စမ်းသပ်ခြင်း
Vol. 112 Ch. 1567
“၈၀ ရာခိုင်နှုန်း” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
အောင်မြင်မှု ၈၀ ရာခိုင်နှုန်း… ဆိုလိုသည်မှာ ထိုစဉ်က သူမသည် အောင်မြင်မှု ၈၀ ရာခိုင်နှုန်းကို ရွှမ်ချုံးဟော်ကို ပြောပြီးကာ ထိုအောင်မြင်မှုနှုန်း သည် ထိုချိပ်ကိုကိုင်တယ်ရန် သူမ၏ အခြေခံအရည်အချင်းပေါ်မူတည်နေသည် ဟုဆိုလိုသည်။ သူမသာ ထိုအရာကိုကိုင်တွယ်နိုင်သရွေ့ သူ့စိတ်ကိုကုစားရန် အောင်မြင်မှုရာနှုန်းပြည့်ရှိသည်။
“ရာနှုန်းပြည့်မဟုတ်ပေမဲ့ ဂျူနီယာညီမလေးရဲ့ အောင်မြင်မှု ၈၀ ရာခိုင် နှုန်းက သူများတွေရဲ့ ၁၀၀ ရာခိုင်နှုန်းနဲ့ညီမယ်လို့ခံစားရတယ်” ဟန့်မြောင်ရွှမ် သည် သူမကို ထိုအဆင့်ထိယုံကြသည်။
“ဒါပေမဲ့ ဂျူနီယာညီမလေး အဲအချိန်ရောက်လို့ သူတို့စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ” စူးရှောင်ရှောင်မေးလိုက်သည်။
“သူတို့ စိတ်ပြောင်းသွားရင် သေချာပေါက် ပြန်ပေးဆပ်ခိုင်းရမှာပေါ့၊ ဒါပေမဲ့ ညီမတော့ ဘယ်လိုပဲဖြစ်ဖြစ် အံ့ဖွယ်ဆေးကိုရမှဖြစ်မယ်” ရှီမာယူယူ၏ သဘောထားမှာ ခိုင်မာနေသည်။ သူတို့သည် ရွှမ်ချုံးဟော်ကို ကုသပေးသည့် အဖိုးအခအနေနှင့် အံ့ဖွယ်ဆေးကိုပေးမည်ဟု ကတိပေးခဲ့ရာ သူတို့သာ စကား ပြန်ရုတ်သိမ်းပါက သူမနည်းလမ်းနှင့် သူမ အံ့ဖွယ်ဆေးကိုရအောင်ယူမည်ဖြစ် သည်။ သူတို့ ထိုအကျိုးဆက်ကို ကိုင်တွယ်နိုင်မလားကို သူမ မသိရုံသာဖြစ် သည်။
ရှီမာယူယူ ခန့်မှန်းထားသလိုပင် ရွှမ်ချုံးမျိုးနွယ်ဝင်များသည် သူမကို ချက်ချင်းမခေါ်ပေ။ သူမကို ခြံဝန်းငယ်တွင် နေခိုင်းထားပြီး ရှီမာယူယူသည် စီနီယာဖြစ်သူကို ကုသပေးနေသည်ကိုသိပြီး သူမ ကုသပြီးမှပင် ပြန်ပြောကြရန် ပြောလေသည်။
သူမ အလုပ်နှစ်လုပ် မလုပ်ရန် ဆိုလိုသည်မှာ သိသာနေသည်။
သူတို့ ထိုအရာကို အစကတည်းက ခန့်မှန်းပြီးသားဖြစ်သဖြင့် ရှီမာယူယူ တို့သည် စိတ်ထဲမထားတော့ပေ။ သူတို့သာ ရွှမ်ချုံးဟော်၏ ရောဂါကို အလွယ် တကူကုသခွင့်ပေးလိုက်ပါက အမှန်တကယ်ပင် စိုးရိမ်ဖွယ်ရာဖြစ်နိုင်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့သည် ရွှမ်ချုံးမျိုးနွယ်တွင် နေနေသည် မှာ ၁၀ ရက်တာကြာသွားပြီဖြစ်သည်။ ထိုအချိန်အတွင်းတွင် ရွှမ်ချုံးဟော်သည် နေ့စဉ်ရောက်လာကာ ရှီမာယူယူနှင့် စကားပြောခြင်း သို့မဟုတ် မျိုးနွယ်အား လှည့်ပတ်ပြပေးလေသည်။
သူ၏မျိုးနွယ်ဝင်များနှင့် သူမကို ခေါ်သွားမတွေ့ပေးနိုင်သည့် အချက်ကို ရွှမ်ချုံးဟော်သည် အလွန်အားနာစွာဖြင့် ပြောလေသည် “ငါထွက်သွားတုန်းက အမေကလည်း မျိုးနွယ်ကိစ္စကြောင့် အပြင်ကိုထွက်သွားခဲ့တယ်”
မျိုးနွယ်ခေါင်းဆောင်လည်း မရှိသောကြောင့် တခြားသူများသည် သူမ အစားဆုံးဖြတ်ချက် မချပေးနိုင်သဖြင့် သူတို့ ထိုကိစ္စနှောင့်နှေးနေခြင်းဖြစ် သည်။
သူမ စိတ်ထဲမရှိပါဟု ရှီမာယူယူ ပြောရသည်။ သူမသည်လည်း ကျန်းကျူရှန့်ကို ကုသရန် အချိန်လိုသေးသည်။ ထို့ကြောင့် သူမသည် ကျန်းကျူးရှန့်ကိစ္စကို နောက်ဆုတ်ထားကာ ရွှမ်ချုံးဟော်၏ ရောဂါပြန်ကောင်း လာရန် ကုသမည်ဖြစ်သည်။
ထိုနေ့တွင် ရှီမာယူယူသည် ကျန်းကျူးရှန့်ကို အပ်စိုက်ကုသပြီး၍ သူအိပ် နေသည်ကို စောင်ခြုံပေးပြီးချိန်တွင် စူးရှောင်ရှောင်ဝင်လာကာ ရွှမ်ချုံးမျိုးနွယ် များရောက်လာသည်ဟု ပြောလေသည်။
“စီနီယာအစ်မက စီနီယာအစ်ကိုကြီးကို ဆေးတိုက်လိမ့်မယ် ဒီမှာနေပြီး စီနီယာအစ်ကိုကြီးကို ဂရုစိုက်ပေးပါ” ရှီမာယူယူသည် စူးရှောင်ရှောင်ကို ပြော လိုက်သည်။
ကျန်းကျူးရှန့်သည် အပ်စိုက်ပြီးသည်နှင့် အချိန်တစ်ခုကြာအောင် အိပ် သည်။ ထိုအရာသည် သူ့အတွက်ကောင်းကာ သူ့ဘာသာ သဘာဝကျကျပင် နိုး ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ရှီမာယူယူ ပြောခဲ့သည်။ သူ့ကိုနှိုင်းလိုက် ပါက အကျိုးလျော့သွားနိုင်သည်။
စူးရှောင်ရှောင်သည် ခေါင်းညိတ်ကာ စားပွဲဘေးတွင် ထိုင်လိုက်သည်။ ထို့နောက်တွင် ရှီမာယူယူ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။
ခြံဝန်းအပြင်တွင် အိမ်ထောင်သည်ဆံထုံးကဲ့သို့ ထုံးဖွဲ့ထားသော အမျိုးသမီးကြီးတစ်ယောက် ရပ်နေသည်။ ထိုအမျိုးသမီးသည် လှုပ်ရှားသံကြား သည်နှင့် လှည့်ကြည့်လိုက်ရာ ရှီမာယူယူကို မြင်လေသည်။ သူမသည် အသာ အယာပင်ပြုံးလိုက်ရာ ရှီမာယူယူ ဆိုရိုးစကားကိုအမှတ်ရသွားသည်။
အချိန်ကုန်ဆုံးသွားသော်လည်း အမှတ်တရများမှာ အရင်အတိုင်းပင်…
ထိုအမျိုးသမီးသည် လှပလွန်းသည်တော့မဟုတ်ပေ။ သို့သော် သူမသည် နူးညံ့ပြီး သန့်စင်သည့် ခံစားချက်ကိုပေးစွမ်းသည်။ သူမကို ကြည့်လိုက်ရင် ကြည့်သူ၏ ရင်ကိုအေးချမ်းစေသည်။
သို့သော် ဖန်ရူယန်ကဲ့သို့ လူမျိုးကိုတွေ့ပြီးနောက် ထိုအမျိုးသမီးကြီးကို တွေ့လိုက်ချိန်တွင် ရှီမာယူယူအံ့ဩသွားရုံသာဖြစ်သည်။
“မင်းက မိန်းကလေးယူယူဖြစ်မယ်၊ ငါက ဟော်အာရဲ့အမေပါ” စွန်းယွိဝေ့ သည် ရှီမာယူယူအား နူးညံ့စွာပြုံးပြလေသည်။
ရှီမာယူယူသည် ရှေ့နှစ်လှမ်းတိုးကာ စွန်းယွိဝေ့အား အရိုအသေပေးပြီး နောက် ပြောလိုက်သည် “ယူယူ အဒေါ့်ကိုနှုတ်ဆက်ပါတယ်”
တစ်ချိန်တည်းမှာပင် ရွှမ်ချုံးဟော် ထာဝရရှင်သန်သူကဲ့သို့ ခံစားရခြင်း၏ အကြောင်းအရင်းကို သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ တကယ်ပဲ အမွေရ ထားတာပဲ။
စွန်းယွိဝေ့သည် ရှေ့တိုးကာ သူမကိုထူပြီး ပြောလိုက်သည် “ငါ လွန်ခဲ့တဲ့ ရက်ပိုင်းကထွက်သွားခဲ့တာ ဒီနေ့မှပဲပြန်လာနိုင်တော့တယ်၊ မိန်းကလေး ရောက်နေတယ်လို့ကြားတာနဲ့ လာကြည့်တာပါ”
“ကျွန်မက အဒေါ့်ကိုအရင်လာတွေ့ရမှာကို ဘယ်လိုလုပ် ကျွန်မကိုလာ တွေ့ခိုင်းရမှာလဲ” ရှီမာယူယူသည် ရှက်ရွံ့စွာဖြင့် ရယ်မောလေသည်။
စွန်းယွိဝေ့သည် ရှီမာယူယူကို ချီးကျူးမသိသည်။ သူမ အကြည့်သည် ရှီမာယူယူကို နေရခက်စေသည်။
“မင်းရဲ့ ဆေးပညာကို ယုံတယ်လို့ ဟော်အာပြောတယ် အဲဒါကြောင့် ငါ လည်း မင်းကို ယုံဖို့ကိုရွေးလိုက်တယ်”
“အဒေါ် ကျွန်မကို ပြောချင်တာများရှိလို့လား” ရှီမာယူယူ ပြောလိုက် သည်။
သူမကဲ့သို့လူများသည် ‘ဒါပေမဲ့’ ဆိုသည်၏ နောက်ကွယ်တွင် ဖုံးကွယ် ထားသည့်အရာ ရှိစမြဲပင်။
“ဒီလိုပါ… ငါ့ဘေးက အစေခံမိန်းကလေးက သူမငယ်ငယ်ကတည်းက ငါ့ ကိုအဖော်ပြုပေးလာတာ နောက်တော့ သူမက ဟော်အာကို ဂရုစိုက်ပေးလာ တာ၊ သူမက အရင်တုန်းက ဒဏ်ရာရခဲ့လို့ နာမည်တပ်လို့မရတဲ့ ရောဂါခံစားနေ ရတယ် သူမကိုလိုက်ကြည့်ဖို့ ဖိတ်ချင်လို့ပါ” စွန်းယွိဝေ့သည် အနည်းငယ် အားနာစွာဖြင့် ပြောလေသည်။
တည့်တိုးမပြောသော်လည်း ရွှမ်ချုံးဟော်သည် သူမကို မျက်စိကျနေ သည်။ သူမသည် ရှီမာယူယူအကြောင်းကို မသိပေ။ ထို့ကြောင့် သူမလက်ထဲသို့ သူ့ကို ဒီအတိုင်း မထည့်ပေးလိုက်နိုင်ပေ။
စွန်းယွိဝေ့ ပြောပြီးသည်နှင့် အမျိုးသမီးတစ်ယောက်သည် သူမနောက်မှ ထွက်လာသည်။ သူမသည် ရှီမာယူယူကို အသာအယာဦးညွှတ်လေသည်။
သူမနှင့် အတူကြီးပြင်းခဲ့သည်ဟု စွန်းယွိဝေ့ပြောခဲ့သည်။ ဆိုလိုသည်မှာ သူမသည် စွန်းယွိဝေ့နှင့် သက်တူရွယ်တူဖြစ်သည်ကို ပြနေသည်။ သို့သော် သူမ မျက်နှာမှာ အရေးအကြောင်းများပြည့်နေကာ ဆံပင်မှာလည်း ငွေရောင်ဖြစ်နေ သည်။ သူမသည် အသက်အရွယ်ကြီးသော အစေခံအိုကြီးပုံစံပေါက်နေသည်။
စွန်းယွိဝေ့ ပြောထားခြင်းကြောင့်သာမဟုတ်လျှင် သူတို့ အသက်တူသည် ဟု တွေးကြည့်ရန်ခက်သည်။
“သူမ အရင်လိုပုံစံမျိုးအထိ ပြန်ကောင်းဖို့ကိုတော့ မမျှော်လင့်ပါဘူး သူမ ခန္ဓာကိုယ်ပြန်ကောင်းပြီး ငါ့ကိုနောက်နှစ်နည်းနည်းလောက် ထပ်ပြီးအဖော်ပြု ပေးနိုင်မယ်ဆိုရင် လောက်ပါပြီ” စွန်းယွိဝေ့သည် ရှီမာယူယူ အာရုံစူးစိုက်နေ သည်ကို မြင်သည်နှင့် ပြောလေသည်။
ရှီမာယူယူသည် မည်သည့်အရာကိုမှ ချက်ချင်းကတိမပေးဘဲ ပြောလိုက် သည် “အဒေါ် သူမကိုအရင်စမ်းသပ်ကြည့်ပြီးမှ အဖြေပြန်ပေးပါမယ်”
“ဒါဆိုလည်း သူမကိုကြည့်ပေးဖို့ မင်းကိုဒုက္ခပေးမိပြီ” စွန်းယွိဝေ့သည် ခေါင်းညိတ်ပြလေသည်။ သူမသည် မောက်မာခြင်း စိတ်မရှည်ခြင်းများမရှိဘဲ သူမနှင့် သက်တူရွယ်တူလူ တော်တော်များများထက် သာသည်
“အဒေါ် ကျွန်မနဲ့လိုက်ခဲ့ပေးပါ”
ရှီမာယူယူသည် သူတို့ကို ဧည့်ခန်းဆောင်သို့ဦးဆောင်သွားပြီး အစေခံ အမျိုးသမီးကို ထိုင်ခိုင်းလိုက်သည်။ သူမသည် ခန္ဓာကိုယ်ကို စမ်းသပ်လိုက် သည်။
အစေခံအမျိုးသမီး၏ ခန္ဓာကိုယ်ကို စမ်းသပ်ပြီးနောက် ‘ဒါကြောင့်ကိုး’ ဟု သူမ ရေရွတ်မိသည်။ လျှို့ဝှက်မိသားစုပင် ခိုကိုးရာမဲ့ဖြစ်စေသည်မှာ သေးငယ် သောကိစ္စတော့မဟုတ်ပေ။
“ဒီအဒေါ်ရဲ့ နာမည်တပ်လို့မရတဲ့ ရောဂါက နှစ်ပေါင်းရာချီသူမဆီမှာ အမြစ်တွယ်နေပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒီနှစ်တွေမှာ အဒေါ်က သူမ အသက်ကယ်ဖို့အတွက် ဆေးအမျိုးမျိုးသုံးခဲ့တာပဲ ဒါပေမဲ့ အဲလိုဆိုရင်တောင် ဒီကအဒေါ်က ၂ နှစ်တောင်မနေရတော့ဘူး”
“အမှန်ပဲ ဘာလို့လဲဆိုတော့ သူမက ငါ့ကိုကယ်ခဲ့တာ” ထိုစကား ပြောလိုက်ချိန်တွင် စွန်းယွိဝေ့၏ မျက်လုံးများသည် ရီဝေနေသည်။
သို့သော် သူမကို အံ့ဩစေသည်မှာ ရှီမာယူယူ၏ ဆေးပညာသည် အလွန် အားကောင်းလှသည်ကိုဖြစ်သည်။
မျိုးနွယ်၏ သမားတော်များလည်း ထိုအစေခံအမျိုးသမီး နေရတော့မည် မှာ ၂ နှစ်ပင်မကျန်တော့ဟု ပြောခဲ့သည်။
အစတွင် ရှီမာယူယူ သူမရောဂါကို ကုသနိုင်လိမ့်မည်ဟု စွန်းယွိဝေ့ ထင် မထားပေ။ ထို့အပြင် သူမတွင် မျှော်လင့်ချက်မရှိတော့သည်ကို သူတို့မျိုးနွယ်မှ သမားတော်များ ရှင်းလင်းသေချာစွာ ပြောခဲ့သည်။ သူမသည် ရှီမာယူယူ၏ ရောဂါလက္ခဏာခွဲခြားနိုင်သည့် အရည်အချင်းကို သိချင်ရုံသာဖြစ်သည်။
သူမ မထင်ထားသည်မှာ ရှီမာယူယူသည် လက်သွေးကြော်ကို စမ်းသပ်ရုံ နှင့်တင် အခြေအနေတစ်လုံးကို အဖြေရှာနိုင်သည်။ သူမ၏ ဆေးပညာသည် အနည်းဆုံးတော့ သူတို့ မျိုးနွယ်သမားတော်များအောက် မလျော့နိုင်ပေ။
တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲတွင် မျှော်လင့်ချက် အရိပ်အယောင် ခပ်မျှင်းမျှင်းပေါ်လာသည်။ သူမသည် ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “ယူယူ သူမအခြေအနေကို ကြည့်ပေးပါဦး ကယ်လို့ရနိုင်မလား”
“နည်းလမ်းမရှိတာတော့ဟုတ်ဘူး နည်းနည်းပြဿနာရှိတာပဲရှိတယ် ပြီးတော့ ကုန်ကျစရိတ်လည်းများလိမ့်မယ်၊ ပြီးတော့ သူမ အရင်ပုံစံကို ပြန်ရဖို့ အတွက် ခက်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်.
ရှီမာယူယူ မြင်ရပုံမျာ ထိုအစေခံအမျိုးသမီးကြီး၏ ခန္ဓာကိုယ်ကို သစ်သား အပေါက်ကိုမြင်နေရသလိုပင်။ မည်သို့ပင် ဖြည့်စေကာမူ ပြန်ထွက်မည်သာဖြစ် သည်။
သူမသာ ကုသရမည်ဆိုလျှင် ဆေးဖက်ဝင်ပစ္စည်းလိုအပ်ချက်မှာ မလွယ်ကူလှပေ။
စွန်းယွိဝေ့၏ မျက်လုံးမှာ တောက်ပသွားသည် “သူမကို ကုပေးပါ ဘယ်လောက်ပဲကုန်ကုန် သူမကိုကုပေးပါ ယူယူဘာလုပ်ဖို့လိုတာလဲ”
***