← Chapters

နောက်မှလိုက်ခြင်း

Vol. 111 Ch. 1544

နောက်မှလိုက်ခြင်း

Vol. 111 Ch. 1544

တချို့လူများသည် အခမ်းအနားပွဲကို မတက်ရောက်လိုသော်လည်း အများစုမှာ ယန်းမျိုးနွယ်ကြောင့် တက်ရောက်ကြသည်။

ရှီမာယူယူသည် ကျောက်စိမ်းရောင် အဝတ်စားဝတ်ဆင်ထားပြီး နားဆွဲ များနှင့်အရောင်တူသည့် ဆံညှပ်များကို ဆံနွယ်များတွင် တွယ်ချိတ်ထားသည်။ သူမသည် ရိုးရှင်စွာ ဝတ်ဆင်ထားသော်လည်း တခြားသူများကို သက်တောင့် သက်သာဖြစ်စေသည်။

သူမသည် ပွဲ၏ထောင့်တွင် တိတ်ဆိတ်စွာထိုင်ကာ လက်တွင် ဝိုင်ခွက် ကိုင်ထားပြီး ပွဲတက်ရောက်သည့်လူများကို တိုးတိတ်စွာ စောင့်ကြည့်နေသည်။

“ကျွန်တော် ထိုင်လို့ရမလား”

ရှီမာယူယူ ကြည့်လိုက်ရာ စူးယူ၏ ပြုံးနေသော မျက်နှာကိုတွေ့ရလေ သည်။

“သဘောရှိပါ” သူမသည် ပခုံးတွန့်လိုက်သည်။ ထိုနေရာသည် သူမ ပိုင်နက်မဟုတ်ပေ။

စူးယူသည် ဝိုင်ခွက်ကိုင်ထားရင်း သူမဘေးတွင် ဝင်ထိုင်ကာ ပြောလိုက် သည် “ခုနက အဲလူတွေကို မင်းကြည့်နေတာ မြင်တယ် ဘာတွေအဲလောက် ကြည့်နေတာလဲ”

“ဒီအတိုင်းစဉ်းစားနေတာပါ ယန်းမျိုးနွယ်က သတ္တုရိုင်းတွေ့ဆုံပွဲကို ဘာလို့ ဒီလောက်တောင် အကုန်ခံတာလဲလို့” ရှီမာယူယူ ဆက်ပြောလေသည် “ပိုက်ဆံတွေ သုံးတာက သူတို့အတွက် ဘာအမြတ်ရှိလို့လဲ”

“သူတို့က ရှေးဟောင်းပစ္စည်းတွေကြောင့် လုပ်တာဖြစ်မယ်” စူးယူ ပြော လိုက်သည်။

“အိုး ဘာလို့အဲလိုထင်တာလဲ” ရှီမာယူယူသည် ခေါင်းလှည့်ပြီး သူ့ကို ကြည့်လိုက်သည်။

“ကျွန်တော် သိသလောက်ဆိုရင် ယန်းမျိုးနွယ်က မနေ့က တွေ့ဆုံပွဲအပြီး အခမ်းအနားပွဲမစခင်တုန်းက အင်အားစုတချို့ကိုရှာနေတာပဲ” စူးယူဆက်ပြော လေသည် “သူတို့က တစ်ခုခုထူးခြားတာတော့ရှိရမယ်”

“သူတို့ဖွင့်ခဲ့တဲ့ သတ္တုရိုင်းတွေက ရှေးဟောင်းသတ္တုရိုင်းတွေပဲလား”

“အဲဒါတင်မဟုတ်ဘူး အဲဒီအင်အားစုတွေ ဖွင့်လိုက်တော့ ရှေးဟောင်း သူတော်စင်ဆေးရကြတယ် အဲဒါကြောင့် မင်းသာ သူတော်စင်ဆေးကို ရွှမ်ယွမ် ဆိုင်ကိုသာ လေလံတင်ဖို့မပေးလိုက်ရင် သူတို့က မင်းကိုလာရှာကြမှာပဲ”

“သူတို့လည်းရကြတာလား”

“တချို့အင်အားစုတွေက သူတို့ဖိအားကို ခံနိုင်လောက်အောင် မသန်မာ ကြဘူး၊ ဒါပေမဲ့ တချို့ကတော့ ကံမကောင်းကြဘူး… သူတို့က မင်းလောက် လွှမ်းမိုးမှုမရှိကြတော့ သူတော်စင်ဆေးကို ဒီအတိုင်းပေးလိုက်ရတာပဲ အဲတော့ သူတို့သိမ်းပြီးတော့ ယန်းမျိုးနွယ်ကိုရောက်သွားတာပဲ”

ရှီမာယူယူသည် သူ့စကားများမှ ထေ့ငေါ့မှုကို ခံစားရသဖြင့် ရယ်မော လိုက်သည် “အဲလိုဟာမျိုးကို ကျွန်မကဘာလို့ ကာကွယ်နေမှာလဲ အဲအစား ဒုက္ခပါရောက်သွားမယ်”

“ဒါပေမဲ့ လူတိုင်းက မင်းလောက် သဘောထားကြီးတာမဟုတ်ဘူးလေ” သူသာဆိုလျှင် အလွယ်တကူပေးလိုက်နိုင်မည်မဟုတ်သဖြင့် စူးယူသည် သူမကို လေးစားမိသည်။

ရှီမာယူယူသည် ပြန်မဖြေဘဲ ပြုံးလိုက်သည်။

“မင်းကတော့ သေချာပေါက် ပထမဆုံးဖြစ်မှာပဲ အဲဒီရှေး‌ဟောင်း ဝိညာဉ် သားရဲလေးက သူများတွေရဲ့အာရုံကို ဆွဲဆောင်သွားမှာ ကြောက်မိပါတယ်” စူးယူ သတိပေးလိုက်သည်။

“ဦးလေးဟော်ရှိနေတော့ သူတို့ကျွန်မကိုလာရှာမှာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

သူ့တွင် လောကအသေးရှိသည်ကို သိပြီးနောက် ဟော်မျိုးနွယ်၏ စွမ်းအားကို သူမ လျော့မတွက်တော့ပေ။ သူတို့ ကျောက်ရုပ်ထုကို လိုချင်လျှင် ပြဿနာမဟုတ်ပေ။ သူတို့သာ လုယူရန်ကြိုးစားပါက မည်သူမှ အသက်ရှင် လျက်ပြန်နိုင်မည်မဟုတ်ပေ။

“ဦးလေးဟော် ပြန်မလာရင် ယန်းမျိုးနွယ်က မင်းကိုဖမ်းသွားမှာကို မစိုးရိမ်ဘူးလား” ရှီမာယူယူ နှုတ်ဆိတ်သွားသောအခါ စူးယူ မေးလိုက်သည်။

ရှီမာယူယူသည် မျက်မှောင် အသာကြုတ်လိုက်သည်။ စူးယူသည် စကား ပြောရမည့် အကြောင်းအရာရှာနေသည်ဟု ခံစားမိသည်။ သူက သူမနဲ့ နီးစပ်ဖို့ ကြိုးစားနေတာလား။

“အဒေါ်ဟော်က ရှင့်ရဲ့အဒေါ်ပဲလေ ဘာကိုစိုးရိမ်ရမှာလဲ” သူမသည် အမေးဖြင့် ပြန်ဖြေလိုက်သည်။

စူးယူသည် သူမ အဝေးသို့ကြည့်နေသည်ကို ကြည့်ပြီး မတတ်သာစွာ သက်ပြင်းချလိုက်သည်။ အစတုန်းက သူမက ရင်လန်နဲ့ရင်းနှီးတယ်လို့ကြားခဲ့ တယ်။ အဲဒါဆိုရင် သူမက ဘာလို့သူ့ကိုစောင့်ရှောက်ပေးခဲ့တာလဲ။

“သူတို့အဆင်ပြေမယ်ဆိုတာ သိရဲ့သားနဲ့ ဘာစိတ်ပူဖို့လိုလို့လဲ၊ ကျွန်မ သွားလိုက်ပါဦးမယ် နှုတ်ဆက်ပါတယ်” သူသည် စူးလျိုနျန်၏ တူဖြစ်လျှင် တောင် ရှီမာယူယူမှ စူးယူကို ဘာကြောင့် နီးကပ်ခွင့်မပေးသည်ကိုတော့ မည်သူ မှမသိကြပေ။

ထိုအချိန်တွင် စူးလျိုနျန်နှင့် ဟော်ကျန့်ကျန်းတို့ လျှောက်လာပြီး ရှီမာယူယူ၏ ကျောပြင်ကို ကြည့်ရင်းနှင့်မေးလိုက်သည် “သူမကို အပြစ်လုပ်မိ လိုက်လို့လား”

စူးယူသည် ထိုအကြောင်းကို မပြောချင်သဖြင့် မေးလိုက်သည် “ဦးလေး အဒေါ် ဘယ်လိုလဲ”

“ငါတို့ အကြာကြီးပျောက်သွားလို့မဖြစ်ဘူး အဲဒါကြောင့် ဘာသတင်းမှ မရခဲ့ဘူး” စူးလျိုနျန် ဆက်ပြောလေသည် “ငါတို့မရှိတုန်းကို ယန်းမျိုးနွယ်က သူမကို တစ်ခုခုလုပ်လိုက်မှာကို စိုးရိမ်တာ”

“ယန်းမျိုးနွယ်က သူမကို မကျေနပ်ပုံပဲ ဘယ်သူမှ သူမကိုမကြိုဆိုကြဘူး” စူးယူသည် သူမကို စကားပြောမည့်သူမရှိသည်ကို မြင်သဖြင့် အဖော်ပြုပေးချင် မိသည်။

“သူမပြန်သွားမှာတော့ ငါတို့လည်းပြန်ကြတာပေါ့”

တကယ်တော့ ရှီမာယူယူ ပြန်မသွားပေ။ သူမသည် ပွဲမှ ထွက်သည်နှင့် ပစ်မှတ်ထားခံရသည်။

သူမ လျှောက်သွားပြီး ရပ်လိုက်ကာ ထောင့်တစ်ခုသို့ ကွေ့ပြီး လမ်းကြား ထဲသို့ လျှောက်သွားလိုက်သည်။ နောက်မှလိုက်လာကြသူမျာသည် လမ်းကြား သို့ခြေချလိုက်သည်နှင့် မြင်ကွင်းပြောင်းသွားသည်ကို သတိထားမိလိုက်သည်။

“သေစမ်း” သူတို့သည် ကွင်းပြင်ကျယ်ကြီးကို မြင်သောအခါ မျက်နှာထား များ ပြောင်းသွားကြသည်။

လမ်းကြားဖြစ်သင့်သော်လည်း ကွင်းပြင်ကျယ်ပေါ်လာသည်။ ဆိုလို သည်မှာ သူတို့သည် ထင်ယောင်ထင်မှားဖြစ်၍နေသည်။

“ဒါဝင်္ကပါလား”

“ဒါထင်ယောင်ထင်မှား တည်ဆောင်မှုပဲ” တစ်ယောက်သည် အခိုင်အမာ ပြောလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူမ လာတာမှမကြာသေးတာ ဘယ်လိုလုပ် ထင်ယောင်ထင်မှား တည်ဆောက်မှုလုပ်နိုင်မှာလဲ”

သူတို့သည် သူမကို နှစ်ရက်ကြာအောင် စောင့်ကြည့်နေကာ သူမသည် ဤနေရာသို့ တစ်ခါမှမလာဖူးပေ။ ထို့ကြောင့် ထင်ယောင်ထင်မှား တည်ဆောက်မှုကို ကြိုတင်၍ လုပ်ထားရန်မဖြစ်နိုင်ပေ။ မိနစ်နည်းနည်းလေး အတွင်းမှာ ထင်ယောင်ထင်မှား တည်ဆောက်မှုကို ဘယ်လိုလုပ် လုပ်လို့ရမှာ လဲ။

“သူမက တည်ဆောက်မှုထဲမှာရှိနေတာလား”

သူတို့ပြောပြီးသည်နှင့် ရှီမာယူယူသည် သူတို့ရှေ့မှ တောင်ပေါ်တွင် ပေါ် လာသည်။

“ငါ့အကြောင်းပြောနေကြတာလား” ရှီမာယူယူသည် ပေါ့ပါးစွာပြုံးလိုက် သည်။

သူမ ကြိုက်သည့်အချိန် ပေါ်လာနိုင်သဖြင့် သူတို့စိတ်များ ထိုင်းမှိုင်းသွား တော့သည်။ ဆိုလိုသည်မှာ သူမသည် ထိုထင်ယောင်ထင်မှား တည်ဆောက်မှု ကို အပြည့်အဝထိန်းချုပ်ထားသည်။

“မင်းတို့ကိုဘယ်သူလွှတ်လိုက်တာလဲ မှန်းဦးမယ်… ယန်းမျိုးနွယ်လား” ရှီမာယူယူသည် သူတို့၏ မျက်နှာထားများကို ကြည့်လိုက်သည် “ငါမှန်းတာ မှားသွားတဲ့ပုံပဲ တန့်ယီရှီပဲဖြစ်ရမယ်”

ဤနေရာတွင် တန့်ယီရှီအပြင် သူမ၏ရန်သူမရှိပေ။ တန့်မျိုးနွယ်မှ လူလွှတ်ပြီး သူမကို သတ်ခိုင်းခြင်းဖြစ်ရမည်။

“အရင်တုန်းက တန့်ယီရှီက ရိုင်းစိုင်းတယ်၊ ဘဝင်မြင့်တယ်၊ ပိုင်စိုးပိုင်နင်း လုပ်တတ်ပြီး ဒေါသတကြီး လက်တုံ့ပြန်တတ်တယ်လို့ ကြားတယ် အခုပြီးသွား ပြီလို့ ထင်နေတာ မင်းတို့က ဒီမှာငါ့ကိုစောင့်နေလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူ နှာရှုတ်လိုက်သည် “ဒီနေ့ မင်းတို့ သူမပေးတဲ့ တာဝန် မအောင်မြင် တော့မှာကိုတော့ စိတ်မကောင်းဘူး” ရှီမာယူယူ နှာရှုတ်လိုက်ရာ ထိုအပြုံးသည် သူတို့ကို အေးစိမ့်သွားစေသည်။

နာရီဝက်ကြာသောအခါ နောက်မှလိုက်သည့်လူများ မရှိတော့ဘဲ ရှီမာယူယူ တစ်ယောက်တည်း လမ်းကြားမှထွက်လာသည်။ သိပ်မကြာခင်မှာ ပင် လမ်းကြားသို့ဝင်သွားသည့် လူတစ်ယောက်သည် မြေပေါ်မှ အလောင်းများ ကိုတွေ့လိုက်ရလေသည်။

အခမ်းအနားပွဲပြီးနောက်ရက်တွင် တွေ့ဆုံပွဲရလဒ် ထွက်လာသည်။ ရှီမာယူယူ၏ သူတော်စင်ဆေးမှာပင် ယုံမှားဖွယ်မရှိစွာပင် ပထမရကာ လျင်မြန်စွာပင် ကျောက်ရုပ်ထုမှာ ဟော်ကျန့်ကျန်းလက်ထဲသို့ ရောက်လာ သည်။

“ယူယူ ဒါမင်းအတွက်” ထိုလူများထွက်သွားသည်နှင့် ဟော်ကျန့်ကျန်း သည် ကျောက်ရုပ်ထုကို ရှီမာယူယူ၏ အခန်းသို့ယူလာသည်။

ရှီမာယူယူသည် အတန်ကြာတုံ့ဆိုင်းပြီးနောက် ကျောက်ရုပ်ထုကိုယူ လိုက်သည်။

ထိုပစ္စည်းသည် နဂိုကတည်းကပင် သူတော်စင်ဆေးအတွက် ဆုဖြစ်ရာ သူမ ငြင်းလိုက်လျှင် ဟော်ကျန့်ကျန်းတို့ ထူးဆန်းသည်ဟု ခံစားသွားတော့ မည်။

အတန်ကြာပြီးနောက်တွင် ရွှမ်ယွမ်ဆိုင်တာဝန်ခံသည် တည်းခိုဆောင်သို့ ရောက်လာကာ သူမကို လေလံစာရင်းကို ကိုယ်တိုင်ပေးလေသည်။

“ဒါကို စားပွဲထိုးကိုပဲ ပို့ပေးခိုင်းလို့ရပါတယ် ကိုယ်တိုင်ဒုက္ခရှာပြီး လာပို့ဖို့ မလိုပါဘူး” ရှီမာယူယူသည် စာရင်းကိုသိမ်းပြီး ပြုံးလေသည်။

“ဒါ ကျွန်တော်လုပ်ရမယ့်ဟာပါ” တာဝန်ခံပြုံးလေသည်။ “သခင်မလေး က သူတော်စင်ဆေးကို လေလံတင်ဖို့ပို့လိုက်တယ်လို့ ကြားတော့ သူတို့က စံတင်အဆင့်နှစ်ယောက်ကို ပို့လိုက်ပါတယ်”

“ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”

“ဒီနှစ်ဝက်အတွင်းကို ကြိုးစားပြီးကြေညာပါမယ် သခင်မလေး တစ်ခုခု လိုတာရှိရင် အသိပေးပါ”

“ကျွန်မတို့ အခန်းတစ်ခန်း ချန်ထားဖို့ဖြစ်နိုင်မလား”

“သေချာပေါက် ပြင်ထားပါမယ်”

“ကောင်းပါပြီ” ရှီမာယူယူ ပြုံးလိုက်သည်။

ထိုလေလံပွဲသည် အသက်ဝင်ဦးမည်။ သူမသည် တက်ရောက်ရန် မျိုးနွယ် ကိုဖိတ်ကြားချင်သည်။

***

All Chapters