လျှို့ဝှက်ဆန်းကြယ်သောဧည့်သည်
Vol. 111 Ch. 1548
လောကအသေးမှထွက်ပြီးနောက်မှပင် ရှီမာယူယူသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းရှည်ချနိုင်တော့သည်။ အစပိုင်းတွင် သူမ တန်းတန်းပင် ထွက်သွားရန် တွေးလိုက်သည်။ သို့သော် စဉ်းစားပြီးနောက်တွင် ဦးတည်ဘက် ပြောင်းလိုက်သည်။
ခဏအကြာတွင် ယန်းမျိုးနွယ်နှင့် အကြီးအကဲတစ်စုတို့သည် မသေလူ များ ပျောက်သွားသည့်အကြောင်းကို သိသွားကြလေသည်။
ရှီမာယူယူ သတင်းကြားလိုက်ရချိန်တွင် သူတို့သည် ယန်းမျိုးနွယ်အပြင် တွင် လူစုနေပြီဖြစ်သည်။ ထိုသတင်းမှာ သူမ ယန်းမျိုးနွယ်မှ ထွက်ပြီးနောက် နီရဲပျားများက သူမကို ပြောပြခြင်းဖြစ်သည်။
သူမ အရိပ်အကဲကြည့်မြန်သဖြင့် သူမဘာသာ သတင်းမပို့လိုက်မိသည် က တော်သေးသည်။ သို့သော် ဝင်သွားသည့် အစောင့်တစ်ယောက်ကို တွေ့ လိုက်သည်။ တစ်ဖက်လူမှာ တွန့်ဆုတ်နေသော်လည်း လောကအသေးမှ ထွက် လာသူများသည် အဆင့်အတန်းမြင့်ပုံရကာ ကျိုးနွံစွာပင် သွားလိုက်ရတော့ သည်။
သူမ တည်းခိုဆောင်သို့ ပြန်လာချိန် သူမဝင်လိုက်သည်နှင့် အပေါ်ထပ်မှ ပြေးဆင်းလာသော စူးလျိုနျန်ကိုတွေ့လိုက်ရသည်။ သူမသည် ရှေ့ရောက်လာ ကာ ရှီမာယူယူဘေးကင်းသည်ကိုမြင်လိုက်ရသည်။ ထိုအခါမှပင် ရင်ထဲမှ စိုးရိမ် ပူပန်မှုကြီး ကျသွားတော့သည်။
“ကောင်မလေးတော့ ဘယ်တွေသွားနေတာလဲ ဒီလောက်ရက်အများကြီး မတွေ့ရလို့ ဒီမှာ လန့်လို့သေတော့မယ်” စူးလျိုနျန်သည် သူမအဆင်ပြေသည် ကို မြင်ပြီးနောက် စတင်ငေါက်ငမ်းတော့သည်။
“အဒေါ်ဟော် ကျွန်မအဆင်ပြေပါတယ် အဒေါ်နဲ့ဦးလေးဟော်တို့ကို ပြောစရာရှိတယ်” ရှီမာယူယူသည် အသံတိုးလိုက်ပြီး စူးလျိုနျန်လက်ကို ဆွဲကာ အပေါ်ထပ်သို့ ဦးဆောင်တက်သွားလိုက်သည်။
ရှီမာယူယူ တိုးတိုးတိတ်တိတ်ဖြစ်နေသည်ကို စူးလျိုနျန်မြင်သောအခါ သူမ ပြောမည့်စကားများကို မျိုချပြီး သူမအိမ်ထဲသို့ခေါ်သွားလိုက်သည်။
“ပြန်လာပြီလား” ဟော်ကျန့်ကျန်းသည် ရှီမာယူယူ ပြန်လာသည်ကို သိ နေသည်။ သူသည် သူမကို ရက်အနည်းငယ်မတွေ့ခဲ့ရပေ။ သူတို့သည် ယန်းမျိုး နွယ်အတွင်းတွင် မရှာရန်ဆုံးဖြတ်ပြီး မြို့ထဲတွင်သာ ရှာဖွေရန် ရွေးချယ်လိုက် ကြသည်။
ရှီမာယူယူ အဆင်ပြေသည်ဟု အန်းလေမှ အာမခံထားသဖြင့် တော်သေး သည်။ ထို့ကြောင့် သူတို့သည် စိတ်ပူပန်ခြင်းမရှိကြပေ။
“ဒီရက်တွေမှာ ဦးလေးနဲ့အဒေါ်ဟော်တို့ကို စိတ်ပူအောင်လုပ်မိသွားပါပြီ ယူယူ တကယ်တောင်းပန်ပါတယ်” ရှီမာယူယူသည် စိတ်ရင်းဖြင့် တောင်းပန် လေသည်။
“သမီးအဆင်ပြေရင်တော်ပါပြီ” စူးလျိုနျန်သည် သူမခေါင်းကိုပုတ်လိုက် သည် “ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ဘာမှမပြောဘဲ ဒီအတိုင်းထွက်မသွား ရဘူး”
“နားလည်ပါပြီ”
“ဟုတ်ပြီ ပြောစရာရှိတယ်ဆို တစ်ခုခုဖြစ်လို့လား” စူးလျိုနျန် မေးလိုက် သည်။
“ဒီလိုပါ…”
ရှီမာယူယူသည် ယန်းမျိုးနွယ်အတွင်းတွင် ဖြစ်ခဲ့သမျှကို ပြောပြလိုက် သည်။ သို့သော် နောက်ဆုံးတွင် မသေလူများ ပျောက်သွားသည့်ကိစ္စကို လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် မသေလူများမြင်ခဲ့သည်ကို ပင်ပြောပြလိုက်သည်။
“သူတို့ကို လောကအသေးထဲမှာ ထည့်ထားလိမ့်မယ်လို့ထင်မထားဘူး၊ အဲဒါကြောင့် အချိန်အကြာကြီးစုံစမ်းနေတာတောင် ဘာမှထွက်မလာတာပဲ” ဟော်ကျန့်ကျန်းသည် စားပွဲကိုရိုက်လေသည်။ သူ အားကိုထိန်းချုပ်နိုင်သဖြင့် စားပွဲကျိုးမသွား၍တော်သေးသည်။
“လောကအသေးက သေဆုံးခြင်းရောင်ဝါရှိတဲ့သူတွေကိုပဲ ဝင်ခွင့်ပြုတာ အဲဒါကြောင့် ဦးလေးဟော်ရဲ့လူတွေ မတွေ့တာပဲ၊ စိတ်တိုစရာတော့မရှိပါဘူး” ရှီမာယူယူ သူ့ကိုဖျောင်းဖျလိုက်သည်။ သည်တစ်ကြိမ် သူမ တစ္ဆေရောင်ဝါသုံး ပြီး အလောင်းများနှင့် ဝင်သွားခြင်းကြောင့်သာမဟုတ်လျှင် ထိုနေရာကို ရှာတွေ့မည်မဟုတ်ပေ။
“တကယ်ပဲ အဲလိုသာဆိုရင် ယန်းမျိုးနွယ်နဲ့ မသေလူတွေကြားက ပတ်သတ်မှုကို ဖော်ထုတ်ဖို့က မဖြစ်နိုင်တော့ဘူး” စူးလျိုနျန်သည်စိတ်ပျက်နေ သည်။
“ယန်းမျိုးနွယ်က မသေလူတွေနဲ့ ပတ်သတ်နေသရွေ့တော့ ဖြစ်နိုင်ချေရှိ ပါတယ်” သို့သော် ထိုအရာသည် ချူးချန်းမြို့တွင်မဖြစ်ပေ။
ထိုသို့ဖြစ်လာလျှင် သူတို့ အားများပြန်စုထားပြီး နောက်လနည်းငယ် အကြာတွင် ကျင်းပမည့်လေလံပွဲကို စောင့်ရန်သာရှိသည်။
နောက်လအနည်းငယ်အတွင်းတွင် ယန်းမျိုးနွယ်သည် အလွန်ပင် တိတ်ဆိတ်နေသည်။ အိမ်တော်မှလူများသည် နေ့စဉ်လုပ်ငန်းဆောင်တာများမှ ခွဲထွက်သည်ကို မြင်ရခဲသည်။ သူတို့တွင် မည်သည့်လှုပ်ရှားမှုမှမရှိပေ။ ထို့ကြောင့် မသေလူများ ပျောက်ထားသည်ကိုသာ မသိထားလျှင် ယန်းမျိုးနွယ် တွင် ကိစ္စအထွေအထူးမရှိဟု၍ပင် ထင်မိမည်။
ထိုမသေလူများအကြောင်း တွေးမိရာတွင် ရှီမာယူယူသည် သူမအိမ်သို့ ပြန်ပြီးနောက် ဝိညာဉ်စေတီအတွင်းသို့ ဝင်လိုက်သည်။
ဝိညာဉ်စေတီအတွင်းတွင် သူမ၏ သားရဲများသည် ထိုအလောင်းများကို ဝိုင်းပြီး စစ်ဆေးနေကြသည်။ သို့သော် အချိန်ကြာရှည်စွာ လေ့လာပြီးနောက် တွင် ထိုမသေလူများ လှုပ်ရှားရန် မည်သည့်အရာကလုပ်ထားသည်ကို မသိ သေးပေ။
“ကြည့်ရတာ သူတို့ကိုထိန်းချုပ်ဖို့ နည်းလမ်းလိုတယ်ထင်တယ်” ရှီမာယူယူသည် ကြာမြင့်စွာလေ့လာပြီးနောက် ကောက်ချက်ချလိုက်သည်။ သူမသည် အစကတည်းက သင်ထားသည့် ရှေးဟောင်းသိုင်းများအးလုံးကြိုးစား အသုံးပြုကြည့်သည်။ သို့သော် သူမ မည်မျှပင် အသုံးပြုစေကာမူ ထိုအလောင်း များသည် မလှုပ်ပေ။
“ယူယူ အဲအချိန်ကျရင် သူတို့ကိုဖမ်းပြီး ထိန်းချုပ်တဲ့နည်းကို ဘာလို့ မပြောခိုင်းရမှာလဲ” ရှောင်ချီသည် ထိုမသေလူများအပေါ် ခံစားချက်မကောင်း လှသဖြင့် ရှီမာယူယူ သူတို့ကိုစိတ်ဝင်စားနေသည်ကို မြင်သောအခါ နှုတ်ခမ်းစူ ပြီးပြောလေသည်။
“ငါတို့မှာ တခြားရွေးချယ်စရာမရှိတော့ဘူးနဲ့တူတယ်” ရှီမာယူယူ ပြော လိုက်သည် “မဟုတ်ရင် ငါတို့တစ္ဆေလောကကိုသွားတဲ့အထိစောင့်ပြီး သူတို့ သိလား မသိလားကိုမေးရမယ်ထင်တယ်”
သို့သော် သူမ မသိသည်မှာ တစ္ဆေလောကဖြစ်လျှင်တောင် မသေလူ များကို ထိန်းချုပ်သည့် ထိုနည်းလမ်း အမျိုးအစားသည် ဝိဇ္ဇာအတတ်ဖြစ်နေ သည်ကိုပင်။ တခြားသူများသိလျှင် သူတို့အုပ်စုဖွဲ့ပြီး တိုက်ခိုက်ကြမည်ဖြစ် သည်။ ထို့ကြောင့် သူမသည် ထိုမသေလူများ ဖန်တီးသည့်နည်းလမ်းကိုသိချင် လျှင် စွန့်လွှတ်မှုလည်းရှိရမည်။
နောက်ရက်များတွင် ရှီမာယူယူသည် အပြင်မထွက်တော့ဘဲ တံခါးပိတ် ထားတော့သည်။ ဟော်မျိုးနွယ်သည်လည်း ထပ်စုံစမ်းနေပါက ကိစ္စများသည် အသုံးမဝင်ဖြစ်မည်ကို သိသဖြင့် အပြင်မထွက်တော့ပေ။ သို့သော် သူတို့ အစော ပိုင်းထွက်သွားပြီး နောက်ကျမှပြန်လာသည့်အခါများလည်းရှိသည်။ သူတို့သည် လုံးဝ လက်မလျော့သေးသည့်ပုံပင်။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်း၌သာ ပိတ်လှောင်နေသည်။ တစ်ယောက်ယောက်လာလျှင် ဝိညာဉ်းလေးမှ သူမကိုသတိပေးသည်။ ထို့ကြောင့်ပင် ပြီးခဲ့သည့်လများတွင် သူမ အခန်းထဲတွင်မရှိသည့်အကြောင်းကို မည်သူမှမသိကြပေ။
သူမသည် လေလံပွဲမစခင် တစ်လအလိုထိ ထိုကဲ့သို့နေလာလိုက်သည်။ မြို့ထဲတွင်လူများ များလာသည်နှင့်အမျှ သူမသည် စေတီအတွင်းမနေတော့ဘဲ အခန်းထဲတွင် စာဖတ်နေတော့သည်။
နောက်ပိုင်းတွင် တန့်မျိုးနွယ်မှ ရှီမာယူယူကို ပြဿနာလာရှာချင်ကြ သော်လည်း ဟော်ကျန့်ကျန်းနှင့်တခြားသူများမှ ဖိအားပေးကာ ပြန်ခိုင်းသည် ဟု အန်းလေပြောသည်ကို ပြန်ကြားခဲ့ရသည်။
“ဒီတန့်ယီရှီက ယန်းမျိုးနွယ်မှာ တော်တော်ပျင်းနေတာထင်တယ် သူမက ယန်းမျိုးနွယ်ကိုသွားတောင်မသွားဘူး အဲဒါကိုဘာလို့လာရှာနေတာလဲ မသိဘူး၊ သူမက ဒီမှာနောက်မခံမရှိတာနဲ့ပဲ မင်းတို့အနိုင်ကျင့်လို့ရမယ်ထင်လား ရွှမ်ယွမ် ဆိုင်က သူမကို စောင့်ရှောက်ထားတာတောင် သူမကို လက်ချောင်းနဲ့ထိရဲလား”
စူးလျိုနျန်၏ စကားများသည် တာသွားသည်။ ရှီမာယူယူကို ရွှမ်ယွမ် ဆိုင်မှလူများမည်သို့ ဆက်ဆံသည်ကို ချူးချန်းမြို့တော်မှလူများ သိကြသည်။ အကြောင်းမှာ သူမမှလွဲပြီး အုပ်ချုပ်သူကိုယ်တိုင် ဖိတ်စာပေးခံရသည့်လူမရှိ ပေ။
ဟော်မျိုးနွယ်သည် သူတော်စင်ဆေးကို လေလံတင်ထားသည်ကို သိသဖြင့် တန့်မျိုးနွယ်လည်း အတင်းမလုပ်တော့ပေ။ သူတို့သည် ထိုင်းမှိုင်းစွာ ပင် ထွက်သွားတော့သည်။
ရှီမာယူယူ ထိုအကြောင်းကိုကြားသောအခါ နှာရှုတ်မိသည်။ “အဲလူတွေ က ရှူးရှူးဒိုင်းဒိုင်းလုပ်ဖို့ပဲသိတဲ့လူတွေ၊ တန့်ယီရှီက ယန်းမျိုးနွယ်မှာသေတာ လေ၊ သူတို့ တရားခံကိုမရှာနိုင်ဘဲနဲ့ ရန်ငြိုးရှိတဲ့လူကိုလာရှာပြီး လက်စားချေ ချင်နေတာ”
သူမသည် တရားခံဖြစ်နေသော်လည်း အပြင်လူများအတွက်တော့ သူမ သရုပ်ဆောင်နေပုံသည် တရားခံအစစ်နှင့် သူမကို ဆက်စပ်မိမည်မဟုတ်ပေ။ တန့်မျိုးနွယ်၏ အပြုအမူသည် အားနည်းသည့်သူကို ဒေါသပုံချသည့်ပုံပေါက် နေသည်။
အန်းလေသည် တုန်လိုင်မျိုးနွယ်တွင်နေခဲ့ဖူးသဖြင့် ထိုလူများ၏ ယုတ်ညံ့ မှုကိုသိထားသဖြင့် ဘာမှမပြောပေ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှီမာမျိုးနွယ်မှ လူများရောက်လာ ကြသည်။ ဘိုးဘိုးကြီးမှလွဲပြီး ဘိုးဘိုးနှင့် ဘွားဘွားအပြင် ရှီမာချင်းပါလာသည် ကို ရှီမာယူယူမြင်လိုက်သည်။
“ဘိုးဘေးကြီး အိမ်မှာမနေဘဲ ဘာလို့ဒီအထိရောက်လာတာလဲ”
“မရှုပ်ပါဘူးနော်” ရှီမာချင်းသည် သူမကိုစိုက်ကြည့်ပြီး အဆုံးမရှိ သက်ပြင်းချမိသည်။
သည်ကောင်မလေးသည် မျိုးနွယ်တစ်ခုလုံးကို သက်ရောက်မှုရှိသည်။ သူမသည် သာမာန်ကာလျှံကာပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း တခြား တစ်ယောက်၏ စိတ်ကိုကြောက်ပြီး တုန်ယင်သွားစေသည်။
“ကလေး ဒီတစ်ခေါက်လုပ်တာတော်တယ်၊ ကိုယ့်မှာ အင်အားမရှိရင် တခြားဟာတွေ မတွေးခင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေချာပေါက်ရွေးရမယ်” ဟွမ်ရင်ရင်သည် ရှီမာယူယူ၏ ခေါင်းကိုပုတ်ပြီး သင်ပေးနေသည်။
“သမီး နားလည်ပါတယ် ဘွားဘွား… ဘွားဘွားတို့ အကုန်ပင်ပန်းရော့ မယ်၊ အရင်နားလိုက်ကြပါဦး သမီးပြန်လာရင် မြို့ကိုပတ်ပြပေးမယ်” ရှီမာယူယူ သည် ပြုံးပြီးပြောလေသည်။
“ဟုတ်ပါပြီ”
ရှီမာယူယူသည် သူတို့ကိုအခန်းထဲသို့ ပို့လိုက်သည်။ သူတို့ ပြန်လာချိန် တွင် သူတို့ထဲတွင် လူတစ်ယော်ကအပိုပါနေသည်ကို သတိထားမိလိုက်သည်။ သူမ မျက်လုံးများကျဉ်းမြောင်းကာ ထိုလူအား နိုးနိုးကြားကြားကြည့်လိုက် သည်။
“လူကြီးမင်းက ဘယ်သူလဲ”
***