← Chapters

အဒေါ်ဖန်ကိုသွားရှာခြင်း

Vol. 111 Ch. 1549

အဒေါ်ဖန်ကိုသွားရှာခြင်း

Vol. 111 Ch. 1549

အခန်းထဲမှလူသည် အဖြူရောင်ဝတ်ဆင်ထားပြီး နူးညံ့ကာ အားနည်း သည့်ပုံပေါက်သည်။ သူသည် ပို၍ပင် ဖျော့တော့နေသည်။ ထိုအချိန်တွင် သူ သည် လက်ဖက်ရည်ခွက်ကိုင်ထားပြီး အေးအေး‌ဆေးဆေးသောက်နေသည်။

သူရုတ်တရက် ပေါ်လာခဲ့ပြီး သူတို့လူအများကြီးတောင် သူရှိနေသည်ကို သတိမထားမိကြပေ။ သူသည် သူမ၏ ဘိုးဘေးကြီးထက်ပင် သန်မာသည်။ သူ သာ တစ်ခုခုလုပ်ချင်ရင် သူမလွတ်နိုင်ပါ့မလား။

ရှီမာယူယူသည် သူ့ကိုနိုးနိုးကြားကြား ကြည့်နေပြီး သူသာ တစ်ခုခုလုပ် ချင်လျှင် ဝိညာဉ်စေတီ၏တည်ရှိမှု ပေါ်ပေါက်သွားလျှင်တောင် ဝိညာဉ်စေတီ အတွင်းသို့သွားရမည်ဟု ဆုံးဖြတ်ထားသည်။

“ကောင်မလေး အဲလောက်လည်း စိုးရိမ်နေဖို့မလိုပါဘူး၊ ကျုပ် မင်းကို တစ်ခုခုလုပ်ချင်ရင် မင်းသေသွားလောက်ပြီ” ထိုအမျိုးသားသည် ပေါ့ပါးစွာ ပြုံး လိုက်သည်။

ရှီမာယူယူသည် ထိုစကားကြောင့် သတိလွတ်သွားခြင်းမရှိဘဲ ထပ်မေး လိုက်သည် “လူကြီးမင်းက ဘယ်သူလဲ”

“မင်းက ဒီလောက်သတိရှိတဲ့လူဆိုတာကို ရူယန်မပြောလိုက်ဘူးပဲ” အဖြူရောင်ဝတ်ထားသော အမျိုးသားသည် သူမကို ချီးကျူးလေသည် “မင်းက ပထမဆုံးတွေ့တာနဲ့တင် သူမနဲ့ အရမ်းရင်းနှီးသွားတယ်လို့ကြားတယ်၊ ကျုပ်ကို မြင်တော့ကျဘာလို့ ဒီလောက်တင်းမာနေတာလဲ”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “အဒေါ်ဖန်လား”

သူမ သူ့ကိုကြည့်လိုက်ချိန်တွင် အမှန်တကယ်ပင် အဒေါ်ဖန်နှင့် တူနေ လေသည်။

“ကျုပ်က ဖန်ချင်းလို့ခေါ်တယ် မင်းအဒေါ်ဖန်ရဲ့ သမားတော်ပဲ” ဖန်ချင်း သည် သူ၏သရုပ်မှန်ကို ထုတ်ဖော်လေသည် “အပ်စိုက်ကုထုံးက မင်းရှာတွေ့ ထားတဲ့ပညာလား”

ထိုအခါမှပင် ရှီမာယူယူသည် သူ့စကားများကို ယုံတော့သည်။ ထိုစဉ်က သူမသည် အဒေါ်ဖန်ကို အပ်စိုက်ကုထုံးကို သင်ပေးခဲ့သည်။ သူမ ယုံကြည် သည်။ အဒေါ်ဖန်၏ သမားတော်မှလွဲပြီး တခြားမည်သူမှထိုအကြောင်းအရာကို သိမည်မဟုတ်ပေ။

သူ သူမကိုထိခိုက်အောင်လုပ်ရန် လာခြင်းမဟုတ်ကြောင်းသိပြီးသည်နှင့် သူမ စိတ်အေးသွားကာ ပြန်ဖြေလိုက်သည် “အဲဒါကို ရှေးဟောင်းစာအုပ်တွေမှာ တွေ့ခဲ့တာပါ”

“ဘယ်စာအုပ်လဲ”

“ကျွန်မ မေ့သွားပြီ” ရှီမာယူယူသည် ကျပန်းဆင်ခြေသုံးလိုက်သည်။ အဲဒါ က ဘယ်လိုလုပ် ရှေးဟောင်းစာအုပ်တွေမှာ တကယ်ရှိမှာလဲ။

ဖန်ချင်းသည် သူမ၏ ထိုပုံစံကိုမြင်သောအခါ သူ့ကိုလိမ်နေသည်ကို သိလိုက်ရသည်။

“အဒေါ်ဖန် ဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူမက အစတုန်းကတော့ မကောင်းဘူး ဒါပေမဲ့ မင်းရဲ့အပ်စိုက်ကုထုံးနဲ့ ကုပြီးသွားတော့ အခြေအနေအဲလောက်မဆိုးတော့ဘူး၊ သူမက အဲဒီနေရာက နေ ထွက်သွားလို့မရဘူး မဟုတ်ရင် ကျုပ် သူမကိုထားပြီး မင်းကိုလာရှာမှာ မဟုတ်ဘူး” ဖန်ချင်း ပြောလိုက်သည်။

သူပြောသည့် မည်သည့်နေရာကို ရည်ညွှန်းသည်ကို ရှီမာယူယူ မသိပေ။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်က လာခဲ့သူလည်း ထိုအတိုင်းပြောခဲ့သည်။ အဒေါ်ဖန်သည် မကြာခင်က အလုပ်များနေသည့်ပုံပင်။

အဒေါ်ဖန် နေမကောင်းဟု သူမကြားလိုက်ချိန်တွင် စိုးရိမ်သွားသည်။

“အဒေါ်ဖန်က နေမကောင်းတာကို သူမကို စောင့်ကြည့်မနေဘဲ ဘာလို့ ကျွန်မကိုလာရှာတာလဲ”

“အကြောင်းရှိလို့လာတာပေါ့”

“သူတော်စင်ဆေးအတွက်လား” ရှီမာယူယူခန့်မှန်းလိုက်သည်။

“ဉာဏ်ကောင်းတယ်”

ရှီမာယူယူသည် တိုးတိတ်စွာ မျက်လုံးလှိမ့်လိုက်သည်။ ဒီလို အရေးကြီး တဲ့အချိန်မှာ သူဒီကိုရောက်လာတာ သူတော်စင်ဆေးကြောင့်မဟုတ်ရင် တခြား ဘာကြောင့်ဖြစ်ဦးမှာလဲ။

“ဒါပေမဲ့ သူတော်စင်ဆေးက အဒေါ်ဖန်ရဲ့ရောဂါကိုမကုနိုင်ဘူး”

“မကုနိုင်ရင်တောင် ထိန်းချုပ်နိုင်တယ်”

ရှီမာယူယူ ထိုစကားကြားလိုက်သည်နှင့် တစ်စုံတရာမှားယွင်းနေသည်ကို ခံစားမိလိုက်သည် “အဒေါ်ဖန် ဘာဖြစ်လို့လဲ သူမက ဝိညာဉ်စွမ်းအင်သုံးလိုက် တာလား”

ဖန်ချင်းသည် ရှီမာယူယူ သူ့ကိုစိုက်ကြည့်နေပုံကိုမြင်သောအခါ သက်ပြင်းချပြီး ပြောလိုက်သည် “နှစ်ခါ မင်းပို့ပေးတဲ့အပ်စိုက်ကုထုံးကြောင့်သာ မဟုတ်ရင် ဘေးဒုက္ခဖြစ်သွားမယ့်ကိစ္စကြီးပဲ”

“အဒေါ်ဖန် သူမ….” ရှီမာယူယူသည် ထိုအခိုက်တွင် သူမကို အပြစ်ရှာ သည့်စကားများ မပြောနိုင်ပေ။ အဒေါ်ဖန်သည် ဝိညာဉ်စွမ်းအင် မသုံးသင့်သည် ကိုသိထားသည်။ ထို့ကြောင့် ထူးခြားသော အခြေအနေမဟုတ်လျှင် သူမ ထိုသို့ လုပ်မည်မဟုတ်ပေ။

ရှီမာယူယူ အမှန်တကယ်ပင် ဖန်ရူယန်ကို စိုးရိမ်နေသည်ကို ဖန်ချင်းမြင် သောအခါ ဒီကောင်မလေးကို မျက်စိကျလောက်စရာဟုပင် တွေးမိသည်။ ဖန်ရူယန် သူမကို အလိုလိုက်သည်မှာ အချည်းနှီးမဖြစ်ပေ။

“အဲလောက်ကြီးစိတ်မပူနဲ့ ငါတို့သူတော်စင်ဆေးကို ရသရွေ့ ရလဒ်က အံ့ဖွယ်ဆေးနဲ့သိပ်ကွာမှာမဟုတ်ဘူး၊ သူမ ခန္ဓာကိုယ်နဲ့ဆိုရင် ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက် ကုနိုင်လောက်တယ်” သူသည် ပေါ့ပါးစွာပြောနေ သော်လည်း စိတ်ပူနေသေးသည်။

သူတော်စင်ဆေးသည် ကောင်းသော်လည်း အံ့ဖွယ်ဆေးမဟုတ်ပေ။ ထို့အပြင် သာမာန်အံ့ဖွယ်ဆေးများသည် သူမအတွက် အသုံးမဝင်ပေ။ အံ့ဖွယ် အရွတ်သာ အလုပ်ဖြစ်မည် ဖြစ်သည်။

သို့သော် ဖန်မျိုးနွယ်၏ အားနှင့်တောင် မရှာနိုင်သည်မှာ ထိုဆေးပစ္စည်း သည် ကမ္ဘာပေါ်တွင် မရှိတော့ခြင်းဖြစ်မည်ဟု ဆိုလိုသည်။

“အံ့ဖွယ်အရွတ်သာရှိရင် သူမက လုံးဝအရှင်းပျောက်သွားမှာလား”

ဖန်ရူယန်သည် အံ့ဖွယ်အရွတ်ကို အမြဲတစေ ရှာနေခဲ့သည်။ ထိုပစ္စည်း အကြောင်း သူမကို ပြောခဲ့သူမှာလည်း ဖန်ချင်းပင်ဖြစ်သည်။။

“၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ပေါ့”

ရှီမာယူယူသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် “ကမ္ဘာ မြေကြီး မျက်လုံးပါရှိနေရင်ရော”

“၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း”

“အသက်သစ်ပင်ပါရှိနေရင်ရော”

“မင်းမှာ အဲပစ္စည်းသုံးခုရှိနေရင် သူမရောဂါကို ရာနှုန်းပြည့် ကုနိုင်တယ်” ဖန်ချင်းသည် ယုံကြည်ချက်ရှိရှိပြောလေသည် “ဒါပေမဲ့ အဲဒါတွေက ဒီတိုက်က နေတောင် ပျောက်ကွယ်နေလောက်ပြီ”

ရှီမာယူယူ စဉ်းစားကြည့်ပြီးပြောလိုက်သည် “သူတော်စင်ဆေးကို လေလံ မဆွဲပါနဲ့ ကျွန်မကို အဒေါ်ဖန်ဆီကိုပဲ ခေါ်သွားပေးပါ”

ဖန်ချင်းသည် ရှီမာယူယူကို ကြည့်လိုက်ရာ သူမအကြည့်ထဲမှ အဖြေကို မြင်ရလေသည်။ သူမသည် လိုက်ရန် ဆုံးဖြတ်ပြီးသည့်ပုံပင်။

“မင်းမှာ အဲဒါသုံးခုလုံးရှိနေတာလား” သူသည် အသက်ရှုရန်ပင် မေ့လျော့ နေပုံပင်။

“အင်း” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ အဲဒါတွေရထားတယ်၊ အဲဒါ တွေရတုန်းက အဒေါ်ဖန်ကိုရှာပြီး ကုပေးမလို့လုပ်သေးတယ် ဒါပေမဲ့ သူမက ကျွန်မကိုလာမရှာလို့ သူမကိုဘယ်လိုရှာရမှန်းမသိဘူးဖြစ်နေတာ”

ထိုအချိန်အတွင်းတွင် သူမသည် သူမ၏အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ် ပုံတူကိုသုံးပြီး ဖန်ရူယန်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် ဖန်ရူယန် သည် အဆက်အသွယ်ဖြတ်ထားသည်ကို ရုတ်တရက် သိလိုက်ရသည်။ အခု စဉ်းစားကြည့်ရာ သူမသည် ဒဏ်ရာအပြင်းအထန်ရထားသည့်ပုံပင်။

ဖန်ချင်းသည်လည်း ပျော်ရွှင်မိသည်။ သူမသာ အမှန်တကယ် ထိုပစ္စည်း များရှိပါက ဖန်ရူယန်ကို ကုသနိုင်တော့မည်။ ထို့နောက်တွင် သူ တည်ငြိမ်သွား ပြီး ပြောလိုက်သည် “လေလံပွဲပြီးတာနဲ့ သွားကြတာပေါ့၊ ရှေးဟောင်း သူတော် စင်ဆေးနဲ့ဆို ပိုသက်ရောက်မှုရှိလိမ့်မယ်”

“အဒေါ်ဖန်အတွက်က ရှေးဟောင်းသူတော်စင်ဆေးကို ပြင်ပြီးပါပြီ လေလံပွဲကဟာက အဒေါ်ဖန်အတွက် အဲလောက်အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက သူတော်စင်ဆေးတောင် ပြင်ပြီးပြီလား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လေသည်။

သူမသည် သတ္တုရိုင်းဖွင့်ရာမှ သူတော်စင်ဆေးတစ်ခုကို ရရှိပြီးနောက် တစ်ခုမှာ ဖန်ရူယန်အတွက် အသုံးဝင်သည်ကို သိလိုက်သည်နှင့် သိမ်းထား လိုက်သည်။

“ဒါဆိုလည်း အခုပဲသွားကြတာပေါ့” ဖန်ချင်းသည် သူမလက်ကို ဆွဲလိုက် သည်။

“ခဏလေး ကျွန်မဘိုးဘိုးတို့ကိုအရင်ပြောလိုက်ဦးမယ်” ရှီမာယူယူ ပြော လိုက်သည်။

“ဒါဆို အတူသွားကြတာပေါ့”

ရှီမာယူယူသည် သူမသွားတော့မည်ဖြစ်ကြောင်းနှင့် သူတော်စင်ဆေးကို လေလံမဆွဲရန် ပြောထားခဲ့သည်။ တခြားပစ္စည်းများကိုတော့ သူတို့လိုချင်သည့် အရာရှိလျှင် ကုန်ကျစရိတ်ကို စိတ်မပူဘဲ လေလံဆွဲရန် မှာကြားခဲ့သည်။ အနည်းဆုံးတော့ သူမသည် သူတော်စင်ဆေးမှရလာသည့် ပိုက်ဆံပင်ပြန်ဝယ် နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုပစ္စည်းများသည် သူမ၏ သူတော်စင်ဆေး ထက် တန်ဖိုးနည်းမည်။

“ဒါဆို ဘယ်တော့ပြန်လာမှာလဲ” ဟွမ်ရင်ရင်သည် စိတ်ပူနေသည်။

“ရွှမ်ချူးဟော်နဲ့ ချိန်းထားတဲ့အချိန်မတိုင်ခင် ပြန်လာလောက်မှာပါ” ရှီမာယူယူ ပြောလိုက်သည် “သမီး အချိန်မှီပြန်မလာနိုင်ရင် ရွှမ်ချူးဟော်ရဲ့လူ တွေလာရှာလိမ့်မယ်၊ အဲအချိန်ကျရင် သမီးကိစ္စလေးတစ်ခုရှိလို့ နောက်မှသူ့ကို လာရှာမယ်လို့ ပြောပေးပါ”

“ဟုတ်ပြီ”

ရှီမာယူယူသည် သူတို့ သူမစကားနားမ‌ထောင်ဘဲ သူတော်စင်ဆေးကို လေလံဆွဲလိုက်မည်ကို စိုးရိမ်သဖြင့် ရှီမာမျိုးနွယ်များကို ချန်ထားပြီး ရှီမာချင်း တစ်ယောက်တည်းကိုခေါ်ကာ ရှေးဟောင်းသူတော်စင်ဆေးထုတ်ပေးပြီး ပြော လိုက်သည် “သမီး ဒါကိုလည်း သတ္တုရိုင်းထဲကရထားတာပဲ လေလံပွဲကဟာရဲ့ အရည်အသွေးက ဒါကိုမမှီဘူး”

ရှီမာချင်းသည် ရှီမာယူယူဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သဖြင့် ခေါင်းညိတ်လိုက်သည်။

သူ့မျိုးနွယ်တွင် တစ်ခုရှိပါက လေလံပွဲမှ သတ္တုရိုင်းကို စဉ်းစားတော့မည် မဟုတ်ပေ။

“ဂရုစိုက်နော်” ရှီမာချင်းသည် ဖန်ချင်းကို ကြည့်လိုက်သည်။ သူ စိုးရိမ် သော်လည်း ရှီမာယူယူ လုပ်ချင်သည့်အရာကို တားမရပေ။

“ကောင်မလေး မြန်မြန်လုပ်” ဖန်ချင်း လောလိုက်သည်။

“ဘိုးဘေးကြီး ယန်းမျိုးနွယ်နဲ့ မသေလူကြားကကိစ္စကို သတိထားပေးပါ တခြားကိစ္စတွေကိုတော့ ပြန်လာမှပဲ ဦးလေးဟော်ကိုမေးတော့မယ်” ရှီမာယူယူ သည် ဖန်ချင်းအနည်းငယ် စိတ်မရှည်တော့သည်ကို မြင်ပြီးနောက် ဆက်ပြော မနေတော့ဘဲ သူ့ဘေးသို့ပြန်သွားလိုက်သည်။

ဖန်ချင်းသည် ရွှေရောင်အလင်းတန်းဖြင့် ရှီမာယူယူကိုပတ်လိုက် ပြီးနောက် သူတို့နှစ်ယောက်သည် အားလုံးရှေ့တွင် ပျောက်ကွယ်သွားလေ သည်။

သူ ထိုသို့လုပ်လိုက်သည်နှင့် ရှီမာယူယူကို ခေါ်သွားသူသည် သာမန် စွမ်းအားရှိသူမဟုတ်သည်ကို သိလိုက်သဖြင့် အားလုံးသည် ပို၍စိတ်ပူသွားလေသည်။

***

All Chapters