← Chapters

တစ်ခုခုဖြစ်နေပြီ

Vol. 111 Ch. 1547

တစ်ခုခုဖြစ်နေပြီ

Vol. 111 Ch. 1547

ဝိညာဉ်စေတီအတွင်းတွင် ရှီမာယူယူသည် နောက်ထပ် အနက်ရောင် အမျိုးသားဝတ်ရုံကို လဲလိုက်သည်။ သူမ ပြန်ပေါ်လာသည်နှင့် တစ္ဆေရောင်ဝါ ဖျော့ဖျော့သည် သူမအနားမွှက်နေပြီး သူမခန္ဓာကိုယ်မှသွေးမှာ တသီးတခြား ဖြစ်နေသည်။

ထိုအလောင်းများသည် မသေလူမဖြစ်သေးပေ။ ထို့ကြောင့် သူတို့သည် ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်းမရှိသဖြင့် သူတို့ထဲတွင် ကွဲပြားနေသောလူ ရှိသည်ကို သတိမထားမိကြပေ။

သူမ ကမ်းစပ်သို့သွားလိုက်သည်။ သူမအဝတ်များသည် အရင်ကလိုပင် သန့်စင်နေကာ သွေးတစ်စက်မှပင် မရှိပေ။

သို့သော် သွေးကန်သည် အရင်ကထက် တိမ်သွားသည်ကို သတိထားမိ လိုက်သည်။ မျက်လုံးနှင့် ကြည့်လိုက်လျှင် ကွာခြားမှုကို မသိနိုင်သော်လည်း သူမ၏ အံ့ဖွယ်အာရုံမှ ပြောနိုင်သည်။

သူမသည် ထိုအလောင်းများကိုကြည့်လိုက်ရာ သူတို့သည် အရင်ကထက် သေဆုံးခြင်းရောင်ဝါ ပိုထူထဲလာသည်။ သူတို့သည် သွေးများကိုစုပ်ယူလိုက် သည်နှင့်တူသည်။

“တကယ်ကို သွေးတွေချည်းပဲ” သူမသည် စိတ်ထဲမှ သက်ပြင်းချလိုက် သည်။ ထိုမျှပမာဏရှိသော သွေးရရန်အတွက် ယစ်ပူဇော်ခံရဖို့ လူမည်မျှစတေး လိုက်သည်ကို သူမ မသိတော့ပေ။

သူမသည် ထိုနေရာအား ခဏမျှ စစ်ဆေးလိုက်သည်။ အစောပိုင်းက ဤ နေရာသို့ဝင်လာသည့် လမ်းမှလွဲပြီး ဆန့်ကျင်ဘက် ဦးတည်ရာဘက်သို့သွား သည့် တခြားလမ်းများရှိနေသည်။

ထိုလမ်းများအတိုင်းသွားလိုက်ပါက အန္တရာယ်ကျနိုင်မလားဆိုသည်ကို မသိတော့ပေ။

သည်တစ်ကြိမ်တွင် နီရဲပျားများ မည်မျှအားကိုးရကြောင်းကို သိလိုက်ရ သည်။ သူမသည် မည်သည့်အကြောင်းအရင်းနှင့်မဆို သူတို့ကို သတင်းထောက် လှမ်းရန် အသုံးပြုခဲ့သည်။ ယခု သူတို့မရှိသည်နှင့် သူမ ခြေလက်များပြုတ်နေ သလိုပင်။

အခုကြည့်မှပင် နောင်တွင် သူမ အကျင့်များကို ပြောင်းပစ်ရမည်။

သူမ အသက်ပြင်းပြင်းနှစ်ကြိမ်ရှုပြီး ဘေးမှလမ်းတစ်လမ်းကို ရွေးလိုက် သည်။

ထိုလမ်းသည် မည်သည့်နေရာသို့ ခေါ်သွားမည်ကိုမသိသောလည်း အပေါ်သို့ သွားသည့်လမ်းဖြစ်သည်ကိုတော့ အာရုံခံမိသည်။ ထင်ထားသည့် အတိုင်းပင် ခဏကြာအောင်လျှောက်ပြီးသည်နှင့် သူမ မြေအောက်မှထွက်ကာ တောင်များကြားတွင် ပေါ်လာသည်။

သူမဂူမှမထွက်ခင် အံ့ဖွယ်အာရုံသုံးကာ သက်ရှိလက္ခဏာများ ရှိ၊မရှိ ပတ်ဝန်းကျင်ကို  စစ်ဆေးလိုက်ပြီး သတိရှိရှိဖြင့် ထွက်လာခဲ့လိုက်သည်။

“ဒီမှာတကယ်ပဲ မသေလူတွေများတာပဲ” ရှီမာယူယူသည် ထိတ်လန့်မိ သည်။ သူမ ကြည့်လိုက်ရာ တောင်တစ်ခုလုံးသည် အနက်ရောင်များဖြင့် ဖုံးလွှမ်းနေသည်။ သူတိ့အားလုံးသည် အနက်ရောင်အင်္ကျီများနှင့် အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူမသည် အံ့ဖွယ်အာရုံနှင့် ဧရိယာတစ်ခု လုံးကို ပတ်ကြည့်ရာ မသေလူများ သောင်းဂဏန်းလောက်ရှိသည်ဟု ခန့်မှန်းမိ သည်။

စဉ်းစားကြည့်ပြီးနောက် သူမ တွေးလိုက်ကာ မသေလူဆီသို့ စတင်ပြေး သွားလိုက်သည်။ သို့သော် သူမ သူတို့နှင့် တိုက်မိသည်နှင့် သူတို့သည် ပျောက် ကွယ်သွားလေသည်။

သူမ တစ်ပတ်ပတ်ပြီးချိန်တွင် မသေလူများအားလုံးသည် သူမ၏ ဝိညာဉ် စေတီအတွင်း ရောက်သွားလေပြီ။

ဟိန်းသံလေးနှင့် တခြားသူများသည် ထိုမသေလူများကို မနှစ်မြို့လှပေ။ မသေလူများဝင်လာသည်နှင့် သူတို့သတ်ချင်နေသည်။ သို့သော် ရှီမာယူယူက တားထားရသည်။

သူတို့ကို သိမ်းထားပြီး စစ်ဆေးချင်သည်ဟု ပြောထားရသည်။ သူမ တစ်စုံတစ်ခုကို စုံစမ်းရနိုင်သည်။

တောင်မှ မသေလူများကို အကုန်သိမ်းပြီးနောက်တွင် တခြားလမ်းနှစ်ခု သို့သွားလိုက်လျှင်လည်း မသေလူများရှိနိုင်သည်ဟု ရှီမာယူယူ ခံစားမိသည်။

သည်လိုနှင့် သူမ နောက်ပြန်လှည့်ကာ သွေးကန်ဆီသို့သွားပြီး နောက် လမ်းနှစ်လမ်းဆီကိုဆင်းသွားလိုက်သည်။

သူမ ထင်ထားသည့်အတိုင်းပင် တခြားလမ်းနှစ်လမ်းမှာလည်း မသေလူ ထောင်ချီနေသော တောင်များဆီသို့ သူမကိုခေါ်သွားသည်။ တောင်ကြားသုံးခု ကိုထည့်ပေါင်းလိုက်သောအခါ သူမတွင် မသေလူသောင်းဂဏန်းနီးပါးရသွား သည်။

အားလုံးကို ရှင်းလိုက်ပြီးနောက် ရှီမာယူယူ၏ အမူအရာမှာ မကောင်း တော့ပေ။ မသေလူများ များပြားလွန်းကာ အားအနည်းဆုံးသူသည် မသေလူဟု ပင်ခေါ်မရပေ။ သောင်းဂဏန်းနီးပါးလောက်ကို သူမ ခေါ်ထုတ်သွားလိုက်လျှင် တောင် အင်အားကြီးတစ်ခုဖြစ်နေတုန်းပင်။

သည်လိုနှင့် သူတို့တွင်ရှိနေသည်မှာ အကုန်မဖြစ်နိုင်ဟု ခံစားမိသည်။

အဲဒါကြောင့် အဲလူတွေက အပေအတေအလုပ်တွေ လုပ်ရဲပြီး တစ်မြို့လုံး ကိုတောင် အစုလိုက်အပြုံလိုက် သတ်ရဲတာကိုး။

သည်တစ်ခေါက် သွေးကန်သို့ပြန်ရာတွင် ရှီမာယူယူ၏ ဒေါသထွက်နေ သောစိတ်သည် တည်ငြိမ်သွားသည်။ ယန်းမျိုးနွယ်သည် မသေလူများ အများ အပြားပြင်ဆင်ထားသည်မှာ ကိစ္စကြီးတစ်ခုခုကို လုပ်ရန်စီစဉ်ထားသည်ဟု ဆိုလိုသည်။ သူတို့၏ အစီအစဉ်ကို သူမ မသိနိုင်သည်မှာတော့ နှမြောဖို့ကောင်း သည်။

သို့သော် ရှင်သန်ခြင်းစည်းမျဉ်းများအရ တခြားအင်အားစုကို သုတ်သင် ရန်အတွက် သူတို့၏ အင်အားအရင်းအမြစ်များကို ဖုံးကွယ်ထားကြသည်။

သွေးကန်ထဲမှ သွေးများသည် သူမ ထွက်မသွားခင်ကနှင့်ယှဉ်လျှင် ပိုနည်း သွားပြန်သည်။ ၄၉ ရက်ပြည့်သွားသည်နှင့် သွေးသည် သေချာပေါက် ခြောက်သွေ့သွားမည်ဖြစ်သည်။

ဝိညာဉ်စေတီအတွင်းတွင် မသေလူများ အများအပြားရှိနေသည်ကို စဉ်းစားကြည့်လိုက်သောအခါ ထိုသွေးကန်ပြည့်အောင် လူမည်မျှစတေးလိုက်ရ သည်ကို မည်သူမှမသိနိုင်ပေ။

ထိုလူများရောက်လာသည်ကို အာရုံခံမိသဖြင့် သူမသည် ဝိညာဉ်စေတီ အတွင်းသို့ လျှပ်တပြက်ဝင်ရောက်ပြီး အပြင်မှအခြေအနေကို စောင့်ကြည့်နေ လိုက်သည်။

လူနှင့် မသေလူများသည် မတူပေ။ အခုချိန်တွင် မသေလူများရှိနေပြီး သူတို့သည် ပတ်ဝန်းကျင်ကို မစစ်ဆေးနိုင်ပေ။ သို့သော် သူမသာ သွေးကန်တွင် ရှိနေပြီး သွေးမပေစေရန် ဝိညာဉ်စွမ်းအင်သုံးလိုက်လျှင် သေချာပေါက် လူမိ သွားနိုင်သည်။

“ဆရာ မသေလူတွေက အရင်နှစ်ရက်ကထက် ပိုပြီးစုပ်ယူနိုင်တဲ့ပုံပဲ”

“အင်း နောက်နှစ်ရက်နီးပါးလောက်ပဲကျန်တော့တယ်”

ထိုနှစ်ယောက်သည် နေရာအားစစ်ဆေးပြီးနောက် ထွက်သွားလေသည်။ ထိုအခါမှပင် ရှီမာယူယူသည် ဝိညာဉ်စေတီမှထွက်လာလိုက်သည်။

မသေလူများ ပျောက်သွားသည်ကို သူတို့ သေချာပေါက်သိသွားနိုင်ကာ ဂယက်များဖြစ်သွားနိုင်သည်။ ထိုအချိန် သူတို့သာ လောကအသေးကိုပိတ် လိုက်ပါက သူမသည် တကယ်ပင် ထွက်သွားနိုင်မည်မဟုတ်ပေ။ သူမတွင် ဝူလင်းယူ၏ အချိန်မရွေးလေဟာပြင် ဖွင့်နိုင်သောစွမ်းရည်လည်းမရှိပေ။

သူမထိုအကြောင်း စဉ်းစားမိသောအခါ အချိန်ထပ်မစောင့်နိုင်တော့ပေ။ သူမ မလုပ်နိုင်လျှင် ဆိုးဆိုးဝါးဝါးဖြစ်သွားတော့မည်။

သည်လိုနှင့် ထိုလူများ ဒုတိယအကြိမ်ပြန်လာချိန်တွင် သူမ လှုပ်ရှားတော့ သည်။

သူမ အဝင်ပေါက်တွင် အဆိပ်များကို ဖြန့်ကျဲထားလိုက်သည်။ ထိုလူ နှစ်ယောက်ဝင်လာချိန်တွင် သတိမေ့သွားရာ ရှီမာယူယူသည် သူမ၏ တစ္ဆေ ရောင်ဝါကိုသိမ်းပြီး ဆရာဆိုသည့်လူကို သတ်လိုက်သည်။ သူ သေသွားသည် နှင့် သူမသည် သူ့ဦးနှောက်ထဲသို့ဝင်ပြီး အရင်ကလုပ်ခဲ့သည့်အရာများကို စုံစမ်း တော့သည်။

အနက်ဝတ်လူကို လူတစ်ယောက်မှ လှုပ်နိုးလိုက်ရာ သူ မျက်လုံးဖွင့်လိုက် ချိန်တွင် သူ့ဆရာသည် စိတ်ပူပန်စွာဖြင့် သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရ သည်။

“မြန်မြန်ထတော့ မကောင်းတော့ဘူး” ရှီမာယူယူသည် သူ့ဆရာအဖြစ် ရုပ်ပြောင်းထားပြီး သူမျက်လုံးဖွင့်လာသည်ကို မြင်သည်နှင့် အမြန်ပြောလိုက် သည်။

“ဆရာ ဘာဖြစ်လို့လဲ” သူသည် အခုမှနိုးလာသဖြင့် မကြည်မလင်ဖြစ် နေတုန်းပင်။

“သွေးကန်မှာ တစ်ခုခုဖြစ်နေတယ် သွေးတွေမရှိတော့ဘူး” ရှီမာယူယူ သည် ခြောက်သွေ့နေသော သွေးကန်ကိုညွှန်ပြလိုက်သည်။ ထိုအချိန်တွင် ထို မသေလူများသာ ကျန်တော့သည်။

သူသည် ဘာမှမရှိတော့သော သွေးကန်ကိုမြင်သောအခါ ချက်ချင်းပင် ခေါင်းကြည်သွားပြီးအော်လေသည် “ဆရာ ဒါက… ဘယ်လိုဖြစ်တာလဲ”

“ငါလည်းမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ဝင်လာတုန်းကို တစ်ယောက်ယောက်များ ဇာတ်လမ်းဆင်ထားတာလား ဒီနေရာကို သူတို့ တစ်ခုခုလုပ်လိုက်တာထင်တယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီနေရာကလောကအသေးပဲ သာမာန်လူက ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ”

“ငါလည်းရောထွေးနေတာ အဲဒါကြောင့် ငါနိုးလာတော့ တောင်အရှေ့ကို သွားကြည့်လိုက်တာ ဒါပေမဲ့ မသေလူတွေ အကုန်ပျောက်နေပြီ” ရှီမာယူယူ ပြောလိုက်သည်။ ထိုနေရာကို စောင့်ကြည့်မည်သူ မရှိရသည့်အကြောင်းကို အစပိုင်းကသိချင်သော်လည်း နောက်မှပြန်စဉ်းစားမိသည်မှာ ထိုနေရာသည် လောကအသေးဖြစ်သောကြောင့် သာမာန်လူများ မဝင်နိုင်ပေ။ ထို့ကြောင့်ပင် အစောင့်ထားရန် မလိုပေ။

“ဘုရားရေ” ထိုလူအော်လိုက်သည် “တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့…”

ရောက်လာမည့် အပြစ်ဒဏ်ကိုစဉ်းစားမိပြီး ထိုလူသည် မြေပေါ်သို့လဲကျ သွားကာ မလှုပ်တော့ပေ။

“ဒီမှာဒီအတိုင်းထိုင်မနေနဲ့ ငါတို့ ဘဏ္ဍာထန်းကိုမြန်မြန်သွားပြောရမယ်” ထိုသို့ပြောပြီးနောက် သူမသည် ထိုလူကိုဆွဲပြီး အပြင်ကိုပြေးသွားလိုက်သည်။

သူမ ဂူအဝင်ပေါက်သို့သွဦးရာ အပြင်တွင်စောင့်နေသော အရင်လူကိုတွေ့ လိုက်ရသည်။ သူမ မှတ်ဉာဏ်များမှ ထိုလူသည် ဘဏ္ဍာထိန်းဟော်ဖြစ်သည်ကို သိလိုက်ရသည်။

“ဘဏ္ဍာထိန်းဟော် မကောင်းတော့ဘူး မသေ..မသေလူတွေ…” ထိုလူသည် ပြေးလာရခြင်းကြောင့် စိတ်လှုပ်ရှားနေကာ စကားကိုပင် ဖြောင့် အောင်မပြောနိုင်ပေ။

ဘဏ္ဍာထိန်းဟော်သည် သူ၏ အပြုအမူကိုမြင်သောအခါ ကိုင်ဆောင့်ပြီး မေးလေသည် “မသေလူတွေ ဘာဖြစ်လဲ”

ရှီမာယူယူသည် အသက်ကို ခပ်ပြင်းပြင်းနှစ်ချက်ရှိုက်ပြီး ပြောလိုက်သည် “တောင်က မသေလူတွေ အကုန်မရှိတော့ဘူး၊ သွေးကန်ထဲက သွေးတွေလည်း မရှိတော့ဘူး”

“ဘာ” ဘဏ္ဍာထိန်းဟော်သည် ကျောက်တုံးပေါ်မှထကာ အထဲသို့ အမြန် ပြေးသွားလိုက်သည်။

“ဘဏ္ဍာထိန်းဟော်နဲ့အတူဝင်သွားလိုက် ငါခေါင်းဆောင်ကို သွားပြော လိုက်မယ်” ရှီမာယူယူသည် ထိုလူကိုဂူအတွင်းသို့ တွန်းပို့လိုက်ပြီး ဝင်ပေါက်ဆီ သို့ပျံလာလိုက်သည်။

***

All Chapters