← Chapters

တစ်ဆို့နေသည့် အခြေအနေ

Vol. 115 Ch. 1713

တစ်ဆို့နေသည့် အခြေအနေ

Vol. 115 Ch. 1713

“ ကောင်းပြီ … အရင် မီတင် စလိုက်ကြစို့ …”

လီရှန်းဟွေ့သည် ဝှိုက်ဘုတ် အသေးစားလေးထံသို့ လျှောက်သွားပြီး အရေးပါသည့် သဲလွန်စတစ်ချို့ကို ၎င်းအပေါ်တွင် ရေးလိုက်သည်။

“ ဒါငါ ပြုစုထားတာပဲ … မင်းတို့မှာ ပြောစရာရှိရင် ထပ်ပေါင်းထည့်လို့ရတယ် ….”

“ အခု .. တူကျွမ့်က ကျွန်မတို့ကို အများကြီး ဖုံးကွယ်ထားတယ်ဆိုတာ သေချာသွားပြီ … သူ သိထားတဲ့ အရာတွေက လူသတ်သမားနဲ့ ဆက်နွယ်နေဖို့ များတယ်…” ကူရိရန် ပြောလိုက်သည်။

“ ကျုပ်တို့ အခု စုန့်တဲယွမ်က အရင်သုံးလမှာ တူကျွမ့်နဲ့ မကြာခဏ ထိတွေ့ဆက်ဆံနေတာကို အတည်ပြုနိုင်ခဲ့ပြီ … ပြီးတော့ သူတို့ သွားလည်ခဲ့တဲ့ နေရာတွေကလည်း တောင်တန်းဒေသဘက်တွေချည်းပဲ … သူက စုန့်တဲယွမ်ကို မျှားထုတ်ချင်နေတယ်ဆိုတာလည်း သေချာသွားပြီ ….”

“ အဲ့တာအပြင်ကို ကျုပ် နောက်တစ်ခုလည်း ထပ်တွေ့ထားသေးတယ် … စုန့်တဲယွမ် သွားခဲ့တဲ့ နေရာတိုင်းက အရင် သူ့ကုမ္ပဏီ ပရောဂျက် လုပ်ခဲ့တဲ့ နေရာတွေချည်းပဲ … ကင်မရာ လဲလှယ်မှု ပရောဂျက် အပါအဝင်ပေါ့ ….” လင်းရီ ပြောလိုက်၏။ “ ဒါကြောင့်မို့ လူသတ်သမားရဲ့ ကြံစည်အားထုတ်မှုတိုင်းက အသေးစိတ် စီစဉ်ထားတာတွေချည်းပဲ .. သူတို့ ကြိုးပမ်းနေတာ ဒီတစ်ခေါက်တည်း မဟုတ်ဘူး … ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အောင်မြင်သွားခဲ့တာပေါ့ ….”

ပြောပြီးနောက် လင်းရီ ခေတ္တ ရပ်တန့်လိုက်ကာ

“ ဒါပေမယ့် တူကျွမ့်က လူသတ်သမားတော့ မဟုတ်ဘူး … ဒါကြောင့်မို့ သူတို့နှစ်ယောက် ခရီးအတူထွက်တဲ့ချိန် တတိယ လူတစ်ယောက် ရှိနေဖို့ ဖြစ်နိုင်ချေများတယ် ..”

“ ကျုပ်တို့ ရှေ့မှာ ရှိနေတဲ့ သက်သေအချက်အလက်တွေ အတိုင်းဆိုရင် စုန့်ကျယ်နဲ့ လျိုဖန်းတို့က သံသယ တရားခံ ဖြစ်ဖို့ ပိုတောင် နည်းသွားပြီ…” ကျန်းဟွေ့ ပြောလိုက်ပြီး “ ကျုပ်တော့ သူတို့ တူကျွမ့်နဲ့ ထိတွေ့ဆက်သွယ်မှုတွေ ရှိမယ် မထင်ဘူး ….”

“ အချိန်တစ်ခုလောက် အထိတော့ ဒီလိုပဲ ဖြစ်မယ်… ဒါပေမယ့် အချိန်တစ်ခုလောက်အထိတော့ သူတို့ အနောက်ကနေ နောက်ယောင်ခံလိုက်တာကို လက်မလျှော့လိုက်သေးနဲ့ဦး … ဘာအမှားမှ မလုပ်မိအောင် ကြိုးစားကြ ….” လီရှန်းဟွေ့ ပြောလိုက်သည်။

“ ဟုတ်ကဲ့ … ကျုပ် သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါ့မယ်….”

ထောက် …

ကောင်းမင်ကျွင်း စီးကရက် တစ်လိပ်ကို သာမန်လျှံကာ မီးညှိလိုက်ပြီး မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်သည်။

“ ငါတို့မှာ အခုကျန်တော့တာဆိုလို့ အဲ့ဒီ ကင်မရာတွေပဲ … အိုင်ပီ လိပ်စာကိုသာ ခြေရာခံနိုင်ရင် လူသတ်သမားကို ရှာတွေ့ဖို့က မခဲယဉ်းတော့ဘူး …”

လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။ ဤသည်က ယခု သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ဝင်ရောက်လာသည်။

“ အရာရှိလီ … နည်းပညာ ဌာနက အစီရင်ခံစာ ပေးပို့လာတယ် … အကုန် ဒီထဲမှာပဲ …”

“ ကောင်းပြီ…. ကျေးဇူး ….”

သူမကို ကျေးဇူးတင်ပြီးနောက် လီရှန်းဟွေ့သည် အစီရင်ခံစာအား ယူ၍ အလျင်အမြန် ဖွင့်ကြည့်လိုက်၏။ သို့သော် ရေးသားထားသည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူ၏ အမူအရာမှာ ချက်ချင်း အကျည်းတန်သွားခဲ့လေသည်။

“ ဘာဖြစ်လို့လဲ …”

“ အိုင်ပီ လိပ်စာ ပြနေတာက စုန့်တဲယွမ်ရဲ့ ကုမ္ပဏီကို … “

“ သူ့ ကုမ္ပဏီ …”

ထိုသတင်းကို ကြားတော့ ကျန်သူများလည်း အမူအရာ ပြောင်းကုန်သည်။

အကယ်၍ ထိုသို့ ဖြစ်မည်ဆိုပါက တူကျွမ့်ကို ထောက်လှမ်းနေသည့် လူမှာ စုန့်တဲယွမ်ဖြစ်ပြီး လူသတ်သမားနှင့် ဘာမျှ မသက်ဆိုင်တော့ချေ။

“ အဲ့တာက နားလည်ပေးလို့ရပါတယ် …” လင်းရီ ပြောလိုက်ပြီး “ တူကျွမ့် သူ့နောက်ကွယ်မှာ ဖောက်ပြန်တာကို ကာကွယ်လို့ရအောင် သူ့အိမ်ထဲမှာ လုံခြုံရေး ကင်မရာတွေ တိတ်တိတ်လေး တပ်ထားတယ်လေ… ဒါ ယုတ္တိရှိပါတယ်…”

“ ဒီ အဘိုးကြီးက ဒီလောက်ထိ စက်ဆုပ်ဖို့ ကောင်းမယ် မထင်ထားဘူး … သူ့ ချစ်သူ အပေါ်တော့ တော်တော် အာရုံစိုက်သားပဲ .. အချစ်စစ်လိုတောင် ပြုမူနေလိုက်သေးတယ် …” ကောင်းမင်ကျွင်း ပြောလိုက်သည်။

“ ဒါပေမယ့် ဒီလိုဆိုရင် အခု လမ်းကြောင်းကလည်း အဆုံးသတ်သွားပြီ …”

လီရှန်းဟွေ့၏ စကားက လူတိုင်းအား တိတ်ဆိတ် သွားစေခဲ့သည်။

သူတို့ ဆက်ပြီး စုံစမ်းချင်လျှင်ပင် ဘာမှ ရှာတွေ့နိုင်မည် မဟုတ်ပေ.

“ ရှောင်ကောင်း … ရှောင်ကျန်း … စုန့်ကျယ်နဲ့ လျိုဖန်းကို မင်းတို့ ဆက်ပြီး စုံစမ်းကြ … တခြား အသုံးဝင်နိုင်မယ့် သတင်းအချက်လေး သိရမရပေါ့….” လီရှန်းဟွေ့ ပြောလိုက်သည်။

“ ဟုတ်ကဲ့ ….”

“ လင်းရီနဲ့ ကူလေး .. မင်းတို့နှစ်ယောက်က တူကျွမ့် အနားတစ်ဝိုက်က လူတွေကို စုံစမ်းကြည့် … ဆွေမျိုး၊ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေပါ မချန်နဲ့ …”

“ နားလည်ပါပြီ…”

လင်းရီ တုံ့ပြန်လိုက်ပြီး “ အစ်ကိုလီ .. ကျုပ် သူတို့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို စစ်ဆေးနေတုန်း စုန့်တဲယွမ်ရဲ့ ကုမ္ပဏီက ရှန်ခဲ့လို့ ခေါ်တဲ့ ကုမ္ပဏီနဲ့ ပရောဂျက် တစ်ခု အတူလုပ်နေတယ် .. တကယ်လို့ ဖြစ်နိုင်မယ်ဆို ကျုပ် ဒီကုမ္ပဏီကိုပါ စုံစမ်းကြည့်ချင်တယ် ….”

“ ကောင်းပြီ .. ငါ လုပ်လိုက်မယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ တာဝန်တွေလည်း ခွဲပေးပြီးပြီ .. အားလုံး ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့ … သဲလွန်စတွေကို မြန်နိုင်သမျှ မြန်မြန် ရှာနိုင်အောင် လုပ် …”

“ ဟုတ်ကဲ့ ….”

လူတိုင်း ရုံးခန်းထဲမှ သမ်းဝေရင်း ထွက်လာခဲ့ကြ၏။ ရှေ့ရက်များက ကောင်းစွာ အနားမယူခဲ့ရသည်မှာ သိသာပေသည်။

လင်းရီက တောင့်ခံနိုင်သော်လည်း ကျန်သူများက မရချေ။ သူတို့အားလုံး စုံစမ်း စစ်ဆေးမှု မပြုမီ တစ်နေရာရှာ၍ အိပ်စက်ရန် ဟန်ပြင်နေကြ၏။

“ လင်းကော ….”

လင်းရီ ထွက်လာတော့ ကျန်းဖန့်၊ ကျန်းဇီရှင်းတို့နှင့် ပက်ပင်းတိုးမိသည်။

“ ဒါ အပြင်ထွက်ကြတော့မယ်ပေါ့ …”

နှစ်ယောက်သားက သပ်ရပ်လှပစွာ ဝတ်ဆင်ထားသည်အား မြင်တော့ လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်၏။

“ အဲ့နေ့တုန်းက Tesla ရဲ့ အမှုကို မှတ်မိသေးလား … အခု third party ဘက်က စစ်ဆေးမှု ရလဒ်ထွက်လာပြီ .. သူတို့ပြောတာ ကား ဘရိတ် စစ်စတမ်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးတဲ့ … ပိုင်ရှင်ကိုက အမောင်းမတတ်လို့ ဖြစ်တာ ပြောတယ်…”

“ ပြဿနာ မရှိဘူး ဟုတ်လား … သူတို့ ဘယ်မှာ သွားစစ်ဆေးတာ …”

ထို အမှုဖြစ်သည့် နေ့တုန်းက သူကိုယ်တိုင် စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ကားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်က ကျိန်းသေသည်။ ယခု ရလဒ်နှင့် ပတ်သက်ပြီး တစ်ခုခုတော့ မူမမှန်ချေ။

“ တရားဝင် အရည်အသွေး စုံစမ်း စစ်ဆေးရေး ဌာနက အစီရင်ခံစာ ထွက်လာတာပဲ … အမျိုးသမီး ကားပိုင်ရှင်က ဒီရလဒ်ကို ဆန့်ကျင်တယ်လေ… ဒါကြောင့်မို့ ထပ်ပြီး ရဲခေါ်လိုက်တာ ….”

“ ဒီကောင်တွေ အဲ့ အမျိုးသမီးကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ အသိသာကြီးပဲ …”

“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ … ဘာပဲဆိုဆို တရားဝင် စစ်ဆေးမှု ရလဒ်က ထွက်လာပြီလေ … အဲ့ဒီ အမျိုးသမီးကြောင့်လည်း ဖြစ်ရင် ဖြစ်မှာပေါ့ …”ကျန်းဖန့် ပြောပြီးနောက် ခေတ္တ တွေးတောကာ “ လိမ်ရိုက်ချင်နေတာလားမှ မသိပဲ… အဲ့လို ဖြစ်တယ်ဆိုပြီး Tesla ကို တရားစွဲ ပိုက်ဆံတောင်းမလို့ နေမှာပေါ့ ….”

လင်းရီသည် ကျန်းဖန့်၏ ပခုံးအား ပုတ်၍ လေးလေးနက်နက် ပြောလိုက်၏။

“ ကမ္ဘာကြီးက မင်းထင်သလောက်လည်း ဆိုးရွားမနေသလို မင်း ထင်သလောက်လည်း ကောင်းမနေဘူး …”

လင်းရီ၏ စကားလုံးတို့က သူတို့ နှစ်ဦးလုံးကို လှုပ်နှိုးသွားစေသည်။

“ လင်းကော … မင်း သဘောက …… “

“ မင်း နားလည်ရင် ပြီးတာပဲ … အသံထွက် ပြောနေစရာ မလိုဘူး ….” လင်းရီ ပြောလိုက်ပြီး “ သွားစို့ … ငါလည်း ဘာမှလုပ်စရာ မရှိဘူး … မင်းတို့နဲ့ တစ်ချက် လိုက်ကြည့်မယ်….”

အရင် နေ့ရက်များတွင် စုန့်တဲယွမ်၏ အမှုကို တစ်ချိန်လုံး ကိုင်တွယ်နေပြီးသည့်နောက် လင်းရီသည် သူ့စိတ်ထဲမှ ထုတ်ရန် အချိန်ကျပြီဟု ခံစားလိုက်ရ၏။

“ အဲ့လိုဆို ကောင်းတယ် … လင်းကော ရှိနေမှတော့ ဘာပြဿနာပဲ လာလာ ကြောက်ဖို့ မလိုတော့ဘူး … မဟုတ်ရင် ဟိုက ငါတို့ကို ပြန်ပြီး ရန်တွေ့ရင် တွေ့နေလောက်တယ်…”

“ သွားပြီး တစ်ချက်ကြည့်ကြစို့ ….”

သုံးယောက်သား ကားထဲသို့ ဝင်၍ Tesla 4S ဆိုင်သို့ ထွက်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ကြီးမားသည့် လူအုပ်ကြီး တစ်ခုက 4S စတိုးဆိုင် ဝင်ပေါက်ဝတွင် ဝိုင်းအုံနေလျက် ရှိသည်။

ကြည့်ရှုသူများအပြင် သူတို့၏ အခွင့်အရေးကို လာရောက် ကာကွယ်သည့် ကားပိုင်ရှင် တစ်ချို့လည်း ရှိ၏။ မြင်ကွင်းက ယခင်တစ်ခေါက်ကထက်ပင် ပိုပြီး ပြင်းထန်နေသေးသည်။

သို့သော် 4s စတိုးဆိုင်၏ တာဝန်ခံ လီတုံလင်းကတော့ ပေါ်လို့ မလာချေ။ ထိုအစား ဆိုင်ထဲရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး မာ့ခ်နှင့် စကားပြောနေလျက် ရှိ၏။

အပြင်ဘက်ရှိ ကိစ္စများကိုတော့ ဆိုင်ရှိ အခြားသူများနှင့် လွှဲထားပေးလိုက်သည်။

“ ဒီလူတွေက တော်တော် တရားလွန်တယ် … ကိုယ့်နေရာကိုယ် မသိကြဘူး … ငါနဲ့တောင် လာပြီး ရန်ဖြစ်ချင်နေလိုက်သေး …”

“ ဒါရိုက်တာလီ .. ငါတော့ တကယ် လေးစားမိတယ်…” မာ့ခ် ပြောလိုက်ပြီး “ မင်းသာ မရှိရင် ငါတို့တော့ ပြဿနာ အကြီးကြီး တက်ပြီပဲ …”

လီတုံလင်းသည် ကော်ဖီပူပူအား နွေးအောင် မှုတ်၍ “ ရဲတွေလာတယ် … သူတို့ စစ်ချင်တယ် … ပေးစစ်လိုက်တယ် .. အဲ့ဒါ ငါ့ယုံကြည်မှုပဲ … အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနက လူတွေနဲ့ ပခုံးဖက်ပေါင်းလာတာ နှစ်ပေါင်းမနည်းတော့ဘူး … ငါ လုပ်ဖို့ လိုတာဆိုလို့ စကားလေး တစ်ခွန်း ပြောလိုက်ရုံပဲ … “

မာ့ခ် သူ့အား လက်မထောင်ပြလိုက်၏။ လီတုံလင်းကို သူ အတော်လေး အထင်ကြီး လေးစားနေမိသည်။

ထိုအခိုက်အတန့်တွင် ဆိုင်ရှိ လုံခြုံရေး အစောင့်မှ ပြေးလာပြီး “ ဥက္ကဌလီ .. အပြင်မှာ ရောက်နေတဲ့ လူတွေက ကျေနပ်ဖို့ ဆန္ဒမရှိကြဘူး … သူတို့ ပြောတာ အရည်အသွေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ထုတ်ပြန်လာတဲ့ ရလဒ်ကို လက်မခံနိုင်ဘူးဆိုပြီး အပြင်မှာ အော်ဟစ်နေကြတယ် …”

“ ဘယ်လောက် စိတ်ရှုပ်ဖို့ ကောင်းထားလဲ … ယင်ကောင်တွေ ကျနေတာပဲ … ဒီကောင်တွေက အသားမနာရင် နာရကောင်းမှန်း မသိတဲ့ကောင်တွေပဲ …”

လီတုံလင်းသည် သူ၏ ကော်ဖီခွက်အား စားပွဲသို့ချကာ မတ်တပ်ထရပ်လိုက်သည်။

“ ငါ ထွက်ပြီး တစ်ချက်ကြည့်ဦးမယ်… ငါ သူတို့ကို မကိုင်တွယ်နိုင်ဘူးဆိုတာ မယုံဘူး …”

ထို့နောက် လီတုံလင်းနှင့် မာ့ခ်တို့ အပြင် ထွက်လာခဲ့ကြသည်။

နှစ်ယောက် အပြင်ထွက်လာသည်ကို မြင်တော့ သူတို့၏ အခွင့်အရေးကို ကာကွယ်ရန် ရောက်လာကြသည့် လူများနှင့် ပွဲလာကြည့်ကြသူများမှာ သူတို့နှစ်ယောက်အား ဝိုင်းရံလိုက်ကြလေသည်။ သို့သော် ဆိုင်ရှိ လုံခြုံရေးအစောင့်များ၏ တားဆီးပိတ်ပင်မှုကြောင့် အရာမထင်လိုက်ပေ။

“ မင်းတို့ကောင်တွေ မပြီးနိုင်ကြသေးဘူးလား … ရလဒ်က ထွက်လာနေပြီ… ကားကို ကောင်းကောင်း မကိုင်တွယ်ကြတဲ့ မင်းတို့ရဲ့ အမှားပဲ … ဒါတောင် မကျေနပ်ဘဲ ငါတို့ကို လာပြီး ပိုက်ဆံ လိမ်ချင်နေသေးတယ် ဟုတ်လား … ငါ မင်းတို့ကို ခုချက်ချင်း တရားစွဲပစ်လိုက်မယ်ဆိုတာ ယုံလားကွ …. ဟမ် …”

All Chapters