ကုသခြင်း ၁
Vol. 112 Ch. 1555
သူမ ကန်ထဲတွင် အချိန်ကြာရှည်စွာနေခဲ့သည်ဟု ရှီမာယူယူ မခံစားရပေ။ သူမ ၆ လကြာသွားသည်စု ကြားလိုက်သည်နှင့် အံ့ဩသွားသည်။ ဖန်ရူယန်၏ လက်ရှိပုံစံကို ကြည့်ရင်းနဲ့ သူမ တအံ့တဩအော်မိသည် “အဒေါ်ဖန် ဒဏ်ရာ တွေကိုကုလိုက်ပြမဟုတ်ဘူးလား အံ့ဖွယ်အရွတ်ကိုမသုံးဘူးလား”
“မသုံးရသေးဘူး” ဖန်ရူယန်သည် အပြုံးသဲ့သဲ့ဖြင့် ပြန်ပြောလေသည်။
“ဟင်”
“ရူယန်က မင်းကိုစောင့်ချင်နေတာ” ဖန်ချင်း ပြောလိုက်သည် “အံ့ဖွယ် အရွတ်က မင်းရဲ့သွေးနဲ့ပျိုးထောင်ခဲ့တာကို စဉ်းစားမိလို့လေ၊ မင်းသာရှိရင် သူမ ကို ထိန်းချုပ်ဖို့က ပိုကောင်းသွားမှာ၊ သူမက အချိန်ယူနေတော့ မင်းကိုပဲ စောင့် နေကြတာ၊ မင်းဒီလောက် မြန်မြန်ထွက်လာမယ်လို့ ထင်မထားဘူးပဲ”
“နှစ်တစ်ဝက်ဆိုတဲ့အချိန်က တိုတယ်လို့ပြောလို့ရတာလား” ရှီမာယူယူ အံ့ဩနေသည်။
“မင်းသိလား အရင်တစ်ယောက် တားမြစ်မှုပျက်ပြယ်ကို အသက်သွင်း တုန်းက ဘယ်လောက်ကြာလဲဆိတုာ.. လူတစ်ယောက် ပေါ်ထွက်လာဖို့ ဘယ်လောက်ကြာတယ်ထင်လဲ”
ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။ ထိုကိစ္စသည် သူတို့ဖန်မျိုးနွယ်၏ ကိစ္စဖြစ်သည်။ သူမက ဘယ်လိုလုပ်သိမှာလဲ။ သို့သော် ဖန်ချင်း ထိုမေးခွန်း သူမကို မေးလာလိမ့်မည်ဟု ထင်မထားပေ။
“နောက်ဆုံးတစ်ခါက် တားမြစ်ပျက်ပြယ်ကို အသက်သွင်းတုန်းက… နှစ် ပေါင်းသောင်းချီတော့ကြာပါပြီ.. အဲတုန်းက သူထွက်လာဖို့ကို ဘိုးဘေးတွေက ၁ နှစ်လောက်အချိန်ယူလိုက်ရတယ်၊ အဲလိုဆိုရင်တောင် အရုဏ်တက်အချိန်မှာ သူက ပထမဆုံး တည်ဆောက်မှုသခင်ဖြစ်လာခဲ့တယ်”
ပထမဆုံးလူသည် အရုဏ်တက်အချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ ထိုလူသည် အမှန်တကယ်ပင် ထိပ်ဆုံးသို့ရောက်ခဲ့သည်ကို သက်သေပြနေသည်။
“အဲတုန်းက တည်ဆောက်မှုနဲ့ အတားအဆီးတွေကို အကုန်လုံးက သာမာန်ကာလျှံကာပဲ သုံးနေကြတာ၊ တစ်ခဏအတွင်းမှာပဲ သူက မီတာ သောင်းချီကို တားနိုင်ခဲ့တယ်၊ သူလမ်းလျှောက်နေတာ မြင်ရဲ့သားနဲ့ မျက်စိ တစ်မှိတ်အတွင်းမှာပဲ ကီလိုမီတာရားဂဏန်းအဝေးကို ရောက်သွားတဲ့အခါတွေ လည်းရှိတယ်” ဖန်ချင်းသည် ထိုဘိုးဘေးကြီးအား အမှန်တကယ်ပင် ချစ်ကြောက်ရိုသေသည်။ သူသည် ရှီမာယူယူအား ကြည့်ပြီးပြောလိုက်သည် “အဲလိုမျိုး ထူးချွန်တဲ့အရည်အချင်းရှိတဲ့ ဘိုးဘေးကြီးတောင် ပေါ်ထွက်လာဖို့ တစ်နှစ်ကြာတယ် အဲတော့ ပြောပါဦး အဲဒီမှာ မင်းသုံးလိုက်တဲ့အချိန်က တိုတယ်လို့ထင်လား”
ရှီမာယူယူပြုံးလိုက်သည်။ သို့သော် သူမ ဂုဏ်မောက်ခြင်းမရှိပေ။ သူမသည် အားကောင်းသည် သို့မဟုတ်တစ်စုံတစ်ရာဖြစ်နေသည်ဟု မခံစားရ ပေ။ အကြီးမားဆုံးသော အကြောင်းအရင်းတစ်ခုမှာ သူမသည် လွှမ်းမိုးမှုကို နားလည်သောကြောင့်ဖြစ်မည်ဟု ခံစားရသည်။
သူမသည် ထိုလူနှင့် အလှမ်းဝေးလွန်းလှသည်။
“အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ဒီလောက်မြန်မြန်ထွက်လာနိုင်တာ က မင်းရဲ့အရည်အချင်းပဲလေ၊ ပြီးတော့ မင်းနားလည်လာတဲ့ဟာကလည်း မင်း ကိုယ်ပိုင်ပဲ” ဖန်ရူယန်သည် တိုးညင်းစွာပြောလေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် မလိုအပ်သည့် အတွေးများ ကို ထုတ်ပစ်လိုက်တော့သည်။ သူမ နားလည်သည့်အရာများသည် သူမ ကိုယ်ပိုင်ဖြစ်သည်။ သူမသာ အခုချိန်အလိုရှိပါက ပျက်ပြယ်နှင့် ပေါင်းစပ်ပြီး အမှန်တကယ်ပင် ကောင်းကင်ဘုံနှင့် တစ်သားတည်းဖြစ်နိုင်သည်။
အခုချိန်တွင် မည်သူမှ မမြင်နိုင်အောင် သူမကိုယ်သူမ လေဟာပြင် ဧရိယာထဲ ဖုံးကွယ်ထားနိုင်သည်။
“ဒီအချိန်အတွင်းကို ပင်ပန်းခဲ့မှာပေါ့ သွားအနားယူလိုက်ဦး” ဖန်ရူယန် သည် သူမလက်ကိုကိုင်ကာ ခြံဝန်းသို့ပြန်ပို့ပေးလေသည်။
မျိုးနွယ်မှ တခြားလူများသည် သူတို့နေရာသူတို့ ပြန်ကြလေသည်။
ဖန်ရူယန်သည် ရှီမာယူယူကို အနားယူခိုင်းလိုက်သည်။ သူမ မငြင်းဆို တော့ဘဲ သူမအခန်းသို့တိုက်ရိုက်ပြန်ခဲ့လိုက်သည်။
ထိုအချိန်အတွင်းတွင် သူမ စိတ်အားအင်မှာ ခုန်တက်ခဲ့သော်လည် ကောင်းကင်နှင့် လူသားတစ်သားတည်းဖြစ်မည့် လေဟာပြင်ဧရိယာကို နားလည်အောင်လုပ်ရသဖြင့် အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူမ အိပ်ရာပေါ် လှဲလိုက်သည်နှင့် အိပ်ပျော်သွားလေသည်။
သူမ နိုးလာသည်နှင့် သုံးရက်ကုန်ဆုံးသွားပြီဖြစ်သည်။ သူမသည် ကောင်းကောင်းလေး ရေမိုးချိုးကာ ဖန်ရူယန်၏ ခြံဝန်းဆီသို့ သွားလိုက်သည်။
ဖန်ရူယန်ကိုတွေ့သဖြင့် ချက်ချင်းပင် လျှောက်သွာလိုက်ရာ ထိုနေရာတွင် မထင်မှတ်စွာဖြင့် ဖန်ချင်းကိုပါ တွေ့လိုက်ရသည်။
ဖန်ရူယန်ကို ဥယျာဉ်ထဲတွင်တွေ့လိုက်ရသဖြင့် တုံ့ဆိုင်းသွားသေးသည်။ ဖန်ချင်းသည် သူမကိုလက်ယက်ခေါ်ပြီး လာရန်ပြောလေသည်။
“မင်းရဲ့ နလန်ထူတာကရော ဘယ်လိုလဲ” ဖန်ရူယန်သည် သူမ၏ အသားအရေ မဆိုးလှသည်ကို မြင်သောအခါ အတော်အသင့် ပြန်ကောင်းနေ သည်ကို သိလိုက်သည်။
“အခုကို သက်သာနေပါပြီ” ရှီမာယူယူသည် ဖန်ရူယန်ဘေးလာပြီး ထိုင် လိုက်သည်။
“မင်း အဆင်ပြေမှတော့ ရူယန်ကိုကုသဖို့ စကြလို့ရပြီပဲ” ဖန်ချင်းပြော လိုက်သည်။
သူ မတ်တတ်မထဘဲ ခြံဝန်းတွင်နေကာ သူမကို ကုသမည်ကို ရှီမာယူယူ မြင်သောအခါ မှင်တက်မိသည်။
“ဒီမှာပဲလား”
“ရူယန်ရဲ့ ခန္ဓာကိုယ်ကလည်း အတော်အသင့်တော့ နလန်ပြန်ထူပြီးပြီ၊ ပစ္စည်းတွေလည်း ပြင်ဆင်ပြီးပြီ ဒီနေရာကို လာနှောင့်ယှက်မယ့်လူလည်းမရှိ ဘူး အဲတော့ ဘယ်နေရာမှာလုပ်လုပ် အတူတူပဲမဟုတ်ဘူးလား” ဖန်ချင်းသည် ရှီမာယူယူကို ကြည့်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပုလင်းအချို့ ရှီမာယူယူရှေ့သို့ ရောက်လာသည်။
“ဒါတွေအကုန်လုံးက ကြားထဲမှာ သန့်စင်ထားတဲ့ဆေးတွေပဲ ငါ အသက် သစ်ပင်နဲ့ သူတော်စင်ဆေးကိုထပ်ထည့်ထားတယ်၊ ပြီးမှ ဒီဆေးတချို့ကိုလုပ် နိုင်တော့တယ်” ဖန်ချင်းပြောလိုက်သည်။
ရှီမာယူယူသည် ဖန်ချင်း ပြောလိုက်သည့်စကားကို ကြားပြီးနောက် မေးခွန်းမထုတ်ပေ။ သူမနှင့် ခိုင်မာသည့် အဆင့်တစ်ခုရောက်နေသည့် ဖန်ချင်း ကိုယှဉ်ကြည့်လျှင် သူမသည် များစွာနောက်ကျကျန်ခဲ့သည်ဟု ခံစားရသည်။
သူမ ပထမဆုံးအကြိမ် ဖန်ရူယန်ကိုတွေ့ခဲ့စဉ်က ဒဏ်ရာများစွာရှိနေပြီး ခန္ဓာကိုယ်မှ ဒဏ်ရာများကို ပျောက်ကင်းအောင်သာ တတ်နိုင်ခဲ့သည်။ သူမ၏ ဆေးပညာမှာ ဖန်ချင်းထက်သာလွန်၍မဟုတ်…. အပ်စိုက်ကုထုံးသည် လျှို့ဝှက်ဆန်းကြယ်နေခြင်းကြောင့်ဖြစ်သည်။ နောက်ပိုင်း သူမသည် ဖန်မျိုးနွယ်ကို အပ်စိုက်ကုထုံးသင်ပေးကာ ဖန်ချင်းကို ဆေးပညာအရည်အချင်း ခုန်တက်စေခဲ့သည်။ သဘာဝကျကျပင် သူသည် ကျေညက်ကာ ဖန်ရူယန်အား ကုသသည့် ဆေးပညာမှာ ရှီမာယူယူထက် အားကောင်းနိုင်သည်။
“ရူယန် ဒီဆေးစားလိုက်တာနဲ့ သက်ရောက်မှု စလာမှာပဲ၊ ငါတို့ အဲဒါကို အံ့ဖွယ်အရွတ်နဲ့ ထိန်းရမယ်၊ အနေအထားလွဲသွားတာရှိရင် အံ့ဖွယ်အရွတ်ရဲ့ သက်ရောက်မှုကို ထိန်းချုပ်ရမယ်” ဖန်ချင်း ပြောလိုက်သည်။
ရှီမာယူယူ အံ့ဩသွားသည် “အံ့ဖွယ်အရွတ်က ဆေးလုပ်လိုက်ပြီမဟုတ် ဘူးလား”
ဖန်ချင်း ခေါင်းခါလေရင်း သူမကို အံ့ဖွယ်ဆေးအကြောင်းပြောပြလေ သည် “အံ့ဖွယ်ဆေးက သာမာန်ဆေးတွေနဲ့မတူဘူး၊ ဆေးအဖြစ်သန့်စင်ပြီးတဲ့ သက်ရောက်မှုက တိုက်ရိုက်သုံးတာလောက် မကောင်းဘူး၊ သက်ရောက်မှုကို နည်းနည်းလေး ဖိနှိပ်ရုံပဲ၊ ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်က အဲဒါကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူး၊ အံ့ဖွယ်ဆေးတွေကိုရနေကျသူတွေက သာမန်လူတွေ မဟုတ်ကြဘူး၊ အဲဒါကြောင့် သူတို့က ဒီအချက်ကိုထည့်မတွေးမိကြဘူး”
“ဒါပေမဲ့ အဒေါ်ဖန်ရဲ့ ခန္ဓာကိုယ်က ဒီလောက်အားနည်းနေတာ ဆေးရဲ့ သက်ရောက်မှုနဲ့တင် ခံနိုင်ရည်ရှိပါ့မလား” ရှီမာယူယူသည် စိုးရိမ်နေသည်။
“ဘယ်ခံနိုင်ပါ့မလဲ ဒါပေမဲ့ ငါတို့မှာ သန့်စင်ထားတဲ့ဆေးတွေရှိတယ်လေ” ဖန်ချင်းသည် ပူပန်ခြင်းမရှိပေ။
ရှီမာယူယူသည် သူယုံကြည်ချက်ရှိနေပုံကိုကြည့်ပြီး ပါဝင်ပစ္စည်းများကို မေးမြန်းလေသည်။ ပြီးနောက် သဘောတူစွာဖြင့် ဖန်ရူယန်၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ဆေးလုံးများတွင်တော့ တခြားပစ္စည်းများအပြင် အဓိကပါဝင်သည်မှာ အသက်သစ်ပင်၊ ကမ္ဘာမြေကြီးမျက်လုံးတို့နှင့် ဆေးသက်ရောက်မှုတစ်ဝက်၏ သက်ရောက်မှုနှင့်တင် ခံနိုင်ရည်ရှိအောင် မွန်းမံထားသည်။ တခြားဈေးကြီး သော ပါဝင်ပစ္စည်းများကိုတော့ ပြောရန်ပင်မလိုတော့ပေ။
ဖန်ရူယန်၏ ခန္ဓာကိုယ်သည် ဖန်ချင်း၏ အကူအညီဖြင့် ကောင်းစွာ ပြန်နလန်ထူနိုင်ပြီဖြစ်သည်။
သို့သော် ဖန်ချင်း ဖန်ရူယန်အား တစ်ကိုယ်လုံးပြည့်အောင် အပ်စိုက်ပေး ပုံကို တွေးမိပြီး သူတို့နှစ်ယောက်လုံးကို ကြည့်မိလိုက်သည်။
ရှီမာယူယူသည် မည်သည့်ထင်မြင်ချက်မှမရှိပေ။ ဖန်ချင်းသည် ဖန်ရူယန် ထိုင်ရန် တွဲပေးလိုက်သည်။
ဖန်ရူယန်သည် ဆေးစားပြီးနောက် မည်သည့်ခံစားချက်မှမရပေ။ သူမ အံ့ဖွယ်အရွတ်ကိုမြင်လိုက်ချိန်တွင် အနည်းငယ်တုံ့ပြန်မှုဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်တည်ငြိမ်သွဦးသည်။
ရှီမာယူယူသည် ဖန်ရူယန်၏ တည်ငြိမ်ပုံကိုကြည့်ပြီး သက်ပြင်းချမိသည်။ နှစ်ပေါင်းရာချီတွယ်ကပ်နေသော ရောဂါကို ကုသပေးရတော့မည်။ သူမသာ ဖန်ရူယန်ဖြစ်ပါက အလွန်ပင် ပျော်ရွှင်လိမ့်မည်ဖြစ်သည်။ သို့သော် ဖန်ရူယန်၏ မျက်လုံးများသည် တည်ငြိမ်နေသည်။
တစ်နာရီကြာပြးနောက် ဖန်ချင်းသသည် ဖန်ရူယန်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီး ဆေးများ စတင်သက်ရောက်မှုရှိနေပြီကို အတည်ပြုလေသည်။ သူ သည် အံ့ဖွယ်ဆေးကိုဖွင့်ပြီး သူမကို စားခိုင်;လိုက်သည်။
အံ့ဖွယ်အရွတ်သည်သည် တရုတ်ဆီးသီးအနီအရွယ်အစားလောက်ရှိကာ ဖန်ရူယန်သည် နှစ်လုတ်သုံးလုတ်လောက် ကိုက်စားရသည်။ အရသာမှာ အနည်းငယ်ချဉ်ကာ လတ်ဆတ်နေသည်။ အသီးနှင့်ပင် တူသေးသည်။
ရှီမာယူယူသည် အနံ့ရှုကြည့်ပြီး စဉ်းစားမိလိုက်သေးသည်။ သူမ သွေးဖြင့် စိုက်ပျိုးထားသဖြင့် သွေးနံ့မှာပြင်းထန်လှသည်။
အံ့ဖွယ်အသီးကို ထိုအတိုင်းကိုက်စားလိုက်သည်ကို တွေးလိုက်သည်နှင့် သူမ အနည်းငယ် ရင်ထဲတွင်စိတ်လှုပ်ရှားမိသည်။ သို့သော် သူမ၏ ဝိညာဉ် စေတီထဲတွင် ထိုကဲ့သို့ပစ္စည်းထပ်ရှိသေးသည်ကိုတွေးမိပြီး စိတ်ပျက်မှာမှာ ပျောက်ကွယ်သွားတော့သည်။
တခြားသူများတွင် အံ့ဖွယ်ဆေးတစ်ခုသာရှိချင်ရှိမည် သူမတွင်တော့ နှစ်ခုရှိသည်။ တစ်ခုမှာကြီးပြီး တစ်ခုမှာသေးသော်လည်း ဘာမှမရှိသည်ထက်တော့ တော်သေးသည်။
***