စမ်းသပ်ခြင်း ၂
Vol. 112 Ch. 1568
ထိုအချက်တွင် စွန်းယွိဝေ့၏ ရည်ရွယ်ချက်မှာ အတုအစစ်ကို ရှီမာယူယူ ဂရုမစိုက်တော့ပေ။ သူတို့က သူမအရည်အချင်းကို စမ်းသပ်ချင်မှတော့ ဖုံးကွယ် ဖို့အကြောင်းအရင်းမရှိတော့ဘူး။ သူမသည် လိုအပ်မည့်အရာများကို စာရင်း ပြင်ဆင်ပြီး စွန်းယွိဝေ့ကိုပေးလိုက်သည်။
စွန်းယွိဝေ့သည် သူမ ပြင်ဆင်ပေးသည့် စာရင်းကိုကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ ဘေးမှမိန်းကလေးကို ပေးပြီး ပြင်ဆင်ခိုင်း လိုက်သည်။
“အဒေါ် ဒီအမျိုးသမီးကြီးရဲ့ခန္ဓာကိုယ်က လိုအပ်ချက်များတယ်၊ သူမကို သုံးလေးရက်လောက် အပ်စိုက်ကုပြီးမှ ကုသမှုစလို့ရမယ်” ရှီမာယူယူ ပြော ပြောလိုက်သည်။
“ကောင်းပြီ မင်းလိုအပ်တဲ့ ပါဝင်ဆေးပစ္စည်းတွေက မျိုးနွယ်မှာမရှိတာ တွေပါတာ မြင်လိုက်ရတယ်၊ အဲဒါတွေရဖို့ဆိုရင် အချိန်နည်းနည်းလိုဦးမယ်၊ အဲအချိန်အတွင်းကို သူမခန္ဓာကိုယ်ကို အပ်စိုက်ဖို့ မင်းကိုပဲဒုက္ခပေးရတော့မယ်” စွန်းယွိဝေ့သည် ပြုံးပြီးပြောလေသည်။
ရှီမာယူယူ သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ အပ်စိုက် ကုထုံးတစ်ခုသာဖြစ်ကာ နောက်ဆုံးကုသမှုလည်းမဟုတ်ပေ။ သူမသည် ထိုအကြောင်းကို များများစားစား စဉ်းစားရန်မလိုပေ။
သူမလိုချင်သည့် ရလဒ်ကိုရပြီးနောက် စွန်းယွိဝေ့သည် မတ်တတ်ရပ်ကာ နှုတ်ဆက်စကားပြောလေသည်။ သူတို့ထွက်သွားပြီးနောက် စူးရှောင်ရှောင် လျှောက်ဝင်လာပြီး မေးလေသည် “သူတို့က မင်းကိုစမ်းသပ်ဖို့လာကြတာလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သူတို့က ကသိကအောက်ဖြစ်စေတဲ့ ရောဂါရှိတဲ့လူကိုလွှတ်လိုက်တာ”
စူးရှောင်ရှောင် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “မင်းယုံကြည်မှုရှိ လား”
“သူမက ဒဏ်ရာရပြီးကတည်းက ပြန်မကောင်းလာတာပဲရှိတာ၊ သူတို့ သာ လိုတဲ့ပါဝင်ဆေးပစ္စည်းတွေ ပြင်ဆင်နိုင်ရင်တော့ သူမကိုကုလို့ရနိုင်တယ်၊ သူတို့ ဆေးပစ္စည်းတွေ မပြည့်စုံဘူးဆိုရင်တော့ ညီမနဲ့ဘာမှမဆိုင်တော့ဘူး” ရှီမာယူယူသည် ပခုံးတွန့်လိုက်သည်။ သူမသည် စိုးရိမ်မှုတစိုးတစိမျှမရှိပေ။
ရှီမာယူယူ ယုံကြည်ချက်ရှိနေသည်ကို စူးရှောင်ရှောင်မြင်သောအခါ ဘာမှထပ်မပြောတော့ပေ။
လတစ်ဝက်ကြာပြီးနောက်တွင် ပါဝင်ဆေးပစ္စည်းများ ပြင်ဆင်ထားပြီဟု စွန်းယွိဝေ့လူများမှ ရှီမာယူယူကို ပြောကာ လာရန်ဖိတ်ကြားလေသည်။
ရှီမာယူယူသည် အစေခံမိန်းကလေးနောက်မှ ခမ်းနားသော ခြံဝန်းဆီသို့ လိုက်သွားလိုက်သည်။ သူမ လျှောက်ဝင်လာသည်နှင့် ခြံဝန်းသည် တော်ဝင် အိမ်တော်များထက်ပင် စွဲမက်ဖွယ်ကောင်းသည်ဟု မတတ်သာဘဲ စိတ်မှ ရေရွတ်မိတော့သည်။ ရွှမ်ချုံးမျိုးနွယ်က တကယ်ပဲ ဝန်လေးအောင်လုပ်နေတာ ပဲ။
အစေခံမိန်းကလေးသည် သူမကို ခန်းမဆီသို့ ဦးဆောင်ခေါ်သွားသည်။ သူမ ဝင်လိုက်ချိန်တွင် စွန်းယွိဝေ့နှင့် အစေခံအမျိုးသမီးအပြင် အဖြူရောင်ဝတ် ထားသော အသက်အရွယ်မျိုးစုံလူတစ်စုပါရှိနေကြောင်း သိလိုက်ရသည်။
ထိုသမားတော်များသည် ရှီမာယူယူကို ကြည့်နေကြသည်။
စွန်းယွိဝေ့သည် ရှီမာယူယူအရိုအသေပေးသည်ကိုကြည့်ပြီး လက်ကို ဝှေ့ယမ်းကာ ပြုံးနေသည် “သူတို့တွေက ငါတို့မျိုးနွယ်က သမားတော်တွေပဲ၊ မင်းရဲ့ ကုသမှုကိုကြည့်ပြီး သင်ယူနိုင်ဖို့မျှော်လင့်ထားကြတယ် အဲဒါကြောင့် သူတို့ရောက်လာကြတာ”
ရှီမာယူယူသည် သင်ယူမည်ဆိုသည့် ကဏ္ဍတစ်ခုတည်းမဟုတ်သည်ကို နားလည်ထားသည်။ နောက်အကြောင်းအရင်းတစ်ခုမှာ သူမကို စောင့်ကြည့် လိုသောကြောင့်ဖြစ်သည်။ ထိုလူများသည် စွန်းယွိဝေ့၏ စိတ်ထဲတွင် မြင့်မား စွာနေရာယူထားကြသည်နှင့်တူသည်။
သူမသည် စွန်းယွိဝေ့အား အခက်တွေ့စွာဖြင့် ကြည့်လိုက်သည် “ကျွန်မ က ဆန္ဒမရှိတာတော့မဟုတ်ပါဘူး ဒါပေမဲ့ အပ်စိုက်ကုထုံးနဲ့ကုဖို့ဆိုင် သူမ အင်္ကျီတွေကို ချွတ်ပစ်ရမယ်၊ ယောက်ျားသားတွေရှိနေရင် မကောင်းဘူးလေ ဟုတ်တယ်မလား အမျိုးသမီးသမားတော်ရှိရင်တော့ နေလို့ရပါတယ်”
အစပိုင်းတွင် သမားတော်များသည် ဒေါသထွက်နေသေးသည်။ သို့သော် သူမ နောက်ဆုံးပြောလိုက်သောစကားကြောင့် စကားများကို ပြန်မျိုသိပ်လိုက် ရတော့သည်။
သူတို့က မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုတောင် ကြည့်မရတော့ ဘူးလား။ ဒါပေမဲ့ အမျိုးသမီးသမားတော် နေခဲ့နိုင်တယ်လို့ပြောတော့လည်း ဒါ သူတို့ကိုရှောင်တာပဲလေ။
ရွှမ်ချုံးမျိုးနွယ်တွင် အမျိုးသမီးသမားတော် နှစ်ယောက်ရှိနေသည်။
စွန်းယွိဝေ့သည် ရှီမာယူယူသည် အပ်စိုက်ကုထုံးကိုကြားဖူးပြီးသားဖြစ် သည်။ သူမ ထိုစကားကိုကြားသောအခါ တမင်အခက်တွေ့အောင်လုပ်သည်ဟု ခံစားမိသည်။ သို့သော် မထင်မှတ်စွာပင် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆိုလည်း ဒီမိန်းကလေးတွေကို ကြည့်ခိုင်းပေးပါ”
အစေခံမိန်းကလေးသည် သူတို့ကို ဘေးရှိအခန်းတစ်ခန်းသို့ ဦးဆောင် ခေါ်သွားပေးသည်။ အထဲတွင် နူးညံ့သော အိပ်ရာပြင်ဆင်ပေးထားပြီး ရှီမာယူယူသည် အစေခံအမျိုးသမီးကို လှဲအိပ်ခိုင်းလိုက်သည်။ ထို့နောက် သူမ အဝတ်ကို ကူချွတ်ပေးလိုက်သည်။
အစေခံအမျိုးသမီးသည် အစပိုင်းတွင် အနည်းငယ် သက်တောင့် သက်သာ မဖြစ်သော်လည်း သမားတော်တစ်ယောက်ရှေ့တွင် ခန္ဓာကိုယ်များ သည် အတူတူပင်ဖြစ်သည်ဟု သမားတော်များပြောနေကျပင်ဖြစ်သည်။ ခန္ဓာကိုယ်ကိုကုသခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည်။ ထို့ကြောင့် သူမ အဝတ်များကို ချွတ်လိုက်တော့သည်။
“စီနီယာနှစ်ယောက်… ကျွန်မလုပ်တာ ကြည့်ချင်တယ်ဆိုရင် ကျွန်မ ဘာပဲလုပ်လုပ် ဘာစကားတစ်ခွန်းမှမပြောပါနဲ့၊ ကြားထဲမှာ အာရုံလွတ်သွားရင် အကျိုးသက်ရောက်မှုကို သတိမပေးဘူးလို့မပြောပါနဲ့၊ ဒီအဒေါ်ရဲ့အသက်ကို ကာကွယ်နိုင်မလားဆိုတာ ရှင်တို့ရဲ့စွမ်းရည်ပေါ်မှာမူတည်နေပါတယ်” ရှီမာယူယူသည် သူတို့ကို သတိပေးစကားပြောပြီးနောက် အပ်များကိုထုတ် လိုက်သည်။
ထိုအမျိုးသမီးသမားတော် နှစ်ယောက်သည် အပြင်မှအပ်စိုက်ကုထုံး အကြောင်းကို ကြားဖူးပြီးသားဖြစ်သည်။ အရင်ကမမြင်ဖူးခဲ့သည်မှာတော့ နှမြောဖွယ်ကောင်းသည်။ ရှီမာယူယူ အပ်များထုတ်လိုက်သည်ကိုကြည့်ပြီး နှစ် ယောက်လုံးသည် စိတ်လှုပ်ရှားလာသည်။
သို့သော် စိတ်လှုပ်ရှားမှုသည် လျင်မြန်စွာပင် စိုးရိမ်စိတ်အဖြစ်ပြောင်း သွားလေသည်။ အကြောင်းမှာ ရှီမာယူယူသည် အပ်များကို လူ့ခန္ဓာကိုယ်၏ သေစေလောက်သော နေရာများသို့ ထိုးစိုက်လိုက်ခြင်းကြောင့်ပင်။ တစ် ယောက်မှာ အော်ပြီးတားမည်ပင် ဟန်ပြင်လိုက်သေးသည်။ သို့သော် နောက် တစ်ယောက်သည် တားလိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။
ရှီမာယူယူ၏ အရှိန်မှာမနှေးသော်လည်း သူမဘေးမှ နှစ်ယောက်ကို အာရုံ စိုက်ထားရသေးသည်။ သူမသည် သူတို့တုန့်ပြန်ချက်များအားလုံးကို မြင်လိုက် ရသည်။ သို့သော် သူမ အပ်စိုက်နေသည်ကို မနှောင့်ယှက်သရွေ့တော့ သူတို့ကို ဂရုမစိုက်ပေ။
နှစ်နာရီကြာပြီးနောက် ရှီမာယူယူ၏ အပ်စိုက်ကုသမှုမှာ ပြီးသွားလေ သည်။ သူမ နောက်ဆုံးအပ်ကို ထုတ်လိုက်ပြီးနောက်တွင် သူတို့ကိုညွှန်ကြား လိုက်သည် “သူမ အင်္ကျီတွေကို ကူဝတ်ပေးလိုက်ပါ”
သမားတော်နှစ်ယောက်မှ အင်္ကျီများကို ကူဝတ်ပေးရင်းနှင့် သွေးကြောကို ပါ စမ်းသပ်လိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်မိကြသည်။ သို့သော် သူတို့မျက်လုံးများမှာ အံ့ဩမှုများ အပြည့်ပင်။
သူမသည် အပ်စိုက်သည်မှာ တစ်ခါသာရှိသေးသော်လည်း ၃၀ ရာခိုင်နှုန်း ခန့် အခြေအနေတိုးတက်ခဲ့သည်။
ရှီမာယူယူသည် အပ်များကိုသိမ်းပြီးနောက် သူတို့နှစ်ယောက်ကိုပြော လိုက်သည် “ကျွန်မ ရလဒ်ကိုအဒေါ့်ကိုသွားပြောလိုက်ဦးမယ် ကျွန်မနဲ့လိုက်မှာ လား”
သူတို့နှစ်ယောက်လုံးသည် ထိုအရာများတွင် စိတ်မဝင်စားကြပေ။ သူတို့ သည် သူမ၏ ဆေးပညာကို စစ်ဆေးရန်လာကြသဖြင့် သူမ၏အခြေအနေကို သေချာပေါက် စစ်ကြည့်ရမည်ဖြစ်သည်။
“ဟုတ်ပြီလေ အတူသွားကြတာပေါ့”
သူမသည် ခန်းမဆီသို့ပြန်သွားရာ အကုန်ရှိနေဦးမည်ဟု ထင်မထားပေ။
“ယူယူ ဘယ်လိုနေလဲ” စွန်းယွိဝေ့သည် သူမအား စိုးရိမ်တကြီးမေးလေ သည်။
“လုပ်ငန်းစဉ်ကတော့ ချောချောမွေ့မွေ့ပါပဲ၊ သူမကို ဆေးကျွေးပြီးတော့ နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်လုပ်ဖို့လိုတော့တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် သူမအခြေအနေရော ဘယ်လိုလဲ” ထိုမေးခွန်းကို မေးလိုက်သူ မှာ သမားတော်ဖြစ်သည်။
“သူမအခြေအနေ ဘယ်လိုလဲဆိုတာ ကြည့်လို့ရပါတယ်” ရှီမာယူယူသည် သူတို့၏ စစ်ဆေးမေးမြန်းနေသော အကြည့်များကို လျစ်လျူရှုပြီး စွန်းယွိဝေ့ကို ကြည့်လိုက်သည် “အဒေါ် နောက်ထပ်အပ်စိုက်မှာက နောက်သုံးရက်အတွင်းပါ ကျွန်မပင်ပန်းနေလို့ အနားသွားယူလိုက်ပါဦးမယ်”
စွန်းယွိဝေ့သည် သူမ အသားအရေမကောင်းလှသည်ကို မြင်သဖြင့် ခေါင်းညိတ်လိုက်သည် “သွားနားလိုက်ပါဦး”
ရှီမာယူယူ ဦးညွှတ်ပြီးနောက် ပြန်လှည့်ထွက်သွားသည်။
ရှီမာယူယူ ထွက်သွားပြီးနောက် စွန်းယွိဝေ့သည် သမားတော် နှစ်ယောက်ကို အထဲမှအဖြစ်အပျက်များကို မေးမြန်းလေသည်။ သမားတော် နှစ်ယောက်သည် မြင်သမျှကို ပြန်ပြောပြလိုက်သည်။
ရှီမာယူယူ တစ်ကြိမ်သာအပ်စိုက်ပြီး တစ်ခါသောဆေးတိုက်ပြီး သော်လည်း သူမအခြေအနေမှာ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု ကြားပြီးနောက် တခြားသမားတော်များ မယုံကြပေ။
“ယုံတာမယုံတာကိုတာ့ အထဲဝင်ပြီးကြည့်ရင်သိလိမ့်မယ်” စွန်းယွိဝေ့ ပြောလိုက်သည်။
သမားတော်များအားလုံး မယုံချင်ကြမည်ဟု သူမ သတိမထားမိပေ။ သူတို့အားလုံးသည် အထဲသို့ပြေးဝင်ကာ သွေးကြောကို ကိုယ်တိုင်ပင် စမ်းသပ် ကြလေသည်။
“သူမက တကယ်ပဲ ၃၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းလာတာပဲ သူမရဲ့ လက်ရှိအခြေအနေအရဆိုရင် နောက်ထပ် နှစ်ဆယ်ဂဏန်းလောက်တော့ နေ လို့ရသေးတယ်”
“ကြည့်ရတာ အပ်စိုက်ကုထုံးက ငါတို့ကြားထားသလိုပဲ လျှို့ဝှက် ဆန်းကြယ်တဲ့ပုံပဲ”
“ဆိုလိုတာက ဒီကောင်မလေးက လူတွေကိုကုတဲ့နေရာမှာ အစွမ်းအစရှိ တယ်ပေါ့”
“အဲလိုပြောရမယ်ဆိုရင်လည်း အဲလိုပေါ့”
“အဲတော့ သခင်လေးရဲ့ရောဂါကိုကုဖို့အတွက် မျှော်လင့်ချက်ရှိပြီလို့ ပြော လိုက်တာလား”
“အပ်စိုက်ကုထုံးက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်၊ သူမ သင်ပေးချင်ပါ့ မလားဆိုတာ မသိဘူး၊ ဒီအပ်စိုက်ကုထုံးကိုသာ သင်လိုက်ရရင်…”
“သူမကို နောက်နေ့မှမေးကြည့်ရမဘ်”
ရှီမာယူယူသည် သူမ နေထိုင်သည့်ခြံဝန်းကို တိုက်ရိုက်ပြန်လာခဲ့လိုက် သည်။ သူမ၏ အပ်စိုက်ကုထုံးကို ထိုလူများ စိတ်ဝင်စားနေသည်ကို သူမ မသိ တော့ပေ။ သို့သော် ထိုကုထုံးကို သူတို့ရှေ့သုံးရသည်ကို နောင်တမရသည်ကို တော့သိသည်။
အံ့ဖွယ်ဆေး… သူမ ရမှဖြစ်မယ်။
***