အရေးပေါ်အခြေအနေ ကူညီခြင်း
Vol. 112 Ch. 1559
ရှီမာယူယူသည် ဝူလင်းယူ၏ လက်ဆောင်ကိုသိမ်းလိုက်သည်။ သူမ လက်ဆောင်လက်ခံရချိန်တွင် ဝူလင်းယူနှင့်တူညီသော ခံစားချက်ဖြစ်မိသည်။
“သူ နတ်ဆိုးလောကမသွားခင် မင်းဆီကိုလာလည်ချင်တာ ဒါပေမဲ့ မင်း ပေးတဲ့အံ့ဖွယ်ဆေးကြောင့် သူ့ဒဏ်ရာကိုအရင်ကုစားနေလို့ မင်းဆီကိုလာ မတွေ့နိုင်တော့ဘူးလို့ ပြောလိုက်တယ်”
ရှီမာယူယူ ထိုစကားကိုကြားသောအခါ မျက်နှာမှ အပြုံးပျော်ကွယ်သွား ပြီး အသံမှာတည်ငြိမ်သွားသည် “နတ်ဆိုးလောကမှာ ကိစ္စကြီးများဖြစ်လို့လား”
“ဟင်”
“နတ်ဆိုးလောကမှာ ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်နေတာကြောင့်သာ မဟုတ်ရင် သူက ငါ့ကိုတွေ့ဖို့အခွင့်အရေးကိုလက်လျော့ပြီး ဒဏ်ရာကုမှာ မဟုတ်ဘူး၊ သူ ဒီဆုံးဖြတ်ချက်ကိုချလိုက်တာဆိုတော့ အဲဒီကအခြေအနေက ကြောက်စရာကောင်းလောက်အောင် ဖြစ်နေပြီဆိုတာ ပြနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
သူမ သူ့ကို ကူညီရန် ဖြစ်နိုင် မဖြစ်နိုင်ကို သိချင်မိသည်။
တစ်ဖက်မှာ အကြာကြီးနှုတ်ဆိတ်ပြီးနောက် ပြောလေသည် “မင်းအဆင် ပြေသရွေ့တော့ သူအဆင်ပြေမှာပါ”
ထို့နောက် လှုပ်ရှားမှုထပ်ဖြစ်လာသည်။
တစ်ဖက်မှ သူမကိုဂရုမစိုက်သည်ကို ရှီမာယူယူသိသည်။ အံ့ဖွယ်အရွတ် သုံးလိုက်သည်နှင့် ဝူလင်းယူ၏ ခန္ဓာကိုယ်သည် အပြည့်အဝပြန်ကောင်းလာနိုင် သည်ကို သူမ တွေးနေမိသည်။
သူ့ခန္ဓာကိုယ်ပြန်ကောင်းလာသည်နှင့် အားလည်းပြန်ပြည့်လာနိုင်သည်။ သူ နတ်ဆိုးလောကကို ဦးဆောင်မည့် အချိန်ရောက်လျှင် သူ ပိုလုံခြုံနိုင်သည်။
သူမထိုအချက်ကို တွေးမိချိန်တွင် စိတ်တည်ငြိမ်သွားတော့သည်။ သူမ လက်ထဲမှ သေတ္တာဖွင့်ကြည့်ရာ သူမ ထင်ထားသည့်အတိုင်းပင်။ ထိုအရာသည် ပညာရှိစံအိမ်တော်မှ ဇာမဏီနိဗ္ဗာန်မီးဖြစ်သည်။
“ဒီလူကြီးကတော့ အံ့ဖွယ်ဆေးကို ကိုယ်တိုင်လာမပေးဘဲနဲ့ လူကြုံပါး လိုက်သေးတာ၊ ဘယ်လိုယူနိုင်လဲဆိုတာ သိချင်လိုက်တာ သေချာပေါက်တော့ ခက်မှာပဲ”
သူမသည် စကားများနှင့် သူ့ကိုအပြစ်တင်နေသော်လည်း မျက်နှာမှာ တော့ ပီတိဖြစ်နေသည်။
သူမသည် သေတ္တာအဖုံးပိတ်ပြီး ဇာမဏီနိဗ္ဗာန်မီးကိုပြသရန် ရှီမာလျူရွှမ် ကို သွားရှာလိုက်သည်။
ဇာမဏီနိဗ္ဗာန်မီးသည် မီးလုံးကဲ့သို့ အနီရင့်ရောင်အသီးဖြစ်သည်။ ထိုအသီးကို လက်ဖဝါးပေါ်တင်လိုက်သည်နှင့် အပူရှိန်များစီးနေသည်ကို ခံစား နိုင်သည်။
“အဖေ ဇာမဏီနိဗ္ဗာန်မီးတော့ ရလာပြီ ရွှမ်ချုံးမျိုးနွယ်က ပြန်လည် မွေးဖွားခြင်းမီးတောက်ရလာတာနဲ့ အဖေ့ကိုကုလို့ရပြီ အဖေ သေချာပေါက် ပြန် ကောင်းလာမှာပါ” ရှီမာယူယူသည် စိတ်လှုပ်ရှားစွာပြောလေသည်။
ရှီမာလျူရွှမ် ဇာမဏီနိဗ္ဗာန်မီးကို စစတွေ့လိုက်သည့်အချိန်တွင် သူ့ မျက်လုံးများနောက်ကွယ်တွင် စိတ်လှုပ်ရှားမှုများဖြစ်သွားသည်။ ပြီးနောက် တွင် သူပြန်တည်ငြိမ်သွားသည်။
သူ လက်ဆန့်ထုတ်ပြီး ရှီမာယူယူကိုပုတ်ကာ နာကျင်စွာဖြင့် ပြောလေ သည် “သမီဘယ်လောက် ပင်ပန်းနေလဲဆိုတာ ကြည့်ဦး သမီးကတော့ အဖေ့ ကို စိတ်မကောင်းဖြစ်အောင်လုပ်နေတာပဲ”
“အဖေ သမီးတို့မိသားစုအတူပြန်စုနိုင်သရွေ့ အခု နည်းနည်းလောက် ခံစားလိုက်ရတာ သမီးအတွက် ဘာမှ မဖြစ်ဘူး” ရှီမာယူယူသည် ရှီမာလျူရွှမ်၏ လက်မောင်းကိုမှီလိုက်သည် “အဖေ… အဖေ့အရည်အချင်းက ဆရာနဲ့ ယှဉ်နိုင် တယ်လို့ တခြားသူတွေ ပြောတာ အရင်ကကြားဖူးတယ်၊ အခုဆရာက ဘယ်လောက် အားကောင်းနေတယ်ဆိုတာကြည့်ပြီး အဖေ့ကို အရင်လိုမျိုး ဩချစရာကောင်းလောက်အောင် သမီးလုပ်ပေးမယ်”
“မဟုတ်တာတွေ” ရှီမာလျူရွှမ်သည် သူမစကားကို ကြားသည်နှင့် လက် ဆန့်ထုတ်ကာ သူမနဖူးကို ပုတ်လိုက်သည်။
ရှီမာယူယူပြုံးပြီးနောက် သူ့လက်မောင်းကိုမှီလိုက်သည်။
နောက်လများတွင် အနက်ဝတ်လူများ၊ မသေလူများနှင့် ချီဝိညာဉ်နှင့် ပတ်သတ်သည့်သတင်းများ အဆက်မပြတ်ကြားနေရသည်။ သူတို့ ပြောသည့် စကားများကို ရှီမာယူယူ ကြားပြီးနောက် အလွန်စိတ်ပူမိသည်။ သို့သော် ရှီမာ မျိုးနွယ်အဆင်ပြေသရွေ့တော့ သူမ ထွက်သွားမည်မဟုတ်ပေ။ သူမသည် တံခါးပိတ်ကျင့်ကြံကာ သူမကိုယ်သူမ တိုးတက်အောင်လုုပ်သည်။
ရှီမာယူယူ စောင့်နေသည့် ၅ နှစ်တာအချိန်မှာ မကြာခင်ရောက်လာတော့ မည်ဖြစ်သဖြင့် သူမ ဝိညာဉ်စေတီမှ ထွက်လာလိုက်သည်။ သူမ ထွက်လာသည် နှင့် သတင်းဆိုးကြားရလိမ့်မည်ဟု ထင်မထားပေ။
“ယူယူ ထွက်လာပြီလား သမီးကြာနေသေးရင် ဘိုးဘေးကြီးကိုယ်တိုင် လာရှာတော့မလို့ပဲ” ရှီမာချင်းသည် သူမခြံဝန်းသို့ရောက်လာသည်။
“ဘိုးဘေးကြီး ဘာဖြစ်လို့လဲ” ရှီမာယူယူသည် သူ၏ စိတ်ပူပန်နေသော အမူအရာကို မြင်နေရသည်။
“အဲဒီကအခြေအနေက ပိုပြီးဆိုးလာပြီး ငါတို့မျိုးနွယ်ဝင်တချို့က ပိတ်မိ နေတယ်လို့ သတင်းရထားတယ်၊ အများစုက မင်းရဲ့စီနီယာအစ်မနဲ့ တခြားသူ တွေပဲ”
ပြီးခဲ့သည့်လများက ရှီမာချင်းသည် ရှီမာယူယူ၏ အကြံကိုနားထောင်ကာ စူးရှောင်ရှောင်တို့ကိုသွားရှာခဲ့သည်။ လာရှာသူများသည် ရှီမာမျိုးနွယ်ဝင်များ ဖြစ်သည်ဟု သိသည်နှင့် စူးရှောင်ရှောင်တို့သည် အတူလိုက်ရန် သဘောတူ လိုက်ကြသည်။
ရှီမာယူယူ ပြီးခဲ့သည့်တစ်ခေါက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာစဉ်က သူမ ကြားသိခဲ့သည်။ နောက်တစ်ကြိမ်ထွက်လာရာတွင် သူတို့အန္တရာယ်ကျနေ သည်ဟူသည့် သတင်းကိုကြားရလိမ့်မည်ဟု ထင်မထားပေ။
“စီနီယာအစ်မနဲ့ တခြားသူတွေမှာ စံသွေမီးတောက်ရှိတာကို ဘယ်လို လုပ် ပိတ်မိနေတာလဲ” သူမ အံ့ဩမိသည်။
“ရန်သူတချို့လည်း သေချာပေါက်ပေါ်လာမှာပဲ” ရှီမာချင်း ပြောလိုက် သည်။
“ဒါဆိုရင် သူတို့က ဘာလို့သမီးကိုရှာတာလဲ”
“သမီဂသွားလိုက်ရင် သူတို့ရှေ့ကအန္တရာယ်ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သမီးရဲ့စီနီယာအစ်ကိုက ပြောတဲ့ပုံပဲ” ရှီမာချင်း ပြောလိုက်သည် “သမီးမှာ အံ့ဖွယ်ဟင်္သပဒါးငှက်ရဲ့ မီးတောက်ရှိလို့ဖြစ်မယ်”
“သာမာန် စံသွေမီးတောက်က တကယ်ပဲ အဲဒီချီဝိညာဉ်တွေကို မနိုင်နိုင် ဘူးလား” ရှီမာယူယူ မျက်မှောင်ကြုတ်မိသည်
တကယ်သာ အဲလိုဆိုရင် သူတို့ ဒုက္ခရောက်နေတာ အမှန်ပဲ။
“သမီးက ရွှမ်ချုံးမျိုးနွယ်ဝင်တွေကို စောင့်နေတယ်ဆိုတာ သိပါတယ် ဒါပေမဲ့ ငါတို့မျိုးနွယ် ကိစ္စကလည်းအခု….”
ရှီမာယူယူသည် ရှီမာချင်းအကြပ်ရိုက်နေသည်ကို မြင်ရသဖြင့် ပြောလိုက် သည် “ဘိုးဘေးကြီး စိတ်ချပါ သမီးအရင်သွားပြီး မျိုးနွယ်ဝင်တွေကိုကယ်ပြီးမှ ရွှမ်ချုံးမျိုးနွယ်ဆီကိုသွားမှာပါ၊ မျိုးနွယ်ကို တစ်ယောက်ယောက်လာပြီး သမီး ကိုရှာရင် အဖြစ်အပျက်ကိုသာ ပြောပြလိုက်ပါ”
“ငါအမိန့်ပေးပြီးပြီ ငါနဲ့လိုက်ခဲ့”
ရှီမာချင်းသည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ရှီမာယူယူကို အထဲသို့ ဦးဆောင်ခေါ်သွားလေသည်။
ရှီမာချင်းသည် လေဟာပြင်သင်္ဘောကို သုံးရန်လက်လျော့လိုက်ပြီး ခရီးစဉ် တစ်ခုလုံးကို ဝိညာဉ်စွမ်းအင်သုံးကာ လေဟာပြင်ဝင်ပေါက်ဖြင့် သွားရန် ဆုံးဖြတ်ထားသဖြင့် သည်တစ်ခေါက် အခြေအနေသည် အရေးကြီးသည်ကို ရှီမာယူယူ ခံစားမိသည်။
သူတို့ရောက်ချိန်တွင် ရှီမာချင်း၏ ဝိညာဉ်စွမ်းအင်မှာ ခမ်းလုနီးပါးဖြစ် နေသည်။
“ဘိုးဘေးကြီးဘာဖြစ်လို့လဲ” သူ့အသားအရေမှာ ဖြူဖျော့သွားသည်ကို ရှီမာယူယူ မြင်သဖြင့် စိုးရိမ်တကြီးမေးလိုက်သည်။
“ဘာမှမဖြစ်ဘူး မကြာခင်ရောက်လိမ့်မယ်” ရှီမာချင်း ပြောလိုက်သည်။
“ကျန်တဲ့လမ်းကို သမီးခေါ်သွားပေးမယ်” ရှီမာယူယူသည် ရှီမာချင်း၏ လက်ကိုဆွဲပြီး သွားမည့်နေရာဆီသို့ ပျံသန်းသွားလိုက်သည်။
ရှီမာချင်းသည် နွေးထွေးသောစွမ်းအင်ဖြင့် လွှမ်းခြုံခံလိုက်ရသည်ကို ခံစားမိသည်နှင့် ရှီမာယူယူကို တအံ့တဩကြည့်လိုက်သည်။
သူသည် ဟောပြင်လမ်းကိုအာရုံခံလိုက်ရာ သူမ တည်ဆောက်လိုက်သော လေဟာပြင်သည် သူ့ထက်ပင် ပိုတည်ငြိမ်ကာ သူမအတွက် လွယ်ကူသည့်ပုံ ပေါက်နေသည်။ သူမနှင့် လေဟာပြင်သည် တစ်သားတည်းဖြစ်သွားသည့် အတိုင်းပင်။
“ဘုန်း”
ရှီမာယူယူနှင့် ရှီမာချင်းတို့ ထွက်လိုက်သည့်အချိန်တွင် တိုက်ပွဲအသံကြား လိုက်ရသည်။ သူမ ခေါင်းမော့ပြီး ကြည့်လိုက်ရာ လူတစ်စုသည် ထူးဆန်းသော သတ္တဝါများနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။
သူတို့ အစောပိုင်းကကြားလိုက်ရသည့် အသံသည် မိုးကြိုးလျှပ်စီး အရည်အချင်း၏ ဝိညာဉ်သိုင်းသံဖြစ်နိုင်သည်။ သို့သော် ထိုလူ၏ အားမှာ ကောင်းလွန်းလှသည်တော့ မဟုတ်ပေ။ မိုးကြိုးသွား ချီဝိညာဉ်ကိုထိမှန်သည့် အချိန်တွင် သက်ရောက်မှုမရှိသည့်ပုံပင်။
“သူတို့က ရင်မျိုးနွယ်ကပဲ” ရှီမာချင်းသည် ထိုလူများကို တစ်ချက်တည်း နှင့် မှတ်မိသည် “ရင်မျိုးနွယ်မှာ လျှပ်စီးအရည်အချင်းဝိညာဉ်သခင် အများကြီး မရှိတဲ့ပုံပဲ”
ရှီမာယူယူသည် ထိုနေရာရှိမိန်းကလေးများထဲမှ ရင်စူးစူးဟုခေါ်သည့် တစ်ယောက်ကို မှတ်မိသည်။ ရင်စူးစူးသည် ချီဝိညာဉ်ကြောင့် ဒဏ်ရာရထား သည်ကို သူမ မြ်ငလိုက်သည်နှင့် အမြန်ပင် လျှပ်စီးသိုင်းကိုပစ်လွှတ်လိုက် သည်။
“ရွှီး”
ရင်စူးစူးသည် ထူးဆန်းသောသတ္တဝါများ၏ ချွန်ထက်လှသော လက်သည်းများကိုမြင်ပြီး ဒီနေ့တော့လွတ်မြောက်ရန် မလွယ်နိုင်သည်ကို သိ ထားသည်။ သို့သော် သူမ မျက်လုံးများကိုမှိတ်မပစ်ဘဲ စင်တီမီတာအနည်းငယ် သာဝေးသော လက်သည်းများကို ကြည့်နေခဲ့သည်။ ထို့နောက်တွင် ထိုအကောင်သည် မိုးကြိုးသွားကြောင့် နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရ သည်။
“ရွှီး”
“ရွှမ်း”
မိုးကြိုးသွား ဒုတိယအချက်နှင့် တတိယအချက်တို့ ချီဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျသွားပြီး ဝိညာဉ်စွမ်းအင် အပုံအဖြစ်ပြောင်းသွားလေသည်။
ရင်မျိုးနွယ်သည် ထိုအပြောင်းအလဲကြောင့် မှင်တက်သွားပြီး ချက်ချင်း ပင် ပျော်သွားကြသည်။
သူတို့ကိုကယ်လိုက်သူကို ရှင်းလင်းစွာမမြင်ရသော်လည်း ယနေ့အတွက် မျှော်လင့်ချက် ရှိသွားသည်မှာတော့ သေချာသည်။
ရှီမာယူယူ၏ မိုးကြိုးသွားသည် ထိပ်တန်းခရမ်းရောင်လျှပ်စီး၏ တစ်ပိုင်း တစ်စဖြစ်သည်။ ဒီလိုဝိညာဉ်သိုင်းသေးသေးလေးကို ဘယ်သူကများဂရုစိုက်လို့ လဲ။ ဒါက ချီဝိညာဉ်ကို ခွဲပစ်နိုင်တယ်လေ။ ဒီလိုသက်ရောက်မှုရှိနေရင်တော့ စွမ်းအားကို အလဟသအဖြစ်မခံဘဲ ချီဝိညာဉ်ဆယ်ဂဏန်းလောက်ကို ချေမှုန်း ဖို့သုံးလိုက်မှာပေါ့။
ရင်စူးစူးသည် အခုမှပင် ကူညီသောလူမှာ ရှီမာယူယူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမလျှောက်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”
“ဒီကိုရောက်တာနဲ့တိုက်ဆိုင်သွားလို့ပါ” ရှီမာယူယူ ပြုံးလိုက်သည် “သခင်မလေးရင် ဒီမှာဘာလုပ်နေကြတာလဲ”
“ကျွန်မတို့ ဒီနားက သင်္ချိုင်းကိုတွေ့ထားလို့ လာကြည့်တာ၊ ကျွန်မတို့တင် မဟုတ်ဘဲ လာတဲ့လူတွေများတယ်” ရင်စူးစူးပြောလေသည် “ဒါပေမဲ့ အသက် ရှင်တဲ့သူမများဘူး”
***