အကုန်သေကုန်ပြီ
Vol. 111 Ch. 1543
အစည်းအဝေးခန်းမမှာ တိတ်ဆိတ်နေသည်။
“အဲဒီရှီမာယူယူတော့” ယန်းဝေ နားထင်တွင် သွေးကြောများ ပေါက် ထွက်မတတ် အံကြိတ်ပြီးကျိန်ဆဲနေသည်မှာ သူ မည်မျှဒေါသထွက်နေသည်ကို ပြသနေသည်။
“သူမသာ သူတော်စင်ဆေးကို ရွှမ်ယွမ်ဆိုင်ကိုပို့မယ်လို့ ဟော်ကျန့်ကျန်း ကို အကြံမပေးရင် ဘယ်သူမှ သူမလိုလိုက်လုပ်မှာမဟုတ်ဘူး၊ စောစောကသိ ရင် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သူမကို အပြတ်ရှင်းခဲ့ပါတယ်” အကြီးအကဲ ပြောလေသည်။
“အခုမှ ပြောလည်း အသုံးမဝင်တော့ဘူး၊ ခေါင်းဆောင် ဒီကိစ္စတွေကို ရှင်းဖို့နည်းလမ်းရှာသင့်ပြီ” တခြားအကြီးအကဲတစ်ယောက်သည် ပို၍ ဆင်ခြင် တုံတရားရှိသည်။
“ကျုပ်တို့ ရွှမ်ယွမ်ဆိုင်နဲ့ သွားပြီးဆန့်ကျင်လို့မရဘူး၊ အခုတော့ အဲဒါကို လေလံဆွဲရတော့မှာပဲ သူတော်စင်ဆေးက ဘယ်လောက်ပဲ ဈေးကြီးကြီး ရမှ ဖြစ်မယ်” ယန်းဝေသည် သုံးရမည့်ပမာဏကိုတွေးလိုက်ရုံနှင့်တင် ရင်နာမိ သည်။
ကံကောင်းစွာပင် သူတို့တွင် အထက်မှ အထောက်အပံ့အနည်းငယ်ရှိနေ သည်။ သူတို့၏ လက်ရှိကြွယ်ဝမှုနှင့်ဆိုလျှင် ရနိုင်မည်မဟုတ်ပေ။
“ခေါင်းဆောင် ကျုပ်တို့ရသွားတာသိရင် မလိုအပ်တဲ့ပြဿနာတွေဖြစ် လာနိုင်လို့ လူခွဲထားတာကောင်းမယ်”
“အင်း အဖွဲ့တွေခွဲထားရမယ် တစ်ဖွဲ့က သူတော်စင်ဆေးရဖို့ တာဝန်ယူရ မယ်၊ ရွှမ်ယွင်ဆိုင်က နောက်နှစ်ရက်ကြာရင် ဝယ်သူစာရင်းယူလာလိမ့်မယ် အဲအချိန်ကျမှ အသေးစိတ်အစီအစဉ်ကို ဆွဲရမယ် ဒါတွေအကုန်ပြီးရင် ရှီမာယူယူကို သတ်ရမယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
သူမသည် ယန်းမျိုးနွယ်၏ နာမည်ပျက်စာရင်းထဲရောက်သွားသည်ကို ရှီမာယူယူ သိပင်မသိပေ။ သိလျှင်လည်း စိတ်ထဲထားမည်မဟုတ်ပေ။ သူမ သည် ယန်းရှီနှင့်တွေ့ကတည်းကပင် ဆက်ဆံရေးမကောင်းခဲ့ကြပေ။
ရွှမ်ယွမ်ဆိုင်၏ တာဝန်ခံသည် ဝိညာဉ်ဆေးကို ဂရုတစိုက် သိမ်းထား သည်။ ရှီမာယူယူကဲ့သို့ပင် သူတို့သည် သူတို့၏ကိုယ်ပိုင်လျှို့ဝှက်အခန်းသို့ပို့ လိုက်ပြီး ပြောလေသည် “သခင်မလေးယူယူ လေလံပွဲကို နောက်နှစ်တစ်ဝက် နေရင်လုပ်ဖို့ ရည်ရွယ်ထားပါတယ် အဲဒါကိုဘယ်လိုထင်ပါသလဲ”
“အဲလောက် ကြာအောင် စောင့်မလို့လား”
“သူတော်စင်ဆေးကို လူများများပိုသိလာမယ်ဆိုရင် လေလံတင်တဲ့အချိန် ကျရင် လူအများကြီးလာကြမှာမို့လို့ ဈေးကောင်းပိုရနိုင်တယ်” တာဝန်ခံသည် ရှီမာယူယူအတွက် တွေးပေးသည်။
“အဲလောက်ကြာရင် ပြဿနာမဖြစ်လောက်ပါဘူးနော်” ရှီမာယူယူသည် စိုးရိမ်နေသည်။
တာဝန်ခံသည် ရွှမ်ယွမ်ဆိုင်ကို သံသယဝင်သူရှိလျှင် လျစ်လျူရှုမိလိမ့် မည်။ သို့သော် ရှီမာယူယူဖြစ်နေသဖြင့် ထိုသို့မလုပ်ရဲပေ။
“မစိုးရိမ်ပါနဲ့ ရွှမ်ယွမ်ဆိုင်မှာပဲ လုံလုံခြုံခြုံရှိပါတယ်၊ အဲဒီလျှို့ဝှက်အခန်း ကိုဘယ်သူမှ မဖောက်နိုင်ပါဘူး၊ စံတင်အဆင့်အထက်ဆိုရင်တောင် မဖြစ်နိုင်ပါ ဘူး ကျွန်တာ်တို့ရဲ့ အားကောင်းတဲ့အဖွဲ့ဝင်တွေ စောင့်ကြည့်နေတာကိုတော့ ပြောဖို့လိုမယ်မထင်တော့ပါဘူး” တာဝန်ခံပြောလေသည်။
သူ ဆိုလိုသည်မှာ ကမ္ဘာဦးနယ်မြေတွင် မည်သူမှ လုပ်ရဲမှာမဟုတ်ပေ။
ရွှမ်ယွမ်ဆိုင်နှင့် ဖန်မျိုးနွယ်တို့၏ ပတ်သတ်မှုကို သိထားကာ ဖန်ရူယန် ကိုစဉ်းစားလိုက်သည်နှင့် ရွှမ်ယွမ်ဆိုင်ကို မည်သူမှ မထိရဲသည်ကို ရှီမာယူယူ ယုံထားသည်။
“ဒါဆိုရင် နောက်နှစ်တစ်ဝက်ကြာရင် ဆုံးဖြတ်ကြတာပေါ့၊ နောက်နှစ် တစ်ဝက်နေရင် ပြန်လာပါမယ်” ပိုက်ဆံရှာနိုင်သရွေ့တော့ အချိန်စောင့်လိုက်ရ သည်က ပြဿနာမဟုတ်တော့ပေ။
“နောက်နှစ်ရက်နေရင် လေလံစာရင်းပို့လိုက်ပါမယ်၊ သခင်မလေး စိတ်ဝင်စားတာရှိရင် ကြည့်ဖို့ကူညီပေးပါမယ်”
“ဒါဆိုရင် ရှင့်ကိုပဲ အပ်ထားလိုက်ပြီ” ရှီမာယူယူသည် သူမနေသည့် တည်းခိုဆောင်ကို အသိပေးပြီး ဟော်ကျန့်ကျန်းနှင့်ထွက်သွားလေသည်။
သူတို့ ပြန်လာသည့်လမ်းတွင် စူးလျိုနျန်သည် တစ်ခဏမျှ ပျင်းရိနေ သော်လည်း သူမ၏ စပ်စုချင်စိတ်မှာ အနိုင်ရသွားသည်။
“ယူယူ သမီးက ရွှမ်ယွမ်ဆိုင်ရဲ့ အဖွဲ့ဝင်ပဲလား”
ရှီမာယူယူ ခေါင်းယမ်းလိုက်သည် “ကျွန်မက အရေးကြီးတဲ့လူတစ် ယောက်ကို ဆေးကုပေးခဲ့လို့ သူတို့က ဒီတံဆိပ်ပြားပေးထားတာပါ၊ အဲဒါက အသုံးဝင်တယ် တာဝန်ခံတွေက ကျွန်မဘယ်သွားသွား တလေးတစားရှိကြ တယ်”
“ရွှမ်ယွမ်ဆိုင်ရှိတဲ့နေရာ ဘယ်နေရာကိုသွားသွား သမီးကတော့ ဘေးကင်းမှာပါ၊ ပြီးတော့ သူတို့က သမီးအတွက်စီစဉ်ထားတာဆိုတော့ သူတော်စင်ဆေးက သေချာပေါက် ဈေးမြင့်မြင့်ရမှာပါ” စူးလျိုနျန် ဆက်ပြော လေသည် “နှမြောစရာကောင်းတာက အဲဒါကို ကိုယ်တွေအတွက်သုံးနိုင်ရင် ကောင်းမှာပဲ”
“ပြောရမယ်ဆိုရင် ငါတို့ကို အပြစ်တင်ရမှာပါ၊ ငါတို့သာ အဲဒီသတ္တုရိုင်းကို မငှားရင် မင်းက သူတော်စင်ဆေးကိုရမှာပဲ” ဟော်ကျန့်ကျန်းသည် နောင်တရ စွာဖြင့်ပြောလေသည်။
ထိုသူတော်စင်ဆေးသည် မြင့်မားလှသော ပမာဏဖြင့် လေလံတင်ထား သော်လည်း ထိုရှေးဟောင်းသူတော်စင်ဆေးသည် ပိုက်ဆံဖြင့်ဝယ်နိုင်သည့် အရာမဟုတ်ပေ။
“ကျွန်မက ပိုက်ဆံကြိုက်တယ် အဲဒါကပိုအသုံးဝင်တဲ့ ပစ္စည်းတွေကို ဝယ် လို့ရတယ်” ရှီမာယူယူသည် သူမတွင် တခြားသူတော်စင်ဆေးများရှိသဖြင့် မထူးခြားသလိုခံ့စားရသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စေတီ၏ သိုလှောင် ခန်းတွင် သူတော်စင်ဆေး သုံးမျိုးရှိသေးသည်။ သူမ ထိုအရာများကို ပြီးခဲ့သည့် နှစ်ပိုင်းက ဖွင့်ထုတ်ရထားခြင်းဖြစ်သည်။
ပြီးနောက် ရွှေလေးသည် ရှေးဟောင်းရတနာမုဆိုးဖြစ်သည်။ ရှီမာယူယူ ရထားသော သတ္တုရိုင်းများတွင် ဗလာဖြစ်သည့် ကျောက်မရှိပေ။ တစ်ခုတွင် ပစ္စည်းတစ်ခုတော့ ပါစမြဲပင်။
သူမသည် ပထမဆုံးအကြိမ် သူတော်စင်ဆေးရရှိသည့်နေ့က တစ်နေကုန် ပျော်နေခဲ့သည်။ ဒုတိယအကြိမ်တွင် တည်ငြိမ်လာသည်။ တတိယအကြိမ် သူတော်စင်ဆေးတွေ့ရှိခဲ့စဉ်က မအံ့ဩတော့ပေ။
သူမ ကြည့်လိုက်ရာ သည်တစ်ခေါက်ရလာသော သူတော်စင်ဆေး၏ လက္ခဏာမှာ ဝိညာဉ်စေတီအတွင်းတွင်ရှိသည့် ဆေးပင်များလောက် မကောင်း သဖြင့် နှမြောခြင်းမဖြစ်ပေ။
သူမ သူတော်စင်ဆေးကို တွေ့ပြီး တုံ့ဆိုင်းမှုမရှိ လေလံတင်လိုက်သည်ကို ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့မြင်သောအခါ သူမကို စိတ်ခိုင်လှသည်ဟု ထင်ကြသည်။
ရှီမာယူယူသည် သူတို့အတွေးကို မှန်းမိသော်လည်း ဘာမှမပြောလိုက် ပေ။ သူမတွင် သူတော်စင်ဆေးများရှိနေသဖြင့် စိတ်ထဲမထားဟု သူတို့ကို ပြော သင့်သလား။
သူတို့ ရွှမ်ယွမ်ဆိုင်မှ ထွက်လာသည်ကိုမြင်သည်နှင့် အားလုံးသည် သူတော်စင်ဆေးကို လေလံတင်လိုက်သည်ကို သိကြသဖြင့် သူတို့နောက် မလိုက်ကြတော့ပေ။
သူတို့သုံးယောက် တည်းခိုဆောင်သို့ပြန်ရောက်သောအခါ ဟော်ကျန့်ကျန်း ပထမဆုံးမြင်လိုက်ရသည်မှာ သွေးများရွှဲနေသော လူတစ် ယောက်ကိုဖြစ်သည်။ ရှီမာယူယူသည် သူမအခန်းသို့ ပြန်မည်အလုပ်တွင် သွေးနံ့ရသဖြင့် ကြည့်လိုက်သည်။
“သခင် ကျွန်တော်တို့ ချောင်းအတိုက်ခံရတယ် သွားတဲ့လူအကုန်လုံး သေသွားကြပြီ” ထိုလူသည် ပြောပြီးသည်နှင့် မေ့လဲသွားလေသည်။
ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့၏ မျက်နှာမှာ နီရဲသွားသည်။ သူတို့ လွှတ်လိုက်သော လက်ရွေးစင်ထဲမှ လက်ရွေးစင်များသည် သေသွားကြလေပြီ။
“ယန်းမျိုးနွယ်က သူတို့ဆီကို လာမယ်ဆိုတာကိုမှန်းမိလို့ ကြိုပြီး ချောင်း တိုက်ဖို့ စီစဉ်ထားတာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည်။
ဟော်ကျန့်ကျန်းသည် သူ့ကိုဆေးတစ်လုံးတိုက်လိုက်သည်။ သူလည်း ထိုသို့တွေးသည်။
“ခေါင်းဆောင် သူ့ကိုအရင်ဖွက်ထားရမယ်၊ ယန်းမျိုးနွယ် ဒီကိုရောက်လာ ရင် ပြဿနာတက်လိမ့်မယ်” စူးလျိုနျန် သတိပေးလိုက်သည်။
“အင်း” ဟော်ကျန့်ကျန်းသည် ပုလဲလုံးထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့် လိုက်သည်နှင့် အိမ်ထဲတွင် လောကအသေး တံခါးပေါက်ပေါ်လာသည်။
သူသည် ကိုယ်ရံတော်ကို သယ်ပြီး သွားထားကာ အမြန်ပင် ထွက်လာ သည်။
သူ့တွင် လောကအသေးရှိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ အဲဒါ ကြောင့် တွေ့ဆုံပွဲကိုသွားတဲ့လူတွေကို မတွေ့မိတာ ထူးဆန်းတယ်လို့ ခံစားမိ တာကိုး။ သူတို့ဘာသာလာခဲ့သည်ဟု သူမ ထင်ခဲ့သည်။ အခုမှပင် တစ်လမ်းလုံး လောကအသေးထဲတွင် ထည့်ခဲ့သည်ကို သိလိုက်ရသည်။
သတင်းစုံစမ်းသွားသူများတွင် ပြန်လာသူမရှိပေ။ ဟော်ကျန့်ကျန်းခန္ဓာ ကိုယ်မှ ရောင်ဝါသည် အနည်းငယ်နိမ့်သွားသည်။
“ခေါင်းဆောင် မနက်ဖြန်ပွဲကိုသွားမှာလား” သူတို့လူများအသတ်ခံခဲ့ရ သည်။ မနက်ဖြန် ယန်းအိမ်တော်ပွဲသို့ တက်ရောက်ပြီးလျှင် အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလားဆိုသည်ကို မည်သူမှမသိနိုင်ပေ။
“သွားမယ် သွားကိုသွားရမှာပေါ့ ယန်းအိမ်တော်ကိုဝင်ရမယ့် ဒီလောက် ကောင်းတဲ့အခွင့်အရေးကို ဘယ်အလွတ်ခံမလဲ” ဟော်ကျန့်ကျန်းနှာမှုတ် လေ သည်။ “ဒါပေမဲ့ ယူယူ မင်းမသွားတာကောင်းမယ် ယန်းမျိုးနွယ်က သတ္တုရိုင်း တွေ့ဆုံပွဲကိစ္စကို တေးထားမှာသေချာတယ်”
ရှီမာယူယူ ခေါင်းယမ်းလိုက်သည် “ကျွန်မ တည်းခိုဆောင်မှာနေခဲ့ရင် လည်း သူတို့ခွင့်လွှတ်မှာမဟုတ်ဘူး၊ ယန်းမျိုးနွယ်က တကယ်ပဲ ဦးလေးတို့ နောက်လိုက်မယ်ဆိုရင် ကျွန်မလည်းအတူသွားမယ်၊ အဲလိုမှ ပိုလုံခြုံလိမ့်မယ်”
ဟော်ကျန့်ကျန်းလည်း ထိုသို့တွေးမိသဖြင့် သူမကိုခေါ်သွားရန် သဘော တူလိုက်သည်။
***