တန့်ယီရှီ သေဆုံးမှု
Vol. 111 Ch. 1545
သတ္တုရိုင်းတွေ့ဆုံပွဲသည် အလွန်ပင် ချောမွေ့စွာပြီးဆုံးသွားသည်။ လူ အများစုမှာ ဖိအားအပေးခံရပြီး ရှေးဟောင်းဝိညာဉ်ဆေးများကို ယန်းမျိုးနွယ်သို့ ရောင်းလိုက်ရသော်လည်း မရှုံးလောက်သည့် အဖိုးအခကို ထိုက်တန်စွာရလေ သည်။
အရင်ကအတိုင်းဆိုလျှင် တွေ့ဆုံပွဲပြီးသည်နှင့် ပြိုင်ပွဲဝင်များသည် အောင်မြင်စွာ ပြန်ကြမည်ဖြစ်သည်။ သို့သော် သည်တစ်ခေါက်တွင် အများစုမှာ မပြန်ကြပေ။
လူအများအပြားမှာ ရွှမ်ယွမ်ဆိုင်မှ ဖိတ်စာရကြသည်။ သူတော်စင်ဆေး ကို အမဲလိုက်ရန်အပြင် ရှေးဟောင်းဝိညာဉ်ဆေးများနှင့် ဝိညာဉ်ကိရိယာအများ အပြားရှိနေသေးသည်။ ပစ္စည်း၏အဆင့်များ မမြင့်လျှင် ပိုစိတ်လှုပ်ရှားစေရန် ရွှမ်ယွမ်ဆိုင်သည် သူတို့ပစ္စည်းများကို ထည့်သုံးလေ့ရှိသည်။ သို့သော် ဤတစ် ကြိမ်မှာ ထပ်ထည့်ရန်မလိုပေ။ သူတော်စင်ဆေးနှင့်ပင် လုံလောက်နေသည်။
ချူးချန်းမြို့တော်မှ အင်အားကြီးများသာမကဘဲ တခြားပြည်နယ်မှ အင်အားစုများပါ ဖိတ်စာရကြလေသည်။ ဖိတ်စာရကြသူများသည် အတွင်းပိုင်း ဒေသတွင် ပထမအဆင့်အင်အားစုများဖြစ်သည်ဟု ပြောရသည်။ နောက်ဆုံး တွင် ဒုတိယအဆင့်အင်အားစုများ ဖိတ်ကြားခံရသည်။ ရှီမာယူယူတို့ကဲ့သို့ မျိုးနွယ်များသည် ယခုလိုအရေးကြီးသည့် လေလံပွဲကို တက်ရောက်ခွင့်မရှိကြ ပေ။
သို့သော် ရှီမာမျိုးနွယ်သည် ရွှမ်ယွမ်ဆိုင်မှ ဖိတ်စာကိုရလိုက်သည်။ ထို့အပြင် ရှီမာယူယူသည် စာတစ်စောင်ကိုပါ ထည့်ပေးလိုက်သည်။
စာထဲတွင်… ရှီမာယူယူသည် အဖြစ်အပျက်အကြောင်း ပြောပြထားပြီး သူတော်စင်ဆေး လေလံပွဲအကြောင်းကိုပါ တစ်ခါတည်းပြောထားသည်။ မျိုးနွယ်သာ ဆန္ဒရှိလျှင် သူတို့လာပြီးကြည့်နိုင်သည်။
ရှီမာယူယူသည် သတ္တုရိုင်းမှ သူတော်စင်ဆေးရလိုက်ပြီး လေလံတင်မည့် ကိစ္စကိုပါ ရှီမာကျိယွင်နှင့် တခြားသူများသိသွားသောအခါ စိတ်ဓာတ်ကျပြီး ထိုင်းမှိုင်းသွားသည်။ သို့သော် ပြီးသွားသည့်ကိစ္စကို ပြန်အဖတ်ဆယ်၍မရပေ။ သူတို့သည် တိုင်းပြည်တစ်ခုလုံးကို ရန်သူအဖြစ်ပြောင်းလိုက်ရန် ယုံကြည်မှုမရှိ ပေ။ သည်လိုနှင့် သူတို့သည်လက်တွေ့ကိုသာ လက်ခံရတော့သည်။
လက်တွေ့ကို လက်ခံပြီးနောက်တွင် မျိုးနွယ်အကြီးအကဲများ စုဝေးလိုက် ကြသည်။ သူတို့အဖွဲ့သည် လေလံပွဲကို မျိုးနွယ်ခေါင်းဆောင် တက်သင့် မတက် သင့်ကို ဆွေးနွေးကြသည်။ တက်ရန်လိုပါက ရန်ပုံငွေစုရန်လိုပြီး လေလံပွဲသို့ သွားရောက်ရမည်ဖြစ်သည်။
ရှီမာယူယူ ရွှမ်ယွမ်ဆိုင်မှ စာရပြီးနောက်တွင် အပြင်သို့ ထွက်ခဲသည်။ သို့သော် ထိုသို့ဖြစ်လျှင်တောင် သူမကို သတ်ရန်ကြိုးစားမှုများ အကြိမ်ပေါင်း များစွာရှိခဲ့သည်။
တန့်ယီရှီသည် စိတ်ဓာတ်ကျနေသည်။ သူမသည် ရှီမာယူယူကို သတ်ရန် အချိန်တိုင်းလွှတ်လိုက်သော်လည်း အမြဲတမ်းရလဒ်တူနေသည်။ အားလုံး အရှင်းခံလိုက်ရသည်။ ထို့ကြောင့်ပင် ရှီမာယူယူအပေါ် အမုန်းတရားပိုကြီးလာ သည်။
ညရောက်သောအခါ ရှီမာယူယူ တည်းခိုဆောင်မှ ထွက်လာသည်။ သူမ သည် လမ်းပေါ်မှလူများကိုရှောင်ကာ ကွေ့ပတ်သွားပြီးနောက် ခြံဝန်းတစ်ခုသို့ ရောက်လေသည်။
“ကံကောင်းလေး မင်းဝင်သွားပြီး မွှေရင် မင်းကိုဝိညာဉ်စေတီထဲ ပစ်ထည့် လိုက်ပြီး မင်းကိုနောက်တစ်ခါ ဘယ်တော့မှ မထုတ်ပေးတော့ဘူး” သူမသည် ကံကောင်းလေးကို ခြိမ်းခြောက်လိုက်သည်။
အစက ကံကောင်းလေးသည် ယန်းမျိုးနွယ်သို့ဝင်ကာ လူသတ်ပြီး ရှီမာယူယူအတွက် လက်စားချေချင်သည်။ သူမ ပြောလိုက်သည့် စကားကို ကြားသောအခါ မှင်တက်သွားပြီး မလိုလားစွာြဖင့် ခေါင်းညိတ်လိုက်ရသည်။
အခုမှပင် ရှီမာယူယူသည် သူ့ကိုဦးဆောင်ကာ ယန်းမျိုးနွယ်သို့ ဝင်သွား လိုက်သည်။ နီရဲပျားများ ထောက်လှမ်းထားသည့် လမ်းကြောင်းအရ သူတို့ သည် တန့်ယီရှီနေသည့်နေရာသို့ တိုက်ရိုက်ဦးတည်သွားလိုက်ကြသည်။
သူမသည် တန့်ယီရှီကိုဂရုမစိုက်သော်လည်း သူမကို ထပ်ခါထပ်ခါ သတ် ရန်ကြိုးစားပြီးနောက်တွင် ငြီးငွေ့လာသည်။ အစပိုင်းကပင် သူမသည် နီရဲပျား များကို ထောက်လှမ်းရန်လွှတ်ထားရာ သူမ နေသည့်နေရာကိုရှာရန်လွယ်ကူ သွားသည်။
ထိုအခိုက်တွင် တန့်ယီရှီသည် အိမ်ထဲတွင် ဒေါသထွက်နေသည်။ ထိုညတွင် သူမသည် လုပ်ကြံသူ အများအပြားလွှတ်လိုက်သော်လည်း အားလုံး သုတ်သင်ခံလိုက်ရသည်။ သူတို့အကုန်လုံးက အသုံးမဝင်တဲ့ အမှိုက်တွေပဲ။
“အဲဒီရှီမာယူယူက ဧကရာဇ်အဆင့်တောင် မကလောက်ဘူးထင်တယ်၊ ငါ ဒီလောက် လူသတ်သမားတွေ အများကြီးလွှတ်ထားတာကိုတောင် တစ် ယောက်မှ ပြန်မလာနိုင်ကြဘူး” ထိုသို့ပြောပြီးနောက်တွင် သူမသည် ဘေးမှ စားပွဲကို ဖျက်ဆီးလိုက်သည်။
တခြားအစေခံမိန်းကလေးများသည် သူတို့ဘက်သို့ ဒေါသလှည့်လာမည် ကို ကြောက်သဖြင့် အသက်ပင် ကျယ်ကျယ်မရှုရဲကြပေ။ သူမ၏ အနီးကပ် အစေခံမိန်းကလေးသည် သတ္တိရှိရှိဖြင့် အကြံပေးလိုက်သည် “သခင်မလေး ဒေါသမထွက်ပါနဲ့ ဒီတစ်ခေါက်က သူမကိုအရမ်း ပေါ့ပေါ့တွေးလိုက်မိတာ သူမ ချူးချန်းမြို့က ထွက်သွားသေးတာ ကောင်းတာပဲ၊ သခင်ကြီးနဲ့တခြားသူတွေ ပြန်လာရင် လူသတ်သမားအဖွဲ့လိုက် လွှတ်ရမယ်၊ ကျွန်မတို့ သူမကို သေချာ ပေါက် သတ်နိုင်မှာပါ”
“သူမ လနည်းနည်းလောက် ထပ်အသက်ရှင်ဦးမယ်လို့ စဉ်းစားလိုက်ရင် တောင် ငါ့စိတ်တွေက ငရဲထက်တောင်ပူလောင်နေပြီ” တန့်ယီရှီ ပြောဆိုလိုက် သည်။
“ဘုန်း”
အိမ်ထဲမှ လူများစကားပြောနေစဉ်တွင် တံခါးမှာ ရုတ်တရက် ပွင့်သွား လေသည်။ အရိပ်တစ်ခုသည် အပြင်မှပျံလာပြီး တန့်ယီရှီရှေ့သို့ ကြမ်းတမ်းစွာ ကျလာသည်။
“ဘယ်သူလဲ” အစေခံမိန်းကလေးသည် တန့်ယီရှီရှေ့တွင် အမြန်ရပ်လိုက် သည်။ သူတို့သည် သူမကိုကယ်ချင်သောကြောင့်မဟုတ်ဘဲ သူမသာ သေသွား ပါက သူတို့ပါ အသက်ရှင်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။
ရှီမာယူယူသည် အပြင်မှ ကံကောင်းလေးကို ခေါ်လာသည်။ သူမသည် ကံကောင်းလေး ပြလိုက်သည့် တိုက်ပွဲစွမ်းရည်ကို ကျေနပ်နေသည်။
“ဘယ်လိုလုပ် နင်ဖြစ်နေတာလဲ” တန့်ယီရှီသည် သူမကိုကြည့်ပြီး တအံ့တဩ အော်လိုက်သည်။
“ဘယ်လိုလုပ် ငါမဖြစ်နိုင်ရမှာလဲ” ရှီမာယူယူသည် အေးစက်စွာ ရယ်မော လိုက်သည် “နင်က ငါ့ကိုသတ်ဖို့ လူလွှတ်တာကို ငါက နင့်ကိုလာရှာလို့မရဘူး လား”
“နင်ဘာလုပ်ချင်တာလဲ” တန့်ယီရှီသည် ကြမ်းပေါ်တွင် လဲနေသော ကိုယ်ရံတော်များကို မြင်သောအခါ သူမ ကောင်းသောရည်ရွယ်ချက်ဖြင့် လာ ခြင်းမဟုတ်သည်ကို သိလိုက်ရသည်။
သူမမျိုးနွယ်မှ ကင်းအဖွဲ့သာ သတိရှိပြီး သူမဒုက္ခရောက်နေသည်ကို သိစေချင်မိသည်။
“စိတ်ချပါ ဘယ်သူမှ နင့်ကိုလာကယ်မှာမဟုတ်ဘူး၊ အပြင်ကလူတွေက ဒီကနေဘာသံမှ ကြားရမှာမဟုတ်ဘူး” ရှီမာယူယူသည် အခိုင်အမာပြောလိုက် သည်။ သူမသည် တန့်ယီရှိမျက်လုံးမှ ကြောက်ရွံ့မှုကို မြင်လိုက်သည်။ ဒီ မျက်နှာထားက မဆိုးဘူးပဲ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နင်ဘာလုပ်လိုက်တာလဲ” တန့်ယီရှီ အော် လိုက်သည်။ သို့သော် သူမသည် အမှန်တကယ်ပင်ယုံကြည်မိသည်။
သူမသည် ခြံဝန်းထဲမှ အစောင့်များကို ရိုက်ပြီးနေပြီ။ ထိုနေရာမှ အဖြစ် ကို အစောင့်များ သတိထားမိပါက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ရောက်လာမည် ဖြစ်သည်။ သို့သော် မည်သူမှရောက်မလာပေ။ ဆိုလိုသည်မှာ အပြင်မှအစောင့် များသည် ဤနေရာကို သတိမထားမိသည်ကို သက်သေပြနေသည်။
“ဘာမှမဟုတ်ပါဘူး ဒီနေရာကိုမဝင်ကို အတားအဆီးလေးထားလိုက်တာ ပါပဲ၊ ငါက ဒီအပိုင်းမှာ နည်းနည်းကျွမ်းရုံပါပဲ အဲဒါကြောင့် နင်ဘယ်လောက်ပဲ အသံကျယ်ကျယ်နဲ့ အော်နေပါစေ ဘယ်သူမှမကြားရဘူး” ရှီမာယူယူည် ပြော ပြီးသည်နှင့် ချက်ချင်းပင် အစေခံမိန်းကလေးကိုရှောင်ရှားပီဲး တန့်ယီရှီရှေ့သို့ ရောက်လေသည်။ သူမသည် လက်ဆန့်ထုတ်ပြီး သူမလည်ပင်းကို ဆုပ်ကိုင် လိုက်သည်။
“သခင်မလေး”
“သခင်မလေးကိုလွှတ်လိုက်”
အိမ်ထဲမှ အစေခံများအော်ကြလေသည်။
“ပန်းလေး မင်းအသားမစားရတာကြာပြီမလား” ရှီမာယူယူသည် အိမ်ထဲ မှလူများကို လျစ်လျူရှုကာ ချက်ချင်းပင် ပန်းလေးကိုခေါ်ထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ကံကောင်းလေးကိုချကာ တန့်ယီရှီဘက်သို့ ကြည့်ပြီး မြှောက်လိုက်သည်။
“နင် နင် ငါ့ကိုမသတ်နိုင်ပါဘူး” တန့်ယီရှီသည် ရှီမာယူယူ၏ မျက်လုံးထဲ မှ လူသတ်လောက်မည့် အကြည့်ကိုမြင်သောအခါ ယခုလို ကြောက်ရွံ့မှုကို ခံစားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ငါ့ကိုသတ်ဖို့ နင့်လူတွေလွှတ်တုန်းက နင့်ကိုသတ်မယ့်လူရှိလာမယ့်နေ့ ရောက်လာမှာကို မစဉ်းစားမိဘူးထင်တယ်” ရှီမာယူယူသည် အေးစက်စွာ ပြုံး လိုက်သည်။ သူမသည် စကားအပိုမပြောလိုတော့သဖြင့် အားထည့်ကာ သူမ လည်ပင်းကို ချိုးလိုက်သည်။
ကျွတ် ကျွတ် သူမက သန်မာလွန်းတယ်။
“ယူယူရေ တကယ်ပဲ အသုံးမဝင်တဲ့ဟာတွေပဲ” ပန်းလေးသည် ထိုလူများ ကိုစားပြီးနောက် မြေပါ်မှအလောင်းများကိုကြည့်ပြီး နှုတ်ခမ်းကို နှစ်ကြိမ် သပ် လေသည်။
သူမသည် အခုချိန်တွင် အစာရွေးကာ အလောင်းများကို မစားတော့ပေ။ သူမသည် အသက်ရှိသည့် လူသားများကို စားရခြင်းကိုသာကြိုက်တော့သည်။ ထို့ကြောင့်ပင် သူမသည် ကြမ်းပေါ်မှ အလောင်းများကို မလိုချင်ပေ။
“သူမကို ဒီမှာမထားခဲ့ရင် သူမ သေသွားပြီဆိုတာ သူများတွေကို ဘယ်လို အသိပေးတော့မှာလဲ” ရှီမာယူယူသည် ပေါ့ပါးစွဦပြောလိုက်သည် “သွားမယ် လူတွေရောက်လာတော့မယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ပန်းလေးကို သိမ်းပြီး ကံကောင်းလေးကိုခေါ်ကာ ခြံဝန်းမှထွက်သွားလိုက်သည်။
အတားအဆီးမရှိတော့သဖြင့် သွေးနံ့သည် လျင်မြန်စွာပင် ကင်းလှည့် သမားများကို သတိပေးလိုက်သလိုပင်။ သူတို့ရောက်ချိန်တွင် ခြံဝန်းသည် သွေးများဖြင့်ပြည့်နေကာ သေဆုံးနေသော တန့်ယီရှီကို မြင်လိုက်ရသည်။
“ခေါင်းဆောင်ကို သတင်းပေးလိုက် သခင်မလေးပေါင် အသတ်ခံလိုက်ရ ပြီလို့ပြောလိုက်” အစောင့်သည် သူ့နောက်မှလူများကို အမိန့်ပေးလိုက်သည်။ ပြန်လာသော သခင်မလေးအကြောင်း စဉ်းစားမိလျှင် သူခေါင်းကိုက်လာသည်။
ရှီမာယူယူသည် တန့်ယီရှီခြံဝန်းမှထွက်လာပြီး လျင်မြန်စွာထွက်သွားရန် စီစဉ်ထားသည်။ သို့သော် ယန်းမျိုးနွယ်၏ ကိုယ်ရံတော်များကို ရှောင်ရှားရန် သူမ ကွေ့ပတ်သွားရသည်။ သူမ ထွက်မသွားနိုင်ရုံတင်မကဘဲ သွားလေလေ သူမ လာခဲ့သည့်လမ်းနှင့် ပိုပိုဝေးသွားလေဖြစ်နေသည်။
ထိုဦးတည်ဘက်မှ လူသတ်လောက်မည့် ရောင်ဝါကိုခံစားမိသည့်အခိုက် တွင် အလိုလိုပင် နောက်ပြန်ဆုတ်လိုက်သည်။
***