ဖန်မျိုးနွယ်၏ သမိုင်းကြောင်း ၁
Vol. 111 Ch. 1551
ဖန်ရူယန်သည် လှမြဲလှဆဲပင်။ သူမ ရပ်လိုက်သည်နှင့် ခြံဝန်းတစ်ခုလုံး သည် သက်ဝင်လှုပ်ရှားလာသလိုပင်။
“အဒေါ်ဖန်” ရှီမာယူယူ၏ ရင်နာကျင်မိသည်။ ဖန်ရူယန်သည် မတွေ့ရ သည့်နှစ်ပေါင်းများစွာအတွင်းတွင် သူမကို အမျိုးမျိုးကူညီပေးခဲ့သည်။ အမှောင် တောတွင်ရှိခဲ့စဉ်က ဖန်ရူယန်၏ ဝိညာဉ်အမှတ်အသားကြောင့်သာမဟုတ်လျှင် သူမသည် တုလေး၏ တုန်မျိုးနွယ် သတ်တာကိုခံရနိုင်သည်။
သူမ ကိုယ်ပိုင်ဂိုဏ်းတည်ထောင်စဉ်ကလည်း ဖန်ရူယန်သည် သူမကို လက်ဆောင်များပို့ပေးပြီး သူမခန္ဓာကိုယ်ကိုလည်း ပြောင်းလဲပေးကာ ဖန်မျိုးနွယ်ရောင်ဝါကိုတောင် ပေးခဲ့သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အပြင် လောကတွင် အကာအကွယ်တစ်ခုပေးလိုက်သလိုပင်။
ပြီးနောက်ရွှမ်ယွမ်ဆိုင်သည် သူမကိုကာကွယ်ပေးသည်။ သူမ ထိုအရာ အားလုံးကို မှတ်မိသည်။
ဖန်ရူယန်သည် ရှီမာယူယူအား ကြည့်ရင်းနှင့် ပေါ့ပါးစွာပြုံးလိုက်သည်။ သူမသည် နောက်ဆုံးတစ်ကြိမ် သူတို့တွေ့ခဲ့သည်နှင့် မတူတော့ပေ။
အရင်က သူမသည် တိုင်းပြည်အိမ့်မှလာသော ငယ်ရွယ်ကာ မကြောက် တတ်သော မိန်းကလေးတစ်ယောက်ဖြစ်ကာ အခုချိန်တွင် သူမ၏ အချိုးများ ပြေသွားသလိုပင်။
သူမသည် ရှီမာယူယူ၏ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “မင်း အရွယ် ရောက်လာပြီပဲ”
“ရူယန် ဝင်ရအောင်” ဖန်ချင်းသည် ဖန်ရူယန်၏ ခံစားချက်ပြင်းသောပုံစံ ကို မြင်ခဲလှသည်။ သူ ထပ်ကြည့်ချင်သော်လည်း ပိုအရေးကြီးသည်မှာ သူမ ကုသနိုင်ရေးဖြစ်သည်။
ဖန်ရူယန်သည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး အိမ်ထဲသို့အတူဝင်သွားရာ ဖန်ဖန်နှင့် ယွမ်ယွမ်တို့သည် ဦးညွှတ်နှုတ်ဆက်ပြီးနောက် ပျော်ရွှင်စွာ အော်လေ သည် “ဆရာ”
“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပဲနော်” ဖန်ရူယန်သည် သူတို့နှစ်ယောက် လုံးကို ခေါင်းညိတ်ပြလိုက်သည်။
ပြီးခဲ့သည့်နှစ်များတွင် သူမတွင် ဆေးများစွာရှိခဲ့ကာ သူတို့ကို အမှီပြုခဲ့ သည်။ ထို့ကြောင့် သူမ သူတို့ကိုမှတ်မိသည်။
ဖန်ဖန်နှင့် ယွမ်ယွမ်တို့သည် ထိုစကားကိုကြားသောအခါ ပို၍ပင်ပျော် သွားသည်။ ထို့ကြောင့် ဖန်ချင်းလျှောက်သွားကာ သူတို့နှစ်ယောက်အပြုအမူကို မြင်သောအခါ ငေါက်ငမ်းလိုက်သည်။
သူတို့သည် ဖန်ရူယန်ကို မြင်သည့်အချိန်တိုင်း ထိုကဲ့သိုပင်။ ရှက်ဖို့ ကောင်းလိုက်တာ။
ဖန်ဖန်နှင့်ယွမ်ယွမ်တို့သည် စိတ်မဆိုးကြပေ။ သူတို့သည် သူ့နောက်မှ လိုက်ပြီး အိမ်ထဲသို့ဝင်သွားရာ အထဲသို့ရောက်သည်နှင့် ဖန်ရူယန်ပြောလိုက် သည့် စကားကိုကြားရမည်ဟု ထင်မထားပေ “ယူယူ မင်းမှာ အံ့ဖွယ်အရွတ် အသက်သစ်ပင်နဲ့ ကမ္ဘာကြီးမျက်လုံးရှိတယ်လို့ ဖန်ချင်းပြောတယ် ဟုတ်လား”
သူတို့နှစ်ယောက်လုံးသည် ငေးငိုင်သွားကာ ရှီမာယူယူအား အလိုလို ကြည့်လိုက်မိသည်။
ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အံ့ဖွယ်အရွတ်ကို ကျွန်မရဲ့ စီနီယာအစ်ကိုက ပေးထားတာပါ၊ ကျွန်မဂိုဏ်းထဲမှာရှိတုန်းက ကမ္ဘာမြေကြီး မျက်လုံးကိုရခဲ့ပြီး အသက်သစ်ပင်ကတော့ ထာဝရရှင်သန်သူနယ်မြေကတွေ့ခဲ့ တာပါ”
“အဲပစ္စည်းသုံးမျိုးက လူတွေအတွက် ရတနာတွေဆိုတာသိရဲ့လား မင်းမှာ သာ အဲဒါတွေရှိနေရင် မင်းရဲ့အနာဂတ်ကပြောင်းလဲသွားမှာပဲ” ဖန်ရူယန်သည် သူမကို ကြည့်လိုက်သည်။
“ကျွန်မသိပါတယ်၊ ဒါပေမဲ့ အဲဒါကိုအဒေါ်ဖန်ကို ကုဖို့အတွက် သုံးဖို့ ဆန္ဒ ရှိပါတယ်” ရှီမာယူယူသည် နောင်တမရပေ။
အံ့ဖွယ်အရွတ်သည် ဖန်ရူယန်အတွက် အထူးတလည်ပြင်ဆင်ထားခြင်း ဖြစ်ကာ အသက်သစ်ပင်နှင့် ကမ္ဘာမြေကြီးမျက်လုံးကိုတော့ ချင်ယိနှင့် ရှောင်ချီ တို့နှင့် ဆွေးနွေးပြီးဖြစ်သည်။ အနည်းငယ်ပေးရုံနှင့် သူတို့ကို သက်ရောက်မှုမရှိ နိုင်သဖြင့် နှစ်ယောက်လုံး သဘောတူထားကြသည်။
“ပြီးတော့ ရှေးဟောင်းသူတော်စင်ဆေး” ဖန်ချင်း ဆက်ပြောလေသည် “အဲဒါရှိရင် ပိုကောင်းသွားမှာ”
ရှီမာယူယူတွင် ရှေးဟောင်းသူတော်စင်ဆေးရှိသည်ကို ဖန်ရူယန်သိ သည်။ သူမ တိုးညင်းစွာပြောလိုက်သည် “သတ္တုရိုင်းဖွင့်လိုက်တော့ အဲလို ပစ္စည်းတွေ အများကြီးထွက်လာမယ်လို့ ထင်မထားဘူးပဲ”
“စီနီယာဖန် အဒေါ်ဖန်ကို ဘယ်တော့စကုကြမလဲ” ရှီမာယူယူသည် ဖန်ချင်းကို ကြည့်လိုက်သည်။
“မင်းက သူမကိုအဒေါ်ဖန်လို့ခေါ်မှတော့ ငါ့ကိုလည်း ဦးလေးဖန်လို့ခေါ် လို့ရပါတယ် မဟုတ်ရင် စီနီယာဆိုတာကြီးက အသက်ကြီးသွားသလိုပဲ” ဖန်ချင်းသည် စနောက်ပြီးပြောလေသည် “သူမ ပြန်လာတာနဲ့ ကျန်းမာရေးကို စစ်ဆေးကြည့်ရုံပဲ သူမအခြေအနေပြန်ကောင်းလာတာနဲ့ စပြီးကုလို့ရပြီ”
“မြန်မြန်လုပ်ကြတာပေါ့” ဖန်ရူယန်ပြောလိုက်သည်။
“ငါသိပါတယ် ရက်နည်းနည်းပဲ ကွာမှာပါ” ဖန်ချင်းသည် သူမ၏ဆိုလိုရင်း ကို နားလည်သဖြင့် မျက်လုံးလှိမ့်လိုက်သည်။
“ဒါဆိုလည်း ရှင့်ကိုပဲအပ်ထားလိုက်တော့မယ် ယူယူ ငါ့နေရာမှာနေလေ ဖန်မျိုးနွယ်ကိုပတ်ပြပေးမယ်”
ဖန်ရူယန်သည် ရှီမာယူယူကို ခေါ်သွားပြီးနောက် ဖန်ဖန်နှင့် ယွမ်ယွမ်တို့ သည် ဝိုင်းလာကာ ပြောလေသည် “ဆရာ ရှီမာယူယူမှာ တကယ်ပဲ အံ့ဖွယ် အရွတ်နဲ့ အသက်သစ်ပင်ရှိတာလား”
“အင်း” ဖန်ချင်းသည် မျက်လုံးနှင့်ကိုယ်တိုင်မမြင်ရသော်လည်း ဖန်ရူယန် နှင့် ရှီမာယူယူအကြောင်းကို သိထားသဖြင့် သူမ မလိမ်နိုင်ကြောင်းကို ယုံကြည် ထားသည်။
အမှန်တကယ်တော့ သူသည် ဖန်ရူယန်ကိုယုံကြည်သည်။ သူမ၏ အကဲ ဖြတ်မှုကို သူယုံကြည်သည်။
ရှီမာယူယူသည် ဖန်ရူယန်၏ ခြံသို့လိုက်သွားရာ သူမ ဝင်ပေါက်သို့ ရောက်သည်နှင့် အစေခံအဖွဲ့သည် သူမကိုကြိုဆိုကြလေသည်။
“ဆရာ ပြန်လာပြီပဲ”
“အင်း ငါ့ခြံဘေးက ခြံဝန်းကိုရှင်းလင်းပြီး ယူယူ့အတွက် ပြင်ပေးလိုက်” ဖန်ရူယန်သည် တိုးညင်းစွာပင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ဖန်ရူယန်ဘေးမှ လူများသည် ရှီမာယူယူအကြောင်း သိကြသည်။ ဖန်ရူယန်ခြံဝန်းဘေးတွင် နေမည်ဟု သူမစီစဉ်ပုံကို ကြားလိုက်သောအခါ သူတို့ အံ့ဩသွားကြသော်လည်း အိမ်ကိုအမြန်ပင်ရှင်းလင်းလိုက်ကြသည်။
ရှီမာယူယူသည် ဖန်ရူယန်၏ ခြံဝန်းကို လှည့်ပတ်ကြည့်လိုက်သည်။ ခြံဝန်းသည် အမျိုးမျိုးသော ပန်းနှင့်အပင်များနှင့်ပြည့်နေကာ အားလုံးသည် စေ့စေ့စပ်စပ်နှင့် ပြည့်စုံစွာစိုက်ပျိုးထားသဖြင့် နတ်ဘုံနတ်နန်းသဖွယ်ဖြစ်နေ သည်။
ဖန်ရူယန် မတ်တတ်ရပ်လိုက်သည်နှင့် ထာဝရရှင်သန်သူ ပုံရိပ်သဖွယ် ဖြစ်နေသည်။
ဖန်ရူယန်သည် လှပသည်ဟု ရှီမာယူယူအမြဲတစေတွေးခဲ့သည်။ သို့သော် သူမ၏ စိတ်နေစိတ်ထားမှာ တခြားသူများကို သက်တောင့်သက်သာဖြစ်စေ သည်။ သူမနှင့်ရှိလျှင် တစ်ချိန်လုံး စိတ်အေးလက်အေးရှိသည်။
သူမ အတွေးကိုသာ ဖန်မျိုးနွယ်၏ အဖွဲ့ဝင်များသိပါက သူမကို မျက်လုံး လှိမ့်ပြကြမည်ဖြစ်သည်။ ဆရာ့ရဲ့ပုံစံက ဒီလောက်သန်မာတာ ဘယ်လိုလုပ် သက်တောင့်သက်သာဖြစ်ရမှာလဲ။
သူတို့သိခဲ့ကြသော နှစ်ကလိုပင် ဖန်ရူယန်သည် ရှီမာယူယူကို ပန်းရုံရှိရာ သို့ခေါ်သွားသည်။ ဖန်ရူယန်သည် သူမကို ပြီးခဲ့သည့်အတွေ့အကြုံများကို မေး သည်။ သူမ မည်သို့ကြုံတွေ့ခဲ့ရသည်များနှင့် အံ့ဖွယ်ဆေးကိုလိုချင်ကြောင်းပါ ထည့်ပြောပြလိုက်သည်။
“အံ့ဖွယ်ဆေးက ရဖို့ခက်တယ် အဲလိုမျိုးဆေးနှစ်လုံးလောက် ငါသုံးဖူး တယ်” ဖန်ရူယန်သည် သူမ မရနိုင်ဟု မပြောပေ။ ထိုအစား သူမသည် ရှီမာယူယူ သေချာပေါက်ရမည်ဟု ယုံကြည်ထားသည်။
“တခြားနည်းလမ်းမရှိဘူး သူကကျွန်မအဖေလေ သူ့ကို ဘယ်လောက် ကုန်ကုန်ကုပေးမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“လိမ္မာလိုက်တဲ့ကလေးပဲ ရွှမ်ချူးမျိုးနွယ်လေးပဲလေ မင်း မရနိုင်ရင် လူလွှတ်ပြီးကူညီပေးမယ်” ဖန်ရူယန်သည် ပေါ့ပါးစွာပြောလိုက်သော်လည်း သူမနေရာမှ လျစ်လျူမရှုနိုင်ပေ။
“အခုတော့ မလိုသေးပါဘူး ကျွန်မကြိုးစားကြည့်လိုက်ပါဦး မရနိုင်တော့ ဘူးဆိုရင် အဒေါ်ဖန်တကယ်ပဲ ကူညီပေးရလိမ့်မယ်” ရှီမာယူယူသည် ရှက်ရွံ့စွာ ပြောလိုက်သည်။
“မင်းဘာမှ လှုပ်ရှားမှုမှလုပ်စရာမလိုဘူး ဒီအတိုင်းပဲ ဖန်မျိုးနွယ်ရဲ့ ရောင်ဝါလွှတ်လိုက်တာနဲ့ သူတို့မင်းကိုဘာမှမလုပ်ရဲဘူး” ဖန်ရူယန် ပြောလိုက် သည်။
ရှီမာယူယူသည် သည်တစ်ကြိမ်တွင် အမှန်တကယ်ပင် အံ့အားသင့်သွား သည်။ ဖန်မျိုးနွယ်သည် လျှို့ဝှက်မျိုးနွယ်ထဲမှ တစ်ခုဖြစ်ကာ အသန်မာဆုံးဖြစ် လိမ့်မည်ဟု သူမ အမြဲတစေထင်ခဲ့သည်။ သို့သော် ဖန်ရူယန်၏ ပုံစံကိုကြည့်ရ သည်မှာ ရွှမ်ချုံးမျိုးနွယ်ကိုလုံးဝ ဂရုမစိုက်သည့်ပုံပင်။
ဖန်မျိုးနွယ်ရဲ့ အင်အားက လျှို့ဝှက်မိသားစုတွေရဲ့ အားထက်မြင့်တာ လား။
သူမ အံ့ဩသွားသည်ကိုမြင်သောအခါ ဖန်ရူယန်ပြုံးပြီး ပြောလိုက်သည် “ကြည့်ရတာ မင်း ဖန်မျိုးနွယ်ရဲ့ အဆင့်အတန်းကိုမသိဘူးထင်တယ်”
“ကျွန်မ မမေးမိလို့ပါ”
အစပိုင်းတွင် သူမ စွမ်းအားမှာနည်းပါးပြီး အတွေ့အကြုံမရှိသောကြောင့် ဖန်မျိုးနွယ်၏ သမိုင်းသိရန် မစဉ်းစားခဲ့ပေ။ အခုချိန်တွင် သူမ စွမ်းအားသည် နိမ့်သေးသော်လည်း အနည်းဆုံးတော့ အတွေ့အကြုံများနေပြီဖြစ်သည်။ သို့သော် သူမသည် ဖန်မျိုးနွယ်၏ အဆင့်အတန်းကိုမမေးခဲ့ပေ။
“ရှေးခေတ်တုန်းက အံ့ဖွယ်မျိုးနွယ်လို့ခေါ်တဲ့ မျိုးနွယ်ရှိခဲ့တာကိုသိလား”
ရှီမာယူယူ ပင့်သက်ရှိုက်လိုက်သည်။
အံ့ဖွယ်မျိုးနွယ်ဟုတ်လား။ ဒီကမ္ဘာကြီးမှာ တကယ်ပဲရှိလို့လား။
“အရင်တုန်းက တစ္ဆေ၊ လူသားနဲ့ နတ်ဆိုးတွေက အတူနေကြတယ်၊ သူတို့ ကို အံ့ဖွယ်မျိုးနွယ်က အုပ်ချုပ်တယ်၊ ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးပြောင်းလဲ သွားပြီး အံ့ဖွယ်မျိုးနွယ်လည်း ပျက်သုဉ်းပြီး လူသား၊ တစ္ဆေနဲ့ နတ်ဆိုးတို့လည်း ကွဲသွားကြပြီး အခုဆို ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ” ဖန်ရူယန် ရေရွတ် လိုက်သည်။
“ဒါဆိုရင် ဖန်မျိုးနွယ်က…. အရင်တုန်းက အံ့ဖွယ်မျိုးနွယ်လား”
***