← Chapters

ကုသခြင်း ၂

Vol. 112 Ch. 1556

ကုသခြင်း ၂

Vol. 112 Ch. 1556

ဖန်ရူယန် အံ့ဖွယ်အရွတ်စားပြီးနောက် အစပိုင်းတွင် အဆင်ပြေနေသေး သည်။ သို့သော် ရုတ်တရက် သူမ မျက်မှောင်ကြုတ်လိုက်ပြီး အမူအရာမှာ လည်း ဖျော့တော့လာသည်။ ချွေးသီးချွေးလုံးများသည် အဆက်မပြတ် ကျလာ သည်။

“ရူယန်” ဖန်ချင်းသည် ဖန်ရူယန်၏ လက်ကိုဆုပ်ကိုင်ပြီး သွေးခုန်နှုန်းစမ်း လိုက်သည်။

ရှီမာယူယူသည် တခြားအံ့ဖွယ်အရွတ်အကြောင်း စဉ်းစားနေရာမှ ဖန်ရူယန်၏ အသံကိုကြားသည်နှင့် ချက်ချင်းပင် သတိပြန်ဝင်လာသည်။ ဖန်ရူယန်၏ နာကျင်ခံစားနေရသည့်အခြေအနေကို မြင်သောအခါ သူမ စိတ်ပူလာသည်။

“အံ့ဖွယ်အရွတ်ရဲ့ ဆေးစွမ်းအားက သူမကိုယ်ထဲမှာ လှိမ့်နေပြီ၊ ယူယူ ကျန်တာကိုတော့ မင်းကိုပဲအပ်ထားလိုက်တော့မယ်” ဖန်ချင်းသည် ပြောပြီး သည်နှင့် ဆေးတစ်လုံးထုတ်ပြီး ဖန်ရူယန်အား စားရန်ပေးလိုက်သည်။

ဖန်ရူယန်၏ လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များသည်ကို ရှီမာယူယူ သိသည်။ သူမသည် လက်ကိုဆုပ်ကိုင်ပြီး ခဏမျှစမ်းသပ်ပြီးနောက် လက်ဖဝါးမှတစ်ဆင့် ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။

“အဒေါ်ဖန် ဆေးစွမ်းအင်လမ်းကြောင်းပွင့်ဖို့ ကျွန်မဝိညာဉ်စွမ်းအင်ကို သုံးတော့မယ် မခုခံနဲ့နော်”

ဖန်ရူယန်သည် အသာအယာခေါင်းညိမ့်လေသည်။

ရှီမာယူယူ၏ ဝိညာဉ်စွမ်းအင်သည် သူမလက်သွေးကြောမျတဆင့် ဖန်ရူယန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။ စွမ်းအင်များ တိုက်ခိုက်သည် ကို ခံစားမိသည်နှင့် ထိန်းချုပ်ရန်ကြိုးစားလိုက်ရာ ငြိမ်ကျသွားလေသည်။

အံ့ဖွယ်အရွတ်သည် ရင်းနှီးသည့် ရောင်ဝါကို အာရုံမခံမိသည်နှင့် ရှုပ်ထွေး မှုလျော့နည်းသွားသည်။ သို့သော် လုံးဝရပ်သွားခြင်းမရှိပေ။

သူ အနည်းငယ်ငြိမ်ကျသွားသည်ကို ရှီမာယူယူ မြင်သောအခါ စိုးရိမ်မှု လျော့နည်းသွားသည်။ အနည်းဆုံးတော့ သူမသည် အသုံးဝင်သေးသည်ကို ပြသနေသည်။ သူမသည် အကောင်းဆုံးထိန်းချုပ်လေသည်။ ခက်ခဲသော်လည်း နောက်ဆုံးတွင် အလုပ်ဖြစ်သည်မှာ ကောင်းသွားသည်။

ဆေးစွမ်းအင်သည် သူမ၏ ဝိညာဉ်စွမ်းအင်နောက်လိုက်ကာ ဖန်ရူယန်၏ ဒဏ်ရာရနေသော နေရာသို့ရောက်လေသည်။ သူမ ဒဏ်ရာအား ဆန့်ကျင်လေ သည်။

ဖန်ရူယန်၏ အသားအရေပိုကောင်းလာချိန်တွင် ရှီမာယူယူ၏ အသားအရေပိုဆိုးလာသည်ကို ဖန်ချင်းမြင်လိုက်သည်။ ထိုအခါမှပင် သူ သက်ပြင်းချလိုက်သည်။

သူမ ထွက်လာတဲ့အထိစောင့်လိုက်တာ ကောင်းသွားတဲ့ပုံပဲ။ ဒီကလေး အတွက် နည်းနည်း အခက်တွေ့သွားတာပေါ့။

အစေခံမိန်းကလေးများသည် ဥယျာဉ်သို့မဝင်ရန် အမိန့်ရထားသဖြင့် အပြင်တွင်သာ စောင့်ကြလေသည်။ ဖန်ရူယန်၏ ရောဂါကို ဖန်ချီကုသမည်ဟု ထိုအကြီးအကဲများ ကြားသောအခါ အမြန်ပြေးလာကြသည်။

ဖန်ချင်းသည် ဥယျာဉ်ပတ်ပတ်လည်အား အတားအဆီးချထားသဖြင့် သူတို့ ဝင်မရပေ။ သူတို့သည် အပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်ရုံသာ ကြည့်နေရသည်။

အစပိုင်းတွင် ဖန်ရူယန်ခံစားနေရသည်ကို သူတို့မြင်သောအခါ အလွန် စိုးရိမ်ကြသည်။ သို့သော် မတတ်သာဘဲ အပြင်တွင်သာ စောင့်ရတော့သည်။ နောက်ပိုင်းတွင် သူမ အခြေအနေတည်ငြိမ်လာသည်ကိုမြင်သောအခါ ရှီမာယူယူကို အလွန်ကျေးဇူးတင်မိသည်။

“ငါတို့ သူမကိုတကယ်ပဲချီးကျူးရမယ်၊ မဟုတ်ရင် သခင်က အောင်မြင် မှာမဟုတ်ဘူး”

“ရလဒ်က မထွက်လာသေးဘူး ဒီလောက်နဲ့ပျော်လို့မဖြစ်သေးဘူး”

“ငါ လူကြီးမင်းကိုယုံတယ် သူက ခုနက စိုးရိမ်နေပေမဲ့ အခုတော့ စိတ်အေးလက်အေးဖြစ်သွားပုံပဲ”

သူတို့သည် ဖန်ချင်း၏ အရည်အချင်းကိုသိကြသည်။ သူပင် စိတ်မပူ သောကြောင့် တခြားသူများလည်း စိတ်အေးသွားကြသည်။

တစ်နေ့တာအချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားလေသည်။ ဖန်ချင်း သည် ဖန်ရူယန်၏ သွေးခုန်နှုန်းကို တစ်ခါတစ်ခါ စမ်းသပ်လေသည်။ သူမ အခြေအနေ ပိုငြိမ်လာသည်ကို အာရုံခံမိပြီး သူတို့အောင်မြင်မည်ကို သိထား သည်။

ဖန်ရူယန်ကိုယ်တွင်းမှ ရှီမာယူယူ၏ ဝိညာဉ်စွမ်းအင်သည် သူမ၏ အခြေအနေကို အာရုံခံမိသည်။ ဖန်ရူယန် ယခုလိုပုံစံဖြစ်နေသော်လည်း အံ့ဖွယ် အရွတ်ကို ထိန်းချုပ်နိုင်သေးသည်။ သို့သော် သူမထွက်မလာဘဲ အဆုံးထိ နေပေးသည်။

တစ်ရက်ကြာပြီးနောက် ဖန်ရူယန်၏ ဒဏ်ရာများသည် လုံးဝပျောက်ကင်း သွားသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ ထိုအခါမှပင် သူမခန္ဓာကိုယ်မှ ထွက် လိုက်သည်။ တစ်ချိန်တည်းမှာပင် ဖန်ရူယန်လည်း မျက်လုံးပွင့်လာသည်။

“အဒေါ်ဖန် နောက်ဆုံးတော့ ကောင်းလာပြီပေါ့” ရှီမာယူယူသည် ပြုံးပြီး သည်နှင့် ဘေးသို့လဲကျသွားလေသည်။

ဖန်ရူယန်သည် လက်ဆန့်ထုတ်ပြီး သူမကို ဖမ်းလိုက်သည်။ သူမသည် ‌‌ခေတ္တမျှ စမ်းသပ်ပြီးနောက် ပြောလိုက်သည် “သူမ စိတ်စွမ်းအင်တွေ အများ ကြီးသုံးလိုက်လို့ မေ့လဲသွားတာပဲ”

ဖန်ချင်းသည် ဆေးတစ်လုးထုတ်ကာ သူမအားကျွေးပြီးသည်နှင့် ဖန်ရူယန်သည် အခန်းသို့ပြန်လိုက်ပို့ပေးလိက်သည်။

သူမ ထွက်လာသည်နှင့် ဖန်မျိုးနွယ်ဝင်များသည် သူမကို ဂုဏ်ပြုပေးလေ သည် “သက်သာလာလို့ သခင်ကို ဂုဏ်ပြုပါတယ်”

“တိုးတိုး ယူယူအနားယူတာကို မနှောင့်ယှက်နဲ့” ဖန်ရူယန်သည် ပျော်ရွှင် မြူးထူးခြင်းမရှိပေ “အစည်းအဝေးခန်းမကိုသွားကြမယ်”

ရှီမာယူယူသည် စိတ်ထဲမှ အလေးအပင်ကြီးကို ဖြေရှင်းလိုက်နိုင်၍လား မသိပေ… ကောင်းမွန်စွာ အိပ်ပျော်လေသည်။ သူမ နိုးလာသောအခါ စိတ်များ ပေါ့ပါးနေသည်။

သူမ စိတ်ထဲမှလေးလံနေသော ကိစ္စကို ဖြေရှင်းပြီးသဖြင့် ပင်ပန်းခြင်း တစိုးတစိမျှမရှိပေ။

အခန်းတံခါးပွင့်သွားကာ ဖန်ရှင်း ဝင်လာသည်။ ရှီမာယူယူ မျက်လုံးပွင့် နေသည်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြောလေသည် “သခင်မလေး နိုးလာပြီ လား”

“သခင်လေးဟုတ်လား”

သူမကို သခင်လေးယူယူလို့ ခေါ်နေကျမဟုတ်ဘူးလား။

သခင်မလေးယူယူနဲ့ သခင်မလေးဆိုတဲ့ အခေါ်အဝေါ်တွေက အဆင့်မတူ ကြဘူးလေ။

“သခင်မလေးကို ဖန်မျိုးနွယ်က သခင်မလေးအဖြစ် သခင်မက မျိုးနွယ် ဝင်အကုန်လုံးကို ကြေညာလိုက်ပြီ” ဖန်ရှင်းသည် ပြုံးပြီးပြောလေသည်။

“အဒေါ်ဖန်ရော” သူမသည် အိပ်ရာပေါ်မှ တွယ်ဆင်းလိုက်သည်။

“သခင်က ပြန်ကောင်းပြီးနောက်ရက်ပဲ ထွက်သွားပြီ”

ဖန်ရှင်း၏ အဖြေကိုကြားသောအခါ ရှီမာယူယူ မှင်တက်မိသည်။

“အဒေါ်ဖန်က ထွက်သွားလိုက်ပြီလား”

“ဟိုဘက်က အခြေအနေက အရေးကြီးနေတာ သခင် မျိုးနွယ်မှာ အကြာကြီးနေတာကို မြင်ရခဲတယ်လေ” ဖန်ရှင်း ပြန်ဖြေလေသည် “တကယ် တော့ သခင်ပြန်ကောင်းလာတော့ သတင်းတွေရောက်လာတယ်၊ ဒါပေမဲ့ သခင် က သခင်မလေးနိုးလာတဲ့အထိစောင့်ကြည့်ချင်တယ်လို့ ပြောတယ် ဒါပေမဲ့ သခင်မလေးက နောက်နေ့အထိနိုးမလာသေးတာနဲ့ သခင်လည်းထွက်သွားတာ ပဲ”

“ငါ အိပ်တာဘယ်လောက်ကြာသွားလဲ”

“လေးရက်”

“အဲလောက်ကြာသွားတာလား” ရှီမာယူယူသည် အံ့ဩမိသည်။ သူမသည် အရင်တစ်ခေါက်ကထက်ပင် ပိုကြာအောင် အိပ်သွားသည်။

“ဒီနှစ်တွေမှာ သခင်မလေးက ပင်ပန်းခဲ့တယ်လို့ သခင်ပြောတယ်၊ ကိုယ့် ကိုယ်ကိုလည်း အရမ်းတင်းကြပ်ခဲ့တယ်တဲ့၊ အခု စိတ်ထဲက ကိစ္စကြီးတစ်ခုကို ရှင်းပြီးသွားပြီဆိုတော့ စိတ်သက်သာရာရသွားလို့ နားနေတာတဲ့၊ အဲဒါကြောင့် အကြာကြီးအိပ်တာလို့ ပြောတယ်” ဖန်ရှင်းသည် ရှီမာယူယူအား အနည်းငယ် ဝမ်းနည်းစွာဖြင့် ကြည့်လေသည်။

သူမသည် အသက်တစ်ရာပင် မပြည့်သေးသော်လည်း တင်းကြပ်စွာ တောင့်ခံခဲ့သည်။

ရှီမာယူယူ ပြုံးလိုက်သည်။ ကြည့်ရတာ သူမ မနားတာ ကြာပြီနဲ့တူတယ်။

“ဪ ဟုတ်သားပဲ သခင်မလေးနိုးရင် သူ့ကိုလာရှာပါလို့ လူကြီးမင်း ပြောထားတယ်”

“သိပြီ”

ရှီမာယူယူသည် ဖန်ချင်း၏ ခြံဝန်းတည်နေရာကို မသိသောကြောင့် ဖန်ရှင်းကို လမ်းပြခိုင်းလိုက်သည်။ သူ သူမကိုရှာသည်မှာ အရေးကြီးကိစ္စ မဖြစ် နိုင်သည်ကို သိသောကြောင့် ပူပန်ခြင်းမရှိဘဲ ဖန်မျိုးနွယ်မှရှုခင်းများကို ဖြည်းဖြည်းချင်းရှုစားလာသည်။

ဖန်မျိုးနွယ်များ သူမကိုမြင်သောအခါ စိတ်အားထက်သန်စွာ နှုတ်ဆက် ကြလေသည်။

သူတို့သည် အပြင်လူကို သဘောမတွေ့လှသော်လည်း သူမ ရောက်လာ ခြင်းကို အလွန်ကျေးဇူးတင်မိသည်။ သူမသာ မဟုတ်လျှင် သခင်၏ ဒဏ်ရာ သည် ပျောက်ကင်းမည်မဟုတ်ပေ။

ဖန်ချင်း၏ ခြံဝန်းကိုရောက်ပြီးနောက် ဖန်ရှင်း အရင်ပြန်သွားသည်။ ရှီမာယူယူ ပထမဆုံးတွေ့လိုက်ရသည်မှာ ဖန်ဖန်နှင့်ယွမ်ယွမ်တို့ဖြစ်ကြသည်။

သူတို့သည် သူမကိုမြင်သောအခါ ဖန်ဖန်သည် အရင်ကလိုပင် တရင်းတနှီးဆက်ဆံကာ ယွမ်ယွမ်၏ မျက်လုံးထဲမျ အေးစက်မှုသည် အနည်းငယ်လျော့သွားသည်။

“နောက်ဆုံးတော့ နိုးလာပြီပဲ” ဖန်ဖန်သည် ပြုံးရင်းပြောလေသည်။

“မင်းလို အိပ်တဲ့သူကို တစ်ခါမှမတွေ့ဖူးဘူး” ယွမ်ယွမ်၏ စကားများ သည် အေးစက်သော်လည်း ဂရုစိုက်သည့်လေသံပါသည်။

ထို့အပြင် သူမသည် သခင်ကိုကုသရင်း ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“ဦးလေးဖန်ရော”

“သခင်မလေးကို ဆေးခင်းမှာစောင့်နေတယ် အဲဒီကိုခေါ်သွားပေးမယ်”

ရှီမာယူယူသည် သူတို့နောက်လိုက်ကာ ဆေးခင်းသို့သွားလိုက်သည်။ ဖန်ချင်းသည် လက်ထဲတွင် ပေါက်ပြားအသေးလေးကိုင်ကာ ဆေးခင်းကြားတွင် ရပ်နေသည်။ သူသည် ထိုနေရာအား ထယ်ထိုးနေခဲ့သည်။

“ဦးလေးဖန်” ရှီမာယူယူ လျှောက်လာသည်။

“နောက်ဆုံးတော့ နိုးလာပြီပဲ ကောင်းကောင်းအိပ်ပျော်တာပဲ” ဖန်ချင်း သည် သူမ နေကောင်းနေသည်ကိုမြင်သောအခါ မတ်တတ်ရပ်ပြီး ပြောလေ သည်။

“အင်း” ရှီမာယူယူသည် လမ်းလျှောက်လိုက်သည်နှင့် ကိုယ့်ခန္ဓာကိုယ် အခြေအနေကိုယ် ပိုသိလာသည်။

“ရူယန်ထွက်မသွားခင်ကို မင်းအပြင်ကိုလူတစ်စုခေါ်သွားမယ်လို့ပြော သွားတယ်၊ အဲလူတွေက မင်းကိုအံ့ဖွယ်ဆေးမပေးရင် ဒီအတိုင်းလုသာလုလိုက်” ဖန်ချင်း ပြောလေသည်။

“ဟုတ်ကဲ့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဖန်ရှင်းကို မင်းနဲ့အတူခေါ်သွားလိုက်၊ သူတို့က အပြင်မှာနာမည်ကြီး တယ်၊ အရင်တုန်းကဆိုရင် အောက်ကလူတွေနဲ့ ဖန်မျိုးနွယ်ကိစ္စကို ဖြေရှင်းရ မယ်ဆို ဖန်ရှင်းကတာဝန်ယူတာပဲ”

“ဟုတ်ကဲ့ပါ”

“ဒါဆို ဘယ်တော့သွားမှာလဲ”

ရှီမာယူယူ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ကျွန်မက ဒီကို အဒေါ်ဖန်ကို ကုဖို့လာတာလေ သူမလည်းသွားပြီဆိုတော့ အခုပဲသွားတော့မလို့ ပဲ”

***

All Chapters