← Chapters

ရွှမ်ချုံးမျိုးနွယ်

Vol. 112 Ch. 1566

ရွှမ်ချုံးမျိုးနွယ်

Vol. 112 Ch. 1566

သူပြောလိုက်သည့်စကားကို ကြားသည်နှင့် ရှီမာယူယူ များစွာ စိတ်သက်သာရာရသွဦးသည်။ ရွှမ်ချုံးမျိုးနွယ်မှ ထိုသို့ပြောလာသဖြင့် ကတိ ဖျက်တော့မည်မဟုတ်ပေ။

နောက်နေ့မနက်တွင် ရွှမ်ချုံးဟော်သည် ရှီမာယူယူတို့အဖွဲ့ကို ဦးဆောင် ပြီး မြို့အပြင်သို့လာလိုက်သည်။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုဖြင့် တောင်တန်းဧရိယာသို့သွားလိုက်သည်။

ဖြတ်လမ်းတည်ဆောက်မှု သုံးရသည်မှာအချိန်မကြာသဖြင့် သူတို့ရောက် နေသည်မှာ ရွှမ်ချန်းမြို့နှင့် သိပ်မဝေးသည်ကို ရှီမာယူယူသိသည်။ သို့သော် သူမ သည် နယ်နိမိတ်ကိုမသိသဖြင့် လက်ရှိမည်သည့်နေရာတွင် ရောက်နေသည်ကို မသိတော့ပေ။

နောက်တွင် သူတို့အဖွဲ့သည် ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်သားရဲ တချို့ပေါ်သို့တက်လိုက်သည်။ သူတို့ အကွာအဝေးတစ်ခု ရောက်သည်အထိ ပျံသန်းပြီးနောက် နောက်ထပ်ဧရိယာတစ်ခုသို့ ဝင်လာသည်။

“လျှို့ဝှက်မိသားစုတွေအကုန်လုံးက ရှင်တို့လိုမျိုး သီးခြားနေကြတာလား” ဝိညာဉ်စွမ်းအင် အလွန်ထူထဲသည်ကို မြင်သောအခါ ဟန့်မြောင်ရွှမ်သည် ကျီစားသလိုပြုံးလိုက်သည်။

“ဒီလိုနေရာမှာ ပိုပြီးအားသာချက်ရှိလို့ပါ” ရွှမ်ချုံးဟော်သည် အသာအယာပြုံးရင်း ပြန်ဖြေလေသည်။

ရှီမာယူယူ ပြုံးလိုက်သည်။ သို့သော် သူမသည် ထိုအရာကို အထင်ကြီး စရာဟုမထင်ခဲ့ပေ။ သူမ ဖန်မျိုးနွယ်သို့သွားခဲ့စဉ်က ပတ်ဝန်းကျင်မှာပိုကောင်း သည်။

သို့သော် လျှို့ဝှက်မိသားစုများ အားကောင်းရသည့် အကြောင်းအရင်းကို သူမ သိသွားလေပြီ။

အန်းလေသည် ရှီမာယူယူ၏ လက်ထဲတွင်ရှိသောကြောင့်ဖြစ်သည်။ သည်တစ်ကြိမ်ထွက်လာရာတွင် သူမသည် အန်းလေကို ဝိညာဉ်စေတီအတွင်း တွင် ရှီမာလျူရွှမ်ကို စောင့်ရှောက်ခိုင်းထားသည်။ ရှီမာယူယူ သက်ပြင်းချသည် ကိုသူမမြင်သောအခါ ပြောလေသည် “သခင်မလေး ရွှမ်ချုံးမျိုးနွယ်က လောက အသေးထဲမှာရှိတာ”

ရှီမာယူယူ အနည်းငယ် အံ့ဩသွားသည်။ လောကအသေးဟုတ်လား။ လောကအသေး အတက်အကျကို ဘာမှမခံစားမိပါဘူး။

“ရွှမ်ချုံးမျိုးနွယ်နဲ့ တုန်လိုင်မျိုးနွယ်တွေက ကြာပန်းနက်လောကအသေး လိုမျိုး မှီခိုကင်းတဲ့နေရာမှာ နေတာမဟုတ်ဘူး၊ လေဟာပြင်ဧရိယာထဲမှာ တည်ထောင်ထားတဲ့ နေရာအသေးတစ်ခုမှာနေကြတာ” အန်းလေ ရှင်းပြလေ သည်။

“လူတွေနေနိုင်လောက်တဲ့ လေဟာပြင်ဧရိယာဖြစ်အောင် ဖွင့်ဖို့ဆိုရင် ဘိုးဘေးတွေက အရမ်းအားကောင်းကြတဲ့ပုံပဲ” ရှီမာယူယူ သက်ပြင်းချမိသည်။

“မျိုးနွယ်နှစ်ခုလုံးက ဘိုးဘေးတွေက ဧရာဇ်အဆင့်တွေလို့ ကြားတယ်၊ အဲဒီနေရာတွေကိုလည်း ဧကရာဇ်အဆင့်တွေက တည်ထောင်ထားတာ”

ဧကရာဇ်ဘုရင်…

ရှီမာယူယူသည် လက်ကောက်ဝတ်မှ နတ်ဆိုးညွှတ်လက်ပတ်ကို ကိုင် လိုက်သည်။ သူတို့သည် မည်သည့်သရုပ်မှန်ရှိစေကာမူ သူမ သေချာပေါက် အံ့ဖွယ်ဆေးကိုရရမည်။

ရွှမ်ချုံးဟော်သည် သူတို့ကို မျိုးနွယ် ၈၀ ရာခိုင်နှုန်းနေထိုင်သည်ဟု ဆို နိုင်သည့် အိမ်တော်များရှိရာ နေရာသို့ခေါ်သွားသည်။ ထိုနေရာသည် မြို့သေး တစ်မြို့နှင့်ယှဉ်လျှင် ကြီးမားကျယ်ဝန်းလှသည်။

“ငါတို့ ဒီလောက်ခရီးရှည်ကြီးဆက်ခဲ့တာဆိတော့ အရင်နားလိုက်ပါဦး ငါတို့ပြန်လာပြီဆိုတာကို မျိုးနွယ်ခေါင်းဆောင်ကို သွားသတင်းပို့ခိုင်းလိုက်ဦး မယ်” ရွှမ်ချုံးဟော်သည် သူတို့ကိုပြောလိုက်သည်။

ထို့နောက်တွင် ထိုအစေခံမိန်းကလေးများသည် ဧည့်သည်များနေထိုင် သည့် ခြံဝန်းများဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

ရွှမ်ချုံးဟော်သည် အမှန်တကယ်ပင် လျှို့ဝှက်မိသားစုမှဖြစ်သည်။ ဧည့်သည်များအတွက် စီစဉ်ထားသည့် ခြံဝန်းများဖြစ်သော်လည်း အလွန်ပြောင် မြောက်စွာ အလှဆင်ထားသည်။ ခြံဝန်းထဲတွင် ရှားပါးသောပန်းအမျိုးမျိုး စိုက်ပျိုးထားကာ လျှောက်လမ်းများကိုလည်း ဓားသွေးကျောက်ကဲ့သို့ ကျောက် စရစ်ခဲများဖြင့် လမ်းခင်းထားသည်။ ကျောက်ဥယျာဉ်ကို အဆင့်မြင့် ကျောက်စိမ်းများဖြင့် ထွင်းထုထားပြီး အတုလုပ်ထားသောမြစ်အလယ်တွင် အဆောင်ငယ်တစ်ခုရှိကာ ထိုနေရာတွင် ကြိုးကြာများသည် လွတ်လပ်ပျော်ရွှင် စွာ ပျံသန်းနေထိုင်နေကြသည်။ ရေလှိုင်းဂယက်များသည် တဖျတ်ဖျတ် လင်းလက်ကာ မျက်နှာပြင်မှ က၍နေ၏။

“ဒီကပတ်ဝန်းကျင်က မဆိုးဘူးပဲ” ဟန့်မြောင်ရွှမ် သက်ပြင်းချလိုက် သည်။

“ကောင်းလိုက်တဲ့နေရာပဲ သူတို့ဧည့်သည်အခန်းတွေက ဒီလိုပဲလား မဟုတ်ရင် ဒီနေရာကိုက ကောင်းတာပဲလား” ကျန်းကျူးရှန့် သိချင်မိသည်။

“ဒါကျွန်မတို့ဆီမှာ အကောင်းဆုံးခြံဝန်းပါ” အစေခံမိန်းကလေးထဲမှ တစ် ယောက်သည် ပြန်ဖြေလေသည် “တခြားနေရာတွေလည်း အလှဆင်ထားကြပါ တယ် ဒါပေမဲ့ကန်တွေကတော့ ဒီလောက်မကောင်းဘူး”

“အကောင်းဆုံးခြံဝန်းဟုတ်လား” သူတို့တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်မိကြသည်။ ဒီလိုဆက်ဆံတာက နည်းနည်းတော့ ထူးခြား နေတယ်။

“ဟုတ်ပါတယ် သခင်မလေးယူယူ ကျွန်မတို့သခင်လေးကို ကုပေးဖို့လာ ပြီး ဧည့်သည်အဖြစ်ဆက်ဆံပေးဖို့ ကျွန်မတို့ခေါင်းဆောင်ပြောထားပါတယ် အဲဒါကြောင့် အကောင်းဆုံးခြံဝန်းကို စီစဉ်ပေးရမှာပဲလေ” အစေခံမိန်းကလေး ပြုံးလိုက်သည်။ ရှီမာယူယူ အပေါ်သူမ၏ သဘောထားသည် ဖြူစင်သည့် လေးစားမှုပင်ဖြစ်သည်။

“မိန်းကလေးယူယူ ဒီနေရာကို ကိုယ့်အိမ်ကိုယ့်ရာလိုမျိုး သဘောထားနိုင် ပါတယ်လို့ ကျွန်မတို့မျိုးနွယ်ခေါင်းဆောင်က မှာထားပါတယ်၊ တကယ်လို့ လိုအပ်တာရှိရင် ကျွန်မတို့ကိုပြောပါ တတ်နိုင်သလောက်လုပ်ပေးပါမယ်” နောက်ထပ် အစေခံမိန်းကလေးက ပြောလေသည်။

သူတို့သခင်က အကောင်းဆုံးနေရာကို ပြင်ပေးပြီးထားပြီပဲ ဘာများ ထပ် လိုအပ်ဦးမှာလဲ။

“မိန်းကလေးယူယူ မသိလို့ မိန်းကလေးလာမယ်ဆိုတာ သိတော့ မျိုးနွယ်ဝင်အကုန်လုံးက ပျော်နေကြတာ”

“ဘာလို့လဲ”

“ကျွန်မတို့သခင်လေးက အဆုံးမရှိတဲ့အနာဂတ်နဲ့ မွေးရာပါ ပါရမီရှင် ကလေးဖြစ်ခဲ့တာ အဲဒါကိုမွေးကတည်းက လမ်းမလျှောက်နိုင် မမြင်နိုင် ဆိုတော့ အရမ်းနှမြောဖို့ကောင်းတယ်လေ” အစေခံမိန်းကလေး ရှင်းပြလေ သည် “သခင်လေးက တစ်ခါမှပြောဖူးပေမဲ့ သူလည်း တခြားသူတွေလိုဖြစ်ချင် နေတယ်ဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်၊ သခင်လေး အဲလိုဖြစ်သွားတဲ့ အချိန်ကျရင် ကျွန်မတို့ကို ရင်နာစေတယ်၊ အဲဒါကြောင့် သခင်လေးပြန်ကောင်း ဖို့ကို မျိုးနွယ်တစ်ခုလုံးက မျှော်လင့်နေကြတာ၊ အောင်မြင်မှု ၅၀ ရာခိုင်နှုန်းက နည်းပေမဲ့ သခင်လေးက မိန်းကလေးယူယူကို ယုံမှတော့ ကျွန်မတို့လည်းယုံပါ တယ်၊ မိန်းကလေးယူယူ… ကျွန်မတို့သခင်လေးရဲ့ရောဂါကို သေချာပေါက် ပျောက်အောင်ကုပေးပါ”

ရဲရဲတောက်အကြည့်ဖြင့် ကြည့်နေသော အစေခံမိန်းကလေး၏ အကြည့် အောက်တွ၍် ရှီမာယူယူသည် အပြစ်ရှိသလိုခံစားရသည်။ သူမ ပြုံးလိုက်သည် “ကျွန်မအကောင်းဆုံး ကြိုးစားမှာပါ ဒါပေမဲ့ ရလဒ်ကိုတော့ အာမမခံနိုင်ဘူး”

“ကျွန်မတို့က မိန်းကလေးယူယူအကြောင်းကို သိထားကြပါတယ်၊ ဒီလို ပြောမှတော့ ပြဿနာမရှိနိုင်ပါဘူး” တခြားအစေခံမိန်းကလေးသည် ပြုံးပြီး ပြောလေသည်။

ရှီမာယူယူ ပြုံးလိုက်သည်။ သို့သော် သူမ စကားကိုဆက်မပြောတော့ပေ။

အစေခံမိန်းကလေးနှစ်ယောက်သည် သူတို့ကို ခြံဝန်းဆီသို့လိုက်ပို့ပြီး နောက် ပြန်သွားကြသည်။ သူတို့သည် ကိုယ့်ဘာသာပင် နေရန်အိမ်ရွေးလိုက် ပြီးသည်နှင့် ကျန်းကျူးရှန့်၏ နေရာတွင် စုလိုက်ကြသည်။

ရှီမာယူယူသည် ကျန်းကျူးရှန့်ကို အပ်စိုက်ပေးပြီး ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် ဘေးမှကြည့်ကြသည်။ သူတို့သည် အကြိမ်ပေါင်းများ စွာ မြင်ဖူးသော်လည်း အပ်များဖြင့်ပြည့်နေသော ကျန်းကျူးရှန့်၏ ခေါင်းကို မည်သည့်အခါတိုင်းတွင် ကြက်သီးများထရသည်။

ရှီမာယူယူ ကုသပြီးနောက် ကျန်းကျူးရှန့်၏ အခြေအနေသည် ကောင်းမွန်တိုးတက်လာသည်။ အနည်းဆုံးတော့ သူသည် နေရာတကာတွင် အိပ်မပျော်တော့ပေ။ အိပ်ပြီးနောက်တွင်လည်း သူ၏ စိတ်အခြေနေသည် ပို ကောင်းလာသည်။ အရင်ကလို နိုးပြီးလျှင်လည်း ပြန်အိပ်ပျော်သွားခြင်းမရှိ တော့ပေ။

သို့သော် အချိန်အများစုတွင်တော့ အိပ်နေတုန်းပင်။

ရှီမာယူယူ အပ်စိုက်ကုထုံးဖြင့် ကုပြီးသည်နှင့် ဆေးတချို့ထုတ်ကာ သူ့ ကိုကျွေးလိုက်သည်။ ထိုအခါမှပင် ဟန့်မြောင်ရွှမ်တို့ စကားစပြောကြသည်။

“ဂျူနီယာညီမလေး ရွှမ်ချုံးဟော်ကို ကုဖို့ကဘယ်အချိန်စချင်တာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

ရွှမ်ချုံးဟော်ကို ကုသရန်စတင်သည်နှင့် ကျန်းကျူးရှန့်ကိုပါ ကုသရပါက သူမ ပိုပင်ပန်းမည်ကို သူတို့ စိုးရိမ်နေကြသည်။

“သူတို့က ရွှမ်ချုံးဟော်ကို ကုသဖို့ စခိုင်းသေးမှာမဟုတ်ဘူးလို့ တွေးနေ တာ” ရှီမာယူယူသည် ပြောရင်းနှင့် စားပွဲဆီသို့သွဦးကာ လက်ဖက်ရည်ငှဲ့လိုက် သည်။

“ဘာလို့လဲ”

“ရွှမ်ချုံးဟော်ရဲ့ အခြေနေကဒီလိုဖြစ်နေတာလေ၊ ဒါပေမဲ့ ရွှမ်ချုံးမျိုးနွယ် က သူ့ကိုသခင်လေးအဖြစ်စဉ်းစားနေတုန်းပဲ၊ ဆိုလိုတာက သူကမျိုးနွယ်မှာ ရာထူးမြင့်ပြီး တန်ဖိုးရှိတယ်၊ သူ့ကိုရတနာမျိုးကို အောင်မြင်မှုရာခိုင်နှုန်းမများ ဘဲနဲ့တော့ စွန့်စားမှာမဟုတ်ဘူး” ရှီမာယူယူ ယုံကြည်မှုရှိရှိပြောလိုက်သည်။

“ဒီလိုအချိန်ရောက်တာတောင် ရွှမ်ချုံးဟော်ကို ကုသခိုင်းဖို့ကို မဆုံးဖြတ် ရသေးဘူးလို့ပြောချင်တာလား” ဟန့်မြောင်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် သူတို့၏ မယုံကြည်မှုကို စိတ်ဆိုးနေသည်။

“စာမေးပွဲလိုမျိုး စစ်ဆေးတာတွေရှိလောက်တယ်” ရှီမာယူယူ ခန့်မှန်းမိ သည် “ဒါပေမဲ့ အဲဒါလည်းကောင်းတာပဲ အခုကစီနီယာအစ်ကိုကြီးရဲ့ ကုသမှု အရေးကြီးတဲ့အချိန်ဖြစ်နေတာ နောက်ဆိုရင်ပိုအာရုံစိုက်လို့ရတာပေါ့”

“ဂျူနီယာညီမလေး ရွှမ်ချုံးမျိုးနွယ်က ရွှမ်ချုံးဟော်ကို သေချာပေါက် ကုခိုင်းခဲ့မှာပဲ ရလဒ်မထွက်လာလို့ပဲဖြစ်မှာ၊ သူ့ကိုအောင်မြင်အောင် ကုဖို့ အတွက် ယုံကြည်မှုရှိလား” စူးရှောင်ရှောင် စိုးရိမ်နေသည်။

“စီနီယာအစ်ကို တကယ်တော့ ရွှမ်ချုံးဟော်ရဲ့ အခြေအနေက မရှုပ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေ ဘာမှမတတ်နိုင်တာက အဲဒီဟာကို ဘာမှမလုပ်နိုင်လို့ပါ”

“အဲဟာဟုတ်လား”

“အင်း အဲဟာက ရွှမ်ချုံးဟော်ရဲ့ ဦးနှောက်ထဲမှာ ချိပ်ပိတ်ထားတာ၊ အဲဟာ ကပဲ သူ့ရဲ့အာရုံကြောတွေကို ဖိနှိပ်ထားတာ၊ အဲဒါကြောင့် သူလမ်းမလျှောက် နိုင် မမြင်နိုင်တာပဲ၊ အဲဒီအရာကို သေးအောင်လုပ်လိုက်လို့ သူ့အာရုံကြောတွေ မဖိတော့ဘူးဆိုရင် သူသေချာပေါက် ပြန်ကောင်းမှာ” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ သူ့အာရုံကြောတွေက ဖိနှိပ်ခံထားရတာ အရမ်းကြာနေတော့ ဒဏ်ဖြစ်နေပြီ၊ အဲဒါကိုကုပြီးမှပဲ လုံးဝပြန်ကောင်းလိမ့်မယ်၊ အဲဒါကြောင့် အမြင် အာရုံပြန်ရပြီး လမ်းလျှောက်နိုင်ဖို့ဆိုရင် အချိန်နည်းနည်းလိုလိမ့်မယ်”

“အဲလိုမျိုးတွေ အများကြီးလုပ်ရမှာ ဂျူနီယာညီမလေး လုပ်နိုင်ဖို့ အာမခံ နိုင်လား”

***

All Chapters