← Chapters

မြောက်ပိုင်းနယ်နိမိတ်သို့ ပြန်ခြင်း

Vol. 33 Ch. 620

မြောက်ပိုင်းနယ်နိမိတ်သို့ ပြန်ခြင်း

Vol. 33 Ch. 620

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ပျံသန်းခြင်းနှင့် နယ်မြေများကိုဖြတ်လျှင် အချိန်များစွာကုန်မည်ဖြစ်ကာ အန္တရာယ်များနှင့် တွေကြုံနိုင်သောစွန့်စားမှုလဲရှိသေးသည်။

အကယ်၍ ဖြစ်နိုင်လျှင်၊ သူတို့သည် မြောက်ပိုင်းနယ်နိမိတ်သို့ ဧရာမနေရာကျော်ဖြတ်အစီအရင်မှ တစ်ဆင့် သွားရန်လိုလားပေသည်။

မမျှော်လင့်ထားဘဲ၊ သူတို့သည် နေရာရွေ့ပြောင်းရေးအစီအရင်သို့ ရောက်လာသည်နှင့် နေရာလပ်နယ်ပယ် အနီးတွင် တွေ့ခဲ့ရသော ပိုးသားဝတ်ရုံလူနှင့်အတူ နဖူးတွင်ရေပုံစံအမှတ် အမျိုးသမီးတို့ ဦးဆောင်သော ဆယ်ယောက်ကျော်ရှိသည့် အုပ်စုတစ်ခုက သူတို့ဆီသို့ ချဉ်းကပ်လာခဲ့သည်။

နှစ်ဦးသားသည် ကန့်သတ်မဲ့ဂိုဏ်းသားများ ဖြစ်ကြကာ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။

သူတို့သည် ချက်ခြင်းကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားသတိပြုမိသွားကာ အံ့ဩမှုက သူတို့၏မျက်နှာများတွင် ထွက်ပေါ်လာခဲ့သည်။

အကြောင်းမှာ နှစ်ဦးသားက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ချိန်းခြောက်မှုတစ်ခုကို အာရုံခံလိုက်မိသောကြောင့်ဖြစ်သည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်ကျင့်ကြံသူများအနေဖြင့် သူတို့၏အာရုံခံစားချက်က မည်သည့်အရာကို ဆိုလိုနေကြောင်း သေချာသိပါသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဤနေရာတွင် ကန့်သတ်ချက်မဲ့ဂိုဏ်းမှ ကျင့်ကြံသူများကို ရင်ဆိုင်ရသောကြောင့် အံ့ဩသွားကြသည်။

သူတို့သည်အချင်းချင်း သိကြသောကြောင့်မဟုတ်ကြဘဲ ပိုးသားဝတ်ရုံဝတ်ဆင်ထားသောလူနှင့် အခြားသူများ၏ ဝတ်ရုံများသည် ကန့်သတ်ချက်မဲ့ဂိုဏ်းမှဝတ်စုံများဖြစ်ကြသောကြောင့်ဖြစ်သည်။

“တာအိုရောင်းရင်းတို့ ကျွန်မက ကန့်သတ်ချက်မဲ့ဂိုဏ်းက ရွှေရှန်းလန်ပါ။

ရှင်တို့က မြောက်ပိုင်းကိုသွားဖို့ နေရာရွှေ့ပြောင်းအစီအရင်ကို သုံးဖို့ကြိုးစားနေတာလား?”

နဖူးတွင် ရေပုံစံအမှတ်နှင့်အမျိုးသမီးက စ၍ စကားပြောလိုက်သည်။

သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာ အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

“စကားမစပ် ဒါက ကျွန်မရဲ့ ဂျူနီယာ ညီလေးညီမလေးတွေပါ။ စံသခင်တောက်ပသစ်ရွက်၊ လျိုလင်းအာနဲ့ စံသခင်ကြိုးကြာပျံ တို့ပါ။”

“ဒါဆို ကန့်သတ်ချက်မဲ့ဂိုဏ်းက တာအိုရောင်းရင်းတွေပေါ့။ တွေ့ရတာဝမ်းသာပါတယ်။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ချက်ခြင်းပြုံးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“ကျွန်တော်က ကျန်းချူအန်းပါ။ ဒါက ကျွန်တော့် တာအိုအဖော် ရှန်းယန်ပါ။

ကျွန်တော်တို့က တကယ်ပဲ ဒီအစီအရင်ကိုသုံးပြီး မြောက်ပိုင်းနယ်နိမိတ်ကိုသွားဖို့ လုပ်လို့ရမရ လာကြည့်တာပါ။”

“ကျွန်မထင်ပါတယ်။”

ရွှေရှန်းလန်ကခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ဒါဆို တိုက်ဆိုင်တာပဲ၊ ကျွန်မတို့လဲ မြောက်ပိုင်းနယ်နိမိတ်ကိုသွားမလို့ ဒီကိုရောက်နေတာပါ။

အကယ်၍ ရှင်တို့နှစ်ယောက် စိတ်မရှိရင်၊ ကျွန်မတို့နဲ့ လာပူးပေါင်းပါလား?”

ရွှေရှန်းလန်၏စကားမျာကိုကြားလျှင် စံသခင်တောက်ပသစ်ရွက်၊ ပိုးသားဝတ်ရုံဝတ်ထားသောသူနှင့် အခြားသူများက အမူအရာများအနည်းငယ်ပြောင်းလဲသွားကာ ဘာမှတော့မပြောကြပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တော်တော်လေးအံ့ဩသွားကြသည်။

သူတို့သည် ရွှေရှန်းလန်နှင့် အခြားသူများက အဘယ်ကြောင့် မြောက်ပိုင်းနယ်နိမိတ်သို့ သွားမည်ကို မသိကြပေ။

သို့ပါသော်လည်း၊ သူတို့နှင့်အတူခရီးသွားရမည့် အခွင့်အလမ်းက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အတွက် အံ့အားသင့်စရာပင်ဖြစ်သည်။

ကျန်းချန်ရွှမ်က အလယ်တွင်ရပ်မနေပဲ ချက်ခြင်းပင် သူ၏လက်များကိုဆုပ်ကာ ကျေးဇူးတင်ခြင်းကို ပြလိုက်သည်။

“ဒါဆိုရင်လည်း၊ ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းရွှေနဲ့ တာအိုရောင်းရင်းတို့။

ကျွန်တော်သိချင်တာ ဒီနေရာရွေ့ပြောင်းရေးအစီအရင်ကိုသုံးဖို့ အခြားအထူးလိုအပ်တဲ့အရာများ ရှိသေးလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဧရာမနေရာဖြတ်ကျော်အစီအရင်ကို အလုပ်လုပ်စေရန်မှာ ဝိညာဉ်ကျောက်တုံးများနှင့် သယံဇာတများလိုအပ်လိမ့်မည်ဖြစ်ကြောင်း သတိပြုမိသည်။

သူမက ထိုဧရာမနေရာဖြတ်ကျော်အစီအရင်ဖြင့် သူတို့အားခေါ်သွားမည်ဟုဆိုသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဘာမှမပေးဘဲ သွားရန် အရှက်မဲ့သောသူများမဟုတ်ပါ။

ရွှေရှန်းလန်က အကြံပြုသည်။

“ကံကြမ္မာကြောင့် တွေ့ကြရတယ်ဆိုမှတော့ ပမာဏအနည်းငယ်ပဲပေးလိုက်ပါလား။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃ထောင်လောက်ဆိုရင်ကော ဘယ်လိုလဲ?”

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃ထောင်?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နောက်သို့ပြန်ဆုတ်သွားသည် အကြောင်းမှာ ပမာဏာက များနေခြင်းကြောင့်မဟုတ်ဘဲ အံ့အားသင့်စရာကောင်းလောက်အောင်ပင် နိမ့်နေသောကြောင့် ဖြစ်သည်။

သူတို့သည် မြောက်ပိုင်းနယ်နိမိတ်ထဲ၌ ထိုကဲ့သို့သောအစီအရင်ကိုသုံးမည်ဆိုလျှင် တစ်ဦးလျှင် အနည်းဆုံး အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျသင့်မည်ဖြစ်သည်။

ယခုမူ အခြားတစ်ဖက်က အဆင့်မြင့်ကျောက်တုံးဝိညာဉ်ကျောက်တုံးသုံးထောင်သာတောင်းခြင်းက သူတို့အားအလကားပေးလိုက်ခြင်းနှင့် မကွာခြားပေ။

“တာအိုရောင်ရင်းရွှေ၊ မင်းက အရမ်း ရက်ရောနေပါပြီ။

ကျွန်တော်တို့က ခင်ဗျားတို့ဂိုဏ်းရဲ့နေရာရွေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုခွင့်ရရုံနဲ့တင် ကျေးဇူးတင်နေပါပြီ။ ဘယ်လိုလုပ် ဒီရက်ရောမှုကိုအခွင့်ကောင်းယူနိုင်ပါ့မလဲ?”

ထိုအရာကိုမြင်လျှင် ရှန်းရူယန်တို့က သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင်ကျောက်တုံးနှစ်သောင်းကို ထုတ်ကာ ရွှေရှန်းလန်နှင့် သူမ၏အုပ်စုအား ပေးလိုက်သည်။

ထိုအရာကိုမြင်လျှင် ရွှေရှန်းလန်က မငြင်းတော့ပါ၊ ထိုအစားသူမကပြုံး၍ သူမ၏အနောက်မှ လူအားယူရန်အချက်ပြလိုက်သည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်အရ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနှစ်သောင်းမှာ အသေးအဖွဲ့ မဟုတ်သော်လည်း မတတ်နိုင်သောပမာဏတော့မဟုတ်ပါ။

မကြာမီ၊ အုပ်စုအားလုံးက ဧရာမနေရာဖြတ်ကျော်အစီအရင်ပေါ်သို့တက်လိုက်ကြသည်။

အစီအရင်ကိုဖွင့်လိုက်သည်နှင့် အံ့ဩစရာကောင်သော တောက်ပသည့်အလင်းက ပေါက်ထွက်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူတို့၏အမြင်တွင် ဝါးသွားပြီး အနည်းငယ်မူးဝေနေခဲ့သည်။

အချိန်တိုအတွင်းမှာပင်၊ နေရာရွေ့ပြောင်းရေးက ပြီးဆုံးသွားလျှင် သူတို့မျက်လုံးများပြန်ဖွင့်လာသောအခါရောက်ရှိသွားသည့် စင်မြင့်ပေါ်တွင် ရပ်နေကာ မြောက်ပိုင်းသို့ပြန်ရောက်သွားပြီကို မြင်လိုက်ရသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏ တပည့်ရင်း ဓားသခင်အဇူရာလန်အပါအဝင် ပင်လယ်နက်စင်မြင့်မှ များစွာသောအခြေတည်ဝိညာဉ်စံသခင်များက သူတို့အားစောင့်နေကြကာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ရွှေရှန်းလန်နှင့် သူမ၏အုပ်စုတို့ကိုမြင်လိုက်ရကာ အံ့ဩသွားကြသည်။

“တာအိုရောင်းရင်းးကျန်း၊ တာအိုရောင်းရင်းရှန်း၊ ခင်ဗျားတို့…?

ဓားသခင်အဇူရာလန်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား နှုတ်ဆက်သည်ကိုမြင်လျှင် စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် ရှု့ပ်ထွေးကာကြည့်နေကြသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကဖုံးကွယ်ထားရန်မရည်ရွယ်တော့ပါ။ ထိုအစားသူတို့က ရွှေရှန်းလန်တို့အုပ်စုနှင့် ဆုံတွေ့ခဲ့ရပုံကို ပြန်ပြောပြလိုက်သည်။

ဓားသခင်အဇူရာလန်က နောက်ဆုံး၌နားလည်သွားသည်။

သူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်သိပါပြီ။ စကားမစပ်၊ တာအိုရောင်းရင်းကျန်း၊ နတ်သမီးရှန်းတို့ အရင်ပြန်ဖို့ စီစဉ်ထားပါသလား?

ဒါမှမဟုတ်ရင်…?”

“ဟုတ်တယ်၊ အရင်ပြန်သွားဖို့စီစဉ်ထားတယ်။

ဘာလို့လဲ? တာအိုရောင်းရင်းအဇူရာလန် ပင်လယ်နက်စင်မြင့်မှာ ကျုပ်တို့စိတ်ဝင်စားဖို့ရာ လိုအပ်တာရှိလို့လား?”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကိစ္စမရှိလျှင် ထိုကိစ္စကိုမေးမည်မဟုတ်မှန်းသိပါသည်။

ဓားသခင်အဇူရာလန်က အနည်းငယ်စဉ်းစားကာပြောလိုက်သည်။

“ကိစ္စတစ်ချို့တကယ်ပဲရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ပြန်ဖို့အရင်စီစဉ်ထားတော့ ခင်ဗျားတို့အချိန်ရှိမှ ပင်လယ်နက်စင်မြင့်ကို အချိန်ရှိမှသာလာခဲ့ပါ။

ကျွန်တော့် ဆရာကလည်း ခင်ဗျားတို့ကိုတွေ့ချင်နေပါတယ်။”

“ကောင်းပါပြီ။”

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကခေါင်းညိတ်လိုက်သည်။

စကားစမြည်အနည်းငယ်ပြောကြပြီးနောက် ကျန်းနှင့် ရှန်းတို့က ဓားသခင်အဇူရာလန်နှင့် ရွှေရှန်းလန်တို့အုပ်စုကို နှုတ်ဆက်လိုက်ကြသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ထွက်သွားသည်ကိုကြည့်ရင်း ဓားသခင်အဇူရာလန်က ချက်ခြင်း စံ့သခင်တောက်ပသစ်ရွက်နှင့်အခြားသူများအားကြည့်ကာပြုံးလိုက်သည်။

“နတ်သမီးရွှေ၊ တာအိုရောင်းရင်းတောက်ပသစ်ရွက်၊ ခင်ဗျားတို့ကအဝေးကြီးလာရတာဆိုတော့ ကျုပ်တို့ရဲ့ ပင်လယ်နက်စင်မြင့်ကို အရင်လိုက်ခဲ့ရင် ဘယ်လိုလဲ?

ကျွန်တော့်ဆရာလည်း ခင်ဗျားတို့နဲ့တွေ့ချင်တာ ကြာပါပြီ။”

“စီနီယာအဆုံးမဲ့ပင်လယ်က ဖိတ်ခေါ်မှတော့ ကျွန်မတို့ သွားလည်ရမှာပေါ့။”

ရွှေရှန်းလန်က ချက်ခြင်းပင် အပြုံးနှင့် တုံ့ပြန်လိုက်သည်။

အချိန်တစ်ချို့ကြာပြီးနောက်တွင် ရွှေရှန်းလန်နှင့် သူမ၏အုပ်စုက ဓားသခင်အဇူရာလန်တို့နှင့် ပူးပေါင်းကာ ပင်လယ်နက်စင်မြင့်သို့ဦးတည်သွားခဲ့ကြသည်။

......

လမ်းပေါ်တွင်။

ရွှေရှန်းလန်က သူမ၏သိချင်စိတ်ကို မချုပ်တည်းထားနိုင်တော့ပဲ အဇူရာလန်ကို မေးလိုက်သည်။

“တာအိုရောင်းရင်းအဇူရာလန်၊ ကျွန်မသိချင်တာ တာအိုရောင်းရင်းကျန်းချူအန်းနဲ့ ရှန်းယန်တို့က ဘယ်ကနေလာတာလဲ?

စီနီယာအဆုံးမဲ့ပင်လယ်က တကယ်ပဲ သူတို့ကို အဆင့်မြင့်မြင့် တွေးတာပဲ။”

“ကျန်းချူအန်းနဲ့ ရှန်းယန်?”

သူမ၏ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ခေါ်သည့်နာမည်များကိုကြားလျှင် ဓားသခင်အဇူရာလန်၏ အမူအရာက ချက်ခြင်းအနည်းငယ်ထူးဆန်းသွားသည်။

သို့ရာတွင် သူသည် ထိုစုံတွဲအကြောင်းကိုမဖော်ထုတ်လိုက်ပါ။ ထိုအစား သူကပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားလည်း သူတို့နဲ့ခရီးသွားလာခဲ့ရင်းနဲ့သိမှာပါ။ တာအိုရောင်းရင်းကျန်းနဲ့ ရှန်းတို့က လုံးဝ သာမန်အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေမဟုတ်ဘူး။

အနည်းဆုံး သူတို့ကို ကျွန်တော့်ဆရာကတောင် အဆင့်အတူတူပဲ သတ်မှတ်တယ်။”

“ဘယ်လို?”

ဓားသခင်အဇူရာလန်၏ စကားများကိုကြားလျှင်၊ စံသခင်တောက်ပသစ်ရွက်နှင့် အခြားသူများက အံ့ဩသွားကြသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နှင့် အဆင့်တူသည်ဟု သတ်မှတ်ခံရခြင်းသည် ထိုကျန်းနှင့်ရှန်းတို့က သာမန်ထပ်လွန်ကဲကြောင်းဆိုလိုနေသည်ကို သိကြသည်။

သူတို့နှစ်ဦးစလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်နိုင်တော့မည့် အဆင့်သို့ရောက်နေခြင်း ဖြစ်နိုင်သည်။

သူတို့ တွေ့ခဲ့ရသော သူနှစ်ဦးကထိုကဲ့သို့ သာမန်ထပ်လွန်ကဲသူများဖြစ်နေကြောင်းကို မမျှော်လင့်ထားခဲ့ပေ။

ကံကောင်းစွာပင်၊ အစမှအဆုံးထိ သူတို့၏အမူအကျင့်က ကောင်းမွန်လှပါသည်။

ပို့ဆောင်ရေးအစီအရင်အားပေးစီးလိုက်ခြင်းက အနည်းနှင့်အများ ကောင်းမွန်သော အပြုအမူပင်ဖြစ်သည်။

ရွှေရှန်းလန်၊ စံသခင် တောက်ပသစ်ရွက်နှင့် အခြားသူများက စိတ်ချစွာ သက်ပြင်းချမိလေသည်။

သူတို့သည် အခွင့်အရေးရခဲ့လျှင်၊ ထိုနှစ်ဦးထံ စတင်၍ သွားလည်ဖို့ရန် လုပ်မည်ဖြစ်သည်။

.......

တစ်ချိန်တည်း၌။

ရွှေရှန်းလန်တို့အုပ်စုနှင့်လမ်းခွဲလိုက်ပြီးနောက်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျန်းနိုင်ငံသို့ ပြန်မည့်ခရီးကိုပြုခဲ့သည်။

အမျိုးမျိုးသောနေရာရွေ့ပြောင်းခြင်းအစီအရင်များနှင့် သူတို့၏ကိုယ်ပိုင်အရှိန်ကိုသုံးကာ ကျန်းနိုင်ငံသို့ရောက်ဖို့ရန် အချိန်များစွာမလိုလိုက်ပေ။

ထိုစုံတွဲ၏ထွက်ခွာမှုက အချိန်ကြာသည်ဟုမထင်ရသော်လည်း စုစုပေါင်း ဆယ်စုနှစ်ကြာခဲ့ပါသည်။

ထိုဆယ်စုနှစ်များအတွင်း ကျန်းနိုင်ငံသည် ထင်ရှားသောပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျင့်ကြံသူများစွာ သွားသွားလာလာလုပ်လာကြပြီး ဆိုင်များလည်း များစွာဖွင့်လာကြသည်။

အရေးကြီးဆုံးအချက်မှာ၊ လူများ၏ ခန္ဓာကိုယ်မှ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်စွမ်းအားများက နတ်ဆိုးကပ်ဘေးပြီးဆုံးခါစကထပ် တိုးမြင့်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ကျန်းနိုင်ငံတစ်ခုလုံး၏အခြေခံဖွဲ့စည်းပုံက ယခင်ထပ် နှစ်ဆ ပိုလာကြောင်း ခံစားခဲ့ရသည်။

ထိုမှ လွန်ခဲ့သောနှစ်များအတွင်း ကျန်းမိသားစုက သူတို့၏ အုပ်စိုးမှုတွင် အနားမနေခဲ့ကြောင်း မြင်နိုင်သည်။

ထိုစုံတွဲက နိုင်ငံတစ်ခုလုံးကို လှည့်လှည်လမ်းလျှောက်ခဲ့သည်။

သူတို့သည် မှော်ဝင်တိုင်တောင်ကို ပြန်ရောက်သေးအခါ ရွှမ်းမင်တောင်ထိပ်တွင် ကျန်းမိသားစု ကျင့်ကြံသူများအုပ်စုကို တွေ့လိုက်ရသည်။

ရှင်းလင်းစွာပင်... ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က နိုင်ငံကိုစုံစမ်းနေချိန်၌သူတို့၏အရောင်အဝါက တမင်မဖုံးကွယ်ထားခဲ့ပေ။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က သူတို့ရှေ့တွင်ရှိနေသော ကျန်းမိသားစုကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။

သူတို့သည် အထူးသဖြင့် သူတို့၏တပည့်ရင်းကျန်းအန်းရန်၏တိုးတက်မှုကိုမြင်ကာ ဝမ်းသာနေကြသည်။

“ဒီနှစ်တွေအတွင်း ကျင့်ကြံရာမှာ အချောင်မခိုခဲ့ပုံပဲ။

လူတိုင်းက တိုးတက်လာကြတာပဲ။

အထူးသဖြင့် မင်းပဲ၊ အန်းရန်…”

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကကျန်းအန်းရန်အား ကြည့်နေကြသည်။

***

All Chapters