← Chapters

ဖန်မျိုးနွယ်၏ နယ်မြေ

Vol. 111 Ch. 1550

ဖန်မျိုးနွယ်၏ နယ်မြေ

Vol. 111 Ch. 1550

ထိုကိစ္စသည် ရှီမာယူယူ၏ ဆုံးဖြတ်ချက်ဖြစ်သည်ကို ရှီမာယူယူ၏ မျိုးနွယ်ဝင်များသိသဖြင့် သူမကို စိုးရိမ်လျှင်တောင် ကြားမဝင်သင့်ကြောင်း နားလည်သည်။

သူမ မပြောခင်ပြောသွားသည်ကို အမှတ်ရသွားသဖြင့် ဟော်ကျန့်ကျန်း ကို သွားရှာပြီး မသေလူများအကြောင်းမေးရာ ရှီမာယူယူသည် သူတို့အစီအစဉ် ကို မတော်တဆဖျက်ဆီးမိသွားရာ ယန်းမျိုးနွယ်သည် ချင့်ချိန်စွာလှုပ်ရှားနေ သည်ကို သိလိုက်ရသည်။

ရှီမာယူယူ ထိုနေရာတွင် လုပ်ခဲ့သည့်အရာကို သိသွားသောအခါ ရှီမာကျိယွင် သက်ပြင်းချမိသည်။ ဒီကောင်မလေးကတော့ တခြားသူတွေကို စိတ်ပူအောင်လုပ်တတ်တာပဲ။ သူမ ပြန်လာတဲ့အချိန်တိုင်းကို တခြားသူတွေ တုန်လှုပ်လောက်မယ့်ကိစ္စတွေပဲ လုပ်သွားတယ်။

သူမ ယန်းမျိုးနွယ်တွင် တစ်ခုခုဖြစ်သွားပါက သူမကိုလွှတ်လိုက်သည့် အတွက် သူတို့နောင်တရမည်ဖြစ်သည်။

ရှီမာယူယူသည် ဖန်ချင်းနောက်လိုက်သွားသည်။ သူတို့သည် လေဟာပြင် ထဲတွင် အရှေ့အနောက်ခရီးသွားကြပြီး မည်သည့်နေရာသို့ မည်လောက်ကြာ သည် မည်မျှဝေးသည်ကို မသိပေ။ ရှီမာယူယူသည် သူတို့ လေဟာပြင်ဧရိယာ သို့လာချိန်တွင် ဦးတည်ဘက်ကို မခန့်မှန်းတတ်ပေ။

“ရောက်ပြီလား အဒေါ်ဖန်က ဒီမှာလား” သူမသည် အနည်းငယ် မူးဝေနေ တုန်းပင်။ ဖန်ချင်းမှ သူမကိုအချိန်မှီမဆွဲလိုက်လျှင် သူမကျသွားနိုင်သည်။

“ဒါကဖန်မျိုးနွယ်ပဲ ရူယန်ကဒီမှာမရှိဘူး သူမကိုလူလွှတ်ပြီးခေါ်ခိုင်းလိုက် မယ်” ဖန်ချင်း ပြောလိုက်သည်။

သူသည် ထိုနေရာသို့ရောက်ပြီးနောက်တွင် ဝိညာဉ်သားရဲခေါ်ထုတ်ပြီး ရှီမာယူယူကို ထိုင်ခိုင်းပြီးမျိုးနွယ်ဘက်သို့ ပျံသန်းလိုက်သည်။

ဖန်မျိုးနွယ်တွင် ဖန်ချင်း၏ ရာထူးမြင့်သည်ကို ရှီမာယူယူ အာရုံခံမိသည်။ မြေပေါ်မှလူများသည် လုပ်နေသည့်အလုပ်များမှရပ်ကာ သူ့ကိုနှုတ်ဆက်ကြ သည်။ တချို့မှာ မတ်တတ်ရပ်ပြီးပင် နှုတ်ဆက်ကြသည်။ သူသည် အနည်းဆုံး မျိုးနွယ်အကြီးအကဲဖြစ်မည်ဟု သူမ ခန့်မှန်းမိသည်။

တစ်ခါတလေတွင် ဖန်ချင်းသည် ခဏကြာအောင် စကားရပ်ပြောလေ သည်။

“လူကြီးမင်း ဒါက…” လူတစ်ယောက်သည် သူ့ကိုနှုတ်ဆက်နေစဉ်တွင် ရှီမာယူယူကို မြင်လေသည်။

“ဒါကရှီမာယူယူပဲ သူမက မျိုးနွယ်မှာခဏလောက်တော့ နေလိမ့်မယ်”

တစ်ဖက်လူသည် အလွန်အံ့ဩသွားကာ ပြောလေသည် “လူကြီးမင်း မျိုးနွယ်ရဲ့ စည်းမျဉ်းက အပြင်လူတွေဝင်လာနေဖို့ကို တားမြစ်ထားတာမဟုတ် ဘူးလား”

“အဲဒါကိုစိတ်ပူဖို့မလိုပါဘူး” ဖန်ချင်း တုံ့ပြန်ပြီးနောက်တွင် တစ်ဖက်လူ သည် မေးမြန်းမှုရပ်သွားလေသည်။

“အဲဒါဆိုရင် သူမနေဖို့ ကျွန်တော်တို့ ဘယ်မှာစီစဉ်ပေးရမလဲ”

“ငါပဲ သူမကိုခေါ်သွားလိုက်မယ် မင်းတို့ စိတ်ပူဖို့မလိုဘူး” ဖန်ချင်းသည် ပြောပြီးသည်နှင့် သူမနှင့် ထွက်လာလိုက်သည်။

ဖန်ချင်းမှ အပြင်လူကို မျိုးနွယ်သို့ခေါ်လာသည့်သတင်းမှာ လျင်မြန်စွာ ပင် ပျံ့သွားလေသည်။ မျိုးနွယ်၏ စည်းမျဉ်းကို ချိုးဖောက်ကာ ခေါ်လာသည့်သူ သည် မည်သူဖြစ်မည်ကို အားလုံးသိချင်နေကြသည်။ သူမကို ချင်းဖန်ဥယျာဉ်သို့ ခေါ်သွားသည်ကို သူတို့ သိပြီးနောက် ပိုသိချင်သွားကြသည်။

သို့သော် သူ့ဆုံးဖြတ်ချက်ကို မည်သူမှ မေးခွန်းမထုတ်ရြပေ။ သူ စိုးရိမ်ရန် မလိုဟု ပြောလိုက်လျှင် မည်သူမှ သူ့ကိုမဆန့်ကျင်ရဲပေ။

ဖန်ချင်း၏ အဆင့်အတန်းနှင့်ဆိုလျှင် မျိုးနွယ်အကြီးအကဲများပင် သူ့ကို မထိန်းချုပ်နိုင်ပေ။

ထိုနေရာသည် တိုက်၏ မည်သည့်အပိုင်းဖြစ်သည်ကို ရှီမာယူယူ မသိပေ။ သို့သော် သူမသည် ပါးနပ်စွာဖြင့် မည်သည့်မေးခွန်းမှမမေးပေ။ အချိန်ကျလျှင် သူမ သိလာမည့်တချို့ကိစ္စများရှိသည်။ သူမ မသိသင့်သည့် အကြောင်းအရာ များကို မမေးပေ။

သို့သော် ဖန်မျိုးနွယ်သည် တိုးတက်သောမျိုးနွယ်ဖြစ်သည်။ သူတို့သည် အနီးအနားစီရင်စုနယ်များကို ဖြတ်ကျော်လာခဲ့ကာ သူတို့အားလုံးသည် မျိုးနွယ် ၏ အဖွဲ့ဝင်များဖြစ်သည်ဟု ပြောခဲ့သည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ မျိုးနွယ်ဝင်များသည် ကလေးများကို ပျိုးထောင်ရာတွင် ကောင်းလှသည်ဟု ထင်မိသည်။ လူဦးရေများလှကာ တိုက်ခိုက်လျှင်တောင် အဖွဲ့လိုက်တိုက်ခိုက်ရမည်။

ဖန်ချင်းသည် အနီးအနား စီရင်စုနှင့် ဝေးသော သူ၏ခြံဝန်းဆီသို့ခေါ်သွား သည်။ သို့သော် ပတ်ဝန်းကျင်မှာ ကောင်းလွန်းကာ ဝိညာဉ်စွမ်းအင်သည် ထူးခြားစွာ ပေါများပြီး ကျင့်ကြံရန်ပြီးပြည့်စုံသော နေရာဖြစ်သည်။ သာမာန် နေရာတွင် ဆယ်ရက်ကျင့်ကြံသည်နှင့် ဤနေရာတွင် တစ်ရက်ကျင့်ကြံသည်က ညီမျှနိုင်သည်။

သူသည် ဖန်မျိုးနွယ်တွင် ရာထူးမြင့်သောလူဖြစ်သည်။

ရက်အနည်းငယ် ထိုနေရာတွင်နေပြီးနောက် သူသည် ထိုမျှကောင်းသော နေရာကို ကျင့်ကြံရန်အတွက် မသုံးသည်ကို သူမ သတိထားမိုလိက်သည်။ ထိုအစား သူသည် ရတနာတချို့ပျိုးထောင်ရန်အတွက် သုံးသည်။

ဖန်ချင်းသည် သူမအတွက် ခြံဝန်းတစ်ခုစီစဉ်ပေးပြီပြောလိုက်သည် “အချိန်တစ်ခုလောက်တော့ ဒီမှာနေဦး ငါ ရူယန်ကိုလူလွှတ်ပြီး ခေါ်ခိုင်းလိုက် မယ်၊ မင်းဒီနားဟိုနားသွားချင်ရင် ကောင်လေးတွေ ခေါ်သွားလို့ရတယ်”

သူသည် ပြောပြီးသည်နှင့် ခြံဝန်းမှပျောက်သွားလေသည်။

“သခင်မလး” ကောင်းလေးနှစ်ယောက်သည် ရုတ်တရက် သူမနောက်မှ ပေါ်လာရာ သူမလန့်သွားလေသည်။

ရှီမာယူယူ လှည့်ကြည့်ရာ ၇ နှစ် ၈ နှစ်အရွယ် ရုပ်တူသော ကောင်းလေး နှစ်ယောက် သူမကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကောင်လေးနှစ်ယောက်လုံးသည် ပါးဖောင်းဖောင်းနှင့် မျက်လုံးများဝိုင်း စက်နေပြီးချစ်စရာကောင်းလှသည်။ ထိုမျက်လုံးများကို ကြည့်ရာ တုလေးကို သွားသတိရမိစေသည်။

သူသည် အမှောင်တောမှထွက်သွားပြီးနောက် သူမနှင့် တစ်ခါမှ မဆက်သွယ်ခဲ့ပေ။ သူ မျိုးနွယ်ကိုပြန်ပြီးနာက် အဆင်ပြေရဲ့လားဟု သူမ သိချင် မိသည်။ နှစ်တွေကြာပြီးနောက် သူဘယ်လိုပုံဖြစ်နေပြီလဲဆိုသည်ကို သူမ သိချင်မိသည်။

“မင်းတို့ကဘယ်သူတွေလဲ” သူမ လက်ဆန့်ထုတ်ပြီး သူတို့ခေါင်းကို ပုတ် ပေးလိုက်သည်။

ဘယ်ဘက်မှကောင်လေးသည် မျက်မှောင်ကြုတ်ပြီး နောက်ဆုတ်ကာ အေးစက်သောမျက်နှာဖြင့် သူမလက်မှ ရှောင်ထွက်လိုက်သည်။

နောက်တစ်ယောက်မှာ ရုန်းမထွက်သည့်အပြင် သူမကိုပြုံးပြီး ကြည့်လေ သည် “ကျွန်တော်တို့က လူကြီးမင်းရဲ့ ပညာသင်ကောင်လေးတွေပါ ကျွန်တော့် နာမည်က ဖန်ဖန် သူကယွမ်ယွမ် ကျွန်တော်ကအကြီး သူကညီလေးပါ”

“လူကြီးမင်းက မသွားသင့်တဲ့နေရာ သွားမှာစိုးလို့ သခင်မလေးကို ခေါ် သွားပေးဖို့ပြောထားတယ်” ယွမ်ယွမ်သည် အေးစက်သောစရိုက်ရှိပြီး မတူသည့် ပုံပေါ်သည်။

ရှီမာယူယူသည် ဖန်မျိုးနွယ်အကြောင်းသိချင်နေတုန်းဖြစ်သည်။ သို့သော် သူမ လည်ပတ်ရန်လာခြင်းမဟုတ်သဖြင့် ထိုကိစ္စကို စိတ်ဝင်စားမှုလျော့သွား သည်။

“အခု နည်းနည်းပင်ပန်းနေပြီ နားချင်လို့ နောက်မှငါ့ကိုလိုက်ပို့မလား”

“ရတယ်လေ ဒါဆိုရင်လည်း ဆေးဥယျာဉ်ကို သွားရှင်းလိုက်ဦးမယ် သခင်မလေး အပြင်သွားချင်ရင် ကျွန်တော်တို့ကိုလာခေါ်လိုက်ပေါ့” ဖန်ဖန် သည် ပြုံးပြီးပြောလေသည်။

“မင်းတို့က ဆေးပင်တွေအကြောင်းသိတာလား” ရှီမာယူယူ သိချင်နေ သည်။

“သခင်မလေး ကျွန်တော်တို့က ပုနေပေမဲ့ သခင်မလေးထက် နှစ်ပေါင်း ရာချီကြီးတယ်၊ ပြီးတော့ ဆေးဥယျာဉ်ကို ကျွန်တော်တို့ပဲရှင်းနိုင်တာ” ယွမ်ယွမ် ရှင်းပြလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ အသက်တစ်ရာရှိတဲ့…. ကောင်လေး တွေလား။

အခုလေးတင် သူတို့ကို ကလေးအမှတ်နှင့် သူမ သူတို့ကို ခေါင်းသပ်ပေးခဲ့ သည်။

ဖန်ချင်းကိုပင် အပြစ်တင်ရမည်။ သူတို့ကို ကောင်လေးဟုခေါ်ခဲ့သည်။ ထို့ကြောင့်ပင် သူတို့ ငယ်ဦးမည်ဟု သူမ ထင်မိသည်။

“လုပ်စရာရှိတာ သွားလုပ်ကြပါ” သူမ ပြောပြီးနောက် လှည့်ကာ ဖန်ချင်း သူမအတွက် စီစဉ်ပေးထားသော အိမ်သို့သွားလိုက်သည်။

ရှက်စရာကောင်းလိုက်တာ။

ထို့ကြောင့်ပင် ရှီမာယူယူသည် ရှက်သွားကာ အပြင်မထွက်ရဲဘဲ ဖန်ရူယန် ကို အိမ်ထဲကနေသာ စောင့်တော့သည်။ သူမသည် ဆေးစာအုပ်ထုတ်ပြီး ဖတ် နေလိုက်သည်။ ဖန်ရူယန် မည်သည့်အချိန်ပြန်လာမည်ကိုလည်း မသိပေ။

ဖန်ဖန်နှင့်ယွမ်ယွမ်တို့သည် အနောက်ဘက်မှ ဆေးဥယျာဉ်ကို ရှင်းလင်း နေသော်လည်း ခြံဝန်းတစ်ခုလုံးထဲမှ လှုပ်ရှားမှုအာလုံးသည် သူတို့ထိန်းချုပ်မှု အောက်တွင်ရှိသည်။ လွန်ခဲ့တဲ့ နှစ်ရက်က ရှီမာယူယူ ခေတ္တမျှသာ အနားယူပြီး သူတို့ကိုခေါ်လာ လည်ပတ်မည်ဟု ထင်ထားသည်။ သူမ စာဖတ်ကတည်းက ၁၀ ရက်လုံးလုံးအပြင် မထွက်ဘဲနေလိမ့်မည်ဟု ထင်မထားပေ။

“သူက ဖန်မျိုးနွယ် အကြောင်းသိချင်ရမှာမဟုတ်ဘူးလား” ဖန်ဖန်သည် တအံ့တဩဖြင့် မေးစေ့ကိုပွတ်လိုက်သည်။

“လူတိုင်းကသိချင်တာမဟုတ်ဘူး” ယွမ်ယွမ်သည် ရှီမာယူယူ ထူးဆန်း သည်ဟု မထင်မိပေ။

“ယွမ်ယွမ် ဆရာက သူမကိုဘာလို့ခေါ်လာတယ်လို့ ထင်လဲ၊ သူက ငါတို့ အတွက် သခင်မရှာလာတာလား” ဖန်ဖန်သည် စဉ်းစားရင်းနှင့် ပျော်နေသည်။

ယွမ်ယွမ်သည် သူ့ကို တည်ငြိမ်စွာပင် ကြည့်လိုက်သည် “သူမ ပေါ်မှာ ဖန်မျိုးနွယ်ရောင်ဝါ ဖျော့ဖျော့လေးရှိတာ မခံစားမိဘူးလား၊ ဆရာက ဖန်မျိုးနွယ်က လူကိုသခင်မအဖြစ်ရှာမှာမဟုတ်ဘူး”

“အမှန်ပဲ” ဖန်ဖန် သက်ပြင်းချလိုက်သည်။

ထိုကောင်လေးများသည် ဆေးပင်များကို ဂရုစိုက်ရရုံတင်သာမကဘဲ သူ့ဘဝကိုပါ စိတ်ပူပေးနေသည်။

ရုတ်တရက် ယွမ်ယွမ်၏ မျက်လုံးများအရောင်တောက်သွားပြီး အဝေးမှ ကောင်းကင်ကိုကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် “ဆရာပြန်လာပြီ”

အိမ်ထဲမှ ရှီမာယူယူသည် တစ်စုံတစ်ခုကို ခံစားမိသည်။ သူမ တံခါးဖွင့်ပြီး ထွက်လိုက်သည်နှင့် တဖြည်းဖြည်းပေါ်လာသော ဖန်ရူယန်ကိုတွေ့လိုက်သည်။

***

All Chapters