ငါတော့ ဒီကားနဲ့ ပတ်သက်ကြီး တစ်ခုခု မှားယွင်းနေတယ်လို့ ထင်တယ်
Vol. 115 Ch. 1714
“ ဒီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာ ကျိန်းသေရမယ် … နင်တို့ လီဆယ်ထားတာ .. ငါတို့ လက်မခံနိုင်ဘူး …” လှပသည့် အမျိုးသမီးက ရှေ့ဆုံးကနေ အော်ဟစ်လိုက်၏။
“ မင်း ရူးနေတာလား … ဒါ တရားဝင် ထုတ်ပြန်ခဲ့တာကွ … ငါတို့က ဘယ်လို လီဆယ်နိုင်မှာ …” “ ပြီးတော့ ပြောလိုက်ဦးမယ် … မင်းတို့ ဒီကနေ သုံးမိနစ် အတွင်း ထွက်သွားရင် ထွက်သွား … မသွားရင် မယဉ်ကျေးဘူးဆိုပြီး အပြစ်လာမတင်နဲ့ ….”
“ ငါတို့ကို ခြိမ်းခြောက်နေတာ တော်လိုက်တော့ … ကြောက်လိမ့်မယ်များ ထင်နေလား …”
လှပသည့် အမျိုးသမီးမှာ ခါးတွင် လက်ထောက်လျက် လီတုံလင်းအား ပက်ကော့ကလန် ပြန်ပြောလိုက်သည်။
“ ဒီခု ရှိနေကြတဲ့လူတွေ အကုန်လုံးက Tesla ကား ပိုင်ရှင်တွေချည်းပဲ … ငါတို့ စပြီး စီးကတည်းက ကားမှာ ပြဿနာတွေ အများကြီး ရှိနေတယ် … ဒီနေ့ ငါတို့ရဲ့ အခွင့်အရေးကို ငါတို့ ကာကွယ်ဖို့ အားလုံး ရောက်လာကြတယ် … နင်တို့ဘက်က ဖြေရှင်းချက် မပေးဘူးဆိုရင် ငါတို့ ဒီနေ့ ထွက်မသွားပေးနိုင်ဘူး ….”
“ ငါပြောလိုက်မယ် … မင်းက မိန်းမမို့ ငါ မင်းနဲ့ တုပြီး ရန်မဖြစ်ချင်ဘူး … ငါ့ကို ဒေါသထွက်လာအောင် လာမဆွနဲ့ …” လီတုံလင်းသည် လှပသည့် အမျိုးသမီးအား လက်ညိုးထိုး ပြောလိုက်ပြီး “ နောက် ထပ်ပြီးပြောလိုက်မယ် … မင်းတို့ သုံးမိနစ် အတွင်း ထွက်မသွားဘူးဆိုရင် လူ အင်အားနဲ့ နှင်ထုတ်တော့မှာ … ပြီးတော့ မင်းတို့ အခု လုပ်နေတာက ပြဿနာ ရှာတာပဲ … ဂရုစိုက် … မဟုတ်ရင် ဘာဖြစ်သွားမလဲဆိုတာ သိအောင် လုပ်ပေးလိုက်မယ် …”
“ ငါတို့ကို တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အသုံးမဝင်ဘူး … ငါတို့ ရဲခေါ်ထားပြီးပြီ … သူတို့ ခဏနေ ရောက်လာတော့မှာ … ငါတို့ ဒီနေ့ ဖြေရှင်းချက် တစ်ခု ရမယ်ဆိုတာ သေချာတယ် ….”
“ မင်းတို့ ကြိုက်တဲ့ကောင် ခေါ်လာခဲ့လိုက် .. အသုံးမဝင်ဘူး … ငါတို့မှာ တရားဝင် အရည်အသွေး ထောက်ခံချက် စာစောင် ရှိထားပြီးသား … ငါတို့ စက်ပစ္စည်းတွေမှာ ဘာ အရည်အသွေးပြဿနာမှ မရှိဘူး … ပြဿနာရဲ့ အရင်းအမြစ်က မင်းတို့ကြောင့်ပဲ … ဒီလာပြီး ပြဿနာ လာရှာမနေနဲ့ ….”
“ ငါတို့ ဒီကားကို ယွမ် ကိုးသိန်း တစ်ခါတည်း အပြည့်ပေးပြီး ဝယ်ခဲ့ရတယ် .. အဲ့တာကို နင်တို့ ပိုက်ဆံ လိမ်ချင်နေတယ် ဟုတ်လား … နင် ရူးနေတာလား ….”
“ မင်းတို့ ဘာတွေ တွေးနေလဲ ဘယ်သူက သိမှာမို့လို့ …”
လီတုံလင်း၏ သဘောထား အပြုအမူမှာ မည်သို့မျှ ယိုင်လဲသွားခြင်း မရှိချေ။ သူ့ဘက်က တစ်ထစ်လေးမှ လျှော့မလာပေ။
“ ငါ ပြောချင်တာတွေ ပြောပြီးပြီ … မင်းတို့ကိစ္စနဲ့ မင်းတို့ပဲ … အချိန်ကျလို့ အရေးယူတဲ့အခါကျမှ လူကို မယဉ်ကျေးဘူး လာမပြောနဲ့ …”
တီ တီ …..
သူတို့တွေ ငြင်းခုန်နေစဉ် ရဲကားတစ်စင်း ရောက်ရှိလာသည်။
လင်းရီနှင့် ကျန်နှစ်ယောက်မှာ ကားထဲက ထွက်လာခဲ့ကြ၏။ အလှလေးမှာ သူ့ကို မြင်တော့ ချက်ချင်းဆိုသလို သူ့ထံ ပြေးလာပြီး “ ရဲဘော် … နင် မြန်မြန် ကူညီပေးပါဦး … သူ ဘယ်ကမှန်း မသိ အတုလုပ်ထားတဲ့ ထောက်ခံချက်နဲ့ ကားမှာ ပြဿနာမရှိဘူးဆိုပြီး ပြောနေတယ် .. ငါတို့ကို ရိုက်နှက်မယ် ဆိုပြီးတောင် ခြိမ်းခြောက်သေးတယ် ….”
“ မပူနဲ့ … ကျုပ် ကိုင်တွယ်လိုက်မယ် …”
လင်းရီ ရောက်လာသည်ကို မြင်တော့ လီတုံလင်းမှာ အများအပြား နူးညံ့ညင်သာသွားခဲ့ပြီး “ အရာရှိကြီး … ကျုပ်တို့ တွေ့ကြပြန်ပြီ….”
လင်းရီ များများစားစား မတုံ့ပြန်ချေ။ သူ လီတုံလင်းအား တည့်ကြည့်၍ “ အဲ့ဒီ ထုတ်ပြန်ချက်က ဘယ်မှာလဲ … ကျုပ် တစ်ချက် ကြည့်မယ် …”
“ စမ်းသပ်ချက် ရလဒ်တွေ အကုန် ဒီမှာပါခင်ဗျ … “ လီတုံလင်းသည် သူ့လက်ထဲ အသင့် ရှိနေသည့် စာရွက်စာတမ်းများအား ယုံကြည်ချက် အပြည့်ဖြင့် လင်းရီထံ ကမ်းပေးလိုက်သည်။
“ ကျုပ်တို့ရဲ့ ကားတွေမှာ အရည်အသွေးနဲ့ ပတ်သက်ပြီး ပြဿနာ လုံးဝ မရှိပါဘူး အရာရှိကြီး … သူတို့ အမောင်း မတတ်တာကြောင့် ဖြစ်တာပါ …”
လင်းရီ စမ်းသပ်မှု ရလဒ်ကို အတော်ကြာအောင် အချိန်ပေး၍ ဖတ်ရှုလိုက်သည်။
ရေးသားထားသည့် အကြောင်းအရာတို့က လီတုံလင်း ပြောသွားသည်များနှင့် တူညီသည်။ သူက အပြစ်ကို ကတ်စတန်မာများဘက်သို့ ပုံချထားခြင်း ဖြစ်၏။
ထို့ပြင် အောက်၌ အနီရောင် တံဆိပ်တုံးလည်း ရှိနေပြီး ဆိုလိုသည်မှာ ဤ ရလဒ်က စစ်မှန်သည် ဟူ၍ပင်။ အမှန်ပင် တရားဝင် အရာရှိများက စမ်းသပ် စစ်ဆေးထားခြင်း ဖြစ်၏။
လင်းရီ ပြုံးလိုက်လေသည်။
ဤလူများက တော်တော်လေး စိတ်ဝင်စားဖို့ကောင်း၏။
“ အဖြူအမည်း စာလုံးနဲ့ ရှင်းအောင် ရေးထားတယ် ဆိုပေမယ့် ငါ့မှာ သံသယ တစ်ချို့ ရှိနေတုန်းပဲ … ငါနဲ့လိုက်ခဲ့ ပိုသေချာအောင်လို့ အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနကို နှစ်ကြိမ် ထပ်သွားစစ်ဖို့ လိုတယ် …”
လီတုံလင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီသည် စာရွက်အား မြင်ပြီးသည့်တိုင် အမှုအား ဆက်လိုက်နေလိမ့်ဦးမည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ ပြဿနာ မရှိဘူး … ကျုပ်တို့လည်း ဘာမှ မှားယွင်းမနေဘူး .. ဒီတော့ နောက်တစ်ကြိမ် စစ်ဆေးခံရမယ်ဆိုလည်း ဖြစ်တယ်…”
လင်းရီ လှပသည့် အမျိုးသမီးအား ကြည့်၍ “ ခင်များလည်း လိုက်ခဲ့ …”
“ အိုကေ …”
ထို့နောက် လင်းရီသည် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့အား ကြည့်၍ “ ကျန်တာကို မင်းတို့ကောင်တွေ ကိုင်တွယ်လိုက် … ငါ သူတို့နှစ်ယောက်ကို သက်ဆိုင်ရာဆီ ခေါ်သွားပြီး နောက်တော့မှ စခန်းပြန်လာခဲ့တော့မယ် ….”
“ အိုကေ …”
တာဝန်များအား ခွဲဝေပြီးနောက် လင်းရီသည် လီတုံလင်း၊ မိန်းမလှလေးနှင့် နည်းပညာ ဒါရိုက်တာ မာ့ခ်တို့ကို စမ်းသပ်စစ်ဆေးမှုအား အတူတကွ လုပ်ဆောင်ရန် ခေါ်လာခဲ့လိုက်သည်။
လမ်းတွင် လင်းရီ သိရှိလိုက်ရ၏။
လှပသည့် အမျိုးသမီး၏ နာမည်က ရန်ပင်း ဖြစ်ပြီး အထည်ရောင်းသည့် စီးပွားရေးကို လုပ်ကိုင်သူပင်။
သူမ၏ ခင်ပွန်းဖြစ်သူက ကုမ္ပဏီ တစ်ခု၏ အလယ်အလတ်အဆင့် မန်နေဂျာ တစ်ယောက် ဖြစ်ပြီး မကြာခဏဆိုသလို အလုပ် ခရီး ထွက်ရလေ့ ရှိသည်။ တစ်နှစ်တာတွင် အိမ်သို့ ပြန်လာသည့် အရေအတွက်က လက်ချိုးရေတွက်၍ပင် ရ၏။
ကလင် ကလင် ကလင် …
လမ်းတွင် လီတုံလင်း၏ ဖုန်းသံ မြည်လာသည်။
“ ဟုတ်ကဲ့ သူဌေး …”
“ ဟုတ်ကဲ့ … ကျုပ် အခု အရည်အသွေး စောင့်ကြည့်လေ့လာရေး ဗျူရိုဆီ သွားတဲ့လမ်းမှာ ….”
“ အရည်အသွေး စစ်ဆေးမှု ရလဒ်က ထွက်လာပြီ … အဲ့တာနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး … ဒီတိုင်း တစ်ဖက်က ကျိုးကြောင်း မဆီလျော်တာ .. ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး ….”
“ ဟုတ်ကဲ့ … စိတ်ချထားလိုက်ပါ သူဌေး … ဒီကိစ္စ ကျုပ်နဲ့ လွှဲထားလိုက် …”
ဖုန်းချပြီးနောက် လီတုံလင်းမှာ ဘဝင်ခိုက်နေသည့် အမူအရာဖြင့် ဆက်လက် ရှိနေပြီး စိုးရိမ်ထိတ်လန့်နေခြင်း မရှိပါချေ။
မာ့ခ် တိတ်တိတ်လေး လီတုံလင်း အနားသို့ ချဉ်းကပ်ကာ တီးတိုး ပြောလိုက်၏။
“ ဒါရိုက်တာလီ … မင်း မိတ်ဆွေ ဘက်ခြမ်းက ဘာပြဿနာမှ မရှိဘူးမလား … ဘာပဲ ပြောပြော ခုက ရဲတွေ အဲ့ကို သွားနေတာလေ… အမြင်လျှမ်းသွားမှာတွေကို ငါစိတ်ပူလို့ ….”
“ စိတ်ချ … ငါတို့ ခင်လာတာ နှစ်ပေါင်းနည်းတော့တာ မဟုတ်ဘူး … ဘာမှ ဖြစ်နိုင်စရာ အကြောင်း မရှိဘူး …” လီတုံလင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ ပြီးတော့ … ခုလေးတင် သူ့ဆီ ဝီချက် မက်ဆေ့ချ် ပို့ပြီး ဒီကိစ္စကို ရှင်းပြထားပြီးပြီ … ဘာလုပ်ရမလဲ သူသိတယ် …”
“ အဲ့တာဆို စိတ်ချရပြီ ..”
လီတုံလင်း ပြုံးပြီး ကိုယ့်ဘာကိုယ် ရေရွတ်လိုက်သည်။
“ လူတစ်ချို့က ငါတို့ဆီက ပိုက်ဆံကို လိမ်ချင်နေပေမယ့် ငါတို့ Tesla က ပိုးမွှားတစ်ချို့ အနိုင်ကျင့်တာ ခံရလောက်အောင် ကြီးလွန်းနေတယ် ….”
“ နင့်ဘာနင် ပြောချင်သလိုပြော … ရဲတွေက ငါ့ကို ကူညီပေးမှာပဲ …” ရန်ပင်း ပြောလိုက်သည်။
“ အမှန်တရားကို နောက်မှ ပြောကြတာပေါ့ …” လီတုံလင်း ပြောလိုက်ပြီး “ တရားဝင် စစ်ဆေးချက် ရလဒ်က ထွက်လာပြီးသား …ဒါတောင် မင်းတို့က မယုံကြည်ဘူး .. မင်းတို့ ဘယ်လိုတွေ စဉ်းစားနေလဲဆိုတာကို ငါ တကယ် မတွေးတတ်တော့တာ … ဘာလဲ … မင်းတို့က မင်းတို့ ယုံကြည်ထားတာက အမှန် … ကျန်တာတွေက အမှား … အဲ့လိုလား ….”
“ မင်း စကားမပြောလည်း ဘယ်သူမှ မင်းကို အတယ် မထင်ဘူး …”
လင်းရီ၏ အသံနက်နက်က လီတုံလင်းကို အသံတိတ်သွားစေသည်အထိ ကြောက်ရွံ့သွားခဲ့စေသည်။
ဒီ လူငယ်လေးက နည်းနည်းတော့ ကြောက်ဖို့ ကောင်းတယ် …
သို့သော် ရန်ပင်း၏ လင်းရီ အပေါ် မြင်သည့် အမြင်တို့မှာတော့ အနည်းငယ် ကွဲပြားနေသည်။ သူက အင်မတန် ယောက်ျားဆန်ပြီး သူမ၏ ခင်ပွန်းထက် အများကြီးသာသည်။
မကြာမီ လင်းရီမှ သူဦးတည်နေသည့် နေရာသို့ ရောက်လာခဲ့ပြီး ဌာနဝန်ထမ်း၏ ဧည့်ခန်းသို့ ခေါ်ဆောင်လာခဲ့ခြင်းကို ခံလိုက်ရသည်။
မကြာမီ မျက်မှန်တပ်ထားသည့် အမျိုးသား တစ်ဦး အထဲသို့ ရောက်လာသည်။ သူက မျက်နှာ ခပ်ပါးပါးနှင့် အဖြူရောင် ရှပ်ကို ဝတ်ဆင်ထားကာ ရည်မွန် သန့်ပြန့်သည့် ခံစားချက်တို့အား ပေးစွမ်းနေခဲ့သည်။
သို့သော် လင်းရီ၏ အလိုလို သိစိတ်က ပြောပြနေသည်မှာ ဤလူက အယုတ်တမာပင်။ မျက်နှာသွင်ပြင်က မိန်းကလေးတို့အား လှည့်ဖျားပြီး အလကားစားကာ တာဝန်မယူတတ်သည့် လူစားမျိုးဟု စိတ်ထဲ အလိုလိုခံစားနေမိ၏။
မည်သို့ပင်ဆိုစေ ဤသည်က သူ၏ အထင်သပ်သပ်သာ။
“ ငါက အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာန တာဝန်ခံ ဝမ်ရှီချိုင်ပဲ … ဘာကိစ္စလဲ …”
“ ဒီလိုပါ … ငါ့စိတ်ထင် ဒီရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ပြဿနာ တစ်ချို့ ရှိနေတယ်လို့ .. ဒါကြောင့် နောက် တစ်ခေါက် ထပ်လာပြီး လူကိုယ်တိုင် အတည်လာပြုတာ …” လင်းရီ ယဉ်ကျေးစွာ ပြောလိုက်၏။
ဝမ်ရှီချိုင်သည် ရလဒ် မှတ်တမ်းအား ယူကြည့်လိုက်ပြီး “ အင်း .... ဒီ ရလဒ်က ငါတို့ ထုတ်ပြန်တာပဲ … ဘာ ပြဿနာ ရှိရမှာ ….”
“ မင်း ဘယ်ဌာနကလဲ …” လင်းရီ ဝမ်ရှီချိုင်အား ကြည့်၍ မေးလိုက်ပြီး “ ဒီ အမျိုးသမီးရဲ့ ကားက ဘာပြဿနာမှ မရှိဘူးဆိုတာ မင်းသေချာလား…..”
“ ငါတို့ သေချာ တင်းတင်းကြပ်ကြပ် စစ်ဆေး အတည်ပြုပြီးသား … ဘယ်နားက ပြဿနာရှိရမှာ …” ဝမ်ရှီချိုင် ပြောလိုက်သည်။
“ ငါ ကားမောင်းလာတာ လေးနှစ်ကျော်ပြီ … အော်တိုရော ၊ မန်နျူရယ်ရော မောင်းဖူးတယ် … ငါ့ရဲ့ ကားမောင်း စကေးက ဘာပြဿနာမှ မရှိဘူး ….”
ရန်ပင်း ပြောလိုက်၏။
“ အဲ့တာက ခင်များ အမြင်လေ … တကယ်တမ်း လက်တွေ့မှာ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ …” ဝမ်ရှီချိုင် ပြောလိုက်ပြီ “ ပြီးတော့ အမျိုးသမီးတွေ မောင်းတဲ့ အခါကျ ပြဿနာက တစ်ခု မဟုတ်ရင် နှစ်ခုလောက်တော့ ရှိနေကျပဲ … ငါတို့ ကားကို စစ်ဆေးပြီးသွားပြီ .. ဒီကားနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး … ခင်များကသာ ခင်များမှာ ဘာပြဿနာ ရှိနေလဲဆိုတာ အရင် ရှာကြည့်သင့်တယ် …”
“ နင် ….”
“ ရပြီ … စကားပြောနေတာတွေ တော်တော့ …” လင်းရီသည် ရန်ပင်းကို စကားဖြတ်ပြောလိုက်ပြီး ဝမ်ရှီချိုင်အား ကြည့်လိုက်သည်။
“ ငါလည်း စမ်းသပ်ခဲ့ပြီးပြီ … ဒီကားမှာ ပြဿနာ တစ်ချို့ ရှိနေတယ်ဆိုတာ တကယ်ပဲ …”