← Chapters

တောင်ပိုင်းကန္တာရအတွင်းရှိအန္တရာယ်

Vol. 33 Ch. 636

တောင်ပိုင်းကန္တာရအတွင်းရှိအန္တရာယ်

Vol. 33 Ch. 636

ကောင်းကင်သခင်၏စကားများကိုကြားလျှင် အခြားကောင်းကင်သခင်များကလည်း ကန့်ကွက်ခြင်းမရှိကြဘဲ ကျန်းချန်ရွှမ်အား ကျေးဇူးတင်လိုက်ကြတော့သည်။

သူတို့သည် သူတို့အတွက်ကောင်းသောအရာကို သေချာသိသောသူများဖြစ်သည်။

သူတို့သည် ကျန်းချန်ရွှမ်က အစကတည်းကပင် နေရာ ၂၀၀ ပေးရန်ဆန္ဒရှိသည်အထိ ရက်ရောပြီးပြီဖြစ်ကြောင်း သိကြသည်။

ပြီးနောက် ထိုအုပ်စုကအချိန်အနည်းငယ်ခန့် စကားစမြည်ထပ်ပြောကြသည်။ ကောင်းကင်သခင် ကျီယန်မီးတောက်နှင့် အခြားသူများက အချိန်ဆွဲမနေတော့ဘဲ နှုတ်ဆက်စကားဆိုလိုက်ကြသည်။

သုံးရက်ကြာပြီးနောက်တွင်၊

ကျန်းမိသားစု၊ ကျီယန်နေနန်းတော်၊ ဓားဖုံးနန်းတော်၊ ရုန်ဟန်နန်းတော် နှင့် ပင်လယ်နက်စင်မြင့်မှ ကျင့်ကြံသူများက အစဉ်အတိုင်း စမ်းသပ်မြေထဲသို့ ဝင်ကြသည်။

စည်းမျဉ်းများအရ စမ်းသပ်မြေဖွင့်တိုင်း တစ်လခန့်ကြာမည်ဖြစ်သည်။

ထိုတစ်လအတွင်း အတွင်းသို့ဝင်သောသူများက သူတို့ကိုယ်တိုင်အပေါ်မူတည်၍ ရလဒ်များ ရရှိလာမည် ဖြစ်သည်။

ထိုစမ်းသပ်မြေက တကယ်ပင် ရှေးခေတ်က ကျင့်ကြံသူများအား ပျိုးထောင်ပေးရာတွင် အသုံးပြုလေ့ရှိသည့်နေရာ ဖြစ်ပေသည်။

ထိုစမ်းသပ်မြေပိတ်သွားသည်နှင့် အတွင်းသို့ဝင်သောသူအားလုံးက ကောင်းမွန်သောအကျိုးကျေးဇူးများကို ရရှိလိမ့်မည်။

ပါဝင်သူများထဲမှ ၃၀ရာခိုင်နှုန်းခန့်ကအဆင့်တက်နိုင်ခဲ့ပြီး အခြေခံအားကောင်းမွန်စွာ မစုဆောင်းရသေးသည့်သူ များသည်လည်း နည်းလမ်းသစ်များအားဖမ်းဆုပ်နိုင်ခဲ့ပြီး နတ်ဘုရားစွမ်းအားများတိုးတက်လာသည်။

အချုပ်အားဖြင့် ထိုစမ်းသပ်မြေသို့ဝင်သွားသောသူများက ထွက်လာလျှင် ထိုခရီးက တကယ်ပင် အလကားမဖြစ်ကြောင်း ခံစားကြရမည်ဖြစ်သည်။

ထို့နောက် ထိုအချိန်တွင်ပင် ကျန်းမိသားစုက ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်း ကိုတူးဖော်ကြရာ၌ သူတို့သည် ရုတ်တရက် ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ နက်ရှိုင်းသည့်နေရာတွင် အဆင့် ၆ ဝိညာဉ်ကြောကို မြုပ်နှံထားပုံရကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။

ထိုသတင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ထိတ်လန့်သွားစေခဲ့သည်။

နှစ်ဦးသားသည် ချက်ခြင်းပင် ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ဝင်ကြည့်လိုက်ကြသည်။

အချို့သော စူးစမ်းလေ့လာမှုများကို ပြုလုပ်ပြီးနောက် နှစ်ဦးသားသည်နောက်ဆုံးတွင် ကျန်းမိသားစု တပည့်များ၏ ရှာဖွေတွေ့ရှိမှုကမမှားကြောင်း အတည်ပြုလိုက်ကြသည်။

ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏အနက်ပိုင်းတွင် တကယ်ပင် အဆင့် ၆ ဝိညာဉ်ကြောကိုမြုပ်ထားပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုတည်ရှိနေသောမှော်ဝင်တိုင်တောင်နှင့် ဤအဆင့် ၆ ဝိညာဉ်ကြောအား ဆက်သွယ်လိုက်ရန်ဆုံးဖြတ်ခဲ့ပြီး ထိုနှစ်နေရာကြား လမ်းဖောက်ရန် ချက်ခြင်း ပြုလုပ်လိုက်သည်။

အခြားတစ်နည်းဖြင့်ဆိုရလျှင် သူတို့သည် ကျန်းမိသားစုတစ်ခုလုံး၏ပိုင်နက်ကို ချဲ့ထွင်လိုခြင်းပင်ဖြစ်သည်။

ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်း၊ အဆင့် ၆ ဝိညာဉ်ကြောနှင့် စမ်းသပ်မြေတို့လည်း အားလုံးပါဝင်ပေသည်။

၎င်းသည် ကျန်းချန်ရွှမ်၏အဆင့်ထိုးဖောက်ခြင်းအပေါ်ကြီးမားသောအထောက်အကူပင်ဖြစ်ကြောင်း သိသာနေသည်။

“အခု ဒီအဆင့် ၆ ဝိညာဉ်ကြောနဲ့ဆို ရှင် အဆင့်ထိုးဖောက်တဲ့အချိန်မှာ ဝိညာဉ်ချီပြတ်လပ်မှုအတွက် စိတ်ပူစရာမလိုတော့ဘူး။”

ရှန်းရူယန်က ကျန်းချန်ရွမ်အား ပြုံးကာပျော်ရွင်စွာပြောလေသည်။

အဆုံး၌ သူတို့သည် ရှန်းရူယန်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တက်စဉ်က သူတို့၏အသာလွန်ဆုံး ဝိညာဉ်ကျောက်တုံးများအား များစွာအသုံးပြုခဲ့သည်။

ကျန်းချန်ရွှမ်၏ဝိညာဉ်ဖွဲ့စည်းခြင်းကိုထိုးဖောက်သည့်အချိန်တွင် လုံလောက်မှုမရှိသည်ကို သိသာပါသည်။

အကယ်၍ သူတို့၏လက်ရှိအခြေအနေမှာ ဤမျှလောက်ကြီးမားသည့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းရှိလျှင်ပင် အချိန်တိုအတွင်း အသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးကိုတူးဖော်နိုင်ရန်မှာ မဖြစ်နိုင်ပါ။

“ဟုတ်တယ်။”

ကျန်းချန်ရွှမ်ကလည်းပြုံးကာခေါင်းညိတ်လိုက်သည်။

“ကိုယ်တို့ မှော်ဝင်တိုင်တောင်ကနေ ဒီအထိချဲ့ထွင်ပြီးရင် ကိုယ်ဂူပိတ်ကျင့်ကြံလို့ရနိုင်ပြီ။”

ရှန်းရူယန်က ကျန်းချန်ရွှမ်၏စကားများကြောင့် စိတ်လှုပ်ရှားသွားသည်။

“ယောက်ျား၊ ရှင်….?”

“မှန်တယ်။”

ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြန်သည်။

“အကယ်၍ ဘာမှမမှားဘူးဆိုရင် ဒီအချိန်က ကိုယ့်အတွက် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်ဖို့ အခွင့်အလမ်းပဲ။”

“တကယ်ပဲလား?”

ရှန်းရူယန်က အံ့သြဝမ်းသာသွားသည်။

သို့ရာတွင်၊ သူမသည် အမြန်ပင် တစ်ခုခုကိုတွေးမိကာ မတတ်နိုင်ဘဲ ခါးသီးစွာပြုံးလိုက်သည်။

“ဒါဆို ကျွန်မတို့ စီနီယာကျီယန်မီးတောက်နဲ့ စီနီယာရွှမ်းယန်တို့ကို ဆက်ပြီးပြသနာပေးမိနေဦးမှာ စိုးရိမ်မိတယ်။”

“အဲ့လိုလုပ်ဖို့မလိုတော့ဘူး။”

သို့ရာတွင် ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။

“ဒီတစ်ခေါက် ကိုယ်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုထိုးဖောက်ပြီးသွားရင် လူသားအတိဒုက္ခကို ရှောင်မှာ။”

“ဟမ်? ယောက်ျား၊ ရှင်က….”

ရှန်းရူယန်က ကျန်းချန်ရွှမ်သည် ကောင်းမြတ်ခြင်းရွှေကြာပွင့်ကိုသုံးရန်စီစဉ်နေသည်ဟု တွေးမိသွားသည်။

သို့ရာတွင် ကျန်းချန်ရွှမ်က ခေါင်းကိုထပ်၍ ခါပြလိုက်ကာ ပြောလိုက်သည်။ “ကိုယ်ဒီစမ်းသပ်မြေကနေ ရတနာတစ်ချို့ကို ရခဲ့တယ်။ မိန်းမ၊ ဒါဘာလဲဆိုတာကြည့်လိုက်။”

စကားပြောရင်း ကျန်းချန်ရွှမ်သည် စနစ်မှရရှိထားသည့် အတိဒုက္ခရှောင်လွဲခြင်းပုလဲကို ထုတ်ပြလိုက်သည်။

ထို အတိဒုက္ခရှောင်လွဲခြင်းပုလဲကိုကြည့်ကာ ရှန်းရူယန်က မှတ်မိသွားခဲ့ပြီး သူက မတတ်နိုင်ဘဲ အံ့ဩစွာ ပြောလိုက်သည်။

“ဒါက ကျွန်မတို့အရင်တစ်ခါသုံးခဲ့တဲ့ အတိဒုက္ခရှောင်လွဲခြင်းပုလဲလား?”

“မှန်တယ်။ အဲ့ဒါပဲ။”

ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ဆို ကိုယ် အတိဒုက္ခမှာ ရှင်သန်နိုင်ဖို့ ကောင်းမြတ်ခြင်းရွှေရောင်ကြာပွင့်ကို သုံးစရာမလိုအပ်တော့ဘူး။”

ရှန်းရူယန်က စိတ်အေးလက်အေးပြုံးလိုက်တော့သည်။

ထို အတိဒုက္ခရှောင်လွဲခြင်းပုလဲနှင့် သူမ၏ယောက်ျား ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့တက်ရောက်ရာတွင် တွေ့ကြုံရမည့် လူသားအတိဒုက္ခက အမှန်တကယ်ပင် မှားနိုင်စရာအကြောင်းမရှိတော့ပေ။

ထိုစုံတွဲက အချင်းချင်းစကားပြောနေချိန်တွင် ကြီးမားသည့်အခြေအနေတစ်ခုက အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် ရှုပ်ထွေးသွားခဲ့သည်။

ဝေးလံခေါင်ဖျားကာ ခေတ်နောက်ကျသည့် နေရာဟုသတ်မှတ်ထားကြသော မြောက်ပိုင်းနယ်နိမိတ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များ ကျဆုံးကုန်ကြလိမ့်မည်ဟု မည်သူမှမမျှော်လင့်ထားမိကြပေ။

ထို့အပြင် မဟာလင်းအင်ပါယာနန်းတော်နှင့် ကောင်းကင်ဂိတ်ဝဂိုဏ်းတို့မှ ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များသည်ပင် ကောင်းမွန်စွာနှုတ်ဆက်ထွက်ခွာခဲ့ရခြင်း မဟုတ်ပေ။

ရှောင်ရှန်းကျီနှင့် သူ့အဖော်နှစ်ဦး၏ကိုယ်ပေါ်မှ ဒဏ်ရာများကိုမဆိုနှင့်၊ သူတို့သည် သူတို့၏အဆင့် ၆ သန့်စင်သောယန်ခုခံရေးရတနာများကိုပင် ချန်ခဲ့ရသေးသည်။

၎င်းသည် အမှန်တကယ်ပင် လုံးဝ အကြီးအကျယ်ရှုံးနိမ့်ခြင်းဖြစ်သည်။

ထိုအချိန်တွင်၊

အလယ်ပိုင်းလွင်ပြင်ဒေသရှိ မဟာလင်းအင်ပါယာနန်းတော်အတွင်းတွင် ဖြစ်သည်။

အင်ပါယာပုလ္လင်တွင် ထိုင်နေကာ ကြောက်ရွံဖွယ် ချိန်းခြောက်နိုင်သည့် အရောင်အဝါရှိသူက ဖြည်းဖြည်း ပြောလိုက်သည်။

“ဒုတိယဦးလေး၊ တောင်ပိုင်းကန္တာရကို ကျုပ်တို့လက်အောက်ရောက်အောင်လုပ်ရမဲ့အချိန်ရောက်ပြီ။

ဒီအချိန်မှာ စတုထ္ထဦးလေး၊ ဗိုလ်ချုပ်လော် တို့နဲ့အင်အားပေါင်းပြီးတောင်ပိုင်းကန္တာရကို သိမ်းပိုက်နိုင်အောင်လုပ်ပါ။

တောင်ပိုင်းကန္တာရကိုသိမ်းပိုက်ပြီးရင် အနောက်ပိုင်းသဲကန္တာရက ကန့်သတ်မဲ့ဂိုဏ်းကို သတင်းပို့ပြီး သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သိရအောင်မေးရမယ်။

အကယ်၍ သူတို့ပူးပေါင်းချင်တယ်ဆိုရင်၊ ထားလိုက်။ မဟုတ်ရင်တော့ သူတို့လည်း တည်ရှိနေစရာ ဘာအကြောင်းမှ မရှိတော့ဘူး။”

“ကောင်းပါပြီ၊ အရှင်။”

ရှောင်ရှန်းကျီနှင့် ဆင်တူသလိုရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းညိတ်လိုက်သည်။

သူသည် နန်းတော်မှ သူ၏လူများအတူ အမြန်ထွက်ခွာသွားသည်။

စကားပြောဆိုစဉ်တစ်လျှောက်လုံး သူတို့သည် မြောက်ပိုင်းနယ်နိမိတ်အကြောင်းကို ထည့်မပြောသွားပါ။

အကြောင်းမှာ မလိုအပ်တော့သောကြောင့်ဖြစ်သည်။

သူတို့သည် အခြားတစ်ဖက်အား အခွင့်အရေးပေး၍ သူတို့က မယူလျှင် အခြားတစ်ခုကို ပေးနေရန် မလိုအပ်ပါ။

သူတို့သည် တောင်ပိုင်းကန္တာရ၏ ကောင်းကင်ဘုံဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီးနောက် အနောက်ပိုင်းသဲကန္တာရအား ထိန်းချုပ်ပြီးလျှင် ကျန်ရှိနေသောမြောက်ပိုင်းနယ်နိမိတ်က ပိုက်ကွန်ထဲမှ ငါးကဲ့သို့ဖြစ်ကာ လွတ်မြောက်ရန်လမ်းမရှိတော့ဘဲ ပြသနာလည်းရှာနိုင်တော့မည်မဟုတ်ပါ။

နှစ်အနည်းငယ်အကြာတွင်။

တောင်ပိုင်းကန္တာရတွင် ဖြစ်သည်။

တိုက်သင်္ဘောများသည် အမြန်ပင်ကောင်းကင်ဘုံဂိုဏ်း၏အစိုးရသောပိုင်နက်သို့ ဝင်ရောက်လာကြသည်။

အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ အဓိကဂိုဏ်းများမှ တပည့်များသည် ကျိုင်းကောင်းများကဲ့သို့ စုပြုံ၍ဝင်ရောက်လာကြပြီး ချက်ခြင်းပင် ကောင်းကင်ဘုံဂိဏ်း၏ ပိုင်နက်ကို လွမ်းမိုးလိုက်ကြသည်။

ချက်ခြင်းပင် စစ်ပွဲတိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို လွမ်းမိုးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါနှင့် ဖိနှိပ်နေသောလေထုအား တောင်ပိုင်းကန္တာရ၏ ကျင့်ကြံသူများက ခံစားနေရပြီး ထိုမြင်ကွင်းကိုတွေ့မြင်နေရသောသူတို့၏မျက်နှာတွင် ကြောက်ရွံ့မှုများကို တွေ့နေရသည်။

ဘာလဲ သူတို့ဘာလုပ်ချင်နေတာလဲ?

သူတို့သည် သဘောတူညီချက်ကို ဖျက်ကာ တောင်ပိုင်းကန္တာရ၏ကျင့်ကြံသူများကို နောက်ဆုံး၌ လက်နက်လူအင်အားများနှင့် ဝန်းရံထားသည်လား?

ရေခဲကျောက်စိမ်းနန်းတော်ထဲတွင်၊

အန်းချင်းယောင်က အဝေးရှိကောင်းကင်ပေါ်တွင် ကျင့်ကြံသူများက ကောင်းကင်ဘုံဂိုဏ်း၏ အဓိကနေရာတွက် ဆက်တိုက်ဖိအားပေးနေသည်ကို ကြည့်ကာ သူမ၏မျက်လုံးများက မသက်မသာဖြစ်မှုများနှင့် ပြည့်နေသည်။

သူမသည် သူမ၏စီနီယာအစ်မ ဝူပင်းယွင်အားကြည့်ကာ သူမ၏ အသံက အနည်းငယ်တုန်လှုပ်ခြင်းက စွက်နေသည်။

“စီနီယာအစ်မ၊ အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်က တကယ်ပဲ ကောင်းကင်ဘုံဂိုဏ်းကို ဆန့်ကျင်ပြီး လှုပ်ရှားတော့မှာလား?”

ပြောပြီးသည်နှင့် အန်းချင်းယောင်က ရုတ်တရက် သူမ၏အသံသည် သူမသတိမပြုမိသည့်အချိန်တွင် အသံအက်နေကြောင်း သတိပြုမိခဲ့သည်။

ရှင်းလင်းစွာပင် သူမသည် မျက်စိရှေ့တွင်ဖြစ်ပျက်နေသောအရာအားလုံးကြောင့် တုန်လှုပ်နေခဲ့သည်။

ဝူပင်းယွင်က သူမအား ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူသည် တစ်ခုခုပြောတော့မည့်အချိန်တွင် အဝေးမှ အလင်းတန်းတစ်ခုက ရုတ်တရက် ချဉ်းကပ်လာလေသည်။

ထိုအလင်း၏ရောင်ဝါက အလွန်သန်မာသည်။

နီးကပ်လာသည်နှင့် ဝူပင်းယွင်နှင့် အန်းချင်းယောင်တို့၏အမူအရာများက ပြောင်းလဲသွားသည်။

ကံကောင်းစွာပင် ထိုအချိန်၌ အလင်းထဲမှ ရင်းနှီးသောအသံတစ်ခုကထွက်ပေါ်လာခဲ့သည်။

“နတ်သမီးဝူ၊ ကျွန်တော့ဆရာက မင်းကို ကျွန်တော်နဲ့အတူ တောင်ပိုင်းကထွက်ခွာပြီး မြောက်ပိုင်းကိုသွားဖို့ အမိန့်ပေးလိုက်တယ်။”

ထိုအသံနှင့်အတူ စံသခင်ကြယ်က ထွက်ပေါ်လာသည်။

သူ့အားကြည့်ကာ ဝူပင်းယွင်နှင့် အန်းချင်းယောင်တို့က အံ့အားသင့်သွားကြသည်။

ဝူပင်းယွင်က ပြောသည်။ “တာအိုရောင်းရင်းကြယ်၊ စီနီယာ အသူရာကျမ်းက ဘယ်လိုရည်ရွယ်ထားလို့လဲ?”

စံသခင်ကြယ်က စိတ်ဓာတ်ကျနေသောအမူအရာနှင့် ခေါင်းခါပြလိုက်သည်။

“ကျွန်တော်တို့ဘာမှမလုပ်နိုင်သေးဘူး။ ကျွန်တော့်ဆရာက ကျွန်တော်တို့ရဲ့အင်အားကိုထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးကြိုးစားဖို့ပြောထားတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှအဝေးဆုံးကိုသွားရမယ်။

နတ်သမီးဝူ၊ အမြန်စီစဉ်ပါတော့ ကျွန်တော်တို့မှာ ဆယ်မိနစ်ပဲအချိန်ရတယ်။”

ထိုစကားကိုကြားလျှင် ဝူပင်းယွင်နှင့် အန်းချင်းယောင်တို့က ပြသနာ၏လေးနက်မှုကို သတိထားမိသွားသည်။

နှစ်ဦးသားသည် တုံ့ဆိုင်းမနေရဲတော့ဘဲ ချက်ခြင်း တပည့်များကို စုဝေးကာ စံသခင်ကြယ်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

တူညီသောအရာများက များစွာသောနေရာများတွင် ဖြစ်နေကြသည်။

သို့ရာတွင် အချို့က တုံ့ပြန်ရန်နှေးသွားကြပြီး လုပ်ဆောင်မှုမမြန်ဆန်ခဲ့ကြချေ။

သူသည်ထွက်ခွာရန်မစတင်နိုင်ခင်ပင်တွင် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ ကျင့်ကြံသူများ ဝန်းရံခြင်းကို ခံလိုက်ကြရသည်။

ဝုန်း….

ထိုအချိန်တွင်၊

ကောင်းကင်ပေါ်၌၊

ရုတ်တရက် တောက်ပသောအလင်းရောင်မျာဖြင့် ပုံရိပ်လေးခုက ထွက်ပေါ်လာခဲ့သည်။

သူတို့ထဲမှ တစ်ဦးက၊

ကွန်ဖြူးရှပ်ဝတ်ရုံကိုဝတ်ထားပြီး ရှည်လျားသောဝတ်ရုံကိုဝတ်ဆင်ထားပြီးသူ၏လက်ထဲ၌ စာအုပ်ကို ကိုင်ထားကာ သူ၏ဆန့်ကျင်ဘက်ရှိလူသုံးဦးအား အေးစက်စွာကြည့်နေသည်။

“ရှောင်ရှန်းချုံနဲ့ လော်ထျန်းပါ့၊ မင်းတို့ဖြစ်မယ်လို့မထင်ထားဘူး။”

မဟာလင်းအင်ပါယာနန်းတော်မှ အဝါရောင်ပိုးသားဝတ်ရုံကိုဝတ်ဆင်ထားသော ရှောင်ရှန်းချုံသည် သူ၏မျက်လုံးတွင် အေးစက်သောအကြည့်ရှိနေသည်။

“အသူရာကျမ်း၊ တောင်ပိုင်းကန္တာရ၏ ကျင်ကြံခြင်းလောကကို ခုခံဖို့အတွက် မင်းအတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သိသင့်တယ်။

ဒီနေ့မှာ မင်းအတွက် အခွင့်အရေးပေးနိုင်တယ်။ ခုခံဖို့လက်လျော့လိုက်ပြီး ငါတို့အလယ်ပိုင်းမြေပြန့်‌ရဲ့ လက်အောက်ခံလုပ်လိုက်၊ ငါတို့မင်းအသက်ကိုတော့ ချမ်းသာပေးနိုင်ပါတယ်။”

“ဟင်း…”

ကောင်းကင်သခင်အသူရာကျမ်းက နှာခေါင်းရှုံ့လိုက်သည်။

“ဒီလိုစိတ်ပိုင်းဆိုင်ရာ နည်းလမ်းက မင်းနဲ့ငါကြားမှာ မလိုအပ်ပါဘူး။

ငါသိချင်တာက ငါတို့အစကထိုးထားတဲ့စာချုပ်ရဲ့ ချိန်းခြောက်မှုကို ကျော်ရလောက်အောင် ဘယ်လောက်များ သေချာနေလို့လဲ?”

“မင်းအဲ့တာကိုသိစရာမလိုဘူး။”

ရှောင်ရှန်းချုံက တည်ငြိမ်စွာတုံ့ပြန်လိုက်သည်။

“ဘာကြောင့် သေခါနီးမှ အဲ့လောက်မေးခွန်းတွေမေးနေတာလဲ?”

“အိုတကယ်ပဲလား?”

စကားပြောပြီးသည်နှင့် ကောင်းကင်ပေါ်မှ ပုံရိပ်လေးခုက တိုက်ခိုက်နေကြသည်။

ချက်ခြင်းပင်၊ အဆုံးမရှိသော ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံ့သွားသည်။

ကောင်းကင်က ချက်ခြင်းပင် တစ်လက်လက်ဖြစ်နေတော့သည်။

***

All Chapters