← Chapters

နောက်ထပ်လှိုင်းဂယက်ထလာခြင်း

Vol. 112 Ch. 1557

နောက်ထပ်လှိုင်းဂယက်ထလာခြင်း

Vol. 112 Ch. 1557

ဖန်ချင်းသည် သူမကို ကျောက်စိမ်းပြားပေးပြီးနောက် ထိုအရာနှင့် အောက်မှ ဖန်မျိုးနွယ်ဝင်များကို လှုပ်ရှားရန်စေခိုင်းနိုင်ကြောင်း ပြောလိုက်၏။

ရွှမ်ယွမ်ဆိုင်ကဲ့သို့ပင် နောက်ကွယ်မှာ ဖန်မျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် ပင် သူမ ဖန်ရူယန်၏ ချစ်ခင်မှုကိုရသည်နှင့် အားလုံးသည် သူမကို အလွန်ပင် လေးစားကြသည်။

ရှီမာယူယူသည် ငြင်းဆန်မနေတော့ဘဲ ချက်ချင်းပင် သိမ်းလိုက်သည်။

ဖန်ချင်းသည် ဖန်ရှင်းကို သွားရှာလေသည်။ ဖန်ရှင်းသည် ညွှန်ကြား ချက်ကိုရသည်နှင့် ဖန်ချင်း၏ ခြံဝန်းအပြင်တွင်စောင့်နေသည့် လူတချို့ကို တိုက်ရိုက်ပင် ဦးဆောင်ခေါ်သွားလိုက်သည်။

“တစ်ခုခုဖြစ်ရင် ငါ့ကိုဆက်သွယ်ပါ၊ မင်းဘာပဲလုပ်ချင်ပါစေ ကောင်းကင် ဥပဒေါကိုမဆန့်ကျင်သရွေ့တော့ ဖန်မျိုးနွယ်က မင်းကိုထောက်ပံ့ပေးမှာပါ” ဖန်ချင်းသည်ရှီမာယူယူ၏ ပခုံးကိုပုတ်ပြီးပြောလေသည်။

“ကျေးဇူးတင်ပါတယ် ဦးလေးဖန်” ရှီမာယူယူသည် ပြုံးပြီး လှည့်ထွက် သွားလေသည်။

ဖန်မျိုးနွယ်သည် သူမအတွက် ထင်ပေါ်အောင် မနေလျှင်တောင် သူတို့ နာမည်ကို သူမ သုံးလိုက်သည်နှင့် ကာကွယ်မှုပေးမည်ဖြစ်သည်။

ရှီမာယူယူ ထွက်သွားချိန်တွင် ဖန်ရှင်းသည် လူများကိုဦးဆောင်ကာ အပြင်တွင် စောင့်ကြပ်နေပြီဖြစ်သည်။

“အဒေါ်ရှင်း အဒေါ့်ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ဖန်ရှင်း နှင့်ထိုလူများကို အရိုအသေပေးလိုက်သည်။

“လူကြီးမင်းက ကျွန်မတို့ကိုညွှန်ကြားပြီးပါပြီ သခင်မလေးက ဒီလောက် မြန်မြန်သွားချင်လိမ့်မယ်လို့ ထင်မထားဘူး” ဖန်ရှင်းသည် ရှီမာယူယူ ရပ်ရန် ထူပေးလေသည်။

ဖန်မျိုးနွယ်တွင် ကျင့်ကြံရန်အရင်းအမြစ် များစွာရှိကာ ရောက်လာကြ သော ဖန်မျိုးနွယ်များသည် ကျင့်ကြံပြီးမှ ထွက်သွားကြသည်ချည်းပင်။ ရှီမာယူယူလည်း ထိုသို့လုပ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုမျှမြန်မြန် ထွက်သွားလိမ့်မည်ဟု ထင်မထားပေ။

“ကျွန်မမှာ လုပ်စရာလေးတွေရှိလို့ပါ ဒီအခြေအနေက နည်းနည်း စွန့်စားရာတော့ကျတယ် အဲဒါကြောင့် အဲအချိန်ကျရင် အဒေါ်ရှင်းကိုပဲ ဒုက္ခပေး ရတော့မှာပဲ”

“ကျွန်မတို့အပြင်သွားရင် သခင်မလေးရဲ့ အမိန့်ကိုနာခံရမယ်လို့ လူကြီးမင်းက ညွှန်ကြားထားပါတယ်” ဖန်ရှင်းသည် သူမကိုသူမ နိမ့်ချလေ သည်။

“အဲလိုဆိုရင် ကျွန်မတို့သွားကြတာပေါ့” ရှီမာယူယူညွှန်ကြားလိုက်သည်။

ဖန်ရှင်းသည် ရှီမာယူယူကို ဦးဆောင်ပြီး ဖန်မျိုးနွယ်မှထွက်ကာ ရှည်လျား သော လေဟာပြင်ကြီးကို ဖြတ်ကြလေသည်။ ရှီမာယူယူသည် မူးဝေသွား သော်လည်း အနည်းဆုံးတော့ သည်တစ်ခေါက်တွင် သတိရှိရန် နေနေရသည်။

မည်မျှကြာအောင် ဖြတ်ကျော်ရသည်မသိပေ။ သို့သော် သူတို့ လေဟာ ပြင်ဧရိယာမှထွက်သည်နှင့် ရှီမာမျိုးနွယ်အထက်သို့ ဆင်းသက်လေသည်။

ရှီမာမျိုးနွယ်မှလူများ လူအဖွဲ့လိုက်ကို အာရုံခံမိသည်နှင့် မိတ်ဆွေလား ရန်သူလားဆိုသည်ကို မသိသဖြင့် ကိုယ်ရံတော်အဖွဲ့သည် ချက်ချင်းပင် ထိုဧရိယာကို ဝိုင်းလိုက်ကြသည်။ သူတို့ ရှီမာယူယူကိုမြင်သောအခါ ပျော်သွား ကြလေသည်။

“သခင်မလေး ပြန်လာပြီပဲ”

ရှီမာယူယူ သူတို့ကိုခေါင်းညိတ်ပြလိုက်သည် “ဘိုးဘိုးကြီးနဲ့ တခြားသူ တွေပြန်လာပြီလား”

“ပြန်လာပြီး ပြန်ထွက်သွားကြပါတယ်” အစောင့်မှ ပြန်ဖြေလေသည်။

“သူတို့က ဘယ်သွားကြတာလဲ”

“အဲဒါတော့ မသေချာပါဘူး၊ သခင်မလေးရဲ့ဆရာလာပြီး သူတို့ကိုခေါ် သွားတာပဲ သူတို့သွားတာ နှစ်တစ်ဝက်လောက်တော့ရှိပြီ”

ရှီမာယူယူ အချိန်ကိုမေးကြည့်မိသည်။ သို့သော် သူမ ထွက်သွားခဲ့သည် နှင့်ဆိုလျှင် ၇ လ၊ ၈ လခန့်ရှိပြီဖြစ်သည်။ အချိန်အများစုမှာ အလောတကြီးလုပ် ခဲ့ရသည်။

သူမ ထွက်သွားပြီးနောက် ချူးချန်းမြို့တော်သည် လေလံပွဲစီစဉ်ကာ သူမ၏ သူတော်စင်ဆေးသည် အဆင့်မြင့်ကျောက် သန်းပေါင်းတစ်ထောင် ကျော်ဖြင့်ရောင်းထွက်သွားသည်။

ထိုဂဏန်းသည် ရှီမာယူယူကို အံ့ဩသွားစေသည်။ ဝယ်သွားသူမှာ ယန်းမျိုးနွယ်ဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ပျော်ရွှင်မှု တစ်ဝက်လျော့ သွားသည်။ အထူးသဖြင့် ယန်းမျိုးနွယ်သည် တခြားကျန်သောဆေးများကိုပါ ဝယ်သွားသည်ဟု ကြားလိုက်ချိန်တွင် မျက်မှောင်တင်းကြပ်စွာကြုတ်မိသည်။

ယန်းမျိုးနွယ်သည် ရှေးဟောင်းဝိညာဉ်ဆေးများတွင် ဇာတ်ဆင်ထားခြင်း ဖြစ်ကာ သူတို့ သူတော်စင်ဆေးများနှင့် မည်သို့မည်ပုံလုပ်မည်ကို သူမ မသိပေ။ ယန်းမျိုးနွယ်၏ ရှေးဟောင်းဝိညာဉ်ဆေးများကို လိုချင်စိတ်သည် မသေလူများ နှင့် ဆက်စပ်မှုရှိလိမ့်မည်ဟု သူမ ခံစားမိနေသည်။

လေလံပွဲပြီးသွားချိန်တွင် ရှီမာကျိယွင်နှင့် တခြားသူများ ပြန်လာကြကာ မသေလူများကိစ္စကို မစုံစမ်းကြပေ။

ဟော်ကျန့်ကျန်းသည်လည်း လေလံပွဲပြီးသွားသည်နှင့် စူးလျိုနျန်နှင့် အတူ ထွက်သွားလေသည်။ ခဏကြာပြီးနောက် ယန်းမျိုးနွယ်သည် မသေလူ များနှင့် ပတ်သတ်ကြောင်းကို သတင်းလွှင့်ခဲ့ကြသည်။ သူတို့တွင် တိကျသည့် သက်သေမရှိသော်လည်း ယန်းမျိုးနွယ်ကို လူအများသံသယဝင်လာစေသည်။

သို့သော် ရှီမာကျိယွင်နှင့် တခြားသူများပြန်လာပြီး ခဏအကြာတွင် ဖန်ကျိရှင်းသည် သူတို့ကိုလာရှာခဲ့သည်။ သူသည် အစပိုင်းတွင် ရှီမာယူယူကို လာရှာခြင်းဖြစ်သော်လည်း သူမ နေရာတွင်မရှိလိမ့်မည်ဟု ထင်မထားပေ။ ရှီမာကျိယွင်နှင့် တခြားသူများသည် သူ့ကိုကြိုဆိုကြကာ ခေတ္တမျှကြာပြီးသည် နှင့် သူနှင့်အတူထွက်သွားကြလေသည်။

“သခင်မလေး သခင်လေးသိရင်သိမှာ” အစောင့်သည် သူမကို ပြောပြ လေသည်။

“ကျွန်မအဖေလား”

အစောင့်သည် ခေါင်းညိတ်လေသည်။ ဖန်ကျိရှင်းသည် ထွက်မသွားခင် ရှီမာလျူရွှမ်ကို သွားရှာခဲ့ကြောင်း ပြောပြလိုက်၏။

“အဒေါ်ရှင်း ကျွန်မ အဒေါ်တို့နေဖို့ နေရာချပေးပါမယ်” ဆရာသည် သေချာပေါက် ကိစ္စတစ်စုံတစ်ရာရှိသောကြောင့် သူမကို လာရှာသည်ဟု ရှီမာယူယူ ခံစားရသည်။

“မလိုပါဘူး” ဖန်ရှင်း ပြောလေသည် “သခင်မလေးမှာ လောကအသေးရှိ တာကိုကျွန်မတို့သိပါတယ် အဲဒီကိုထည့်ထားလို့ရပါတယ် အဲလိုဆိုရင် တစ်ခုခု ဖြစ်လာရင် ကျွန်မတို့ သခင်မလေးကို ကူညီပေးလို့ရတာပေါ့”

ရှီမာယူယူ စဉ်းစားကြည့်ပြီး ပြောလိုက်သည် “ဒါဆိုရင် အဒေါ်တို့ကိုပဲ ဒုက္ခပေးရတော့မယ်”

သူမ လောကအသေးအကြောင်းကို ဖန်မျိုးနွယ်ဝင်များ သိသည်မှာ မထူးဆန်းတော့ပေ။ သို့သော် သူတို့သည် သူမကိုလုပ်ကြံမည်မဟုတ်ကြောင်း ကို သူမယုံကြသည်။ အံ့ဖွယ်မျိုးနွယ်၏ အဖွဲ့ဝင်များအနေနှင့် ထိုအရာသည် လောကအသေးတစ်ခုသာဖြစ်သည်။ သူတို့သည် ဂရုစိုက်ကြမည်မဟုတ်ပေ။

သူမသည် အစောင့်များကို ဆုတ်ခွာခိုင်းပြီးနောက် လောကအသေးဖွင့် ကာ ဖန်ရှင်းနှင့် တခြားသူများကို ဝင်ခိုင်းလိုက်သည်။ သွေးမိစ္ဆာမြို့တော်မှ သူမ ၏ လူများ ခြံဝန်းအများအပြားဆောက်ထား၍ တော်သေးသည်။ မဟုတ်လျှင် သူတို့ ထိုနေရာသို့ဝင်ရခြင်းကို သူမ အားနာရဦးမည်။

ဖန်ရှင်းသည် ကြာပန်းနက်လောကအသေးကိုဝင်လိုက်သောအခါ အံ့ဩ မိသည်။ ထိုပတ်ဝန်းကျင်သည် ထိုမျှကောင်းလိမ့်မည်ဟု ထင်မထားပေ။ လောကအသေးထဲမှ အရည်အသွေးအကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်။

ရှီမာယူယူသည် စီစဉ်မှုသေချာလုပ်ပေးသည်။ ပြီးနောက် ရှီမာလျူရွှမ်၏ ခြံဝန်းသို့သွားလိုက်သည်။

“အဖေ”

ရှီမာလျူရွှမ်သည် ခြံဝန်းတွင် အကြီးအကဲတစ်ယောက်နှင့် ကျားကွက် ကစားနေသည်။ ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ ပျော်သွားလေသည်။

“ကိစ္စတွေ ဖြေရှင်းတာပြီးသွားပြီလား”

ရှီမာယူယူ လုပ်မည့်ကိစ္စကို ရှီမာမျိုးနွယ်များမသိပေ။ သို့သော် လွယ်ကူ မည်မဟုတ်ဆိုသည်ကိုတော့ သိသည်။ အစပိုင်းတွင် သူတို့သည် သူမကို စိတ်ပူ ကြသည်။ သို့သော် အခု သူမပြန်လာသည်နှင့် သူမ ပြီးဆုံးခဲ့ပြီကို သိလိုက်ရ၏။

“ပြီးသွားပါပြီ အဒေါ်ဖန်ရဲ့ရောဂါပျောက်သွားပြီ အဲလိုဆိုတော့ သမီး နှစ်ပေါင်းဆယ်ချီ စိတ်ထဲမှာရှိထားတဲ့အလုံးကြီးကျသွားတယ်လို့ ပြောလို့ရ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“သမီးပြန်လာမှတော့ ကောင်းကောင်းလေးနားသင့်တယ်”

“အဖေ ဆရာကဘာလို့လာတာလဲ ဘိုးဘိုးကြီးနဲ့ တခြားသူတွေက ဘယ် သွားကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူတို့က ကိစ္စရှိလို့သွားတာလေ ဘာဖြစ်လို့လဲ”

“အဲဒါကသမီးနဲ့မဆိုင်ဘူးဆိုရင် ဆရာကဘာလို့သမီးကိုလာရှာတာလဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြားကြားချင်းကို စိတ်ပူသွားလို့ လာမေးတာ”

ရှီမာလျူရွှမ်သည် အကြီးအကဲနှင့် အကြည့်ချင်းဖလှယ်ပြီး ပြောလေ သည် “တကယ်ပဲ သမီးနဲ့ပတ်သတ်နေတယ်”

“ဘာလဲ”

“သမီးအပြင်ပိုင်းဒေသက ကျောင်းမှာတုန်းက သင်္ချိုင်းကိုတစ်ခါဝင်ဖူး တယ်လို့ အဲကောင် ဖန်ကျိရှင်းကကြားလိုက်လို့ သမီးကိုအဲအကြောင်းမေးချင် နေတာ တံခါးတစ်ရာလဲလှယ်ခြင်းက သူတို့လူတွေကိုအဲဒီကိုလွှတ်လိုက်ပြီလို့ ပြောတယ်” နောက်ဆုံးတွင် ရှီမာလျူရွှမ်သည် သူမကို အမှန်အတိုင်းပြောလိုက် သည်။

“သင်္ချိုင်းဟုတ်လား” ရှီမာယူယူသည် မှင်တက်သွားကာ မေလိုက်သည် “ထပ်ပြီးတော့ ပေါ်လာတာများလား…”

ရှီမာလျူရွှမ် ခေါင်းညိတ်လိုက်သည် “သင်္ချိုင်းတချို့ နေရာတော်တော် များများမှာပေါ်လာတယ်လို့ ကြားလိုက်တယ်၊ ဒါပေမဲ့ ဝင်သွားတဲ့သူတွေက ပြန်မထွက်လာကြဘူး၊ သင်္ချိုင်းနားမှာ ထာဝရရှင်သန်တဲ့ပစ္စည်းတချို့ပေါ်လာ တယ်လို့လည်း ကြားလိုက်တယ်”

ရှီမာယူယူသည် ကျန်းကျူရှန့်၊ စူးရှောင်ရှောင်တို့နှင့် အတူသွားခဲ့သည့် သင်္ချိုင်းကိုစဉ်းစားမိသွားသည်။ ထာဝရရှင်သန်သည့်ပစ္စည်းများကို သူမ မှတ်မိ သွားပြီး ပို၍တည်ကြည်လေးနက်သွားတော့သည်။

ထိုအချိန်တွင် ထူးဆန်းသည်ဟု သူမ ခံစားရသည်။ အဲလိုကိစ္စထပ်လုပ် တဲ့သူ ဘာလို့ရှိနေတာလဲ… ပြီးတော့ အဲလိုသင်္ချိုင်းက နောက်တစ်ခုထပ်ရှိနေ သလိုပဲ။ တစ်ယောက်ယောက်ကတော့ အနောက်ကနေ ကြိုးကိုင်နေတယ်။ အဲလိုဆိုရင် တကယ်ပြီးသွားမယ်လို့ မထင်ဘူး။

သင်္ချိုင်းများနှင့် မသေလူနှစ်ခုလုံးသည် လူသေးများနှင့်ပတ်သတ်သည်။ ထို့ကြောင့် သူမ အလိုလိုပင် ယန်းမျိုးနွယ်ကို သွားတွေးမိသည်။

“အဖေ ဒါကမသေလူနဲ့ ပတ်သတ်နိုင်မလား”

“အခုတော့ မသေချာသေးဘူး” ရှီမာလျူရွှမ် ပြောလိုက်သည် “ဒါပေမဲ့ ယန်းမျိုးနွယ်ဝင်တွေ အများကြီးအသတ်ခံလိုက်ရတယ်လို့ပြောတယ်”

ရှီမာယူယူ ထိတ်လန့်သွား၏။

“အဲဒီသင်္ချိုင်းတွေမှာ ပုံမှန်ဆိုရင် ရတနာတို့ အမွေတို့ရှိတာပဲ” ရှီမာလျူရွှမ် ပြောလေသည်။

ရှီမာယူယူ နားလည်သည်။ ရတနာရှိသည်နှင့် လူများသည် သင်္ချိုင်းတူး ဖော်ကြမည်မှာ သဘာဝပင်။ သူတို့ ထိုလူများနှင့်တွေ့လျှင် အများစုမှာ သေနိုင်သည်။

***

All Chapters