← Chapters

သူတော်စင်ဆေး

Vol. 111 Ch. 1541

သူတော်စင်ဆေး

Vol. 111 Ch. 1541

သုံးရက်ကြာပြီးနောက်တွင် သတ္တုရိုင်းတွေ့ဆုံပွဲသည် အစီအစဉ်အတိုင်း စတင်လေသည်။

ရှီမာယူယူသည် မနက်ကတည်းကပင် ဟော်ကျန့်ကျန်းတို့နောက်လိုက် ကာ တွေ့ဆုံပွဲကျင်းပမည့် ကွင်းပြင်ဆီသို့ သွားလိုက်သည်။ ထိုနေ့က စာရင်း သွင်းလိုက်သော သတ္တုရိုင်းကိုစစ်ဆေးမှုရလဒ်အရ သူတို့သည် ဝင်ရန် ခွင့်ပြု ချက်ရခဲ့သည်။

ရှီမာယူယူ ဝင်ပြီးနောက် ကွင်းပြင်တွင် လူအများအပြားရှိနေသည်ကို မြင် လိုက်ရသည်။ သူမ မှန်းဆကြည့်ရာ ထိုနေရာတွင် အနည်းဆုံးတော့ ထောင် ဂဏန်းမှ သောင်းဂဏန်းထက်ပင်ပိုနိုင်သည်။

“ကမ္ဘာကြီးကို ကြည့်ဖို့ အခွင့်အရေးကောင်းပဲ၊ မိုဒိဆန်းသာ လာလိုက် ရင်…” သူမ မိုဒိဆန်းကို နှစ်ပေါင်းများစွာ အဆက်အသွယ်မရသည့်အကြောင်း ကို ပြန်တွေးလိုက်လျှင် စိုးရိမ်မိသည်။

ဒီကောင်က နောက်ထပ်အန္တရာယ်များတဲ့နေရာကို ထပ်သွားလိုက်တာ တော့မဟုတ်ဘူးမလား။

ဟော်ကျန့်ကျန်းနှင့် တခြားသူများ သတ်မှတ်ထားသည့်နေရာရောက် သည်နှင့် ရှီမာယူယူသည် အန်းလေကို ဦးဆောင်ကာ ထွက်သွားလိုက်သည်။ သူတို့သည် ဖွင့်ပြီးသား သတ္တုရိုင်းများကို သွားကြည့်ရန် အဆင်သင့်ပြင်နေကြ သည်။

“သခင်မလေးယူယူ” ရှီမာယူယူ လှည့်ကြည့်ရာ ကိုယ်ရံတော်နှစ်ယောက် နှင့် စူးယူကိုမြင်လိုက်ရသည်။

“သခင်လေးစူး ရှင်လည်း သတ္တုရိုင်းတွေ့ဆုံပွဲကိုလာတက်တာပဲလား” သူမသည် ပြုံးပြီးနှုတ်ဆက်လိုက်သည်။

“ဒီတွေ့ဆုံပွဲရဲ့ အနိုင်ရသူက ရှေးဟောင်းဝိညာဉ်သားရဲရမယ်လို့ ကြား ထားတယ်၊ အဲဒါကြောင့် ကျွန်တော်တို့လည်း လာတက်တာပါ” စူးယူပြန်ဖြေ လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ အနိုင်ရသူသည် ရှေးဟောင်းဝိညာဉ် သားရဲကျောက်ရုပ်ထု သုံးခုရမည်ဟု သူမလည်း ကြားထားသည်။ ထို့ကြောင့်ပင် အင်အားစုအများအပြားသည် တက်ရောက်ရန် စိုင်းပြင်းနေကြခြင်းဖြစ်သည်။

“အရင်တစ်ခေါက်က ဝိညာဉ်သားရဲက ဘယ်လိုလဲ” သူမသည် စူးမျိုးနွယ် အတွက် ပြဿနာဖြစ်စေသော ရှေးဟောင်းဝိညာဉ်သားရဲကို တွေးပြီး မေးလိုက် သည်။

“ထိန်းကျောင်းပြီးပါပြီ” စူးယူသည် မေးခွန်းကို မရှောင်လွှဲပေ။ ရှီမာယူယူ သာ လျှို့ဝှက်အကြံအစည်များရှိပါက သတ္တုတွင်းတွင်ရှိစဉ်က လှုပ်ရှားမည်ဖြစ် သည်။

သူ မည်သို့ထိန်းကျောင်းသည်ကို ရှီမာယူယူ မမေးပေ။ သူတို့ ထိန်းကျောင်းနိုင်သဖြင့် ကောင်းသည်ဟူ၍သာ ပြောလိုက်သည်။

သည်လိုဆိုလျှင် တခြားသူများသည် သူတို့ကို ကြံစည်ချင်လျှင်တောင် ဇာတ်လမ်းဆင်မရတော့ပေ။ စာချုပ်သခင်သေသည်နှင့် ဝိညာဉ်သားရဲလည်း လိုက်သေမည်ဖြစ်သည်။

“တခြားသတ္တုရိုင်းတွေကိုသွားကြည့်လိုက်ပါဦးမယ် သခင်လေးစူးကို မနှောင့်ယှက်တော့ပါဘူး” ရှီမာယူယူသည် စူးယူကို အရိုအသေပေးပြီးနောက် အန်းလေနှင့်အတူ ထွက်လာခဲ့လိုက်သည်။

စူးယူသည် သူမထွက်သွားသည်ကိုကြည့်ပြီး မျက်လုံးများမှာ မည်းမှောင် လာသည်။

“သခင်လေး ဒီရှီမာယူယူက မောက်မာလိုက်တာ” စူးယူဘေးမှ ကိုယ်ရံ တော်ပြောလိုက်သည်။

စူးယူသည် လှည့်ပြီး သူ့ကိုစိုက်ကြည့်ကာ ငေါက်ငမ်းလေသည် “ဒီလောက်လူအများကြီးက မင်းကိုကပ်နေတာ သူများကမလိုချင်ပါဘူးဆို မင်း ဆိုရင်ရော သက်တောင့်သက်သာဖြစ်မလား၊ သူမက ငါ့ကယ်တင်ရှင်ပဲ မင်း ဒီလိုထပ်ပြောမယ်ဆိုရင် ငရဲကိုပို့ပစ်မယ်”

“သခင်လေး ကျွန်တော် မှားပါပြီ”

ထိုကိုယ်ရံတော်သည် သူ သတ္တုတွင်းမှ ပြန်လာသည့်အချိန် မျိုးနွယ်မှ သူ့ ကိုပေးထားခြင်းဖြစ်သည်။ ထိုလူသည် သူနှင့် မရင်းနှီးပေ။

ရှီမာယူယူသည် သူမအနောက်မှ ပြောဆိုနေသံများကိုကြားသည်။ သို့သော် သူမ ဂရုမစိုက်ပေ။ သူမသည် ကံကောင်းလေးကို ပခုံးတွင် တွဲလွဲခိုခိုင်း ကာ ရွှေလေးကိုလက်ကောက်ဝတ်တွင် ပတ်ပြီး အန်းလေ၊ ရှောင်ချီတို့နှင့်အတူ သတ္တုရိုင်းများကို လှည့်ပတ်ကြည့်လေသည်။

အားလုံးသည် ဂဏန်းရေးထားသော သတ္တုရိုင်းနှင့်အတူရေးထားကြ သည်။ ထိုနံပါတ်များသည် သူတို့၏ ပြိုင်ပွဲဝင်ဂဏန်းများဖြစ်သည်။ အားလုံးမှာ ရောင်းရန်အတွက်ဖြစ်သည်။

တွေ့ဆုံပွဲသို့ တက်ရောက်သူများ အများစုမှာ သူတို့ကိုယ်ပိုင် ဝိညာဉ် ရှာဖွေသူသခင်များခေါ်လာကြသည်။ သတ္တုရိုင်းကိုမြင်သူများသည် ဈေးပေးပြီး ဝယ်နိုင်သည်။ သို့သော် အများစုမှာ ပစ္စည်းချင်းလဲလှယ်ကြသည်ကို သူမ သတိ ထားမိသည်။ သူတို့သည် ပိုက်ဆံမလိုချင်ကြပေ။

သူမ စဉ်းစားကြည့်ရာတွင်လည်း မှန်နေသည်။ သူတို့သာ ပိုက်ဆံလိုချင် ပါက သတ္တုရိုင်းများပြည့်နေသော တွေ့ဆုံပွဲကိုလုပ်မည်မဟုတ်ပေ။ ဆိုင်တွင် သာ ပိုက်ဆံဖြင့်ရောင်းမည်ဖြစ်သည်။

သူမ ဆိုင်အမျိုးမျိုးကိုလှည့်ပတ်ကြည့်ရာ ရှေးဟောင်းသတ္တုတွင်းမှ ယူ လာသော သတ္တုရိုင်းများကိုခင်းကျင်းထားသူ အများအပြားရှိသည်ကို တွေ့ လိုက်ရသည်။ ထိုမတော်တဆမှုမှ အသက်ရှင်ကျန်ရစ်သည့် ကံကောင်းသူ များ လိမ့်မည်ဟု သူမ ထင်မထားပေ။

တကယ်တော့ အခုသူမ ပြောမှပင် ထိုစဉ်က အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျေးဇူးတင်ရမလိုပင်။ ထိုရှုပ်ထွေးမှုကြောင့် အဝေးတစ်နေရာမှ လူများသည် သတ္တုတွင်းမှ ထွက်ပြေးကြသည်။ နှစ်တစ်ဝက်ကျော်ကြာအောင် နေလာခဲ့သူများ ထွက်လာနိုင်ကြကာ အသက်ရှင်သွားကြသည်။

သူမ လှည့်ပတ်ကြည့်သော်လည်း သူမ အာရုံကိုဆွဲစေလောက်သည့် သတ္တုရိုင်းကိုမတွေ့သဖြင့် ဟော်ကျန့်ကျန်း၏ ဆိုင်သို့ပြန်လာလိုက်သည်။ သူမ ပြန်လျှောက်လာချိန်တွင် ဟော်ကျန့်ကျန်းခေါ်လာသော လူတစ်ဝက်လောက် သည် ထွက်သွားသည်ကို သတိထားမိလိုက်သည်။

“ဦးလေးဟော် ဒီအချိန်အတွင်းကို ယန်းမျိုးနွယ်က သူတို့ကိုစုံစမ်းမခံဘူး လို့ခံစားနေရတယ်” ရှီမာယူယူသည် တိုးညင်းစွာပြောလိုက်သည်။

“သူတို့ကိုကြည့်ခိုင်းထားတယ် မဖြစ်နိုင်ရင် ပြန်လာလိမ့်မယ်” ဟော်ကျန့်ကျန်း ပြောလိုက်သည်။

ထိုကွင်းသည် ယန်းမျိုးနွယ်က အိမ်တစ်အိမ်နှင့် ဆက်ထားသည်။ သူတို့ သည် အားထုတ်လိုက်သည်နှင့် ဝင်နိုင်ကြမည်။ ထို့ကြောင့် သူတို့ကိုယန်း မျိုးနွယ်သို့ ဝင်ခိုင်းစေချင်သည်။

ရှီမာယူယူသည် ထိုသို့ပြုလုပ်ခြင်းသည် စွန့်စားရာကျသည်ဟု ထင်သည်။ သို့သော် ယန်းမျိုးနွယ်သည် လတ်တလောတွင် အလွန်ပိရိကြကာ ခိုင်မာသည့် သက်သေမရကြပေ။ ထို့ကြောင့် သူတို့ ထိုသို့လုပ်ရုံသာရှိတော့သည်။

“ဒီပြိုင်ပွဲက ဘယ်လိုဆုံးဖြတ်မှာလဲ” သူမသည် ပြိုင်ပွဲဝင်ရန်အစီအစဉ် မရှိသဖြင့် လိုအပ်သည့်အချက်များကို သိပင်မသိပေ။

“တကယ်တော့ ရိုးရှင်းပါတယ် အဲဒီစင်မြင့်လေးတွေကိုတွေ့လား” စူးလျိုနျန်သည် ဘေးတွင်ရှိနေသော စင်မြင့်များကိုညွှန်ပြလေသည်။ “တင်သွင်းထားတဲ့ သတ္တုရိုင်းတွေကို အမှတ်မှတ်ထားလိမ့်မယ်၊ သူတို့က မှတ် ထားတဲ့နံပါတ်အတိုင်း စင်မြင့်ပေါ်က သတ္တုရိုင်းတွေကိုဖွင့်မယ်၊ သူတို့ အဖိုးဖြတ်တဲ့အပေါ်မှာ မူတည်ပြီး တန်ဖိုးအကြီးဆုံးပစ္စည်းက အဆင့်ရလိမ့်မယ်”

“ဖွင့်တဲ့လုပ်ငန်းစဉ်က မကြာဘူးလား”

“တစ်ချိန်တည်းမှာ စွမ်းအားတွေသုံးကြမှာဆိုတော့ ရက်နည်းနည်းတော့ ကြာလိမ့်မယ်” ဟော်ကျန့်ကျန်းပြောလိုက်သည်။

“အိုး သတ္တုရိုင်းပေါ်လာရင် သွားကြည့်ကြတာပေါ့” ရှီမာယူယူသည် သတ္တုရိုင်းဖွင့်ရမည်ကို စိတ်ဝင်စားနေသည်။

ပါဝင်ထားသည့် ဂိုဏ်းများဝင်လာသည်နှင့် ပြိုင်ပွဲစတင်လေသည်။ စူးလျိုနျန်ပြောသလိုပင် ပြိုင်ပွဲဝင်များသည် စင်မြင့်ပေါ်တွင် ကျောက်များကို စတင်ဖွင့်လေသည်။

အောက်မှ စင်မြင့်ပေါ်ကို ကြည့်နေသူများလည်း များပြားလှသည်။ အများစုသည် မည်ကဲ့သို့ပစ္စည်းထွက်ပေါ်လာမည်ကို ကြည့်ရန် သတ္တုရိုင်းကို အာရုံစိုက်ထားကြသည်။

ပြိုင်ပွဲဝင်နိုင်လောက်သည့် သတ္တုရိုင်းများသည် အဆင့်မနိမ့်လှဟု ဆိုလို ကြသည်။ ထွက်လာကြသည့်ပစ္စည်းများမှ မဆိုးလှပေ။ ဝိညာဉ်လေး အထင် သေးသော်လည်း ရှီမာယူယူ လိုချင်‌ လောက်သည့်ပစ္စည်းများပင်ရှိသည်။

ရှီမာယူယူသည် ရှက်စရာဟု မထင်ပေ။ အကုန်လုံးက ရတနာကို ကြိုက် ကြတာပဲမလား ဟုတ်တယ်လေ။

စင်ပေါ်မှလူများ ကျောက်ဖွင့်ပြီးသည်နှင့် ပစ္စည်းများကိုယူကာ အဖိုးဖြတ် ရန်အတွက် တန်ဖိုးဖြတ်အဖွဲ့ဆီသို့ သွားလေသည်။ ထိုလူများသည် ကိုယ်ကျင့် တရားစောင့်နိုင်သူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် သေချာပေါက် သင့်တော်သည့် အခြေအနေတစ်ခုကို အကဲဖြတ်ပေးနိုင်သည်။ ဆုံးဖြတ်ချက်ချ သည်နှင့် သူတို့သည် ပစ္စည်းများယူဆင်းသွားကြသည်။

တစ်ယောက်ဆင်းသွားသည်နှင့် နောက်တစ်ယောက်တက်လာသည်။ စင်မြင့်ပေါ်တွင် တစ်ခါတည်းကျောက်ဖွင့်သူ ဝိညာဉ်ရှာဖွေသူသခင် အယောက် ငါးဆယ်ရှိသည်။

သူတို့သည် ရတနာများဖွင့်နေသဖြင့် အောက်မှလူများသည် ပျင်းရိခြင်း မရှိဘဲ ကွင်းထဲတွင်လည်း လူများဖြင့် ပြည့်ကြပ်နေသည်။

ရှီမာယူယူသည် အစပိုင်းတွင် စိတ်ဝင်စားသေးသသည်။ သို့သော် ရက် အနည်းငယ်ကြာသည်အထိ တန်ဖိုးကြီးရတနာများကို မြင်ရဖန်များလာ သောအခါ စိတ်ဝင်စားမှုလျော့လာသည်။ သို့သော် အန်းလေနှင့် ရှောင်ချီတို့ သည် တစ်ချိန်လုံး အာရုံစိုက်ထားကြကာ တစ်ခါတရံတွင်ရှီမာယူယူကို ရတနာ အကြောင်းပင် မေးလိုက်သေးသည်။

သည်လိုနှင့် ရှေးဟောင်းဝိညာဉ်ဆေးတချို့ ထွက်ပေါ်လာခဲ့သည်။ ဆေး အားလုံးသည် ပျောက်ကွယ်သွားသည့် အရာများပင်ဖြစ်သည်။

ဟော်ကျန့်ကျန်းသည် နောက်ကျမျ စာရင်းသွင်းထားသဖြင့် သူ ကျောက် ဖွင့်သည့်အချိန်မျာ ပြိုင်ပွဲ၏ နောက်ဆုံးရက်ရောက်နေပြီဖြစ်သည်။ ရက်ပေါင်း များစွာ ကြာသွားသော်လည်း ကွင်းထဲတွင် လူပြည့်နေတုန်းပင်။

ဟော်ကျန့်ကျန်းသည် ဝိညာဉ်ရှာဖွေသူသခင် ခေါ်လာသည်နှင့် ရှီမာယူယူ သည် အောက်တွင်ရပ်ပြီး စောင့်ကြည့်နေလိုက်သည်။ သူမသည် ကိုယ်တိုင် ကျောက်မဖွင့်ပေ။

ရလဒ်မှာထင်ထားသည့်အတိုင်းပင် ရှေးဟောင်းဆေးပင်သည် သတ္တုရိုင်း ထဲမှ ထွက်ပေါ်လာသည်။

“ဒါက သာမာန်ဝိညာဉ်ဆေးမဟုတ်ဘူး သူတော်စင်ဆေးပဲ” အကြီးအကဲ တစ်ယောက်သည် ဝိညာဉ်ဆေးကိုမြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်လေ သည်။

“ဒါသူတော်စင်ဆေးပဲ”

“တကယ်ကြီးလား ငါ့ဘဝမှာ သူတော်စင်ဆေးကို မြင်ရလိမ့်မယ်လို့ ထင်မထားဘူး”

“သူတော်စင်ဆေး ဒါကတကယ်ပဲ အံ့ဖွယ်ဆေးနဲ့တောင် နီးစပ်နေပြီ”

စင်အောက်မှလူများသည် ဆူဆူညံညံဖြစ်သွားကြကာ နိုးနိုးကြားကြား ဖြစ်သွားကြလေသည်။ ရှီမာယူယူသည် သူမ ပတ်ပတ်လည်မှ ပျော်ရွှင်နေသော အကြည့်များကိုမြင်သေအာခါ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

သူမသည် တွေ့ကရာသတ္တုရိုင်းကို ထုတ်လိုက်ခြင်းဖြစ်သည်။ ဘယ်လို လုပ် သူတော်စင်ဆေးဖြစ်နေတာလဲ။ အစပိုင်းပျော်ရွှင်နေပြီး အကြည့်ပြောင်း သွားကြသူများလည်းရှိသည်။ သူတို့သည် ထိုအရာကို အရယူရန်ကြံစည်နေ ခြင်း ဖြစ်မည်။

***

All Chapters