← Chapters

ပျက်ပြယ်ရေကန်

Vol. 111 Ch. 1553

ပျက်ပြယ်ရေကန်

Vol. 111 Ch. 1553

ဖန်ရူယန်သည် အားလုံးကို ခန်းမဆီသို့ခေါ်သွားပြီး ဖန်ချင်းသည် ရှီမာယူယူအကြောင်း သူတို့ကိုပြောပြလိုက်သည်။

မျိုးနွယ်အကြီးအကဲများသည် ဖန်ချင်း လူတစ်ယောက် ခေါ်လာသည်ကို အစပိုင်းတွင် မကျေနပ်သော်လည်း သူမအကြောင်းပြားပြီးနောက် ဒေါသများ မရှိတော့ပေ။

သူမသည် သူတို့သခင်ကိုကယ်ရန်လာခြင်းဖြစ်ပြီး သူတို့တွင်မရှိသည့် အံ့ဖွယ်ဆေးကိုပါ ထုတ်ပေးရာ သူမကိုကျေးဇူးတင်နေကြသည်။

“ယူယူက ကျွန်မကိုအဒေါ်ဖန်လို့ခေါ်တယ် အဲလိုဆိုရင် သူမကိုဘယ်လို ဆက်ဆံရမလဲဆိုတာ ရှင်တို့သိမှာပါနော်” ဖန်ရူယန်သည် ဖန်ချင်း စကားဆုံး သည်နှင့် ပြောလိုက်သည် “ဒီမှာ သူမ နေရခက်တာမျိုးမလိုချင်ဘူး၊ သူမ မပျော် ရင် ရှင်တို့တွေရဲ့ မောက်မာမှုနဲ့ လူငယ်မျိုးဆက်တွေရဲ့ စိတ်လိုက်မာန်ပါလုပ် တာတွေကို ပြန်ဆုံးမရမယ်”

“ဟုတ်ကဲ့ပါ သခင်” အားလုံးသည် တညီတညာတည်း ပြန်ဖြေကြလေ သည်။

တချို့မျိုးနွယ်အကြီးအကဲများမှာ ပြန်ချင့်ချိန်ကာ ရှီမာယူဘူအား အပြစ်မလုပ်မိစေရန် သူတို့၏ လူငယ်မျိုးဆက်ကို ကြပ်မတ်ထားလေသည်။

အစောပိုင်းက မိုးကြိုးဘေးသင့်မှုကိုကြည့်လျှင် ရှီမာယူယူသည် စကား ပြောလိုက်သည်နှင့် ဒဏ်ရာရနိုင်သည်မှာ အလွန်အားကောင်းကြောင်းကို ပြနေ သည်။ သူတို့လူငယ်မျိုးဆက်များသည် သူမကို အပြစ်လုပ်မိလျှင် အခြေအနေ ကောင်းမည်မဟုတ်ပေ။

“အရင်လိုပဲပြန်နေကြပါ ဒီကိုကိစ္စမရှိဘဲမလာကြပါနဲ့ ကောင်းပြီ ပြန်သွား လိုက်ပါ” ဖန်ရူယန်သည် သူတို့ကိုလက်ဝှေ့ယမ်းပြကာ သူတို့သည် ဦးညွှတ်အရို အသေပေးပြီးသည်နှင့် ထွက်သွားကြသည်။

သူတို့ထွက်သွားမှပင် ဖန်ချင်းသည် အစောပိုင်းကကိစ္စကို မေးရတော့ သည်။

ဖန်ရူယန်သည် ရယ်မောရင်း သူ့ကိုပြောပြလိုက်သည်။ ဖန်ချင်းသည် အံ့အားသင့်သွားတော့သည်။

“အပြစ်ပေးမိုးကြိုးချက်တောင် ရောက်လာတယ်၊ ဆိုလိုတာက ကောင်းကင်ဘုံကသူကို တားမြစ်ထားတာပဲ တစ်နေ့ကျရင်…” ဖန်ချင်းသည် စကားဆုံးအောင် မပြောသော်လည်း မျှော်လင့်ထားမိသည်။

“သူမကို မြေတောင်မြှောက်လို့ရတယ်” ဖန်ရူယန်သည် ထိတ်လန့်သွား ကာ အားနည်းပြီး လဲကျတော့မလိုဖြစ်သွားသည်။

ထိုသို့နေ့ရှိလာလျှင် ဆိုလိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွား နိုင်သည်။

ပြီးနောက် သူမဘေးတွင် ဖန်ချင်းတစ်ယောက်သာ မိတ်ဆွေဟောင်းဟူ၍ ရှိသည်…

“နားလိုက်ပါဦး မင်းအတွက် ဆေးသန့်စင်ပေးမယ်” ဖန်ချင်းသည် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။

ဖန်ရူယန်သည် အိပ်မောကျနေသည့်အလား ပြန်မဖြေပေ။ သူသည် အဖြူရောင်သားမွေးစောင်ထုတ်ပြီး သူမကို လွှမ်းခြုံပေးလိုက်ပြီး သူမ မျက်နှာ လေးကို ထိကိုင်ချင်မိသော်လည်း လက်လေထဲအရောက်တွင် တုံ့ဆိုင်းသွားကာ ထိုသို့မလုပ်ရန်ဆုံးဖြတ်ပြီး လှည့်ထွက်သွားလိုက်သည်။

ရှီမာယူယူသည် အိမ်ကိုရောက်သည်နှင့် အိပ်ရာပေါ်တွင်လှဲနေပြီး အနား ယူကာ ကောင်းကင်ဘုံမှ သူမကိုအပြစ်ပေးပုံကို စဉ်းစားနေလိုက်သည်။

သူမသည် အကြိမ်ပေါင်းများစွာ မိုးကြိုးအပစ်ခံခဲ့ရသော်လည်း အပြစ်ပေး မိုးကြိုးသွားကို ကြုံတွေ့ရသည်မှာတော့ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ ခုနက ပြောလိုက်တဲ့ စကားကြောင့်လား။

တကယ်တော့ သူမသည် ထိုအခိုက်အတန့် သွေးပူသွားခြင်းကြောင့် ပြော လိုက်သည့်စကားမဟုတ်ပေ။ စိတ်ထဲတွင် ကြာရှည်အောင် ဖုံးကွယ်ထားခဲ့သည့် စကားပင်ဖြစ်သည်။

ဟိုးအရင်က… သူမ ဧကရာဇ်ချင်းဒေါင်ရဲ့ အံ့ဖွယ်အသိစိတ်ကို ပထမဆုံး တွေ့ကတည်းကပင်ဖြစ်သည်။

အစက သူမ မမြင်ဖူးသော်လည်း အခုတော့ အတွေးတစ်ခုဝင်သွားပြီဖြစ် သည်။

“ချွတ်”

တံခါးကိုတွန်းဖွင့်ကာ ဝေ့ဝဲကြည့်လိုက်သည်နှ့င် ဖန်ချင်းကိုတွေ့လေ သည်။

“ကြည့်ရတာ မင်းလုံးဝ ကောင်းသွားတဲ့ပုံပဲ” သူမသည် အပြစ်ပေးမိုးကြိုး သွားထိမှန်ပြီးနောက်တွင်တောင် လှုပ်ရှားနေပုံကိုကြည့်ပြီး သူမသည် ကောင်းကင်ဘုံ၏ အလိုလိုက်ခြင်းကိုခံရသည်ဟု ဖန်ချင်းတွေးနေမိသည်။

“ဦးလေးဖန် အဆင်ပြေရဲ့လား” ရှီမာယူယူ မေးလိုက်သည်။

“မင်းကို တစ်နေရာခေါ်သွားပေးမဘ်” ဖန်ချင်း ပြောပြီးနောက်ရှီမာယူယူ ၏ အဖြေကိုမစောင့်ဘဲ သူမကိုပွေ့ခေါ်ကာ ထွက်သွားလိုက်သည်။

“လူကြီးမင်း” ဖန်ရှင်း ပေါ်လာသည်။

“ရူယန်ထွက်လာရင် ဒီကောင်မလေးကို ပျက်ပြယ်ရေကန်ကိုခေါ်သွား တယ် လို့ပြောလိုက်” သူသည် ဖန်ရှင်းဘာမှမပြောနိုင်ခင်မှာပင် ရှီမာယူယူကို ခေါ် သွားလေသည်။

ဖန်ရှင်းသည် စိတ်မှအလိုလိုပင် တားချင်မိသည်။ သူ ရှီမာယူယူကို ခေါ်သွားမည်ဟု ပြောလိုက်ချိန်တွင် အန္တရာယ်များရင် ဘယ်လိုလုပ်မလဲဟု ပြောဟန်ပြုနေသည်။ သို့သော် သူ့ကိုတားရန် ဖန်ချင်းမှခွင့်ပြုမည်မဟုတ်ပေ။

“ဖန်ရှင်း ဘာတွေစိတ်ပူနေတာလဲ သူမ ပျက်ပြယ်ရေကန်ကိုခေါ်သွား လိုက်ရင် သူမ အနာဂတ်က အကန့်အသတ်မရှိဖြစ်သွားတော့မှာ”

“ပျက်ပြယ်ရေကန်က ဘယ်လိုလုပ် အလွယ်တကူဖြတ်ကျော်လို့ရမှာလဲ” ဖန်ရှင်းသည် စိတ်ပူနေသည်။

“သခင်က သူမကိုအဲလောက် သဘောကျနေတာဆိုတော့ လူကြီးမင်းက မကောင်းတာလုပ်မှာမဟုတ်ဘူး”

“အဲလိုပဲမျှော်လင့်တာပဲ…”

ဖန်ချင်းထွက်မသွားခင် ဖန်ရှင်း၏ စိုးရိမ်နေသော အကြည့်များကို မြင်သောအခါ ပျက်ပြယ်ရေကန်သည် ရိုးရှင်းသောနေရာမဟုတ်ကြောင်း ရှီမာယူယူ တွေးမိသည်။

ဖန်ချင်းသည် သူမကိုတောင်ထိပ်သို့ခေါ်သွားလေသည်။ တောင်ထိပ်တွင် ကြီးမားသောကန်တစ်ကန်ရှိနေကာ ပြီးခဲ့သည့်တစ်ယောက် မီးတောက်တောင် မြစ်ကိုတွေ့ခဲ့ရသည်နှင့် တူလေသည်။

မြစ်ထဲမှရေကန်ထဲမှ ရေအရောင်သည် ပုံမှန် အဖြူ၊ အစိမ်းမဟုတ်လျှင် အရောင်မဲ့ဖြစ်လေ့ရှိသည်။ သို့သော် ထိုကန်ထဲမှရေသည် ငွေရောင်ဖြစ်နေ သည်။

“ဒါကပျက်ပြယ်ရေကန်လား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ဖန်ချင်းသည် သူမကိုချလိုက်သည် “ဒီကန်ထဲမှာ ရက်နည်းနည်း လောက်နေလိုက်”

“ဒီကန်ကိုဘာအတွက်သုံးတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဝင်သွားလိုက်ရင် သိမှာပဲ” ဖန်ချင်းသည် များများစားစား မပြောပေ “ဪ ဟုတ်သားပဲ မင်းမဝင်ခင်ကို အံ့ဖွယ်ဆေးပေးဦး”

ရှီမာယူယူသည် သူ့ကိုကြည့်လိုက် ငွေရောင်ကန်ကိုကြည့်လိုက်လုပ်ပြီး ခေတ္တမျှ တွေဝေပြီးနောက် အံ့ဖွယ်အရွတ်၊ ကမ္ဘာမြေကြီးမျက်လုံး၊ အသက် သစ်ပင်နှင့် တခြားသော သူတော်စင်ဆေးကို ဖန်ချင်းကိုပေးလိုက်သည်။

ဖန်ချင်းသည် ကျောက်စိမ်းသေတ္တာကိုဖွင့်ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်သည် “အံ့ဖွယ်အရွတ်က လတ်ဆတ်တဲ့သွေးနဲ့စိမ်ရမယ်၊ ဒီအပေါ်မှာ မင်း ရဲ့သွေးရှိနေတော့ မင်းပဲထိန်းချုပ်တာကောင်းလိမ့်မယ်၊ ဒီနှစ်လမှာ ရူယန်ရဲ့ ဆေးကို ငါစီမံထားလိုက်မယ် အဲအချိန် မင်းထွက်လာဖို့မျှော်လင့်ပါတယ်”

နှစ်လ ဟုတ်လား။

ဖန်ချင်းသည် သူမ အဖြေကိုမစောင့်ဘဲ ရှီမာယူယူအား ကန်ထဲသို့ပစ်ချပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလေသည်။

သူမ ဒဏ်ရာများသည် ပြန်မကောင်းသေးသဖြင့် ရေကန်တွင် ရေကူးရန် မပြောနှင့် လှုပ်ရှားရန်ပင် အားများစွာ စိုက်ထုတ်ရသည်။

သူမ အောက်သို့နစ်သွားသည်နှင့် စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်နှင့် ခေါင်းမှာ အမြန်ပင်ပျောက်သွားလေတော့သည်။

“မင်း ငါ့ကိုဆွဲမချတာကောင်းမယ်…” ဖန်ချင်းသည် ကန်ဘေးတွင် ရပ် ပြီးနောက် ထွက်သွားလေသည်။

သူမ ဝင်သွားသည်နှင့် ရေမှာ ထူးဆန်းနေသည်ကို ရှီမာယူယူ ခံစားမိ သည်။

သူမ မျက်လုံးဖွင့်လိုက်သည်နှင့်…. ရေအောက် ကမ္ဘာကိုမြင်ရမှာမဟုတ် ဘူးလား။ ထိုအစား နှင်းဝေနေသည်ကိုသာ မြင်ရသည်။

“ဒါဘယ်နေရာလဲ”

“ဒါဘယ်နေရာလဲ”

သူမသည် ရေကူးရန်ကြိုးစားကြည့်သော်လည်း သူမ ခေါင်းပေါ်မှ ရေများ မရှိတော့ပေ။ သူမသည် ပါးလွှာသောမြူနှင်းအကြားတွင် လွှမ်းခြုံခံလိုက်ရ သလိုပင်။

သူမ ရှေ့တိုးရန်ကြိုးစားကြည့်သော်လည်း ထင်ယောင်ထင်မှားဖြစ်နေ တုန်းပင်။

ထင်ယောင်ထင်မှားလား…

သူမ ရုတ်တရက် ကန်နာမည်ကို မှတ်မိသွားသည်။ ပျက်ပြယ်ရေကန် သူမက ရေကန်ကတစ်ဆင့် လေဟာနယ်ပျက်ပြယ်တဲ့အထဲကိုရောက်သွားတာ လား။

မဟုတ်ဘူး ဒီမှာ ပျက်ပြယ်တာမရှိဘူး၊ ပျက်ပြယ်နေတယ်ဆိုလည်း ထူးခြားတာ တစ်ခုခုခံစားမိမှာပေါ့။

သူမ မျက်စိမှိတ်ကာ အံ့ဖွယ်အသိစိတ်ကိုသုံးပြီး လှည့်ပတ်ကြည့်ရန် ကြိုးစားကြည့်သည်။ သို့သော် သူမ ခန္ဓာကိုယ်တွင် လျှပ်စီးနှင့် မီးမွှားများရှိနေ သည်ကို မသိလိုက်ပေ။

“ဂျီး”

လျှပ်စီးသည် အောက်မှ တဖြည်းဖြည်းတက်လာပြီး ပတ်ပတ်လည်မှ မြူခိုးသည် လျှပ်စီးနှင့်အတူပါလာပြီး သူမခန္ဓာကိုယ်အား အဆက်မပြတ် စီးဝင် နေသည်။

အစပိုင်းတွင် ရှီမာယူယူသည် ပတ်ပတ်လည်မှ အခြေအနေကို သိချင်သော်လည်း သူမသည်ပျက်ပြယ်၏ အလယ်တွင်ရောက်နေသည်ကို သိလိုက် သည်။ သူမ ပတ်ဝန်းကျင်မှာ ရောင်ခြည်နှင့် လေဟာပြင်အမှုန်များသာရှိသည်။

သူမသည် ရှေ့တွင် လင်းနေသောနေရာကို မြင်လိုက်ရပြီး လာရန်ပြော နေပုံပေါက်နေရာ သူမ သွားရန် မည်မျှပင် ကြိုးစားစေကာမူ ခန္ဓာကိုယ်မှာ လှုပ်မရပေ။

သွားလိုက် သွားစမ်း…

သူမသည် ခန္ဓာကိုယ်ထဲမှ အော်ဟစ်တောင်းဆိုနေသံကို ခံစားရပြီး ထို လင်းနေသောနေရာကို သွားချင်သော်လည်း သူမ အားထုတ်နေသော်လည်း လှုပ်မရသည်ကို သိလိုက်ရသည်။

“စိတ်မပူနဲ့” အသံတစ်သံသည် စိတ်ငြိမ်သွားစေသည်။

“သွားလိုက် မင်းလုပ်နိုင်ပါတယ် မင်းအဲဒီကိုသွားလိုက်ရင် တခြား စကြာဝဠာတစ်ခုကိုတွေ့လိမ့်မယ်” ထိုအသံသည် သူမကိုသတ္တိများပေးနေပြီး နူးညံ့ကာ သွေးဆောင်နေသည်။

***

All Chapters