သင်္ချိုင်းဆီသို့ ဦးတည်သွားခြင်း
Vol. 112 Ch. 1563
နောက်နေ့တွင်…
တစ်ညလုံး အနားယူခဲ့သော ကျန်းကျူးရှန့်သည် မျက်လုံးများပွင့်လာ သည်။ သူသည် နှစ်ပေါင်းများစွာအိပ်ခဲ့သည်။ သို့သော် ယခုလို အမှန်တကယ် သက်တောင့်သက်သာဖြစ်သည်ဟု ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“စီနီယာအစ်ကိုကြီး နိုးလာပြီလား” ရှီမာယူယူသည် ကျန်းကျူးရှန့်ကို ကြည့်နေရာ သူနိုးလာသည်နှင့် သူမ မြင်လိုက်သည်။
“အင်း” ကျန်းကျူးရှန့်သည် အိပ်ရာမှထရာ သူ့အင်္ကျီများ မတူတော့သည် ကိုသိလိုက်ရသည် “ငါဘာဖြစ်သွားတာလဲ”
“စီနီယာနေမကောင်းဖြစ်သွားတာ ညီမ အပ်စိုက်ကုပေးထားတယ် မနေ့ညက အိပ်ရတာဘယ်လိုနေလဲ” ရှီမာယူယူ လျှောက်လာပြီး သွေးကြောကို စမ်းသပ်ပေးလိုက်သည် “အခြေအနေကတော့ အဆင်ပြေသေးတယ် စီနီယာ အစ်မ စီနီယာအတွက် တစ်ညလုံးသန့်စင်ထားတဲ့ဆေးက အလကားမဖြစ်ဘူးပဲ”
“အဲတော့ ဂျူနီယာညီမလေးက ငါ့ကိုကူကြည့်ပေးထားတာလား အဲဒါ ကြောင့် မနေ့ညက ကောင်းကောင်းအိပ်ပျော်တာကိုး၊ မြောင်ရွှမ်ရော ဘယ်မှာ လဲ” ကျန်းကျူးရှန့် မေးလိုက်သည်။
“မနေ့က စီနီယာ့အတွက် ဆေးပို့ပြီးတော့ သူမအရမ်းပင်ပန်းနေတာကို တွေ့တာနဲ့ ပြန်ပြီးနားခိုင်းလိုက်တယ်” ရှီမာယူယူ ပြောလိုက်သည်။
အစပိုင်းက ကျန်းကျူးရှန့်နိုးလာသည်နှင့် သင်္ချိုင်းကိုသွားရန် စီစဉ်ထား သည် သို့သော် အခုအခြေအနေကိုကြည့်ရာ သူတို့သည် နေ့တစ်ဝက်လောက် နောက်ဆုတ်ရနိုင်သည်။
“စီနီယာအစ်ကို နည်းနည်းလောက် ပြန်နားလိုက်ဦး” ရှီမာယူယူသည် စူးရှောင်ရှောင်ကို ပြောလိုက်သည်။
သူတို့သည် မနေ့ညကတစ်ညလုံး စကားပြောခဲ့ကြသည်။ ဝိညာဉ်သခင် များသည် အိပ်ရန်မလိုအပ်သော်လည်း ဒီနေ့မှာ ဘယ်မှသွားစရာမရှိသဖြင့် မသွားခင် ကောင်းကောင်းအနားယူသင့်သည်။
စူးရှောင်ရှောင်သည် ကျန်းကျူးရှန့်ကိုကြည့်ပြီး ခေါင်းညိတ်ကာ ထွက် သွားလေသည်။
ရှီမာယူယူသည် ကျန်းကျူးရှန့်ကို သူ့အခြေအနေကိုပြောပြပြီး သူ့ကို ကုသမည့်အစီအစဉ်ကိုပါ ပြောပြလိုက်သည်။ သူ၏ အခြေအနေကို သူ ကိုယ်တိုင်ပင် မည်သည့်ထင်မြင်ချက်မှမရှိပေ။ ပြီးနောက် သူမနောက်လိုက်ရ သည်မှာလည်း ကိစ္စကြီးမဟုတ်ပေ။
သူတို့ ရွှမ်ချုံးမျိုးနွယ်သို့ သွားမည်ကို သိသောအခါ စူးရှောင်ရှောင်တို့လို ပင် တွေးသည်။ အန္တရာယ်များသည့်ကိစ္စဖြစ်သဖြင့် သေချာပေါက် သူမကို အဖော်ပြုပေးမည်ဖြစ်သည်။
ထိုစကားများကိုပြောလိုက်ချိန်တွင် ကျန်းကျူးရှန့်သည် ဟန့်မြောင်ရွှမ်ကို လာလည်စေချင်သည်ကို ရှီမာယူယူသိသည်။ ထို့ကြောင့် သူမသည် ရှီမာ မျိုးနွယ်ရှိရာသို့ ကိုယ်တိုင်ပင်သွားလိုက်တော့သည်။
သူမ အိမ်ထဲတွင် ကျန်းကျူးရှန့်အား ကုသပေးနေသည်ကို ဟွမ်ရင်ရင်တို့ သိသဖြင့် သူမကို မနှောင့်ယှက်ကြပေ။ သူတို့ဆီသို့ သူမ ရောက်လာမည်ဟု ထင်မထားပေ။
“ဘိုးဘိုး ဘွားဘွား သမီးသင်္ချိုင်းကိုသွားတော့မယ်” ရှီမာယူယူသည် သူမ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“သင်္ချိုင်းကို ဘာလုပ်ဖို့သွားမှာလဲ အဲဒီမှာရတနာများတယ်ဆိုပေမဲ့ အန္တရာယ်များလွန်းတယ်” ဟွမ်ရင်ရင်သည် အရင်တွေ့ကြုံခဲ့သည်များကို တွေးမိပြီး အနည်းငယ်တုန်လှုပ်နေသည်။
“ဘွားဘွား ဒီချီဝိညာဉ်တွေက အရင်တုန်းကအကောင်တွေနဲ့ မတူတော့ ဘူးလို့ သမီးမပြောခဲ့ဘူးလား၊ ဘာတွေကွာသွားတာလဲဆိုတာ သင်္ချိုင်းကိုသွား ကြည့်ရုံပါပဲ” ရှီမာယူယူ ပြောလိုက်သည် “ချီဝိညာဉ်တွေရဲ့ အားနည်းချက်က တော့အတူတူပဲဆိုတာတော့ ဟုတ်နေတယ် ဒါပေမဲ့ ချီဝိညာဉ်တွေက တကယ် ပဲ လျှပ်စီးဝိညာဉ်စွမ်းအင်သုံးပြီး ချေမှုန်းလို့မရဘူး အကြောင်းအရင်းတော့ရှိရ မယ်”
“ဒါပေမဲ့ အန္တရာယ်များသေးတယ်” အရင်ကတွေ့ကြုံဖူးသရွေ့တော့ သင်္ချိုင်းဂူမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့သိကြသည်။
“ဘွားဘွား စိတ်ချပါ ဒီချီဝိညာဉ်တွေက သမီးကိုဆန့်ကျင်နိုင်မှာမဟုတ်ပါ ဘူး” ရှီမာယူယူသည် ဟွမ်ရင်ရင်၏ လက်ကိုဆုပ်ကိုင်လိုက်သည် “သမီးမှာ ထိပ်တန်းခရမ်းရောင်လျှပ်စီးရော ငှက်ပေါက်စရောရှိနေတာပဲ သူတို့သမီးကို ဘာမှမလုပ်နိုင်ပါဘူး ကြည့်လေ မနေ့က အဲဒီချီဝိညာဉ်တွေအကုန်လုံးကို သတ် လိုက်တာပဲလေ၊ သူတို့က သာမာန်လျှပ်စီးကိုမကြောက်ဘူး ဒါပေမဲ့ သမီးရဲ့ ထိပ်တန်းခရမ်းရောင်လျှပ်စီးကို ကြောက်ကြတယ်”
“ဂရုစိုက်ပါ သမီးအကြောင်းအရင်းရှာတွေ့ရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါပေမဲ့ မရှာတွေ့ရင်လည်း အရမ်းကြီးကြိုးစားနေဖို့မလိုဘူး၊ ဘေးကင်းအောင် နေရမယ်” ရှီမာရှုချီသည် ပူညံပူညံပြောလေသည်။
“သမီး နားလည်ပါတယ်” ရှီမာယူယူသည် ရှီမာရှုချီကို ပြုံးပြလိုက်သည်။ ဘိုးဘိုးသည် အဘွားဖြစ်သူထက် အနည်းငယ် တည့်တိုးဆန်သည်။
“သမီးရဲ့စီနီယာအစ်ကိုရော ဘယ်လိုနေလဲ”
“နည်းနည်းတော့ ပြဿနာရှိတယ် သူ့ကိုကုဖို့အတွက် အချိန်အကြာကြီး လိုဦးမှာ အဲဒါကြောင့် သူတို့က အချိန်တစ်ခုလောက်တော့ သမီးနောက်လိုက် ကြလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ရွှမ်ချုံးမျိုးနွယ်ကို သွားမှာမဟုတ်ဘူးလား”
“ဟုတ်တယ် သမီးအဲဒီကိုသွားမယ်ဆိုတာသိတာနဲ့ သမီးနဲ့လိုက်မယ်လို့ ပြောကြတယ်၊ သမီးအဲဒါစဉ်းစားနေတာ အဒေါ်ဖန်ရဲ့လူတွေက သမီးနဲ့အတူရှိ နေကြတော့ ဘာပြဿနာမှမဖြစ်နိုင်ပါဘူး အဲဒါကြောင့် သူတို့ကိုအတူခေါ်သွား ကြပြီး အဲအချိန်ကျမှ စီနီယာအစ်ကိုကို ကုတော့မယ်” ရှီမာယူယူ ပြောလိုက် သည် “ဪ ဟုတ်သားပဲ ဘိုးဘိုး… ဘိုးဘိုးတို့ကို ဆရာက ဒီကိုခေါ်လာတာလို့ ဘိုးဘေးကြီးပြောတယ် ဆရာတို့ကိုဘာလို့မမြင်မိတာလဲ”
“ငါတို့အတူကလာကြပေမဲ့ ရောက်တာနဲ့လူစုခွဲလိုက်ကြတာ၊ အဲဒါ ကြောင့် ငါတို့လည်း သူတို့ကိုတစ်ချိန်လုံးမတွေ့ရဘူး” ရှီမာရှုချီ ရှင်းပြလေသည် “ဒါပေမဲ့ သူတို့အဆင်ပြေမယ်လို့ထင်တယ်၊ သူတို့ထဲမှာ စံသွေမီးတောက်ပိုင် တဲ့သူရှိတာ တွေ့လိုက်တယ်”
သူတို့ထဲတွင် စံသွေမီးတောက်ပိုင်ဆိုင်သည့်လူ ပါသည်ဟု ရှီမာယူယူ ကြားလိုက်သည်နှင့် အနည်းငယ် စိတ်အေးသွားသည်။ သို့သော် သူတို့၏ လုံခြုံ ရေးကို သေချာအောင်လုပ်ရဦးမည်။
ရှီမာရှုချီ၏အခန်းမှ ထွက်ပြီးနောက် သူမသည် နီရဲပျားတစ်အုပ်ကြီးကို လွှတ်လိုက်သည်။ ထိုအချိန်အတွင်းတွင် ဖန်ကျိရှင်း၏ တည်နေရာကို ရှာတွေ့ နိုင်ရန် မျှော်လင့်ထားသည်။
အိပ်မပျော်သည့် ညတစ်ည ကုန်ဆုံးသွားခဲ့လေပြီ။
နီရဲပျားများသည် သတင်းထောက်လှမ်းရာတွင် အမှန်တကယ်ပင် အထူး ကျွမ်းကျင်ကြသည်။ မိုးလင်းသည်နှင့် ဖန်ကျိရှင်း သတင်းကိုယူလာကြသည်။ သို့သော် သတင်းကောင်းတော့မဟုတ်ပေ။
သူမ နီရဲပျားများဆီမှ တင်ပြချက်ကို နားထောင်ပြီးနောက် သက်ပြင်းချ ကာ ဟန့်မြောင်ရွှမ်၏ တံခါးကိုသွားခေါက်လိုက်သည်။
နာရီဝက်ကြာပြီးနောက်တွင် ရှီမာယူယူနှင့် တခြားလူသုံးယောက်သည် မြို့ဝင်ပေါက်မှထွက်ကာ သင်္ချိုင်းဂူဆီသို့ ဦးတည်ကြသည်။
“ဂျူနီယာညီမလေး မင်းဆရာနဲ့တခြားသူတွေက သင်္ချိုင်းကိုသွားတယ်လို့ ပြောတယ်မလား၊ ဒီသတင်းက ယုံရရဲ့လား” ဟန့်မြောင်ရွှမ်သည် တစ်စုံတစ် ယောက် ထောင်ချောက်ဆင်မည်ကို စိုးရိမ်နေသည်။ ထိုအပြင် သည်တစ်ခေါက် အခြေအနေသည် အရင်တစ်ခေါက်ကထက် အန္တရာယ်ပိုများသည်။
“ဒါက ညီမရဲ့နီရဲပျားတွေဆီကရထားတဲ့ သတင်းပါ၊ အဲဒါကြောင့် စိတ်ချ လို့ရပါတယ်” ရှီမာယူယူသည် သူမ ဘာကိုဆိုလိုချင်သည်ကို နားလည်သည်။ သို့သော် သူမသည် ဝိညာဉ်သခင်အငယ်လေးသာဖြစ်သည်။ အဲလူတွေက သူမ အတွက်နဲ့ဘာလို့ စွမ်းအားတွေ အကုန်ခံနေမှာလဲ။ ဒီလိုထောင်ချောက်ဆင်မယ် ဆိုရင် သူမ နီရဲပျားတွေက သတင်းပို့မှာပဲ။
အဲဒါက စိတ်ကူးလို့တောင်မရတဲ့ ကိစ္စပဲ။
ပြီးတော့ အဲလူတွေက နီရဲပျားတွေ ဘယ်နေရာက သတင်းရလာလဲဆို တာစဉ်းစားလို့တောင် ရမှာမဟုတ်ဘူး။
“ဒါက ထောင်ချောက်ဟုတ်ဟုတ် ဟုတ်ဟုတ် ငါတို့ဂရုစိုက်ရမယ်၊ အပြင် ပိုင်းဒေသမှာတုန်းက ငါတို့သာ သူတို့အစီအစဉ်ကို မတော်တဆဖျက်ဆီးမိလိုက် တာကြောင့်သာမဟုတ်ရင် အဲလူတွေက အခြေအနေကို မထိန်းချုပ်နိုင်လိုက် တာပဲ နောက်ကွယ်ကနေ ထိန်းချုပ်ထားတဲ့လူတွေက ရိုးရှင်းတာမဟုတ်ဘူး” စူးရှောင်ရှောင် အကြံပေးလေသည်။
“အဲဒီချီဝိညာဉ်တွေကို ထိန်းချုပ်ချင်ရင်တော့ ကျယ်ပြီးတော့ မင်္ဂလာရှိတဲ့ နေရာတင်မဟုတ်ဘူး အချိန်အကြာကြီးလည်းလိုသေးတယ်၊ အဲဒါကြောင့် အင်အားစုအများစုက အပြင်မှာပဲ ချေမှုန်းခံလိုက်ရတာ။ လျှို့ဝှက်မိသားစုတွေ ရဲ့ လက်ချက်ဖြစ်နိုင်ချေများမယ်လို့ ငါထင်တာပဲ” ကျန်းကျူးရှန့်သည် ဟန့်မြောင်ရွှမ်၏ ပခုံးပေါ်တွင်မှီကာ အိပ်ငိုက်နေသောမျက်လုံးများဖြင့် ပြော လေသည်။
ရှီမာယူယူသည်လည်း ထိုသို့ပင်ခံစားရသည်။ တခြားအင်အားစုများတွင် ထိုအတွင်းပိုင်း သတင်းမရှိပေ။
“ဒါဆိုရင် မသေလူတွေကိစ္စရော ဘယ်လိုထင်လဲ” သူတို့လည်း မသေလူ များအကြောင်းသိထားသဖြင့် သူတို့ဘာသာအတွေးရှိနိုင်သည်။
“မသေလူတွေဟုတ်လား၊ ယန်းမျိုးနွယ်က အဲလိုရည်မှန်းချက်နဲ့ လုပ်နိုင် တဲ့ စွမ်းရည်ရှိနေတာပဲ” ကျန်းကျူးရှန့် ထထိုင်လိုက်သည် “ဒါတွေရဲ့ နောက်ကွယ်ကလူက သေချာပေါက် တခြားတစ်ယောက်နဲ့တွဲလုပ်နေတာပဲ”
“ဒီကိစ္စက တစ္ဆေမျိုးနွယ်နဲ့ ပတ်သတ်မှုရှိမယ်လို့ ခံစားနေရတယ်၊ အဲဒါ ကြောင့် မသေလူကိုဖန်တီးဖို့ တစ္ဆေလောကက လာတာဖြစ်နိုင်တယ်” စူးရှောင်ရှောင် ယူဆလေသည်။
“ဟူ မသေလူတွေရဲ့နောက်ကွယ်ကလူနဲ့ ချီဝိညာဉ်တွေရဲ့နောက်ကွယ်က လူတို့ တစ်ဖွဲ့တည်းမဟုတ်ဖို့ မျှော်လင့်ပါတယ်” ဟန့်မြောင်ရွှမ် သက်ပြင်းချ လေသည်။
“သူတို့က တစ်ဖွဲ့တည်းဖြစ်နိုင်ချေ မများဘူးလို့ထင်တယ်၊ ဒါပေမဲ့ နှစ်ခု လုံးကတော့ ကိုင်တွယ်ရခက်တယ်” ကျန်းကျူးရှန့်သည် နားထင်ကို ပွတ်နှိပ် လိုက်သည်။ ဒီကမ္ဘာကြီးက တကယ်ပဲ ရှုပ်ထွေးတော့မယ်။
ရှီမာယူယူသည် အနည်းငယ် စိုးရိမ်နေတုန်းပင်။ ထိုကဲ့သို့ ရှုပ်ထွေးနေ သော ကမ္ဘာကြီးတွင် သူမသည် ရွေးချယ်စရာမရှိတော့ဘဲ သန်မာလာရုံသာရှိ သည်။
“ဂျူနီယာညီမလး နီရဲပျားတွေက သင်္ချိုင်းဂူက မင်းဆရာတို့ကိုရှာနိုင် တယ်ဆိုတော့ သူတို့နေရာအတိအကျကို သိလား”
ရှီမာယူယူ ခေါင်းယမ်းလိုက်သည် “သူတို့က မြို့ကိုပြန်တော့ ဆရာတို့ကို တွေ့ရုံပဲတွေ့လိုက်တာ ဘယ်မှာလဲဆိုတာတော့ မသိဘူး”
“ဒီသင်္ချိုင်းက ဒီလောက်ကြီးတာ သူတို့နေရာအတိအကျကိုမသိရင် ရှာဖို့ ခက်တယ်”
“အဲဒီကိုရောက်တော့မှပဲ ကြည့်ကြတာပေါ့” ရှီမာယူယူ ပြန်ဖြေလိုက် သည်။
သူတို့ သင်္ချိုင်းဂူသို့ရောက်သောအခါ သူမ မျက်ခုံးများပင့်တင်မိသည်။
***