ကျန်းကျူရှန့်၏ ရောဂါ
Vol. 112 Ch. 1561
ရှီမာချင်းသည် သူတို့ရှေ့သလို့လာပြီး ထိုလူကို အထင်သေးစွာဖြင့် မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ သူသည် လက်ကိုင်ပုဝါထုတ်ပြီး လက်ကိုပင် သုတ်လိုက်သေးသည်။
ရှီမာမျိုးနွယ်ဝင်များသည် မြေပေါ်မှလူကိုမြင်သောအခါ မေးလိုက်သည် “ဘိုးဘေးကြီး ဒါက…”
“အဲဒီချီဝိညာဉ်တွေကို ထိန်းချုပ်တဲ့လူက ဒီနားမှာပဲရှိမယ်လို့ ယူယူပြော တယ်၊ အဲဒါနဲ့ သူမက ဒီအနီးအနားကို ငါ့ကိုသွားစုံစမ်းခိုင်းတာ၊ ချီဝိညာဉ်တွေ ချေမှုန်းခံလိုက်ရတော့ ဒီကောင်ကိုတွေ့တာနဲ့ ခေါ်လာတာ” ရှီမာချင်းသည် မုန်းတီးစွာ ပြောလေသည်။
“ဒီလူကို ဘိုးဘေးကြီးရိုက်ထားတာလား”
ရှီမာချင်း ခေါင်းခါလိုက်သည် “သူ့ကိုတွေ့တုန်းက ဒီလိုပုံဖြစ်နေပြီ တန်ပြန်ထိတာထင်တယ်”
ထိုလူ လူသေတစ်ပိုင်းဖြစ်နေပုံကို ရှီမာယူယူမြင်သောအခါ လက်ဆန့် ထုတ်ကာ သူ့အသိစိတ်ကိုရှာဖွေကြည့်သော်လည်း ဘာမှမတွေ့ရပေ။
သူမသည် စိတ်ပျက်စွာမတ်တတ်ရပ်ပြီး ပြောလိုက်သည် “သူ့ဦးနှောက် က ကွဲကြေနေပြီ၊ သူက ချီဝိညာဉ်တွေနဲ့ ဆက်စပ်နေတာဖြစ်မယ်၊ ချီဝိညာဉ်ရှိ ရင် သူလည်းရှိမှာ ချီဝိညာဉ်တွေ ကြေမွသွားတော့ သူ့စိတ်လည်း ကြေမွသွား တာပဲ”
“ဒါက အခုလိုအဖြစ်မျိုးကနေ ကာကွယ်ဖို့အတွက် လုပ်ထားတာဖြစ်မယ်” ရှီမာကျိယွင် ပြောလိုက်သည်။
သူ့စိတ်မှာ ကြေမွသွားပြီဖြစ်သဖြင့်ထိုလူသည် အသုံးမဝင်တော့ပေ။ ရှီမာယူယူသည် မီးလုံးထွန်းလိုက်ပြီး ထိုလူကိုပြာဖြစ်အောင် ရှို့လိုက်သည်။ ထို့နောက် သူမ အားလုံးကိုပြောလိုက်သည် “ခဏတော့ နားလိုက်ကြပါဦး နောက်မှ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြတော့”
သူတို့သည် မြို့ဆီသို့သွားပြီး တည်းခိုရန် တည်းခိုဆောင်ကို ရှာလိုက်ကြ သည်။ သူတို့သည် ပြီးခဲ့သည့်ရက်များတွင် ဖိအားများသည့် အခြေအနေဖြစ်ခဲ့ ကြမည်ဟု ရှီမာယူယူခန့်မှန်းမိပြီး အနားယူခိုင်းလိုက်သည်။ ထို့ကြောင့် သူမ သည် သူတို့ကို မနှောင့်ယှက်တော့ဘဲ သတင်းရလိုရငြား တစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့လိုက်သည်။
သူမ လျှောက်သွားချိန်တွင် သင်္ချိုင်းအတွင်းတွင် ရတနာများ မည်မျှ များပြားကြောင်း ကြားခဲ့ရသော်လည်း ချီဝိညာဉ်နှင့်ပတ်သတ်သည့် သတင်းကို တော့ တစ်စွန်းတစ်စမှမရပေ။
သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ အဲလူတွေကတော့ ဒီအတိုင်းပဲ။ လူ တွေဘယ်လောက်သေသေ ရတနာကိုပဲ ဂရုစိုက်ကြတဲ့လူတွေ…
ချီဝိညာဉ်နှင့်ပတ်သတ်သည့် သတင်းများကိုတော့ ဟန့်မြောင်ရွှမ်တို့သာ အရှင်းဆုံးသိကြလိမ့်မည်။ ဘာမှထပ်မကြားရတော့သည်နှင့် သူမ ပြန်လာ လိုက်သည်။
အပြင်တွင် နေ့တစ်ဝက်မျှနေပြီးနောက် ပြန်လာချိန်တွင် သူတို့ အနားယူ နေဆဲဖြစ်သည်ကို ကြားလိုက်ရသည်။ ထို့ကြောင့် သူမ အခန်းသို့သွားကာ စာအုပ်ထုတ်ပြီး စတင်ဖတ်တော့သည်။
ငါးနှစ်တာ ချိန်းဆိုမှုသည် ယခုရက်ပိုင်းအတွင်းဖြစ်သည်။ ရွှမ်ချုံးမျိုးနွယ် သည် သူမကိုလူလွှတ်ပြီး ရှာမလားမသိပေ။ သူမ မရှိဘူးဆိုတာ သူတို့သိရင် သူမ စိတ်ပြောင်းသွားပြီလို့ ထင်ကြမှာလား။
ထွက်လာပြီးနောက် သူမသည် ရှီမာလျူရွှမ်ကို သူမ၏ လောကအသေးထဲ ထည့်ခဲ့ပြီး အံ့ဖွယ်ဆေးရသည်နှင့် သူ့ကိုကုသမည်ဟု တွေးထားသည်။
ရွှမ်ချုံးဟော်၏ လူများ သူမကိုလာမရှာပါက သူမသည် ရွှမ်ချုံးမျိုးနွယ်သို့ တိုက်ရိုက်သွားမည်။ ရွှမ်ယွမ်ဆိုင်သည် ရွှမ်ချုံးမျိုးနွယ်တည်နေရာကို ခြေရာခံ နိုင်သည်ဟု သူမ သိခဲ့သည်။
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံကြောင့် သူမ၏ အတွေးရထားမှာ ပြတ်တောက်သွားပြီး စိုးရိမ်မှုကိုခေတ္တရပ်ထားကာ ထပြီးဖြေလိုက်သည်။ အပြင်တွင်ရပ်နေသော လူ သုံးယောက်ကို မြင်လိုက်သည်နှင့် ပြုံးလိုက်သည် “စီနီယာအစ်ကို အစ်မ ကောင်းကောင်း အာနားယူပြီးကြပြီလား”
“ငါတို့ ဆေးစားပြီးတော့ တစ်ရက်လောက်နားလိုက်တာ ကောင်းကောင်း အားပြည့်လာပြီ” ဟန့်မြောင်ရွှမ်သည် အခန်းထဲသို့ဝင်လာသည်။ သူမသည် လက်နက်စာအုပ်ကိုမြင်သောအခါ မေးလိုက်သည် “ဂျူနီယာညီမလေး အခုကျ လက်နက်ကိရိယာဘက်ကို နစ်မြောနေပြီလား”
“ဟုတ်တယ် အကြောင်းအရင်းတချို့ကြောင့် မတတ်သာပဲ လက်နက် အကြောင်းလေ့လာနေရတယ်” ရှီမာယူယူသည် ကိုယ်ရေးကိုယ်တာကိစ္စများ ကို မဖုံးကွယ်တော့ဘဲ သူတို့သုံးယောက်အတွက် လက်ဖက်ရည်ဖျော်ပေးလိုက် သည်။
“ဂျူနီယာညီမလေး ကျိုတဲ့လက်ဖက်ရည်က အကောင်းဆုံးပဲ” စူးရှောင်ရှောင်သည် ပါးစပ်အပြည့်တစ်ငုံသောက်ပြီးတော့ သက်ပြင်းချလိုက် လေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “စီနီယာအစ်ကို တောင်ကြားကကိစ္စတွေ ဘယ်လိုနေလဲ”
“သူတို့က အတွင်းပိုင်းဒေသမှာ ဆိုင်တွေဆောက်ပြီးကြပြီ ဒါပေမဲ့ ပြဿနာတချို့တော့ တွေ့နေရတယ်၊ ဒါပေမဲ့ ဦးလေးဘိုင်က သူတို့အတွက် ရှင်း ပေးလိုက်ပါတယ်၊ အခုတော့ သူတို့ အတွင်းပိုင်းဒေသမှာ အခြေငြိမ်နေပါပြီ” စူးရှောင်ရှောင် ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းတာပေါ့” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ဟန့်မြောင်ရွှမ်၏ ပခုံးပေါ်တွင် အိပ်ပျော်နေပြီဖြစ်သော ကျန်းကျူရှန့် ကိုကြည့်ပြီး မတတ်သာစွာဖြင့် ခေါင်းခါလိုက်သည်။
“ယူယူ ကျူးရှန့်ကိုကြည်ပေးပါဦး သူက ဒီရက်တွေမှာ ပိုအိပ်လာတယ် ပြီးတော့ ငါတို့ဘယ်လောက်ပဲ နိုးနိုးနှိုးမရတဲ့အချိန်တွေတောင် ရှိတယ်၊ သူ့ ခန္ဓာကိုယ်က တစ်ခုခုဖြစ်မလားဆိုတာကို…” ဟန့်မြောင်ရွှမ်သည် ခေါင်းငုံ့ လိုက်ပြီး ကျန်ကျူးရှန့်ကိုကြည့်ရာ သူမ မျက်လုံးများသည် စိုးရိမ်မှုများဖြင့် ပြည့် နှက်နေသည်။
ကျန်းကျူးရှန့်သည် အဆိပ်ဟောင်၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရသည်ကို ရှီမာယူယူသိသည်။ ထိုအဆိပ်ကိုကုသပြီးပြီဟု ကြားသိခဲ့ သဖြင့် ကျန်းကျူးရှန့်ခန္ဓာကိုယ်ကို မစစ်ဆေးခဲ့ပေ။ အခုဟန့်မြောင်ရွှမ် ထိုသို့ ပြောလာမှပင် စိုးရိမ်စိတ်ဝင်လာသည်။
“စီနီယာအစ်ကို ကြည့်ဦးမယ်” သူမသည်ကျန်းကျူးရှန့်ဘေးသို့လာလိုက် သည်။ သူ တစ်ခါတလေ သတိဝင်တတ်သည်ကို သူမ သိသည်။ ပြောပြီးနောက် တွင် သူမသည် သူ၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်သည်။
ကျန်းကျူးရှန့်၏ခန္ဓာကိုယ် လှုပ်သွားသော်လည်း ဆွဲဖယ်မပစ်ပေ။ သူ သည် တိုက်ခိုက်ခြင်းလည်းမပြုပေ။
ရှီမာယူယူသည် ကျန်းကျူးရှန့်၏ သွေးခုန်နှုန်းစမ်းကြည့်ပြီး မျက်နှာထား မှာ တည်တံ့သွားတော့သည်။
“ယူယူ…” ရှီမာယူယူ ခေါင်းခါလိုက်သည်ကို မြင်သောအခါ ဟန့်မြောင်ရွှမ်သည် နှုတ်ခမ်းများလှုပ်ခတ်သွားသော်လည်း ကျန်စကားများကို မျိုသိပ်လိုက်သည်။
ရှီမာယူယူသည် နောက်လက်တစ်ဖက်ကိုယူကာ သွေးကြောစမ်းလိုက်ပြီး နောက် သူ၏အတွင်းခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် တစ်ယောက်မျက်လုံးမှ တစ်ယောက် စိုးရိမ်မှုများကို တန်ပြန်မြင် နေရသည်။
အတန်ကြာပြီးနောက် ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်း လိုက်သည်။ သူမသည် ကျန်းကျူးရှန့်ကိုသယ်ခဲ့ရန် စူးရှောင်ရှောင်အားပြောပြီး နောက် အပ်များကိုထုတ်ကာ သူ့လည်ပင်းထဲသို့ ထိုးစိုက်လိုက်သည်။
ကျန်းကျူးရှန့် အိပ်မောကျသွားသည်ကို ကြည့်ပြီး စူးရှောင်ရှောင်သည် ရှီမာယူယူကို ဆွဲပြီး မေးလေသည် “ဂျူနီယာညီမလေး ကျူးရှန့်ဘာဖြစ်တာလဲ”
“စီနီယာရဲ့ အဆိပ်က အရင်ကလုံးဝ ပျောက်သွားပေမဲ့ သူ အဆိပ်မိတုန်း က စိတ်ပိုင်းကိုထိသွားလို့ ဒီလိုအကျိုးဆက်တွေကျန်ခဲ့တာ” ရှီမာယူယူ ပြော လိုက်သည်။
“ငါတို့လည်း အဲဒါကိုသိပါတယ် ဒါပေမဲ့ ဘာလို့သူ့အခြေအနေက ပိုဆိုး သွားတာလဲ” ဟန့်မြောင်ရွှမ်သည် စိုးရိမ်တကြီးမေးလေသည်။
“ဒီနှစ်တွေမှာ သူ့ရဲ့စိတ်အခြေအနေက ပိုဆိုးလာခဲ့တယ်၊ အခုဆိုရင် ဆုတ်ယုတ်မှုက ပိုကြီးလာတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူ့ကို ကုလို့ရပါ့မလား” စူးရှောင်ရှောင် မေးလိုက်သည်။
“နည်းလမ်းမရှိတာတော့ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မလွယ်ဘူး”
“ဘယ်လောက်ပဲ ခက်ခက် ငါတို့ကြိုးစားကြည့်ရမှာပဲ” ဟန့်မြောင်ရွှမ် သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကျန်းကျူးရှန့်ကိုကြည့် သည့် သူမအကြည့်များသည် စိတ်ပိုင်းဖြတ်ထားသည်။
“အဟွတ် အဟွတ် စီနီယာအစ်မ အစ်မထင်သလောက် မဆိုးပါဘူး၊ ဒီလို မျိုးလုပ်ဖို့မလိုဘူး၊ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ဖို့မလိုပါဘူး” သူမ ထိုပုံစံပြုမူလိုက်သည်ကို မြင်သောအခါ ရှီမာယူယူစနောက်လိုက်သည်။
“တကယ်လား” ဟန့်မြောင်ရွှမ်သည် မယုံပေ “ခုနက နင့်မျက်နှာက အဲလောက်ကြောက်ဖို့ကောင်းတာ အခြေအနေက အရမ်းဆိုးတဲ့ပုံပဲ၊ မလွယ်ဘူး လို့လည်း ပြောသေးတယ် အဲဒါဆိုင် ဘာလို့ခုနက အဲလောက်လေးနက်သွားတာ လဲ”
“ပြဿနာရှိတယ်လို့ပဲပြောတာ ကုဖို့ခက်တယ်လို့ပြောတာမဟုတ်ဘူး၊ လုပ်ငန်းစဉ်က နည်းနည်းရှုပ်လို့” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်ကြီးလား” ဟန့်မြောင်ရွှမ်သည် မယုံရဲပေ။
“ရွှေထက်တောင် စစ်သေးတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက် သည်။
“လုပ်ငန်းစဉ်က ကြာမှာ၊ ချောမွေ့ဖို့ သေချာအောင်ဆိုင် သူ့အခြေအနေ ကို အဆက်မပြတ်စောင့်ကြည့်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “အလယ် ပိုင်းလောက်ရောက်ရင် မတူညီတဲ့ဆေးနည်းတွေ အများကြီးပြောင်းရလိမ့်မယ် အရမ်းတော့မများဘူး၊ အဓိကအချက်က အစ်မက နောက်နှစ်တွေမှာ ညီမနဲ့ အတူရှိနေပေးရမယ်”
သူမ ထိုစကားကိုကြားလိုက်သည်နှင့် ဟန့်မြောင်ရွှမ်သည် သူမစကားများ ကိုယုံသွားတော့သည်။
“မင်းနဲ့နေရမယ်ဆိုရင်တော့ နေမှာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သုံးယောက်က ဘယ်ကိုသွားသွားကိစ္စမရှိဘူးလေ” စူးရှောင်ရှောင် ပြောလိုက် သည်။
“ဟုတ်ပြီ ကျူးရှန့်ကိုသာ ကုလို့ရမယ်ဆိုရင် ဘာမဆိုလုပ်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ဂျူနီယာညီမလေးနဲ့ဆိုရင် ပျော်စရာတွေရှိမှာပဲ” ဟန့်မြောင်ရွှမ် ဆို လိုက်သည်။
ရှီမာယူယူသည် တွေဝေသွားသည်။
“ဘာဖြစ်လို့လဲ”
ရှီမာယူယူ စဉ်းစားပြီးနောက် ပြောလိုက်သည် “အခုတော့ ညီမလုပ်စရာ လေးတွေရှိသေးတယ် အဲဒါကအန္တရာယ်တော့များမှာပဲ အစ်မတို့ညီမနဲ့လိုက် ရင် အန္တရာယ်ထဲကိုဆွဲခေါ်သလိုဖြစ်မှာကြောက်တယ်”
***