အလောကြီးခြင်း၏ သက်ရောက်မှု
Vol. 111 Ch. 1546
သူမ ကျောက်ဆောင်တစ်ခုကို ကွယ်ပြီးပုန်းလိုက်ပြီးနောက် ခြံဝန်း၏ တခြားတစ်ဖက်မှ လျှောက်လာသော လူတစ်စုကိုကြည့်လိုက်သည်။
“ဆရာ ဒီလူတွေကို ဘယ်ကိုပို့ချင်လဲ”
“တခြားဘာအတွေးမှ မတွေးနဲ့ ငါ့နောက်သာလိုက်ခဲ့”
“ကျွန်တော်တို့ ခြံဝန်းထဲမှာလျှောက်နေတာ သူများတွေမြင်သွားရင် ဘယ်လိုလုပ်မလဲ”
“ဒီလမ်းကို ဘယ်သူ့ကိုမှဝင်ခွင့်မပြုဘူးလို့ မျိုးနွယ်က အမိန့်ပေးထား တယ်၊ ဒီနေရာကို လူဝင်လာရဲရင် အဲကောင်တွေလို အဆုံးသတ်ရုံရှိတာပဲ”
“ဆရာက အရမ်းအားကောင်းတာပဲ မသေလူတွေက ဆရာ့ကိုနာခံကြ တယ်”
“ဒါတွေကို မသေလူလို့ သတ်မှတ်လို့မရသေးဘူး၊ သူတို့အဲနေရာမှာရှိပြီး သွေးတွေစိုနေမှ မသေလူလို့သတ်မှတ်လို့ရမှာ” သူတို့ ဆရာဟုအမည်တပ် သည့်လူ ပြောလေသည်။
“ဆရာ… ဆရာကဒီအလောင်းတွေ အများကြီးနဲ့ထိတွေ့နေရတာ၊ မကြောက်ဘူးလား သူတို့က မသေသေးတဲ့အလောင်းတွေလို့တွေးလိုက်တာနဲ့ ဆံပင်တွေ ထောင်လာတယ်”
“အဓိပ္ပာယ်မရှိလိုက်တာ သူတို့ကိုခေါ်သွား… အဲနေရာကိုသယ်သွားလိုက် အဲဒါမှ ငါတို့ခဏလောက် နားလို့ရမှာ”
ရှီမာယူယူသည် သူတို့စကားကို ကြားသည်နှင့် စဉ်းစားပြီးနောက် ဝိညာဉ် စေတီအတွင်းသို့ လျှပ်တပြက်သွားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာ ပြီးနောက် သူမ ထပ်ပေါ်လာပြီး ထိုမသေလူများနှင့် တူညီသောအဝတ်ကို ဝတ် ဆင်ပြီးဖြစ်လေသည်။ သူမသည် သေဆုံးခြင်းရောင်ဝါကိုပင် ထုတ်လိုက်သေး သည်။
သူမသည် ထိုမသေလူများ ဖြတ်လျှောက်သွားသည်ကို စောင့်ကြည့်ပြီး နောက် သူတို့နောက်မှ တည်ငြိမ်စွာ လိုက်သွားလိုက်သည်။
သူတို့ တစ်မြို့လုံးကို အစုလိုက်အပြုံလိုက်သတ်ပြီးကတည်းကပင် ယန်း မျိုးနွယ်သည် တိုးတိတ်စွာနေခဲ့သည်။ ထို့ကြောင့်ပင် ထိုအချိန်အတောအတွင်း တွင် ဟော်ကျန့်ကျန်းသည် မည်သည့်အရာကိုမှ မစီမံနိုင်ခြင်းဖြစ်သည်။ သူတို့ အခမ်းအနားပွဲတွင်ရှိစဉ်က သူနှင့်စူးလျိုနျန်တို့သည် ယန်းမျိုးနွယ်ကိုဝင်ရန် အခွင့်အရေးအသုံးချခဲ့သေးသည်။ သို့သော် မည်သည့်အရာမှ မထင်ခဲ့ပေ။
သူမ လူသတ်ရန်လာရင်းက ထိုမသေလူများနှင့် သွားတိုးလိမ့်မည်ဟု ထင် မထားပေ။
သူတို့ စကားများကို ကြားလိုက်ချိန်တွင် ကျန်အကြောင်းအရာများကို ခန့်မှန်းမိသည်။ သူတို့သည် မသေလူအစစ်အမှန်မဟုတ်ပေ။ သူမသာ သူတို့ နောက်လိုက်သွားလျှင် တစ်ခုခုကို ရှာတွေ့နိုင်သည်။
ကံကောင်းလေးကိုတော့ သူ ဆန္ဒရှိသည် မရှိသည်ကို ဂရုမစိုက်ဘဲ သူ့ကို ဝိညာဉ်စေတီအတွင်းထားခဲ့လိုက်သည်။
ထိုနေရာတွင် မသေလူများ ရာချီခန့်ရှိသည်။ ရှေ့နှစ်ယောက် သတိထားမိ စရာအကြောင်းမရှိပေ။ ရှီမာယူယူသည် သူတို့နောက်လိုက်သွားရာ အိမ်ဟုပင် မပြောပလောက်သည့် နေရာကို ရောက်လာလေသည်။
အရှေ့မှလူများသည် တစ်စုံတစ်ရာထုတ်ပြီး သူတို့ခန္ဓာကိုယ်ကို လိမ်းကျံ လိုက်သည်။ ထို့နောက်တွင် သူတို့အရင်ဝင်သွားကြသည်။ ပြီးနောက် မသေလူ များသည်သူတို့အနောက်မှ လိုက်ဝင်သွားကြသည်။
ရှီမာယူယူ လျှောက်သွားရာ ခြံဝန်းပတ်ပတ်လည်ရှိ အတားအဆီးကို မြင် ရလေသည်။ သူမ ပေါ်သွားမည်ကို စိုးရိမ်မိသည်။ သို့သော် မသေလူများ တိုက်ရိုက်ဝင်သွားသည်ကို မြင်သောအခါ သူတို့အနောက်ကပင် လိုက်သွား လိုက်သည်။
ခုခံမှု တစ်စုံတစ်ရာမရှိပေ။
“ဒီအတားအဆီးက သေဆုံးခြင်းရောင်ဝါရှိတဲ့လူတွေပဲ ဝင်လို့ရတာဖြစ် နိုင်တယ်၊ သူတို့နှစ်ယောက်က သေဆုံးခြင်းရောင်တွေလိမ်းလိုက်တာ ဖြစ်မယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည်။
သူမ အေးချမ်းစွာဝင်သွားနိုင်သော်လည်း အရှေ့မှ မြင်ကွင်းကြောင့် လန့် သွားမိသည်။
သူမ ခြံဝန်းကို ဝင်လိုက်တာ သေချာရဲ့သားနဲ့ အတားအဆီးကို ဖြတ်လိုက် တော့ ဘာလို့များအဆုံးမရှိတဲ့ တောင်တန်းတွေကို မြင်နေရတာလဲ။
“ယူယူ ဒီမှာ လေဟာပြင်ခံစားမှုရနေတယ်” ဝိညာဉ်လေးသည် ထိုအရာ များကို အာရုံခံပါးသဖြင့် ဝင်လိုက်သည်နှင့် မူမမှန်သည့်အရာများကို ချက်ချင်း အာရုံခံမိသည်။
“လေဟာပြင်ကို အာရုံခံမိတယ်ဟုတ်လား လောကအသေးများဖြစ် မလား” ရှီမာယူယူသည် နားမလည်နိုင်ဖြစ်နေသည် “ဦးလေးဟော်နဲ့ တခြားသူ တွေ မရှာနိုင်တာက အစကတည်းက အဲလူတွေက အလောင်းတွေကို အပြင် မထုတ်ပဲ ဒီလိုနေရာမှာထားထားလို့ ဘယ်လောက်ပဲ စုံစမ်းပါစေ ဆက်နွယ်မှုကို မရှာနိုင်တာလား”
သူမ ထိုလူများနှင့် တည့်တိုးတွေ့ခြင်းကြောင့်သာမဟုတ်လျှင် သူမလည်း ရှာတွေ့မည်မဟုတ်ပေ။
ထိုလူနှစ်ယောက်သည် အလောင်းကောင်များကို တောင်ခြေသို့ခေါ်သွား သည်။ တောင်ခြေတွင် အနက်ဝတ်လူတစ်ယောက် ထိုင်နေသည်။ သူသည် အလောင်းများနှင့် တူညီသည့်ဝတ်စုံကိုဝတ်ထားပြီး ကျောက်ဆောင်ကြီးတစ်ခု ပေါ်တွင် ထိုင်နေသည်။ သူ မသေလူများလျှောက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ပြီး မပျော်ရွှင်စွာ ပြောလိုက်သည် “အလောင်းတွေ ထပ်လုပ် စရာမလိုတော့ဘူးလို့ မပြောဘူးလား ဘာလို့ပြန်ခေါ်လာတာလဲ”
“ဒါတွေက အရည်အသွေးကောင်းလို့ သူတို့ကိုမလက်လွှတ်နိုင်လို့ အဲဒါ ကြောင့် အခုတော့ ဒါပဲလုပ်နိုင်တယ်”
“အခုက အရေးအကြီးဆုံးအဆင့်ဖြစ်နေပြီ မျိုးနွယ်ကို လူတွေအာရုံစိုက်မိ လာရင် ပြဿနာတက်လိမ့်မယ်၊ ကိစ္စတွေရဲ့ အတိမ်အနက်ကိုဘာလို့မသိရတာ လဲ၊ ဒီအလောင်းတွေက ဘယ်လောက်ပဲအရေးကြီးကြီး မျိုးနွယ်ရဲ့ လုံခြုံရေး လောက် အရေးကြီးတာမဟုတ်ဘူး”
“ဟုတ်ကဲ ဟုတ်ကဲ့ အခုက နောက်ဆုံးအကြိမ်ပါ”
“ဟင်း သူတို့ကိုသွေးကန်ထဲကို ပို့လိုက်”
“နားလည်ပါပြီ”
အဖွဲ့မှာ စတင်ပြန်ရွေ့လျားရာ ရှီမာယူယူလည်း နောက်မှလိုက်သွားလိုက် သည်။ သူတို့ တောင်ပေါ်သို့တက်မည်ဟု ထင်ထားလိုက်သော်လည်း ထိုလူများ သည် တောင်ခြေမှ ဂူတစ်ဂူထဲသို့ ဦးဆောင်ခေါ်သွားမည်ဟု ထင်မထားပေ။
ဂူမှာ အလွန်မှောင်မည်းနေသည်။ ထိုအလောင်းကောင်များသည် မြင်ရန် ပင်မလိုအပ်သောကြောင့်ဖြစ်မည်။ ထိုနှစ်ယောက်သည် ညလင်းပုလဲကိုထုတ် ပြီး နေရာကိုအလင်းပေးလိုက်သည်။ သူတို့သည် ရှေ့မှလမ်းဖောက်သွားလေ သည်။
ရှီမာယူယူသည် သူတို့နောက်မှ တစ်လမ်းလုံးလိုက်လာပြီး မြေအောက်သို့ ရောက်လာသည်။ သွေးအနံ့ပြင်းပြင်းသည် သူမနှာခေါင်းများဆီသို့ ချက်ချင်း ရောက်လာသည်။
အတန်ကြာအောင် လျှောက်ပြီးနောက်တွင် သွေးနံ့ပြင်းပြင်းရသည့် အကြောင်းအရင်းကို မြင်လိုက်ရသည်။
ထိုနေရာတွင် ဘောလုံးကွင်းအရွယ်အစားထက်ကြီးသော ကန်တစ်ကန် ရှိပြီး ထိုကန်ထဲတွင် လူသားသွေးများဖြင့် အပြည့်ဖြစ်နေသည်။
“အထဲကိုဝင်လိုက် အဲဒီမှာ ၇ ရက် ၇ ခါစိမ်လိုက်၊ ၄၉ ရက်ကြာပြီးသွားရင် မသေလူအစစ်ဖြစ်သွားမှာ”
ထိုလူပြောပြီးသည်နှင့် အလောင်များ နားလည်သည် နားမလည်သည်ကို တော့မသိပေ။ သို့သော် သွေးကန်ထဲသို့ တစ်ယောက်ချင်း ဆင်းသွားကြလေ သည်။
ရှီမာယူယူသည် သူတို့အနောက်မှ လိုက်သွားသည်။ စက္ကန့်အနည်းငယ် တွေဝေပြီးနောက် သူတို့နောက်လိုက်သွားသည်။ သူမ အဝေးတစ်နေရာသို့သွား ပြီး သွေးကန်ထဲသို့ ဝင်လိုက်ပြီး သွေးများကိုခေါင်းမှဖြတ်သွားစေလိုက်သည်။
“သွားကြမယ်”
သူမ အထက်မှ ခြေသံများထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်သည် တဖြည်းဖြည်းနှင့် အဝေးသို့ထွက်သွားကြလေသည်။
ရှီမာယူယူသည် ခေတ္တမျှစောင့်ပြီးနောက် မည်သူမှမရှိတော့သည်မှာ သေချာသည်နှင့် ဝိညာဉ်စေတီအတွင်းသို့ လျှပ်တပြက်ဝင်လိုက်သည်။
ဝိညာဉ်စေတီအတွင်းမှလူများသည် သူမ သွေးများနှင့်စိုစွတ်နေသည်ကို မြင်သောအခါ ထိတ်လန့်သွားကြလေသည်။
“ယူယူ ဒဏ်ရာရလာတာလား”
“မဟုတ်ဘူး ဒါသွေးကန်ထဲက သွေးတွေ၊ ငါ့ဟာမဟုတ်ဘူး ဝိညာဉ်လေး ငါ ရေချိုးချင်တယ်”
နာရီဝက်ကြာပြီးနောက်တွင် သူမ သန့်စင်ပြီးလေသည်။
“ယူယူ သွေးကန်ကဘာလဲ ဘာလို့ဒီလိုဖြစ်သွားတာလဲ” ဟိန်းသံလေး သည် နှာခေါင်းနှင့်ရှုတ်ရင်းမေးလေသည်။
ရှီမာယူယူသည် ပန်းလေးရင်ခွင်ထဲမှ သူ့ကိုထုတ်ပြီး ရင်ခွင်ထဲပိုက်လိုက် သည်။ သူမ သူ့ကိုပွတ်သပ်ပေးရင်း ပြောလိုက်သည် “သွေးကန်က သူတို့ အလောင်းတွေ သန့်စင်တဲ့နေရာပဲ ဒါပေမဲ့ အဲဒါဘယ်ကလာတာလဲတော့ ငါ လည်းမသိဘူး”
သည်လိုနှင့် သူမသည် မသေလူများနောက်သို့လိုက်ရင်း လောကအသေး သို့ရောက်သွားကြောင်းကို သူမသားရဲများကို ပြောပြလိုက်သည်။
“ဆိုလိုတာက ဒီနေရာမှာ သူတို့မသေလူတွေကို သန့်စင်တာပေါ့၊ ဒါဆိုရင် မသေလူတွေအကုန်လုံးကို ဒီမှာပဲ အသက်သွင်းတာပေါ့”
“အဲဒါကိုတော့ ငါလည်းမသိဘူး ဒါပေမဲ့ သူတို့ပြောပုံအရဆိုရင် မသေလူ တွေက မသေလူမဖြစ်ခင်ကို သွေးကန်ထဲမှာစိမ်ဖို့လိုနေတာပဲ” ရှီမာယူယူသည် မေးစေ့ကို ကိုင်လိုက်သည်။ သူမသည် ထိုလူများ မည်သို့လုပ်သည်ကို သိချင်မိ သည်။
“ယူယူ အဲလူတွေ အလောင်းကို ဘယ်လိုလုပ်လဲဆိုတာကို စဉ်းစားဖို့ မသင့်ဘူးထင်တာပဲ၊ အဲအစားဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲဆိုတာ စဉ်းစားရမယ်” ဟိန်းသံထောင်ချီ သူမကို သတိပေးလိုက်သည်။ အားလုံးသည် သူ့ကိုကြည့်ရာ သူပြောလိုက်သည် “ဒီနေရာက အလောင်းတွေကိုသန့်စင်တဲ့ နေရာပဲ ဒါပဲ.. ဆိုလိုတာက ဒီမှာ အကူတွေရှိဦးမှာမဟုတ်ဘူးလား၊ ဒီကို အလောင်းဘယ်နလောင်းလောက် လာတာလဲ၊ ထွက်သွားပြီးတော့ မိသွားရင် ဘယ်လိုလုပ်မလဲ၊ မင်း ထောက်လှမ်းဖို့ နီရဲပျားတွေကို သုံးလို့လည်းမရဘူး၊ မင်း မှာ သတင်းမရှိသေးတာကို ဘာလို့အလောတကြီး သူတို့နောက်လိုက်လာတာ လဲ”
***