← Chapters

ဆေးပို့ဆောင်ခြင်း

Vol. 112 Ch. 1558

ဆေးပို့ဆောင်ခြင်း

Vol. 112 Ch. 1558

ချီဝိညာဉ်… ထိုအရာသည် သူတို့ ပြီးခဲ့သည့်တစ်ခေါက် သင်္ချိုင်းမြေတွင် တွေ့ခဲ့သည့် ထူးခြားသည့်သတ္တဝါများဖြစ်ကြသည်။ သာမာန်ဝိညာဉ်စွမ်းအင် သည် သူတို့ကိုမသတ်နိုင်ပေ။ ထိုအစား သူတို့အားအင်ကိုသာ ထောက်ပံ့ပေး သကဲ့သို့ဖြစ်စေသည်။

ရှီမာယူယူသည် ထိုစဉ်ကအတွေ့အကြုံကို တွေးမိပြီး စိတ်မပူမိပေ။ သူမ ထိုနေရာသို့ အရင်ကသွားခဲ့ဖူးသည်ကို ဖန်ကျိရှင်းသိသဖြင့် ထိုနေရာတွင်ရှိနေ မည့် အရာများကိုလည်း အလိုလိုပင် သိထားမည်။ ချီဝိညာဉ်များကို လျှပ်စီး အရည်အချင်းဝိညာဉ်စွမ်းအင်နှင့် မီးတောက်များဖြင့်သာ အနိုင်ယူနိုင်သည်ကို သူ သိသည်။

“မျိုးနွယ်ခေါင်းဆောင် ခေါ်သွားတဲ့လူတွေက လျှပ်စီးအရည်အချင်း ဝိညာဉ်သခင်တွေချည်းပဲ” ရှီမာလျူရွှမ် ပြောလိုက်သည်။

“အဲလိုပဲထင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုမှတော့ သမီး အလောတကြီးမသွားတော့ပါဘူး နားလိုက်ဦးမယ်”

“သွားနားတော့” ရှီမာလျူရွှမ်သည် ပြောပြီးနောက် ကျားစေ့ကိုယူကာ အကြီးအကဲနှင့် ဆက်ပြီးကျားကစားလေသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်ကို အရိုအသေပေးကာ သူမ ခြံဝန်းဆီ သို့ပြန်လာလိုက်သည်။ သူမသည် မူစစ်ကို စကားအနည်းငယ်ပြောပြီး လက်ရှိ ကျင့်ကြံမှုအခြေအနေကိုစစ်ကြည့်ပြီးနောက် ပြန်ခိုင်းလိုက်သည်။

ထို့နောက် သူမ ဝိညာဉ်စေတီအတွင်းသို့ လျှပ်တပြက်ဝင်လိုက်သည်။ သူမ ဝင်လာသည်ကို ကံကောင်းလေးမြင်သည်နှင့် သူမဘေးသို့ချက်ချင်းပင် ရောက်လာသည်။ သူသည် သူ့ကိုခေါ်သွားပြီး ကစားခွင့်မပေးသည့်အတွက် သူမဆံပင်ကိုဆွဲပြီး ယူကြုံးမရဖြစ်နေသည်။

ရှီမာယူယူသည် ကံကောင်းလေး၏ ခေါင်းကိုပုတ်လိုက်သည်။ “ဟုတ်ပြီ မဆွဲနဲ့တော့ ဒီတစ်ခါ မင်းကိုအပြင်သွားပြီး ကစားခိုင်းမယ်”

“စကားကို ပြန်သိမ်းလို့မရဘူးနော်” ကံကောင်းလေး နှာရှုတ်လေသည်။

“ပြန်မသိမ်းဘူး” ရှီမာယူယူသည် ကံကောင်းလေးကိုချော့ပြီးနောက် သူ့ကိုပါခေါ်ပြီး အံ့ဖွယ်အရွတ် စိုက်ပျိုးထားသည့်မြေနေရာသို့သွားလိုက်သည်။

အံ့ဖွယ်အရွတ်သည် တစ်ပေသာသာ အမြင့်ရှိသည်။ အရွက်များသည် ရှည်လျားပြီး သေးသွယ်သည်။ အလယ်တွင် ပန်းအဖူးလေးဖူးငုံနေသည်။ ထိုပန်းအဖူးထဲတွင် အစေ့ရှိသည်ဟု ဝိညာဉ်လေးပြောသည်။ ထိပ်ဖျားတွင် အသီးသီးနေပြီး အသီး၏အနောက်တွင် အနာရွတ်လေးရှိသည်။

အံ့ဖွယ်ဆေးအများစုသည် အသီးတစ်လုံးသာသီးကြသည်။ သို့သော် ဝိညာဉ်လေးသည် နှစ်လုံးသီးရန် စိုက်ပျိုးထားသည်။ ထိုအသီးနှစ်လုံးသည် မတိမ်းမယိမ်းဖြစ်ကြသည်။ အခု သူမ တစ်လုံးဆွတ်ထားပြီဖြစ်သဖြင့် နောက် တစ်လုံးသာကျန်တော့သည်။

“ဒါကဝူလင်းယူရဲ့ ဒဏ်ရာကိုကုလို့ရနိုင်တယ်”

“မင်းအတွက်မင်း သိမ်းမထားဘူးလား” ဝိညာဉ်လေး မေးလေသည်။

ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။ “လင်းယူရဲ့ ဒဏ်ရာက ငါ့ကြောင့် ဒီလိုမျိုး ကြန့်ကြာနေတာလေ သူ ငါ့ကိုတစ်ခါမှမပြောပေမဲ့ နတ်ဆိုးလောကက အခြေအနေကလည်း မကောင်းဘူးလို့ထင်တယ်၊ နတ်ဆိုဘုရင်က သူ့ကိုသတ် ချင်နေတာ သူ့မှာကိစ္စတစ်ခုခုဖြစ်လာလို့ ခန္ဓာကိုယ်က မကောင်းသေးဘူးဆိုရင် ငါတော့ သေတဲ့အထိနောင်တရသွားတော့မှာ”

“မင်း အဲလိုစဉ်းစားမိမှတော့ ငါ့ကိုသာအပ်ထားလိုက် ဘယ်လိုပဲဖြစ်ဖြစ် မင်း အဲဒါကိုဒီမှာစိုက်ထားရင် အံ့ဖွယ်ဆေးမရှိမှာကိုစိုးရိမ်ဖို့မလိုတော့ဘူး” ဝိညာဉ်လေးနှင့် မိုရှားတို့သည် ဝိညာဉ်စေတီအတွင်းတွင် အချိန်ကြရှည်စွာ အတူနေခဲ့သဖြင့် သူတို့ရင်းနှီးကြသည်မှာ သေချာသည်။

သူတစ်ခါ ပျိုးထောင်နိုင်သဖြင့် နောက်တစ်ခေါက် ပျိုးထောင်ရန်လည်း ဖြစ်နိုင်သည်။

ရှီမာယူယူသည် သွေးနီရောင်ကျောက်စိမ်းသေတ္တာထုတ်လိုက်သည်။ သူမသည် လက်ဖြင့် အသီးကိုမခူးဆွတ်ပေ။ သူမ ကျောက်စိမ်းကတ်ကြေးဖြင့် ညှပ်ချကာ ကျောက်စိမ်းသေတ္တာဖြင့် ထည့်သိမ်းလိုက်သည်။

သူမ ညှပ်ချလိုက်သည်နှင့် ချက်ချင်းပင် အစေ့ရှိနေသော ပန်းသည် စတင် ပွင့်လာပြီး အထဲမှအစေ့ထွက်လာသည်။ တခြားအကိုင်းများမှာ လျင်မြန်စွာပင် ညှိုးကျသွားသည်။ အစေ့ထဲမှ အသက်စွမ်းအင်အားလုံး ကုန်ဆုံးသွားသည်မှာ အကောင်းသောကိစ္စပင်ဖြစ်သည်။

ဝိညာဉ်လေးသည် အစေ့ကိုသိမ်းကာ မြေသားပြန်ပြုပြင်ပြီးသည်နှင့် နောက်တစ်ပင်စိုက်ရန် ပြင်ထားလိုက်သည်။

ရှီမာယူယူသည် ရှောင်ချီနှင့် ချင်ယိတို့ကိုသွားရှာသည်။ သူမသည် အဆီအနှစ်ပေးရန် ရှက်ကိုးရှက်ကန်းဖြင့် ပြောရတော့သည်။

ချင်ယိနှင့် ရှောင်ချီတို့သည် များများစားစား မတွေးပေ။ သူမ ဖန်ရူယန် အတွက် အနည်းငယ်တောင်းသည့်အချိန်ကလွဲပြီး အရင်ကတစ်ခါမှ မတောင်း ဖူးပေ။ ထို့အပြင် နှစ်ကြိမ်လုံးသည် သူမကိုယ်တိုင်အတွက်မဟုတ်ပေ။

ယူယူသည် ကံကောင်းလေးကိုခေါ်ကာ ဝိညာဉ်စေတီမှ ထွက်ခဲ့လိုက် သည်။ သူမသည် မျိုးနွယ်အနောက်ဘက်ရှိ တောင်ကိုလာပြီး လူမရှိသည့်နေရာ တစ်ခုကိုရွေးကာ ဝူလင်းယူသူမဘေးတွင် ထားသွားသော ဝိညာဉ်သားရဲနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

သူမ သူနှင့် ဆက်သွယ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို သူမ မသိပေ။

သိပ်မကြာလိုက်… လေတွင် အပေါက်ပွင့်လာပြီး နတ်ဆိုးမျိုးနွယ်ရောင်ဝါ ထွက်လာသည်။

“လင်းယူနဲ့ ဆက်သွယ်ဖို့ကိုကူညီပေးနိုင်မလား” ရှီမာယူယူ မေးလိုက် သည်။

တစ်ဖက်မှာ အဖြေပြန်မလာပေ။

“ဒါဆိုရင် မင်းသူ့ကိုသွားရှာနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။

“ငါ့တာဝန်က မင်းကိုကာကွယ်ဖို့ပဲ”

သူ ငြင်းဆန်လေသည်။

“ငါက မျိုးနွယ်ထဲမှာပဲရှိမှာလေ… ဘာမှဖြစ်မှာမဟုတ်ပါဘူ၊ မင်း သူ့ကို သွားရှာလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

တစ်ဖက်မှာ ငြင်းဆန်သည့်သဘောနှင့် ပြန်မဖြေပေ။

ရှီမာယူယူ ဒေါသမထွက်ပေ။ “သူ့ခန္ဓာကိုယ်အခြေနေကို မင်းသိရဲ့လား သူ အန္တရာယ်ရှိတဲ့အခြေအနေနဲ့တွေ့တဲ့အချိန် သူ့ခန္ဓာကိုယ် နေမကောင်းဖြစ် ရင် ဘယ်လိုလုပ်မလဲ အဲဒါရဲ့ရလဒ်ကို မင်းကိုပြောဖို့လိုမယ်မထင်ဘူး ဟုတ် တယ်မလား”

တစ်ဖက်မှာ နှုတ်ဆိတ်နေသည်။

ရှီမာယူယူသည် ပြင်ဆင်လာသော အံ့ဖွယ်အရွတ်ထုတ်လိုက်သည် “မင်းကို အများကြီးမတောင်းဆိုပါဘူး ဒါလေးကိုဝူလင်းယူဆီကိုပဲ ယူသွားပေး ပါ”

“…. ဟုတ်ပြီလေ” တစ်ဖက်မှ နောက်ဆုံးတွင် စိတ်လျှော့လိုက်ကာ ကျောက်စိမ်းသေတ္တာယူပြီး ထွက်သွားလေသည်။

လေထဲမှ အတက်အကျသည် လျင်မြန်စွာပင် ငြိမ်သက်သွားသည်။ တစ်ဖက်လူသည် ထွက်သွားသည့်ပုံပင်။

သူထွက်သွားပြီး ခဏအကြာတွင် ရှီမာချင်း သူမဘေးတွင် ပေါ်လာသည်။

“ခုနက ဘာမှမဖြစ်ဘူးမလား” ရှီမာချင်းသည် နတ်ဆိုးရောင်ဝါကိုခံစားမိ သည်။ သို့သော် သူအနီးသို့လာမရပေ။

ရှီမာယူယူ၏ တည်ငြိမ်ပုံကို သူမြင်သောအခါ မတတ်သာဘဲ စိတ်ထဲမှ သက်ပြင်းခမိသည်။ ဒီကောင်မလေးက တကယ်ပဲ သူမဘေးမှာ လူတွေအများ ကြီးရှတာပဲ အကုန်လုံးကလည်း သူမထက်ကို အားကောင်းသေးတယ်။

“သမီးအဆင်ပြေပါတယ်” ရှီမာယူယူသည် ခေါင်းကိုအသာအယာယမ်း လိုက်သည်။

“မျိုးနွယ်မှာ ခဏတော့နေဦးမှာမလား” ရှီမာချင်းသည် သူမဘေးတွင် ထိုင်ချလိုက်သည်။

“ခဏတော့ ဘယ်မှမသွားပါဘူး၊ လနည်းနည်းလောက်စောင့်ပြီးမှ ရွှမ်ချုံး မျိုးနွယ်ကိုသွားပြီး အဖေပြန်ထူထောင်နိုင်ဖို့အတွက် ပြင်ဖို့ အံ့ဖွယ်ဆေးယူရ မယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာချင်းသည် တစ်စုံတစ်ရာပြောလိုက်ချင်သည်။ သို့သော် နောက်ဆုံး တွင် ပါးစပ်ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။

“ဘိုးဘေးကြီးစိတ်ချပါ လျှပ်စီးအရည်အချင်း ဒါမှမဟုတ် မီးအရည်အချင်း ရှိသရွေ့ ချီဝိညာဉ်ကိုထိန်းချုပ်နိုင်ပါတယ်၊ ဘိုးဘေးကြီး စိတ်မချသေးဘူးဆိုရင် မီးအရည်အချင်းအထူးပြုသူတွေကိုရှာပြီး အကူအညီပေးဖို့လွှတ်လိုက်ပါ” ရှီမာယူယူ အကြံပေးလိုက်သည် “တစ်ယောက်မှရှာမတွေ့ဘူးဆိုရင် သမီးရဲ့ စီနီယာအစ်ကို အစ်မတွေကိုရှာလို့ရပါတယ် သူတို့က မီးအရည်အချင်းအထူးပြု တဲ့သူတွေပဲ ဒါပေမဲ့ သူတို့က အဲလောက်တော့အားမကောင်းကြဘူး၊ သူတို့ကို ဖိတ်လိုက်ရင်တော့ သေချာ‌ပေါက် သူတို့လုံခြုံရေးကို အာမခံပေးရမယ်၊ ဘိုးဘေးကြီး မလုပ်ချင်ရင်တော့ အတင်းကြီးဖိအားမပေးပါဘူး”

ရှီမာယူယူသည် ထိုနှစ်များတွင် ဤအချိန်ကိုစောင့်နေခဲ့ပြီး သူမကို မည်သည့်အရာမှ မနှောင့်ယှက်နိုင်ကြောင်းကို ရှီမာချင်း သိသည်။ သူမမှ ထို အကြောင်းအရာကိစ္စများပြောသည်ကို သူကျေနပ်မိသည်။

ပညာရှိစံအိမ်အတွင်းတွင် ဝူလင်းယူသည် ထွက်သွားရန်ဟန်ပြင်နေ သည်။ သူသည် ချစ်သူဖြစ်သူဆီသို့ ထွက်သွားတော့မည့်အချိန်တွင် လေဟာပြင် ထဲမှ ရုတ်တရက် လှုပ်ရှားမှုကို ခံစားမိလိုက်သည်။

“သူမဘေးမှာ နေဖို့မင်းကိုမပြောထားဘူးလား” သူ့အသံသည် အေးစက် နေသည်။

“သူမက ဒီပစ္စည်းကို သခင့်ကိုပေးခိုင်းလိုက်လို့ပါ”

ဝူလင်းယူ မျက်မှောင်ကြုတ်လိုက်သည်။ အဲကောင်မလေးက သူ့ကို ဘာလို့တွေးပေးနေတာလဲ။

“ဘာ” ထိုကောင်မလေးအကြောင်း တွေးလိုက်မိသည်နှင့် နှုတ်ခမ်းမှာ တွန့်ပြီးပြုံးလိုက်သည်။

သေတ္တာသည် လေထဲမှ ပစ်ကျလာသည်။ သူလုပ်သည့်ပုံစံမှာ ဒေါသပါ နေသလိုပင်။

ဝူလင်းယူ သေတ္တာဖွင့်ကြည့်ရာ အထဲမှပစ္စည်းသုံးမျိုးကိုမြင်သည်နှင့် သူ့ အပြုံးမှာပိုကြီးလာသည်။

“ဟင်း အဲဒီကောင်မလေးက သခင်အန္တရာယ်ရှိတဲ့အခြေအနေတွေ့ရင် သခင့်ခန္ဓာကိုယ်က ပြဿနာဖြစ်မှာကြောက်တယ်လို့ပြောတယ်၊ အဲဒါကြောင့် ဒီပစ္စည်းတွေကိုအမြန်ပေးပြီ ဝိညာဉ်နဲ့သေချာပေါင်းစပ်လိုက်ပါတဲ့”

ဝူလင်းယူသည် လက်ချောင်းများဖြင့် သေတ္တာကိုပွတ်သပ်ပြီး အတန်ကြာ သည်အထိ နှုတ်ဆိတ်နေသည်။ “ဒီလိုဆိုမှတော့ သူမကိုသွားမရှာတော့ဘူး နတ်ဆိုးလောကမှာ တကယ်ပဲ ကိစ္စတွေဖြစ်ပျက်နေတာ ငါဒါစားပြီးတော့ နတ်ဆိုးလောကကိုသွားတယ် သူမရှိတဲ့နေရာကိုလာဖို့အချိန်မရှိတော့ဘူးလို့ ပြောလိုက်”

အစကတည်းကပင် သူ့အတွင် အချိန်အနည်းငယ်ရှိသည်။ သို့သော် သူမ ဆီသို့သွားလည်ရန် အချိန်မလောက်ပေ။ အစက သူမကိုသွားတွေ့ပြီး နတ်ဆိုး လောကဆီသို့သွားမည်ဖြစ်ကြောင်း ပြောရန်ဖြစ်သည်။ အခု သူသည် အံ့ဖွယ် ဆေးများကိုစုပ်ယူရဦးမည်ဖြစ်သဖြင့် သူမဆီသို့သွားရန် မဖြစ်နိုင်တော့ပေ။

“ဒါကို အဲကောင်မလေးကိုပေးလိုက် နောက်ဆိုရင် ဘာတွေပဲဖြစ်လာ ဖြစ်လာ သူမဘေးကထွက်မသွားနဲ့”

သူသည် သေတ္တာကိုလေဖြင့် ဝှေ့ယူပြီး‌နာက် လေဟာပြင်လှုပ်ရှားမှုနှင့် အတူထွက်သွားလေသည်။

သူသည် လက်ထဲမှ သေတ္တာကိုကြည့်ရင်း လွမ်းလှပြီဖြစ်သော ယူယူကို တွေးနေမိသည်။ သူပြုံးလိုက်ကာ လောကအသေးကိုဖွင့်ပြီး ဝင်သွားလိုက်သည်….

***

All Chapters