← Chapters

ဖန်မျိုးနွယ်၏ သမိုင်းကြောင်း ၂

Vol. 111 Ch. 1552

ဖန်မျိုးနွယ်၏ သမိုင်းကြောင်း ၂

Vol. 111 Ch. 1552

ဖန်ရူယန်သည် သူမအား တည်ငြိမ်စွာဖြင့်ကြည့်ပြီး ပြောလိုက်သည် “ကောင်းကင်ဘုံမပြောင်းလဲခင်က ဧကရာဇ်တွေ မရေမတွက်နိုင်အောင်ရှိခဲ့ တယ်၊ အခုနဲ့မတူဘူး ဒီနှစ်ပေါင်းထောင်ချီမှာ တစ်ယောက်တောင်မရှိတော့ဘူး”

ရှီမာယူယူသည် သူမ သံသယများကို ချုပ်တည်းထားပြီး ဖန်ရူယန်အား ကြည့်လိုက်သည်။

အဒေါ်ဖန်သည် ဧကရာဇ်အဆင့်ရောက်ပြီလားဟု သူမ မေးချင်နေသည်။

သူမ ထိုအကြောင်းကို စဉ်းစားလေ့ရှိသည်။ သို့သော် ကောင်းကင်ဘုံသည် အထက်မှဖိနှိပ်ထားသဖြင့် ကမ္ဘာမြေပေါ်တွင် ပေါ်ထွက်လာစရာ မဖြစ်နိုင်ပေ။

“အာရုံလွင့်မသွားနဲ့ဦး” ဖန်ရူယန် သူမနဖူးကို ပုတ်လိုက်သည်နှင့် ရှီမာယူယူ သတိပြန်ဝင်လာကာ ဆက်နားထောင်နေလိုက်သည်။

“အဲလိုမျိုးသုံးခုကွဲသွားပြီးတော့ လူသားတွေက အံ့ဖွယ်မျိုးနွယ်ကို မှီခိုနေ ကြတုန်းပဲ၊ အံ့ဖွယ်မျိုးနွယ်က ပျက်စီးသွားပြီးတဲ့နောင်တောင် တခြားလူသား မျိုးနွယ်တွေထက် သန်မာတုန်းပဲ” ဖန်ရူယန် ပြောလိုက်သည်။

“အဒေါ်ဖန် အံ့ဖွယ်မျိုးနွယ်က ဘာလို့ပျက်စီးသွားတာလဲ” ရှီမာယူယူ သိချင်မိသည် “လူသား၊ နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေကို အုပ်ချုပ်တဲ့ အံ့ဖွယ် မျိုးနွယ်အကြောင်းကို ဘာလို့စာအုပ်တွေမှာ ရေးမထားကြတာလဲ”

“အဲဒါကလူသားမျိုးနွယ်တွေအတွက် ရှက်စရာဖြစ်ခဲ့တယ်၊ အဲဒါကို ဘာလို့ လက်ဆင့်ကမ်းပေးနေတော့မှာလဲ၊ ဘယ်သူမှ ဒီအကြောင်းကိုမသိကြ ဘူး ဒါပေမဲ့ တချို့ဆင်းသက်လာတဲ့သူတွေကတော့ သိကြတယ်၊ ဘာလို့ ကျဆုံး သွားတာလဲဆိုတာတော့ ကောင်းကင်ဘုံက ပြောင်းလဲသွားပြီး လူသားတွေ အပေါ်မှာ အရာရာတိုင်းမူတည်တာမျိုးမရှိတော့ဘူး” ဖန်ရူယန်သည် ကောင်းကင်ဘုံအကြောင်းပြောရင်းနှင့် ထေ့ငေါ့သံပါနေသည်။

“ဖန်မျိုးနွယ်က အံ့ဖွယ်မျိုးနွယ်လား” ရှီမာယူယူ မေးလိုက်သည်။

“အင်း”

အံ့ဖွယ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်က ဘာကွာတာလဲ။ လူသား၊ နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေကရော ဘာမတူတာလဲ။ ရှီမာယူယူသည် ဖန်ရူယန်အား ကြည့်လိုက်ပြီး သူမနှင့် သိပ်မကွာလှဟု ထင်မိသည်။

ဖန်ရူယန်သည် နူးညံ့စွာရယ်မောပြီး ပြောလိုက်သည် “အံ့ဖွယ်မျိုးနွယ် လား ဘာကိုအံ့ဖွယ်မျိုးနွယ်ရတာလဲ၊ အဲဒါတွေက ဒီအတိုင်း ရိုးရှင်းတာတွေကို လူတွေက လျှို့ဝှက်ဆန်းကြယ်သလိုလုပ်ထားတာ၊ ဒီအတိုင်းပဲ သွေးသားတွေ ကပိုထူးခြားပြီး အရင်တုန်းက ပတ်ဝန်းကျင်မှာ ကျင့်ကြံလို့သင့်တော်လို့ပဲ ငါတို့ တွေက သန်မာနေကြတာ”

ကောင်းကင်ဘုံမပြောင်းလဲခင်က သူတို့သွေးသားများမှာ ကွဲပြားနေ သဖြင့် ကျင့်ကြံမှုမှာလည်း ထူးခြားနေသောကြောင့် အားကောင်းနေကြပြီး သူတို့ကိုယ်သူတို့ အံ့ဖွယ်ဟု ချီးကျူးအမည်တပ်ခဲ့သည်ကို ရှီမာယူယူ သဘော ပေါက်လာသည်။ တကယ်တော့ သူတို့သည် ထူးခြားသော လူသားများပင်ဖြစ် သည်။

ပြီးနောက် ကောင်းကင်ဘုံပြောင်းလဲသွားပြီး ကျင့်ကြံသူများအတွက် ပတ်ဝန်းကျင်မှာ စတင်ပြောင်းလဲလာကာ ကျင့်ကြံရန်ခက်ခဲလာခဲ့သည်။ အံ့ဖွယ်မျိုးနွယ်၏ စွမ်းအားမှာလည်း နည်းသွားကာ မျိုးနွယ်သုံးခုကွဲသွားပြီး အံ့ဖွယ်မျိုးနွယ်၏ တစ်ဦးတည်းအုပ်ချုပ်မှုမှာလည်း အဆုံးသတ်သွားခဲ့သည်။

ယခုအချိန်ထိ ဖန်မျိုးနွယ်ဝင်များ အားလုံးသာကျန်ခဲ့သည်။

သို့သော် ဆိုရိုးစကားများအရ အောက်ကျသူသည် အထက်လူကို ကျော် ရန်ခက်ခဲသည်။ အံ့ဖွယ်မျိုးနွယ် မည်သို့ပင် ကျဆုံးစေကာမူ အထက်တန်းစား ဖြစ်နေပြီး ဖန်မျိုးနွယ်၏ သွေးသားသည် ဤကမ္ဘာတွင် အကျိုးအမြတ်ရှိထား သည်။ ထို့ကြောင့် ဖန်မျိုးနွယ်သည် သန်မာဆဲပင်ဖြစ်သည်။ လျှို့ဝှက်မိသားစု တိုင်းကို ဘေးချိတ်ထားနိုင်သည်။ ထို့ကြောင့်ပင် ရွှမ်ချူးမျိုးနွယ်အကြောင်း ပြောရာတွင် ဖန်ရူယန် ဂရုမစိုက်ခြင်းဖြစ်သည်။

“အဒေါ်ဖန် အခု အဒေါ်ဖန်ရဲ့အားက ဧကရာဇ်အဆင့်ကို ဖိနှိပ်နိုင်တယ် မလား” ရှီမာယူယူ မေးလိုက်သည်။ သူမ မငြင်းသဖြင့် ဆက်ပြောလိုက်သည် “အဒေါ်ဖန်က ဧကရာဇ်အဆင့်ကိုရောက်နေပြီ ဘယ်သူမှလည်း အဒေါ်ဖန်ကို မပြိုင်နိုင်တော့ဘူး ဘယ်လိုလုပ်ဒဏ်ရာရတာလဲ”

“ဒီကမ္ဘာကြီးမှာ ဘယ်သူမှ ဧကရာဇ်အဆင့်မရောက်နိုင်ဘူး၊ ငါက တန်ရာ တန်ကြေးပေးလိုက်လို့ ဖြစ်နိုင်တာ၊ အဲထဲကတစ်ခုက ကောင်းကင်ဘေးဒုက္ခ အောက်ကနေ သီသီလေး လွတ်ခဲ့တာပဲ၊ ငါ မိုးကြိုးဘေးသင့်မှုခံရပြီးတော့ ပြန် မကောင်းခင်ကို ရန်သူတွေနဲ့တွေ့ခဲ့တယ် အဲလိုနဲ့ သူတို့က ငါ့ကိုဒဏ်ရာတွေနဲ့ ပစ်ထားခဲ့ကြတယ်၊ ဖန်ချင်းတတ်နိုင်သလောက်သာ မကုခဲ့ရင် ငါ ဒီလောက် ကြာအောင် တောင့်ခံနိုင်မှာမဟုတ်ဘူး” ဖန်ရူယန်သည် ဝမ်းနည်းစွာ သက်ပြင်း ချလိုက်ပြီးပြောလေသည် “ပြီးတော့…”

“ပြီးတော့ ဘာဖြစ်လဲ”

ဖန်ရူယန်သည် အတန်ကြာတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည် “ဘယ်သူ့ကိုမှ ဧကရာဇ်ဖြင့်ခွင့်မပေးတော့ နိယာမသဘောတရားစည်းမျဉ်း လည်းမပြည့်စုံဘူး၊ ဆိုလိုတာက ငါဧကရာဇ်အဆင့်ရောက်ရင်တောင် ငါ့ သဘောတရားတွေက မပြည့်စုံဘူး ကောင်းကင်ဘုံက အသိအမှတ်မပြုဘူး”

သူမသည် အမြဲတစေ ပြန်တွေးနေမိသည်။ သူမသာ ထိုစဉ်က ယခုအတိုင်းမလုပ်ခဲ့လျှင် ရန်သူများ၏ တိုက်ခိုက်ခြင်းကိုခံရမည်မဟုတ်ပေ။ သူမ ဧကရာဇ်အဆင့်သို့မရောက်လျှင်တောင် မတူညီသော ဘဝနှင့်နေရမည် ဖြစ်သည်။

အသိအမှတ်အပြုမခံရသော ဧကရာဇ်တစ်ပါးသည် မိဘများမှ အသိအမှတ်မပြုသည့် ကလေးတစ်ယောက်လိုပင်။ သူတို့ မည်သည့်အရာကို လုပ်စေကာမူ တစ်စုံတစ်ခုတော့ ပျောက်ဆုံးနေသည်။

“ကောင်းကင်ဘုံက အသိအမှတ်ပြုတာ မပြုတာကို ကျွန်မဂရုမစိုက်ဘူး အဒေါ်ဖန်က ကိုယ့်ကိုယ်ကိုနဲ့ ဖန်မျိုးနွယ်အတွက် နေရမယ် ကောင်းကင်ဘုံ အတွက် နေရမှာမဟုတ်ဘူး၊ ကောင်းကင်ဘုံက အပြစ်ရှာနေလည်း အနှေးနဲ့ အမြန်တော့ ပြောင်းလဲလာမှာပဲ” ရှီမာယူယူသည် တွေဝေခြင်းမရှိပြောလိုက် သည်။

“ဘုန်း”

မိုးကြိုးလျှပ်စီး ရုတ်တရက် ထွက်လာရာ မပြင်ဆင်ထားသော ရှီမာယူယူ သည် တူးသွားတော့သည်။

“အဟွတ် အဟွတ်”

ရှီမာယူယူသည် ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်အပြည့် မီးခိုးအမည်းများ ထွက်လာတော့သည်။

သူမ မီးသွေးကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ ဖန်ရူယန်လည်း မတတ် သာပဲ ရယ်လိုက်ရသည်။ သူမ မျက်နှာမှ အပြုံးသည် အရင်တစ်ခေါက်များက ထက် ပို၍အသက်ဝင်နေသည်။

သူမ အစောပိုင်းက တိုက်ခိုက်ခဲ့သည်။ သို့သော် ကောင်းကင်ဘုံ၏ အပြစ် ပေးမှုသည် ရှီမာယူယူအတွက်ပင် ရည်ရွယ်ထားသဖြင့် သူမတိုက်ခိုက်လျှင် တောင် အသုံးဝင်မည်မဟုတ်ပေ။

ခြံဝန်းထဲမှ အစေခံများသည် ဖန်ရူယန်၏ မျက်နှာမှအပြုံးနှင့် ရှီမာယူယူ ၏ရှက်စရာအခြေအနေကို ကြည့်ပြီး ရယ်မောကြလေသည်။

သူတို့သခင် စိတ်ပါလက်ပါ မရယ်တာ တော်တော်ကြာနေပြီလေ။

“အဆင်ပြေရဲ့လား” ဖန်ရူယန် မေးလိုက်သည်။

“အဟွတ် အဟွတ်” ရှီမာယူယူသည် နောက်ထပ် အချိန်အနည်းငယ် ချောင်းဟန့်ပြီးနောက် ဖန်ရူယန်ကို ခေါင်းခါပြလိုက်သည် “အဒေါ်ဖန် ကျွန်မ အဆင်ပြေပါတယ် ကံကောင်းလို့ မိုးကြိုးအပစ်ခံရတာ အသားကျနေလို့ ဒီ့ထက် ကြမ်းသွားရင် ခံနိုင်မှာမဟုတ်ဘူး”

“ဒါက အပြစ်ပေးမှုမိုးကြိုးချက်ပဲ အပြစ်ခံရမယ့်သူတွေအတွက် စွမ်းအား တစ်ခုပဲ၊ ဒါပေမဲ့ အခုလိုအပြစ်ပေးမိုးကြိုးချက်ကို စံတင်အဆင့်ကတောင် မခံနိုင်ကြဘူး တကယ်ပဲအဆင်ပြေရဲ့လား” ဖန်ရူယန် ပြောလိုက်သည်။

“အဆင်ပြေပါတယ်” ရှီမာယူယူသည် အသက်ရှုလိုက်သည်နှင့် လန်းဆန်း သွားသည်။ သူမ ဆေးတစ်လုံးသောက်ပြီးပြောလိုက်သည် “ကျွန်မက မိုးကြိုး အပစ်ခံရတာ အသားကျနေပါပြီ ကျွန်မအဆင့်တက်တိုင်း မိုးကြိုးပစ်ခံရတယ် အဲဒါကြောင့် ဒါကိုခံနိုင်ရည်ရှိနေပြီ”

သူမ ဆေးသောက်ပြီးနောက်တွင် အတွင်းအင်္ဂါများ လောင်ကျွမ်းမှုလျော့ နည်းသွားသည်ကို ခံစားမိသည်။ ဖန်ရူယန်သည် သူမလက်ကိုကိုင်ကာ နူးညံ့စွာ ရွတ်ဆိုလိုက်သည်နှင့် သူမခန္ဓာကိုယ်ထဲသို့ စွမ်းအားများဝင်သွားရာ ပို၍ပင် နေလို့ကောင်းသွားသည်။

“သခင်”

“ရူယန်”

ဖန်ချင်းနှင့် တခြားအကြီးအကဲများသည် အပြစ်ပေးမှုမိုးကြိုးကို မြင်ပြီး နောက် အမြန်ပြေးလာကြသည်။ သူတို့သည် ဖန်ရူယန်ကို ပစ်မှတ်ထားမည်ဟု ထင်ထားကြသော်လည်း မီးသွေးခဲဖြစ်နေသော ရှီမာယူယူကိုသာ မြင်လိုက်ရ တော့သည်။

“ယူယူ မင်းတို့ ဘာလုပ်နေကြတာလဲ၊ အပြစ်ပေးမှုမိုးကြိုးသွဦးက ဘာလို့ ဒီကိုလာတာလဲ” ဖန်ချင်းသည် ရှီမာယူယူ၏ အခြေအနေကို ကြည့်ပြီးနောက် အံ့ဩနေသည်။

“ဆရာ ဒါက…” တခြားသူများသည် ရှီမာယူယူကိုမသိကြပေ။ ဖန်ချင်း သည် လူတစ်ယောက်ခေါ်လာသည်ကို သိကြသော်လည်း မည်သူမည်ဝါဖြစ် သည်ကို မသိကြပေ။

“ဒါက ငါမွေးစားထားတဲ့ ကလေးလေ၊ သူမ တစ်ခုခုပြောလိုက်မိလို့ မိုးကြိုးဘေးသင့်မှုရောက်လာတာ” ဖန်ရူယန် ဆက်ပြောလေသည် “ဖန်ရှင်း ရှီမာယူယူကို နားဖို့ခေါ်သွားပေးလိုက်ပါဦး၊ မင်းပြန်ကောင်းလာရင် မျိုးနွယ် အကြီးအကဲတွေနဲ့ သွားတွေ့ကြတာပေါ့”

ရှီမာယူယူသည် ယခုလိုအခြေအနေနှင့် သွားတွေ့ရန် အဆင်မပြေသည် ကို သိသည်။ သူမသည် သွားရောက်အရိုအသေပေးချင်သော်လည်း မိုးကြိုး အပစ်ခံရပြီးနောက် မတတ်သာဘဲ နောက်ရွေ့ထားရသည်။

ဖန်ရှင်းသည် သူမ အနားယူရန် အခန်းသို့ခေါ်သွားပေးသည်။ ဖန်ရူယန် ထလိုက်သည်နှင့် ရောက်လာသူအားလုံး ဒူးထောက်လိုက်ကြသည်။

“မင်းတို့လာတာမြန်လိုက်တာ ထကြတော့” ဖန်ရူယန်၏ အသံသည် မရှင်းလင်းပေ။ တင်းကြပ်သောအသံမဟုတ်သော်လည်း ရှီမာယူယူကို ပြောသည့်လေသံအတိုင်း အားပါးတရရှိမနေပေ။

***

All Chapters