← Chapters

မင်းက အင်တာနက် ဆယ်လီနဲ့ တူတယ်…

Vol. 115 Ch. 1712

မင်းက အင်တာနက် ဆယ်လီနဲ့ တူတယ်…

Vol. 115 Ch. 1712

“ ကျန်တဲ့ နေရာတွေက ဖုန်တက်နေတာကို ဒီတစ်နေရာတည်းကွက်ပြီး သန့်နေတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ သူက ဒီလိုနည်းလမ်းကို အသုံးပြုသွားခဲ့တာကိုး …” လီရှန်းဟွေ့ ပြောလိုက်သည်။

“ လူသတ်သမား သုံးသွားခဲ့တဲ့ နည်းလမ်းကိုလည်း အတည်ပြုပီဲးသွားပြီ .. ဒါပေမယ့် နောက်ထပ် ပြဿနာ တစ်ခု ကျန်နေသေးတယ် … လူသတ်သမားက တူကျွမ့် အိပ်နေပြီ ဆိုတာကို ဘယ်လို အတည်ပြုသွားခဲ့တာ …” ကူရိရန် ပြောလိုက်ပြီး “ အခင်းဖြစ်တဲ့ အချိန်တုန်းက သူလည်း အခန်းထဲမှာ ရှိနေတာမှ မဟုတ်တာ … ဒီတော့ တူကျွမ့်ရဲ့ အခြေအနေကို သိဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ ဟုတ် … တကယ်လို့ တိပ်ကိုသာ စောပြီး ခွာမိလိုက်မယ်ဆိုရင် အိပ်မပျော်သေးတဲ့ တူကျွမ့်က ချက်ချင်း သတိထားမိသွားမှာပေါ့ … အဲ့လိုဆို သူ့ အကြံအစည်တွေလည်း ဖော်ထုတ်ခံလိုက်ရမယ်လေ…”

“ ကင်မရာတွေ …”

“ မင်းမေ့နေတာလား … ငါတို့ ရှာတုန်းက pinhole ကင်မရာတွေ လေးလုံးတောင် တွေ့ခဲ့တာလေ… အိပ်ခန်းထဲမှာ နှစ်လုံး ၊ ရေချိုးခန်းနဲ့ မီးဖိုချောင်မှာ တစ်လုံးစီ တပ်ထားတာ … တူကျွမ့်က အနီးကပ် စောင့်ကြည့်ခံနေရတာ … ဒါကြောင့်မို့ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက လူသတ်သမားဆီမှာ ရှင်းရှင်းလင်းလင်းနဲ့ ရောက်နေတယ် .. သူ့ အခြေအနေကို သိရဖို့က မခက်ဘူး …”

ကူရိရန် မျက်မှောင်ကြုတ်လိုက်မိပြီး သူမပုံစံက ရှုပ်ထွေးသွားခဲ့သည့်ဟန်ပင်။

“ ကင်မရာတွေ တပ်သွားတဲ့လူက စုန့်တဲယွမ်ကို သတ်သွားခဲ့တဲ့ လူနဲ့ တစ်ယောက်တည်းရော မဖြစ်နိုင်ဘူးလား ….”

“ အတော်လေး ဖြစ်နိုင်တယ် …”

“ ဒီကင်မရာ လေးလုံးကို အရင်ယူသွားပြီး နည်းပညာ ဌာနကို စစ်ဆေးဖို့ ပေးလိုက်မယ် … သူတို့ ချိတ်ဆက်ထားတဲ့ IP လိပ်စာကို သိနိုင် မသိနိုင်ပေါ့ … သူတို့ သိနိုင်တယ်ဆို လူသတ်သမားကို ရှာတွေ့ဖို့က မခက်တော့ဘူး …”

နှစ်ယောက်သား ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။ သူတို့လည်း နောက်ခြေလှမ်းကို သဘောတူကြ၏။

“ အခင်းဖြစ်တဲ့ နေရာက အခြေအနေကို အနည်းနဲ့အများ နားလည်နေပြီပဲ … ပြန်ကြစို့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ခဏနေကျရင် အခင်း ဖြစ်တဲ့နေရာကို စောင့်ကြပ်ထားဖို့ လူလွှတ်ခိုင်းထားလိုက်မယ် … တစ်ခုခု ရှိရင် ပြန်လာပြီး စစ်ဆေးလို့ အဆင်ပြေတာပေါ့ …”

လင်းရီနှင့် ကူရိရန်တို့ ခေါင်းညိမ့်လိုက်ကြ၏။ ယခုက ညဉ့်နက်နေပြီး ဖြစ်သဖြင့် အမှုကိစ္စ ဆွေးနွေးရန် မသင့်လျော်ပေ။ ထို့ကြောင့် အိပ်စက် အနားယူရန် ဆုံးဖြတ်လိုက်ကြပြီး မနက်ဖြန်မှ ဆက်လက် ဆွေးနွေးရန် ဟန်ပြင်လိုက်ကြ၏။

“ ကျုပ်တို့ စုန့်ကျယ်နဲ့ လျိုဖန်းကိုလည်း သေချာလေး စောင့်ကြည့်နေဖို့ လိုမယ် …” လင်းရီ ပြောလိုက်ပြီး “ နောက်ထပ် အမှုတွေ ထပ်ဖြစ်လာရင် ကောင်းမှာ မဟုတ်ဘူး …”

“ မပူနဲ့ … ငါ အကြောင်းကြားထားပြီးပြီ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ မနက်ဖြန် ငါ ဆယ်နာရီလောက်မှ အလုပ်လာဖြစ်မယ် … မင်းတို့လည်း အစောကြီး လာစရာ မလိုဘူး … အိမ်မှာ ကောင်းကောင်း အိပ်လိုက်ကြ …”

“ ဟုတ်ကဲ့ …”

ရိုးရှင်းသည့် ညွှန်ကြားချက်များ ပေးပြီးနောက် လူတိုင်း အပြင်သို့ ထွက်ကာ ကားထဲသို့ ဝင်၍ အိမ်သို့ ပြန်လာခဲ့ကြသည်။

ကျိုးဟိုင်၏ ညဉ့်သန်းခေါင်ယံ အချိန်သည် တိတ်ဆိတ်ငြိမ်သက်လှပါသည်။

သူမ၏ ဆွဲဆောင်မှုများ ဆုံးရှုံးသွားသည့် အမျိုးသမီး တစ်ယောက်ကဲ့သို့ ဖြစ်ပြီး ရိုးရှင်းကာ အေးချမ်းလာခဲ့၏။ တစ်ချိန်တည်းတွင် အနည်းငယ်လည်း အသက်ကင်းမဲ့နေပါသည်။

လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် ကားကို အမူအရာကင်းမဲ့စွာ မောင်းနှင်နေလျက် ရှိသည်။

မှိန်ပျပျ လမ်းမီး အလင်းရောင်တို့က သူ၏ မျက်နှာထက်သို့ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး သူ၏ စိတ်ဘဝင်မှာတော့ အမှု ကိစ္စနှင့် စပ်လျဉ်းသည့် အကြောင်းကိစ္စတို့ဖြင့်သာ ပြည့်နှက်နေသည်။

ဤတစ်ကြိမ် လူသတ်သမားက တူကျွမ့်အား သတ်ဖြတ်သွားသည်မှာ သူမက ဤကိစ္စ၏ အမှန်တရား သို့မဟုတ် အနည်းဆုံးတော့ အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကို သိရှိနေသောကြောင့် ဖြစ်ရမည်။

လူသတ်သမားက သူ ဖော်ထုတ်ခံလိုက်ရမှာကို ကြောက်ရွံ့ပြီး ကြိုတင်၍ လက်ဦးမှု ယူခဲ့ဟန်ပင်။

ဤရှုထောင့် အမြင်မှ ကြည့်မည်ဆိုပါက စုန့်ကျယ်နှင့် လျိုဖန်းတို့၏ သံသယ ဝင်စရာ ပုံရိပ်မှာ အများအပြား လျော့ကျသွားခဲ့တော့သည်။ သူတို့နှစ်ယောက်က ရဲ၏ စောင့်ကြည့်လေ့လာမှု အောက်တွင် ရှိနေသဖြင့် လူသတ်မှု ကျူးလွန်ဖို့ရာ မဖြစ်နိုင်ချေ။

တစ်စုံတစ်ယောက်အား လူသတ်ရန် ငှားရမ်းမှုနှင့် စပ်လျဉ်း၍ကတော့ … ထိုအရာကလည်း မဖြစ်နိုင်ဖို့ များ၏။ အဘယ်ကြောင့်ဆိုသော် ထိုမျှ ရက်စက်သည့် နည်းလမ်းအား စီစဉ်ဖို့ မလိုအပ်သောကြောင့်ပင်။

ထို့ပြင် မည်သူကမျှလည်း ထိုသို့ ကြေးစားလူသတ်ပေးသည့် အလုပ်ကို လက်ခံပေးဝံ့လိမ့်မည်လို့ လင်းရီ မထင်‌ချေ။

ပိုက်ဆံက ကောင်းသည့် အရာဆိုပေမယ့် မိမိ ဘဝက ပိုအရေးကြီးပါသည်။

ခေတ္တမျှ တွေးတောကြည့်ပြီးနောက် လင်းရီ စဉ်းစားလို့ မပေါက်နိုင်ချေ။

ယခု သူ့တွင် ရှိသည့် တစ်ခုတည်းသော သဲလွန်စက ထိုကင်မရာများ ဖြစ်၏။ နည်းပညာဌာနရှိ တစ်စုံတစ်ယောက်က IP လိပ်စာကို ခြေရာခံနိုင်ပြီး အမှန်တရား ဖော်ထုတ်ပေးနိုင်ဖို့ သူ မျှော်လင့်မိသည်။

ထိုသို့ဖြင့် ဟိုဟိုဒီဒီများ တွေးတောရင်း ကားမောင်းလာလိုက်ရာ အိမ်သို့ ရောက်မှန်း မသိ ရောက်လို့လာသည်။ အိမ်ရောက်တော့ ကားကို ထိုးရပ်၍ သူ့အခန်းသူ တိတ်တိတ်လေး ပြန်လာခဲ့လိုက်သည်။

သို့သော် သူ အိပ်ပျော်သွားပြီး မိနစ် အနည်းငယ်ခန့်ပဲ ရှိသေးသည်ဟု ခံစားရသေးသည့် အချိန်တွင် တံခါးဝသို့ တံခါးလာခေါက်သည့် အသံကို ကြားလိုက်ရလေသည်။

လင်းရီ အိပ်ယာမှ ဒေါသတကြီး ထ၍ ကျိန်ဆဲလိုက်၏။

“ ဟော်ယွမ်ယွမ် … မင်း အဘွားပဲ …”

“ ကျွန်မ အဘွားဆုံးတာ ကြာပေါ့ …. “ ဟော်ယွမ်ယွမ် တံခါးဝတွင် မတ်တပ်ရပ်နေရင်း ပြောလိုက်ပြီး “ ကျွန်မ ထမင်းကြော် စားချင်တယ် … ထပြီး မြန်မြန်ကြော်ပေး …”

“ မင်း စားဖို့ကို ချက်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး … ငါ အိပ်ချင်တယ် …”

“ အဲ့လိုဆို အမှုကို မကူညီပေးတော့ဘူးနော် …”

“ ငါ အကုန် စုံစမ်းပြီးသွားပြီ … မင်းက အခု အသုံးမဝင်တော့ ကိရိယာ သပ်သပ်ပဲ …”

“ အဲ့လိုလား … ဒါပေမယ့် ဘယ်လိုလုပ်မလဲ … ဒီက တစ်ခုခု ရှာတွေ့ထားပါတယ်ဆိုမှ …….”

“ နေဦး ….”

လင်းရီ အိပ်ရာထဲမှ ချက်ချင်း ပြန်ထလာပြီး တံခါးဖွင့်လိုက်လေရာ အပြင်တွင် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကို တွဲလျက် မြင်တွေ့လိုက်ရ၏။

“ မင်း ဘာတွေ့ထားလို့ …”

“ အရင် ထမင်းကြော်ပေး … ပြီးရင် ပြောပြမယ် …”

ကျီချင်းရန် အောက်ထပ်သို့ ဆင်းသွားရင်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းကာ ရယ်မောလိုက်မိသည်။ သူမ နှစ်ယောက်သား အမြဲတမ်း ယခုလို ပုံစံမျိုး ဖြစ်နေသည်ကို နေသားကျနေချေပြီ။

လင်းရီ၏ လက်ရှိ လယ်ဗယ်ဖြင့် သူ တစ်ညလုံး မအိပ်စက်ထားလျှင်ပင် သူ၏ စိတ်အခြေအနေအား သက်ရောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကြုံရာ အဝတ် ကောက်ဝတ်၍ မီးဖိုချောင်ထဲသို့ သွားလိုက်လေသည်။

ထိုစဉ် ချင်းဟန်နှင့် ကျန်သူများမှာ တခြား ဗီလာထဲ၌ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်ပြီး ထမလာကြသေးချေ။

လင်းရီက အတော်လေး တွေးပေးတတ်သည့်လူတစ်ယောက် ဖြစ်၏။ သူ ထမင်းအများကြီး ကြော်လိုက်ပြီး ၎င်းတို့အတွက်ပါ ဝေစုပါသည်။

“ ပြောတော့ … မင်း ဘာသဲလွန်စတွေ ရှာတွေ့ထားတာ …”

“ တကယ်တမ်းကျတော့ …. ဟိုလို ထွေထူး အရေးကြီးတာမျိုး မဟုတ်ပါဘူး …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ မနေ့က သူတို့ ကုမ္ပဏီရဲ့ စာရွက်စာတမ်းတွေ စစ်ဆေးနေတုန်း စုန့်တဲယွမ်က အဓိက ပရောဂျက် တစ်ခု လုပ်နေတာကို တွေ့တယ် … တကယ်လို့ အချိန်တာ လုံလောက်ရင် သူနဲ့ collaborating လုပ်နေတဲ့ ကုမ္ပဏီကို တခြား သဲလွန်စတွေ ရငြား စုံစမ်း စစ်ဆေးလို့ ရတာပေါ့ …”

“ အဲ့တာပဲလား …”

“ အင်း .. အဲ့တာပဲ …”

“ ငိုးပဲ .. အဲ့တာ ဘယ်လို သဲလွန်စလဲ … ငါသာ စောသိခဲ့ရင် အိပ်ရာကနေတောင် မထဘူး ….”

“ ရှင် တောင်းဆိုတာကြီးက နည်းနည်း မများလွန်းဘူးလား …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပြီးတော့ ဒီနေ့ ကျွန်မရဲ့ အဝတ်အစား အသစ်ကို ပထမဆုံး မြင်ရတဲ့သူက ရှင်နော်… ကျေနပ်သင့်တယ် ….”

ပြောရင်းဖြင့် ဟော်ယွမ်ယွမ်မှာ ထိုင်ခုံမှ ထပြီး ကိုယ်ကိုပင် တစ်ပတ်လည်ကာ ပြလိုက်သေးသည်။ “ ခုမှပဲ အစ်မကျီ ဝယ်လာတဲ့ အင်္ကျီတွေက ကျွန်မလည်း ဝတ်လို့ ရမှန်း သတိထားမိတော့တယ် …. အစ်မကျီပြောတာတော့ ဒီ ဝတ်စုံနဲ့ဆို ကျွန်မက ဆယ်လီနဲ့တောင် တူတယ်ဆိုပဲ .. ရှင်ကော ဘယ်လိုထင်လဲ …”

“ မင်း အခုပုံစံက ဆယ်လီနဲ့ မတူဘူး … ဒါပေမယ့် ငါသိတဲ့ အင်တာနက် အင်ဖလူရန်ဆာ တစ်ယောက်နဲ့တော့ တူတယ် …”

“ တကယ် … ဘယ်သူနဲ့လဲ ….”

“ လျန်ကျစ်ချောင်ရဲ့ အမေ ….”

“ ချီးပဲ …..” ဟော်ယွမ်ယွမ် ကျိန်ဆဲလိုက်ပြီး “ ရှင် လုပ်တာ မဆိုးလို့ ကုမ္ပဏီ အကောင့်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ပိုပြီး ပြောပြမလို့ ဟန်ပြင်တုန်းရှိသေးတာကို ဟီးဟီး … ခုတော့ ဘိုင့်ဘိုင်ပဲ ….”

“ ငါ မင်းကို ဒီ လက်ဖက်ရည်ခွက်နဲ့ မြှောက်ပြီး တို့စ်လုပ်ပေးမယ် …”

“ လာ လာ လာ … ဒီမှာထိုင်ပြီး စကားအေးဆေး ပြောကြတာပေါ့ …”

ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ရှင် မနေ့က ထွက်သွားပြီးတော့ ကျွန်မလည်း ဘာလုပ်စရာမှ မရှိတာနဲ့ သူတို့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်လိုက်တာ ရှော့ခ်ရဖို့ကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုကို ရှာတွေ့ထားတယ်…”

“ ဟမ် … ဆက်ပြော …”

ဟော်ယွမ်ယွမ်သည် လင်းရီအား လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်၍ သူမ၏ အမူအရာမှာ ချောင်ရှင်းနှင့်ပင် ဆင်တူနေသည်။

“ ဒီ သုံးလအတွင်း သူ ကမ်းပါးက ပြုတ်မကျခင်မှာ စုန်တဲယွမ်က သူ သွားတဲ့နေရာတိုင်း နီးပါးမှာ ကင်မတွေ လဲခဲ့တယ် .. ပြီးတော့ ပရောဂျက်ကိုလည်း သူ့ကုမ္ပဏီပဲ လက်ခံဆောင်ရွက်ခဲ့တာ …”

“ ဟင် .. မင်းသေချာလို့လား …”

“ ကျွန်မစကားတွေကို လာပြီးသံသယဝင်နေတာလား … ဒီက နှစ်ခါတောင် စစ်ဆေးထားတာနော် … လုံးဝ စစ်မှန်တယ် …”

ဤ သဲလွန်စက လင်းရီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ အင်မတန် အရေးကြီးသည့် သဲလွန်စဟု ပြော၍ ရ၏။

သို့သော် ယခု သုံးသပ်မှုများ၏ ရလဒ်ကိုတော့ သူ အသင်းနှင့် ဆွေးနွေးဖို့ လိုအပ်နေသေးလေသည်။

သုံးယောက်သား စားသောက်ပြီးနောက် အလုပ်ခွင်သို့ သွားကြ၏။

ဟော်ယွမ်ယွမ်က ကားကို ကောင်းကျုံးယွမ်အတွက် ထားခဲ့ပေးလိုက်ပြီး လင်းရီနှင့် အတူစီးကာ ရုံးသို့ လိုက်ပါလာသည်။

အမျိုးသမီး နှစ်ယောက်ကို ရုံးကိုယ်စီသို့ လိုက်ပို့ပေးပြီးနောက် သူ၏ ရုံးခန်းသို့ ထွက်လာခဲ့လိုက်ရာ ထိုနေရာသို့ ရောက်သည့်အချိန်၌ မနက် ၁၀ နာရီပင် ထိုးနေချေပြီ။ လီရှန်းဟွေ့နှင့် ကျန်သူများကလည်း ရောက်ရှိနေကြပြီး ဖြစ်၏။

“ အမြန်လာ … ငါတို့ မင်းကို စောင့်နေတာ ….” ကျန်းဟွေ့ လက်ယပ်ပြီး လှမ်းခေါ်လိုက်၏။

“ မင်း တကယ်တော်တာပဲကွ လင်းရီ … ငါကြားတာ မင်း မိနစ်ပိုင်းအတွင်း အခန်းတွင်းလူသတ်သမားရဲ့ နည်းလမ်းကို ဖော်ထုတ်လိုက်နိုင်တယ်ဆို …” ကောင်းမင်ကျွင်း ပြောလိုက်၏။

“ အဲ့ဒါတွေ အားလုံးက အစ်ကိုလီ ၊ အစ်ကိုကျန်းနဲ့ အစ်ကိုကောင်းတို့ကို ကျေးဇူးတင်ရမှာပါ …”

ကူရိရန် “ ??? “

ငါက လူမဟုတ်လို့လား …..

All Chapters