← Chapters

သာမန် ပြည်သူ မဟုတ်ဘူး

Vol. 115 Ch. 1715

သာမန် ပြည်သူ မဟုတ်ဘူး

Vol. 115 Ch. 1715

ဝမ်ရှီချိုင်သည် လင်းရီအား ငါးစက္ကန့်တိတိ စိုက်ကြည့်လိုက်၏။

“ ရဲဘော် … မင်း ဘာတွေ ပြောနေတာ … ငါ သိချင်တာ မင်း ဒီကားကို ဘယ်လို စမ်းသပ်လိုက်တာ …”

“ 4S ခြံဝန်းထဲမှာ ကိုယ်တိုင် စမ်းသပ်လိုက်တာပဲ …”

“ မင်းက မင်းကိုယ်မင်း ငါတို့ စက်ပစ္စည်းတွေထက်ကို ပိုပြီး တိကျတယ် ထင်တယ်ပေါ့ …” ဝမ်ရှီချိုင်၏ အမူအရာမှာ ဖော်ရွေခြင်း မရှိတော့ချေ။

“ ငါတော့ မင်းရဲ့ လက်ရှိ အပြုအမူတွေက ဘက်လိုက်နေတယ်လို့ ထင်တယ် … မင်းက ပြည်သူ့ဝန်ထမ်းဆိုပေမယ့် ဒီ အမျိုးသမီးနဲ့ ပြောပြလို့ မရတဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ ငါ သံသယ ရှိတယ် …”

“ အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့ … ငါတို့ချင်း ဘာမှ မဆိုင်ဘူး….”

“ ဆိုင်တာ မဆိုင်တာ ဘယ်သူက သိမှာ … ဒါပေမယ့် ငါတို့ဘက်က ရလဒ်ကို ထုတ်ပြန်ပြီးသား … ကျန်တဲ့ ပြဿနာကို မင်းတို့ဘာမင်းတို့ ဖြေရှင်း …”

“ ကျုပ်တို့ရဲ့ အပြစ်ကင်းစင်မှုကို ထောက်ခံပေးလို့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝမ် … မဟုတ်ရင် ဒီကိစ္စကို ဖြေရှင်းရ တကယ်ခက်ပြီ … “ လီတုံလင်း တက်ကြွစွာ ပြုံး၍ ပြောလိုက်၏။

“ မင်းတို့ရဲ့ တရားဥပဒေ အခွင့်အရေးကို ကာကွယ်ပေးတာက ငါတို့ တာဝန်ပါပဲ .. အဲ့ဒီ စက်ဆုပ်ဖို့ ကောင်းတဲ့ လူတစ်ချို့ကြောင့် မှန်ကန်တဲ့ လူတွေရဲ့ အကျိုးစီးပွား ပျက်စီးမှာကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာ .. အဲ့လိုမှ မဟုတ်ရင် နောင်ကျ ဘယ်သူက ဟွာရှကို လာပြီး စီးပွားရေး လုပ်ရဲတော့မှာလဲ ဟုတ်တယ်မလား ….”

“ အတိအကျပဲ … ဒါရိုက်တာဝမ်တို့လို တာဝန်သိတတ်တဲ့ လူစားမျိုးတွေ ရှိတာ ကျုပ် တအား ဝမ်းသာတာပဲဗျာ ….”

“ တခြား မရှိတော့ဘူးဆို ငါ သွားတော့မယ် … “ ဝမ်ရှီချိုင် ပြောလိုက်ပြီး “ ကျန်တာကိုတော့ မင်းတို့ဘာသာ ဖြေရှင်းကြတော့ … တကယ်လို့ ဒီ မိန်းမက မင်းကို ဆက်ပြီး ငွေညစ်ချင်သေးတယ်ဆိုရင် တရားဥပဒေ ဘောင်ထဲက သွားဖို့ အကြံပေးချင်တယ်…”

“ ဒါပေါ့ ဒါပေါ့ … ဘာဆက်လုပ်ရမလဲ ကျုပ် နားလည်ပါတယ် …”

ဝမ်ရှီချိုင် ခေါင်းညိမ့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ နေဦး ….”

ဝမ်ရှီချိုင် ထွက်မသွားနိုင်မီ လင်းရီ အနောက်မှ အသံထွက် တားမြစ်လိုက်၏။

“ မင်းမှာ ပြောစရာ ကျန်သေးလို့လား …”

“ ငါက ဒီတိုင်း နှစ်ခါ စစ်ဆေးကြည့်ချင်ရုံပဲ .. မင်း ထုတ်တဲ့ စမ်းသပ် စစ်ဆေးမှု ရလဒ်နဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူးဆိုတာ သေချာလား …”

“ သေချာတယ် .. မင်းက ဘာထပ်ပြီး လိုချင်သေးလို့ ….”

“ ရပြီ … ငါဒါကို အသံသွင်းထားတယ်.. မင်းဘက်က သေချာတယ်ဆို ပြီးတာပဲ …”

ဝမ်ရှီချိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ သူ ရုတ်တရက်ဆိုသလို မကောင်းသည့် ခံစားချက်များ ရရှိလာသည်။

သို့သော် လင်းရီက သူ့အား များများစားစား မရှင်းပြခဲ့ချေ။ သူ၏ ဖုန်းကို ထုတ်၍ ချိန်ပင်းချန်ထံ ဆက်သွယ်လိုက်၏။

“ အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနက တာဝန်ခံကို ကျုပ်ကိုယ်စား ဆက်သွယ်ပေးစမ်းပါ … ကျုပ် ပထမထပ်က ဧည့်ခန်းထဲမှာ ရှိတယ်…..”

“ ထွေထူး ပြဿနာတော့ မရှိပါဘူး … ဒါပေမယ့် သူတို့ ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ပြဿနာ တစ်ချို့ ရှိနေတယ်ထင်လို့ … ကျုပ် အရည်အချင်း ရှိတဲ့ လူနဲ့ ပြန်စစ်ဆေးပြီး ကြေညာချက် အသစ် တစ်စောင် ပြန်ထုတ်ပြန်ချင်ရုံပါပဲ …”

“ ဟုတ်တယ် … ကော်နင် လမ်းက တစ်ခုမှာ .. ကျုပ် အခု ပထမထပ်မှာရှိတယ် … အခန်း နံပါတ်က 109 လားတော့ မသိ….”

“ ဟုတ်ပြီ .. နားလည်တယ် … နောင်ကျ မမေ့ပါဘူး …”

လင်းရီ ဖုန်းချလိုက်၏။ အခန်းထဲရှိ လူတိုင်းက သူ့အား မော့ကြည့်လာသည်။

“ မင်း ဘယ်သူ့ဆီ ဖုန်းခေါ်နေတာ …” ဝမ်ရှီချိုင် မေးမြန်းလိုက်သည်။

“ ငါ ပြောလည်း သိမှာ မဟုတ်ဘူး … ဆိုတော့ မမေးနဲ့ …” လင်းရီ ပြောလိုက်ပြီး “ မင်းမှာ တခြား လုပ်စရာ ရှိတယ်မလား .. အခု သွားတော့ … မင်းကို မလိုတော့ဘူး … ခဏနေ တခြား တစ်ယောက် ရောက်လာလိမ့်မယ် ….”

တစ်ခုခု မှားယွင်းနေသည်ကို ဝမ်ရှီချိုင် ခံစားနေရပြီး “ မင်း ငါတို့ ဌာနမှာ အသိရှိနေတယ်လို့တော့ လာမပြောနဲ့ ….”

“ ငါ မသိဘူး … ဒါပေမယ့် ငါ့မိတ်ဆွေကတော့ သိတယ် … ဘယ်သူ ရောက်လာမလဲ ဆိုတာတော့ … ငါလည်း မသိဘူး… ဒါပေမယ့် ဒီကိစ္စကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ် ….”

ဝမ်ရှီချိုင်၏ မျက်လုံးတို့ ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး သူ လင်းရီအား ဖောက်ထွင်း မြင်နိုင်ခြင်း မရှိဟု ခံစားလိုက်ရ၏။

သူက ဒီတိုင်း နိမ့်ကျရဲ့ ရဲဝန်ထမ်းလေးပဲမလား .. အဆင့်အတန်းချင်း ယှဉ်ရင် သူ့လောက်တောင် ရာထူး မကြီးတဲ့ဟာ ဒီလိုကောင်က ဘယ်သူနဲ့ ရင်းနှီးနိုင်မှာမို့လို့ ….

ချလပ် …

နှစ်ယောက်သား ဇဝေဇဝါ ခံစားနေရစဉ် ဧည့်ခန်း တံခါး တွန့်ပွင့်လာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသား တစ်ဦး အထဲသို့ ဝင်လာသည်။

ဝင်လာသည့် လူကို မြင်တော့ ဝမ်ရှီချိုင်၏ အမူအရာမှာ ရှော့ခ်ရသွားခဲ့ပြီး အလျင်အမြန် ပြေးနှုတ်ဆက်၏။

“ ဒါရိုက်တာကျန်း ….”

ရှော့ခ်ရမှု အပြည့်ဖြင့် နှလုံးမှာ လည်ချောင်းဝမှ ခုန်ထွက်လု နီးပါး ဖြစ်နေသည်။

ဒီလို အသေးမွှား ကိစ္စလေး အတွက်နဲ့ ဘာလို့ ဒုတာဝန်ခံက ရောက်လာရတာလဲ …..

“ ရဲဘော် … ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ .. ငါ့နာမည်က ကျန်းရာချွင် … ဘာအဆင်မပြောဖြစ်တာလဲ .. မင်းငါ့ကို တိုက်ရိုက်ပြောလို့ရတယ် …”

ကျန်းရာချွင်က ချိန်ပင်းချန် ဆက်သွယ်လိုက်သည့် လူဖြစ်ပြီး လင်းရီ မည်သူ မည်ဝါဖြစ်ကြောင်းကို ပြောပြထားခဲ့သည်။

သို့သော် ချိန်ပင်းချန်သည် လင်းရီ၏ အထောက်အထားအား မဖော်ထုတ်ရန် အတွက် ပြင်းပြင်းထန်ထန် သတိပေးခဲ့၏။ ထို့ကြောင့် သူ့ကိုယ်သာ သာမန်လျှံကာ နည်းလမ်းဖြင့် မိတ်ဆက်လာခဲ့ခြင်းပင်။

မဟုတ်ပါက သူ၏ အဆင့်အတန်းဖြင့် ယခုလို လေသံမျိုး ဘယ်တော့မှ ပြောထွက်မှာ မဟုတ်ချေ။

“ ထွေထူးတော့ မဟုတ်ပါဘူး ဒါရိုက်တာကျန်း …” လင်းရီသည် ရန်ပင်းအား ညွှန်ပြ၍ “ ဒီ အမျိုးသမီးက Tesla ကားဝယ်ပြီး ဘရိတ် စစ်စတမ်မှာ ပြဿနာ ရှိနေတာကို ရှာတွေ့သွားတယ် … 4S စတိုးဆိုင်ကို သွားပြောတော့လည်း တစ်ဖက်က အရေးမလုပ်ဘူး … ခင်များတို့ဘက်က သူတို့ ရောင်းနေတဲ့ ကားတွေ စံချိန်မှီပါတယ်ဆိုပြီး ထောက်ခံစာ ရှိတယ်တောင် ပြောလိုက်သေးတယ် … ကျုပ်အထင် စမ်းသပ် စစ်ဆေးတဲ့ နေရာမှာ ပြဿနာ တစ်ချို့ ရှိနေတယ်လို့ ထင်တယ် … ဒါကြောင့်မို့ ခင်များကို နောက်တစ်ခေါက် ပြန်ပြီး စစ်ဆေးစေချင်တာ ….”

“ ပြဿနာ မရှိဘူး … ဒီလို လေးနက်တဲ့ ပြဿနာ ဆိုမှတော့ ကျုပ်တို့ သေချာလေး တာဝန်ယူသင့်တာပေါ့ ….”

ကျန်းရာချွင်သည် ရန်ပင်းထံသို့ ဖော်ရွေစွာ ပြုံးပြ၍ “ စိတ်ချပါ … ငါတို့ အခုချက်ချင်းပဲ စမ်းသပ် စစ်ဆေးဖို့ လုပ်လိုက်မယ် … နာရီဝက်အတွင်း ရလဒ် သိရပြီ …”

“ ဒါဆို အလုပ်ရှုပ်စေမိပြီ ….”

“ နာရီဝက်အတွင်း ရလဒ် ထွက်မယ် …….. “

ချွေးအေးတို့က ဝမ်ရှီချိုင်၏ နဖူးထက်မှ စီးကျလာခဲ့သည်။ နာရီဝက်အတွင်း ရလဒ် ထုတ်ပေးသည်က အထူးအလေးပေး ဆက်ဆံခြင်းဖြစ်၏။

ထို့ပြင် သူ့သူဌေး၏ ယခုလို ပုံစံမျိုးဖြင့် စကားပြောနေသည်ကို ကြည့်ရှုမည် ဆိုပါက ဤကိစ္စအား လေးလေးနက်နက် သဘောထားနေသည်မှာ အသိသာကြီးပင်။

ဒါဆို ရလဒ် အသစ် ထွက်လာတဲ့ အခါကျရင် သူတို့တွေ ဖော်ထုတ်ခံလိုက်ရမှာ မဟုတ်ဘူးလား ….

လီတုံးလင်လည်း အံ့အားသင့်သွားခဲ့၏။ တစ်ဖက်သူ၏ သူဌေးကိုယ်တိုင်က ဤကိစ္စအား ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေပြီဆိုမှတော့ သူတို့ ဤကိစ္စအား ဆက်လက် ဖုံးကွယ်ထားဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။

နောက်ဆက်တွဲ နာရီဝက်ကာလမှာ လီတုံလင်း၊ ဝမ်ရှီချိုင်နှင့် မာ့ခ်တို့အတွက် တစ်နှစ်တာကို ဖြတ်သန်းနေရသကဲ့သို့ ရှည်ကြာလွန်းလှပါသည်။

သူတို့ အကုန်လုံးက သေမိန့်ပေးခံရမည်ကို စောင့်ဆိုင်းနေသည့် အကျဉ်းသားများကဲ့သို့ ဖြစ်နေကြ၏။

မိနစ် လေးဆယ်ခန့် ကြာပြီးနောက် ရလဒ် အသစ်မှာ ထွက်ပေါ်လာခဲ့သည်။

“ ခေါင်းဆောင် … ဒီမှာ ဘရိတ်တင် ပြဿနာ ရှိနေတာ မဟုတ်ဘူး … transmission shaft မှာပါ ပြဿနာ ရှိနေတာ … ဒါ သေးသေးမွှားမွှား ပြဿနာ မဟုတ်ဘူး …”

၎င်းကို ကြားတော့ လီတုံလင်းနှင့် ဝမ်ရှီချိုင်တို့၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်သွားခဲ့၏။

ကျန်းရာချွင်သည်လည်း ထို့အတူပင်။ သို့သော် မတူညီသည့် အကြောင်းပြချက်နှင့် ဖြစ်၏။

“ ဒုတိယအကြိမ် စမ်းသပ်မှု ရလဒ်က ပြဿနာတွေ အများကြီး ရှိနေတာကို ပြနေတယ် ... ဒါပေမယ့် ပထမ အကြိမ် စမ်းသပ်မှု ရလဒ်က ဘာပြဿနာမှ မရှိဘူး … အကုန်ကောင်းတယ်လို့ ပြောတယ် … ခင်များတို့တွေ သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက် ပေးမယ်လို့ မျှော်လင့်ပါတယ်…”

“ ငါတို့ ပထမ တစ်ခေါက် စစ်ဆေးတုန်းက နည်းနည်း လိုသွားတာ နေမှာပေါ့ …” ဝမ်ရှီချိုင် ဖျစ်ညှစ်ပြီး ရှင်းပြလိုက်ရသည်။

“ အရာရှိ တစ်ယောက်အနေနဲ့ မင်းက ဘရိတ်နဲ့ ထရန်စမစ်ရှင် ရှက်ဖ်ကို စစ်ရကောင်းမှန်း မသိဘူးလား … ပြဿနာက မင်း လိုသွားတယ်လို့ စကားတစ်ခွန်းနဲ့ ဖြေရှင်းလို့ ရမယ် ထင်လား ….”

လင်းရီသည် ဝမ်ရှီချိုင်အား မီးတောက်မတတ် မျက်ဝန်းအကြည့်တို့ဖြင့် ကြည့်ပြီး မေးလိုက်သည်။

“ ဒါမှမဟုတ် တခြားတစ်ခုကြောင့်လား … ငါ အသံထွက်ပြီး ပြောပြဖို့ လိုသေးလား ….”

“ အတွင်းဘက် . . . . . . . . ..”

“ တော်တော့ ….”

ကျန်းရာချွင်သည် ဝမ်ရှီချိုင်၏ စကားကို ဖြတ်ပြောလိုက်ပြီး “ ထွက်သွား … ငါမင်းနဲ့ နောက်မှ စာရင်းရှင်းမယ် …”

“ သူဌေး ….. “

“ ထွက်သွားစမ်း …..”

ဝမ်ရှီချိုင်မှာ ရှော့ခ်ရသွားခဲ့ပြီး အပြင်သို့ စိတ်ပျက်လက်ပျက် ဖြစ်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။

“ အမှန်တရားက ထွက်လာခဲ့ပြီ … ကျုပ်တို့ ဒီကိစ္စကို တရားရုံးစီ မြန်နိုင်သမျှ မြန်မြန် ရောက်အောင် တင်ပြလိုက်မယ် … ကျုပ်တို့ ဒီ အမျိုးသမီးကို သင့်တင့်တဲ့ ဖြေရှင်းချက်တစ်ခု ပေးသွားမှာပါ …”

“ ကျွန်မ ဒီကား ဆက်မလိုချင်တော့ဘူး .. ရှင်တို့ဘက်က ပြန်အမ်းငွေ ပေးသရွေ့ အဆင်ပြေတယ် ….” ရန်ပင်း ပြောလိုက်၏။

“ ပိုက်ဆံ ပြန်အမ်းခိုင်းတာလောက်ကတော့ သူတို့ကို လျော့ပေါ့ပေးလိုက်တာနဲ့ အတူတူပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စကို တရားရုံးတင်လိုက်တာ ပိုကောင်းမယ် … မဟုတ်ရင် ခင်များ ပင်ပန်းခဲ့သမျှ အချည်းနှီး ဖြစ်သွားမှာပေါ့ …”

“ ဒါဆို နင် ငါ့အတွက် ကိုင်တွယ်ပေးမယ်မလား …”

“ သေချာတာပေါ့ … မဟုတ်ရင် ဥပဒေတွေ ထုတ်ထားပြီး ဘာသွားသုံးစားတော့မှာ …”

ရန်ပင်း၏ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့ပြီး “ ကျေးဇူး အများကြီး တင်တယ် … နင်သာ မရှိရင် ငါတို့လို အသေးစား စီးပွားရေး သမားလေးတွေကတော့ အနိုင်ကျင့်ခံနေရတာ ပြန်လှန်နိုင်မှာတောင် မဟုတ်ဘူး ….”

လင်းရီ၏ အကြည့်က ရန်ပင်း၏ ကိုယ်ပေါ်သို့ တစ်ချက် ဖြတ်သန်းသွားခဲ့သည်။ သူမက သာမန် ပြည်သူ တစ်ယောက် အဖြစ် သတ်မှတ်၍ မရချေ။

“ ဒါတွေ အားလုံးက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါပဲ….”

ပြောပြီးနောက် လင်းရီသည် လီတုံလင်းအား ကြည့်၍ “ မင်း … ငါနဲ့လိုက်ခဲ့စမ်း …. သူများကိုတောင် လာဘ်ထိုးဝံ့နေတယ်ဆိုတော့ မင်း ဇက မသေးဘူးပဲ …”

All Chapters