သူကျိုးဟိုင်မှာ နေလို့မရနိုင်စေရဘူး
Vol. 115 Ch. 1725
လင်းရီ၏ စကားက အခန်းတွင်းရှိ လေထုကို အေးခဲမှတ်သို့တိုင် ရောက်ရှိသွားစေခဲ့သည်။
လင်းရီသည် ကျောက်ဖုန်းဟွာအား မည်သည့် ထွက်လမ်းကိုမျှ ချန်ထားပေးခြင်း မရှိဘဲ လမ်းအား လုံးလုံးလျားလျား ပိတ်ဆို့ထားလိုက်၏။
သူ့အား အချိန်ဆွဲမနေဘဲ တည့်ပြောဟု မပြောယုံတမယ်ပင်။
“ ဒါက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ …” ကျောက်ဖုန်းဟွာ ကိုးရို့ကားယား ပြုံးလိုက်ပြီး မော်ဒယ်များအား အပြင်သို့ ထွက်သွားခိုင်းလိုက်၏။
လင်းရီလည်း မော်ဒယ်များနှင့် ထမင်းအတူ မစားဖူးတာ မဟုတ်၊ စားဖူးသည်။ သို့သော် ထိုလူများအကုန်လုံးက ချင်းဟန်နှင့် လျန်ကျင်းမင်တို့ ခေါ်ထားကြသည့် လူများဖြစ်၏။
ထို တဏှာဂူရုနှစ်ကောင် ခေါ်ထားသည့် မော်ဒယ်များက ကျောက်ဖုန်းဟွာ ရှာတွေ့ထားသည့် မော်ဒယ်များထက် အပုံကြီးသာနေသည်မှာ ပြောရန်ပင် မလိုချေ။
ထိုစကားမျိုး လင်းရီ ပြောလိုက်သည်က ကျောက်ဖုန်းဟွာအား ခြိမ်းခြောက်ချင်၍ မဟုတ်ပေ။ ဤအတိုင်း အနှီမော်ဒယ်များနှင့် အတူ စားသောက်ရန် အာရုံမလာသောကြောင့် ဖြစ်၏။
အခန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး လင်းရီ ၊ ကျောက်ဖုန်းဟွာနှင့် သူ့ အတွင်းရေးမှူးမလေးတို့သာလျှင် ကျန်ရစ်ခဲ့တော့၏။
“ လူကြီးမင်းလင်း … ခုလို ရုတ်တရက်ကြီး ဖိတ်ခေါ်လိုက်ရတာ မင်းရဲ့ အလုပ်ကို နှောင့်နှေးသလိုတော့ မဖြစ်စေဘူးမလား …”
“ မဖြစ်ပါဘူး …”
လင်းရီ ဝိုင်ခွက်အား ကိုင်၍ ပြောလိုက်ပြီး “ ကျုပ်တို့ချင်းက မတူညီတဲ့ လူနှစ်ယောက်ပဲ … ပြောစရာရှိရင် တည့်ပြောလိုက် …”
“ ဒီလိုပါ … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ်တို့ ရှင်းရှန်းမှာ ရှိတဲ့ 4S ဆိုင်က ကတ်စတန်မာ တစ်ယောက်နဲ့ သဘောထား ကွဲလွဲမှုလေး တစ်ခု ရှိခဲ့တယ် … အဲ့ကိစ္စ အဓိက ပြောချင်လို့ပါ …”
“ အဲ့ကိစ္စက ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား … ဘာများ ပြောဖို့ ကျန်နေသေးလို့ ….”
“ မစ်ရန်ပင်းက အယူခံဝင်တာကို ပြန်ရုတ်သိမ်းပေးဖို့ရယ် .. ပြီးရင် ကျုပ်တို့က သင့်တင့်တဲ့ လျော်ကြေးကို ပြန်ပေးသွားမှာပါ ….”
“ ဘယ်လိုမျိုးလဲ …”
“ ဟွာရှရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ငါတို့ဘက်က မူလ ကားဈေးနှုန်းရဲ့ သုံးဆ လျော်ပေးဖို့ ဆန္ဒရှိတယ်… ပြီးရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက်လည်း ထပ်လောင်း လျော်ကြေး ပေးသွားဦးမယ်… စုစုပေါင်း ယွမ် ၄ သန်း … နောက်ပြီး VIP ဝန်ဆောင်မှုရောပဲ … ဒါ ငါတို့ဘက်က ပေးနိုင်တဲ့ အရာတွေပဲ … လူကြီးမင်းလင်း ဘယ်လိုထင်လဲ …”
ရန်ပင်း ဝယ်ထားသည့် ကားက ယွမ် ရှစ်သိန်း ပေးရမှန်း လင်းရီ မှတ်မိနေသေးသည်။ ထို့ကြောင့် သုံးဆ လျော်ကြေးငွေက ၂.၅ သန်းနီးပါးပင်။
စုစုပေါင်း ယွမ် ၄ သန်း ကမ်းလှမ်းလာသည်က အတော်လေး စိတ်ရင်းအမှန်နှင့် ကမ်းလှမ်းချက်ဟု သတ်မှတ်၍ ရသည်။ ကတ်စတန်မာကို အနိုင်ကျင့်နေသည်လို့လည်း မထင်ရပေ။
“ နောက်ရော … ဒါပဲလား ….”
ဤအချိန်တွင်တော့ ကျောက်ဖုန်းဟွာ ပြောစရာစကား ကင်းမဲ့သွားရသည့် အလှည့်ပင်။
သူက ဒီကမ်းလှမ်းချက်တောင် မကျေနပ်နိုင်သေးဘူးလားဟ …
“ လူကြီးမင်းလင်း … မင်းရဲ့ သဘောထားကို ငါ သိပ်နားမလည်ဘူး ဖြစ်နေတယ်…” ကျောက်ဖုန်းဟွာ ပြောလိုက်ပြီး “ ငါတို့ဘက်က စိတ်ရင်းအမှန်နဲ့ ဒီလို ကမ်းလှမ်းလာတာကို မင်းမှာ မေးစရာတွေက ရှိနေသေးတုန်းလား …”
“ ဟက် …”
လင်းရီနှာမှုတ်လိုက်ပြီး “ Tesla ရဲ့ မားကတ်တင်း ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီးမှ မင်းတို့ ပိုင်တဲ့ကားမှာ ဘယ်လို ပြဿနာတွေ ရှိနေလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူးလား …. ဒါတွေ ပေးပြီး ဘာလဲလုပ်မှာ … မင်းတို့ သူ့အသက်ကို လျော်ပေးနိုင်လို့လား …”
“ လူကြီးမင်းလင်း … မင်း ဘာကို ပြောချင်နေတာလဲ …”
“ ရူးချင်ယောင် လာဆောင်မနေနဲ့ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့ အခုလိုအပ်နေတာက ပြဿနာ တစ်ခုတည်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမဟုတ်ဘူး … မင်းတို့ဘက်ခြမ်းမှာ ရှိနေတဲ့ ပြဿနာကို ပြန်ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ … သိပ်အဝေးကြီးတွေ မသွားနဲ့ဦး … မင်းတို့ကားရဲ့ ဒီနှစ်နဲ့ မနှစ်က ရှိနေတဲ့ ပြဿနာ အရေအတွက်ကိုပဲ ပြန်ကြည့်လိုက် …”
“ ဘရိတ် စုတ်တယ်… ဒါကို ပိုင်ရှင်က ကောင်းကောင်း မကိုင်တွယ်တတ်လို့ပါဆိုပြီး ကတ်စတန်မာကို အပြစ်တင်တယ်… ဒါမှမဟုတ်ရင် လမ်း မကောင်းလို့ပါဆိုပြီး ပြောတယ်… ငါ အရှက်မရှိတာတွေ အများကြီး မြင်ခဲ့ဖူးတယ်… ဒါပေမယ့် မင်းတို့လောက် အရှက်မရှိတာတော့ မမြင်ဖူးသေးဘူး …”
လင်းရီ၏ အနိမ့်သံဖြင့် ပြောနေသည့် လေသံနှင့် သူ၏ အော်ရာက ကျောက်ဖုန်းဟွာကို လုံးလုံးလျားလျား ဖိနှိပ်ထားခဲ့သည်။
“ ခင်များလည်း ဟွာရှန့်လူမျိုးပဲ … အဲ့ဒါကို ဘာလို့ အသိစိတ်လေး မရှိရတာ … Tesla ရဲ့ စီနီယာ အမှုဆောင် တစ်ယောက် အနေနဲ့ ခင်များလည်း သေချာကောင်းကောင်းကြီး သတိပြုမိမယ်ဆိုတာ ကျုပ် ယုံတယ် … ခင်များ မောင်းနေတဲ့ ကားက Tesla မောင်းလား … ခင်များရဲ့ ဆွေမျိုးမိဘ သူငယ်ချင်းတွေရော Tesla ကားကို မောင်းခိုင်းလား …”
ကျောက်ဖုန်းဟွာ၏ အမူအရာမှာ သိပ်မကောင်းတော့ချေ။ သူ၏ အတွင်းရေးမှူးသည်ပင် လင်းရီထံမှ ထုတ်လွှတ်နေသည့် မမြင်နိုင်သည့် ဖိအားကို ကောင်းကောင်းကြီး ခံစားမိနေသည်။
ဤအမျိုးသားက သူနှင့် ဇယားလာရှုပ်၍ ကောင်းမည့်လူ မဟုတ်ဟူသည့် ခံစားချက်အား ပေးစွမ်းနေခဲ့လေသည်။
“ လူကြီးမင်းလင်း … မင်း အခုပြောသွားတာတွေက ဘရန်းတစ်ခု တိုးတက်လာမယ့် လမ်းကြောင်းမှာ လွှဲဖည်ရှောင်သာလို့ မရတဲ့ အရာတွေကြီးပဲ … ဒါပေမယ့် ကျုပ်တို့ အရှုံးပေးမှာ မဟုတ်ဘူး …”
“ ခင်များ ရူးနေတာလား …. ကျုပ်တို့ ဟွာရှလူမျိုးတွေရဲ့ အသက်ကို ကလေးကစားစရာများ အောက်မေ့နေလား …” လင်းရီ သူ၏ ကိုယ်ဟန်အား ပြောင်းလဲလိုက်ပြီး ကျောက်ဖုန်းဟွာအား တည့်တည့်ကြည့်၍ “ ခင်များမှာ ပြောစရာ ရှိရင် ကိုယ့်ဘာကိုယ် သိမ်းထားလိုက် … ရန်ပင်းဘက်က အယူခံဝင်ထားတာကို ဖျက်သိမ်းဖို့ မဖြစ်နိုင်ဘူး … ထွက်လာမယ့် ရလဒ်ကိုတော့ … ခင်များတို့ ကိုယ့်ဘာကိုယ် စဉ်းစားကြပေါ့ …”
ပြောပြီးနောက် လင်းရီ ထထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ကျောက်ဖုန်းဟွာက နောက်မှ ဟန့်တားလာခဲ့၏။
“ လူကြီးမင်းလင်း … မင်း ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ …” ကျောက်ဖုန်းဟွာ မေးလာခဲ့သည်။
“ ငါတို့ဘက်က မင်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သဘောတူထားပြီးပြီ … ဘာ ဉာဏ်နီဉာဏ်နက်တွေမှလဲ သုံးမှာ မဟုတ်ဘူး … ငါတို့ဘက်က မင်းရဲ့ အဆင့်အတန်းကို ခုထက် တစ်ဆင့် မြင့်ပေးဖို့တောင် အာမခံနိုင်တယ်… လူက ငွေနဲ့ ပြိုင်တယ်ဆိုတာ မဖြစ်သင့်ဘူးနော်….”
“ ခင်များ အဲ့လို ပြောလိုက်မှပဲ ကျုပ် တကယ်ကြီး ပြိုင်ချင်လာပြီ …”
“ ဟင်းဟင်း ….”
ကျောက်ဖုန်းဟွာ အေးစက်စက် ရယ်မော၍ “ ဒါပေမယ့် မမေ့နဲ့ … ငါတို့က Tesla … ပါချီပါချက် ကုမ္ပဏီ အသေးစားလေး မဟုတ်ဘူး … ငါတို့ဘက်က ဒီပြဿနာကို အကျယ်မချဲ့ချင်ရုံလေးပဲ … မင်းဘက်က နားလည်ရင် ကောင်းမယ်….”
“ ဒါဆိုလည်း Tesla က ဘယ်လောက် အံ့ဩဖို့ကောင်းလဲ ကျုပ် သိအောင် ပြစမ်းပါ …”
ပြောပြီးနောက် လင်းရီ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ကျောက်ဖုန်းဟွာမှာ သူ ထွက်ခွာသွားသည့် နောက်ကျောကိုသာ ကြည့်နေနိုင်ပြီး ဘာမျှ ထပ်ပြောနိုင်ခြင်း မရှိချေ။
“ ဒါရိုက်တာကျောက် … ကျွန်မတို့ ဒီကိစ္စ ဘာဆက်လုပ်ကြမလဲ …”
“ တရားစွဲပါစေ … ပိုက်ဆံ နည်းနည်း သုံးလိုက်တာနဲ့ အဆင်ပြေမယ့် ကိစ္စပဲဟာ ….” ကျောက်ဖုန်းဟွာ ပြောလိုက်သည်။ “ ဒါပေမယ့် လင်းရီကို ကိုင်တွယ်ဖို့လဲ လိုမယ်…”
“ ဒါရိုက်တာကျောက် ဘယ်လို ဖြစ်ချင်လဲ …”
“ သူ့ အလုပ်ပြုတ်ရုံတင် မဟုတ်ဘူး … သူ့ကို ကျိုးဟိုင်မှာ နေလို့ မရအောင်ပါ လုပ်မယ်….”
……………..
ဟိုတယ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကိုယ်ညောင်းဆန့်၍ ချောင်ရန် အုပ်စုသို့ မောင်းထွက်လာခဲ့ကာ ကျီချင်းရန်နှင့် အချိန်တစ်ချို့ ကုန်ဆုံးလိုက်သည်။
“ ဒီနေ့ အလုပ် အစောကြီး ဆင်းလို့ပါလား …”
“ ဒီနေ့ ဘာလုပ်စရာမှ မရှိတာနဲ့ အလုပ် လစ်ပြီး စောစောပြန်လာခဲ့လိုက်တာလေ….”
“ အနည်းဆုံးတော့ နင့်မှာ အသိစိတ်လေး ရှိသေးသားပဲ …” ကျီချင်းရန် မြည်တွန်တောက်တီးလိုက်ပြီး “ နင် အဲ့ဒီ ရုံးခွဲမှာ အလုပ်စလုပ်ကတည်းက နင့်ရဲ့ နေ့စဉ်ဘဝလည်း ပုံမှန်လို မဟုတ်တော့ဘူး … အသားအရေလည်း မကောင်းတော့ဘူး … ဒီည အပြင်ထွက်ကြစို့ … ငါနင့်ဖို့ မျက်နှာကပ်ခွာ တစ်ချို့ ဝယ်ပေးမယ်… ပြန်မလာဖြစ်လည်း ပုံမှန်သုံးဖို့ မမေ့နဲ့ ….”
“ နည်းနည်းလေး မချဲ့ကားလွန်းဘူးလား … ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက မျက်နှာပြောင်ကြီးတွေနဲ့ပဲ ….”
“ ပြဿနာက သူတို့ မျက်နှာပြောင်နဲ့ မဟုတ်ရင်တောင် ဘာမှ ကွာသွားမှာ မဟုတ်လို့ဘဲ … “
“ ကျစ် ကျစ် ကျစ် …. တကယ့်အချက်ကို ဒက်ကနဲပဲ …”
“ ဒါကြောင့်မို့ နင်က ကိုယ့်အသားအရေကိုယ် ဂရုစိုက်ဖို့ လိုတာ …”
“ ဟုတ်ပါပြီ… ချင်းရန် အလိုကျပါပဲဗျာ….”
“ ခိခိ …” ကျီချင်းရန် ရယ်မောလိုက်ပြီး “ ကောင်းပြီ… နင့်ဘာနင် ကစားနေတော့ … ငါ အလုပ်လုပ်ရဦးမယ်…”
“ မင်းလည်း တော်တော်ကို အလုပ်များတယ်…”
လင်းရီ ပျင်းရိစွာ အညောင်းဆန့်၍ ကျီချင်းရန်၏ ရုံးခန်းထဲမှ ထွက်လာခဲ့၏။ ထို့နောက် ဝမ်ရင်း၏ ရုံးခန်းထဲသို့ မယောင်မလည်နှင့် ရောက်ရှိလာခဲ့ကာ ဘဝ၏ ဂမ္ဘီရဆန်မှုတို့အား စူးစမ်းရှာဖွေရန် အသင့်ဖြစ်နေခဲ့သည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ ဝမ်ရင်း မေးလေးထောက်ပြီး သူ့အား ပြုံးပြလာသည်။
“ နင် လာမယ်ဆိုတာ အစ်မသိသားပဲ …”
“ ဟင် … ဘယ်လိုလုပ်ပြီး သိတာ …”
“ တစ်ယောက်ယောက်က နင့်ကို ခုနတင် မြင်လိုက်တယ်လေ… ဒါကြောင့်မို့ နင်လာမယ်မှန်း ကြိုသိလို့ စတော်ကင် အနက်တောင် လဲထားပြီးပြီ…”
“ အစ်မရင်းရဲ့ လုပ်ပုံကိုင်ပုံတွေက မဆိုးမှတော့ ကျွန်တော့်ဘက်က ဆုမချရင် ဘယ်ကောင်းမှာ….”
“ ဒါဆို အစ်မကို ဝအောင် ကျွေးမယ် မလား …”
“ အစ်မရင်း စားနိုင်တဲ့ပေါ် မူတည်တယ်လေ…”
“ အစ်မက သိပ်အများကြီး စားနိုင်တာကို မောင်လေးရီ သိပါတယ်….”
ပြောပြီးနောက် ဝမ်ရင်းသည် လင်းရီထံသို့ ရီဝေလင်းလက်နေသည့် မျက်ဝန်းတို့ဖြင့် လျှောက်လှမ်းလာခဲ့၏။
သို့သော် ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းသံက ထမြည်လာသည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် လျိုကွမ်းရှန်ထံမှ ဖြစ်နေခဲ့၏။
(လျိုကွမ်းရှန် - ရဲဘက်က လင်းရီရဲ့ အထက်လူကြီး )
“ နင် ဖုန်းဖြေစရာ ရှိတာဖြေလေ… အစ်မရင်း ကိုယ်လုပ်စရာ ရှိတာ လုပ်မယ်…”
ဝမ်ရင်း ဒူးထောက်ချ၍ လင်းရီ၏ ခါးပတ်အား ဖြုတ်လိုက်၏။
လင်းရီ ဘာမျှ မပြောချေ။ ဤသည်က သူတို့နှစ်ယောက်အတွက် သာမန် လုပ်ရိုးလုပ်စဉ်လိုပင်။
“ ခေါင်းဆောင် … ဘာကိစ္စလဲ …”
“ မင်း ခုတလော ဘယ်သူ့ကို အပြစ်ပြုထားသေးတုန်း …”
စာစဉ် (၁၁၅) ပြီး၏။