အမြဲတမ်း ဂျူနီယာညီမလေးဖြစ်သွားမှာပဲ
Vol. 112 Ch. 1560
ရှီမာယူယူ နားလည်လိုက်သည်။ ပြည်နယ် ၁၉ မှရင်မျိုးနွယ်ပင် ဤ အခြေအနေသို့ တွန်းပို့ခံရသည်မှာ တခြားအင်အားစုများသည် ပိုဆိုးနိုင်သည်ဟု ဆိုလိုသည်။
သို့သော် ထိုချီဝိညာဉ်သည် ထူးဆန်းသည်။ သူမအရင်ကတွေ့ဖူးသည့် သတ္တဝါများနှင့် ကွာခြားသည့်ပုံပင်။
ဘယ်လိုကွာခြားနေတာလဲ။
“သခင်မလေးယူယူ ကျွန်မတို့ထွက်မခင်ကို ရှီမာမျိုးနွယ်ဝင်တွေလည်း ပိတ်မိတာကို မြင်ခဲ့တယ်” ရင်စူးစူးသည် အတွေးထဲနစ်မြောနေကာ ပြောလေ သည်။
ရှီမာယူယူသည် သတိပြန်ဝင်လာကာ ရင်စူးစူးကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည် “ရှင်တို့တွေက မြို့ထဲကိုသွားကြမလို့ထင်တယ် သူတို့ကိုသွား ရှာလိုက်ဦးမယ်”
ပြောပြီးနောက်တွင် သူမ ရှီမာချင်းကိုကြည့်လိုက်သည်။ သူသည် လျှပ်စီး အရည်အချင်းမဟုတ်သောကြောင့် ပင်ပန်းနေသည်။ ကောင်းကောင်းအနားယူ ပြီးမှ ပြန်ကောင်းလာနိုင်သည်။
သို့သော် ရှီမာချင်း အရင်စပြောလာသည် “ငါတို့ချီဝိညာဉ်တွေနဲ့တွေ့ရင် မနှောင့်ယှက်ဘူး ဒါပေမဲ့လူတွေနဲ့တွေ့ရင်တော့ နည်းနည်း အသုံးဝင်နိုင်သေး တယ်”
ရှီမာယူယူသည် တိတ်တိတ်ကလေး မျက်လုံးလှိမ့်မိသည်။ သူ့လို ဘိုးဘေး ကြီးတောင် နည်းနည်းပဲအသုံးဝင်တာလား။ ဒါဆိုရင်တော့ သူမက ချက်ချင်းပဲ ပြာဖြစ်သွားမှာပဲ။ သို့သော် သူသည် သူမကို စိုးရိမ်ရုံသာဖြစ်သောကြောင့် သူမ ဘာမှမပြောလိုက်ပေ။
သူတို့သည် ရင်မျိုးနွယ်ဝင်များကို နှုတ်ဆက်ပြီးနောက် သူတို့ညွှန်ပြသည့် ဦးတည်ဘက်အတိုင်း လာခဲ့လိုက်ကြသည်။ သူတို့သည် ရှီမာမျိုးနွယ်ပိတ်မိနေ သည့် နေရာသို့ ပျံလာလိုက်ကြသည်။
ရှီမာချင်း မည့်သည့်နည်းလမ်းသုံးလိုက်သည်ကိုတော့ သူမမသိပေ… သို့သော် ရှီမာမျိုးနွယ်များပိတ်မိနေသည့် နေရာတစ်နေရာကို သူမကို ခေါ်သွား လေသည်။
ချီဝိညာဉ်များသည် လူတစ်စုကို အလယ်တွင် ဝိုင်းထားကြသည်။ ထိုလူ များသည် ရွေးချယ်စရာမရှိတော့ဘဲ ချီဝိညာဉ်များမှ ကာကွယ်ရန် တည်ဆောက်မှုကိုသုံးထားရတော့သည်။
ရှီမာယူယူ သူတို့ကို ကြည့်လိုက်သည်။ ရှီမာကျိယွင်နှင့် တခြားသူများ အပြင် ကျန်းကျူးရှန့်၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ပါရှိနေသည်။ သူတို့ မတွေ့ရသည်မှာ ၇နှစ်၊ ၈နှစ်သာရှိသေးသော်လည်း ဝိညာဉ်စေတီအတွင်းတွင် ကြန့်ကြာသည့်အချိန်ကိုပါ ထည့်ပေါင်းလိုက်သောအခါ သူတို့ကိုနောက်ဆုံး တစ်ခေါက် တွေ့ခဲ့သည်မှာ ကြာနေသလိုပင်။
သူတို့သည် တည်ဆောက်မှုအတွင်းပုန်းနေကာ သူတို့၏ စံသွေမီးတောက် သည် တည်ဆောက်မှုပတ်ပတ်လည်ကို ရစ်ပတ်နေသည်။ ချီဝိညာဉ်များသည် အနားမကပ်ရဲဘဲ အပြင်မှာသာ စောင့်ကြလေသည်။
မစောင့်နိုင်သောချီဝိညာဉ်ရှိလာသည်နှင့် တည်ဆောက်မှုသခင်က ရှင်း လေသည်။ သို့သော် လက်သည်းနှင့်မီးတောက် ထိမိသောအခါ ပြာကျသွားလေ သည်။
ရှီမာယူယူ ထိုအရာကိုမြင်သောအခါ မျက်မှောင်များ တင်းကြပ်စွာကြုတ် လိုက်သည် “ဘိုးဘေးကြီး အဲဒီချီဝိညာဉ်တွေက ထူးဆန်းနေတယ်”
“ဘယ်လိုထူးဆန်းတာလဲ” ရှီမာချင်းသည် အစကတည်းကပင် ထိုချီ ဝိညာဉ်များနှင့် အထိအတွေ့မရှိသဖြင့် မနှိုင်းယှည်နိုင်ပေ။ ထို့ကြောင့်ပင် ထူးဆန်းမှုကို သူ မပြောနိုင်ပေ။
“သမီးတို့ အရင်ကတွေ့ဖူးတဲ့ဟာတွေက သူတို့လောက်မသန်မာဘူးလို့ ပြောလို့ရတယ်၊ ဒီအကောင်တွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထား သလိုပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ထိန်းချုပ်ခံနေရတယ်ဟုတ်လား အဲတော့ ချီဝိညာဉ်တွေက မတော်တဆပေါ်လာတာမဟုတ်ဘူးလို့ ပြောတာလား” ရှီမာချင်းသည် လေးနက်သွားသည်။
ဒါသာ တကယ်ပဲ လူလုပ်ထားတာဆိုရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်က ထိန်းချုပ်ထားတယ်ဆိုတာ သက်သေပြလိုက်တာပဲ။
လတ်တလောတွင် တိုင်းပြည်မှာ ရှုပ်ထွေးမှုများတန်းစီနေကာ လျှို့ဝှက် အင်အားစုများလည်း ပေါ်ထွက်လာသည်။ သူတို့က ဒီလိုရှုပ်ထွေးမှုတွေဖြစ်စေ ချင်တာလား။
ရှီမာယူယူသည် ချီဝိညာဉ်များ၏ ပုံသဏ္ဍာန်ကိုပြောပြလိုက်သည်။ လူက လွဲပြီး သူမ တခြားနည်းလမ်းစဉ်းစားစရာမရှိပေ။
“သူတို့ ဒီချီဝိညာဉ်တွေကို ထိန်းချင်တယ်ဆိုရင် အရမ်းဝေးဝေးမှာ မရှိ လောက်ဘူးလို့ထင်တယ် ဘိုးဘေးကြီး ဒီနေရာကို သမီးကိုအပ်ထားလိုက် ဘိုးဘေးကြီး ရှာတွေ့နိုင်တာရှိမလားဆိုတာ ကြည့်ပေးပါဦး” ရှီမာယူယူ ပြော လိုက်သည်။
သူ ထိုနေရာတွင် ဆက်နေလျှင်လည်း အသုံးမဝင်နိုင်ဆိုသည်ကို ရှီမာချင်း သိသည်။ ချီဝိညာဉ်သာ တိုက်ခိုက်လာပါက သူ၏တိုက်ခိုက်မှုသည် သူတို့ကို သန်မာလာစေရုံသာဖြစ်မည်။
သူခေါင်းညိတ်ပြီး လှည့်ထွက်လာသည်။
ရှီမာယူယူ ပျံသန်းလာရာ ထိုချီဝိညာဉ်များ သူမကိုတွေ့သည်နှင့် ချက်ချင်းပင် တိုက်ခိုက်လေသည်။
“အရူးတွေ” ရှီမာယူယူသည် ဟင်္သပဒါးရောင်မီးတောက်ကို ပိုက်ရင်း ပေါ်လာသည်။ ထိုချီဝိညာဉ်များသည် ဖိအားကိုခံစားမိသဖြင့် မသိစိတ်မှ နောက်ဆုတ်မိကြလေသည်။
သူမ လက်နှစ်ဖက်လုံးကို ဆန့်တန်းပြီး လက်ဖဝါးနှစ်ဖက်လုံးမှ လျှပ်စီး အရည်အချင်းဝိညာဉ်စွမ်းအင်ကို ထုတ်လိုက်သည်။ ခရမ်းရောင်လျှပ်စီးသည် ကောင်းကင်တွင် လက်လာကာ တိမ်တိုက်မည်းများ စတင်စုစည်းလာတော့ သည်။
ထိုချီဝိညာဉ်များသည် အသံပင်မထွက်နိုင်ပေ။ သို့သော် သူတို့ ခေါင်းမော့ ပြီး မိုးကြိုးတိမ်တိုက်များကို ကြည့်လိုက်ချိန်၌ သူတို့မျက်လုံးများတွင် ကြောက် ရွံ့မှုများ ပြည့်နှက်နေသည်။
“ရွှီး”
ခရမ်းရောင်ထိပ်တန်းလျှပ်စီးမှ မိုးကြိုးသွားသည် ကောင်းကင်မှ ကျလာ ရာ မြေကြီးပင် တုန်ခါသွားလေသည်။ ချီဝိညာဉ်များသည် မိုးကြိုးချက်များ ကြောင့် ဝိညာဉ်ရောင်ဝါပြောင်းသွားပြီး လုံးဝပျောက်ကွယ်သွားလေသည်။
“ဂျူနီယာညီမလေး” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကို ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။
သူတို့၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါးဖြစ်ကာ တည်ဆောက်မှု ကိုသာ လုံးဝအားထားရတော့မည့်အချိန်၌ သူတို့စံသွေမီးတောက်ကို ပြန်သိမ်းခဲ့ သည်။ ရှီမာယူယူ ရောက်လာသည်ကို သူတို့မြင်သောအခါ မျှော်လင့်ချက်ရှိသွား သည်ကို သိလိုက်ရသည်။
ချီဝိညာဉ်များ ချဲသွားသည်နှင့် ရှီမာယူယူသည် ငှက်ပေါက်စကို ကူညီ ရန်လွှတ်လိုက်သည်။ လျင်မြန်စွာပင် ချီဝိညာဉ်များသည် လုံးဝပင် ချေမှုန်းခံ လိုက်ရတော့သည်။
ရှီမာကျိယွင်သည် တည်ဆောက်မှုကို ဖယ်ရှားပြီး ရှီမာယူယူကို ကျေးဇူး တင်သည့် အကြည့်ဖြင့် ကြည့်လေသည်။ သူမရောက်လာသည်နှင့် သူတို့ ဘေးကင်းတော့မည်ဖြစ်ကြောင်းကို သူသိသည်။
“ယူယူ ဘယ်လိုလုပ် ဒီကိုဒီလောက်မြန်မြန်ရောက်လာတာလဲ” ဟွမ်ရင်ရင်သည် ရှီမာယူယူကို တွေ့လိုက်သည်။ သူတို့ စကားပါးလိုက်တာ တစ် ရက်နှစ်ရက်ပဲရှိသေးတာ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ရောက်လာတာလဲ။
“ဘိုးဘေးကြီးက ဒီကိုခေါ်လာပေးတာပါ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် အနောက်တွင်ရောက်နေသော အပြုံးသဲ့သဲ့ရှိနေသည့် ဟန့်မြောင်ရွှမ် ကို ကြည့်လိုက်သည်။
“ဂျူနီယာညီမလေး နင်လာတာနဲ့ အန္တရာယ်မရှိတော့လောက်ဘူးလို့ ငါ သိပြီးသား” ဟန့်မြောင်ရွှမ်သည် ပျော်ရွှင်စွာဖြင့် ရှီမာယူယူကို ပြေးဖက်လေ သည်။
ရှီမာယူယူသည် သူမ၏ အချစ်ကိုဖော်ပြပုံကြောင့် ရင်ထဲထိသွားကာ အပြုံးမှာပိုတောက်ပလာသည်။
“ညီမကိုလာဖို့ ခေါ်တာစီနီယာတို့ဖြစ်မယ်ဆိုတာ သိပြီးသားပါ” ရှီမာယူယူသည် သူမပခုံးကိုပုတ်လိုက်သည် “စီနီယာတို့ကို ဒီလိုအန္တရာယ်များ တဲ့နေရာကို ဝင်ခိုင်းတာလည်း ညီမဖြစ်နေတာလေ ဘယ်လိုလုပ်မလာဘဲနေရ မှာလဲ”
ရှီမာမျိုးနွယ်ဝင်များသည် သူမ၏ ငါးနှစ်တာ ချိန်းဆိုမှုကိုသိထားကြ သည်။ ရှီမာလျူရွှမ်သည် သူမအတွက် အရေးကြီးပြီး ရွှမ်ချုံးမျိုးနွယ်ကိုစောင့်နေ ရသည့်အတွက် တစ်ချိန်လုံးထွက်မလာနိုင်သည်ကိုလည်း သိကြသည်။ ထို့ကြောင့်ပင် သူတို့သည် သူမကိုလာရန်အရင်မခေါ်ကြပေ။
အမှန်တကယ်တော့ သူမ စဉ်းစားမိသည်။ ရှီမာမျိုးနွယ်ဝင်များသည် ရှီမာယူယူကို လာရန်ခေါ်မည်မဟုတ်ပေ။ သူမ အားကောင်းသည်ဟု သူတို့ သိ ကြသော်လည်း သူမတွင် လျှပ်စီးအရည်အချင်းရှိသည်ကို မသိကြပေ။ သူတို့ သည် ငှက်ပေါက်စကိုလည်း မမြင်ဖူးသောကြောင့် သူ့ကိုမသိကြပေ။ သို့သော် ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကိုတွေးမိပြီး ရှီမာကျိယွင်နှင့်တခြားသူများကို ထိုအကြောင်းပြောပြလိုက်သည်။
ထိုအချိန်က အခြေအနေသည် ရှီမာယူယူကို လာကူညီရန်ပြောရုံအပြင် မရှိတော့ပေ။
ရှီမာကျိယွင်နှင့်တခြားသူများသည် ဟန့်မြောင်ရွှမ်၏ အကြံပြုချက်ကို ကြားပြီးနောက် စမ်းကြည့်ရန် မျိုးနွယ်ကိုသတင်းပို့လိုက်ခြင်းဖြစ်သည်။ သူမ ရက်ပိုင်းနှင့် ရောက်လာလိမ့်မည်ဟု သူတို့ ထင်မထားကြပေ။
ထိုအရာမှာ မျိုးနွယ်ဝင်များသည် သူမအတွက် အရေးကြီးသည်ဟု ဆိုလို သည်။ ထိုအကြောင်းအားစဉ်းစားမိလိုက်ချိန်တွင် ရှီမာမျိုးနွယ်ဝင်များ ခံစားရ ကောင်းသွားသည်။
“အမလေး နှစ်နည်းနည်းလောက်ပဲမတွေ့တာကို စီနီယာအစ်မကို ပြောတာ ဒီလောက်နန်းဆန်နေတာလား၊ ငါ့ကိုစီနီယာအစ်မလို မဆက်ဆံ တော့ဘူးလား” ဟန့်မြောင်ရွှမ်သည် သူမ ပြောသည့်စကားကိုကြားပြီးနောက် လွှတ်ကာ ပါးပြင်ကိုဆိတ်လိုက်သည်။ သူမသည် စိတ်တိုနေသည့်ပုံပေါက် သည်။
ရှီမာယူယူသည် အမြန်ပင် သွားဖြဲကာ ရှင်းပြလေသည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အချိန်တွေဘယ်လောက်ကြာသွားပါစေ အစ်မက ညီမရဲ့ အရင်းနှီးဆုံး အချစ်ဆုံးစီနီယာအစ်မလေ”
ထိုသို့ပြောပြီးနောက် ရှက်ရွံ့ခြင်း များမရှိဘဲ ဟန့်မြောင်ရွှမ်၏လက်ကို လွှဲယမ်းလေသည်။
အခုချိန်တွင် သူမ၏ သရုပ်မှန်မှာ မည်သို့ပင်ဖြစ်စေကာမူ ဟန့်မြောင်ရွှမ် နှင့် တခြားသူများသည် သူမအတွက် အရင်တုန်းကလိုပင် ရှိနေမည်ဖြစ်သည်။ သူမသည် သူတို့၏ဂျူနီယာညီမလေးအဖြစ် အမြဲတစေရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်ချွဲလိုက်လျှင်လည်း အဆင်ပြေသည်။
သို့သော် သူမဘေးမှ ရှီမာမျိုးနွယ်များ မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။ သူတို့အမြင်တွင် ရှီမာယူယူသည် ယှဉ်မရသော စွမ်းအားနှင့် သူတို့ထက် များစွာသာလွန်သည်။ သူမတွင် ချစ်စရာကောင်းသော အပြုအမူမျိုးရှိလိမ့်မည်ဟု ထင်မထားပေ။
ရှီမာယူယူ ချွဲနွဲ့သည့်ပုံစံကို ဟန့်မြောင်ရွှမ်မြင်သောအခါ လက်လျော့ လိုက်သည်။ အနည်းဆုံးတော့ သူမသည် သူတို့ရှေ့တွင် ချစ်စရာကောင်းအောင် ပြုမူသည်။ သူမသည် အမြဲတစေ အမှီခိုကင်းသဖြင့် သူတို့ကိုယ်သူတို့ စီနီယာ ဟုဆိုရအောင်ပင် စွမ်းရည်မရှိမည်ကို စိုးရိမ်မိသည်။
“ဟင်း မှတ်မိသေးလို့ တော်သေးတာပေါ့ ဒီလိုမျိုးထပ်ပြီးလုပ်ရင် ငါတော့…”
သူမ ဘာလုပ်မှာလဲ။ သူမက ခြိမ်းတောင်မခြိမ်းခြောက်နိုင်ဘူးလေ။ ကြည့်ရတာ သူမမှာ တကယ်ပဲ စီနီယာအစ်မရဲ့စွမ်းရည်မရှိတော့ဘူးထင်တယ်။
ခဏအကြာတွင် ရှီမာချင်း ပြန်လာသည်။ သူ့လက်ထဲမှလူသည် သွေးများ ဖြင့် ပေကျံနေသည်။
***