ပစ္စည်းကောင်းလွန်းရင် ပြစ်မှုပဲ
Vol. 111 Ch. 1542
သူတော်စင်ဆေးပေါ်လာသည်ကို မြင်သည်နှင့် ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့၏ မျက်နှာထားမှာ တည်တံ့သွားလေသည်။
ရှီမာယူယူ ပေးလိုက်သည့် သတ္တုရိုင်းမှာ ကောင်းလွန်းနေပြီး အံ့ဖွယ်ဆေး နှင့်နီးစပ်သည့် သူတော်စင်ဆေးထွက်လာမည်ဟု သူတို့ ထင်မထားကြပေ။ သူမသာ ပစ္စည်းကောင်းတစ်ခု ဖွင့်လိုက်နိုင်ပါက သူမအတွက် သေချာပေါက် ပျော်ပေးကြမည်ဖြစ်သည်။ သို့သော် ယခုကိစ္စသည် သူတို့အတွက် ပြဿနာသာ သယ်လာသည်။
ထိုပစ္စည်းသည် သူတို့နာမည်နှင့် စာရင်းသွင်းထားခြင်းဖြစ်သဖြင့် အများ ၏ အကြည့်များမှာ သူတို့ဆီသို့ကျရောက်လာမည်ကို စိုးရိမ်မိကြသည်။
“ဦဂလေးဟော် ပစ္စည်းကောင်းထွက်လာရင် လေလံတင်မယ်လို့ ပြော ထားတာမဟုတ်ဘူးလား၊ အခု သူတော်စင်ဆေးရလာပြီဆိုတော့ လေလံမတင် သေးဘူးလား”
သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်တွင် ဟော်ကျန့်ကျန်း သည် အံ့ဩသွားလေသည်။
သူတို့သည် ထိုကိစ္စကို တစ်ခါမှမပြောဖူးပေ။ အခု သူမက ဒီလိုပြောလိုက် တော့ တကယ်ပဲ ဒီသူတော်စင်ဆေးကို ရောင်းပစ်မလို့လား။
သူသည် သူနှင့်အတူ လူအတော်အသင့်ခေါ်လာသည်။ သို့သော် ထိုမျှ များပြားလှသော ဂိုဏ်းများ၏ အကြည့်အောက်မှ ထွက်သွားရန် အလွန်ခက်ခဲ လှသည်။ ပစ္စည်းကိုရောင်းလိုက်ခြင်းသည် လက်ရှိအခြေအနေအရ အကောင်း ဆုံးရွေးချယ်မှုဖြစ်ကာ သူတို့၏လုံခြုံရေးကို အာမခံနိုင်ပြီး ဟော်မျိုးနွယ်ကို တခြားအင်အားကြီးများ လုပ်ကြံခြင်းမှ ကာကွယ်နိုင်သည်။ ဒါပေမဲ့ ဒါက သူတော်စင်ဆေးလေ။ သူမ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။
သူမသည် ငယ်ရွယ်လွန်းသော်လည်း ရတနာ၏ ဖြာယောင်းမှုကိုခံနိုင် သည်။ ထိုစိတ်ထားသည် ရလာလရန် ခက်ခဲသည်။
သို့သော် သူမ သူတို့အပေါ်ထားရှိသည့်သဘောထားသည် သူနှင့် စူးလျိုနျန်တို့ကို ရင်ထဲထိသွားစေသည်။
ထိုသူတော်စင်ဆေးသည် ဟော်မျိုးနွယ်၏ နာမည်အောက်တွင် စာရင်း သွင်းထားသည်။ ယခုအခြေအနေပြီးသွားသည်နှင့် သူမဆီသို့ ပြန်ပေးမည်ဖြစ် သည်။ သည်လိုမှသာ သူမသည် သူတော်စင်ဆေးကိုရမည်ဖြစ်သည်။ သူမသည် သူတို့အတွက် သူတော်စင်ဆေးကိုရောင်းလိုက်သည်ဟု ပြော၍ပင်ရသည်။
သူသည် ရှီမာယူယူ၏ မျက်နှာလေးကိုကြည့်ကာ အလွန်ခံစားမိသွား သည်။ သူသည် သူမအားကြည့်ရင်းနှင့် မှိုင်တွေမိသည်။
သူထိုသို့ပြုမူသောအခါ သူတော်စင်ဆေးကို ရောင်းရန်တွန့်ဆုတ်နေပြီး ရှီမာယူယူ တိုက်တွန်းသောကြောင့် ဒေါသထွက်နေသည်ဟု ထင်ကြသည်။ သည်လိုနှင့် လူတစ်ယောက် အော်ပြောလေသည် “ခေါင်းဆောင်ဟော် ဒီကောင်မလေး ပြောတာအမှန်ပဲလား တကယ်ပဲ ဒီပစ္စည်းကိုရောင်းမှာလား”
သူ့လေသံမှာအလောကြီးနေကာ ဟော်ကျန့်ကျန်းမှ မရောင်းနိုင်ဟု ပြော မည်ကို ကြောက်နေသည်။
ဟော်ကျန့်ကျန်းသည် သတိပြန်ဝင်လာကာ ပြောလေသည် “အရင်က ပြောထားပါတယ်”
“ခေါင်းဆောင်ဟော် ဒီလိုအကြံရှိမှာတော့ ဘာလို့ကျုပ်ကိုမရောင်းရတာ လဲ”
“ခေါင်းဆောင်ဟော် ကျုပ်ကိုရောင်းပါ”
“ခေါင်းဆောင်ဟော် ဒီပစ္စည်းကို ဘယ်လိုရောင်းဖို့ စီစဉ်ထားတာလဲ”
“….”
ဟော်ကျန့်ကျန်းသည် ခေါင်းကိုက်သည်အထိ ဒုက္ခတွေ့နေကာ ဘေးမှ စူးလျိုနျန်ကို ပြုံးပြလိုက်သည်။ “သခင်ကြီး ဒါက သတ္တုရိုင်းတွေ့ဆုံပွဲလေ၊ တွေ့ဆုံပွဲပြီးမှပဲ ဒီပစ္စည်းရောင်းဖို့အကြောင်း ထပ်ပြောကြတာပေါ့”
သူတို့သည် သူတော်စင်ဆေးရောင်းမည်ဟု ပြောသဖြင့် ထိုလူများသည် လုယူရန် အစီအစဉ်မရှိတော့ပေ။
“ဦးလေးဟော် သူတော်စင်ဆေးကို ဒီလောက်လူအများကြီးက လိုချင်နေ မှတော့ ဘယ်သူ့ကိုရောင်းရောင်းမကောင်းဘူးထင်တယ်” ရှီမာယူယူ ပြော လိုက်သည်။
“အကြံရှိလို့လား” ထိုပစ္စည်းသည် သူမပစ္စည်းဖြစ်သဖြင့် သူမကို နောက်ဆုံး ဆုံးဖြတ်ချက်ချစေချင်သည်။
“လူတိုင်းက ဒီသူတော်စင်ဆေးကိုလိုချင်နေကြသလိုပဲ ဘယ်သူ့ကို ရောင်းရောင်း ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူးထင်တယ် ဟုတ်တယ်မလား၊ ဒီပစ္စည်းကို ရွှမ်းယွမ်ဆိုင်ကိုလက်လွှဲပေးပြီး လေလံတင်ခိုင်းလိုက်ပါလား ဒီ သူတော်စင်ဆေးကို ဘယ်သူပဲရရ မျှတတယ်လို့ပဲ တွေးကြမှာပဲလေ” ရှီမာယူယူ အကြံပေးလိုက်သည်။
ဟော်ကျန့်ကျန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို နည်းလမ်းသည် မဆိုးလှပေ။ ထိုပစ္စည်းကို မည်သည့်အင်အားကြီးကိုမှ ရန်မစ ဘဲရောင်းချရမည်။
“အင်း တွေ့ဆုံပွဲပြီးသွားတာနဲ့ သူတော်စင်ဆေးကို ပို့လိုက်တာပေါ့” သူ ခေါင်းညိတ်ပြီး ဘေးနားမှလူများကို အသိပေးလိုက်သည်။ သူတော်စင်ဆေးကို လိုချင်ရင် ကိုယ့်ဘာသာလေလံဆွဲကြပေါ့။
အရင်ကဆိုလျှင် ပေါ်လာသည့်ပစ္စည်းများကို လေလံဆွဲကြသည်မှာ ရှားပါးသည်။ သူတို့ဘာသာ သိမ်းကြသည်က များသည်။ လေလံမတင်ကြပေ။ ထို့ကြောင့်ပင် ပစ္စည်းကောင်းပေါ်လာသည်နှင့် လေလံတင်ရန်အတွက် မည်သူ မှမစဉ်းစားမိကြပေ။
နောက်ထပ် အကြောင်းအရင်းတစ်ခုရှိသေးသည်။ ပုံမှန်ပေါ်လာသည့် ပစ္စည်းများသည် တစ်ခု နှစ်ခုလောက်ပင်ဖြစ်သည်။ ပစ္စည်းနည်းပါက လေလံပွဲ သည် အလုပ်ရှုပ်ခံပြီး လေလံတင်မပေးပေ။
သည်တစ်ကြိမ်တွင် ရှီမာယူယူဦးဆောင်မှုနှင့်အတူ အများစုမှာ ပစ္စည်း များကို လေလံတင်ကြလေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတော်စင်ဆေး တစ်ခုတည်းနှင့်ပင် လေလံပွဲကျင်းပရန် ထိုက်တန်သည်။ ရှီမာယူယူတွင် အရင် က လောင်မန်ကျွင်းပေးခဲ့သည့် ကျောက်စိမ်းပြားရှိသေးသည်။
သူတို့သည် ရွှမ်ယွမ်ဆိုင်ကို ပစ္စည်းလက်လွှဲပေးမည်ဟု အားလုံးကြား လိုက်သောအခါ မဲဆွယ်မှုများ ရပ်သွားလေသည်။ လေလံပွဲသည် သေချာပေါက် ဈေးကောင်းရနိုင်သည်။ ယခုနေရာတွင် မရောင်းသည်မှာ သဘာဝပင်။
ထို့အပြင် သူတို့သည် အချိန်ယူပြီး သူတော်စင်ဆေးကို ရနိုင်သည့် အခွင့်အရေးများသွားသည်။
သူတို့ရှေ့မှလူများ ပစ္စည်းကောင်းဖွင့်ထားသောလူများ ထိုအကြောင်း ကြားလိုက်ချိန်တွင်လည်း အကြံတူနေကြသည်။ သူတို့သာ ရွှမ်ယွမ်ဆိုင်တွင် ရောင်းမည်ဆိုလျှင် ယခုလောရန်မလိုပေ။
ပစ္စည်းတန်ဖိုးသည် သူတို့အင်အားနှင့် မညီမျှပါကလည်း ရလိုက်လျှင် တောင် ထိုနေရာမှ ထွက်သွားနိုင်မည်မဟုတ်ပေ။
သို့သော် အင်အားရှိသောမျိုးနွယ်များသည် သူတို့ကြိုက်သည့် ရတနာများ ရမည်မဟုတ်ပေ။ အခုလေလံတင်မည်ဟု ကြားသောအခါ သူတို့ကြိုက်သည့် ပစ္စည်းများရနိုင်သည်။
သည်လိုနှင့် လူအများသည် အကြံတူနေကြသည်။
နောက်ဆုံးလူ သတ္တုရိုင်းဖွင့်ပြီးသည်နှင့် ပွဲစီစဉ်သူသည် စင်မြင့်ဆီသို့လာ ကာ အားလုံးကိုလက်အုပ်ချီပြီး ပြောလိုက်သည် “ရလဒ်တွေကို မှတ်ထားပြီးပါ ပြီ၊ ဒါပေမဲ့ အရေအတွက်များတဲ့အတွက် ကဏ္ဍမျိုးစုကနေ အကဲဖြတ်ခဲ့ပါတယ် အဲဒါကြောင့် ရလဒ်ကို နောက်နှစ်ရက်နေမှပဲ ကြေညာပါမယ် မနက်ဖြန်ကျရင် ကျုပ်တို့ ခေါင်းဆောင်က တွေ့ဆုံပွဲတစ်ခုကျင်းပါပါမယ် အားလုံးတက်ရောက် ကြဖို့မျှော်လင့်ပါတယ်”
တွေ့ဆုံပွဲမှာ အပြီးသတ်သွားပြီး ကွင်းထဲမှလူများအားလုံး တဖြည်းဖြည်း ကျဲသွားကြသည်။ သို့သော် အများစုမှာ ရွှမ်ယွမ်ဆိုင်သို့ တိုက်ရိုက်သွားကြ သည်။
ရှီမာယူယူနှင့် တခြားသူများ ရွှမ်ယွမ်ဆိုင်သို့ရောက်သည်နှင့် လူအများ သည် ပစ္စည်းများကိုရွှမ်ယွမ်ဆိုင်သို့ ပေးပြီးဖြစ်လေသည်။
ရွှမ်ယွမ်ဆိုင်မှလူများသည် သတင်းရထားသည်မှာကြာပြီဖြစ်သဖြင့် လူ များကို မြင်လိုက်ရသောအခါ မအံ့ဩတော့ပေ။ သို့သော် သူတို့သည် ပျော်ရွှင် ကြသည်။ သူတို့တံခါးရှေ့ကို ပိုက်ဆံရောက်လာတာပဲလေ။
ဆိုင်တာဝန်ခံသည် ရှီမာယူယူနှင့် တခြားသူများ ဝင်လာသည်ကိုမြင် သောအခါ ပြုံးပြီး ကြိုဆိုလေသည်။ သူ မေးလိုက်သည် “ဧည့်သည်တော်တို့ တစ်ခုခုများ ဝယ်ချင်လို့လား”
ရှီမာယူယူသည် ခေါင်းယမ်းသည်နှင့် ဆိုင်တာဝန်ခံသည် ချက်ချင်းပင် တုံ့ပြန်ပြီး မေးလေသည် “ဧည့်သည် လေလံတင်ဖို့လာတာလား”
ရှီမာယူယူသည် နာမည်ပြားထုတ်ပြီး စီမံသူနှင့်တွေ့လိုသည်ဟု ပြော လိုက်သည်။
အုပ်ချုပ်သူသည် ကျောက်စိမ်းပြားကိုမြင်သည်နှင့် ပို၍ပင် လေးစားသမှု ရှိလေသည်။ ထိုကျောက်စိမ်းနာမည်ပြားသည် ရှီမာယူယူ၏ သက်သေခံဖြစ် သဖြင့် သူမ၏ သရုပ်မှန်ကို အလိုလိုပင် နားလည်သွားကြသည်။
“သခင်မလေးယူယူ အုပ်ချုပ်သူကအနောက်မှာရှိပါတယ် ကျွန်တော့် နောက်လိုက်ခဲ့ပါ” သူသည် အုပ်ချုပ်သူဆီသို့ တိုက်ရိုက်ပင် ခေါ်သွားလေသည်။
ရှီမာယူယူလာသည်ဟု အုပ်ချုပ်သူကြားသည်နှင့် ချက်ချင်းပင် သူမကို ကြိုဆိုလေသည်။ သူတော်စင်ဆေးသည် သူမ၏ ပစ္စည်းဟုကြားသည်နှင့် သူ အလွန်ပင် အံ့ဩသွားလေသည်။
“သခင်မလေးယူယူ သူတော်စင်ဆေးကို တကယ်ပဲ လေလံတင်မှာလား” သူသည် ရှီမာယူယူကို အံ့ဩစရာကောင်းသည်ဟု တွေးထားသည်။ ဒီလို တန်ဖိုး ကြီးပစ္စည်းကို ဘယ်လိုများရောင်းနိုင်ရတာလဲ။ သို့သော် သူသတိပြန်ဝင်လာ သည်။ ဒီဆေးကို သူမ ယူထားရင် သေချာပေါက် အန္တရာယ်ယူလာမှာပဲ “သခင် မလေးယူယူ ဒီသူတော်စင်ဆေးရဲ့ လုံခြုံရေးကိုစိတ်ပူရင် သခင်မလေး အိမ်တော်ကို ပို့ဖို့ကူညီပေးပါမယ်”
ရွှမ်ယွမ်ဆိုင်မှ ပို့ပေးပါက ထိုပစ္စည်းသည် ရှီမာမျိုးနွယ်သို့ ဘေးကင်းကင်း ဖြင့် သေချာပေါက်ရောက်သွားမည်။
“မလိုပါဘူး ဒါကိုလေလံတင်မယ်လို့ပြောထားမှတော့ လေလံပဲတင်ပါ မယ်” ရှီမာယူယူသည် သူတော်စင်ဆေးများကို သိပ်မကြိုက်လှပေ။ သူမသည် အားလုံးရှေ့တွင် ဖွင့်လိုက်မိသောကြောင့်ဖြစ်သည်။ အခုချိန်တွင် အလွန် ပေါ်လွင်နေလေပြီ။ သူမအိမ်သို့ သူတို့ပို့ပေးလျှင်တောင် မျိုးနွယ်အတွက် အန္တရာယ်ယူလာနိုင်သည်။
ရှီမာယူယူ ခေါင်းမာနေသည်ကို အုပ်ချုပ်သူမြင်သောအခါ အတင်းမပြော တော့ပေ။ ရွှမ်ယွမ်ဆိုင်တိုင်းတွင် သူတို့ဝေစုသူတို့ ရကြသည်။ သူသာ သူတော်စင်ဆေးကိုရောင်းလိုက်ပါက သည်တစ်ခေါက် စစ်ဆေးမှုတွင် သေချာပေါက် အောင်မည်ဖြစ်သည်။
“ကျွန်တော်တို့ သခင်မလေးကျေနပ်လောက်မယ့် ဈေးရအောင် သေချာပေါက် ရောင်းပေးပါမယ်”
“ဒါဆိုလည်း ရှင်တို့ကိုပဲ ဒုက္ခရတော့မှာပဲ” ရှီမာယူယူသည် ပွဲတွင်နေ မည်မဟုတ်ပေ။
ရှီမာယူယူနှင့်အတူ တခြားသူများပါ ရတနာများကို ရွှမ်ယွမ်ဆိုင်သို့ပို့ လိုက်သည်ကို သိကြသောအခါ ယန်းဝေသည် ဒေါသထွက်လွန်းသဖြင့် လက်ထဲ မှ ခွက်ပင် ကြေမွသွားလေသည်။
***