← Chapters

သတ္တုရိုင်း ငှားခြင်း

Vol. 110 Ch. 1540

သတ္တုရိုင်း ငှားခြင်း

Vol. 110 Ch. 1540

တန့်ယီရှီကို ယန်းမျိုးနွယ်မှ လာခေါ်သွားကြသည်။ သူမ ယန်းမျိုးနွယ် တံခါးသို့ဝင်သည်နှင့် ရှီမာယူယူကို စုံစမ်းရန်လူလွှတ်လိုက်သည်။

သည်တစ်ကြိမ်အပြင်ထွက်ချိန်တွင် ရှီမာယူယူသည် ရုပ်ပြောင်းရုပ်လွှဲ လုပ်မထားပေ။ ယန်းမျိုးနွယ်၏ အင်အားနဲ့ဆိုရင် ဒီကိစ္စက ဘယ်လိုလုပ် ပေါ့ သေးသေးဖြစ်မလဲ။ သူမအကြောင်းကို ချူးချန်းမြို့တော်တွင် စုံစမ်းရသည်နှင့် အလုပ်များနေကြသည်။

သို့သော် သတင်းမှာ တန့်ယီရှီ၏ လက်ထဲသို့တိုက်ရိုက်ရောက်မသွားပေ။ အကြောင်းမှာ ဟော်မျိုးနွယ်နှင့်ပတ်သတ်သည့် သတင်းဆိုသည်နှင့် ယန်းမျိုးနွယ်၏ စီမံရေးရာကို အရင်သတင်းပို့ရန် ညွှန်ကြားထားခြင်းကြောင့် ဖြစ်သည်။

“ခေါင်းဆောင် ဒီဟော်ကျန့်ကျန်းက တစ်ချိန်လုံးစုံစမ်းနေတာဖြစ်မယ်၊ အခု ရှီမာယူယူ့ကို စကားစပြောရအောင်လို့ တမင်များ ပြဿနာရှာဖို့ သူမကို ဟော်ကျန့်ကျန်းက ခိုင်းလိုက်တာများလား” အကြီးအကဲတချို့ ခန့်မှန်းကြလေ သည်။

ယန်းဝေသည် ရှီမာယူယူကို စွဲမြဲစွာမှတ်မိနေပြီး သူမသည် ရိုးရှင်းသော နောက်ခံရှိသူမဟုတ်ဆိုသည်ကို သိထားသည်။ သူမသည် လျှို့ဝှက်မိသားစုများ နှင့် ဆက်ဆံရေးကောင်းသည်။ ထို့အပြင် ထိုနေ့က သူမသည် ရှေးဟောင်း ဝိညာဉ်သားရဲများအားလုံး၏ မျက်စိရှေ့ကပင် သတ္တုတွင်းမှ ထွက်လာနိုင်ခဲ့ သည်။ သူမသည် ဝိညာဉ်သားရဲများနှင့် ပတ်သတ်မှုရှိနိုင်သည်။

“ခေါင်းဆောင် ရှီမာယူယူနဲ့ ဟော်ကျန့်ကျန်းတို့က တစ်ဖွဲ့တည်းဖြစ်သွား ပြီဆိုတော့ ဒီအခြေအနေကိုအသုံးချပြီး သူတို့နှစ်ယောက်လုံးကို ရှင်းလိုက်ရ မလား”

“မလောနဲ့” ယန်းဝေသည် သူ့ကိုတားလိုက်သည် “ဟော်ကျန့်ကျန်းက မသေလူတွေအကြောင်း စုံစမ်းနေပေမဲ့ သတ္တုရိုင်းတွေ့ဆုံပွဲကလည်း စတော့ မယ်၊ တစ်ခုခုဖြစ်လာရင် ငါတို့ကိုပဲ သက်ရောက်လိမ့်မယ် သူ့ကိုလွှတ်ထား လိုက်ဦး”

“နားလည်ပါပြီ”

ခေါင်းဆောင် ထိုသို့ပြောသဖြင့် သူတို့သည် ထိုကိစ္စကို ဆက်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပြောရလျှင် တန့်မျိုးနွယ်သည် ယန်းမျိုးနွယ်၏ ထောက် တိုင်ဖြစ်သည်။ သူတို့ကို လေးစားရန်မလိုအပ်ပေ။

တန့်ယီရှီသည် သူမ ခြံဝန်းအတွင်းတွင်ရှိနေသည်။ သူမ မျက်နှာမှာ သက်သာလာသော်လည်း အနည်းငယ်ကျန်နေသေးတုန်းပင်။ ဆိုလိုသည်မှာ သူမ မျက်နှာသည် ပျက်စီးသွားလေပြီ။ သူမသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမသည် ရှီမာယူယူကို ဖမ်းပြီး အစိတ်စိတ် အမွှာမွှာဖြစ်အောင် ခုတ်ထစ်ချင်နေသည်။

ထို့ကြောင့်ပင် ယန်းမျိုးနွယ် အစောင့်များ သူမကို လာပြောချိန်တွင် ဒေါသတကြီးဖြင့် အိမ်ထဲမှ ပရိဘောဂများအားလုံးကို ဖျက်ဆီးလိုက်သည်။

ရှီမာယူယူသည် အစပိုင်းတွင် ယန်းမျိုးနွယ်မှ သူမကို ပြဿနာလာရှာ မည်ဟု ထင်ထားသည်။ သို့သော် ရက်အနည်းငယ်စောင့်ပြီးသည့်တိုင်အောင် မည်သည့်သတင်းမှ ကြားရမည်ဟု မထင်ထားပေ။

“ယန်းမျိုးနွယ်က ဒါကိုဖုံးထားလိုက်ပြီထင်တယ်” သူမ ခန့်မှန်းလိုက် သည်။

“ဘာလို့လဲ တန့်ယီရှီ ဘယ်လိုဖြစ်သွားလဲဆိုတာ မြင်သားပဲ သူမက အရမ်းကို နိုင်ထက်စီးနင်းလုပ်တတ်တဲ့သခင်ပဲ၊ အဲလိုလူမျိုးက ဘယ်တော့မှ ငြိမ်ခံနေမှာမဟုတ်ဘူး” အန်းလေ နားမလည်ပေ။

“ဦးလေးဟော်လည်း ဒါကိုခန့်မှန်းမိမှာပဲ၊ ဒါပေမဲ့ ယန်းမျိုးနွယ်နဲ့ မသေလူ ကြားက တိကျတဲ့ပတ်သတ်မှုကို အတည်မပြုခင်တော့ သူ့ရဲ့ဟော်မျိုးနွယ်ကို ရင်းလို့မရသေးဘူး”

သက်သေမရှိဘဲနှင့် ဟော်မျိုးနွယ်၏ စကားများကို မည်သူမှယုံမည် မဟုတ်ကာ ယန်းမျိုးနွယ်ကိုပင် ရန်စသလိုဖြစ်သွားမည်။ ယန်းမျိုးနွယ်သည် ဟော်မျိုးနွယ်ထက် မားစွာ အားကောင်းသည်။ ထို့ကြောင့်ပင် ဟော်ကျန့်ကျန်း နှင့် တခြားသူများသည် သွားမရှုပ်ရဲပေ။

“သခင်မလေး သူတို့က ယန်းစီကိုလည်း မသေလူဖြစ်အောင်လုပ်မယ်လို့ ထင်ထား” သူတို့ ချူးချန်းမြို့တော်သို့ လာချိန်တွင် ရှီမာယူယူ ပြောပြထား သဖြင့် ယန်းစီနှင့်ပတ်သတ်သည့် ပြဿနာကို အန်းလေသိပြီးဖြစ်လေသည်။

“မလုပ်ဘူး” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ငါတို့ မသေလူတွေကို မြင်ပြီးပြီ၊ မသေလူလုပ်ဖို့က ခြေလက်အကုန်ရှိဖို့မလိုရင်တောင် အများစုက တစ်ပိုင်းလောက်တော့ ရှိရတယ် ယန်းစီက ဝိညာဉ်သားရဲတွေ တစ်စစီလုပ်တာ ခံရတာဆိုတော့ သူမကို ဘယ်လိုလုပ်မသေလူဖြစ်အောင်လုပ်တော့မလဲ ပြီးတော့ မသေလူလုပ်ဖို့ဆိုရင် သေပြီးခဏအကြာမှာပဲလုပ်လို့ရတယ်၊ ယန်းစီ တို့ကို သူတို့သေပြီး ရက်နည်းနည်းကြာမှ တွေ့ကြတာလေ၊ သူတို့ အရိုးတွေကို ရှာတွေ့တာကိုက မဆိုးလှဘူး၊ သူမကို မသေလူဖြစ်အောင်ပြောင်းဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ထင်တယ်”

“ကျွန်မသာ ဝေ့ရှဲကျူသာဆိုရင်လည်း သူမကို မသေလူအဖြစ်မခံဘူး” အန်းလေသည် ခံစားချက်များဖြင့်ပြောလေသည်။

“အိုး… ဘာလို့လဲ”

“လှုပ်ရှားတာကိုက အလောင်းကောင်ကြီး လမ်းလျှောက်တာက အရမ်း ကို နာကျင်စရာကြီးလေ”

“ဟုတ်လောက်မှာပေါ့” ရှီမာယူယူ ပြုံးလိုက်သည် “ဒီတစ်ခေါက်ကို ငါတို့ သတင်းစုံစမ်းဖို့ နီရဲပျားတွေသုံးမရတာတော့ နှမြောဖို့ကောင်းတယ် စုံစမ်းချင် တာရှိရင် ခက်သွားပြီ”

အစပိုင်းတွင် သတင်းထောက်လှမ်းရန်အတွက် သူမ၏ နီရဲပျားများကို သုံးချင်သည်။ သို့သော် မသေလူများသည် အသက်ရှိသည့်အရာများကို အလွန် အာရုံခံပါးသည်။ ဝိညာဉ်စွမ်းအင်အတက်အကျမရှိသော်လည်း သူတို့ ရှာတွေ့ ကာ သူမလွှတ်လိုက်သော နီရဲပျားများအားလုံး အသတ်ခံလိုက်ရသည်။ တိုက် ဆိုင်သွားသည်ဟု သူတို့တွေးသွားရန် သူမ နီရဲပျားများ ထပ်မလွှတ်တော့ပေ။

ထိုအချိန်တွင် စူးလျိုနျန် ရောက်လာပြီး တံခါးခေါက်လေသည်။

“ဦးလေးဟော် အဒေါ်ဟော် ဒီကိုဘာလာလုပ်ကြတာလဲ”

စူးလျိုနျန်နှင့် ဟော်ကျန့်ကျန်းတို့သည် အခန်းထဲသို့ဝင်လာပြီး ပျော်ရွှင်စွာ ပြောလေသည် “ယူယူ မင်းကိုပြောစရာရှိလို့”

စူးလျိုနျန်ကို ထိုပုံစံအတိုင်းမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူမ သိချင်စိတ်ဖြင့် မေးလိုက်သည် “အဒေါ်ဟော် ပြောပါ”

“မင်းကို သတ္တုရိုင်းတွေ့ဆုံပွဲကိုတက်စေချင်လို့” ဟော်ကျန့်ကျန်း ပြော လိုက်သည် “ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် သူများတွေ မင်းကိုအာရုံစိုက်လာနိုင် ချေများတယ်”

“မသေလူတွေကို စုံစမ်းတာက အဆင်မချောဘူးလား” ရှီမာယူယူ မေး လိုက်သည်။

ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့ ခေါင်းညိတ်ကြသည်။

ရှီမာယူယူသည် တွေဝေသွားသည်။ လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့် ရန် သတ္တုရိုင်းတွေ့ဆုံပွဲကို တက်ရောက်ရမည်။ သာမာန်လူများ မတက်ရောက် နိုင်ကြပေ။ သို့သော် သူမ တက်ရောက်လျှင်လည်း မျိုးနွယ်၏ အာရုံကို ဆွဲဆောင်သလိုဖြစ်မည်။

“ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ သိပါတယ် ဒါပေမဲ့ လက်ထဲမှာ က သတ္တုရိုင်းကောင်းကောင်းမရှိဘူး” ဟော်ကျန့်ကျန်း ပြောလိုက်သည်။

ရှီမာယူယူ စဉ်းစားကြည့်ပြီးပြောလိုက်သည် “ဦးလေးဟော် ကျွန်မ သတ္တု ရိုင်းတွေ့ဆုံပွဲတက်မယ်ဆိုရင် မျိုးနွယ်ပါပတ်သတ်လိမ့်မယ်၊ ဒါပေမဲ့ ဦးလေးကို ကျွန်မသတ္တုရိုင်းပေးပါမယ် ဦးလေးပဲတက်ရောက်လိုက်ပါ”

ဟော်ကျန့်ကျန်းသည် သူမ၏ ပထမဆုံးစကားကို ကြားလိုက်ရချိန်တွင် စိတ်ပျက်သွားမိသည်။ သို့သော် နောက်ပိုင်းစကားများကို ကြားသောအခါ အနည်းငယ် အံ့ဩမိသည်။

“အဲဒါလည်းဖြစ်တာပဲ” သူခေါင်းညိတ်လိုက်သည် “ငါတို့ ယန်းမျိုးနွယ်ကို ဝင်လို့ရသေရွေ့ပေါ့”

ရှီမာယူယူ တွေးလိုက်ပြီးနောက် ရှေးဟောင်းသတ္တုရိုင်းတစ်ခု ထုတ်လိုက် သည်။ အရွယ်အစားမှာ ဖရဲသီးလောက်ရှိကာ ရှေးဟောင်းဝိညာဉ်သားရဲမပါနိုင် ပေ။

“ဒါကို ရှေးဟောင်းသတ္တုတွင်းတုန်းက ရလာတာ ယန်းမျိုးနွယ်ကို ဝင်လို့ ရလောက်မှာပါ”

ဟော်ကျန့်ကျန်းသည် တွန့်ဆုတ်မနေဘဲ သတ္တုရိုင်းကိုယူပြီးပြောလိုက် သည် “သတ္တုရိုင်းတွေ့ဆုံပွဲပြီးရင် အထဲကပစ္စည်းကို မင်းကိုပြန်ပေးပါမယ်”

“ဟုတ်ကဲ့ပါ”

“ဒီနေ့က စာရင်းသွင်းဖို့နောက်ဆုံးနေ့ပဲ ငါသွားပြီး အရင်စာရင်းပေးလိုက် ဦးမယ်”

ဟော်ကျန့်ကျန်း ထိုသို့ပြောပြီးနောက်တွင် သတ္တုရိုင်းယူပြီးထွက်သွား လေသည်။

စူးလျိုနျန် သူနှင့်အတူထွက်မသွားသည်ကို ရှီမာယူယူ မြင်သောအခါ မေး လိုက်သည် “အဒေါ်ဟော် တစ်ခုခုများဖြစ်လို့လား”

“အဒေါ့်တူပါ… သမီးလာတယ်လို့ သူသိတော့ သမီးကိုတွေ့ချင်ပြီး ကျေးဇူးတင်စကားပြောချင်နေတာ”

ရှီမာယူယူသည် ဝူလင်းယူ မသွားခင် အဆက်မပြတ်ပြောခဲ့သည်ကို တွေး ပြီး ပြောလိုက်သည် “အဒေါ်ဟော် အဲဒါအတွက် ကျေးဇူးတင်ချင်ရင် ကျွန်မရဲ့ ဆရာနဲ့ တခြားသူတွေကိုကျေးဇူးတင်ရမှာပါ၊ ကျွန်မကဘာမှမလုပ်ခဲ့ပါဘူး၊ အခုလေးတင်ပဲ ယန်းမျိုးနွဘ်က သခင်မလေးပေါင်ကို အပြစ်လုပ်မိထားတယ်၊ တည်းခိုဆောင်မှာပဲ နေလိုက်တာကောင်းပါတယ် တစ်ခုခုဖြစ်သွားလို့ ဦးလေး ဟော်ရဲ့အစီအစဉ်ကို ဖျက်ဆီးမိလိုက်ရင် မကောင်းဘူးလေ”

သူမ ဆိုလိုရင်းကို စူးလျိုနျန် နားမလည်ဘဲ မည်သို့ရှိမည်နည်း။ သူမကမှ သူ့ကိုမတွေ့ချင်တာ ထားလိုက်ပါတော့။

ရှီမာယူယူ သူ့ကိုမတွေ့ချင်ကြောင်း စူးယူကြားသောအခါ စိတ်ပျက်သွား သော်လည်း မည်သည်စကားမှ မပြောပေ။

“သူမနဲ့ စကားပြောချင်ရင် သတ္တုရိုင်းတွေ့ဆုံပွဲအထိစောင့်လိုက် သူမက ငါတို့နဲ့အတူရှိလိမ့်မယ်”

“ကျွန်တော် နားလည်ပါတယ် ဒေါ်လေး”

သူသည် သတ္တုရိုင်းတွေ့ဆုံပွဲရောက်မည့်ရက်ကိုသာ စောင့်ရတော့သည်။

***

All Chapters