← Chapters

သင်္ချိုင်းဂူအပြင်ဘက်တွင် တွေ့ဆုံခြင်း

Vol. 112 Ch. 1564

သင်္ချိုင်းဂူအပြင်ဘက်တွင် တွေ့ဆုံခြင်း

Vol. 112 Ch. 1564

ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် တည်ဆောက်မှုများနှင့် မရင်းနှီး ပေ။ ရှီမာယူယူ၏ ထိုပုံစံကိုမြင်သောအခါ တစ်ခုခုလွဲနေပြီဆိုသည်ကို သူတို့သိ လိုက်ကြသည်။

“ဂျူနီယာညီမလေး ဘာဖြစ်လို့လဲ” စူးရှောင်ရှောင် မေးလိုက်သည်။

ရှီမာယူယူ သက်ပြင်းချပြီးပြောလိုက်သည် “ဒီကဖန်ရွှေက အရင်ကတစ်ခု နဲ့တော့ တူတယ် အစတုန်းကတော့ မင်္ဂလာရှိတဲ့နယ်မြေပဲ ဒါပေမဲ့ တစ်ယောက် ယောက်က ဒါကို အမင်္ဂလာနေရာအဖြစ်ပြောင်းလိုက်တယ်”

ပြီးခဲ့သည့်တစ်ခေါက်နှင့် တူသည်ဆိုပါက ချီဝိညာဉ်သည် အရင်ကနှင့် ကွာခြားချက်မရှိနိုင်ပေ။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “တည်ဆောက်မှုက အပြောင်းအလဲနဲ့ လျှပ်စီးစွမ်းအင်ကိုလည်း ထည့်တွေးရမယ်၊ ပြီးတော့ အဲဒါတွေက လတ်တ လောလေးတင်မှ ပြောင်းလဲသွားတာကို ပြနေတာပဲ၊ အဲဒါကချီဝိညာဉ်ပြောင်းရ တဲ့ အကြောင်းအရင်းဖြစ်မယ်လို့ ခန့်မှန်းမိတယ်”

“အဲဒါကြောင့် လျှပ်စီးအပစ်ခံရတာနဲ့ ချီဝိညာဉ်တွေက ပြန်ရှင်လာနိုင်တာ လား”

“လျှပ်စီးစွမ်းအင်က မများလို့လေ၊ လျှပ်စီးစွမ်းအင်နည်းနည်းလေးက ချီဝိညာဉ်ကို ပြန်ပြီးရှင်သန်စေနိုင်တယ်၊ တကယ်လို့ အားကောင်းတဲ့လျှပ်စီးနဲ့ တွေ့ရင်တော့ သူတို့ချေမှုန်းခံရမှာပဲ”

သူမ၏ ထိပ်တန်းခရမ်းရောင်လျှပ်စီးတင်မကဘဲ တခြားကျင့်စဉ်အဆင့် မြင့်သောလူများ၏ လျှပ်စီးစွမ်းအင်နှင့်ပါ ချီဝိညာဉ်ကို ချေမှုန်းနိုင်သည်။

သူမသည် နီရဲပျားများကို ခေါ်ထုတ်ပြီး ညွှန်ကြားလိုက်သည် “ဒီနေရာကို သွား ထောက်လှမ်းလိုက်၊ ဆရာနဲ့တခြားသူတွေကို တွေ့နိုင်မလားကြည့်လိုက်”

နီရဲပျားများသည် သူတို့၏ သေးငယ်သောအတောင်ပံများကို ခတ်ကာ အဝေးသို့ပျံသွားလေသည်။

“သင်္ချိုင်းဂူထဲ ဝင်ပြီးကြည့်ရအောင်” ရှီမာယူယူသည် သူတို့သုံးယောက် ကို ပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့အားလုံးတွင် စံသွေမီးတောက်ပိုင်ဆိုင်ကြသည်။ တခြားသူများကို သာ မကာကွယ်ရပါက သူတို့သည် သင်္ချိုင်းဂူအတွင်း လွတ်လပ်စွာလှည့်လည် သွားလာနိုင်ကြသည်။

ကျန်းကျူးရှန့်နှင့် တခြားသူများသည် အရင်ကသင်္ချိုင်းထဲရောက်ဖူးသဖြင့် လျင်မြန်စွာပင် ဝင်ပေါက်ကိုရောက်လေသည်။

သူတို့ဝင်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ ချီဝိညာဉ်လည်းမဟုတ် ရတနာလည်းမဟုတ်ဘဲ အရိုးစုအပုံလိုက်သာဖြစ်သည်။ သင်္ချိုင်းဂူတစ်ခုလုံး သည် သွေးများဖြင့် နီရဲနေသည်။

“ဒီနေရာက အန္တရာယ်တွေနဲ့ပြည့်နေမယ်ဆိုတာသိရဲ့သားနဲ့ ရတနာ အတွက်နဲ့ ဒီလိုဖြစ်သွားရတယ်” ရှီမာယူယူ သက်ပြင်းချမိသည်။ သူမသည် မီးတောက်လုံး ဖန်တီးကာ ထိုအလောင်းများကို ပြာဖြစ်အောင် သင်္ဂြိုဟ်လိုက် သည်။ ထို့နောက် မီးတောက်မှာ သူမလက်ဖဝါးဆီသို့ပြန်လာပြီး လက်ထဲတွင် ဝိညာဉ်လက်စွပ်များပြည့်သွားတော့သည်။

သူမ အပြုအမူကို စူးရှောင်ရှောင်တို့မြင်သောအခါ ရယ်မိကြလေသည်။

သူမတွင် ရတနာမည်မျှပင် များစေကာမူ ထိုအရာများကို လက်လွှတ်မခံ ပေ။ ထိုလူများ ရတနာများကြောင့် အသက်ရင်းရသည်ကို သက်ပြင်းချရင်းနှင့် ဖြောင့်မတ်သလိုပင် ပြုမူလိုက်သေးသည်။

ရှီမာယူယူသည် သူတို့တွေးနေသည်ကို မြင်ရသဖြင့် လက်ဝှေ့ယမ်းကာ မှော်ဝင်လက်စွပ်များကို သိမ်းလိုက်သည် “ညီမက သူတို့နဲ့မတူဘူး၊ ကိုယ် သေမယ်ဆိုတာသိရင် ဒီနေရာကို ဝင်မလာဘူး၊ ညီမက ပိုက်ဆံကိုချစ်တယ်၊ ဒါပေမဲ့ အသက်ကိုပိုချစ်တယ်၊ အခုတော့ ဒါတွေသိမ်းလိုက်ပေမဲ့ ပြန်ရောက်ရင် ခွဲပေးမှာ ဒီမှာပစ္စည်းကောင်းရှိဖို့ပဲမျှော်လင့်တယ်”

စီနီယာသုံးယောက်သည် သူမကို ငြင်းခုန်မနေတော့ပေ။ သူတို့သည် လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်းများမှလွဲပြီး ထိုလူများ ပိုင်ဆိုင်သည့်အရာများ ကို မစွဲလမ်းပေ။

“အထဲဝင်ပြီးကြည့်ရအောင်”

သူတို့အထဲသို့လျှောက်သည်နှင့် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ လမ်းမှ အလောင်းများမှလွဲပြီး ရတနာတစ်ခုတလေ သို့မဟုတ် ချီဝိညာဉ် တစ်ကောင်မှမတွေ့ရပေ။

“ငါတို့ကိုမနိုင်ဘူးဆိုတာသိလို့များ ပုန်းကုန်ကြတာလား” ဟန့်မြောင်ရွှမ် ခန့်မှန်းလေသည်။

“ဖြစ်နိုင်တယ်၊ ဒီလူတွေသာ ချီဝိညာဉ်တွေကိုထိန်းချုပ်လိုက်ရင် ဂျူနီယာ ညီမလေးက ပြေးလမ်းမရှိအောင်လုပ်မယ်ဆိုတာ သိကြလို့ဖြစ်မယ်” စူးရှောင်ရှောင်သည် ထိုကဲ့သို့ပင် ဖြစ်နိုင်ချေများသည်ဟု ခံစားရသည်။

“ဒီတစ်ခါတော့ ငါတို့ချေမှုန်းလို့မရတော့ဘူးထင်တယ် အဲလိုဆိုမှတော့ အခုပြန်ကြတာပေါ့” အသုံးမဝင်သဖြင့် အချိန်ဖြုန်းရန်မလိုတော့ပေ။

ကျန်းကျူးရှန့်နှင့် တခြားသူများလည်း ထိုကဲ့သို့ခံစားရသည်။

သူတို့သင်္ချိုင်းဂူမှထွက်သည်နှင့် နီရဲပျားများသည် ဖန်ကျိရှင်းတို့၏ တည်နေရာကို ပြောရင်း သတင်းပို့လာသည်။ ရှီမာယူယူ ထွက်သွားမည်အလုပ် တွင် လေဟာပြင်ဧရိယာတွင် လှုပ်ရှားမှုကိုခံစားလိုက်ရပြီး ဝင်ပေါက်ပွင့်လာ သည်။ လူတစ်စု လျှောက်ထွက်လာသည်။

“ဆရာ” ရှီမာယူယူသည် သူမဘေးရောက်လာသော လူကိုမြင်သောအခါ ပျော်ရွှင်စွာပြေးသွားလေသည်။ သူမသည် သူ့ခန္ဓာကိုယ်ပေါ်မှ သွေးများကို မြင် သောခါ လက်မောင်းကိုဆုပ်ကိုင်ပြီး မေးလိုက်သည် “ဆရာ ဒဏ်ရာရထားတာ လား”

ဖန်ကျိရှင်းသည် ရှီမာယူယူစိုးရိမ်နေသည်ကို မြင်သောအခါ သူမလက်ကို ပုတ်ပြီး ပြောလိုက်သည် “ဒါကသူများသွေးပါ”

“ဘာတွေဖြစ်နေတာလဲ ဆရာတို့မှာ စံသွေမီးတောက်ရှိတယ်လို့ မပြော ဘူးလား ဘာလို့…”

“ငါတို့ကို ထိခိုက်အောင်လုပ်တာ ချီဝိညာဉ်တွေမဟုတ်ဘူး တခြားဂိုဏ်း ကလူတွေပဲ၊ သူတို့က ငါတို့နဲ့ပဋိပက္ခဖြစ်ထားတော့ ရန်ငြိုးထားနေတာ” ဖန်ကျိရှင်းပြောလိုက်သည် “သူတို့ဘက်က လူများတော့ ငါတို့နည်းနည်း ကံမကောင်းသွားတာပေါ့၊ သူတို့ကျေးဇူးကြောင့် အဲလူတွေကို သတ်လိုက်နိုင် တယ်”

ရှီမာယူယူသည် ထွက်လာပြီးစကားမပြောသေးသည့် လူများကိုကြည့်ပြီး ပဟေဠိဆန်စွာပြောလိုက်သည် “မင်းတို့ကဒီမှာဘာလုပ်နေကြတာလဲ”

ထိုလူများထဲတွင် ရှီမာယူယူနှင့် ပိုရင်းနှီးသောလူရှိသည်။ သူသည် ရှေးဟောင်းသတ္တုတွင်းတွင်ရှိစဉ်က သူမနှင့် ရွှမ်ချုံးဟော်တို့နှင့်ရှိခဲ့သည့် ကိုယ်ရံတော်ဖြစ်သည်။

“ကျွန်တော်တို့က သခင်မလေးကို ရှီမာမျိုးနွယ်ကနေခေါ်လာဖို့ သခင် လေးရဲ့ အမိန့်ရတာနဲ့သွားလိုက်တာ၊ ဒါပေမဲ့ သခင်မလေးက ဒီရောက်နေတယ် လို့ကြားတာနဲ့ ဒီကိုပဲလာလိုက်ကြတာ၊ သခင်မလေးရဲ့ ဆရာတို့ ပိတ်မိတာကို မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး၊ အရင်တစ်ခေါက် ရှေးဟောင်းသတ္တုတွင်းမှာ တုန်းက သခင်လေးဖန်နဲ့ သခင်မလေးယူယူတို့ကြောင့် ကျွန်တော်တို့ လွတ်လာ နိုင်ခဲ့တာလေ၊ ဒါကမျိုးနွယ်ကအကြီးအကဲ ရွှမ်ချုံးမင်လန်ပါ၊ သူကလည်း သခင်မလေးယူယူကို ကြိုဖို့လိုက်လာတာပါ” ကိုယ်ရံတော်ပြောလေသည်။

လျှို့ဝှက်မိသားစုမှ အကြီးအကဲ… သူသည် သန်မာနိုင်သည်။ ဆိုလိုသည် မှာ သူတို့ကို ဝင်ကယ်သည့်လူသည် ထိုအကြီးအကဲဖြစ်နေသည်ဟု သက်သေပြ နေသည်။

“ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲမင်လန်” ရှီမာယူယူသည် ထိုအကြီးအကဲကို အရိုအသေပေးလိုက်သည်။

“သခင်မလေးယူယူ ယဉ်ကျေးနေဖို့မလိုပါဘူး၊ သခင်မလေးကသာ ကျုပ် တို့ ရွှမ်ချုံးမျိုးနွယ်ဝင်အများကြီးကို ကယ်ခဲ့တာပါ အဲဒါကြောင့် ဒါကဘာမှ မဟုတ်သေးပါဘူး” ရွှမ်ချုံးမင်လန်သည် လက်ယမ်းကာ သူ၏ဖြောင့်မတ်သော အမူအရာသည် နှစ်လိုဖွယ်ကောင်းနေသည်။

“ကျွန်တော်တို့ ဒီမှာရှိတာကို ဘယ်လိုသိတာလဲ” ကျန်းကျူးရှန့် ရုတ်တရက် မေးလိုက်သည်။

“ကျုပ်တို့က သခင်မလေးယူယူကို ခေါ်ဖို့လာတာဆိုတော့ သူမရှိတဲ့နေရာ ကိုစုံစမ်းရမှာ သဘာဝပဲလေ” ရွှမ်ချုံးမင်လန် ပြန်ဖြေလိုက်သည် “သခင်မလေး ယူယူ ငါးနှစ်တာချိန်းဆိုမှုက ရောက်နေပြီ၊ ကျုပ်တို့နဲ့လိုက်နိုင်မလား သိချင်ပါ တယ်၊ ကျုပ်တို့ထွက်မလာခင် အချိန်ကတန်ဖိုးရှိတယ်လို့ သခင်လေးက လော နေပါတယ် အချိန်ဆွဲနေရင် အခြေအနေတွေပြောင်းသွားလိမ့်မယ်”

ရှီမာယူယူ ထိတ်လန့်သွားသည်။ အခြေအနေပြောင်းသွားမယ်… အံ့ဖွယ် ဆေးကိုများ ရည်ညွှန်းတာလား။

“ကျွန်မ မသွားခင်ကို မျိုးနွယ်ဝင်တွေကို သတင်းပို့ရဦးမယ်”

“ကောင်းပါပြီ ဒါဆိုလည်း အတူသွားကြတာပေါ့” ရွှမ်ချုံးမင်လန် ပြော လိုက်သည်။

သူတို့အဖွဲ့သည် မြို့သို့ပြန်ကြသည်။ ဖန်ကျိရှင်းထွက်မသွားခင်တွင် ရှီမာယူယူသည် သူ့ကိုတစ်ယောက်တည်းခေါ်ကာ စကားပြောလေသည်။ သူမ သည် ပတ်ပတ်လည်ကို အတားအဆီးဖန်တီးလိုက်သည်။

“ဆရာ ဒီတစ်ခေါက်ချီဝိညာဉ်တွေနဲ့ကိစ္စကို ဝင်မပါတာကောင်းလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“ကျွန်မသင်္ချိုင်းဂူကိုသွားတုန်းက မြင်ခဲ့တာ၊ အဲဒီချီဝိညာဉ်တွေက လျှပ်စီး အရည်အခင်းကိုမကြောက်ဘူး နောက်ကွယ်က ထိန်းချုပ်နေတဲ့လူတွေလည်း ရှိ တယ် သူတို့ကိုထွက်ပေါက်ပိတ်နိုင်မယ့်ဟာမျိုးမရှိရင် ဝင်ပါဖို့ အရမ်းအန္တရာယ် များလွန်းတယ်၊ ပြီးတော့ သင်္ချိုင်းထဲမှာ ဘာရတနာမှမရှိဘူး၊ အမွေလိုဟာမျိုး လည်းဘာမှမရှိဘူး ရိုးရိုးရှင်းရှင်းပြောရရင် ဘာမှမရှိတဲ့နေရာကြီးပဲ” ရှီမာယူယူ ပြောလိုက်သည်။

ဖန်ကျိရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

ရှီမာယူယူသည် ခေတ္တမျှတုံ့ဆိုင်းသွားကာ ပြောလိုက်သည် “ချီဝီညာဉ် တွေရဲ့ ဖွဲ့စည်းပုံက တစ်ညတည်းလုပ်ထားတာမဟုတ်ဘူး အဲဒါကြောင့် နောက် ကွယ်ကလူက သာမာန်အင်အားစုမဟုတ်ဘူး၊ သူတို့ သမိုင်းကြောင်းက ရှည်လိမ့်မယ်၊ အဲလိုအင်အားမျိုးက သေချာပေါက် သန်မာမှာပဲ”

“ငါ့လူတွေကို ခေါ်ပြီးပြန်လိုက်မယ်” ဖန်ကျိရှင်း ပြောလိုက်သည်။

“ဆရာ အဲတုန်းကဘာလို့လူတွေခေါ်လာတာလဲ” ရှီမာယူယူ မေးလိုက် သည်။

“ဧကရာဇ်ရဲ့ သင်္ချိုးဂူမှာ အံ့ဖွယ်ဆေးရှိတယ်ဆိုပြီး သတင်းတွေပျံ့နေတာ လေ”

ရှီမာယူယူ ခေတ္တမျှရပ်တန့်သွားသည်။

ဧကရာဇ်အများစုတွင် အံ့ဖွယ်ဆေးများရှိနိုင်သည်။ ထိုအရာသည် အမှန်တကယ်သာ ဧကရာဇ်တစ်ပါး၏ သင်္ချိုင်းဂူဖြစ်ပါက ထိုအထဲတွင် အံ့ဖွယ် ဆေးရှိနိုင်သည်။

အဲဒါကြောင့် အဲဒီကိုလူတွေ အများကြီးပြေးသွားကြတာကိုး။ ဒီလိုသတင်း မျိုးက တကယ်ပဲ လူကို သွေးဆောင်ဖို့လုံလောက်တာပဲ။

“ဒီလိုသတင်းမျိုးက အတုပါ၊ ကျွန်မ သင်္ချိုင်းတစ်ခုလုံးကို သွားကြည့်ပြီးပြီ ဘယ်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူမှမရှိဘူး”

အံ့ဖွယ်ဆေးဆိုသည်မှာလည်း လှည့်စားမှုတစ်ခုဖြစ်သည်ကို သက်သေပြ နေသည်။

ဒီသတင်းမျိုးကို ဘယ်သူကများဖြန့်လိုက်တာလဲ။ သူတို့ရည်ရွယ်ချက်က ဘာလဲ။

***

All Chapters