” အစေခံမိန်း ကလေးအော်လိုက်သည်။

“ဒီကောင်လေးက မင်းဟာလို့ပြောမှတော့ ယူသွားလိုက်လေ” ရှီမာယူယူ သည် စကားပြောပြီးသည်နှင့် ကံကောင်းလေးကိုဆွဲကာ တန့်ယီရှီဆီသို့ ပစ်ပေး လိုက်သည်။

ဝိညာဉ်သားရဲမှ ယခုကိစ္စကိုဖြစ်စေသဖြင့် ဝိညာဉ်သားရဲကပင် ကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်သည်။

တန့်ယီရှီသည် ရှီမာယူယူအလွယ်တကူပင် လက်လျော့လိုက်သည်ကို မြင်သောအခါ အပျော်လွန်သွားလေသည်။ သူမသည် ကံကောင်းလေးကို မစဉ်းစားဘဲ ကိုင်လိုက်သည်။

တန့်ယီရှီ၏ ရင်ခွင်ထဲသို့ကျသွားသော ကံကောင်းလေးသည် သူမ၏ ထူထဲလှသောရေမွှေးအနံ့ကြောင့် အလွန်ပင် ရွံရှာသွားလေသည်။ သူသည် သူမ ကို တွန်းပစ်လိုက်ချင်သော်လည်း သူ ဝိညာဉ်စွမ်းအင်သုံးမရသည့်အပြင် တန့်ယီရှီသည် ကျင့်ကြံသူဖြစ်နေသည်။ တစ်ခဏတော့ သူ မလွတ်မြောက်နိုင် ပေ။

“ဝိညာဉ်တိရိစ္ဆာန်ကို မင်းကိုပေးပြီးပြီဆိုတော့ ငါ့နောက်ထပ်မလိုက်နဲ့ တော့” ရှီမာယူယူသည် ပြေပြီးနောက်လှည့်ထွက်သွားလိုက်သည်။

ကံကောင်းလေးသည် ရှီမာယူယူ ထွက်သွားတော့မည်ကို မြင်သောအခါ ပူပန်လာသည်။ သူသည် တန့်ယီရှီလက်မှ ချုပ်ထားသည်ကို ချိုးဖောက်ပြီး ရှီမာယူယူဆီသို့ တဟုန်ထိုးပြေးသွားသည်။ သို့သော် သူထွက်သွားသည်နှင့် သူ့ လက်သည်းများသည် တန့်ယီရှီ၏ မျက်နှာပေါ်ကျသွဦးကာ သူမ မျက်နှာတစ် ခြမ်းသည် ဆိုးဝါးစွာကုတ်ခြစ်ခံလိုက်ရတော့သည်။

အားလုံးသည် ပြောင်းလဲသွားသောမြင်ကွင်းအကြောင့် ထိတ်လန့်သွား ကြသည်။ ရှီမာယူယူ၏ ပခုံးပေါ်တွင် ကျိုးနွံစွာရှိနေသော ဝိညာဉ်သားရဲသည် အမှန်ကယ်ပင် ကျင့်ကြံသူဝိညာဉ်သခင်၏ မျက်နှာကိုကုတ်ခြစ်သွားသည်။ တစ်ဖက်မှာလည်း သာမာန်သခင်မလေး မဟုတ်ပေ။ ပြည်နယ် ၁၆ မှ နိုင့်ထက် စီးနင်းပြုတတ်သူဖြစ်သည်။

“အာ…”

တန့်ယီရှီ မြေပေါ်သို့လဲသွားသည်ကို မြင်သည်နှင့် တန့်ယီရှီ၏ အစေခံ မိန်းကလေး အော်လေသည်။ သူတို့သည် ရှီမာယူယူထွက်သွားသော ဘက်ကို ကြည့်လိုက်ကြသည်။ သို့သော် သူမကိုမမြင်ရတော့ပေ။

အနီးရှိလက်ဖက်ရည်ဆိုင်၏ လမ်းဘက်ကို မျက်နှာမူထားသော ဒုတိယ အထပ် သီးသန့်အခန်းတွင် လူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

“ခုနက ခံစားမိတာ များတာတော့ မဟုတ်ဘူးမလား”

“တကယ်ပဲ ရှေးဟောင်းဝိညာဉ်သားရဲရောင်ဝါပဲ”

“ဆိုလိုတာက တစ်ယောက်ယောက်ကတော့ ရှေးဟောင်းဝိညာဉ်သားရဲ ကိုတကယ်ပဲလွှတ်လိုက်ပြီပဲ”

“ဒါပေမဲ့ အဲလူက စာချုပ်မတည်ထောင်ဘူး”

“ဝိညာဉ်သားရဲကစပြီး သခင်ကိုအသိအမှတ်မပြုရင် အခုခေတ် သားရဲ ထိန်းကျောင်းသူသခင်တွေများ ရှေးဟောင်းဝိညာဉ် သားရဲကို ဘယ်လို ထိန်းကျောင်းရမလဲဆိုတာ ဘယ်သူသိလို့လဲ”

ဒါပေမဲ့ ဝိညာဉ်သားရဲတွေက ဘယ်လိုလုပ် သခင်ကို စပြီးအသိအမှတ်ပြု မှာလဲ။

တကယ်တော့ မျိုးနွယ်ကြီးများတွင် ရှေးဟောင်းဝိညာဉ်သားရဲများကို ထိန်းကျောင်းရန် ကိုယ်ပိုင်နည်းလမ်းများရှိကြသည်။ သို့သော် အားလုံးမှာ ထုံးနည်းတိုင်းမဟုတ်သဖြင့် အမှန်တကယ်မထိန်းကျောင်းနိုင်ကြပေ။

***

All Chapters