← Chapters

သူမအား ကိုယ်တိုင်လာခေါ်ခြင်း

Vol. 112 Ch. 1565

သူမအား ကိုယ်တိုင်လာခေါ်ခြင်း

Vol. 112 Ch. 1565

ကိစ္စများပိုပို၍ဖြစ်လာလေ ပိတ်ပင်ခြင်းများ ပိုများလာလေဖြစ်သည်။ ထင်းများကို သစ်ပင်အဖြစ်မမြင်နိုင်သဖြင့် သူမမျက်လုံးထဲမှအရာများသည် ဝေဝါးနေသည်ဟု ခံစားရသည်။

သူမ သိသည်မှာ နည်းလွန်းသောကြောင့် နောက်ကွယ်မှလူကိုခန့်မှန်း၍ မရပေ။

သူမ သိရန်မဖြစ်နိုင်သေးသဖြင့် စဉ်းစားနေရန်မလိုတော့ပေ။ အနာဂတ် တွင် သတိထားရုံသာရှိတော့သည်။

ဖန်ကျိရှင်းသည် လပြည့်စုံနန်းတော်မှ သူ့လူများကိုခေါ်ကာ ထွက်သွား လေသည်။ ထိုနေရာသည် လှည့်ကွက်တစ်ခုသာဖြစ်သည်ဟု သိသည်နှင့် ချက်ချင်းပင် ပြန်သွားကြသည်။

ရှီမာယူယူသည် ရွှမ်ချုံးမင်လန်နှင့် တခြားသူများကို ဦးဆောင်ခေါ်လာ ကာ ရှီမာကျိယွင်တို့ရှိနေသည့် တည်းခိုဆောင်သို့ သွားရှာလေသည်။ အရင်ဆုံး သင်္ချိုင်းအတွင်းမှအဖြစ်အပျက်များကို ပြောပြပြီး မျိုးနွယ်ဆီသို့ပြန်ခိုင်းလိုက် သည်။ ထို့နောက် သူမသည် ရွှမ်ချုံးမျိုးနွယ်ကိစ္စကို ပြောပြလိုက်သည်။

သူမ ရွှမ်ချုံးမျိုးနွယ်သို့ သွားတော့မည်ဟု ရှီမာမျိုးနွယ်ကြားသိသောအခါ ရှောင်လွဲမရသောကိစ္စဖြစ်သောကြောင့် မအံ့ဩတော့ပေ။ သူတို့သည် သူမကို ဂရုစိုက်ရုံရန်သာ ပြောလိုက်သ်ည။

ရွှမ်ချုံးမင်လန်သည် သူမကို ရွှမ်ချုံးမျိုးနွယ်ဆီသို့ တိုက်ရိုက်ဦးဆောင် မသွားပေ။  သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုအနည်းငယ်နှင့် လေဟာပြင် သင်္ဘာဖြင့် သွားကြရာ ရွှမ်ချန်းဟုခေါ်သည့် မြို့တွင်ခရီးဆုံးလေသည်။

ရှီမာယူယူသည် လေဟာပြင်သင်္ဘာမှဆင်းကာ အသက်ကိုပြင်းပြင်းရှု လိုက်သည်။ သူမသည် ဟန့်မြောင်ရွှမ်နှင့် တခြားသူများကို ပြုံးပြလိုက်သည် “စီနီယာအစ်ကိုနဲ့အစ်မတို့ ဒီမှာ ဝိညာဉ်စွမ်းအင်ထူလွန်းလို့ လေတစ်ချက် လောက်ရှုလိုက်တာနဲ့ စိတ်တွေလန်းဆန်းသွားတယ်လို့မထင်ရဘူးလား”

“မင်းချဲ့ကားသလောက်တော့ ဘယ်ဟုတ်မလဲ” ဟန့်မြောင်ရွှမ်ပြုံးလိုက် သည် “ဒါပေမဲ့ ဒီကဝိညာဉ်စွမ်းအင်က တခြားနေရာနဲ့ယှဉ်ရင်တော့ ပိုထူတယ်”

“သခင်မလေးယူယူ ကျုပ်တာဝန်က သခင်မလေးကို ဒီကိုပို့ပေးဖို့ပါပဲ၊ အိမ်ကိုခေါ်သွားပေးဖို့ သပ်သပ်လူတစ်ယောက်ရှိပါလိမ့်မယ်” ရွှမ်ချုံးမင်လန် သည် ရှီမာယူယူကို ပြောလေသည်။

“ကျွန်မကို ရွှမ်ချုံးမျိုးနွယ်ကို ခေါ်သွားမှာမဟုတ်ဘူးလား”

“ကျုပ်က အပြင်မှာပဲတာဝန်ရှိတဲ့ အကြီးအကဲတစ်ယောက်ပါ၊ ပုံမှန် မျိုးနွယ်ကို သွားလေ့မရှိဘူး ကျုပ်ရထားတဲ့အမိန့်က သခင်မလေးကို ဒီကိုပို့ဖို့ပါ ပဲ” ရွှမ်ချုံးမင်လန်သည် ပြုံးပြီးပြောလိုက်သည်။

သူတို့လိုလျှို့ဝှက်မျိုးနွယ်သည် သာမာန်လူများ ချဉ်းကပ်လို့မရသည့် တည်ရှိမှုဖြစ်ကြောင်းကို ရှီမာယူယူလည်း ခန့်မှန်းမိသည်။ အပြင်ကကိစ္စများကို တာဝန်ယူသည့်သူ သေချာပေါက်ရှိနိုင်သည်။ သည်လိုနှင့် သူမသည် များများ စားစား မတွေးတော့ဘဲ ရွှမ်ချုံးမင်လန် ဦးဆောင်ဝင်သွားသည့် မထင်ရှားသော ခြံဝန်းထဲသို့ ဦးတည်လိုက်ဝင်လိုက်သည်။

ရှီမာယူယူ မေးခွန်းထပ်မမေးတော့သည်ကို ရွှမ်ချုံးမင်လန် မြင်သောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် ခြံဝန်းထဲမှလူများ ကို မြင်သောအခါ သူသည် အံ့ဩသွားကာ အမြန်ပင် ဒူးထောက်လိုက်သည် “သခင်လေးကို တွေ့ဆုံပါတယ်”

ရွှမ်ချုံးဟော်သည် အဖြူရောင်ဝတ်ဆင်ထားကာ သူ့အသားအရေမှာ အမြဲတစေ ဖုံးအုပ်ထားလေ့ရှိသဖြင့် နေရောင်အောက်တွင် တောက်ပခန့်ညား နေသည်။ သူ့ခန္ဓာကိုယ်မှ အလင်းရောင်တစ်မျိုး တောက်ပနေသကဲ့သို့ ရှီမာ ယူယူ ခံစားမိသည်။

သူသည် ရှီမာယူယူကို သဲ့သဲ့ပြုံးပြပြီး ညင်သာစွာပြောလေသည် “ယူယူ နောက်ဆုံးတော့ ရောက်လာပြီပဲ”

“ဟော် ဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူသည် ရွှမ်ချုံးဟော်ရောက်လာ သည့်အတွက် အံ့ဩနေတုန်းပင်။

သူကိုယ်တိုင်ရောက်လာပြီး သူမကိုကြိုလိမ့်မည်ဟု ထင်မထားပေ။

“ငါ အိမ်မှာစောင့်နေရင်းနဲ့ စိုးရိမ်နေပြီး စိတ်မအေးလို့… အဲဒါကြောင့် မင်း ကို ကြိုဖို့လာခဲ့တာ” ရွှမ်ချုံးဟော် ပြုံးလိုက်သည် “မင်း ဒီအထိတစ်လမ်းလုံး အမြန်လာရတာဆိုတော့ ပင်ပန်းနေမှာပဲ၊ အခုတော့ အနားယူလိုက်ပါဦး မနက် ဖြန်မနက်ကို သွားကြမယ်”

အစပိုင်းတွင် ရှီမာယူယူသည် အမြန်ပင်ထွက်သွားချင်သော်လည်း ကျန်းကျူးရှန့်ကိုကုသရဦးမည်နှင့် ဆေးသန့်စင်ပေးရမည်ကို တွေးမိသည်နှင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“မင်းအတွက် အခန်းကိုပြင်ပြီးသွားပြီ” ရွှမ်ချုံးဟော်သည် လက်ဝှေ့ယမ်း လိုက်ရာ အစေခံမိန်းကလေးနှစ်ယောက် လျှောက်လာပြီး ရှီမာယူယူကို ဦးညွှတ်လေသည် “သခင်မလေးယူယူ ကျွန်မတို့နဲ့ လိုက်ခဲ့ပေးပါ”

ခြံဝန်းသည် သေးငယ်ပြီး ရိုးရှင်းသည်။ ထို့ကြောင့်ပင် အခန်းအများ အပြား မရှိပေ။ အခန်းတည်ဆောက်ပုံမှာ အလွန်ထူးခြားသည်ကို ရှီမာယူယူ မြင်နေရသည်။ အခန်းသည် ဆရာ၏ အခန်းနှင့်လွန်စွာ တူသဖြင့် သာမာန်ကာ လျှံကာပင် မေးလိုက်သည် “ဒါဘယ်သူ့ခြံဝန်းလဲ”

“သခင်လေးရဲ့ အိမ်ကဘေးမှာပါ၊ သခင်လေးက သခင်မလေးကို စောင့် နေတာ ရက်ပိုင်းလောက်ရှိပြီ” အစေခံမိန်းကလေးတစ်ယောက်သည် ရှက်ရွံ့စွာ ဖြင့် ပြန်ဖြေလေသည်။

သခင်လေးသည် ကျက်သရေရှိကာ တင့်တယ်ပြေပြစ်သည်ဟု သူမ အမြဲတစေကြားဖူးခဲ့သည်။ အခု သူ့ကိုတွေ့လိုက်ချိန်မှပင် ထို‌ဖော်ပြချက် အားလုံးသည် သူတို့သခင်လေး၏ မူလအလှတရားကို အပြည့်အဝမဖော်ပြနိုင် သည်ကို သိလိုက်ရသည်။

သူ မမြင်ရသဖြင့် နေရာတိုင်းကို ဘီးတပ်ကုလားထိုင်ဖြင့် သွားနေရသည် မှာတော့ နှမြောဖွယ်ကောင်းလှသည်။

“ကျွန်မစီနီယာတွေလည်း ဒီမှာနေကြမှာလား” ရှီမာယူယူ မေးလိုက် သည်။

“ဒီနေရာမှာ အခန်းနှစ်ခန်းပဲရှိပါတယ် သခင်မလေးယူယူရဲ့ စီနီယာတွေ ကို ဒီနားက ခြံဝန်းမှာစီစဉ်ထားပါတယ်”

ရှီမာယူယူသည် မျက်မှောင်ကို အသာအယာကြုတ်လိုက်သည်။ သူမ ကန့်ကွက်တော့မည့်အချိန်တွင် ဘီးတပ်ကုလားထိုင်အသံကို ကြားလိုက်ရလေ သည်။

“ညဘက်ကို ငါ့ကိုလာကြည့်စေချင်လို့ပါ ဒီနေရာက ပိုပြီးအဆင်ပြေလိမ့် မယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

ရှီမာယူယူ ရွှမ်ချုံးဟော်၏ ဘေးသို့လျှောက်သွားပြီးပြောလိုက်သည် “ရှင့်ခန္ဓာကိုယ်ကို စမ်းသပ်စေချင်ရုံပဲဆိုရင် ကျွန်မအတွက် အခန်းပြင်ပေးဖို့မလို ပါဘူး၊ ကျွန်မစီနီယာအစ်ကိုကို အပ်စိုက်ပြီးမှ ရှင့်ကိုလာရှာပါမယ်”

ရွှမ်ချုံးဟော်သည် သူမကို ‘စိုက်ကြည့်’ ကာ ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီလေ မင်းကိုအခန်းထဲမှာစောင့်နေမယ်”

သူသည် ဘီးတပ်ကုလားထိုင်ကိုလှည့်လိုက်ရာ ရှီမာယူယူသည် သူ့အနောက်သို့လျှောက်ကာ အခန်းထဲသို့တွန်းပို့ပေးလိုက်သည်။

“ကျေးဇူးပဲ” ရွှမ်ချုံးဟော်သည် ဘီးကိုလွှတ်ပြီး အသာအယာခေါင်းညိတ် လေသည်။

ရွှမ်ချုံးဟော်ကို အခန်းဆီသို့ပို့ပြီးနောက်တွင် ရှီမာယူယူသည် ကျန်းကျူးရှန့်ဆီသို့သွားကာ စမ်းသပ်ပေးပြီး အပ်စိုက်ပြီးသည်နှင့် ဆေးကျွေး လိုက်သည်။ အားလုံးပြီးသွားချိန်တွင် မှောင်နေပြီဖြစ်သည်။

သူမ ပင်မအိမ်တော်သို့ရောက်သည့်အချိန်တွင် ရွှမ်ချုံးဟော်၏ အခန်းမီး သည် ပွင့်နေဆဲဖြစ်သည်။ သူမ တံခါးခေါက်လိုက်ရာ ရွှမ်ချုံးဟော် ပြန်ထူးသံ ထွက်လာသည်။

အထဲမှ အစေခံမိန်းကလေးသည် တံခါးဖွင့်ပြီး ရှီမာယူယူကို အရိုအသေ ပေးပြီး ပြောလေသည် “သခင်မလေးယူယူကို ဒုက္ခပေးရတော့မယ်”

ရှီမာယူယူ သူမကိုခေါင်းညိတ်ပြရာ ထိုမိန်းကလေးသည် မတ်တတ်ရပ် ကာ ထွက်သွားလေသည်။

ရွှမ်ချုံးဟော်သည် ထိတွေ့ရသော ပျဉ်ချပ်ထုတ်ကာ စာဖတ်နေသည်။ သူသည် ရှီမာယူယူ ဝင်လာသည်ကို အာရုံခံမိသဖြင့် ပျဉ်ချပ်ကိုချကာ ဝမ်းနည်း သည့်အသံဖြင့်ပြောလေသည် “အရင်တုန်းက ငါစာဖတ်ချင်ရင် ဒီလိုမျိုးစာဖတ် ပျဉ်ချပ်နဲ့ပဲ ဖတ်လို့ရတယ်၊ တကယ့်စာအုပ်ဆိုတာကို ငါမမြင်ဖူးဘူး၊ ငါ့ဘဝမှာ တကယ့်စာအုပ်အစစ်ကိုဖတ်ဖို့ အခွင့်အရေးရှိပါ့မလားမသိဘူး”

ရှီမာယူယူ လျှောက်သွားပြီး အပြုံးဖြင့်ပြောလိုက်သည် “သေချာပေါက် ဖတ်နိုင်မှာပါ၊ ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ ကျွန်မမလုပ်နိုင်ရင်တောင် တစ်ယောက်ယောက်ကတော့ လုပ်နိုင်မှာဆိုတာကို ရှင်ယုံထားရမယ်”

“ငါ မင်းကိုယုံပါတယ် မင်းမလုပ်နိုင်ရင် ဘယ်သူမှလုပ်နိုင်မှာမဟုတ်ဘူး” ရွှမ်ချုံးဟော်သည် သဲ့သဲ့ပြုံးလိုက်သ်ည။

“ရှင် ကျွန်မကိုဒီလောက်တောင် ယုံတယ်” ရှီမာယူယူ ပြုံးလိုက်သည် “ရှင့် ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်ကြည့်ဦးမယ်”

“ဟုတ်ပြီ” ရွှမ်ချုံးဟော်သည် လက်ဆန့်ထုတ်ပြီး ရှီမာယူယူကို သွေးခုန် နှုန်းစမ်းသပ်ခိုင်းလိုက်သည်။

ရှီမာယူယူသည် သူ့အခြေအနေကို စမ်းသပ်ပြီးနောက် အလွန်ထိတ်လန့် သွားသည်။

“ဘယ်လိုလဲ မျှော်လင့်ချက်ရှိသေးလား” ရွှမ်ချုံးဟော်သည် ညင်သာစွာ ပြုံးပြီးမေးလေသည်။

ရှီမာယူယူသည် လက်ပြန်ရုတ်ပြီး ရိုးသားစွာပင် ပြောလိုက်သည် “ဒီလောက်နှစ်တွေ အများကြီးကြာသွားတာတောင် အောင်မြင်ဖို့ ရာနှုန်းပြည့် မရှိသေးဘူး”

ရွှမ်ချုံးဟော် ထိုစကားကိုကြားသောအခါ စိတ်မပျက်ပေ။ အစက သူမ တွင် အောင်မြင်မှုရာခိုင်နှုန်း တစ်ဝက်သာရှိသည်။ သို့သော် ထိုငါးနှစ်အတွင်း တွင် မည်မျှတိုးတက်လာခဲ့သည်ကို သူ မသိပေ။

“အရင်ကထက်တော့ မနည်းဘူးပေါ့” သူ့အပြုံးသည် ချီတုံချတုံမဖြစ်ပေ။

“အောင်မြင်မှုကတော့ ၈၀ ရာခိုင်နှုန်းရှိတယ်၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက တော့ ရှင့်ခန္ဓာကိုယ်ထဲက အဲပစ္စည်းအပေါ်မှာမူတည်တယ်”

ရွှမ်ချုံးဟော် မှင်တက်သွားသည်။ ငါးနှစ်ပဲရှိသေးတာကို သူမရဲ့ အောင်မြင်မှုနှုန်းက ၃၀ ရာခိုင်နှုန်းထက်တက်သွားတာလား။

“ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက ငါ့ခန္ဓာကိုယ်ထဲက ပစ္စည်းအပေါ်မှာမူတည် တယ်လို့ ဘာလို့ပြောတာလဲ”

“အဲဒါနဲ့ တစ်ခါမှ မထိတွေ့ဖူးဘူးလေ အဲအကြောင်းကို မသိသေးဘူး၊ အဲဒါက အရမ်းအားကောင်းနေရင် ကုသမှုမှာ သက်ရောက်သွားလိမ့်မယ် ပြီးတော့ ကုသမှုက အဲဒါကိုဖိနှိပ်ထားရုံပဲရှိမယ်”

ရှီမာယူယူ မပြောလိုက်သည်မှာ သူ့ခန္ဓာကိုယ်အတွင်းက အရာသည် သူမ ချိပ်နှင့် အလွန်တူသည်ဟု ခံစားမိခြင်းကိုဖြစ်သည်။

“ဒါဆိုရင် ကျန်တဲ့ရက်တွေမှာတော့ မင်းကိုပဲ မှီခိုရတော့မှာပဲ” နောက် ဆုံးတော့ ရွှမ်ချုံးဟော်၏ အပြုံးသည် ပေါ့ပါးခြင်းမရှိတော့ပေ။ သူ့ခန္ဓာကိုယ်မှ ရောင်ဝါသည် လျော့သွားသည်ဟု ရှီမာယူယူခံစားမိသည်။

“အဲဒါကတော့…” ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို စိုက်ကြည့်လိုက် သည်။ သူမ နှုတ်ခမ်းလှုပ်လိုက်သော်လည်း မမေးရန်ဆုံးဖြတ်လိုက်သည်။

ရွှမ်ချုံးဟော်သည် သူမအတွေးကို သိသည်။ “အံ့ဖွယ်ဆေးကို ရတနာ အဆောင်မှာ သိမ်းထားပြီးပြီ၊ ငါ မျိုးနွယ်ခေါင်းဆောင်နဲ့ ဆွေးနွေးပြီးသွားပြီ မင်းသွားလိုက်တာနဲ့ သူ အံ့ဖွယ်ဆေးပေးလိမ့်မယ်”

***

All Chapters